Unseen 「 completed 」

By 11_Miles

59K 5.6K 1.2K

ချစ်တယ်...။ တိတ်တခိုး ရေရွတ်ခဲ့ရင်းကပဲ အမုန်းတွေထဲ မွေ့ပျော်လာခဲ့၏။ Cover by @Akari Xing. More

တိတ်တခိုး-၁
တိတ်တခိုး-၂
တိတ်တခိုး-၃
တိတ်တခိုး-၄
တိတ်တခိုး-၅
တိတ်တခိုး-၆
တိတ်တခိုး-၇
တိတ်တခိုး-၈
တိတ်တခိုး-၉
တိတ်တခိုး-၁၀
တိတ်တခိုး-၁၁
တိတ်တခိုး-၁၂
တိတ်တခိုး-၁၃
တိတ်တခိုး-၁၄
တိတ်တခိုး-၁၅
တိတ်တခိုး-၁၆
တိတ်တခိုး-၁၇
တိတ်တခိုး-၁၈
တိတ်တခိုး-၁၉
တိတ်တခိုး-၂၀
တိတ်တခိုး-၂၂
တိတ်တခိုး-၂၃
တိတ်တခိုး-၂၄
တိတ်တခိုး-၂၅
တိတ်တခိုး-၂၆
Coz you're all of me(FINAL)

တိတ်တခိုး-၂၁

1.5K 193 30
By 11_Miles

OST for this chapter,
Jessica 's That person ,you.(best ever)
💢💢💢💢💢💢💢💢💢💢💢


"​ဟေး..."

"သူ​ဌေးပတ်​..."







"အရူး​လေး..."




"..."









"​ပြော..."







"မင်းဟာ​လေ...သွားမယ်​ "

💢💢💢💢💢💢💢💢💢💢💢💢


"မင်​အာရီ"

"သွားနှင့်​​ပေး​နော်​"











"အင်း ရိုက်​ကွင်းစ​..."


"ဟင်​?"


"..."



"ခဏ"



အသက်ငယ်ေ​​သ်ာလည်းတည်ငြိမ်သူ​​​​လို့​ဂျောင်​ဆူးသတ်​မှတ်​ထားခဲ့သည့်​သူမမျက်​ဝန်း​တွေထဲဖုံးဖိမရသည့်​​ပျော်​မြူးရိပ်​တချို့​တွေ့လိုက်​ရ​တော့သူကိုယ်​တိုင်​အပြစ်​ရှိ​သလိုခံစားလိုက်​ရသည်​။

"ကိုယ်​..."




"အာရီ..."



"အာ...အာရီ..."





သူမရဲ့ချစ်​မြတ်​နိုးခြင်းကိုခံရတဲ့ကိုယ့်​ကိုကိုယ်​ထက်​တစ်​စုံတစ်​​ယောက်​ရဲ့ချစ်ြ​မတ်​နိုးခြင်းကိုခံရတဲ့သူမကိုအားကျမ​နေခဲ့မိရင်​​ကောင်းမှာ...။





💢💢💢💢💢💢💢💢💢💢💢💢

"ချန်း...ဒီမှာ..."

ဂျွန်​ဒယ်​​ထောင်​ပြလာ​သောဖုန်းအားယူကြည့်​လိုက်​မိ​တော့မကြာခင်​ကျင်းပ​တော့မည့်​ ဆိုလ်းအင်တာနယ်ရှင်နယ်ချစ်ကြည်ေ​​​​​​​ရးပွဲ​တော် ​အတွက်​twitterတွင်​pollဖြင့်​voting​ပေးခြင်း၏ending resultများပင်​ဖြစ်​သည်​။








သူရယ်​လိုက်​မိသည်​။ဘယ်​​လောက်​​တောင်​ကြီးကျယ်​​နေတဲ့အ​ကြောင်းပြချက်​​တွေမလို့သူကဖြစ်ေ​အာင်​မလုပ်​နိုင်​ရမှာလဲ။




💢💢💢💢💢💢💢💢💢💢💢💢

OST for this chapter,
💢💢💢💢💢💢💢💢💢💢💢

Indoor photoshooting ဖြစ်၍သတ်မှတ်ထားသောstudioထဲသူဝင်လာခဲ့ချိန်မျက်ဝန်းထောင့်စွန်းမှလူရိပ်တစ်ရိပ်လျင်မြန်စွာလှုပ်ရှားသွားပြီးသူ့နားသို့ရောက်လာခဲ့သည်။

"ဟေး..."

"သူဌေးပတ်..."

"မနေ့ကတခုခုဖြစ်ခဲ့လို့လား အကြောင်းမကြားတော့ကိုယ်တကယ်စိုးရိမ်နေခဲ့တာ..."

ဂျောင်ဆူး၏လက်မောင်းတစ်ဖက်အားဆွဲလိုက်ရင်းခန္ဓာကိုယ်တစ်ပတ်အားစစ်ဆေးသလိုကြည့်လာသည်။အရမ်းကြီးရင်းနှီးသလိုဆက်ဆံခံလိုက်ရတာရော၊ယောကျာ်းအချင်းချင်းကို "ကိုယ်"ဟူသောနာမ်စားဖြင့်သုံးနှုန်းနေတာရောကြောင့်စိတ်ထဲတမျိုးတမည်ကြီးခံစားလိုက်ရကာနေရခက်ခက်ဖြင့်ပြန်ပြုံးပြလိုက်ရသည်။

"ကျွန်တော့်ကိုယ်ရေးကိုယ်တာကိစ္စလေးတစ်ခုပေါ်လာလို့ပါ...အကြောင်းမကြားဖြစ်လိုက်တာတကယ်တောင်းပန်ပါတယ်...မထင်မှတ်ဘဲပေါ်လာတဲ့ကိစ္စဖြစ်သွားတော့..."

ဂျောင်ဆူး၏စကားမဆုံးမီပင်လက်ကာပြလာကာ...

"မင်းအဆင်ပြေတယ်မလား ကိုယ့်ကိုအားမနာပါနဲ့ ညကရောဘယ်နှစ်နာရီမှလေယာဉ်ဆိုက်တာလဲ...နည်းနည်းအိပ်ရေးပျက်နေတဲ့ပုံပေါ်နေသလားလို့..."

"နည်းနည်းပါ အရမ်းမျက်ကွင်းတွေညိုနေလို့လား မိတ်ကပ်နဲ့လုပ်လိုက်ရင်တော့အဆင်ပြေသွားမယ်ထင်တယ် တောင်းပန်ပါတယ် ကျွန်တော်..."

"အရူးလေး..."

ရုတ်တရက်ဂျောင်ဆူးတောင့်သွားသည်။
ရယ်ရင်းရေရွတ်လိုက်သံနှင့်အတူလျင်မြန်သောလက်တစ်ဖက်ကအအေးရှိန်နှင့်အနည်းငယ်ရဲနေသောသူ့ပါးတစ်ဖက်ကိုခပ်ဖွဖွဖျစ်ညှစ်လိုက်ခြင်း။
ဂျောင်ဆူးတစ်ယောက်တည်းလားဆိုတော့မဟုတ်၊ကိုယ့်အလုပ်ကိုလုပ်ရင်းမသိမသာသိသိသာသာစူးစမ်းနေကြသောstaffတစ်စုလည်းကြောင်အသွားကြကာလုပ်လက်စတို့ရပ်ရင်းအိုးတိုးအမ်းတမ်းတွေဖြစ်ကုန်သည်...။

ထိုအခြေအနေတစ်ရပ်လုံးအားအစပြုလိုက်သူကတော့သူဘာမှမူမမှန်တာမလုပ်ခဲ့သည့်အတိုင်းပြောလက်စစကားကိုဆက်သည်။

"မင်းကိုစိတ်ပူလို့ပြောနေတာ...ပုံထွက်မလှမှာစိုးလို့ပြောနေတာမဟုတ်ဘူး "

"..."

တိတ်ဆိတ်သွားသောstudioအတွင်းဂျောင်ဆူးလည်းအပါအဝင်...။ရုတ်တရက်ကလေးတစ်ယောက်ကိုပြုမူနေသလိုပြုမူခံလိုက်ရတာရယ်၊အနည်းငယ်ထူးဆန်းနေသလိုခံစားရတဲ့အပြုအမူတွေကြောင့်ဘာစကားမှတောင်မဟဖြစ်...။မျိုးရိုးလိုက်အရပ်ရှည်ပေါ်ပုံတဲ့သူဌေးပတ်ထက်အနည်းငယ်သာပိုပုနေသောအရပ်ကလွဲရင်ဂျောင်ဆူးတစ်ကိုယ်လုံးဘယ်နေရာကမှကလေးကလားလည်းဖြစ်မနေပါ ။

"ကျွန်တော် အဆင် ပြေ ပါတယ် ဒါနဲ့အာရီရောက်နေပြီလားမသိဘူး..."

ခပ်မြန်မြန်စကားလမ်းကြောင်းလွှဲလိုက်ပြီးစိတ်မသက်မသာဖြစ်ဖွယ်အခြေအနေကြီးမှရုန်းထွက်လိုက်ရသည်။အခုမှပြန်သတိဝင်လာကြသောstudioအတွင်းရှိလူတို့သည်လည်းသူ့လိုပင်ထူးဆန်းသောအပြုအမူများကြောင့်အံအားသင့်နေကြဟန်...။

"မိတ်ကပ်လိမ်းနေတယ် မင်းလည်းအဝတ်လဲတော့လေ "

"ဟုတ်ကဲ့ ဒါဆိုခွင့်ပြုပါဦး..."

အဝတ်လဲခန်းဖက်သို့လျှောက်လာရင်းမှနောက်ကအထုပ်အပိုးတို့ဖြင့်မင်ဝူတစ်ယောက်တစ်ခုခုဆိုအောင့်အီးမထားနိုင်သည့်သူ့ဝသီအတိုင်းစကားစလာတော့သည်။

"ဂျောင်ဆူးဟျောင်း...မဟုတ်မှလွဲရော သူဌေးပတ်ကလေ..."

ဂျောင်ဆူးခပ်သွက်သွက်လှမ်းနေသောခြေလှမ်းတို့အားတန့်ကာနောက်သို့ပြန်လှည့်ကြည့်လိုက်ရင်းစလာတော့မည်ပေါက်ကရခန့်မှန်းချက်များအတွက်ကြိုတင်၍ရုပ်ကိုတည်ထားလိုက်ရသည်။

"ပြော..."

"ဟို နိုင်ငံခြားမှာနေတာလည်းကြာပြီဆိုတော့လေ ဟို ..."

"နိုင်ငံခြား မှာနေလာတာကြာပြီဆိုတော့အရမ်းပွင့်လင်းပြီးတချို့စကားတွေကိုသတိလက်လွတ်ပြောတတ်တယ် အဲ့တာကြောင့် သူ့စကားမှန်သမျှအထအနကောက်ပြီးလျှောက်တွေးနေဖို့မလိုဘူး..."

"အင်း...ဟုတ်ပါတယ် ဒါပေမဲ့..."

"တော်ပြီ ငါအဝတ်လဲရဦးမယ်"

စကားဆက်ချင်နေပုံပေါ်တဲ့မင်ဝူ့အားရုပ်တည်ဖြင့်ဟောက်လိုက်တော့မှဇက်ကလေးပုကာဆက်မပြောတော့ ......ဟုထင်လိုက်သော်လည်း။

"ကျွန်တော်သေချာစုံစမ်းပြီးသေချာတော့မှဟျောင်းကိုပြန်ပြောပြမယ်"

"မင်းဟာလေ...သွားမယ် "

💢💢💢💢💢💢💢💢💢💢💢💢

အဝတ်လဲခန်းတံခါးကိုဖွင့်လိုက်ချင်းမှာပဲမျက်နှာရှေ့ဆန့်တန်းကာလာတဲ့လက်ဖြူဖြူသွယ်သွယ်တစ်ဖက်ကြောင့်ဘယ်သူမှန်းသိလိုက်ကာမျက်နှာပူပူဖြင့်ပင်နှုတ်ဆက်လိုက်ရသည်။

"မင်အာရီ"

"သွားနှင့်ပေးနော်"

ဂျောင်ဆူးစကားကိုလျစ်လျူရှုရင်းနောက်ဘက်ရှိမင်ဝူ့အားပြုံးလျက်ဖြင့်ဆိုသည်။ဂျောင်ဆူးထံပြန်ရောက်လာသည့်မျက်ဝန်းလှလှတို့ကတော့စနောက်လိုဟန်အနည်းငယ်ဖြင့်...။

"အာ့ဆို ကျွန်တော်သွားနှင့်ပြီနော် ဟျောင်း..."

မတတ်သာ၍ခေါင်းညိတ်ပြလိုက်ရသည့်အဆုံးတွင်မဆုံချင်သည့်မျက်လုံးတို့ဖြင့်အကြည့်ချင်းခလုတ်တိုက်လေပြန်တော့အရှက်ပြေလုပ်ချောင်းတို့ဖြင့်တံတွေးကသည်းမတတ်။

"အခုတော့ မင်အာရီ တဲ့လား ?မနေ့ညကတော့အဲ့လိုခေါ်တာမဟုတ်ဘူးလားလို့လေ..."

ဟန်လုပ်ကာဆိုးနေသောချောင်းတို့ကအခုမှတကယ်အပီအပြင်သည်းလျက်ဆိုးသွားလေတော့အရှေ့ကနတ်သမီးနှယ်မိန်းမပျိုကနှုတ်ခမ်းလှလှတို့ကိုမဖုံးကွယ်ပဲအားပါးတရရယ်လေတော့သည်။

"တောင်းပန်ပါတယ် ကိုယ် မနေ့ညကနည်းနည်းမူးသွားတယ်"

"တခါရှင်ပြောဖူးတယ် ရှင်ကသောက်ရင်အရမ်းသွေးဆိုးတယ်ဆိုတာလေ မထင်မှတ်ပဲအဲ့ဒါတကယ်ပဲကိုး..."

"တော်ပါတော့ ကိုယ်တကယ်မနေတတ်တော့ဘူး..."

ချောင်းဆိုးရပ်သွားတော့မှလက်ကာရင်းကမန်းကတန်းတားလေတော့သူမလည်းအရယ်ရပ်ရင်း...

"အင်းပါအင်းပါ မစတော့ဘူး..."

"အင်း ရိုက်ကွင်းစ..."

"မူးနေလို့ပြောခဲ့တာလား"

"ဟင်?"

"ဒါမှမဟုတ် စိတ်ရင်းအမှန်လား မနေ့ညက စကားတွေက..."

"..."

စိတ်အားထက်သန်စွာမျှော်လင့်နေသည့်မျက်နှာလှလှအားကျော်၍ခပ်လှမ်းလှမ်းကအလုပ်ရှုပ်နေကြသူတချို့ထံအကြောင်းမဲ့အကြည့်လွှဲလိုက်မိသည်။အဖြေပြန်ပေးစရာစကားလုံးတို့ကလည်ချောင်းဝထိခက်ခက်ခဲခဲရောက်လာကြသော်လည်းတကယ်တမ်းတော့ပါးစပ်ကထွက်မလာခဲ့။

"နောက်တာပါ...နောက်တာ...အဲ့လောက်မျက်နှာပျက်သွားစရာမလိုပါဘူးနော် မနေ့ညကဖုန်းတောင်တကူးတကဆက်ပြီးတွဲကြမယ်လို့ပြောတာသူမဟုတ်တဲ့အတိုင်း...သွားရအောင် သူများတွေစောင့်နေကြပြီ"

"ခဏ"

ဘာလဲဆိုသည့်သဘောဖြင့်ဖြည်းညှင်းစွာလှည့်ကြည့်လာသောသူမလက်ဖျားလေးအားညင်သာစွာဆွဲယူလိုက်သည်။လှပစွာဝိုင်းစက်သွားသောမျက်လုံးဝိုင်းလေးများအားလည်းအကြည့်မလွှဲတော့...။

"ကိုယ်တို့တွဲကြရအောင်..."

အသက်ငယ်သော်လည်းတည်ငြိမ်သူလို့ဂျောင်ဆူးသတ်မှတ်ထားခဲ့သည့်သူမမျက်ဝန်းတွေထဲဖုံးဖိမရသည့်ပျော်မြူးရိပ်တချို့တွေ့လိုက်ရတော့သူကိုယ်တိုင်အပြစ်ရှိသလိုခံစားလိုက်ရသည်။

"ကိုယ်..."

"ရတယ် ဆက်မပြောနဲ့ ကျွန်မတို့တွဲရအောင် ဆိုတဲ့နေရာလေးမှာပဲရပ်ထားရအောင် အိုခေ ကျွန်မတို့တွဲမယ် "

ဂျောင်ဆူးဖွဖွလေးဆွဲကိုင်ထားသည့်သူမ၏လက်တစ်ဖက်ကဂျောင်ဆူးလက်တစ်ဖက်အားပြန်လည်ရစ်တွယ်လိုက်ရင်းသူမကခိုင်မာစွာဆိုသည်။

"ပြီးတော့ကျွန်မဝန်ခံစရာတစ်ခုရှိသေးတယ် ကျွန်မ ဂျောင်ဆူးကို ချစ်တယ်"

"အာရီ..."

ဝမ်သာသွားခြင်းမဟုတ်သောအံအားသင့်မှုတစ်ချို့ကြောင့်သူမ၏ပွင့်လင်းစွာဝန်ခံလာခြင်းအပေါ်သူမနာမည်အားရေရွတ်လိုက်မိခြင်းကအနည်းငယ်သောဟန့်တားမှုတို့မသိစိတ်ကပါဝင်နေသည့်နှယ်။

"အခုလိုပြောလို့ဂျောင်ဆူးကျွန်မအပေါ်အထင်သေးသွားလည်းပဲကျွန်မဂရုမစိုက်ဘူး...ကျွန်မကဒီတိုင်းကျွန်မရဲ့ခံစားချက်ကိုရိုးရိုးသားသားဝန်ခံရုံသက်သက်ပဲ တကယ်လို့တနေ့ကျ ဂျောင်ဆူးကိုယ်တိုင်လည်းကျွန်မအပေါ်ချစ်နေတယ်လို့ခံစားရတဲ့အခာကျရင် ကျွန်မလိုပဲပွင့်လင်းစေချင်တယ်..."

"အာ...အာရီ..."

သူမကဖြည်းညှင်းစွာပြုံးပြရင်းသူ့လက်တစ်ဖက်ကိုသူမလက်နှစ်ဖက်ဖြင့်အုပ်မိုးဆုပ်ကိုင်ထားဆဲ...။သူလည်း ပြန်ပြီးပြုံးပြလိုက်မိတယ်ထင်ပါရဲ့...။

မထင်မှတ်ပါပဲသူမ၏ပြတ်သားသောစကားတချို့ကသူ့၏တွေဝေတုံ့ဆိုင်းမှုတွေကိုမီးမောင်းထိုးပြလိုက်သလို...။

ကြည်လင်သောသူမ၏မျက်ဝန်းများထဲမှတဆင့်သူမနှလုံးသားတခုလုံးအားသူခံစားသိနေရသည်။အမုန်းတွေထဲမှာပဲအသားကျခဲ့သည့်သူ့နှလုံးသားလေးကသူမရဲ့အချစ်တွေထဲငြိမ်းချမ်းစွာအနားယူနိုင်ခဲ့ရင်တော့ကောင်းမှာ...။

သူမကိုမြင်နေရတဲ့အချိန်တိုင်းတစုံတယောက်ရဲ့ရင်နင့်အောင်ချစ်ရတဲ့မိန်းကလေးကသူမပါလားဆိုတဲ့အသိတချက်ကမဝင်လာခဲ့ရင်ကောင်းမှာ...။

သူမရဲ့ချစ်မြတ်နိုးခြင်းကိုခံရတဲ့ကိုယ့်ကိုကိုယ်ထက်တစ်စုံတစ်ယောက်ရဲ့ချစ်မြတ်နိုးခြင်းကိုခံရတဲ့သူမကိုအားကျမနေခဲ့မိရင်ကောင်းမှာ...။

တစ်စုံတစ်ယောက်ကိုစွန့်လွှတ်ပြီးတစ်စုံတစ်ယောက်ကိုအစားထိုးခြင်း။
တစ်စုံတစ်ယောက်ဆီကလွတ်မြောက်ပြီးတစ်စုံတစ်ယောက်ဆီထပ်ကာချည်နှောင်ခြင်း။
တစ်စုံတစ်ယောက်ကိုမုန်းနေတော့မဲ့အစားတစ်စုံတစ်ယောက်ကိုအစားထိုး ချစ်ခြင်း။

မထူးခြားတဲ့ပြောင်းလဲမှုတွေပါပဲ။

လောကကြီးထဲကအကောင်းဆုံးဆိုတဲ့အရာတွေထက်ပိုပြီးကောင်းမဲ့ဆုတစ်ခုပဲပြည့်ချင်ပါတယ်။

ခင်ဗျားကိုဘယ်တုန်းကမှမမုန်းခဲ့မိရင် အရမ်းကိုကောင်းမှာ...ရယ်လို့လေ။

💢💢💢💢💢💢💢💢💢💢💢💢

"ချန်း...ဒီမှာ..."

ဂျွန်ဒယ်ထောင်ပြလာသောဖုန်းအားယူကြည့်လိုက်မိတော့မကြာခင်ကျင်းပတော့မည့် ဆိုလ်းအင်တာနယ်ရှင်နယ်ချစ်ကြည်ရေးပွဲတော် အတွက်twitterတွင်pollဖြင့်votingပေးခြင်း၏ending resultများပင်ဖြစ်သည်။

ထိုပွဲအတွက်Nation's representative groupတစ်ခုနှင့်solo artistတစ်ယောက်ရွေးချယ်မည်ဖြစ်ပြီးsolo artistအတွက်လက်ရှိvoteအများဆုံးသူကသူကိုယ်တိုင်ပင်ဖြစ်နေခဲ့သည်။ဂျွန်ဒယ်ကတော့ဝမ်းသာနေဟန်နှင့်ဖုန်းကိုလာပြနေတာဖြစ်သော်လည်းကိုယ့်အတွေးနှင့်ကိုယ်ရှိနေခဲ့သောသူကတော့အစတည်းကဒီအခြေအနေကိုမျှော်လင့်ပြီးသားဖြစ်တာမို့ကြိုတင်စဉ်းစားထားသောကိစ္စတို့ကိုအကောင်ထည်ဖော်ရန်သာတွေးတောနေမိသည်။

"ချန်း...ချန်း...ဘာတွေတွေးနေတာလဲ ဒါကနှစ်ခါမရနိုင်တဲ့အခွင့်အရေးနော်မင်းရုပ်ကြီးကဘာဖြစ်နေတာလဲ..."

"ဟုတ်တယ်လေ သိပ်ကိုကြီးတဲ့အခွင့်အရေးမို့လို့ပေါ့..."

သူ့မျက်လုံးများအားလူတိုင်းထက်ပိုနားလည်သောဂျွန်ဒယ်ပေမို့သူဖုံးကွယ်ထား၍လည်းမရပါ။ရုတ်တရက်ဆိုသလိုဂျွန်ဒယ့်မျက်ဝန်းတို့ကpoll၏ဒုတိယနေရာတွင်ရှိနေသောသူထံရောက်ရှိသွားသည်။မယုံကြည်နိုင်ဟန်အပြည့်ဖြင့်သူ့ထံကြည့်လာရင်း...။

"ငါဘာတွေးနေလဲမသိဘူးလို့တော့မင်းမပြောနဲ့..."

အေးစက်စက်သူ့စကားသံအဆုံးဂျွန်ဒယ်ဟန်ပင်မဆောင်နိုင်စွာပေါက်ကွဲလေတော့သည်။

"မရဘူး...မင်းကပေးချင်ရင်တောင်မှဒီလိုအခွင့်အရေးမျိုးကdebutသက်တမ်းကြာနေတဲ့သူကိုပဲပေးတာ အရူးမထစမ်းနဲ့ပတ်ချန်းယောလ် မင်းစိတ်တွေပုံမှန်ရောဟုတ်သေးရဲ့လား ဟမ်!"

သူရယ်လိုက်မိသည်။ဘယ်လောက်တောင်ကြီးကျယ်နေတဲ့အကြောင်းပြချက်တွေမလို့သူကဖြစ်အောင်မလုပ်နိုင်ရမှာလဲ။

"ငါဖြစ်အောင်ကိုလုပ်မှာ ဘယ်လိုအကြောင်းပြချက်တွေပဲရှိနေပါစေအဲ့ဒီ့နေ့အဲ့ဒီ့စင်ပေါ်မှာဖျော်ဖြေရမဲ့သူကဒေါလ်ကလွဲပြီးဘယ်သူမှမဖြစ်ရဘူး "

ပြောစရာစကားကုန်သွားဟန်ဖြင့်စိတ်ပျက်စွာကြည့်နေသောဂျွန်ဒယ့်အားလည်းမျက်နှာလွှဲလိုက်မိသည်။အကြိမ်ပေါင်းများစွာစိတ်ပျက်စေခဲ့ရခြင်းအတွက်လည်းအားနာသည်။အကြိမ်ပေါင်းများစွာနားလည်ပေးခဲ့သူမို့အခုလည်းနားလည်ပေးစေချင်သည်။

ငါ့ကိုနားလည်ပေးနိုင်ဆုံးဆိုတဲ့မင်းတောင်နားလည်မပေးရင်ဘယ်သူကများငါဒေါလ်ကိုဘယ်လောက်တောင်ချစ်လဲဆိုတာနားလည်ပါတော့မလဲဂျွန်ဒယ်ရာ...။

💢💢💢💢💢💢💢💢💢💢💢💢

Continue Reading

You'll Also Like

1.8M 113K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
588K 62.5K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
111K 2.9K 41
When Will Shuester decided to bring the McKinley High School glee club back he had no idea how much it would change his life. When 12 students from d...
92.3K 7.1K 19
ကျွန်တော်ဟာ နာကျင်မှုနဲ့ ပျော်မွေ့နေသူတစ်ယောက် ကျွန်တော်ဟာ သူ့အပြုံးမြင်တာနဲ့ နာကျင်မှုတောင် အပျော်အဖြစ်ကူးပြောင်းတတ်သူ Diika##### Boy ~ Boy