တိတ်တခိုး-၂၅

1.6K 213 54
                                    

OST for this chapter,
KimNaYoung's "Tell me"

💢💢💢💢💢💢💢💢💢💢💢💢

တင်းကြပ်​ထား​သော​ဆေးရုံလုံခြုံ​ရေးများ​ကြောင့်​​ဆေးရုံ​ပေါ်သူ​ရောက်​​နေ​သောတရက်​အတွင်းမီဒီယာများ၏စိတ်​​ရှုပ်​ဖွယ်​​မေးခွန်းများနှင့်​မကြုံ​တွေ့ရ​သေး။ခုချိန်​ထိဘာတစ်​ခုမှတရားဝင်​မ​ကြေငြာရ​သေး​တာ​ကြောင့်​​ဆေးရုံ​ရှေ့တွင်​ပိုမိုများပြားလာ​သောfan​တွေနှင့်​မီဒီယာများအား​ဆေးရုံဆင်းပြီးလျှင်​​တော့သူ့​ခြေ​ထောက်​ဒဏ်​ရာ​ကြောင့်​အနုပညာ​လောကထဲမှအနားယူ​တော့မည်​ဖြစ်​​ကြောင်းအသိ​ပေးဖို့စဉ်းစားထားပြီးဖြစ်​သည်​။

အခု​လော​လောဆယ်​​တော့သူဘာမှ​ကြော်​ငြာ​သေးမည်​မဟုတ်​ပါ။

ခွဲစိတ်​ထား​သော​ခြေ​ထောက်​ကလှုပ်​၍မရ​သေးတာ​ကြောင့်​ကုတင်​​ဘေးစားပွဲ​ပေါ်ကရီမုဒ်​အားလက်​တံရှည်​တို့အားကိုးဖြင့်​လှမ်းကာယူလိုက်​ပြီးliveထုတ်​လွှင့်​ခြင်းပြီးဆုံးသွားပြီဖြစ်​​သောတီဗွီအားပိတ်​လိုက်​သည်​။

နံရံအားမှီထားလျက်​မျက်​လုံးတို့​မှိတ်​ထားရင်​ပင်​မကြာ​သေးခင်​ကဖန်​သားပြင်​​ပေါ်ယုံကြည်​မှုတို့တလက်​လက်​​တောက်​ပ​နေ​သောမျက်​ဝန်းတို့ဖြင့်​တက်​ကြွစွာက​နေ​ခဲ့​သောပုံရိပ်​​လေးက​နေရာယူလို့။

အခုကစလို့​နောက်​ဆို​ဒေါလ်​ကမဆုံးနိုင်​တဲ့​အောင်​မြင်​မှု​တွေနဲ့​တောက်​ပ​နေ​တဲ့အနာဂတ်​ကိုပိုင်​ဆိုင်​ရ​တော့မှာ...။သူမရှိ​တော့ဘူးဆိုရင်​​တောင်​မှ​ပေါ့...။

.............................

တံခါးဖွင့်​သံ​တောင်​မကြား​စေဘဲ​ဖြေးညှင်းစွာအခန်းထဲသို့သူဝင်​လာခဲ့​သောမိနစ်​ပိုင်းအတွင်းအနည်း​သောလှုပ်​ရှားမှုကိုမှသူမလုပ်​ရ​သေး။သူနာပြု​လေးတစ်​​ယောက်​၏အကူအညီဖြင့်​ဆရာဝန်​တစ်​​ယောက်​လိုဟန်​​ဆောင်​ရင်းသူဝင်​လာနိုင်​ခဲ့သည်​။သူထင်​ထားခဲ့တယ်​။

အနည်းနဲ့အများ​တော့ဒီလူ​နောင်​တရ​နေ​လောက်​မှာပါလို့...။
အချိန်​တစ်​ခုထိပြန်​မကနိုင်​​တော့တာလည်းဖြစ်​နိုင်​တဲ့အ​ခြေအ​နေမှာကိုယ့်​​ခြေ​ထောက်​တစ်​ခုလုံးကို​တောင်နှ​မြောရ​ကောင်းမှန်းမသိတဲ့အရူးလိုလုပ်​ရပ်​အတွက်​နည်းနည်း​တော့...​နောင်​တရသင့်​တာမဟုတ်​ဘူးလား။

Unseen 「 completed 」Where stories live. Discover now