Mr.Byun...

By Fire_puppy

200K 15.9K 1.1K

ကိုယ့္အရိပ္ေတြေအာက္က လြတ္ေျမာက္လိမ့္မယ္လို႔ ထင္ေနသလားငယ္... (warning:Chanyeol uke only!!) Baekyeol yaoi Sorr... More

2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25 (final)
Ficbook!!
Season -2

1

21K 963 56
By Fire_puppy

Zawgyi>>>

ဂ်ပန္နိုင္ငံရဲ့ အျကီးမားအက်ယ္ျပန့္ဆံုး ေျမကြက္တစ္ခုအျဖစ္သတ္မွတ္ခံထားရေသာ ေနရာတစ္ခု...

ထိုေနရာထဲတြင္ေတာ့ ကိုယ္ပိုင္ေလယာဥ္ကြင္း...
ကားဂိုေထာင္မ်ား...

ျကီးမားက်ယ္ျပန့္ေသာ ေရကန္ျကီးနွင့္အတူ ပိုင္ဆိုင္မွုမ်ိဳးစံုကတခမ္းတနားတည္ရွိလို့ေနသည္...

ျမိဳ့ျကီးသက္သက္ဟူ၍ပင္ ထင္ရေလာက္ေသာ ထိုေနရာက Demonic ဂိုဏ္းရဲ့ ပိုင္ဆိုင္မွုတစ္ခု...

Demonic ဂိုဏ္း...
ဂ်ပန္နိုင္ငံတြင္မက ေတာင္ကိုရီးယားနိုင္ငံမွာပါ နာမည္ျကီးေသာ ရက္စက္ျကမ္းျကဳတ္သည့္ ေျကးစားလူသတ္ဂိုဏ္းတစ္ခုျဖစ္သည္...

မေကာင္းတာမွန္သမွ်က Demonic ဂိုဏ္းမွာအေျခခ်တည္ရွိျပီး ဘယ္ရဲမွမဖမ္းနိုင္တဲ့ ဂိုဏ္းတစ္ခုဆိုလဲမမွား...

ဖမ္းလို့မမိတာမ်ိဳးေတာ့မဟုတ္ ဖမ္းကိုမဖမ္းျကတာမ်ိဳးပါ...

လိုတာထက္ပိုင္ဆိုင္မွုမ်ားျပီး အာဏာရွိလြန္းတဲ့သူတို့က နိုင္ငံေတာ္ကိုျပန္လည္ခ်ဳပ္ကိုင္ထားနိုင္တယ္...

သမၼတနဲ့လည္းေတာ္စပ္မွုေတြရွိတာေျကာင့္ Demonic ဂိုဏ္းဟာ တရားဝင္ဂိုဏ္းတစ္ခုလိုတည္ရွိမွုမ်ိဳးပင္...

Demonic ရဲ့နာမည္အျကီးဆံုးအေျကာင္းအရာတစ္ခုအပါအဝင္ျဖစ္တဲ့ Phoenix အိမ္ေတာ္ျကီးဟာလဲေလ်ာ့တြက္လို့မရ...

အရမ္းကိုလွပျပီး လိုတာထက္အျပင္အဆင္ေတြက သပ္ရပ္မွုရွိတယ္...

အိမ္ျပာေတာ္ထက္ေတာင္ခမ္းနားျပီး အက်ယ္အဝန္းကလဲ လိုတာထက္ပိုလြန္းသည္...

အေစခံေပါင္းမ်ားစြာ...
အေစာင့္ေပါင္းမ်ားစြာ...
စည္းစိမ္ဥစၥာမ်ားစြာနဲ့ အဆင့္ဆန္းျမင့္တဲ့ ျပင္ဆင္မွုေတြနဲ့ျပည့္နွက္ေသာ ထို Phoenix အိမ္ေတာ္ျကီးက လူတိုင္းအတြက္အိပ္မက္နန္းေတာ္တစ္ခုပါပဲ...

ဒါေပမဲ့ ထိုအိမ္ေတာ္ရဲ့ျပတင္းေပါက္ကေန အျပင္ပတ္ဝန္းက်င္ကို ေငးေမာ့ျကည့္ေနတဲ့ ေကာင္ေလးတစ္ေယာက္အတြက္ကေတာ့ ဒီအိမ္ေတာ္ဟာသူ့အတြက္ငရဲလို...

ဘယ္ေလာက္ပဲ ျကီးက်ယ္ခမ္းနားသည္ေျပာေျပာ
ဒီအိမ္ေတာ္ျကီးဟာ ထိုေကာင္ေလး အတြက္မနွစ္ျမိဳ့စရာ ေနရာတစ္ခုသာျဖစ္သည္...

လူတစ္ေယာက္ရဲ့ လြတ္လပ္ခြင့္ကိုပိတ္ပင္ထားတဲ့ အက်ဥ္းေထာင္မ်ိဳးနဲ့ တင္စားခ်င္မိတဲ့အထိ...

ဒီေနရာကိုမုန္းတယ္!!!...

Chanyeol အေတြးထဲ နစ္ေျမာေနမိတုန္း အခန္းတံခါးကပြင့္လာခဲ့တယ္...

ျပီးေတာ့ လူတစ္ေယာက္ဝင္လာတယ္...

အင္း...သူသိပ္မုန္းတဲ့သူတစ္ေယာက္ေပါ့...

နွုတ္ခမ္းပါးကိုတင္းတင္းစိျပီး လိုအပ္တာထက္ပို၍ တည္ျငိမ္မွုရွိေနေသာ မ်က္နွာထား...

Suit အနက္ေရာင္ကို smart က်စြာဝတ္ဆင္ထားျပီး သူ့ရဲ့ဆံႏြယ္ေတြကိုလဲ အေပါ္သို့သပ္တင္ထားသည္...

လိုအပ္တာထက္ပို၍ style က်လြန္းေနတဲ့သူ့ပံုစံက ခက္ထန္တဲ့အသြင္ျပင္အျမဲရွိေနတတ္တယ္

မင္းသားရံွုးေလာက္ေအာင္ ေခ်ာေမာေနရင္ေတာင္ သူ့ရဲ့ဂုဏ္အရွိန္အဝါကေတာ့ လူတိုင္းကိုေျကာက္ရြံ့ေစသည္...

ခပ္တင္းတင္းစိထားတဲ့ နွုတ္ခမ္းပါးက မဲ့ျပံုးတစ္ပြင့္ထက္ပိုမရွိတတ္ေပမဲ့ သူ့လက္ေဖ်ာက္တစ္ခ်က္တီးရင္ေတာင္ လူတစ္ေယာက္ရဲ့အသက္ကို ေျခြနိုင္စြမ္းရွိေနေတာ့လဲ သူဟာနတ္ဆိုးတစ္ပါးပဲေပါ့...

သူဆိုတာက...

Demonic Mafia ဂိုဏ္းရဲ့ တစ္ဦးထဲေသာ ေခါင္းေဆာင္
Byun Baekhyun ေပါ့....

"ငယ္...."

အျခားေနရာေတြမွာသာ ျကမ္းတမ္းခက္ထန္ေပမဲ့ က်ြန္ေတာ့္ကိုဆို အျမဲနူးနူးညံ့ညံ့ဆက္ဆံတတ္တဲ့သူ...

သူ့နွုတ္က ခ်ိဳသာစြာေရရြတ္လိုက္တဲ့ က်ြန္ေတာ့္အတြက္နာမ္စားက ငယ္ တဲ့ေလ...

ဒီအိမ္ေတာ္..မဟုတ္ဘူး ဒီနိုင္ငံတစ္ခုလံုးမွာ က်ြန္ေတာ့္ကိုဒီနာမ္စားေခါ္ခြင့္ သူတစ္ေယာက္မွာပဲရွိခဲ့တာ....

"ထမင္းစားရမယ္ ငယ္..."

Chanyeol လွည့္မျကည့္မိေခ်...
မိမိအေနာက္မွလူျကီးကို ေယာင္လို့ေတာင္စကားမေျပာမိပဲ နွုတ္ခမ္းကိုသာတင္းတင္း ဖိကိုက္ထားမိတယ္...

"ငယ္...ကိုယ္ေခါ္ေနတယ္"

Chanyeol လွည့္မျကည့္ေသးေပ...

အခ်ိန္အတန္ျကာတဲ့ထိ တိတ္ဆိတ္လြန္းေနတဲ့ Chanyeol ဟာ Baekhyun ကိုအလိုမက်မွုျဖစ္ေစတယ္...

ဒီေနရာမွာ ငယ္မဟုတ္ပဲ
သာမာန္လူတစ္ေယာက္သာဆို အသက္ေပ်ာက္ေနတာျကာေလာက္ေရာေပါ့...

"မင္းဘယ္အခ်ိန္ထိ ဒီလိုလုပ္ေနမွာလဲငယ္!"

"က်ြန္ေတာ့္ကိုမေအာ္နဲ့ Mr. Byun!"

Chanyeol ရဲ့ျပန္ခံေအာ္သံ စူးစူးေလးက အခန္းထဲပ်ံ့နွံသြားသည္...
Baekhyun ကေတာ့ဘာမွမေျပာပဲ ျငိမ္သက္သြားတယ္...

ဟုတ္ပါတယ္... Baekhyun တစ္သက္မွာ သူ့ကိုျပန္ေအာ္ရဲတဲ့သူဆိုတာမ်ိဳးက ငယ္တစ္ေယာက္ပဲရွိမွာ...

အင္း...ဘာလို့လဲဆိုေတာ့...
ငယ့္ကိုသိပ္ခ်စ္လို့ေလ...

ငယ့္ကိုခ်စ္လြန္းလို့ အျပစ္မျမင္ရက္နိုင္ပဲ အလိုလိုက္ထားခဲ့ရတာေပါ့...

အခုလဲ ငယ့္ကိုေအာ္လိုက္မိျပန္ျပီ...

Shit!ဒီအသံုးမက်တဲ့ပါးစပ္ကေတာ့...

Baekhyun အတတ္နိုင္ဆံုး စိတ္ကိုေလ်ာ့လိုက္ကာ Chanyeol ရွိေနတဲ့ ကုတင္နားကိုျဖည္းညွင္းစြာထိုင္လိုက္သည္...

"က်ြန္ေတာ့္အနားမလာနဲ့.."

အေနာက္ကိုဆုတ္သြားေသာ ကေလးငယ္အား ရင္ခြင္အျပည့္ေထြးေပြ့လိုက္ခ်င္မိေပမဲ့ တကယ္တမ္းေတာ့သူ့ေျခလွမ္းေတြက ေရွ့တိုးမလာခဲ့...

ကေလးငယ္ကသာ သူ့ကိုမတိုးေစခ်င္ဘူးဆိုရင္ အေရွ့ဆက္တိုးဖို့လက္ေလ်ာ့မိမွာအမွန္...

ငယ့္အေရွ့မွာ လူသတ္ခဲ့မိတဲ့အျပစ္ေျကာင့္ ေကာင္ေလးဟာအခုခ်ိန္ထိ သူ့ကိုရြံမုန္းေနဆဲ...

ေသြးစြန္းေနတဲ့ဒီလူသတ္သမားကို ကေလးငယ္ရြံေနတာ မဆန္းပါဘူးေလ...

အင္း...နာက်င္ရတဲ့နွလံုးသားတစ္စံုကေတာ့ ျခြင္းခ်က္တစ္ခုေပါ့...

"ငယ္...ကိုယ့္ကိုမုန္းရင္ေတာင္ ထမင္းေတာ့ဝင္ေအာင္စားပါ... အစားမရွိပဲအားပ်က္ရင္ ငယ္ပဲခံစားရလိမ့္မယ္"

ဝမ္းနည္းရိပ္အျပည့္ပါေသာ မ်က္ဝန္းတို့နဲ့စိုက္ျကည့္ကာ ေျပာလာေသာထုိလူျကီး...

ေခါင္းကိုအသာငံု့ကာ အခန္းထဲကထြက္သြားေသာ ေက်ာျပင္က်ယ္ကို
Chanyeol လိုက္ျကည့္ေနမိပါသည္...

ထိုလူျကီးထြက္သြားသည့္တိုင္ သူသံုးတဲ့ body spray နံ့က သင္းပ်ံ့ေနဆဲ...

စားပြဲေပါ္တင္ထားတဲ့ ဟင္းမ်ိဳးစံုအျပည့္နဲ့ထမင္းပြဲကိုတစ္ခ်က္စိုက္ျကည့္ရင္း သက္ျပင္းခ်မိတယ္...

မစားခ်င္ရင္ေတာင္ ျကိတ္မွိတ္စားရန္၊ထိုလူျကီးအျပဳအမူက ပံုသြင္းလိုက္ေလသည္...

က်ြန္ေတာ့္လုပ္ရပ္ေတြက ထိုလူျကီးအေပါ္ရက္စက္ရာက်ေနျပီလား?

*****************************

lightfiredream
Reader ေလးေျပာတဲ့အတိုင္း...
"ငယ္" လို့ေခၚတာေလး ေရးျပီေနာ္💙

#Yoohyunee

~~~

Unicode>>>>

ဂျပန်နိုင်ငံရဲ့ အကြီးမားအကျယ်ပြန့်ဆုံး မြေကွက်တစ်ခုအဖြစ်သတ်မှတ်ခံထားရသော နေရာတစ်ခု...

ထိုနေရာထဲတွင်တော့ ကိုယ်ပိုင်လေယာဉ်ကွင်း...
ကားဂိုထောင်များ...

ကြီးမားကျယ်ပြန့်သော ရေကန်ကြီးနှင့်အတူ ပိုင်ဆိုင်မှုမျိုးစုံကတခမ်းတနားတည်ရှိလို့နေသည်...

မြို့ကြီးသက်သက်ဟူ၍ပင် ထင်ရလောက်သော ထိုနေရာက Demonic ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတစ်ခု...

Demonic ဂိုဏ်း...
ဂျပန်နိုင်ငံတွင်မက တောင်ကိုရီးယားနိုင်ငံမှာပါ နာမည်ကြီးသော ရက်စက်ကြမ်းကြုတ်သည့် ကြေးစားလူသတ်ဂိုဏ်းတစ်ခုဖြစ်သည်...

မကောင်းတာမှန်သမျှက Demonic ဂိုဏ်းမှာအခြေချတည်ရှိပြီး ဘယ်ရဲမှမဖမ်းနိုင်တဲ့ ဂိုဏ်းတစ်ခုဆိုလဲမမှား...

ဖမ်းလို့မမိတာမျိုးတော့မဟုတ် ဖမ်းကိုမဖမ်းကြတာမျိုးပါ...

လိုတာထက်ပိုင်ဆိုင်မှုများပြီး အာဏာရှိလွန်းတဲ့သူတို့က နိုင်ငံတော်ကိုပြန်လည်ချုပ်ကိုင်ထားနိုင်တယ်...

သမ္မတနဲ့လည်းတော်စပ်မှုတွေရှိတာကြောင့် Demonic ဂိုဏ်းဟာ တရားဝင်ဂိုဏ်းတစ်ခုလိုတည်ရှိမှုမျိုးပင်...

Demonic ရဲ့နာမည်အကြီးဆုံးအကြောင်းအရာတစ်ခုအပါအဝင်ဖြစ်တဲ့ Phoenix အိမ်တော်ကြီးဟာလဲလျော့တွက်လို့မရ...

အရမ်းကိုလှပပြီး လိုတာထက်အပြင်အဆင်တွေက သပ်ရပ်မှုရှိတယ်...

အိမ်ပြာတော်ထက်တောင်ခမ်းနားပြီး အကျယ်အဝန်းကလဲ လိုတာထက်ပိုလွန်းသည်...

အစေခံပေါင်းများစွာ...
အစောင့်ပေါင်းများစွာ...
စည်းစိမ်ဥစ္စာများစွာနဲ့ အဆင့်ဆန်းမြင့်တဲ့ ပြင်ဆင်မှုတွေနဲ့ပြည့်နှက်သော ထို Phoenix အိမ်တော်ကြီးက လူတိုင်းအတွက်အိပ်မက်နန်းတော်တစ်ခုပါပဲ...

ဒါပေမဲ့ ထိုအိမ်တော်ရဲ့ပြတင်းပေါက်ကနေ အပြင်ပတ်ဝန်းကျင်ကို ငေးမော့ကြည့်နေတဲ့ ကောင်လေးတစ်ယောက်အတွက်ကတော့ ဒီအိမ်တော်ဟာသူ့အတွက်ငရဲလို...

ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားသည်ပြောပြော
ဒီအိမ်တော်ကြီးဟာ ထိုကောင်လေး အတွက်မနှစ်မြို့စရာ နေရာတစ်ခုသာဖြစ်သည်...

လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကိုပိတ်ပင်ထားတဲ့ အကျဉ်းထောင်မျိုးနဲ့ တင်စားချင်မိတဲ့အထိ...

ဒီနေရာကိုမုန်းတယ်!!!...

Chanyeol အတွေးထဲ နစ်မြောနေမိတုန်း အခန်းတံခါးကပွင့်လာခဲ့တယ်...

ပြီးတော့ လူတစ်ယောက်ဝင်လာတယ်...

အင်း...သူသိပ်မုန်းတဲ့သူတစ်ယောက်ပေါ့...

နှုတ်ခမ်းပါးကိုတင်းတင်းစိပြီး လိုအပ်တာထက်ပို၍ တည်ငြိမ်မှုရှိနေသော မျက်နှာထား...

Suit အနက်ရောင်ကို smart ကျစွာဝတ်ဆင်ထားပြီး သူ့ရဲ့ဆံနွယ်တွေကိုလဲ အပေါ်သို့သပ်တင်ထားသည်...

လိုအပ်တာထက်ပို၍ style ကျလွန်းနေတဲ့သူ့ပုံစံက ခက်ထန်တဲ့အသွင်ပြင်အမြဲရှိနေတတ်တယ်

မင်းသားရံှုးလောက်အောင် ချောမောနေရင်တောင် သူ့ရဲ့ဂုဏ်အရှိန်အဝါကတော့ လူတိုင်းကိုကြောက်ရွံ့စေသည်...

ခပ်တင်းတင်းစိထားတဲ့ နှုတ်ခမ်းပါးက မဲ့ပြုံးတစ်ပွင့်ထက်ပိုမရှိတတ်ပေမဲ့ သူ့လက်ဖျောက်တစ်ချက်တီးရင်တောင် လူတစ်ယောက်ရဲ့အသက်ကို ခြွေနိုင်စွမ်းရှိနေတော့လဲ သူဟာနတ်ဆိုးတစ်ပါးပဲပေါ့...

သူဆိုတာက...

Demonic Mafia ဂိုဏ်းရဲ့ တစ်ဦးထဲသော ခေါင်းဆောင်
Byun Baekhyun ပေါ့....

"ငယ်...."

အခြားနေရာတွေမှာသာ ကြမ်းတမ်းခက်ထန်ပေမဲ့ ကျွန်တော့်ကိုဆို အမြဲနူးနူးညံ့ညံ့ဆက်ဆံတတ်တဲ့သူ...

သူ့နှုတ်က ချိုသာစွာရေရွတ်လိုက်တဲ့ ကျွန်တော့်အတွက်နာမ်စားက ငယ် တဲ့လေ...

ဒီအိမ်တော်..မဟုတ်ဘူး ဒီနိုင်ငံတစ်ခုလုံးမှာ ကျွန်တော့်ကိုဒီနာမ်စားခေါ်ခွင့် သူတစ်ယောက်မှာပဲရှိခဲ့တာ....

"ထမင်းစားရမယ် ငယ်..."

Chanyeol လှည့်မကြည့်မိချေ...
မိမိအနောက်မှလူကြီးကို ယောင်လို့တောင်စကားမပြောမိပဲ နှုတ်ခမ်းကိုသာတင်းတင်း ဖိကိုက်ထားမိတယ်...

"ငယ်...ကိုယ်ခေါ်နေတယ်"

Chanyeol လှည့်မကြည့်သေးပေ...

အချိန်အတန်ကြာတဲ့ထိ တိတ်ဆိတ်လွန်းနေတဲ့ Chanyeol ဟာ Baekhyun ကိုအလိုမကျမှုဖြစ်စေတယ်...

ဒီနေရာမှာ ငယ်မဟုတ်ပဲ
သာမာန်လူတစ်ယောက်သာဆို အသက်ပျောက်နေတာကြာလောက်ရောပေါ့...

"မင်းဘယ်အချိန်ထိ ဒီလိုလုပ်နေမှာလဲငယ်!"

"ကျွန်တော့်ကိုမအော်နဲ့ Mr. Byun!"

Chanyeol ရဲ့ပြန်ခံအော်သံ စူးစူးလေးက အခန်းထဲပျံ့နှံသွားသည်...
Baekhyun ကတော့ဘာမှမပြောပဲ ငြိမ်သက်သွားတယ်...

ဟုတ်ပါတယ်... Baekhyun တစ်သက်မှာ သူ့ကိုပြန်အော်ရဲတဲ့သူဆိုတာမျိုးက ငယ်တစ်ယောက်ပဲရှိမှာ...

အင်း...ဘာလို့လဲဆိုတော့...
ငယ့်ကိုသိပ်ချစ်လို့လေ...

ငယ့်ကိုချစ်လွန်းလို့ အပြစ်မမြင်ရက်နိုင်ပဲ အလိုလိုက်ထားခဲ့ရတာပေါ့...

အခုလဲ ငယ့်ကိုအော်လိုက်မိပြန်ပြီ...

Shit!ဒီအသုံးမကျတဲ့ပါးစပ်ကတော့...

Baekhyun အတတ်နိုင်ဆုံး စိတ်ကိုလျော့လိုက်ကာ Chanyeol ရှိနေတဲ့ ကုတင်နားကိုဖြည်းညှင်းစွာထိုင်လိုက်သည်...

"ကျွန်တော့်အနားမလာနဲ့.."

အနောက်ကိုဆုတ်သွားသော ကလေးငယ်အား ရင်ခွင်အပြည့်ထွေးပွေ့လိုက်ချင်မိပေမဲ့ တကယ်တမ်းတော့သူ့ခြေလှမ်းတွေက ရှေ့တိုးမလာခဲ့...

ကလေးငယ်ကသာ သူ့ကိုမတိုးစေချင်ဘူးဆိုရင် အရှေ့ဆက်တိုးဖို့လက်လျော့မိမှာအမှန်...

ငယ့်အရှေ့မှာ လူသတ်ခဲ့မိတဲ့အပြစ်ကြောင့် ကောင်လေးဟာအခုချိန်ထိ သူ့ကိုရွံမုန်းနေဆဲ...

သွေးစွန်းနေတဲ့ဒီလူသတ်သမားကို ကလေးငယ်ရွံနေတာ မဆန်းပါဘူးလေ...

အင်း...နာကျင်ရတဲ့နှလုံးသားတစ်စုံကတော့ ခြွင်းချက်တစ်ခုပေါ့...

"ငယ်...ကိုယ့်ကိုမုန်းရင်တောင် ထမင်းတော့ဝင်အောင်စားပါ... အစားမရှိပဲအားပျက်ရင် ငယ်ပဲခံစားရလိမ့်မယ်"

ဝမ်းနည်းရိပ်အပြည့်ပါသော မျက်ဝန်းတို့နဲ့စိုက်ကြည့်ကာ ပြောလာသောထိုလူကြီး...

ခေါင်းကိုအသာငုံ့ကာ အခန်းထဲကထွက်သွားသော ကျောပြင်ကျယ်ကို
Chanyeol လိုက်ကြည့်နေမိပါသည်...

ထိုလူကြီးထွက်သွားသည့်တိုင် သူသုံးတဲ့ body spray နံ့က သင်းပျံ့နေဆဲ...

စားပွဲပေါ်တင်ထားတဲ့ ဟင်းမျိုးစုံအပြည့်နဲ့ထမင်းပွဲကိုတစ်ချက်စိုက်ကြည့်ရင်း သက်ပြင်းချမိတယ်...

မစားချင်ရင်တောင် ကြိတ်မှိတ်စားရန်၊ထိုလူကြီးအပြုအမူက ပုံသွင်းလိုက်လေသည်...

ကျွန်တော့်လုပ်ရပ်တွေက ထိုလူကြီးအပေါ်ရက်စက်ရာကျနေပြီလား?

*****************************

lightfiredream
Reader လေးပြောတဲ့အတိုင်း...
"ငယ်" လို့ခေါ်တာလေး ရေးပြီနော်💙

#Yoohyunee

Continue Reading

You'll Also Like

5.8M 321K 91
They couldn't be more different. Ridley is a knight in shining white armor, so perfect in every way that it makes people hardly able to stand him. Pr...
79.2K 4.2K 34
အနာဂတ်က လူတစ်‌ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္‌ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021
541K 8.4K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
6.5M 305K 47
❝can you stop blasting chase atlantic so damn loudly at 3am?❞ ❝depends, can you stop crying so damn loudly at 3am?❞ 〤 caleb just made the decision to...