●●●Zawgyi●●●
အိုက္႐ွင္း ၏ ဗိုက္ပူပူေလးမွာ တျဖည္းျဖည္းႏွင့္ ႀကီးလာသည္ႏွင့္အမ်ွ အိုက္႐ွင္း လည္း ခံစားလြယ္ကာ ေမာဟိုက္လာၿပီး ပို၍ဆာေလာင္လာသည္။ ခံစားခ်က္တို႔မွာလည္း ဝမ္းနည္းသလိုျဖစ္ကာ ငိုခ်င္စိတ္ထက္သန္ေနသည္။ အေႏွာင့္အယွက္ျဖစ္ေနသလိုလည္း ခံစားမိၿပီး ႐ွန္း ဘယ္လိုမ်ား စိတ္ေျပာင္းလဲေပးႏိုင္မလဲဟု သိခ်င္မိသည္။ ႐ွန္း လည္း အိုက္႐ွင္း ကို ေပ်ာ္ရႊင္ေအာင္ထားေပးကာ နန္းေတာ္ထဲတြင္လည္း လည္ပတ္သြားေနေသးသည္။
အရင္ေန႔မ်ားႏွင့္မတူဘဲ ယေန႔မွာေတာ့ ပံုမွန္ျဖစ္ေနၿပီ သာယာလွသည္။ အိုက္႐ွင္း လည္း ဘာကိုမွမခံစားရဘဲ နဂိုအေနအထားအတိုင္ ျပန္ျဖစ္ေနသည္။ ႐ွန္း ႏွင့္အတူ အျမဲ႐ွိေနရန္လည္း မျဖစ္ျပန္သျဖင့္ ဒီေန႔တြင္ ႐ွန္း ႏွင့္ ဥယ်ာဥ္ငယ္သို႔သြားရန္ ဆံုးျဖတ္လိုက္သည္။
ေန႔မြန္းတည့္ခ်ိန္ေရာက္သည့္အခါတြင္ ဝမ္းဗိုက္ထဲမွနာက်င္မႈကို ခံစားမိေသာ္လည္း ႐ွန္း ႏွင့္အတူ ႐ွိေနခ်ိန္ကို မပ်က္စီးေစလိုသျဖင့္ သည္းခံေနၿပီး ႐ွန္း ကိုလည္း ဘာမွမေျပာေတာ့ေပ။ သို႔ေသာ္လည္း နာက်င္မႈမွာ ပိုမိုဆိုးဝါလာသျဖင့္ အိုက္႐ွင္း လည္း နာက်င္လြန္း၍ မ်က္ရည္ပင္က်မိသည္။
႐ွန္း က ေထြးေပြ႔ထားလ်က္ စိုးရိမ္တႀကီးေမးေတာ့မွသာ နာက်င္ေနေၾကာင္း ေျပာေလသည္။ ၾကားၾကားခ်င္းပင္ အိုက္႐ွင္း ကို ႐ွန္း နန္းေဆာင္ဘက္သို႔ အျမန္ေပြ႔ခ်ီိသြားၿပီး လုယီ ကို အေခၚလႊတ္ရန္ အေစခံတို႔ကို အမိန္႔ေပးလိုက္သည္။
လုယီ ႏွင့္အတူ က်န္း႐ွီ ႏွင့္ က်ဳးအန္း တို႔လည္း လိုက္လာၿပီး ႐ွန္း အခန္းထဲသို႔ လုယီ ဝင္ကာ အိုက္႐ွင္း ကို စစ္ေဆးၾကည့္သည္။ သက္ျပင္းကို ေလးပင္စြာ ႐ႈိက္လိုက္ၿပီး ႐ွန္း မွလြဲ၍ အျခားသူမ်ားကို အခန္းျပင္သို႔ ထြက္ေစလိုက္သည္။
က်န္း႐ွီ လည္း အခန္းျပင္တြင္ စိတ္လႈပ္႐ွားစြာ ရပ္ေနၿပီး က်ဴးအန္း ကလည္း အဆင္ေျပေစရန္ ဆုေတာင္းေပးေနခ်ိန္တြင္ က်ယ္ေလာင္ေသာ ငိုေႂကြးသံကို ၾကားလိုက္ၾကသျဖင့္ မ်က္ႏွာမ်ားလည္း ဝင္းပကာ အျပံဳးမ်ားလည္း ေတာက္ပလာေလသည္။
က်ယ္ေလာင္သည့္ငိုသံကို နားေထာင္ေနၾကစဥ္ အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္ ေနာက္ထပ္တိုးလ်ေသာ ငိုေႂကြးသံတစ္ခု ထပ္ၾကားလိုက္ၾကသျဖင့္ ပို၍ အံ့ဩၾကေလသည္။
အရာအားလံုးကို႐ွင္းလင္းၿပီးေနာက္ လုယီ တံခါးဖြင့္ကာ က်န္း႐ွီ ႏွင့္ က်ဴးအန္း တို႔ကို ဝင္ေစလိုက္သည္။ ဝင္ဝင္ခ်င္းပင္ ေမာပန္းသျဖင့္ အနားယူအိပ္စက္ေနေသာ အိုက္႐ွင္း ႏွင့္ ေဘးတြင္ ထိုင္ေနေသာ ႐ွန္း မွာ ေငြေရာင္ဆံပင္ႏွင့္ အနက္ေရာင္ဆံပင္တို႔ပါေနေသာ အႏွီးထုပ္ေလးႏွစ္ခုကို ေပြ႔ထားရင္ ေပ်ာ္ရႊင္ဝမ္းေျမာက္စြာၾကည့္ေနသည္ကို ေတြ႔လိုက္ၾကသည္။
က်န္း႐ွီ လည္း အျမန္သြားကာ အႏွီးထုပ္ေလးတို႔ကို ဝမ္းသာစြာျပံဳးၾကည့္လိုက္ၿပီး ႐ွန္း ကို ေမးေလသည္။
"ငါ ခ်ီလို႔ရမလား"
က်န္း႐ွီ ကို ေမာ့မၾကည့္ဘဲ အျပံဳးမပ်က္ကာ ....
"အိုက္႐ွင္း မခ်ီရေသးသေရြ႔ ငါကလြဲၿပီး ဘယ္သူမွမခ်ီရဘူး"
႐ွန္း စကားေၾကာင့္ က်န္း႐ွီ မ်က္ေမွာင္ၾကဳတ္ကာ စုတ္သပ္လိုက္ၿပီး လုယီ ကို လွည့္ၾကည့္လ်က္ ....
"ေတြ႔လား ... သူအရမ္း ကပ္ေစးနည္းတယ္ .... ကြၽန္ေတာ္တို႔လည္း ကေလးျမန္ျမန္ယူရေအာင္"
(T/N: ပလုတ္တုတ္ ... ဘာေတြေျပာေနတာလဲ စစ္သူႀကီး 🙈)
လုယီ လည္း ႐ွက္ရြံ႔သြားၿပီး က်န္း႐ွီ ဗိုက္ကိုထိုးၿပီးေနာက္ အိုက္႐ွင္း အနား အျမန္သြားကာ ေသြးႏႈန္းကို စမ္းသပ္ၾကည့္ေလသည္။
အိုက္႐ွင္း ႏိႈးလာၿပီးေနာက္ ျပံဳးလ်က္ငံု႔ၾကည့္ေနေသာ ႐ွန္း ကို ပထမဆံုးျမင္လိုက္ရသည္။ လုပ္ေနက်ပင္ သူ၏ဝမ္းဗိုက္ကို စမ္းၾကည့္အခါ ပိန္ကပ္ေနသျဖင့္ ခ်က္ခ်င္းထကာ မ်က္ရည္စိုေနေသာမ်က္လံုးမ်ားႏွင့္ စိုးရိမ္တႀကီးေမးေလသည္။
"ကြၽန္ေတာ့္ကေလးေရာ"
႐ွန္း လည္း သေဘာက်စြာ ရယ္လိုက္ၿပီး ႏႈတ္ခမ္းထက္ႏွင့္ နဖူးေပၚသို႔ ႏူးညံ့စြာ နမ္း႐ိႈက္လိုက္ၿပီး ေဘးတြင္႐ွိေနေသာ ခ်စ္စရာေကာင္းလွသည့္ အႏွီးထုပ္ငယ္ႏွစ္ခုကို ၫႊန္ျပရင္း ....
"ကေလးေတြလို႔ ေျပာတာလား"
႐ွန္း စကားႏွင့္အတူ ခ်စ္စဖြယ္ ကေလးငယိႏွစ္ေယာက္ကိုပါ ေတြ႔လိုက္ရသျဖင့္ အိုက္႐ွင္း ေပ်ာ္ရႊင္မႈမ်က္ရည္မ်ား က်ဆင္းလာၿပီး မ်က္ႏွာထက္လည္း အျပံဳးမ်ားပြင့္လန္းကာ ကေလးငယ္ႏွစ္ေယာက္ကို ခ်ီလိုက္ၿပီး သူတို႔၏ ေသးငယ္ေသာ နဖူးေပၚသို႔လည္း ညင္သာစြာ နမ္း႐ိႈက္လိုက္ေလသည္။
အိုက္႐ွင္း ခ်ီယူႏိုင္ရန္ ႐ွန္း ကူညီေပးလိုက္ၿပီး ကေလးငယ္ႏွစ္ေယာက္ခ်ီထားေသာ အိုက္႐ွင္း ကို အၾကင္နာျပည့္စြာ ျပံဳးကာၾကည့္ေနၿပီး ႏႈတ္ခမ္းကို ထပ္မံအနမ္းေႁခြလိုက္ကာ ....
"ခ်စ္တယ္ ယုန္ေလး"
ထိုအခိုက္အတန္႔တြင္ အိုက္႐ွင္း ကေလးငယ္တို႔ကို ၾကည့္ေနရာမွ ႐ွန္း ကို ေမာ့ၾကည့္လိုက္ၿပီး ႐ွန္း ၏ ပါးကို နမ္းလိုက္ၿပီးေနာက္ မ်က္ႏွာရဲကာ ကေလးငယ္တို႔ကိုသာ ျပန္ၾကည့္ေနေတာ့သည္။
႐ွန္း ကတိေပးထားသည့္အတိုင္း ကေလးငယ္တို႔ကို အိုက္႐ွင္း ခ်ီယူၿပီးေနာက္ အျခားသူမ်ားကိုလည္း ေပြ႔ခ်ီခြင့္ေပးေလသည္။
က်န္း႐ွီ လည္း လက္ထဲ႐ွိ အိပ္ေပ်ာ္ေနေသာ ကေလးငယ္ႏွစ္ေယာက္ကိုၾကည့္ကာ ျပံဳးျပေနၿပီး ႐ွန္း ႏွင့္ အိုက္႐ွင္း တို႔ကို ျပန္ေမာ့ၾကည့္လိုက္ၿပီးေနာက္ ....
"ဘယ္တစ္ေယာက္က အႀကီးလဲ .. နာမည္ေတြေရာ ေပးၿပီးၿပီလား"
အိုက္႐ွင္း လည္း ေပ်ာ္ရႊင္စြာ ျပံဳးျပလိုက္ၿပီး ေခါင္းညိတ္လ်က္ ....
"ဆံပင္အနက္နဲ႔က အႀကီး ... သူ႔နာမည္က က်င္း .... အငယ္တစ္ေယာက္ကေတာ့ ကြၽင္း တဲ့"
The End
ကဲ ကိုယ္လုပ္ေတာ္ေလး ၿပီးသြားပါၿပီ ... ဒီၾကားထဲ ေစာင့္ေမ်ွာ္အားေပးခဲ့ၾကတဲ့ စာဖတ္သူအားလံုးကို ေက်းဇူးတင္ပါတယ္ ... 😊
ဒါေလး ၿပီးေတာ့မွာမို႔လို႔ update မွန္ေတာ့မယ္လို႔ ေျပာတာမဟုတ္ဘူးေနာ္ အျခားဇာတ္လမ္းေလးေတြကိုလည္း updateမွန္ပါမယ္လို႔ ေျပာတာပါ ဟီး
ၿပီးၿပီဆိုၿပီး ဝမ္းမနည္းၾကပါနဲ႔ .. Special က်န္ေနေသးတယ္ .. မူရင္းမွာေတာ့ ဇာတ္လမ္းနဲ႔ ေရာထားေပမယ့္ ကြၽန္ေတာ္ကေတာ့ ၾကည့္လို႔အဆင္ေျပေအာင္ သီးသန္႔ခြဲေပးထားတယ္ ... မၾကာမီ လာမည္ေနာ္ 😊😙
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●Unicode●●●
အိုက်ရှင်း ၏ ဗိုက်ပူပူလေးမှာ တဖြည်းဖြည်းနှင့် ကြီးလာသည်နှင့်အမျှ အိုက်ရှင်း လည်း ခံစားလွယ်ကာ မောဟိုက်လာပြီး ပို၍ဆာလောင်လာသည်။ ခံစားချက်တို့မှာလည်း ဝမ်းနည်းသလိုဖြစ်ကာ ငိုချင်စိတ်ထက်သန်နေသည်။ အနှောင့်အယှက်ဖြစ်နေသလိုလည်း ခံစားမိပြီး ရှန်း ဘယ်လိုများ စိတ်ပြောင်းလဲပေးနိုင်မလဲဟု သိချင်မိသည်။ ရှန်း လည်း အိုက်ရှင်း ကို ပျော်ရွှင်အောင်ထားပေးကာ နန်းတော်ထဲတွင်လည်း လည်ပတ်သွားနေသေးသည်။
အရင်နေ့များနှင့်မတူဘဲ ယနေ့မှာတော့ ပုံမှန်ဖြစ်နေပြီ သာယာလှသည်။ အိုက်ရှင်း လည်း ဘာကိုမှမခံစားရဘဲ နဂိုအနေအထားအတိုင် ပြန်ဖြစ်နေသည်။ ရှန်း နှင့်အတူ အမြဲရှိနေရန်လည်း မဖြစ်ပြန်သဖြင့် ဒီနေ့တွင် ရှန်း နှင့် ဥယျာဉ်ငယ်သို့သွားရန် ဆုံးဖြတ်လိုက်သည်။
နေ့မွန်းတည့်ချိန်ရောက်သည့်အခါတွင် ဝမ်းဗိုက်ထဲမှနာကျင်မှုကို ခံစားမိသော်လည်း ရှန်း နှင့်အတူ ရှိနေချိန်ကို မပျက်စီးစေလိုသဖြင့် သည်းခံနေပြီး ရှန်း ကိုလည်း ဘာမှမပြောတော့ပေ။ သို့သော်လည်း နာကျင်မှုမှာ ပိုမိုဆိုးဝါလာသဖြင့် အိုက်ရှင်း လည်း နာကျင်လွန်း၍ မျက်ရည်ပင်ကျမိသည်။
ရှန်း က ထွေးပွေ့ထားလျက် စိုးရိမ်တကြီးမေးတော့မှသာ နာကျင်နေကြောင်း ပြောလေသည်။ ကြားကြားချင်းပင် အိုက်ရှင်း ကို ရှန်း နန်းဆောင်ဘက်သို့ အမြန်ပွေ့ချီသွားပြီး လုယီ ကို အခေါ်လွှတ်ရန် အစေခံတို့ကို အမိန့်ပေးလိုက်သည်။
လုယီ နှင့်အတူ ကျန်းရှီ နှင့် ကျုးအန်း တို့လည်း လိုက်လာပြီး ရှန်း အခန်းထဲသို့ လုယီ ဝင်ကာ အိုက်ရှင်း ကို စစ်ဆေးကြည့်သည်။ သက်ပြင်းကို လေးပင်စွာ ရှိုက်လိုက်ပြီး ရှန်း မှလွဲ၍ အခြားသူများကို အခန်းပြင်သို့ ထွက်စေလိုက်သည်။
ကျန်းရှီ လည်း အခန်းပြင်တွင် စိတ်လှုပ်ရှားစွာ ရပ်နေပြီး ကျူးအန်း ကလည်း အဆင်ပြေစေရန် ဆုတောင်းပေးနေချိန်တွင် ကျယ်လောင်သော ငိုကြွေးသံကို ကြားလိုက်ကြသဖြင့် မျက်နှာများလည်း ဝင်းပကာ အပြုံးများလည်း တောက်ပလာလေသည်။
ကျယ်လောင်သည့်ငိုသံကို နားထောင်နေကြစဉ် အချိန်အနည်းငယ်ကြာပြီးနောက် နောက်ထပ်တိုးလျသော ငိုကြွေးသံတစ်ခု ထပ်ကြားလိုက်ကြသဖြင့် ပို၍ အံ့ဩကြလေသည်။
အရာအားလုံးကိုရှင်းလင်းပြီးနောက် လုယီ တံခါးဖွင့်ကာ ကျန်းရှီ နှင့် ကျူးအန်း တို့ကို ဝင်စေလိုက်သည်။ ဝင်ဝင်ချင်းပင် မောပန်းသဖြင့် အနားယူအိပ်စက်နေသော အိုက်ရှင်း နှင့် ဘေးတွင် ထိုင်နေသော ရှန်း မှာ ငွေရောင်ဆံပင်နှင့် အနက်ရောင်ဆံပင်တို့ပါနေသော အနှီးထုပ်လေးနှစ်ခုကို ပွေ့ထားရင် ပျော်ရွှင်ဝမ်းမြောက်စွာကြည့်နေသည်ကို တွေ့လိုက်ကြသည်။
ကျန်းရှီ လည်း အမြန်သွားကာ အနှီးထုပ်လေးတို့ကို ဝမ်းသာစွာပြုံးကြည့်လိုက်ပြီး ရှန်း ကို မေးလေသည်။
"ငါ ချီလို့ရမလား"
ကျန်းရှီ ကို မော့မကြည့်ဘဲ အပြုံးမပျက်ကာ ....
"အိုက်ရှင်း မချီရသေးသရွေ့ ငါကလွဲပြီး ဘယ်သူမှမချီရဘူး"
ရှန်း စကားကြောင့် ကျန်းရှီ မျက်မှောင်ကြုတ်ကာ စုတ်သပ်လိုက်ပြီး လုယီ ကို လှည့်ကြည့်လျက် ....
"တွေ့လား ... သူအရမ်း ကပ်စေးနည်းတယ် .... ကျွန်တော်တို့လည်း ကလေးမြန်မြန်ယူရအောင်"
(T/N: ပလုတ်တုတ် ... ဘာတွေပြောနေတာလဲ စစ်သူကြီး 🙈)
လုယီ လည်း ရှက်ရွံ့သွားပြီး ကျန်းရှီ ဗိုက်ကိုထိုးပြီးနောက် အိုက်ရှင်း အနား အမြန်သွားကာ သွေးနှုန်းကို စမ်းသပ်ကြည့်လေသည်။
အိုက်ရှင်း နှိုးလာပြီးနောက် ပြုံးလျက်ငုံ့ကြည့်နေသော ရှန်း ကို ပထမဆုံးမြင်လိုက်ရသည်။ လုပ်နေကျပင် သူ၏ဝမ်းဗိုက်ကို စမ်းကြည့်အခါ ပိန်ကပ်နေသဖြင့် ချက်ချင်းထကာ မျက်ရည်စိုနေသောမျက်လုံးများနှင့် စိုးရိမ်တကြီးမေးလေသည်။
"ကျွန်တော့်ကလေးရော"
ရှန်း လည်း သဘောကျစွာ ရယ်လိုက်ပြီး နှုတ်ခမ်းထက်နှင့် နဖူးပေါ်သို့ နူးညံ့စွာ နမ်းရှိုက်လိုက်ပြီး ဘေးတွင်ရှိနေသော ချစ်စရာကောင်းလှသည့် အနှီးထုပ်ငယ်နှစ်ခုကို ညွှန်ပြရင်း ....
"ကလေးတွေလို့ ပြောတာလား"
ရှန်း စကားနှင့်အတူ ချစ်စဖွယ် ကလေးငယိနှစ်ယောက်ကိုပါ တွေ့လိုက်ရသဖြင့် အိုက်ရှင်း ပျော်ရွှင်မှုမျက်ရည်များ ကျဆင်းလာပြီး မျက်နှာထက်လည်း အပြုံးများပွင့်လန်းကာ ကလေးငယ်နှစ်ယောက်ကို ချီလိုက်ပြီး သူတို့၏ သေးငယ်သော နဖူးပေါ်သို့လည်း ညင်သာစွာ နမ်းရှိုက်လိုက်လေသည်။
အိုက်ရှင်း ချီယူနိုင်ရန် ရှန်း ကူညီပေးလိုက်ပြီး ကလေးငယ်နှစ်ယောက်ချီထားသော အိုက်ရှင်း ကို အကြင်နာပြည့်စွာ ပြုံးကာကြည့်နေပြီး နှုတ်ခမ်းကို ထပ်မံအနမ်းခြွေလိုက်ကာ ....
"ချစ်တယ် ယုန်လေး"
ထိုအခိုက်အတန့်တွင် အိုက်ရှင်း ကလေးငယ်တို့ကို ကြည့်နေရာမှ ရှန်း ကို မော့ကြည့်လိုက်ပြီး ရှန်း ၏ ပါးကို နမ်းလိုက်ပြီးနောက် မျက်နှာရဲကာ ကလေးငယ်တို့ကိုသာ ပြန်ကြည့်နေတော့သည်။
ရှန်း ကတိပေးထားသည့်အတိုင်း ကလေးငယ်တို့ကို အိုက်ရှင်း ချီယူပြီးနောက် အခြားသူများကိုလည်း ပွေ့ချီခွင့်ပေးလေသည်။
ကျန်းရှီ လည်း လက်ထဲရှိ အိပ်ပျော်နေသော ကလေးငယ်နှစ်ယောက်ကိုကြည့်ကာ ပြုံးပြနေပြီး ရှန်း နှင့် အိုက်ရှင်း တို့ကို ပြန်မော့ကြည့်လိုက်ပြီးနောက် ....
"ဘယ်တစ်ယောက်က အကြီးလဲ .. နာမည်တွေရော ပေးပြီးပြီလား"
အိုက်ရှင်း လည်း ပျော်ရွှင်စွာ ပြုံးပြလိုက်ပြီး ခေါင်းညိတ်လျက် ....
"ဆံပင်အနက်နဲ့က အကြီး ... သူ့နာမည်က ကျင်း .... အငယ်တစ်ယောက်ကတော့ ကျွင်း တဲ့"
The End
ကဲ ကိုယ်လုပ်တော်လေး ပြီးသွားပါပြီ ... ဒီကြားထဲ စောင့်မျှော်အားပေးခဲ့ကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ် ... 😊
ဒါလေး ပြီးတော့မှာမို့လို့ update မှန်တော့မယ်လို့ ပြောတာမဟုတ်ဘူးနော် အခြားဇာတ်လမ်းလေးတွေကိုလည်း updateမှန်ပါမယ်လို့ ပြောတာပါ ဟီး
ပြီးပြီဆိုပြီး ဝမ်းမနည်းကြပါနဲ့ .. Special ကျန်နေသေးတယ် .. မူရင်းမှာတော့ ဇာတ်လမ်းနဲ့ ရောထားပေမယ့် ကျွန်တော်ကတော့ ကြည့်လို့အဆင်ပြေအောင် သီးသန့်ခွဲပေးထားတယ် ... မကြာမီ လာမည်နော် 😊😙
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤