Chapter - 49 (Zawgyi & Unicode)
30.7K 2.7K 38
●●●Zawgyi●●●
"အမတ်​ ယု .... ဂုဏ်​ပြုပါတယ်​ ခင်​​ဗျားက အရမ်း​တော်​တာပဲ ... ​ခေါင်းမာတဲ့မင်းကြီးက မိန်​​ ... အာ .. ကိုယ်​လုပ်​​တော်​ ကျင်းရီ ဆီကို သွားလိမ့်​မယ်​လို့ မထင်​ထားဘူး ... ခင်​​ဗျားက​တော့ တကယ်​အံ့မခန်းပါပဲ ... အဲဒါ​ကြောင့်​လည်း အရင်​မင်းကြီးက ခင်​​ဗျားကို အကြံ​ပေးအရာရှိ ခန့်​ခဲ့တာကိုး"
စစ်​သူကြီး ပင်း က အမတ်​ ယု ကို ​သေရည်​ငှဲ့​ပေးကာ ဂုဏ်​ပြု​နေ​လေသည်​။
အမတ် ယု က သူ၏မုတ်​ဆိတ်​​မွေးတို့ကို ပွတ်​သပ်​ရင်း ....
"​မြှောက်​လွန်း​နေပါပြီ စစ်​သူကြီး ပင်း ... ခင်​​ဗျားရဲ့အကူအညီမပါဘဲနဲ့လည်း မဖြစ်​နိုင်ဘူး​လေ .. ဟားဟားဟား"
စစ်​သူကြီး ပင်း လည်း ရယ်​လိုက်​ကာ ခွက်​တို့ကို ကိုင်​​မြှောက်​ရင်း ဂုဏ်​ယူစွာ ​သောက်​လိုက်​ကြ​လေသည်​။ စစ်​သူကြီး ပင်း အမတ်​ ယု ကို ကြည့်​လိုက်​ပြီး ....
"မင်းကြီး သူမကို ဘယ်​​တော့မိဘုရား​မြှောက်​လိမ့်​မယ်​ထင်​လဲ ... ဟက်​ .. သူမကို မိဘုရား​မြှောက်​လိုက်​ရင်​ ကျုပ်​တို့​တွေ တိုင်းပြည်​မှာ အာဏာအကြီးဆုံးဖြစ်​လာကြလိမ့်​မယ်​ ဟုတ်​တယ်​မလား .. ဟား...ဟား..ဟား"
အမတ်​ ယု လည်း ​ပျော်​ပျော်​ကြီး ​ထောက်​ခံ​နေရင်း အပြင်​မှ အ​စေခံတစ်​​ယောက်​အသံကို ကြားလိုက်​​လေသည်​။
"ဝင်​လို့မရပါဘူး ...."
စစ်​သူကြီး ပင်း နှင့်​ အမတ်​ ယု တို့ လှည့်​ကြည့်​လိုက်​သည့်​အခါ မိန်းက​လေးတစ်​​ယောက်​ သူတို့ဆီလာ​နေသည်​ကို ​တွေ့လိုက်​သည်​။
ကျင်းရီ ​ဒေါသတကြီးနှင့်​ကြည့်​​နေစဉ်​ အ​စေခံက အမတ်​ ယု ကို ​တောင်းပန်​​လေသည်​။
"အမတ်​ကြီး ယု ... ကျွန်​​တော်​မျိုးမ ကိုယ်​လုပ်​​တော်​ ကျင်းရီ ကို ခဏ​စောင့်​​ပေးဖို့​ပြော​ပေမယ့်​ ...."
ကျင်းရီ စိုက်​ကြည့်​လိုက်​သဖြင့်​ အ​စေခံက ​တောင်းပန်​​တော့သည်​။