အေမွာင္ထုသည္ ေအးစက္လ်က္။
အရာရာသည္တိတ္ဆိတ္စြာ။
အေမွာင္သည္ ထိုင္းမိွဳင္းစြာပင္။စိုစြတ္ေနသလို။
ေအးျမေနသလို။အမည္မသိေသာခံစားမွဳက ႏွလံဳးေသြးတို႔ကိုေအးခဲေစမတတ္။
CHANYEOL ၿငိမ္သက္စြာ ထိုင္ေနရာေနရာမွလြဲ၍ အရာရာသည္ေအးစက္မွဳေတြလို။
ဤေနရာသည္ဘယ္ေနရာလည္း။
ဤေနရာကိုဘယ္လိုေရာက္လာခဲ့သလဲ။
Chanyeol ဘာမွမသိ။
Chanyeol သိတာတစ္ခုသာ။
ဤကမၻာေျမႀကီးဆီမွ သူ ကြယ္ေပ်ာက္သြားခ်င္ပါသည္။
အသက္မ႐ွင္ခ်င္ဘူးဆိုတာထက္ ကိုကို႔ကိုေနာင္တရေစခ်င္သည္။
Park Chanyeol ကိုအမိွဳက္လို႔ယူဆခဲ့တဲ့ကိုကို႔ကို နည္းနည္းျဖစ္ျဖစ္ေနာင္တရေစခ်င္သည္။
အဲ့ဒီအမိွဳက္က Wu yifan ကိုေသတဲ့အထိဖက္တြယ္သြားတယ္ဆိုတဲ့အေၾကာင္းကိုကိုသိေစခ်င္သည္။
အဲ့ဒီအမိွဳက္ေလာက္ ကိုကို႔ကိုဘယ္သူမွခ်စ္ႏိုင္မွာမဟုတ္ေၾကာင္း ကိုကိုသိေစခ်င္သည္။
Park Chanyeol မရိွသည့္ Wu yifan ရဲ႕ေန ့ရက္ေတြကိဳေနာင္တရေစခ်င္ခဲ့သည္။
ကိုကို ....က်ြန္ေတာ္မရိွေတာ့တဲ့ေန ့ေတြကို႐ွင္သန္ၾကည့္ပါ။
ကိုကို႔ကိုေသမတတ္လိုအပ္ေနပါတယ္ဆိုတဲ့က်ြန္ေတာ္ ...ကိုကို႔ကိုမလိုအပ္ေတာ့တဲ့အေၾကာင္း...ကိုကိုသိတဲ့အခါ ေနာင္တရၾကည့္ပါ။
က်ြန္ေတာ္....နာက်င္ရင္နာက်င္ရပါေစ။
ကိုကို႔ဆီကိုက်ြန္ေတာ္ျပန္မလာေတာ့ဘူး။
________________________________________
*Knock_knock*
Baekhyun တံခါးေခါက္သည့္အခါ wu yifan ကChanyeol မ်က္ႏွာကိုၾကည့္ေနရင္းမွလွည့္ၾကည့္လာသည္။
"..Baekhyun..."
"ခင္ဗ်ားျပန္သြားၿပီထင္ေနတာ..."
Baekhyun ကေစ်းထဲ က၀ယ္လာသည့္ႏွင္းပန္းအခ်ိဳ႕ကိုလူနာကုတင္ေဘးကစားပြဲေပၚတင္ၿပီးစကားစသည့္အခါ wu yifan ကျပံဳး၇ံူသာျပန္ျပံဳးျပသည္။
"ဘယ္လိုလဲ wu yifan..မနက္စာေရာစားၿပီးၿပီလား။ခင္ဗ်ား...ျပန္နားခ်င္နားလိုက္ပါ။က်ြန္ေတာ္ Chanyeol ကိုေစာင့္
ေပးမယ္။"
"ေက်းဇဴးတင္ေပမဲ့ ... Chanyeol သတိရတဲ့အခ်ိန္မွာကိုယ္ရိွခ်င္တယ္.."
အနည္းငယ္အတၱဆန္ေသာစကားပင္။
သတိရတဲ့အထိကိုယ္ရိွေပးခ်င္တယ္မဟုတ္ပဲ
သတိရတဲ့အခ်ိန္မွာ ကိုယ္ရိွခ်င္တယ္တဲ့လား။
ဘယ္လိုပဲ ျဖစ္ေနျဖစ္ေန Sehun ေကာ Wu yifan ပါ Chanyeol ကိုသတိရေစခ်င္ေနတာပဲမလား။Baekhyun သက္ျပင္းခ်မိ၇င္းChanyeol သတိရဖို႔သာဆုေတာင္းေနမိသည္။
က်ြန္ေတာ္တို႔ပံုမွန္အတိုင္းပင္ လည္ပတ္ေနခဲ့ၾကသည္။
Chanyeol ကို Wu yifan ႏွင့္က်ြန္ေတာ္ေစာင့္ေပးရင္း၊တစ္ခါတစ္ရံ Sehun လာသည့္အခါ မာႏ႐ွင္ႏွစ္ေယာက္ျဖစ္သည့္အေလ်ာက္ Sehun ႏွင့္ Wu yifan အနည္းငယ္ကေတာက္ကစျဖစ္ၾကျခင္း တို႔ျဖင့္သာပံုမွန္ျဖစ္ေနခဲ့သည္။
ေနာက္ထပ္ ၁ပတ္။
Chanyeol သတိေမ့ေနတာ ၂ပတ္ေျမာက္တဲ့အခါ ျပန္သတိရလာခဲ့တယ္။
က်ြန္ေတာ္တို႔အားလံုးရဲ ့ဆုေတာင္းေတြျပည့္ခဲ့တယ္လို႔ ထင္ရေပမဲ့ တကယ္ေတာ့မဟုတ္ခဲ့ပါေပ။
--ti-ti-ti-ti--
ႏွလံဳးစက္မွ အသံျမည္လာတာမို႔ Wu yifan ေရာ Baekhyun ပါလွဳပ္လွဳပ္႐ွား႐ွားျဖစ္သြားေလသည္။
Wu yifan ကကုတင္ေခါင္းရင္းက အေရးေပၚေခါင္းေလာင္းကိုအျမန္ႏိွပ္လိုက္ေတာ့ ဆရာ၀န္ေတြခ်က္ခ်င္းေရာက္လာၾကေလသည္။
"လူနာ႐ွင္ေတြ အျပင္ခဏထြက္ေပးပါ႐ွင္.."
Nurse မေလးရဲ႕စကားေၾကာင့္ က်ြန္ေတာ္ေရာ Wu yifan ပါအျပင္ထြက္ကာအခန္းအျပင္ဘက္မွသာၾကည့္ေနမိသည္။
"Chanyeol...ျပန္သတိရလာမယ္ထင္တယ္."
"ကိုယ္လဲ အဲ့ဒီလိုေမ်ွာ္လင့္ပါတယ္"
Wu yifan ကမွန္တံခါးအျပင္ဘက္မွၾကည့္ေနရင္းကခပ္တိုးတိုးေရရြတ္ေလသည္။
Wu yifan ၏ဆႏၵျပည့္၀ခဲ့ပါသည္။
Chanyeol သတိျပန္ရလာခဲ့ေလသည္။သို႔ေသာ္ မည္သူ႔ကိုမွစကားမေျပာေသး။
သတိရရျခင္းမွာ Wu yifan ကိုေတြ ့တဲ့အခါ Chanyeol ေပ်ာ္ရႊင္မည္ဟုေတြးခဲ့ေသာ္ျငား ထိုသို႔မဟုတ္ပါ။
Chanyeol ဆီကဘာမွထဴးထူးျခားျခားေျပာင္းလဲ မွဳမ်ိဳးကိုမေတြ ့ရခဲ့။
ေမ်ွာ္လင့္ၿပီးသားအေျခအေနတစ္ခုလို၊ျဖစ္ရိုးျဖစ္စဥ္ ကိစၥတစ္ခုလို၊Chanyeol ၿငိမ္သက္ေနခဲ့သည္။
"Chanyeol!!"
Chanyeol သတိရေၾကာင္းကို Sehun ကို ph ဆက္ေျပာသည့္အခါ Sehun ခ်က္ခ်င္းေရာက္လာခဲ့ေလသည္။
"Se..hun..."
Chanyeol ဆီမွ ပထမဆံုးၾကားရသည့္အသံသည္ Sehun နာမည္ျဖစ္ေနသည့္အခါ Wu yifan မ်က္ႏွာ အနည္းငယ္ပ်က္သြားေသာ္ျငား ဘာမွမေျပာင္းလဲ ဟန္ျဖင့္ တိတ္တဆိတ္သာထိုင္ေနေလသည္။
"Chanyeol...ငါ.မင္းသတိရလာဖို႔ဘယ္ေလာက္ဆုေတာင္းခဲ့ရလဲ သိရဲ႕လား..မင္းကြာ.."
"အရူးေကာင္!!ငါ့ကို ဒီေလာက္သတိရေစခ်င္သလား...ဘာဒုကၡေပးခ်င္ေသးလို႔လဲ.."
"အဟား...လူကျဖင့္ကုတင္ေပၚမွာ ..အသံကႀကိဳး၀ိုင္းထဲ ကလိုမ်ိဳးပါလားဟ!"
Sehun နဲ႔ Chanyeol ကိုေအးေဆးစကားေျပာပါေစဆိုသည့္သေဘာမ်ိဳးၿဖင့္သာ Baekhyun အခန္းျပင္ထြက္ေနလိုက္သည္။
Baekhyun ေကာ္ရစ္ဒါက ထိုင္ခံုေလးမွာထိုင္ေႏတုန္း
"Baekhyun?Byun Baekhyun မလား?"
"ဟင္?ဦး...ဦးေလး Han?"
Baekhyun အံ့ျသသြားမိသည္။
Baekhyunမေမ်ွာ္လင့္ထားသည့္သူ။
ေဖေဖ့သူငယ္ခ်င္း ဆရာ၀န္ႀကီး။
ဟိုတုန္းကေတာ့ ေဖေဖ့ေသဆံုးမွဳကိုသာမန္ရိုးက်မဟဳတ္ဖူးလို႔ေျပာခဲ့ဖဴးသည့္တစ္ဦးတည္းေသာသူ။
အဲ့တဳန္းထဲ ကက်ြန္ေတာ္ဆက္လက္စံုစမ္းျခင္းမရိွခဲ့ေပမဲ့ ဦးေလးHan ကေတာ့ေဖေဖ့
အေလာင္းကိုေတာ့့ဦးေလးက ဆက္ၿပီးစစ္ေဆးဖို႔ခြင့္ေတာင္းခဲ့သည္။့
"Baekhyun မလား?သား...ဟုတ္တယ္မလား...Byunxxရဲ႕သား..."
Baekhyun အံ့ျသသလို၀မ္းလဲ ၀မ္းသာသြားရသည္။ဦးေလး Han ကဟိုးအရင္ကထဲ ကက်ြန္ေတာ္တို႔ မိသားစုေလးအေပၚ ေကာင္းခဲ့သဴပါေပ။
"ဦးေလး ...Seoul ကိုျပန္ေျပာင္းလာတာလား..."
ဦးေလးHan ကျပံဳးကာ
"ဟုတ္တယ္သား...သားအခု ဘယ္မွာေနၿပီးဘာေတြလုပ္ေနလဲ..."
"က်ြန္ေတာ္....."
က်ြန္ေတာ္ေတြေ၀ေနမိသည္။
က်ြန္ေတာ္ဘာေျဖရမည္နည္း။
ယခု က်ြန္ေတာ့ဘ၀က အကူအညီေပးထားသည့္ညီေလးဆီမွာထက္....
လိမ္ညာျခင္းႏွင့္အလွမ္းေ၀းေသာက်ြန္ေတာ့အတြက္ လိမ္ညာရမည္ကို၀န္ေလးေနမိေလသည္။
က်ြန္ေတာ္ေတြေ၀ေနတာကို ဦးေလးHan ကရိပ္မိသည့္ဟန္ျဖင့္
"Ok သား...ဦးေလးတို႔ တရက္ေလာက္အျပင္မွာ ေအးေဆးေတြ ့ရေအာင္ အဆင္ေျပလား..."
"ဟုတ္...အဆင္ေျပပါတယ္။'
"ေရာ႕.....ဒါက ဦးေလးရဲ ့ကတ္...သားအဆင္ေျပတဲ့အခ်ိန္ ဖုန္းဆက္လိုက္...ဟုတ္လား..ဦးေလးသားရဲ႕ ဖုန္းကိုေမ်ွာ္ေနမယ္...'
"ဟုတ္။က်ြန္ေတာ္ ဆက္ဆက္ ဖုန္းဆက္ပါ့မယ္။"
"BYUN BAEKHYUN!!!"
ေကာ္ရစ္ဒါတစ္ေလ်ွာက္ဟိန္းထြက္လာသည့္အသံေၾကာင့္ Baekhyun ကိုယ္ေလးတုန္ရင္သြားမိသည္ ။ိ
ဤအသံ ပိုင္႐ွင္သည္ Sehun ျဖစ္ေၾကာင္းကိုေျပာစရာမလို ေအာင္ က်ြန္ေတာ္သိပါသည္။
ရုတ္တရပ္ေဆာင့္ဆြဲ ခံရမွဳေၾကာင့္က်ြန္ေတာ့ခႏၶာကိုယ္က Sehun ေဘးသို႔ယိုင္ထြက္သြားေလသည္။
"Baekhyun!သား....သူက..."
"ခင္ဗ်ားကဘယ္သူလဲ?က်ြန္ေတာ္ကလက္ရိွ Baekhyun ရဲ႕ အုပ္ထိန္းသူပါ။"
Sehun ရဲ႕ ခပ္ျပတ္ျပတ္စကားေၾကာင့္ က်ြန္ေတာ္လဲ အံ့ျသသြားသလို ဦးေလး Han လဲ ေခတၱခဏေၾကာင္အသြားေလသည္။
"Sehun!ဘယ္လိုျဖစ္ေနတာလဲ...."
"Byun Baekhyun!!!မင္းရဲ႕ အုပ္ထိန္းသူက ကိုယ္ပဲ ေလ...မဟုတ္ဘူးလား...hum!!"
Sehun မ်က္လံုးေတြက ေမွးက်ဥ္းစြာျပဳရင္း က်ြန္ေတာ့ႏွလံဳးသားထဲ ထိစူးစမ္းေနသေယာင္။
က်ြန္ေတာ့ဦးေႏွာက္ထဲ ရုတ္တရတ္၀င္လာသည္က Taemin hyung ရဲ႕ မ်က္ႏွာ....
အဲ့ဒီအခ်ိန္တုန္းက သူ႔အၾကည့္ေတြ..
ရက္စက္ေတာ့မည္ဟန္ျဖင့္ သူ၏ညိွဳ႕အားျပင္းမွဳသည္..က်ြန္ေတာ္ႏွင့္တကြ တျခားေသာလူသားတို႔အားနာက်င္ေစျခင္းပင္မဟုတ္ပါေလာ။
က်ြန္ေတာ္ ေသြးေတြကိုထပ္မျမင္ခ်င္ေတာ့ဘူး...Sehun ရဲ႕ ရက္စက္တဲ့ပံုေတြကို က်ြန္ေတာ္ေၾကာက္ေနၿပီ။....ဟင့္အင္း...Sehun ကိုထပ္ခါထပ္ခါျပစ္မွဳက်ဴးလြန္မည့္သူမ်ိဳးမျဖစ္ေစခ်င္ပါ။
အထူးသျဖင့္...က်ြန္ေတာ့ေၾကာင့္...
"ဦး..ဦးေလးHan...က်ြန္ေတာ္...က်ြန္ေတာ္ဖုန္းျပန္ဆက္ပါ့မယ္...အခု..အရင္ျပန္ႏွင့္လိုက္ပါေနာ္.."
က်ြန္ေတာ့တုန္လွဳပ္မွဳကို ဦးေလးကတစ္ခ်က္သာစူးစမ္းရင္း
"Ok ေလ...ဒီကေမာင္ရင္...ဦးေလးျပန္ပါဦးမယ္။"
"အဟင္း....ႂကြပါ...ႂကြပါ...ေနာက္တစ္ခါ..ဘယ္ေတာ့မွမေတြ ့ေတာ့မဲ့အျဖစ္မ်ိဳးဆို ပိုေကာင္းတာေပါ့ေနာ့..."
ခပ္ေငါ့ေငါ့ဆိုတဲ့ Sehun ရဲ႕စကားအဆံုးမွာ ဦးေလးHan ကဘာမွမေျပာဘဲ ထြက္ခြာသြားသည္။
က်ြန္ေတာ့လက္ေကာက္၀တ္ကိုဆုပ္ကိုင္ထားရာ Sehun လက္တို႔သည္ကားပိုမိုတင္းၾကပ္လာသည္။
Sehun အသံကပိုမိုေအးစက္လာသည္။
သူ႔အတၱကက်ြန္ေတာ့အားနာက်င္ေစမယ္မွန္းက်ြန္ေတာ္သိပါသည္။
"ဖုန္းျပန္ဆက္မယ္ဆိုတဲ့အေၾကာင္းကို...မင္းနဲ႔ကိုယ္နဲ႔႐ွင္းၾကတာေပါ့ Baekhyun..."
က်ြန္ေတာ္သည္သာ အႏၱရာယ္အေငြ ့အသက္ကို ႐ွဴရိွဳက္ရင္း.....
_______________OWNER________________
*၀ုန္း*
လဲ ၿပိဳသြားေသာစားပြဲခံဳ၏ေဘးမွာ က်ြန္ေတာ္ရပ္တန္ ့ေနမိသည္။
က်ြန္ေတာ့နံေဘးတြင္လည္း အက်ိဳးအပဲ ့အပိုင္းအစမ်ားကျပန္ ့က်ဲေနၿပီ။
Sehun ကေတာ့ အခန္းအတြင္းရိွသမ်ွပစၥည္းေတြကို ကန္ေက်ာက္ရိုက္ခ်ိဳးရင္းသူ ့ေဒါသကို ျပသလိမ့္မည္။
"အဲ့တာဘယ္သူလဲ Baekhyun..."
က်ြန္ေတာ့ပုခံုးကိုကိုင္လွဳပ္ရင္း ေမးလာသည့္သူ႔အား ေမာ့ၾကည့္မိသည္။
မ်က္ရည္၀ိုင္းေသာ မ်က္၀န္းမ်ားျဖင့္သာ...
မင္းနဲ႔ပတ္သတ္လာတိုင္းေပ်ာ့ညံ့ရတဲ့ငါ့အျဖစ္ကိုငါမုန္းတယ္...
"..ငါ...ေျပာၿပီးၿပီပဲ...ေဖေဖ့..သူငယ္ခ်င္းပါဆို..."
"Ha!!မင္းနဲ႔ အခုက်မွဘာကိစၥလဲ...မင္းတို႔ခ်င္းအဆက္အသြယ္ရိွေနတယ္မလား.."
သူ႔သံသယေမးခြန္းမ်ားကက်ြန္ေတာ့အားအဆက္မျပတ္ထိုးႏွက္လာသည္။
မ်ားမၾကာမီပင္ က်ြန္ေတာ္က်ရံွဳးပါေတာ့မည္။
"ဟင့္အင္း..."
"ငါသိတယ္ Baekhyun...မင္းငါ့ဆီကထြက္ေျပးခ်င္ေနတယ္မလား...Ha!!"
က်ြန္ေတာ့အက်ႌေကာ္လံစကို ခပ္တင္းတင္းဆြဲရင္း Sehun ကေျပာသည္။
လည္ပင္းဆီကအစ္ကာ အသက္႐ွဴရခက္ခဲမႇဳကခဏအတြင္းပင္စတင္လာေလသည္။
"ဟင့္..အင္း...ငါ..မဟုတ္.."
*၀ုန္း*
သူက်ြန္ေတာ့အားတြန္းဖယ္သည့္အခါ အခန္းေထာင့္သို႔ေခြကနဲလဲ က်၏။
"ဘာလဲ....သူကမင္းရဲ႕ ..sponsar အသစ္လား.."
ခပ္ေလွာင္ေလွာင္ခ်ိဳးႏိွမ္သည့္စကားအဆံုးမွာ က်ြန္ေတာ္အားကုန္သံုးကာသူ႔နာမည္အားေအာ္မိသည္။
"Oh Sehun!!"
"Hak...အမွန္ေတြေျပာလို႔ထိကုန္ၿပီလား...ဟမ္..."
"မင္း....မင္းတကယ္ငါ့သိကၡာကိုဘယ္အထိေစာ္ကားေနဦးမွာလဲ...တစ္ခ်ိန္လံုးငါ့ကိုသံသယေတြနဲ႔ ပဲ ျမင္ေႏမွာလား.."
"မျမင္ေစခ်င္ရင္ မင္းဘယ္သူနဲ႔မွမပတ္သတ္နဲ႔ေလ..."
Baekhyun က်လာတဲ့မ်က္ရည္ေတြကို လက္ခံုျဖင့္ခပ္ၾကမ္းၾကမ္းပြတ္သုတ္ပစ္လိုက္သည္။
"ငါက လူ Sehun...လူေတြနဲ႔ ပတ္သတ္ေနရဦးမွာပဲ ..ေယာက်ၤားတစ္ေယာက္ကို ေတြ ့သမ်ွေယာက်ၤားေတြနဲ႔ လိုက္ေပးစားရင္း ငါ့ကိုေစာ္ကားေနတာေတြေတာ္ေတာ့...ငါ...ငါမင္းကလြဲ ရင္ ...ဘယ္သူ႔ကိုမွမျမင္ခဲ့တာမင္းသိရက္နဲ႔..."
Sehun ကတဟားဟားေအာ္ရယ္ရင္း
"hak!အေဖတူသားက စကားေျပာေတာ့ေကာင္းသားပဲ...လူမို႔လို႔လူေတြနဲ႔ ပတ္သတ္တယ္...ဟား...မင္းကရိုးရိုးလူမဟုတ္ဘူးေလ...ငါပိုင္တဲ့လဴ"
ဟုတ္တယ္။ငါကိုကမင္းပိုင္တဲ့လဴျဖစ္ခ်င္ခဲ့မိတယ္...
"ငါခ်မွတ္ထားတဲ့စည္းေတြကိုမခ်ိဳးေဖာက္ပဲ...ငါသတ္မွတ္ေပးထားတဲ့ အ၀န္းအ၀ိုင္းထဲ မွာပဲ ေနရင္း ..ငါ့တစ္ေယာက္ထဲ ကိုပဲ ေမ်ွာ္ၾကည့္ေပးရမဲ့လဴ..."
ငါေနခဲ့တာပဲ...မင္းေမြးထားတဲ့ မင္းရဲ႕ေနာက္လိုက္ေခြးလို မင္းအမိန္ ့ေတြတစ္ေသြမတိမ္းလိုက္နာရင္း ေနခဲ့တာပဲ...
ငါထိန္းခ်ဳပ္ထားသမ်ွစည္းေတြကိုငါကိုယ္တိုင္ၿဖိဳဖ်တ္ရင္းမင္းစိတ္ႀကိဳက္ျဖစ္ေစခဲ့တာပဲ...
"မင္းမွာဘ၀မရိွဘဴး Baekhyun...."
"မင္းမွာငါပဲ ရိွရမယ္..."
"အဲ့ဒီလိုျဖစ္တဲ့အထိ ....မင္းဘ၀ကိုငါဖ်တ္ဆီးမွာ..."
Baekhyun ေၾကာင္အေနမိသည္။
အသံေတြအကုန္လံုးက နားထဲ မွာမပီျပင္စြာေရာေထြးေနၾကသည္။
ေသမိန္ ့အခ်ခံလိုက္ရသလို...
နတ္ဆိုးတစ္ပါးအားအ႐ွင္လတ္လတ္ေတြ ့လိုက္ရသလို။
Baekhyun ႏွဳတ္ဖ်ားတို႔ကဘာသံ မွထြက္မလာ။
အသံတိတ္စကားတို႔ကိုသာ ထပ္ခါထပ္ခါဆိုေနမိသည္။
ငါ့ဘ၀ကိုဖ်တ္ဆီးခ်င္တယ္တဲ့လား Sehun...
ငါ့ဘ၀ဆိုတာရိွေသးလို႔လား...
ငါ.့ဘ၀တစ္ခုလံုးမင္းကိုေပးထားတာပဲ...ၿဖိဳခ်င္ၿဖိဳဖ်တ္ခ်င္ဖ်တ္ေပါ့....
"...အဲ့တာ....မင္း...ငါ့ကို..ခ်စ္လို႔တဲ့လား..."
Baekhyun ေနာက္ဆံုးေမ်ွာ္လင့္ခ်က္ကို ကိုယ္ကိုတိုင္သာျပန္ေမးမိပါသည္။
Baekhyun က သူငါ့ကိုခ်စ္တယ္ ဟူေသာစိတ္ျဖင့္သာ႐ွင္သန္ေနခဲ့တာ ကိုသူသိသင့္တာေပါ့။
Sehun...သူ႔ေၾကာင့္...
OH SEHUN ကိုခ်စ္တဲ့စိတ္ေၾကာင့္ သူအရာအားလံုးၿဖိဳဖ်တ္ေပးခဲ့တာ၊အညံ့ခံခဲ့တာ..ရံွဳးနိမ့္ခဲ့တာ....မသိေလေလ်ာ့သလား။
"ငါက .....မင္းကိုဘယ္တုန္းကမွမခ်စ္ခဲ့ဘဴး...BYUN BAEKHYUN!!"
Baekhyun,SEHUN မ်က္ႏွာကိုေငးစိုက္ၾကည့္ေနမိသည္။
အရူးတစ္ေယာက္လို....
ေသခါနီးလူတစ္ေယာက္က ေနာက္ဆံုးေမ်ွာ္လင့္ခ်က္ကို႐ွာေဖြေနသလိုမ်ိဳး...
"...ဟင့္.....အင္း...."
"Ha...ဒါအမွန္တရားပဲ Baekhyun..."
"ငါမင္းကို လံုး၀...မ..ခ်စ္...ဘူး.."
"ဟင့္အင္း....ေတာ္...ေတာ္ပါေတာ့..."
Baekhyunနားႏွစ္ဖက္ကိုအုပ္ကာ ထိုင္ခ်ပစ္လိုက္မိသည္။
"ဟင့္အင္း...သူ...ညာ...ေနတာပါ...မဟုတ္ပါဘူး...ဟင့္အင္း...ဟင့္အင္း...."
Baekhyun အရူးတစ္ေယာက္လို တတြတ္တြတ္ေရရြတ္မိသည္။
Sehun ကမခ်စ္ဖူးတဲ့လား...
မခ်စ္ဘဲ....
ဒီအတိုင္းေဖေဖ့ကိုမေက်နပ္လို႔ပဲ...ဟင့္အင္း....
Sehun...မင္းကေတာ့အဲ့ဒီလိုမလုပ္ပါနဲ႔။
ေက်းဇဴးျပဳၿပီး...ငါအသက္႐ွင္ေနရတဲ့ ေနာက္ဆံုးေမ်ွာ္လင့္ခ်က္ေလးကို မင္းကေတာ့ရိုက္မခ်ိဳးပါနဲ႔၊
ငါ့မွာ မင္းပဲ ရိွေတာ့တာပါ။
ေက်းဇဴးျပဳၿပီး.....
"Baekhyun....Baekhyun...မင္းအခုအရူးလိုျဖစ္ေနတာကို မင္းအေဖကိုျမင္ေစခ်င္တယ္..."
"မင္းအေဖ...သူလုပ္ခဲ့တဲ့အျပစ္အတြက္သူ႔သားေလးခံစားရတယ္ဆိုၿပီးနာက်င္ေစခ်င္တယ္....
ငါ့အေမေနရာမွာ....သူ႔သားေလးေရာက္ေနတယ္ဆိုၿပီး..."
Sehun အသံေတြကေ၀းလာလိုက္နီးလာလိုက္။
Baekhyun မ်က္လံုးေတြက ေ၀၀ါးလာသည္။
အသက္႐ွဴလို႔မ၀သလို...ႏွလံဳးခုန္သံေတြေႏွးလာသလိ္ု....
Baekhyun တစ္ကိုယ္လံုးေပါက္ကြဲ ထြက္ေတာ့မလိုခံစားေနရသည္။
Baekhyunဆီကေန တေျဖးေျဖးေ၀းကြာသြားၿပီျဖစ္တဲ့ Sehun ေနာက္ေက်ာျပင္သည္ မ်က္ရည္ေတြေၾကာင့္ရယ္လားမသိ ျမင္ကြင္းထဲေ၀၀ါးလာသည္။
"S..e..hun.."
Sehun ေျခတံေတြကို Baekhyun ဖက္တြယ္ထားမိသည္။
တရြတ္တိုက္ဒူးေထာက္လာရာ အသားအတြင္းသို႔နစ္၀င္လာသည့္ အက်ိဳးအပိုင္းတို႔အားလ်စ္လ်ဴ႐ွဳမိသည္။
အဲ့ဒီဒဏ္ရာေတြက ရင္ထဲ ကဒဏ္ရာေလာက္မွမနက္ဘဲ။
နာက်င္ေစရာေက်ာ့ကြင္းမွာ အဖန္ဖန္အခါခါေသခ်င္သူမွာ Baekhyun သာျဖစ္ပါသည္။
"ငါ...မင္း...ကို...အရမ္းခ်စ္ေနမိတယ္..."
သူ႔ေျခဖ၀ါးထက္ပါးအပ္ရင္းဆိုမိသည္။
ဒါငါ့မာနအကုန္ရယ္ပါပဲ Sehun ရယ္...
"ငါကေတာ့ မင္းကိုလံုး၀မခ်စ္ဘူး Baekhyun."
Sehun ေျခတံကိုျမဲျမဲဆဳပ္ကိုင္ထားရာ Baekhyun လက္တို႔ၾကမ္းျပင္ထက္ ျပဳတ္က်လာသည္။
Baekhyun ကမၻာဟာ အလြန္ ့အလြန္တိတ္ဆိတ္ေနတယ္။
"ဒါေပမဲ့...တစ္သက္လံုးထြက္သြားခြင့္လဲ မျပဳဘူး။"
တိတ္ဆိတ္လြန္းတာေၾကာင့္ အပ်က္အဆီးေသးေသးေလးကေတာင္ လိွဳင္းအႀကီးႀကီးျဖစ္ၿပီး ကမၻာတစ္ခုလံုး ၿပိဳပ်က္ေစႏိုင္တယ္။
Sehun ရဲ႕ေနာက္ေက်ာျပင္ဟာ Baekhyun နဲ႔ တစတစေ၀းကြာသြားတယ္။
*ဂ်ိမ္း*
ပိတ္သြားၿပီျဖစ္တဲ့ က်ြန္းတံခါးအားBaekhyun ေငးၾကည့္ေနမိသည္။
အမွန္တရားတစ္ခုအားခါးခါးသီးသီးပင္လက္ခံရေတာ့မည္ျဖစ္ေၾကာင္းကို Baekhyun အသိစိတ္ကနားလည္လာသည့္အခါ အသူရာေခ်ာက္အနက္သို႔အပစ္ခ်ခံခဲ့ရသလို တလွပ္လွပ္တုန္ရင္ေနေသာရင္ျဖင့္ ယူၾကံဳးမရမွဳကခံစားလာရသည္။
ႏွလံဳးသားအားအ႐ွင္လတ္လတ္ခြဲထဳတ္၍မီးၿမိွက္ခံရသကဲ့သို႔ပူေလာင္လာသည္။
မေသႏိုင္ေသာညွင္းပမ္းမွဳျဖင့္ အဆံုးအစမဲ့နာက်င္မွဳသည္ အခ်စ္ျဖစ္သည္။
ထိုအခ်စ္မွ ရုန္းမထြက္ႏိုင္ျခင္းသည္ က်ြန္ေတာ္၏ ညံ့ဖ်င္းမွဳေပေလာ။
မည္သို႔ပင္ဆိုေစကာမူ သြက္သြက္ခါေအာင္ရူးသြပ္ေစျခင္းျဖင့္ ထိုအခ်စ္အားေစေသာ သခင္အားက်ြန္ေတာ္ခ်စ္ပါသည္။
________OWNER_________
(UNICODE)
အမှောင်ထုသည် အေးစက်လျက်။
အရာရာသည်တိတ်ဆိတ်စွာ။
အမှောင်သည် ထိုင်းမှိုင်းစွာပင်။စိုစွတ်နေသလို။
အေးမြနေသလို။အမည်မသိသောခံစားမှုက နှလုံးသွေးတို့ကိုအေးခဲစေမတတ်။
CHANYEOL ငြိမ်သက်စွာ ထိုင်နေရာနေရာမှလွဲ၍ အရာရာသည်အေးစက်မှုတွေလို။
ဤနေရာသည်ဘယ်နေရာလည်း။
ဤနေရာကိုဘယ်လိုရောက်လာခဲ့သလဲ။
Chanyeol ဘာမှမသိ။
Chanyeol သိတာတစ်ခုသာ။
ဤကမ္ဘာမြေကြီးဆီမှ သူ ကွယ်ပျောက်သွားချင်ပါသည်။
အသက်မရှင်ချင်ဘူးဆိုတာထက် ကိုကို့ကိုနောင်တရစေချင်သည်။
Park Chanyeol ကိုအမှိုက်လို့ယူဆခဲ့တဲ့ကိုကို့ကို နည်းနည်းဖြစ်ဖြစ်နောင်တရစေချင်သည်။
အဲ့ဒီအမှိုက်က Wu yifan ကိုသေတဲ့အထိဖက်တွယ်သွားတယ်ဆိုတဲ့အကြောင်းကိုကိုသိစေချင်သည်။
အဲ့ဒီအမှိုက်လောက် ကိုကို့ကိုဘယ်သူမှချစ်နိုင်မှာမဟုတ်ကြောင်း ကိုကိုသိစေချင်သည်။
Park Chanyeol မရှိသည့် Wu yifan ရဲ့နေ့ရက်တွေကိုနောင်တရစေချင်ခဲ့သည်။
ကိုကို ....ကျွန်တော်မရှိတော့တဲ့နေ့တွေကိုရှင်သန်ကြည့်ပါ။
ကိုကို့ကိုသေမတတ်လိုအပ်နေပါတယ်ဆိုတဲ့ကျွန်တော် ...ကိုကို့ကိုမလိုအပ်တော့တဲ့အကြောင်း...ကိုကိုသိတဲ့အခါ နောင်တရကြည့်ပါ။
ကျွန်တော်....နာကျင်ရင်နာကျင်ရပါစေ။
ကိုကို့ဆီကိုကျွန်တော်ပြန်မလာတော့ဘူး။
________________________________________
*Knock_knock*
Baekhyun တံခါးခေါက်သည့်အခါ wu yifan ကChanyeol မျက်နှာကိုကြည့်နေရင်းမှလှည့်ကြည့်လာသည်။
"..Baekhyun..."
"ခင်ဗျားပြန်သွားပြီထင်နေတာ..."
Baekhyun ကဈေးထဲ ကဝယ်လာသည့်နှင်းပန်းအချို့ကိုလူနာကုတင်ဘေးကစားပွဲပေါ်တင်ပြီးစကားစသည့်အခါ wu yifan ကပြုံးရူံသာပြန်ပြုံးပြသည်။
"ဘယ်လိုလဲ wu yifan..မနက်စာရောစားပြီးပြီလား။ခင်ဗျား...ပြန်နားချင်နားလိုက်ပါ။ကျွန်တော် Chanyeol ကိုစောင့်
ပေးမယ်။"
"ကျေးဇူးတင်ပေမဲ့ ... Chanyeol သတိရတဲ့အချိန်မှာကိုယ်ရှိချင်တယ်.."
အနည်းငယ်အတ္တဆန်သောစကားပင်။
သတိရတဲ့အထိကိုယ်ရှိပေးချင်တယ်မဟုတ်ပဲ
သတိရတဲ့အချိန်မှာ ကိုယ်ရှိချင်တယ်တဲ့လား။
ဘယ်လိုပဲ ဖြစ်နေဖြစ်နေ Sehun ကော Wu yifan ပါ Chanyeol ကိုသတိရစေချင်နေတာပဲမလား။Baekhyun သက်ပြင်းချမိရင်းChanyeol သတိရဖို့သာဆုတောင်းနေမိသည်။
ကျွန်တော်တို့ပုံမှန်အတိုင်းပင် လည်ပတ်နေခဲ့ကြသည်။
Chanyeol ကို Wu yifan နှင့်ကျွန်တော်စောင့်ပေးရင်း၊တစ်ခါတစ်ရံ Sehun လာသည့်အခါ မာနရှင်နှစ်ယောက်ဖြစ်သည့်အလျောက် Sehun နှင့် Wu yifan အနည်းငယ်ကတောက်ကစဖြစ်ကြခြင်း တို့ဖြင့်သာပုံမှန်ဖြစ်နေခဲ့သည်။
နောက်ထပ် ၁ပတ်။
Chanyeol သတိမေ့နေတာ ၂ပတ်မြောက်တဲ့အခါ ပြန်သတိရလာခဲ့တယ်။
ကျွန်တော်တို့အားလုံးရဲ့ဆုတောင်းတွေပြည့်ခဲ့တယ်လို့ ထင်ရပေမဲ့ တကယ်တော့မဟုတ်ခဲ့ပါပေ။
--ti-ti-ti-ti--
နှလုံးစက်မှ အသံမြည်လာတာမို့ Wu yifan ရော Baekhyun ပါလှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။
Wu yifan ကကုတင်ခေါင်းရင်းက အရေးပေါ်ခေါင်းလောင်းကိုအမြန်နှိပ်လိုက်တော့ ဆရာဝန်တွေချက်ချင်းရောက်လာကြလေသည်။
"လူနာရှင်တွေ အပြင်ခဏထွက်ပေးပါရှင်.."
Nurse မလေးရဲ့စကားကြောင့် ကျွန်တော်ရော Wu yifan ပါအပြင်ထွက်ကာအခန်းအပြင်ဘက်မှသာကြည့်နေမိသည်။
"Chanyeol...ပြန်သတိရလာမယ်ထင်တယ်."
"ကိုယ်လဲ အဲ့ဒီလိုမျှော်လင့်ပါတယ်"
Wu yifan ကမှန်တံခါးအပြင်ဘက်မှကြည့်နေရင်းကခပ်တိုးတိုးရေရွတ်လေသည်။
Wu yifan ၏ဆန္ဒပြည့်ဝခဲ့ပါသည်။
Chanyeol သတိပြန်ရလာခဲ့လေသည်။သို့သော် မည်သူ့ကိုမှစကားမပြောသေး။
သတိရရခြင်းမှာ Wu yifan ကိုတွေ့တဲ့အခါ Chanyeol ပျော်ရွှင်မည်ဟုတွေးခဲ့သော်ငြား ထိုသို့မဟုတ်ပါ။
Chanyeol ဆီကဘာမှထူးထူးခြားခြားပြောင်းလဲ မှုမျိုးကိုမတွေ့ရခဲ့။
မျှော်လင့်ပြီးသားအခြေအနေတစ်ခုလို၊ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုလို၊Chanyeol ငြိမ်သက်နေခဲ့သည်။
"Chanyeol!!"
Chanyeol သတိရကြောင်းကို Sehun ကို ph ဆက်ပြောသည့်အခါ Sehun ချက်ချင်းရောက်လာခဲ့လေသည်။
"Se..hun..."
Chanyeol ဆီမှ ပထမဆုံးကြားရသည့်အသံသည် Sehun နာမည်ဖြစ်နေသည့်အခါ Wu yifan မျက်နှာ အနည်းငယ်ပျက်သွားသော်ငြား ဘာမှမပြောင်းလဲ ဟန်ဖြင့် တိတ်တဆိတ်သာထိုင်နေလေသည်။
"Chanyeol...ငါ.မင်းသတိရလာဖို့ဘယ်လောက်ဆုတောင်းခဲ့ရလဲ သိရဲ့လား..မင်းကွာ.."
"အရူးကောင်!!ငါ့ကို ဒီလောက်သတိရစေချင်သလား...ဘာဒုက္ခပေးချင်သေးလို့လဲ.."
"အဟား...လူကဖြင့်ကုတင်ပေါ်မှာ ..အသံကကြိုးဝိုင်းထဲ ကလိုမျိုးပါလားဟ!"
Sehun နဲ့ Chanyeol ကိုအေးဆေးစကားပြောပါစေဆိုသည့်သဘောမျိုးဖြင့်သာ Baekhyun အခန်းပြင်ထွက်နေလိုက်သည်။
Baekhyun ကော်ရစ်ဒါက ထိုင်ခုံလေးမှာထိုင်နေတုန်း
"Baekhyun?Byun Baekhyun မလား?"
"ဟင်?ဦး...ဦးလေး Han?"
Baekhyun အံ့သြသွားမိသည်။
Baekhyunမမျှော်လင့်ထားသည့်သူ။
ဖေဖေ့သူငယ်ချင်း ဆရာဝန်ကြီး။
ဟိုတုန်းကတော့ ဖေဖေ့သေဆုံးမှုကိုသာမန်ရိုးကျမဟုတ်ဖူးလို့ပြောခဲ့ဖူးသည့်တစ်ဦးတည်းသောသူ။
အဲ့တုန်းထဲ ကကျွန်တော်ဆက်လက်စုံစမ်းခြင်းမရှိခဲ့ပေမဲ့ ဦးလေးHan ကတော့ဖေဖေ့
အလောင်းကိုတော့ဦးလေးက ဆက်ပြီးစစ်ဆေးဖို့ခွင့်တောင်းခဲ့သည်။့
"Baekhyun မလား?သား...ဟုတ်တယ်မလား...Byunxxရဲ့သား..."
Baekhyun အံ့သြသလိုဝမ်းလဲ ဝမ်းသာသွားရသည်။ဦးလေး Han ကဟိုးအရင်ကထဲ ကကျွန်တော်တို့ မိသားစုလေးအပေါ် ကောင်းခဲ့သူပါပေ။
"ဦးလေး ...Seoul ကိုပြန်ပြောင်းလာတာလား..."
ဦးလေးHan ကပြုံးကာ
"ဟုတ်တယ်သား...သားအခု ဘယ်မှာနေပြီးဘာတွေလုပ်နေလဲ..."
"ကျွန်တော်....."
ကျွန်တော်တွေဝေနေမိသည်။
ကျွန်တော်ဘာဖြေရမည်နည်း။
ယခု ကျွန်တော့ဘဝက အကူအညီပေးထားသည့်ညီလေးဆီမှာထက်....
လိမ်ညာခြင်းနှင့်အလှမ်းဝေးသောကျွန်တော့အတွက် လိမ်ညာရမည်ကိုဝန်လေးနေမိလေသည်။
ကျွန်တော်တွေဝေနေတာကို ဦးလေးHan ကရိပ်မိသည့်ဟန်ဖြင့်
"Ok သား...ဦးလေးတို့ တရက်လောက်အပြင်မှာ အေးဆေးတွေ့ရအောင် အဆင်ပြေလား..."
"ဟုတ်...အဆင်ပြေပါတယ်။'
"ရော့.....ဒါက ဦးလေးရဲ့ကတ်...သားအဆင်ပြေတဲ့အချိန် ဖုန်းဆက်လိုက်...ဟုတ်လား..ဦးလေးသားရဲ့ ဖုန်းကိုမျှော်နေမယ်...'
"ဟုတ်။ကျွန်တော် ဆက်ဆက် ဖုန်းဆက်ပါ့မယ်။"
"BYUN BAEKHYUN!!!"
ကော်ရစ်ဒါတစ်လျှောက်ဟိန်းထွက်လာသည့်အသံကြောင့် Baekhyun ကိုယ်လေးတုန်ရင်သွားမိသည် ။ိ
ဤအသံ ပိုင်ရှင်သည် Sehun ဖြစ်ကြောင်းကိုပြောစရာမလို အောင် ကျွန်တော်သိပါသည်။
ရုတ်တရပ်ဆောင့်ဆွဲ ခံရမှုကြောင့်ကျွန်တော့ခန္ဓာကိုယ်က Sehun ဘေးသို့ယိုင်ထွက်သွားလေသည်။
"Baekhyun!သား....သူက..."
"ခင်ဗျားကဘယ်သူလဲ?ကျွန်တော်ကလက်ရှိ Baekhyun ရဲ့ အုပ်ထိန်းသူပါ။"
Sehun ရဲ့ ခပ်ပြတ်ပြတ်စကားကြောင့် ကျွန်တော်လဲ အံ့သြသွားသလို ဦးလေး Han လဲ ခေတ္တခဏကြောင်အသွားလေသည်။
"Sehun!ဘယ်လိုဖြစ်နေတာလဲ...."
"Byun Baekhyun!!!မင်းရဲ့ အုပ်ထိန်းသူက ကိုယ်ပဲ လေ...မဟုတ်ဘူးလား...hum!!"
Sehun မျက်လုံးတွေက မှေးကျဉ်းစွာပြုရင်း ကျွန်တော့နှလုံးသားထဲ ထိစူးစမ်းနေသယောင်။
ကျွန်တော့ဦးနှောက်ထဲ ရုတ်တရတ်ဝင်လာသည်က Taemin hyung ရဲ့ မျက်နှာ....
အဲ့ဒီအချိန်တုန်းက သူ့အကြည့်တွေ..
ရက်စက်တော့မည်ဟန်ဖြင့် သူ၏ညှို့အားပြင်းမှုသည်..ကျွန်တော်နှင့်တကွ တခြားသောလူသားတို့အားနာကျင်စေခြင်းပင်မဟုတ်ပါလော။
ကျွန်တော် သွေးတွေကိုထပ်မမြင်ချင်တော့ဘူး...Sehun ရဲ့ ရက်စက်တဲ့ပုံတွေကို ကျွန်တော်ကြောက်နေပြီ။....ဟင့်အင်း...Sehun ကိုထပ်ခါထပ်ခါပြစ်မှုကျူးလွန်မည့်သူမျိုးမဖြစ်စေချင်ပါ။
အထူးသဖြင့်...ကျွန်တော့ကြောင့်...
"ဦး..ဦးလေးHan...ကျွန်တော်...ကျွန်တော်ဖုန်းပြန်ဆက်ပါ့မယ်...အခု..အရင်ပြန်နှင့်လိုက်ပါနော်.."
ကျွန်တော့တုန်လှုပ်မှုကို ဦးလေးကတစ်ချက်သာစူးစမ်းရင်း
"Ok လေ...ဒီကမောင်ရင်...ဦးလေးပြန်ပါဦးမယ်။"
"အဟင်း....ကြွပါ...ကြွပါ...နောက်တစ်ခါ..ဘယ်တော့မှမတွေ့တော့မဲ့အဖြစ်မျိုးဆို ပိုကောင်းတာပေါ့နော့..."
ခပ်ငေါ့ငေါ့ဆိုတဲ့ Sehun ရဲ့စကားအဆုံးမှာ ဦးလေးHan ကဘာမှမပြောဘဲ ထွက်ခွာသွားသည်။
ကျွန်တော့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားရာ Sehun လက်တို့သည်ကားပိုမိုတင်းကြပ်လာသည်။
Sehun အသံကပိုမိုအေးစက်လာသည်။
သူ့အတ္တကကျွန်တော့အားနာကျင်စေမယ်မှန်းကျွန်တော်သိပါသည်။
"ဖုန်းပြန်ဆက်မယ်ဆိုတဲ့အကြောင်းကို...မင်းနဲ့ကိုယ်နဲ့ရှင်းကြတာပေါ့ Baekhyun..."
ကျွန်တော်သည်သာ အန္တရာယ်အငွေ့အသက်ကို ရှူရှိုက်ရင်း.....
_______________OWNER________________
*ဝုန်း*
လဲ ပြိုသွားသောစားပွဲခုံ၏ဘေးမှာ ကျွန်တော်ရပ်တန့်နေမိသည်။
ကျွန်တော့နံဘေးတွင်လည်း အကျိုးအပဲ့အပိုင်းအစများကပြန့်ကျဲနေပြီ။
Sehun ကတော့ အခန်းအတွင်းရှိသမျှပစ္စည်းတွေကို ကန်ကျောက်ရိုက်ချိုးရင်းသူ့ဒေါသကို ပြသလိမ့်မည်။
"အဲ့တာဘယ်သူလဲ Baekhyun..."
ကျွန်တော့ပုခုံးကိုကိုင်လှုပ်ရင်း မေးလာသည့်သူ့အား မော့ကြည့်မိသည်။
မျက်ရည်ဝိုင်းသော မျက်ဝန်းများဖြင့်သာ...
မင်းနဲ့ပတ်သတ်လာတိုင်းပျော့ညံ့ရတဲ့ငါ့အဖြစ်ကိုငါမုန်းတယ်...
"..ငါ...ပြောပြီးပြီပဲ...ဖေဖေ့..သူငယ်ချင်းပါဆို..."
"Ha!!မင်းနဲ့ အခုကျမှဘာကိစ္စလဲ...မင်းတို့ချင်းအဆက်အသွယ်ရှိနေတယ်မလား.."
သူ့သံသယမေးခွန်းများကကျွန်တော့အားအဆက်မပြတ်ထိုးနှက်လာသည်။
များမကြာမီပင် ကျွန်တော်ကျရံှုးပါတော့မည်။
"ဟင့်အင်း..."
"ငါသိတယ် Baekhyun...မင်းငါ့ဆီကထွက်ပြေးချင်နေတယ်မလား...Ha!!"
ကျွန်တော့အင်္ကျီကော်လံစကို ခပ်တင်းတင်းဆွဲရင်း Sehun ကပြောသည်။
လည်ပင်းဆီကအစ်ကာ အသက်ရှူရခက်ခဲမှုကခဏအတွင်းပင်စတင်လာလေသည်။
"ဟင့်..အင်း...ငါ..မဟုတ်.."
*ဝုန်း*
သူကျွန်တော့အားတွန်းဖယ်သည့်အခါ အခန်းထောင့်သို့ခွေကနဲလဲ ကျ၏။
"ဘာလဲ....သူကမင်းရဲ့ ..sponsar အသစ်လား.."
ခပ်လှောင်လှောင်ချိုးနှိမ်သည့်စကားအဆုံးမှာ ကျွန်တော်အားကုန်သုံးကာသူ့နာမည်အားအော်မိသည်။
"Oh Sehun!!"
"Hak...အမှန်တွေပြောလို့ထိကုန်ပြီလား...ဟမ်..."
"မင်း....မင်းတကယ်ငါ့သိက္ခာကိုဘယ်အထိစော်ကားနေဦးမှာလဲ...တစ်ချိန်လုံးငါ့ကိုသံသယတွေနဲ့ ပဲ မြင်နေမှာလား.."
"မမြင်စေချင်ရင် မင်းဘယ်သူနဲ့မှမပတ်သတ်နဲ့လေ..."
Baekhyun ကျလာတဲ့မျက်ရည်တွေကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်သည်။
"ငါက လူ Sehun...လူတွေနဲ့ ပတ်သတ်နေရဦးမှာပဲ ..ယောင်္ကျားတစ်ယောက်ကို တွေ့သမျှယောင်္ကျားတွေနဲ့ လိုက်ပေးစားရင်း ငါ့ကိုစော်ကားနေတာတွေတော်တော့...ငါ...ငါမင်းကလွဲ ရင် ...ဘယ်သူ့ကိုမှမမြင်ခဲ့တာမင်းသိရက်နဲ့..."
Sehun ကတဟားဟားအော်ရယ်ရင်း
"hak!အဖေတူသားက စကားပြောတော့ကောင်းသားပဲ...လူမို့လို့လူတွေနဲ့ ပတ်သတ်တယ်...ဟား...မင်းကရိုးရိုးလူမဟုတ်ဘူးလေ...ငါပိုင်တဲ့လူ"
ဟုတ်တယ်။ငါကိုကမင်းပိုင်တဲ့လူဖြစ်ချင်ခဲ့မိတယ်...
"ငါချမှတ်ထားတဲ့စည်းတွေကိုမချိုးဖောက်ပဲ...ငါသတ်မှတ်ပေးထားတဲ့ အဝန်းအဝိုင်းထဲ မှာပဲ နေရင်း ..ငါ့တစ်ယောက်ထဲ ကိုပဲ မျှော်ကြည့်ပေးရမဲ့လူ..."
ငါနေခဲ့တာပဲ...မင်းမွေးထားတဲ့ မင်းရဲ့နောက်လိုက်ခွေးလို မင်းအမိန့်တွေတစ်သွေမတိမ်းလိုက်နာရင်း နေခဲ့တာပဲ...
ငါထိန်းချုပ်ထားသမျှစည်းတွေကိုငါကိုယ်တိုင်ဖြိုဖျတ်ရင်းမင်းစိတ်ကြိုက်ဖြစ်စေခဲ့တာပဲ...
"မင်းမှာဘဝမရှိဘူး Baekhyun...."
"မင်းမှာငါပဲ ရှိရမယ်..."
"အဲ့ဒီလိုဖြစ်တဲ့အထိ ....မင်းဘဝကိုငါဖျတ်ဆီးမှာ..."
Baekhyun ကြောင်အနေမိသည်။
အသံတွေအကုန်လုံးက နားထဲ မှာမပီပြင်စွာရောထွေးနေကြသည်။
သေမိန့်အချခံလိုက်ရသလို...
နတ်ဆိုးတစ်ပါးအားအရှင်လတ်လတ်တွေ့လိုက်ရသလို။
Baekhyun နှုတ်ဖျားတို့ကဘာသံ မှထွက်မလာ။
အသံတိတ်စကားတို့ကိုသာ ထပ်ခါထပ်ခါဆိုနေမိသည်။
ငါ့ဘဝကိုဖျတ်ဆီးချင်တယ်တဲ့လား Sehun...
ငါ့ဘဝဆိုတာရှိသေးလို့လား...
ငါ.့ဘဝတစ်ခုလုံးမင်းကိုပေးထားတာပဲ...ဖြိုချင်ဖြိုဖျတ်ချင်ဖျတ်ပေါ့....
"...အဲ့တာ....မင်း...ငါ့ကို..ချစ်လို့တဲ့လား..."
Baekhyun နောက်ဆုံးမျှော်လင့်ချက်ကို ကိုယ်ကိုတိုင်သာပြန်မေးမိပါသည်။
Baekhyun က သူငါ့ကိုချစ်တယ် ဟူသောစိတ်ဖြင့်သာရှင်သန်နေခဲ့တာ ကိုသူသိသင့်တာပေါ့။
Sehun...သူ့ကြောင့်...
OH SEHUN ကိုချစ်တဲ့စိတ်ကြောင့် သူအရာအားလုံးဖြိုဖျတ်ပေးခဲ့တာ၊အညံ့ခံခဲ့တာ..ရံှုးနိမ့်ခဲ့တာ....မသိလေလျော့သလား။
"ငါက .....မင်းကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး...BYUN BAEKHYUN!!"
Baekhyun,SEHUN မျက်နှာကိုငေးစိုက်ကြည့်နေမိသည်။
အရူးတစ်ယောက်လို....
သေခါနီးလူတစ်ယောက်က နောက်ဆုံးမျှော်လင့်ချက်ကိုရှာဖွေနေသလိုမျိုး...
"...ဟင့်.....အင်း...."
"Ha...ဒါအမှန်တရားပဲ Baekhyun..."
"ငါမင်းကို လုံးဝ...မ..ချစ်...ဘူး.."
"ဟင့်အင်း....တော်...တော်ပါတော့..."
Baekhyunနားနှစ်ဖက်ကိုအုပ်ကာ ထိုင်ချပစ်လိုက်မိသည်။
"ဟင့်အင်း...သူ...ညာ...နေတာပါ...မဟုတ်ပါဘူး...ဟင့်အင်း...ဟင့်အင်း...."
Baekhyun အရူးတစ်ယောက်လို တတွတ်တွတ်ရေရွတ်မိသည်။
Sehun ကမချစ်ဖူးတဲ့လား...
မချစ်ဘဲ....
ဒီအတိုင်းဖေဖေ့ကိုမကျေနပ်လို့ပဲ...ဟင့်အင်း....
Sehun...မင်းကတော့အဲ့ဒီလိုမလုပ်ပါနဲ့။
ကျေးဇူးပြုပြီး...ငါအသက်ရှင်နေရတဲ့ နောက်ဆုံးမျှော်လင့်ချက်လေးကို မင်းကတော့ရိုက်မချိုးပါနဲ့၊
ငါ့မှာ မင်းပဲ ရှိတော့တာပါ။
ကျေးဇူးပြုပြီး.....
"Baekhyun....Baekhyun...မင်းအခုအရူးလိုဖြစ်နေတာကို မင်းအဖေကိုမြင်စေချင်တယ်..."
"မင်းအဖေ...သူလုပ်ခဲ့တဲ့အပြစ်အတွက်သူ့သားလေးခံစားရတယ်ဆိုပြီးနာကျင်စေချင်တယ်....
ငါ့အမေနေရာမှာ....သူ့သားလေးရောက်နေတယ်ဆိုပြီး..."
Sehun အသံတွေကဝေးလာလိုက်နီးလာလိုက်။
Baekhyun မျက်လုံးတွေက ေ၀ဝါးလာသည်။
အသက်ရှူလို့မဝသလို...နှလုံးခုန်သံတွေနှေးလာသလို....
Baekhyun တစ်ကိုယ်လုံးပေါက်ကွဲ ထွက်တော့မလိုခံစားနေရသည်။
Baekhyunဆီကနေ တဖြေးဖြေးဝေးကွာသွားပြီဖြစ်တဲ့ Sehun နောက်ကျောပြင်သည် မျက်ရည်တွေကြောင့်ရယ်လားမသိ မြင်ကွင်းထဲေ၀ဝါးလာသည်။
"S..e..hun.."
Sehun ခြေတံတွေကို Baekhyun ဖက်တွယ်ထားမိသည်။
တရွတ်တိုက်ဒူးထောက်လာရာ အသားအတွင်းသို့နစ်ဝင်လာသည့် အကျိုးအပိုင်းတို့အားလျစ်လျူရှုမိသည်။
အဲ့ဒီဒဏ်ရာတွေက ရင်ထဲ ကဒဏ်ရာလောက်မှမနက်ဘဲ။
နာကျင်စေရာကျော့ကွင်းမှာ အဖန်ဖန်အခါခါသေချင်သူမှာ Baekhyun သာဖြစ်ပါသည်။
"ငါ...မင်း...ကို...အရမ်းချစ်နေမိတယ်..."
သူ့ခြေဖဝါးထက်ပါးအပ်ရင်းဆိုမိသည်။
ဒါငါ့မာနအကုန်ရယ်ပါပဲ Sehun ရယ်...
"ငါကတော့ မင်းကိုလုံးဝမချစ်ဘူး Baekhyun."
Sehun ခြေတံကိုမြဲမြဲဆုပ်ကိုင်ထားရာ Baekhyun လက်တို့ကြမ်းပြင်ထက် ပြုတ်ကျလာသည်။
Baekhyun ကမ္ဘာဟာ အလွန့်အလွန်တိတ်ဆိတ်နေတယ်။
"ဒါပေမဲ့...တစ်သက်လုံးထွက်သွားခွင့်လဲ မပြုဘူး။"
တိတ်ဆိတ်လွန်းတာကြောင့် အပျက်အဆီးသေးသေးလေးကတောင် လှိုင်းအကြီးကြီးဖြစ်ပြီး ကမ္ဘာတစ်ခုလုံး ပြိုပျက်စေနိုင်တယ်။
Sehun ရဲ့နောက်ကျောပြင်ဟာ Baekhyun နဲ့ တစတစဝေးကွာသွားတယ်။
*ဂျိမ်း*
ပိတ်သွားပြီဖြစ်တဲ့ ကျွန်းတံခါးအားBaekhyun ငေးကြည့်နေမိသည်။
အမှန်တရားတစ်ခုအားခါးခါးသီးသီးပင်လက်ခံရတော့မည်ဖြစ်ကြောင်းကို Baekhyun အသိစိတ်ကနားလည်လာသည့်အခါ အသူရာချောက်အနက်သို့အပစ်ချခံခဲ့ရသလို တလှပ်လှပ်တုန်ရင်နေသောရင်ဖြင့် ယူကြုံးမရမှုကခံစားလာရသည်။
နှလုံးသားအားအရှင်လတ်လတ်ခွဲထုတ်၍မီးမြှိက်ခံရသကဲ့သို့ပူလောင်လာသည်။
မသေနိုင်သောညှင်းပမ်းမှုဖြင့် အဆုံးအစမဲ့နာကျင်မှုသည် အချစ်ဖြစ်သည်။
ထိုအချစ်မှ ရုန်းမထွက်နိုင်ခြင်းသည် ကျွန်တော်၏ ညံ့ဖျင်းမှုပေလော။
မည်သို့ပင်ဆိုစေကာမူ သွက်သွက်ခါအောင်ရူးသွပ်စေခြင်းဖြင့် ထိုအချစ်အားစေသော သခင်အားကျွန်တော်ချစ်ပါသည်။
________OWNER_________