Catch My Breath /vkook/

By Judytaeguk4957

1.6K 190 63

No matter how much we love. There is always a time to say goodbye. Taekook fanfic by Judy More

.2.

.1.

1.1K 107 30
By Judytaeguk4957

"အနိုင်ယူမှာလား အရှုံးပေးမှာလား"

"ဦးနှောက်ထဲမှာ ထည့်ထားပါ မင်းတို့နဲ့ တိုက်ရမယ့်သူဟာ ရန်သူပဲ"

"အနိုင်ရပီးရင် သတ်ပစ်လို့ရတယ်"

"ညှာတာနေရင် သေသူက မင်းဖြစ်သွားလိမ့်"

"နိုင်ငံဟာ မင်းတို့ လက်ထဲမှာရှိတယ်"

နန်းတော်ရင်ပြင်၏ အရှေ့ဘက်တွင် ဘုရင်ကြီး၏ အမိန့်မကျသော အမိန့်သံသည် ဟိန်းလျက်။

အရှေ့၌ရှိသော စစ်သည်ရဲမက် မင်းညီမင်းသားများမှာလည်း ခါး၌ချိတ်ထားသော ဓါးအိမ်မှ ဓါးကို တဝက်သာသာ ဆွဲထုတ်ပြီး ပြန်ထည့်သံများကလည်း အမိန့်ကို တသွေမသိမ်းနာခံမည်ဖြစ်ကြောင်း ရည်ညွှန်းလျက်.။

ကျွတ်ကျွတ်ဆူအောင်ပူနေသော နေအပူရှိန်သည် မင်းသားရဲမက်တို့၏ အနိုင်ရယူလို စွမ်းအားကို မကျော်လွန်နိုင်ပါ။ခက်ထန်နေသော မျက်ဝန်းစူးစူးများက အသူရာနေမင်းကြီး ထက်ပင် ပို၍တောက်ပနေမည်ထင်သည်။ချည်နှောင်ထားသော ဆံနွယ်ရှည်ရှည်များကို ဖြတ်သန်း၍ ချွေးများကျနေကြသည်။ခန္ဓာကိုယ်၌ ချည်တွယ်ထားသာ ချပ်ဝတ်တန်ဆာ များက

"ငါတို့သည် နိုင်ငံ၏ အသက်သွေးကြော"

ဟု အော်ဟစ်နေသရောင် ဝန့်ထည်၏။ထိုအုပ်စုသည် ဂျိုဆောင်ပြည်၏ ညာလက်ရုံး ဘယ်လက်ရုံး ဆိုလည်းမမှား။

"ဓါးရေးပြပွဲ စတင်ကျင်းပပြီဖြစ်ကြောင်း အရှင်မင်းအား အစီရင်ခံပါသည်"

ဆံပင်များဖြူနေပြီဖြစ်သော်လည်း သပ်ရပ်စွာပင် စည်းနှောင်ထုံးဖွဲ့ထားသော ကုန်းကုန်းသည် မင်းကြီးအား အရိုသေပေးကာဓါးရေးပြပွဲအကြောင်း အသိပေးသည်။ဘုရင်မင်းမြတ်သည်လည်း သာသာ ပြုံးကာ ခေါင်းငြိမ့်ပြသည်။

"ဂျွန်ဂျုံးဂု ကင်ဂျေး ဓါးရေးပြရန် အရှင့်ရှေ့မှောက်သို့ ခစားစေ"

မြင့်မားသော အရပ်၊ကြံ့ခိုင်သော ခန္ဓာကိုယ်အချိုးအစား၊တည်ကြည်သော မျက်နှာထားများ ရှိသည့် ထိုသူနှစ်ယောက်သည် နန်းတွင်းအမတ်ကြီး တစ်ဦးနှင့် နန်းတွင်းဆေးဆရာ တစ်ဦး၏ သားများဖြစ်ကြသည်။အသက်အရွယ်အားဖြင့် ငယ်ရွယ်သော်လည်း ဉာဏ်ပညာ၊ကိုယ်ခံပညာ၊စဉ်းစားချင့်ချိန်နိုင်စွမ်း အရာအားလုံးသည် အခြားသောမင်းညီ မင်းသားများထက် သာ၏။မြားရေး၊ဓါးရေးကိုလည်း တစ်ဖက်ကမ်းခက် ကျွမ်းကျင်သော ပျိုတိုင်းကြိုက်သည့် နှင်းဆီနှစ်ခိုင်။

နေရောင်အောက်၌ ငွေရောင်တလက်လက်ထနေသော ဓါးနှစ်လက်ကို ယှက်ကာ မျက်ဝန်းချင်းဆုံကာ တပတ်လှည့်နေသည့် ဂျုံးဂုနှင့် ဂျေး။

"နေဦး"

နန်းဆောင်လှေကားမှ ပွဲရှိရာသို့ ဆင်းလာသည့် အိမ်ရှေ့စံ ၏ အသံဖြစ်သည်။ကျွတ်ကျွတ်ဆူသော နေရာင်ခြည်မှာ ရုတ်ခြည်းပင် တိမ်စိုင်များဖြင့်အုံ့မှိုင်းသွား၏။ဆောင်းထားသော ခမောက်သဏ္ဌာန် ဦးထုပ်မှ ပုလဲလုံးများစီထားသော ကြိုးတန်းတို့က ချောမောသော မျက်နှာထက်၌ ယှက်နွယ်နေသည်။ပွဲတော်ကို ခေတ္တရပ်နား စေရန် အလိုငှာ တားဆီးခြင်းသဘောဖြင့် ကာထားသော လက်ဖဝါးနုနုမှာလည်း အနီသွေးလွှမ်း၏။ရွှေရောင်ကွပ်ထားသောအပြာရင့်ရောင် ဝတ်ရုံမှာလည်း နေရောင်မရှိမှ ပို၍ အရောင်တောက်နေသလို ဖြူနုသော အသားအရည်ကို ထင်ဟက် စေသည်။မည်းနက်ဖြောင့်တန်းနေသော မျက်ခုံးတန်းနှစ်ခုနှင့် စေ့ပိတ်နေသော နှုတ်ခမ်းပါးတို့မှာ ခက်ထန်မှုကို စာကပ်ထားသကဲ့သို့ အထင်အရှား။

"အိမ်ရှေ့စံ ကြွရောက်တော်မူလာသည်"

ဝုန်းခနဲ အသံမှာ ပွဲအတွင်းရှိလူများ ဓါးများကို မြေပြင်သို့ထောက်ကာ ရုတ်ခြည်း ဦးညွှတ် အရိုအသေပေးကြသော အသံများဖြစ်သည်။

အိမ်ရှေ့စံ ကင်ထယ်ယောင်း။

သတ်ရဲသလိုသေရဲသည်။အိမ်ရှေ့စံအမည်ခံကာ အစောင့်အရှောက်များကို အားကိုးနေမည့်သူမဟုတ်။တိုင်းပြည်အတွက် နိုင်ငံအတွက် မွေးဖွားလာသူဟု ခံယူထားသူပင်ဖြစ်သည်။တိုင်းပြည်အတွက် နှမ်းတစ်စေ့ ဆီတစ်ပေါက်စာ မျှပင် အမှားမခံ။နောင်တွင် တိုင်းပြည်အတွက် ဘုန်းကြီးလှသော တန်ဖိုးကြီးလှသော ဘုရင်တစ်ပါးဖြစ်လာမည်သူတစ်ဦးပင်။သို့သော်လည်း နန်းကို စိတ်မဝင်စား။ပြည်သူ့တို့၏ ဒုက္ခ ဆင်းရဲကိုသာ ရှာဖွေ ဖြေရှင်းလိုသည်။တိုင်းပြည့်၏မည်သည့် အကြောင်းအရာကိုမှ သေချာမသိပါပဲ ပလ္လင်တွင် ထိုင်နေဖို့ ရှက်ဝံ့သူ။ရှာဖွေ စုဆောင်းသမျှ ပညာအသွယ်သွယ်သည် တိုင်းပြည် အတွက်သာဖြစ်ရပါလို ၏ဟု လက်မောင်းရင်းဖောက် သွေးသောက်သစ္စာ ဆိုထားသည့် အိမ်ရှေ့စံမင်းပင်ဖြစ်သည်။

"ချပ်ဝတ်ကိုချွတ် ဓါးအစစ်ကိုသုံး နိုင်တယ်ဆိုရင် သတ်ပစ်လိုက်လို့ရတယ် စိတ်ထဲမှာထည့်ထားဖို့က မင်းတို့နှစ်ယောက်က ရန်သူပဲ ညှာနေစရာမလိုဘူး စတိုက်တာနဲ့ မင်းတို့ အမုန်းဆုံးအရာကို တွေးထား"

"ဟာ..."

နန်းတော်ပြင်၌ အာမေဍိတ် သံတို့ညံကုန်သည်။

"အရှင်သူတို့က အတော်ဆုံးဓါးသမားနှစ်ဦးပါ သတ်ပစ်ဖို့က အဖက်ဖက်ကို နစ်နာစေပါတယ်"

အမတ်ကြီးတစ်ဦး၏ တောင်းဆိုမှု ခေါင်းစဉ်တပ်သော ကန့်ကွက်ခြင်းကို ခေါင်းတငြိမ့်ငြိမ့်ဖြင့်

"သတ်ပစ်လို့ရတယ်လို့ပြောတာ အကောင်းဆုံးကို အကောင်းဆုံးတွေထဲကပဲ ရှာရတယ် တစ်ခုကိုလိုချင်ရင် တစ်ခုကို ဆုံးရှုံးခံနိုင်ရမယ် စတော့"

ဂျုံးဂုနှင့် ဂျေး ၏ ကိုယ်၌ အောက်ခံအကျႌ အဖြူစ အပါးတစ်ထပ်သာ ကျန်တော့သည်။ဓါးချင်းထိသံများလည်း ညံနေသည်။ချွေးများဖြင့် မောဟိုက်စွာ တိုက်ခိုက်နေသောလည်း အပ်တစ်ပေါက်စာတောင် ထိခိုက်ခြင်းမရှိသေး။ ကြည့်နေသော စစ်သည်များလည်း အံ့သြတကြီးပင်။

အချိန်ကြာလာသည်နှင့်အမျှ အားကုန်လာကြသည်။ကြံ့ခိုင်သော အမျိုးသားနှစ်ဦး ဖြစ်သည့်အလျောက် ခုခံဖို့ တော်ရုံ အားထုတ်ရသည်မဟုတ်။ဓါးရိုးပင်ခိုင်အောင် မကိုင်နိုင်တော့ပါ။

အနည်းငယ်တုန်နေသော ဂျေး၏ လက်ကောက်ဝတ်ကို ဂျုံးဂု ဖြတ်ခနဲ တွေ့လိုက်သည်။ဓါးသွားဖြင့် မဟုတ်ပဲ ဓါးဇောင်းဖြင့် ရိုက်ချလိုက်သဖြင့် လက်ကောက်ဝတ်လန်သွားချိန်၌ ဓါးရိုးဖြင့် ထပ်ရိုက်သည်။ဂျေးလည်း လျင်မြန်လွန်းတဲ့ လှုပ်ရှားမှုကြောင့် သတိပင်ထားလိုက်မိပုံ မပေါ်ပဲ လက်ထဲမှာ ဓါးပြုတ်ကျသွားသည်။ထိုခါမှ ဂျုံးဂု ဓါးသွားကို သုံးကာ ဂျေး၏ ဗိုက်အထက်မှ စ၍ တပတ်လည် ပတ်ကာဓါးဖြင့် ဝိုက်ပြီး အဖြူစကိုသာလျှင် ပြဲစေ၏။ဂျေး၏ အခံအဖြူ အကျႌမှာ ဝမ်းဗိုက်အထက်မှစ၍ ခြေထောက်အောက်သို့ အကွင်းလိုက်ပုံကျသွားသည်။အမျိုးသားတစ်ဦးရှိသင့်သောကြွက်သားများရှိသည့် ဂျေး၏ ယောကျ်ား ပီသလှသည့် ခန္ဓာကိုယ်ကြောင့် အပျိုတော်တို့၏အသံမှာလည်း ဟောခနဲ ထွက်လာသည်။ ထို့နောက် ဓါးကို ဂျေး၏ မျက်နှာ နားမှ ကပ်ဆွဲကာ ဆံပင်ကို ထုံးဖွဲ့ စည်းနှောင်ထားသော အပြာရောင်ချည်စရှည်ကို ဖြတ်ချလိုက်ရာ ဂျေး၏ဆံပင်များ မျက်နှာပေါ်သို့ ကပိုကရို ကျလာသည်။ရှရာတစ်စ၊ဆံမျှင်တစ်မျှင်ပင် မဆုံးရှုံးစေပဲ တစ်ဖက်လူကို အနိုင်ယူ သွားပုံ ဖြစ်သည်။

ဂျေးနှင့် ဂျုံးဂု ဘုရင့်ပလ္လင်ရှေ့တွင် မုဆိုးဒူးထောက်ထိုင်ကာ ဓါးထောက်ထားပြီး အရိုအသေပေးနေကြသည်။

"အခွင့်အရေး ရှိတယ်လေ သတ်ပစ်လို့ရတယ်"

အိမ်ရှေ့စံ၏ ရေပြင်လို တည်ငြိမ်သော အသံဖြစ်သည်။

"မလိုလို့ပါ"

ခေါင်းငုံ့ထားလျက်ပင်ပြောနေသော ဂျုံးဂု၏အသံမှာလည်း လပြည့်တစ်လုံး ကဲ့သို့။

"သူသာ ဂျိုဆောင်ရဲ့ ရန်သူဖြစ်နေမယ်ဆိုရင်ရော"

လေအဝှေ့၌ လှုပ်ခတ်နေသော ဝတ်ရုံပြာပြာမှာလည်း နွေဦး၌ တိုက်ခတ်သောလေပြေကြောင့် စိန်ပန်းပြာများ တလှပ်လှပ် ကြွေကျနေသလို။ဓါးသွားကဲ့သို့ ပြတ်သားသော စကားလုံးများ အစီအရီ ထွက်လာသော နှုတ်ခမ်းပါးမှာလည်း ဆောင်းဦးလေနှင့်အတူ တလွင့်လွင့် ဝဲနေသည့် ချယ်ရီပွင့်ဖတ်များသကဲ့သို့။

"သူဟာ အခုတော့ ဂျိုဆောင်အတွက် အားထားရမဲ့ ဓါးရေးကျွမ်းကျင်သူ တစ်ဦးပါ အရှင်"

"ကောင်းပြီ ညနေ တောကစားသွားမှာ မင်းလိုက်ခဲ့"

"အမိန့်တော်မြတ်အတိုင်းပါ"

ချာကနဲ လှည့်ထွက်သွားသော အိမ်ရှေ့စံ။ခေါင်းဆောင်း၌ တွဲခိုထားသော ပုလဲတန်းလေးများမှာ ဝှေ့ယမ်းလျက်ပင်။

အရမ်းလှတယ်အရှင်။အရမ်းကြီး မခက်ထန်ချင်ပါနဲ့ အရှင်။အရှင့်ရဲ့အလှနဲ့ မလိုက်ဖက်ဘူး။

"ဂျေး အဆင်ပြေလား"

ဂျေး၏ ဂျိုင်းအောက်မှ သာသာ မထူကာ ဂျုံးဂု စိုးရိမ်တကြီးပင် မေးမိသည်။ဂျေးကတော့ ဂျုံးဂု ၏ တခေါက်ကွေး ကို ခပ်နာနာ ကန်ပြီး

တိုင်ပင်ထားခြင်းမရှိသေ သူငယ်ချင်းနှစ်ယောက်၏ ရယ်သံမှာ နန်းတော်ရင်ပြင်တွင် ပျံ့နှံ့ လျက်ရှိသည်။
__________________________
အိမ်ရှေ့စံဝတ်စုံကြီးဖြင့် အချိန်ပြည့် တွေ့နေရသော အရှင်မှာ ယခုအခါတွင်မူ သာမာန်အရပ်သားအကျႌဖြင့် အလွန်မတရာ ကြည့်ကောင်းနေသည်။အမြဲတမ်း ထုံးဖွဲ့ထားလေ့ရှိသော ဆံနွယ်များကို ချထားပြီး နဖူးစည်း အပြာနုရောင်ကို စည်းထားသည်။နဖူးပေါ်၌ ကျနေသော ဆံနွယ်များကြောင့် သာ၍ပင် နုပျိုနေသယောင်။အုန်းခွံရောင်မြင်းပေါ်၌ မြားလွယ်ထားသော အရှင်မှာ စီးကျနေသော ရေတံခွန်ပြာပြာ၊သစ်ပင်၌ ကပ်တွယ်နေသော သစ်ခွပန်းပေါင်းစုံ၊ချိုခက်များဖြင့် လှပနေသော သမင်၊ဖြာကျနေသော အမြီးပြာများဖြင့် တင့်တယ်နေသော ဒေါင်း တို့ထက်ပင် လှနေသည်။

သို့သော်...

အချိန်တိုင်းပင် စူးရဲတောက်ပနေသော မျက်ဝန်းတို့မှာ လှပပျိုရွယ်မှုနှင့် မလိုက်ဖက်။

အရှင်..အရှင့် လက်ဖဝါးနုနုသည် ဓါးမကိုင်အပ်။
ခြေဖဝါးနုနုသည် စစ်မြေပြင်သို့ မနင်းအပ်။အရည်ပြာလဲ့သော မျက်ဝန်းတို့အား စူးရဲတောက်ပသွင် မပြောင်းအပ်။နုပျိုသော မျက်နှာသွင်ပြင်အား ရင့်ကျက်ဟန် မပြုအပ်။

မြင်းပေါ်မှ လွှားခနဲ ခုန်အဆင်း ဝေ့ဝဲသွားသော ပိတုန်းရောင်ကေသာနှင့် နဖူးစည်းအပြာနုနု အား နှလုံး၌ မှတ်သား၏။ အရှင် အရမ်းလှတယ် အရှင်။

လျှောက်လာတာကြာပြီဖြစ်သောလည်း တောလမ်းတစ်လျှောက် မည်သည့် မည်သည့်ကိုမှမတွေ့ရသေး။မြားကြိုးကိုတင်းနေအောင်ဆွဲကာ မြားဦးကို အောက်စိုက်ထားရသည်။တင်းနေအောင် ဆွဲထားရသော လက်မှာလည်း အတော်ညောင်းနေပြီ ဖြစ်သည်။ကျီးကန်းတောင်းမှောက် ရှာသော်ညားလည်း အရိပ်ပင်မတွေ့ရ။မျက်စိများလည်း ညောင်းချင်ချင်၊ခြေထောက်မှာလည်း ပန်းချင်ချင်ဖြစ်လာသည်။သို့သော် သတိလွတ်လို့မဖြစ် အန္တရာယ်သည် မြင်ရသည့်အရာမဟုတ်ပါ။ မိမိ တစ်ဦးထဲဆိုလျှင် ကိစ္စမရှိသော်ညားလည်း ယခုမှာ အရှင်လည်းပါသည်။အစောင့်နှစ်ဦး၌ တစ်ဦးမှာ မြင်းများအား စောင့်ကြည့်ရန် ကျန်ခဲ့ပီး ပါလာသော တစ်ဦးမှာလည်းတော်တော့ ကို အားကိုးရသည်။ဘယ်မှာ ပြတ်ကျန်ခဲ့လို့ ကျန်ခဲ့မှန်းမသိ။

ဟိုကြည့် ဒီကြည့် လုပ်ရင်းပင် အိမ်ရှေ့စံနှင့် ဂျုံးဂု တို့ မျက်နှာချင်းဆိုင်ဖြစ်သွားသည်။အရှင့်အနောက် ဝါးနှစ်လန်ခန့် အကွာ၌ ခြုံပုတ်ထဲမှ လက်ခနဲ ဖြစ်သွားသည်ကို ဂျုံးဂုတွေ့လိုက်ရသည်။ရေစက်ဟု ခပ်ပေါ့ပေါ့တွေးမိလိုက်သော်လည်း နောက်တစ်ကြိမ်ပြန်ကြည့်ရာ၌ အနီရောင်ဖြစ်နေသည်။ထို့ကြောင့် ဂျုံးဂု သတိကြီးစွာ ကပ်ကာ မြားကြိုးကို ပို၍တင်းအောင် ဆွဲပြီး ခြုံပုတ်သို့ ချိန်ရွယ်လိုက်သည်။အရှင့် အနောက်တည့်တည့်တွင် ဖြစ်သောကြောင့် မြားဦးမှာ အရှင့်နားရွက်ကြားသို့ ရောက်နေသည်။အကွားအဝေး အတန်သင့်ရှိသောကြောင့် ရုတ်တရက်ကြည့်လျှင် အရှင့်ကို မြားဖြင့် ချိန်ထားသလိုလို။

"မင်း...!!"

ခပ်ကြိတ်ကြိတ်ထွက်လာသော အရှင့်အသံကို ကျွန်ပ်ဖတ်တတ်ပါသည်။အရောင်ပြောင်းသွားသော မျက်ဝန်းလှလှမှ သစ္စာဖောက်ခံပြီဆိုသော အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပါအရှင်။စိတ်ချပါအရှင် အရှင့်ကို နာကျင်စေသူမှာ ကျွန်တော်မျိုးဖြစ်ဖို့မဆိုထားနှင့် ဘုရင်မင်းမြတ်ဖြစ်နေရင်တောင် အသက်နှင့်မထားပါဘူးအရှင်။

အရှိန်ပြင်းပြင်းလွတ်ထွက်သွားသော မြားဦးသည် အရှင့်နဖူးစည်းပြာနုနု ကို ရှပ်တိုက်ကာ ခြုံပုတ်အတွင်းသို့ ဝင်သွားသည်။
အရှင့်နဖူးစည်းမှာ မြားဦးကြောင့် ပြတ်ကျ၏။ဆံနွယ်များလည်း မျက်နှာပေါ်၌ ရှက်သန်းလျက်။
ခြုံပုတ်ထဲမှ ဝူးဝူးဝါးဝါး အော်သံကြီးမှာလည်း တိတ်သွားသည်။

"တယ်..ငါကိုယ်တော် ဣနြေ္ဒ ပျက်အောင်"

"စိုးရွံ့မိကြောင်းပါ"

အရှင့်ဓါးအိမ်မှ ထွက်သောငွေရောင်ဓါးသွားသည် ကျွန်ုပ် လက်မောင်းမှသွေးသောက်၏။

"နောက်တစ်ခါဆို ခေါင်းဖြတ်သတ်မယ်"

"ဟာ ဝက်ဝံ အမည်းကြီး အကြီးကြီးပဲ"

ဘယ်ချိန်မှရောက်လာမှန်းမသိသော အစောင့်က ခြုံပုတ်ထဲမှ ဝက်ဝံသေကို ဆွဲထုတ်ကာ အော်နေသည်။

နဖူးစည်းမပါတော့တဲ့ အရှင့်ဆံနွယ်တွေက အရမ်းလှတယ်။လက်မောင်းက ရှရာက မနာပါဘူး အရှင်။တစ်ခါလောက်ဖြစ်ဖြစ် ကျွန်ုပ်ရဲ့ မေတ္တာ နဲ့စေတနာတွေကို မြင်အောင်ကြည့်ပေးပါ။
သေရမယ် ဆိုရင်တောင် အရှင့်အမိန့်အတိုင်းပါ အရှင်။ဆုံမှတ်မရှိကြောင်းတွေးပြီး လွမ်းမောစွာ အသက်ရှင်နေရမယ့် အစား...
အရှင့်အလိုကျ ရှင်သန်နေထိုင်ပါ့မယ်...

14.9.2018
Thank you💜

Continue Reading

You'll Also Like

55.8K 7.5K 21
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
16.8K 415 46
Dying at the age of 16 might seem harsh to others but that wasn't the case for her. Rather she was happy that it was the end of a miserable life. So...
Erica By Sam

Historical Fiction

2.8M 156K 88
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...
A Secret Ambition By Laura

Historical Fiction

118K 10.7K 32
Before giving herself over the the inevitable marriage mart that is the London Season, Lily Beresford is determined to make a clandestine foray out i...