|| CEO & ME || 《COMPLETED》

By Sariomine

348K 30.5K 2.5K

CHANBAEK FAN FICTION [ UNICODE + ZAWGYI ] More

C&M.01
C&M.02
C&M.03
C&M.05
C&M.06
C&M.07
C&M.08
C&M.09
C&M.10
C&M.11
C&M.12
C&M.13
C&M.14
C&M.15
C&M.16
C&M.17
C&M.18
C&M.19
C&M.20
C&M.21
C&M.22
C&M.23
C&M.24
C&M.25
C&M.26
C&M.27
C&M.28
C&M.29
C&M.30
C&M.31
C&M.32

C&M.04

12.1K 1.1K 19
By Sariomine

" C .. CEO ! ! ! "

" အဲ့ဒါဘာဖြစ်နေတာလဲ ? "

- မေမေရေ !!  .... မေမေ့သားလေး
bobohuလေးတော့ မိုးကြိုးပွတ်တာပဲ -

- သွားပြီ ... အခုမှ တကယ်ကိုသွားတာ  -

- ခုနက သူ့ကို ပျစ်ပျစ်နှစ်နှစ် မေတ္တာတွေ
ပို့နေတဲ့စကားတွေများ ကြားသွားပြီလား
မသိ  -

- လုပ်ပြထားတဲ့ မျက်နှာကြီးကလည်း
ဆူပုတ်နေလိုက်တာ ကြောက်စရာကြီး  -

Chanyeol သူမေးသော်လည်း ပြန်မဖြေ ။

သူ့ကိုသာမျက်လုံးပြူးပြီး ကြောင်ကြည့်နေ
သော Baekhyunဆီသို့ ခြေလှမ်းကျဲကျဲတို့
ဖြင့် လှမ်းသွားခဲ့သည် ။

ထိုအခါ Baekhyunသည် သူ့အရှေ့သို့ခြေလှမ်း
တစ်လှမ်းတိုးလာတိုင်း နှုတ်မှ တဟင့်ဟင့်ရှိူက်
လျက်အနောက်သို့ပင် ခြေလှမ်းတစ်လှမ်းဆုတ်
ဆုတ်သွားခဲ့သည် ။

" Byun Baekhyun မင်းဘာဖြစ်နေတာလဲ ? "

- ဘာဖြစ်ရမှာလဲ -

- ခင်ဗျားကြီး သောက်ကျင့်ယုတ်လို့ ကြေကွဲ
ဝမ်းနည်းနေတာလေ -

- မမြင်ဘူးလား -

" အဟင့် .. ဟင့် "

မေးသော်လည်း ပြန်မဖြေ ။ ရှိူက်မြဲသာရှိူက်နေ
သည့် Baekhyunဆီသို့ သူခြေလှမ်း တိုးသွား
လေလေ အနောက်သို့ ​ခြေလှမ်းဆုတ်ဆုတ်သွား
သောBaekhyunကြောင့် Chanyeol၏ထွက်မ
လာသေးသောဒေါသတို့မှာ ရုတ်ချည်းဆိုသလို
ပင် ထောင်းခနဲ ပွင့်ထွက်လာခဲ့၏ ။

" Byun Baekhyun !!! မင်း အဲ့ဒီမှာ
ခြေတစ်လှမ်းမှမရွေ့ဘဲ ငြိမ်ငြိမ်ရပ်နေ ! ! "

အမိန့်လို့ မဆိုနိုင်ပေမယ့် ။ အမိန့်နှင့် တူသော
စကားသံ ။ အင့်ခနဲ နှုတ်မှ အသံထွက်လျက်
ရောက်ရှိသွားခဲ့သော ရင်ခွင်ကျယ်ကြီး ။

ဇီးကွက်တောင် အဖေခေါ်ရအောင် ပြူးကျယ်
နေရသော မျက်ဝန်းတစ်စုံ ။

ရင်ဘတ်ထဲတွင် ကုလားဘုရားဝင်လှည့်နေ
သလို တဒုတ်ဒုတ်နဲ့ ကျယ်လောင်စွာ ခုန်နေ
သော အရာ ။

နွေးလှတဲ့ Chanyeolရဲ့ရင်ခွင်ထဲက Baekhyun
တစ်ယောက် ပြန်မထွက်ချင်လောက်သည်အထိ
အမြဲ ထာဝရ တစ်သက်လုံးနေလိုချင်မိသည် ။

" ဘာလို့ငိုနေတာလဲ ?"

သူ့လည်တိုင်သို့ လာရောက်ထိတွေ့သော
Chanyeolရဲ့ထွက်သက်လေနွေးနွေးလေး ။

ကြားလိုက်ရသောတိုးညှင်းလှတဲ့သြရှရှအသံ
ကလေးကြောင့် သူ့ ရင်ဘတ်ထဲဝယ် ကုလား
ဘုရားဝင်လှည့်နေရုံမကလို့ ။ အိမ်က အငယ်
ကောင်တစ်ယောက် ပေါက်စီ မစားရလို့ အိမ်
ပေါ်တွင်နတ်ပူးသလိုခြေစုံခုန်ပေါက်ပြီး သောင်း
ကျန်းတတ်သည့် ပုံစံအတိုင်း ။ တဒုတ်ဒုတ်နဲ့
ပင်ခုန်ပေါက်လို့နေလေသည် ။

" Byun Baekhyun "

မေးနေသော ပြန်မဖြေ ။ ခေါ်သော်လည်းမထူး ။
Chanyeolရင်ခွင်ထက် ပါးလေးအပ်လျက် တ
ဒုတ်ဒုတ်နဲ့ခုန်နေသော သူ့ရင်ဘတ်ကို လက်က
လေး တစ်စုံဖြင့်ဖိရင်း မျက်လုံးလေးပြူး၍
ကျောက်ရုပ်တစ်ရုပ်အလား ကြောင်အနေသော
Baekhyunတစ်ယောက် ။

အလွန်နွေးထွေးလှသည့် Chanyeol၏ ရင်ခွင်
ထဲသို့ ခေါင်းလေးဖြင့်အတင်းတိုးဝှေ့ပြီး မျက်
နှာကြီးပြုံးဖြီးလျက် သာယာနေမိရင်းအရှေ့က
သူငိုခဲ့သောအကြောင်းအရာတို့အား တဖန် ပြန်
တွေးမိပြီး Chanyeol ရင်ခွင်ထဲ၌ဝယ် နောက်
တစ်ကြိမ်ထပ်မံ၍အငိုခန်းဖွင့်မိပြန်သည် ။

" အဟင့် .. ဟင့် .. အဟင့် ... ရွှတ် .. "

Chanyeolရင်ခွင်ထဲတွင် ငိုနေရင်း တစ်စတစ်စ
နှင့်ထွက်လာသောနှပ်တို့အား Baekhyun လက်
ဖြင့်ညစ်ပြီး Chanyeol အပေါ်အင်္ကျီသို့ပင်သုတ်
ချပစ်လိုက်သည် ။

" ဟာ ... Byun Baekhyun ! ကျစ် ! .. မင်းကွာ !
သွားပါပြီ .. ငါ့အပေါ်အင်္ကျီတစ်ထည်လုံး မင်းရဲ့
နှပ်တွေကြောင့်ရစရာမရှိတော့ဘူး !!! "

Chanyeol သူ့ရင်ခွင်ထဲမှ Baekhyun ကိုယ်
လုံးလေးကိုပြန်ဆွဲထုတ်ပြီး စုပ်တစ်ချက်သပ်
လျက် သူ့အပေါ်အင်္ကျီကို ငုံ့ကြည့်ရင်းဆူငေါက်
လိုက်သည် ။

ထိုအခါ...

" အဟင့် .. ဒါလေးများ ပြန်လျှော်ပြီး
ဝတ်လိုက်ပေါ့ အဖိုးကြီးရဲ့!! "

ငိုသံကြီးနဲ့ အော်ပြောပြီး သူ့အရှေ့က ပြေး
ထွက်သွားသော Baekhyun၏ ကျောပြင်
လေးကိုကြည့်ပြီး အနောက်တွင် ခေါင်းတ
ရမ်းရမ်းနှင့် ပြုံးရယ်ကာ ကျန်ရစ်နေခဲ့ရသူ
မှာ Park Chanyeol တစ်ယောက်ရယ်သာ ။

- အဟက် .. ဒီကလေးနဲ့တော့ ခက်တယ် -


____________________________________




" ရား ! Byun Baek .. ဒီမှာ တစ်ယောက်တည်း
ထိုင်ပြီး ဘာတွေတွေးနေတာလဲ ? "

ထမင်းစားပြီးလို့ ရုံးခန်းအပြင်ဘက်က ဝရံတာ
တွင်ရှိသည့်စားပွဲဝိုင်းလေး၌ထိုင်နေသော Baek
hyun ။

သူ့နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ခုံ၌လာဝင်
ထိုင်သည့် Luhanနှင့် KyungSooတို့၏ အမေး
အား မကြားနိုင် ။

မုတ်ဆိတ်မွေးမရှိသည့် မေးစေ့ကိုသာလက်ဖြင့်
ပွတ်ပြီး အတွေးကမ္ဘာထဲတွင် တစ်ယောက်တည်း
ချာချာလည်လည်လို့ကောင်းနေလေသည် ။

အရှေ့တွင်ချထားသော သစ်သီးပန်းကန်ထဲမှာ
စတော်ဘယ်ရီးသီးကိုခရင်းဇွန်းဖြင့်ထိုးစိုက်ပြီး
ပါးစပ်ထဲသို့ ထည့်ကာ ဇိမ်ပြေနပြေဖြင့်သာ ဝါး
စားရင်း တစ်ယောက်တည်း တွေးတောနေသည့်
Baekhyunကို KyungSooနဲ့Luhanတို့နှစ်ယောက်
စိုက်ကြည့်ပြီး တစ်ယောက် မျက်နှာတစ်ယောက်
ပြန်ကြည့်ကာ မျက်ခုံးပင့်ပြမိသည် ။

" ဟျောင့် Byun Baek .. ဘာဖြစ်နေတာလဲ ! "

" ဘာလဲ .. ပြိုင်ပွဲမှာ လိုချင်တဲ့ ပထမနေရာ
မရဘဲ ဒုတိယနေရာ ရသွားလို့ ကြောင်သွား
တာလား ? "

ထပ်မံမေးလိုက်သောLuhanနဲ့Kyung Sooတို့
၏ အမေးစကားအဆုံး Baekhyun သူ့ပါးစပ်
ထဲသို့ စတော်ဘယ်ရီသီးထပ်သွတ်ပြီးဖြေးဖြေး
ချင်း ဝါးလျက် ...

" ငါ ဘယ်လိုပဲစဉ်းစား စဉ်းစား အဖြေကို
ထွက်မလာဘူး "

" အဖြေ! .. ဘာအတွက် အဖြေလဲ ? "

ကော်ဖီတစ်ငုံ့သောက်ပြီး Luhan အနောက်မှ
စကားပြန်ထောက်ပေးလိုက်တော့ ...

" ဒီထဲကကွာ ... ဒုတ်ဒုတ် .. ဒုတ်ဒုတ်နဲ့ ခုန်နေ
တယ် .. အဲ့ဒီလိုခုန်နေတာကဘာလို့ခုန်နေတာ
လဲဆိုတဲ့ အကြောင်းကိုငါမသိဘူး .. အဲ့ဒီမသိ
ဘူးဆိုတဲ့အတွေးအတွက်ထွက်လာမယ့်အဖြေ
ကို ငါ စတော်ဘယ်ရီသီး ထိုင်စားပြီး စဉ်းစား
နေတာ စတော်ဘယ်ရီသီး နှစ်ဖာသာ ကုန်သွား
တယ် ... ငါသိချင်တဲ့အဖြေက ထွက်မလာဘူး
ဖြစ်နေတယ် "

Baekhyun စကားဆုံးသည်နှင့် Luhanနဲ့
KyungSooတို့မှာ တစ်ယောက် မျက်နှာ
တစ်ယောက်ကြည့်ပြီးသဘောကျကာပြုံး
မိသည် ။

" အဲ့ဒီအဖြေကို ငါသိတယ် "

ပြောလိုက်သော Kyung Soo စကားသံအဆုံး
Baekhyunတစ်ယောက်တောက်ပရွန်းလဲ့သော
မျက်ဝန်းတစ်စုံဖြင့် သူလိုချင်နေသောဂိမ်းစက်
ကို ကြည့်သောအကြည့်မျိုးဖြင့် KyungSooကို
ပြန်စိုက်ကြည့်လျက် ...

" မင်းသိတယ် .. သိတယ်ဟုတ်လား ?
KyungSoo "

" အင်း သိတယ် .. ငါ့အပြင်မကဘူး .. Luhanပါ
သိတယ် .. ဟုတ်တယ်မလား ? Luhan "

" Yes .. သိပါ့ .. သိတာမှ သိ,သိနဲ့တောင်
မြည်နေသေးတယ် "

" အဲ့ .. အဲ့ဒါဆို .. ငါ .. ငါ့ကို ပြောပြပါလား
ဟင် ! .. ဘာလို့လဲ ! .. ဘာလို့ ခုန်နေတာလဲ !
နှလုံးရောဂါလား ? နှလုံးအားနည်းတာလား ?
ဒါမှမဟုတ်အမောဖောက်တာလား ? အသက်
မရှုမဝတာလား ? .. ဘာလဲ ! .. ဘာရောဂါလဲ
ဟင် ! ဟင်လို့ ! .. ငါ့ရင်ဘတ်ထဲက တဒုတ်
ဒုတ်နဲ့ ခုန်နေတာက ဘာရောဂါလဲလို့ ? "

" No .. No ..  မင်းအခုဖြစ်နေတာက .. မင်း
အရှေ့က ပြောပြသွားတဲ့ ရောဂါတွေထဲက
တစ်ခုမှ မဟုတ်ဘူး "

လက်ညှိုးလေးကို ဘယ်ညာရမ်းပြပြီး
ဆရာကြီးဆိုဒ် ဖမ်းကာ Kyung Soo
ပြောလိုက်တော့ ...

' ဟမ် 'ဆိုတဲ့ အာမေဋိတ်ကို နှုတ်မှ ရွတ်ဆိုပြီး
အောက်မေးရိုး ကျနေသလိုပုံဖြင့် ပါးစပ်လေး
ဟသွားခဲ့သည် ။

" မင်း အခုဖြစ်နေတဲ့ရောဂါက ဆေးသောက်
လို့လည်းမရဘူး ဆရာဝန်ပြလို့လည်းမရဘူး "

ကြားထဲမှဝင်ပြီး ဆေးထပ်ထိုးလိုက်သော
Luhan ။

" ဟင် ! အဲ့ဒါဆို ငါဖြစ်နေတဲ့ရောဂါက ကုစရာ
ဆေးမရှိတဲ့ရောဂါပေါ့ ? .. အဟင့် .. အိုးး မေမေ
ရေ မေမေ့သားလေး ငယ်ငယ်ရွယ်ရွယ်လေးနဲ့
မိန်းမ မရဘဲ သေရတော့မယ်တဲ့ဗျ အဟင့် .. ဟင့်
ရွှတ် "

" ဟ ! .. ဟ ! .. Byun Baek မင်းဘာလို့ထငို
နေတာလဲ ! ဟာကွာ ... Luhan မင်းကလည်း
စကားကို ဇိမ်ပြေနပြေလုပ်ပြီးပြောမနေနဲ့ ...
ဟိုမှာ မင်းပထွေးက ငိုကြီးချမလုပ်နေပြီကွ ! ! "

" ရွှတ် .. အဟင့် .. ဟင့် .. Do Kyung Soo ..
ငါ့ကို Luhanပထွေးလို့မပြောနဲ့ .. ငါ သူ့အမေ
အိုကြီးကိုမယူနိုင်ဘူး .. ငါယူမှာက မိန်းမ ဟင့်
ငယ်ငယ်ချောချောလေးကို ဟင့် ယူမှာ  "

Baekhyunငိုသံကြီးနဲ့ ပြောလိုက်တော့ Luhan
မှာ မျက်မှောင်ကြုပ်သွားခဲ့ပြီး...

" ဒီမယ် Byun Baek .. မင်းယူချင်ရင်တောင်
ငါက ငါ့မားမားနဲ့ မင်းကို သဘောမတူနိုင်ပါ
ဘူးနော် ဟွန့် "

" မင်းသဘောမတူမှ မဟုတ်ဘူး .. မင်းအမေကို
ပုံသွင်းပြီး Discount ချပေးရင်တောင် မပြောနဲ့
အလကားပေးရင်တောင်မယူနိုင်ဘူးကွ ! "

" ဘယ်သူကလည်း မင်းကိုပေးမယ်လို့
ပြောလို့လဲ ! "

" ဘယ်သူကလည်း ယူမယ်လို့ ပြောလဲ !! "

" ယူလည်းမပေးဘူးကွ .. မပေးဘူး ! ! ! "

" ပေးလည်းမယူဘူးကွ .. လုံးဝမယူဘူး ! ! ! ! "

ထိုကဲ့သို့ ' ဘူး ' တစ်လုံးပဲ နှုတ်မှထွက်ပြီးရန်
ဖြစ်နေကြပြန်သည့်Luhanနှင့် Baekhyunတို့
နှစ်ယောက်အား အလယ်တွင်ထိုင်ပြီးကြည့်နေ
ရတာ ခေါင်းရော မျက်စိရောပါ နောက်ပြီး နား
တွေပါ ငြီးလာသည့်အတွက် Kyung Sooစိတ်
တိုတိုနဲ့စားပွဲခုံကိုထုပြီးမတ်တပ်ထရပ်လိုက်သည် ။

ဒုန်း !!!!!

" ကဲ .. တော်ကြစမ်း ! ... ထောင်တန်တဲ့ စကား
ရယ်ပေါတယ် .. Luhan ငါလည်း မင်းမားမား
ကို ဘယ်သူနဲ့မှ မပေးစားတော့ဘူး ရ​ပြီလား !
Baekhyun မင်းကိုလည်း ငါဘယ်သူ့ကိုမှမယူ
ခိုင်းတော့ဘူး ဟုတ်ပြီလား ? "

တစ်စတစ်စနဲ့ အရှိန်မြင့်မြင့်လာသောရန်ပွဲအား
ကြားထဲမှ ဝင်ဖြန့်ဖြူးပေးသော သူ့အားပြိုင်တူ
ခေါင်းပြန်ငြိမ့်ပြသောLuhanနဲ့ Baekhyunတို့ကို
ကြည့်ပြီး Kyung Soo ပါးစပ်မှလေပူ တစ်ချက်
မှုတ်ထုတ်လိုက်ပြီး သူခုံ၌သူပြန်ထိုင်လိုက်သည် ။

" အဲ့ဒါဆို ခုနစကားကို ပြန်ဆက်မယ် .. Ok
Baekhyun ငိုနေတာ တိတ်တော့ .. မင်းဖြစ်
နေတဲ့ ရောဂါက သေနိုင်လောက်တဲ့ ရောဂါ
မဟုတ်ဘူး .. ငိုမနေနဲ့ .. တိတ် "

အရောင်တလဲ့လဲ့ဖြစ်သော မျက်ဝန်းလေးတွေနဲ့
ပီတိဖြာနေသော မျက်နှာလေးဖြင့် Kyung Soo
ကို ပြန်ကြည့်လာကာ...

" တ - တကယ် ? "

" အင်း .. တကယ် .. အဲ့ဒီရောဂါက သောက်
ဆေးမရှိဘူး ဒါပေမဲ့ .. ကုသလို့ရတဲ့နည်းက
တစ်နည်းပဲရှိတယ် "

" တစ်နည်းပဲရှိတယ် ! .. ဘာနည်းလဲ ? "

" မင်းချစ်သူထားရမယ့်နည်း "

" အမ် ! "

မထင်မှတ်ထားသော Kyung Sooစကားကြောင့်
Baekhyunမျက်နှာကြ်ိး သိသိသာသာ ရှုံ့မဲ့သွား
ခဲ့သည် ။

" ဘာကြီး ? .. ချစ်သူ ! "

အမေးသဘောဆောင် သူ့စကားအဆုံး Luhan
နှင့် KyungSooတို့နှစ်ဦးမှာ ' ဟုတ်တယ် ' ဆို
သော မျက်နှာပေးနှင့် ပြိုင်တူခေါင်းညိတ်ပြလာ
၏ ။

" အဲ့ .. အဲ့ဒါဆို .. ငါအခုဖြစ်နေတဲ့ ရောဂါက .... "

" အချစ်နာကျနေတာ .. အချစ်ရောဂါ .. ဂုဏ်ယူ
ပါတယ် Baekhyun မင်းချစ်တတ်သွားပြီ ဟီးး "

ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြီး ပြန်မေးနေသော
Baekhyunအား Luhan သွားတိုက်ဆေး ရောင်း
ကာ ဝင်ဖြေပေးလိုက်သည် ။

" အာ ! "

" မင်း တစ်ယောက်ယောက်ကို ချစ်မိသွားတယ်
ဆိုတာ ကျိန်းသေတယ် Baekhyun "

အမှန်တွေပြောကြားသွားသော Kyung Soo၏
စကားအား Luhanမှာ အနောက်မှ ခေါင်းလေး
တညိတ်ညိတ်ဖြင့် အပြည့်အဝထောက်ခံပေး၏ ။

- ချစ်တတ်သွားပြီ ! -

- ကျွန်တော်က ! -

- မဖြစ်နိုင်တာ ! -

- ကျွန်တော့်လို ငယ်ငယ်ချောချော Bobohuလေးက
ဟိုသက်ကြားအိုကြီးကို ချစ် .. ချစ် မိ သွား တယ် !? -



____________________________________





- မဖြစ်နိုင်ဘူး -

- ဒါ လုံးဝ .. လုံးဝကို မဖြစ်နိုင်ဘူး -

Baekhyun သူ့အရှေ့တွင် စာရင်းဖိုင်တို့အား
စစ်ပြီးလက်မှတ်ထိုးပေးနေသော Chanyeol
ကို စိုက်ကြည့်ရင်း ခေါင်း ဘယ်ညာခါရမ်းမိ
သည် ။

ဘယ့်နှယ် .. ချစ်ခြင်းချစ် ... ဒီအဖိုးကြီးကိုတော့
သူမချစ်ချင်ပါဘူး ။

သူတို့ကုမ္ပဏီမှာ အချောဆုံးဖြစ်တဲ့ ဒီဇိုင်းဌာနက
သူ့ရဲ့Wu Yi Fan Fanလေးကိုပဲသွားချစ်လိုက်မှာ
ပေါ့လို့ ။

ညို့ချက်ပြင်းတဲ့ မျက်ဝန်းတစ်စုံ ။

နှလုံးသားကို အရည်ပျော်ကျသွားအောင်
ဆွဲဆောင်နိုင်လွန်းတဲ့အပြုံးတွေ ။

Cool guyလို့ နာမည်ပြောင် ပေးရလောက်တဲ့
အထိ အနေအေးလွန်းပြီး ။

အားကျစရာကောင်းတဲ့ six packsတွေရယ် ။

မြင့်မားလွန်းတဲ့ အရပ်အမောင်းလေး ။

အိစ် .. တွေးရင်းနဲ့တောင် သူ့အသည်းတွေက
ယားလာလိုက်တာဆိုတာ .. ကလိကလိနဲ့ကို ။

" ခစ်ခစ် "

Chanyeol သူ့အရှေ့တွင် စာရင်းဖိုင်တွဲတို့ကို
လက်တစ်ဖက်ဖြင့်ရင်ဝယ်ပိုက်ပြီးကျန်လက်
တစ်ဖက်မှ လက်မကို ပါးစပ်ထဲထည့်ပြီး ချို
လိမ်စို့နေသည့် ပုံစံနှင့် မှေးနေသော မျက်ဝန်း
လေးတစ်စုံအားစုံမှိတ်သွားသည်အထိ တခစ်
ခစ် ရယ်ကာ အူမြူး ရွပိုးထိုးနေသော Baek
hyunကို မျက်မှောင်ကြုပ်ကြည့်မိသည် ။

ဘယ်လိုဟာလေးပါလိမ့် ! ။

မနက်တုန်းပ ငိုနေတာ သူမဟုတ်တဲ့အတိုင်း ။

အခုကျပြန်တော့လည်း တခစ်ခစ်နဲ့ ပြုံးရယ်ပြီး
ရွပိုးထိုးတွေ ထိုးပြနေလိုက်တာ ။

စိတ်မနှံတဲ့ အရူးလေးလိုပဲ ။

" ရော့ "

စစ်ဆေးစရာရှိတာစစ်ဆေးပြီး လက်မှတ်ထိုး
ပေးပြီးသည်နှင့် Chanyeol ဖိုင်တွဲတို့ကို Baek
hyunထံသို့ ပြန်ကမ်းပေးလိုက်သည် ။

သို့သော်လည်း သကောင့်သားမှာတော့ သူ့အား
တစ်ချက်တောင်အရေးမလုပ် အတွေးကမ္ဘာထဲ
ရုန်းမထွက်နိုင် ။ စိတ်ကူးတွေယဉ်လို့ ကောင်း
နေဆဲ ။

" BYUN BAEKHYUN ! ! ! "

ပြဲလှစွာသောအသံဖြင့် ကုန်းအော်လိုက်သော
Chanyeolရဲ့အသံဆိုးအသံဝါကြောင့် Baek
hyun၏ လှပသော အတွေးလေးဖြစ်သော
YiFanကို ကြိတ်ပြီးစနှိုက်ကျော်နေသောအ
တွေးလေးမှာ ပျောက်ခြင်းမလှပျောက်ကွယ်
သွားခဲ့ရသည် ။

ထို့သို့ လှပသောသူ့အတွေးလေးအားထိုကဲ့သို့
ပျောက်ကွယ်သွားအောင်လုပ်လိုက်သောသူ့အ
ရှေ့တွင် သူ့အား မျက်မှောင်ကြုပ်ကြီးဖြင့် စူး
စိုက်ကြည့်နေသောChanyeol ပြန်ကမ်းပေးနေ
သည့် စာရင်းဖိုင်တွဲတို့ကို Baekhyun ဆောင့်
ဆွဲယူလိုက်ပြီး ဦးတစ်ချက်ညွှတ်လျက် ရုံးခန်း
ထဲမှ ခြေဆောင့်ကာထွက်လာခဲ့သည် ။

Chanyeolမှာတော့သူ့ရုံးခန်းမှထွက်သွားခဲ့သော
အရူးလေး Baekhyun၏ နောက်ကျောလေးကို
ငေးကြည့်ရင်း ဟက်ခနဲရယ်မိသည် ။

ဘယ်လိုဟာလေးမှန်းမသိ ။

ပေါတောတောနဲ့ ဂေါက်သီးလေး ။



____________________________________





ဆက်ရန် ...




26.8.2018
REN JO JO







____________________________________








" C .. CEO ! ! ! "

" အဲ့ဒါဘာျဖစ္ေနတာလဲ ? "

- ေမေမေရ !! .... ေမေမ့သားေလး
bobohuေလးေတာ့ မိုးႀကိဳးပြတ္တာပဲ -

- သြားၿပီ ... အခုမွ တကယ္ကိုသြားတာ -

- ခုနက သူ႕ကို ပ်စ္ပ်စ္ႏွစ္ႏွစ္ ေမတၱာေတြ
ပို႔ေနတဲ့စကားေတြမ်ား ၾကားသြားၿပီလား
မသိ -

- လုပ္ျပထားတဲ့ မ်က္ႏွာႀကီးကလည္း
ဆူပုတ္ေနလိုက္တာ ေၾကာက္စရာႀကီး -

Chanyeol သူေမးေသာ္လည္း ျပန္မေျဖ ။

သူ႕ကိုသာမ်က္လုံးျပဴးၿပီး ေၾကာင္ၾကည့္ေန
ေသာ Baekhyunဆီသို႔ ေျခလွမ္းက်ဲက်ဲတို႔
ျဖင့္ လွမ္းသြားခဲ့သည္ ။

ထိုအခါ Baekhyunသည္ သူ႕အေရွ႕သို႔ေျခလွမ္း
တစ္လွမ္းတိုးလာတိုင္း ႏႈတ္မွ တဟင့္ဟင့္ရွိူက္
လ်က္အေနာက္သို႔ပင္ ေျခလွမ္းတစ္လွမ္းဆုတ္
ဆုတ္သြားခဲ့သည္ ။

" Byun Baekhyun မင္းဘာျဖစ္ေနတာလဲ ? "

- ဘာျဖစ္ရမွာလဲ -

- ခင္ဗ်ားႀကီး ေသာက္က်င့္ယုတ္လို႔ ေၾကကြဲ
ဝမ္းနည္းေနတာေလ -

- မျမင္ဘူးလား -

" အဟင့္ .. ဟင့္ "

ေမးေသာ္လည္း ျပန္မေျဖ ။ ရွိူက္ၿမဲသာရွိူက္ေန
သည့္ Baekhyunဆီသို႔ သူေျခလွမ္း တိုးသြား
ေလေလ အေနာက္သို႔ ေျခလွမ္းဆုတ္ဆုတ္သြား
ေသာBaekhyunေၾကာင့္ Chanyeol၏ထြက္မ
လာေသးေသာေဒါသတို႔မွာ ႐ုတ္ခ်ည္းဆိုသလို
ပင္ ေထာင္းခနဲ ပြင့္ထြက္လာခဲ့၏ ။

" Byun Baekhyun !!! မင္း အဲ့ဒီမွာ
ေျခတစ္လွမ္းမွမေ႐ြ႕ဘဲ ၿငိမ္ၿငိမ္ရပ္ေန ! ! "

အမိန႔္လို႔ မဆိုနိုင္ေပမယ့္ ။ အမိန႔္ႏွင့္ တူေသာ
စကားသံ ။ အင့္ခနဲ ႏႈတ္မွ အသံထြက္လ်က္
ေရာက္ရွိသြားခဲ့ေသာ ရင္ခြင္က်ယ္ႀကီး ။

ဇီးကြက္ေတာင္ အေဖေခၚရေအာင္ ျပဴးက်ယ္
ေနရေသာ မ်က္ဝန္းတစ္စုံ ။

ရင္ဘတ္ထဲတြင္ ကုလားဘုရားဝင္လွည့္ေန
သလို တဒုတ္ဒုတ္နဲ႕ က်ယ္ေလာင္စြာ ခုန္ေန
ေသာ အရာ ။

ႏြေးလွတဲ့ Chanyeolရဲ႕ရင္ခြင္ထဲက Baekhyun
တစ္ေယာက္ ျပန္မထြက္ခ်င္ေလာက္သည္အထိ
အၿမဲ ထာဝရ တစ္သက္လုံးေနလိုခ်င္မိသည္ ။

" ဘာလို႔ငိုေနတာလဲ ?"

သူ႕လည္တိုင္သို႔ လာေရာက္ထိေတြ႕ေသာ
Chanyeolရဲ႕ထြက္သက္ေလႏြေးႏြေးေလး ။

ၾကားလိုက္ရေသာတိုးညွင္းလွတဲ့ၾသရွရွအသံ
ကေလးေၾကာင့္ သူ႕ ရင္ဘတ္ထဲဝယ္ ကုလား
ဘုရားဝင္လွည့္ေန႐ုံမကလို႔ ။ အိမ္က အငယ္
ေကာင္တစ္ေယာက္ ေပါက္စီ မစားရလို႔ အိမ္
ေပၚတြင္နတ္ပူးသလိုေျခစုံခုန္ေပါက္ၿပီး ေသာင္း
က်န္းတတ္သည့္ ပုံစံအတိုင္း ။ တဒုတ္ဒုတ္နဲ႕
ပင္ခုန္ေပါက္လို႔ေနေလသည္ ။

" Byun Baekhyun "

ေမးေနေသာ ျပန္မေျဖ ။ ေခၚေသာ္လည္းမထူး ။
Chanyeolရင္ခြင္ထက္ ပါးေလးအပ္လ်က္ တ
ဒုတ္ဒုတ္နဲ႕ခုန္ေနေသာ သူ႕ရင္ဘတ္ကို လက္က
ေလး တစ္စုံျဖင့္ဖိရင္း မ်က္လုံးေလးျပဴး၍
ေက်ာက္႐ုပ္တစ္႐ုပ္အလား ေၾကာင္အေနေသာ
Baekhyunတစ္ေယာက္ ။

အလြန္ႏြေးေထြးလွသည့္ Chanyeol၏ ရင္ခြင္
ထဲသို႔ ေခါင္းေလးျဖင့္အတင္းတိုးေဝွ႕ၿပီး မ်က္
ႏွာႀကီးၿပဳံးၿဖီးလ်က္ သာယာေနမိရင္းအေရွ႕က
သူငိုခဲ့ေသာအေၾကာင္းအရာတို႔အား တဖန္ ျပန္
ေတြးမိၿပီး Chanyeol ရင္ခြင္ထဲ၌ဝယ္ ေနာက္
တစ္ႀကိမ္ထပ္မံ၍အငိုခန္းဖြင့္မိျပန္သည္ ။

" အဟင့္ .. ဟင့္ .. အဟင့္ ... ႐ႊတ္ .. "

Chanyeolရင္ခြင္ထဲတြင္ ငိုေနရင္း တစ္စတစ္စ
ႏွင့္ထြက္လာေသာႏွပ္တို႔အား Baekhyun လက္
ျဖင့္ညစ္ၿပီး Chanyeol အေပၚအကၤ်ီသို႔ပင္သုတ္
ခ်ပစ္လိုက္သည္ ။

" ဟာ ... Byun Baekhyun ! က်စ္ ! .. မင္းကြာ !
သြားပါၿပီ .. ငါ့အေပၚအကၤ်ီတစ္ထည္လုံး မင္းရဲ႕
ႏွပ္ေတြေၾကာင့္ရစရာမရွိေတာ့ဘူး !!! "

Chanyeol သူ႕ရင္ခြင္ထဲမွ Baekhyun ကိုယ္
လုံးေလးကိုျပန္ဆြဲထုတ္ၿပီး စုပ္တစ္ခ်က္သပ္
လ်က္ သူ႕အေပၚအကၤ်ီကို ငုံ႕ၾကည့္ရင္းဆူေငါက္
လိုက္သည္ ။

ထိုအခါ...

" အဟင့္ .. ဒါေလးမ်ား ျပန္ေလွ်ာ္ၿပီး
ဝတ္လိုက္ေပါ့ အဖိုးႀကီးရဲ႕!! "

ငိုသံႀကီးနဲ႕ ေအာ္ေျပာၿပီး သူ႕အေရွ႕က ေျပး
ထြက္သြားေသာ Baekhyun၏ ေက်ာျပင္
ေလးကိုၾကည့္ၿပီး အေနာက္တြင္ ေခါင္းတ
ရမ္းရမ္းႏွင့္ ၿပဳံးရယ္ကာ က်န္ရစ္ေနခဲ့ရသူ
မွာ Park Chanyeol တစ္ေယာက္ရယ္သာ ။

- အဟက္ .. ဒီကေလးနဲ႕ေတာ့ ခက္တယ္ -

____________________________________




" ရား ! Byun Baek .. ဒီမွာ တစ္ေယာက္တည္း
ထိုင္ၿပီး ဘာေတြေတြးေနတာလဲ ? "

ထမင္းစားၿပီးလို႔ ႐ုံးခန္းအျပင္ဘက္က ဝရံတာ
တြင္ရွိသည့္စားပြဲဝိုင္းေလး၌ထိုင္ေနေသာ Baek
hyun ။

သူ႕ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ရွိေသာ ခုံ၌လာဝင္
ထိုင္သည့္ Luhanႏွင့္ KyungSooတို႔၏ အေမး
အား မၾကားနိုင္ ။

မုတ္ဆိတ္ေမြးမရွိသည့္ ေမးေစ့ကိုသာလက္ျဖင့္
ပြတ္ၿပီး အေတြးကမၻာထဲတြင္ တစ္ေယာက္တည္း
ခ်ာခ်ာလည္လည္လို႔ေကာင္းေနေလသည္ ။

အေရွ႕တြင္ခ်ထားေသာ သစ္သီးပန္းကန္ထဲမွာ
စေတာ္ဘယ္ရီးသီးကိုခရင္းဇြန္းျဖင့္ထိုးစိုက္ၿပီး
ပါးစပ္ထဲသို႔ ထည့္ကာ ဇိမ္ေျပနေျပျဖင့္သာ ဝါး
စားရင္း တစ္ေယာက္တည္း ေတြးေတာေနသည့္
Baekhyunကို KyungSooနဲ႕Luhanတို႔ႏွစ္ေယာက္
စိုက္ၾကည့္ၿပီး တစ္ေယာက္ မ်က္ႏွာတစ္ေယာက္
ျပန္ၾကည့္ကာ မ်က္ခုံးပင့္ျပမိသည္ ။

" ေဟ်ာင့္ Byun Baek .. ဘာျဖစ္ေနတာလဲ ! "

" ဘာလဲ .. ၿပိဳင္ပြဲမွာ လိုခ်င္တဲ့ ပထမေနရာ
မရဘဲ ဒုတိယေနရာ ရသြားလို႔ ေၾကာင္သြား
တာလား ? "

ထပ္မံေမးလိုက္ေသာLuhanနဲ႕Kyung Sooတို႔
၏ အေမးစကားအဆုံး Baekhyun သူ႕ပါးစပ္
ထဲသို႔ စေတာ္ဘယ္ရီသီးထပ္သြတ္ၿပီးေျဖးေျဖး
ခ်င္း ဝါးလ်က္ ...

" ငါ ဘယ္လိုပဲစဥ္းစား စဥ္းစား အေျဖကို
ထြက္မလာဘူး "

" အေျဖ! .. ဘာအတြက္ အေျဖလဲ ? "

ေကာ္ဖီတစ္ငုံ႕ေသာက္ၿပီး Luhan အေနာက္မွ
စကားျပန္ေထာက္ေပးလိုက္ေတာ့ ...

" ဒီထဲကကြာ ... ဒုတ္ဒုတ္ .. ဒုတ္ဒုတ္နဲ႕ ခုန္ေန
တယ္ .. အဲ့ဒီလိုခုန္ေနတာကဘာလို႔ခုန္ေနတာ
လဲဆိုတဲ့ အေၾကာင္းကိုငါမသိဘူး .. အဲ့ဒီမသိ
ဘူးဆိုတဲ့အေတြးအတြက္ထြက္လာမယ့္အေျဖ
ကို ငါ စေတာ္ဘယ္ရီသီး ထိုင္စားၿပီး စဥ္းစား
ေနတာ စေတာ္ဘယ္ရီသီး ႏွစ္ဖာသာ ကုန္သြား
တယ္ ... ငါသိခ်င္တဲ့အေျဖက ထြက္မလာဘူး
ျဖစ္ေနတယ္ "

Baekhyun စကားဆုံးသည္ႏွင့္ Luhanနဲ႕
KyungSooတို႔မွာ တစ္ေယာက္ မ်က္ႏွာ
တစ္ေယာက္ၾကည့္ၿပီးသေဘာက်ကာၿပဳံး
မိသည္ ။

" အဲ့ဒီအေျဖကို ငါသိတယ္ "

ေျပာလိုက္ေသာ Kyung Soo စကားသံအဆုံး
Baekhyunတစ္ေယာက္ေတာက္ပ႐ြန္းလဲ့ေသာ
မ်က္ဝန္းတစ္စုံျဖင့္ သူလိုခ်င္ေနေသာဂိမ္းစက္
ကို ၾကည့္ေသာအၾကည့္မ်ိဳးျဖင့္ KyungSooကို
ျပန္စိုက္ၾကည့္လ်က္ ...

" မင္းသိတယ္ .. သိတယ္ဟုတ္လား ?
KyungSoo "

" အင္း သိတယ္ .. ငါ့အျပင္မကဘူး .. Luhanပါ
သိတယ္ .. ဟုတ္တယ္မလား ? Luhan "

" Yes .. သိပါ့ .. သိတာမွ သိ,သိနဲ႕ေတာင္
ျမည္ေနေသးတယ္ "

" အဲ့ .. အဲ့ဒါဆို .. ငါ .. ငါ့ကို ေျပာျပပါလား
ဟင္ ! .. ဘာလို႔လဲ ! .. ဘာလို႔ ခုန္ေနတာလဲ !
ႏွလုံးေရာဂါလား ? ႏွလုံးအားနည္းတာလား ?
ဒါမွမဟုတ္အေမာေဖာက္တာလား ? အသက္
မရႈမဝတာလား ? .. ဘာလဲ ! .. ဘာေရာဂါလဲ
ဟင္ ! ဟင္လို႔ ! .. ငါ့ရင္ဘတ္ထဲက တဒုတ္
ဒုတ္နဲ႕ ခုန္ေနတာက ဘာေရာဂါလဲလို႔ ? "

" No .. No .. မင္းအခုျဖစ္ေနတာက .. မင္း
အေရွ႕က ေျပာျပသြားတဲ့ ေရာဂါေတြထဲက
တစ္ခုမွ မဟုတ္ဘူး "

လက္ညွိုးေလးကို ဘယ္ညာရမ္းျပၿပီး
ဆရာႀကီးဆိုဒ္ ဖမ္းကာ Kyung Soo
ေျပာလိုက္ေတာ့ ...

' ဟမ္ 'ဆိုတဲ့ အာေမဋိတ္ကို ႏႈတ္မွ ႐ြတ္ဆိုၿပီး
ေအာက္ေမးရိုး က်ေနသလိုပုံျဖင့္ ပါးစပ္ေလး
ဟသြားခဲ့သည္ ။

" မင္း အခုျဖစ္ေနတဲ့ေရာဂါက ေဆးေသာက္
လို႔လည္းမရဘူး ဆရာဝန္ျပလို႔လည္းမရဘူး "

ၾကားထဲမွဝင္ၿပီး ေဆးထပ္ထိုးလိုက္ေသာ
Luhan ။

" ဟင္ ! အဲ့ဒါဆို ငါျဖစ္ေနတဲ့ေရာဂါက ကုစရာ
ေဆးမရွိတဲ့ေရာဂါေပါ့ ? .. အဟင့္ .. အိုးး ေမေမ
ေရ ေမေမ့သားေလး ငယ္ငယ္႐ြယ္႐ြယ္ေလးနဲ႕
မိန္းမ မရဘဲ ေသရေတာ့မယ္တဲ့ဗ် အဟင့္ .. ဟင့္
႐ႊတ္ "

" ဟ ! .. ဟ ! .. Byun Baek မင္းဘာလို႔ထငို
ေနတာလဲ ! ဟာကြာ ... Luhan မင္းကလည္း
စကားကို ဇိမ္ေျပနေျပလုပ္ၿပီးေျပာမေနနဲ႕ ...
ဟိုမွာ မင္းပေထြးက ငိုႀကီးခ်မလုပ္ေနၿပီကြ ! ! "

" ႐ႊတ္ .. အဟင့္ .. ဟင့္ .. Do Kyung Soo ..
ငါ့ကို Luhanပေထြးလို႔မေျပာနဲ႕ .. ငါ သူ႕အေမ
အိုႀကီးကိုမယူနိုင္ဘူး .. ငါယူမွာက မိန္းမ ဟင့္
ငယ္ငယ္ေခ်ာေခ်ာေလးကို ဟင့္ ယူမွာ "

Baekhyunငိုသံႀကီးနဲ႕ ေျပာလိုက္ေတာ့ Luhan
မွာ မ်က္ေမွာင္ၾကဳပ္သြားခဲ့ၿပီး...

" ဒီမယ္ Byun Baek .. မင္းယူခ်င္ရင္ေတာင္
ငါက ငါ့မားမားနဲ႕ မင္းကို သေဘာမတူနိုင္ပါ
ဘူးေနာ္ ဟြန႔္ "

" မင္းသေဘာမတူမွ မဟုတ္ဘူး .. မင္းအေမကို
ပုံသြင္းၿပီး Discount ခ်ေပးရင္ေတာင္ မေျပာနဲ႕
အလကားေပးရင္ေတာင္မယူနိုင္ဘူးကြ ! "

" ဘယ္သူကလည္း မင္းကိုေပးမယ္လို႔
ေျပာလို႔လဲ ! "

" ဘယ္သူကလည္း ယူမယ္လို႔ ေျပာလဲ !! "

" ယူလည္းမေပးဘူးကြ .. မေပးဘူး ! ! ! "

" ေပးလည္းမယူဘူးကြ .. လုံးဝမယူဘူး ! ! ! ! "

ထိုကဲ့သို႔ ' ဘူး ' တစ္လုံးပဲ ႏႈတ္မွထြက္ၿပီးရန္
ျဖစ္ေနၾကျပန္သည့္Luhanႏွင့္ Baekhyunတို႔
ႏွစ္ေယာက္အား အလယ္တြင္ထိုင္ၿပီးၾကည့္ေန
ရတာ ေခါင္းေရာ မ်က္စိေရာပါ ေနာက္ၿပီး နား
ေတြပါ ၿငီးလာသည့္အတြက္ Kyung Sooစိတ္
တိုတိုနဲ႕စားပြဲခုံကိုထုၿပီးမတ္တပ္ထရပ္လိုက္သည္ ။

ဒုန္း !!!!!

" ကဲ .. ေတာ္ၾကစမ္း ! ... ေထာင္တန္တဲ့ စကား
ရယ္ေပါတယ္ .. Luhan ငါလည္း မင္းမားမား
ကို ဘယ္သူနဲ႕မွ မေပးစားေတာ့ဘူး ရၿပီလား !
Baekhyun မင္းကိုလည္း ငါဘယ္သူ႕ကိုမွမယူ
ခိုင္းေတာ့ဘူး ဟုတ္ၿပီလား ? "

တစ္စတစ္စနဲ႕ အရွိန္ျမင့္ျမင့္လာေသာရန္ပြဲအား
ၾကားထဲမွ ဝင္ျဖန႔္ျဖဴးေပးေသာ သူ႕အားၿပိဳင္တူ
ေခါင္းျပန္ၿငိမ့္ျပေသာLuhanနဲ႕ Baekhyunတို႔ကို
ၾကည့္ၿပီး Kyung Soo ပါးစပ္မွေလပူ တစ္ခ်က္
မႈတ္ထုတ္လိုက္ၿပီး သူခုံ၌သူျပန္ထိုင္လိုက္သည္ ။

" အဲ့ဒါဆို ခုနစကားကို ျပန္ဆက္မယ္ .. Ok
Baekhyun ငိုေနတာ တိတ္ေတာ့ .. မင္းျဖစ္
ေနတဲ့ ေရာဂါက ေသနိုင္ေလာက္တဲ့ ေရာဂါ
မဟုတ္ဘူး .. ငိုမေနနဲ႕ .. တိတ္ "

အေရာင္တလဲ့လဲ့ျဖစ္ေသာ မ်က္ဝန္းေလးေတြနဲ႕
ပီတိျဖာေနေသာ မ်က္ႏွာေလးျဖင့္ Kyung Soo
ကို ျပန္ၾကည့္လာကာ...

" တ - တကယ္ ? "

" အင္း .. တကယ္ .. အဲ့ဒီေရာဂါက ေသာက္
ေဆးမရွိဘူး ဒါေပမဲ့ .. ကုသလို႔ရတဲ့နည္းက
တစ္နည္းပဲရွိတယ္ "

" တစ္နည္းပဲရွိတယ္ ! .. ဘာနည္းလဲ ? "

" မင္းခ်စ္သူထားရမယ့္နည္း "

" အမ္ ! "

မထင္မွတ္ထားေသာ Kyung Sooစကားေၾကာင့္
Baekhyunမျက်နှာကြ်ိး သိသိသာသာ ရႈံ႕မဲ့သြား
ခဲ့သည္ ။

" ဘာႀကီး ? .. ခ်စ္သူ ! "

အေမးသေဘာေဆာင္ သူ႕စကားအဆုံး Luhan
ႏွင့္ KyungSooတို႔ႏွစ္ဦးမွာ ' ဟုတ္တယ္ ' ဆို
ေသာ မ်က္ႏွာေပးႏွင့္ ၿပိဳင္တူေခါင္းညိတ္ျပလာ
၏ ။

" အဲ့ .. အဲ့ဒါဆို .. ငါအခုျဖစ္ေနတဲ့ ေရာဂါက .... "

" အခ်စ္နာက်ေနတာ .. အခ်စ္ေရာဂါ .. ဂုဏ္ယူ
ပါတယ္ Baekhyun မင္းခ်စ္တတ္သြားၿပီ ဟီးး "

ကိုယ့္ကိုယ္ကို လက္ညွိုးထိုးၿပီး ျပန္ေမးေနေသာ
Baekhyunအား Luhan သြားတိုက္ေဆး ေရာင္း
ကာ ဝင္ေျဖေပးလိုက္သည္ ။

" အာ ! "

" မင္း တစ္ေယာက္ေယာက္ကို ခ်စ္မိသြားတယ္
ဆိုတာ က်ိန္းေသတယ္ Baekhyun "

အမွန္ေတြေျပာၾကားသြားေသာ Kyung Soo၏
စကားအား Luhanမွာ အေနာက္မွ ေခါင္းေလး
တညိတ္ညိတ္ျဖင့္ အျပည့္အဝေထာက္ခံေပး၏ ။

- ခ်စ္တတ္သြားၿပီ ! -

- ကြၽန္ေတာ္က ! -

- မျဖစ္နိုင္တာ ! -

- ကြၽန္ေတာ့္လို ငယ္ငယ္ေခ်ာေခ်ာ Bobohuေလးက
ဟိုသက္ၾကားအိုႀကီးကို ခ်စ္ .. ခ်စ္ မိ သြား တယ္ !? -



____________________________________





- မျဖစ္နိုင္ဘူး -

- ဒါ လုံးဝ .. လုံးဝကို မျဖစ္နိုင္ဘူး -

Baekhyun သူ႕အေရွ႕တြင္ စာရင္းဖိုင္တို႔အား
စစ္ၿပီးလက္မွတ္ထိုးေပးေနေသာ Chanyeol
ကို စိုက္ၾကည့္ရင္း ေခါင္း ဘယ္ညာခါရမ္းမိ
သည္ ။

ဘယ့္ႏွယ္ .. ခ်စ္ျခင္းခ်စ္ ... ဒီအဖိုးႀကီးကိုေတာ့
သူမခ်စ္ခ်င္ပါဘူး ။

သူတို႔ကုမၸဏီမွာ အေခ်ာဆုံးျဖစ္တဲ့ ဒီဇိုင္းဌာနက
သူ႕ရဲ႕Wu Yi Fan Fanေလးကိုပဲသြားခ်စ္လိုက္မွာ
ေပါ့လို႔ ။

ညို႔ခ်က္ျပင္းတဲ့ မ်က္ဝန္းတစ္စုံ ။

ႏွလုံးသားကို အရည္ေပ်ာ္က်သြားေအာင္
ဆြဲေဆာင္နိုင္လြန္းတဲ့အၿပဳံးေတြ ။

Cool guyလို႔ နာမည္ေျပာင္ ေပးရေလာက္တဲ့
အထိ အေနေအးလြန္းၿပီး ။

အားက်စရာေကာင္းတဲ့ six packsေတြရယ္ ။

ျမင့္မားလြန္းတဲ့ အရပ္အေမာင္းေလး ။

အိစ္ .. ေတြးရင္းနဲ႕ေတာင္ သူ႕အသည္းေတြက
ယားလာလိုက္တာဆိုတာ .. ကလိကလိနဲ႕ကို ။

" ခစ္ခစ္ "

Chanyeol သူ႕အေရွ႕တြင္ စာရင္းဖိုင္တြဲတို႔ကို
လက္တစ္ဖက္ျဖင့္ရင္ဝယ္ပိုက္ၿပီးက်န္လက္
တစ္ဖက္မွ လက္မကို ပါးစပ္ထဲထည့္ၿပီး ခ်ိဳ
လိမ္စို႔ေနသည့္ ပုံစံႏွင့္ ေမွးေနေသာ မ်က္ဝန္း
ေလးတစ္စုံအားစုံမွိတ္သြားသည္အထိ တခစ္
ခစ္ ရယ္ကာ အူျမဴး ႐ြပိုးထိုးေနေသာ Baek
hyunကို မ်က္ေမွာင္ၾကဳပ္ၾကည့္မိသည္ ။

ဘယ္လိုဟာေလးပါလိမ့္ ! ။

မနက္တုန္းပ ငိုေနတာ သူမဟုတ္တဲ့အတိုင္း ။

အခုက်ျပန္ေတာ့လည္း တခစ္ခစ္နဲ႕ ၿပဳံးရယ္ၿပီး
႐ြပိုးထိုးေတြ ထိုးျပေနလိုက္တာ ။

စိတ္မႏွံတဲ့ အ႐ူးေလးလိုပဲ ။

" ေရာ့ "

စစ္ေဆးစရာရွိတာစစ္ေဆးၿပီး လက္မွတ္ထိုး
ေပးၿပီးသည္ႏွင့္ Chanyeol ဖိုင္တြဲတို႔ကို Baek
hyunထံသို႔ ျပန္ကမ္းေပးလိုက္သည္ ။

သို႔ေသာ္လည္း သေကာင့္သားမွာေတာ့ သူ႕အား
တစ္ခ်က္ေတာင္အေရးမလုပ္ အေတြးကမၻာထဲ
႐ုန္းမထြက္နိုင္ ။ စိတ္ကူးေတြယဥ္လို႔ ေကာင္း
ေနဆဲ ။

" BYUN BAEKHYUN ! ! ! "

ၿပဲလွစြာေသာအသံျဖင့္ ကုန္းေအာ္လိုက္ေသာ
Chanyeolရဲ႕အသံဆိုးအသံဝါေၾကာင့္ Baek
hyun၏ လွပေသာ အေတြးေလးျဖစ္ေသာ
YiFanကို ႀကိတ္ၿပီးစႏွိုက္ေက်ာ္ေနေသာအ
ေတြးေလးမွာ ေပ်ာက္ျခင္းမလွေပ်ာက္ကြယ္
သြားခဲ့ရသည္ ။

ထို႔သို႔ လွပေသာသူ႕အေတြးေလးအားထိုကဲ့သို႔
ေပ်ာက္ကြယ္သြားေအာင္လုပ္လိုက္ေသာသူ႕အ
ေရွ႕တြင္ သူ႕အား မ်က္ေမွာင္ၾကဳပ္ႀကီးျဖင့္ စူး
စိုက္ၾကည့္ေနေသာChanyeol ျပန္ကမ္းေပးေန
သည့္ စာရင္းဖိုင္တြဲတို႔ကို Baekhyun ေဆာင့္
ဆြဲယူလိုက္ၿပီး ဦးတစ္ခ်က္ၫႊတ္လ်က္ ႐ုံးခန္း
ထဲမွ ေျခေဆာင့္ကာထြက္လာခဲ့သည္ ။

Chanyeolမွာေတာ့သူ႕႐ုံးခန္းမွထြက္သြားခဲ့ေသာ
အ႐ူးေလး Baekhyun၏ ေနာက္ေက်ာေလးကို
ေငးၾကည့္ရင္း ဟက္ခနဲရယ္မိသည္ ။

ဘယ္လိုဟာေလးမွန္းမသိ ။

ေပါေတာေတာနဲ႕ ေဂါက္သီးေလး ။



____________________________________





ဆက္ရန္ ...




26.8.2018
REN JO JO

Continue Reading

You'll Also Like

369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
25.4K 2.4K 100
Started - 4 . 5 . 2022 [ Wed ] Ended - 5.7.2022 Zawgyi 🦋🦋🦋 Warning လည်း ပေးချင်ပါတယ်။ ရိုင်းသော စကားလုံးတွေလည်း ပါပါမည်။ အပိုင်းတိုင်း လိုလိုမှာလ...
78.1K 4.3K 22
#Zawgyi ေနာက္​တစ္​ဖန္​.....ေနာက္​တစ္​ဖန္​ဆုိတာရွိလာခဲ့ရင္​ေတာင္​ နာက်င္​မႈေတြပဲေပးတတ္​တဲ့ကိုကို႔ကိုပဲကြၽန္​ေတာ္​ခ်စ္​ဦးမွာ........ ေနာက္​တစ္​ဖန္​ဆိုတ...