" မင်း ငါ့ကို ဘယ်လိုဖြေရှင်းချက်ပေးမှာလဲ သော်ဒီခန့် "
" မဟုတ်ဘူးမှလား ၊ မဟုတ်ဘူးလို့ပြောစမ်းပါ သားရယ်၊
အမေ့ကို ရင်ကျိုးအောင်မလုပ်ပါနဲ့ နော် ၊ ဒီစာတွေက သားရေးထားတာမဟုတ်ဘူးမှလား "
" ကျနော် ရေးထားတာပါ ၊ ပြီးတော့ သူဘားမှမသိပါဘူး "
" သား "
" မင်း သူ့ကို သားလို့ခေါ်ဖို့တောင်မတန်ဘူး ၊ ရှက်ဖို့ကောင်းလိုက်တာကွာ ၊ ဦးမင်းသော်ရဲ့သားက အခြောက်ဆိုပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြရဲအောင် မင်းငါ့ကိုအရှက်ခွဲလိုက်တာလား ဟမ် သော်ဒီခန့်.. ပြောစမ်း..."
" ကျနော် အဖေ့ကိုအရှက်ရအောင် ဘားမှမလုပ်ဖူးဘူး အဖေ ၊ ကျနော်လိင်တူစိတ်ဝင်စားပြီး ဂေးတစ်ယောက်ဖြစ်တာနဲ့ အရှက်ရ ရအောင် ကျနော် သူများသားသမီးစော်ကားဖျက်ဆီးနေတာမှမဟုတ်တာ "
" မင်းငါ့ကို ခံပတ်နေတာလား ၊ ဦးမင်းသော်က သူ့သားကို မဆိုဆုံးမနိုင်ဘူးလို့ ပတ်ဝန်းကျင်မှာ ငါအပြောမခံနိုင်ဘူး
ဟေ့ကောင် ....ဂုဏ်သိက္ခာရှိရှိ စည်းကမ်းတကျနေလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပတ်ဝန်းကျင်မှာ သိက္ခာအကျခံမယ့်အစား မင်းကိုပဲရိုက်သက်ပစ်မယ်ကွ ...
နားလည်လား .. မနက်ဖြန်ကစပြီး မင်းကျောင်းမသွားရဘူး ၊
အဲ့ကောင်နဲ့လဲမတွေ့ရဘူး "
" ကျနော် ကျောင်းမသွားပဲ သူနဲ့မတွေ့ပဲ နေတာနဲ့ ၊ ကျနော့်ရဲ့ဖြစ်တည်မှုက ပြောင်းလဲသွားမှာမှ မဟုတ်ပဲ ၊ သက်ပစ်လိုက်လဲ အေးတာပဲ "
" အေး မပြောင်းလဲရင် ပြောင်းလဲလာအောင်လုပ်ပေးမယ် ၊
လူပုံအလည်မှာတော့ အရှက်ကွဲမခံဘူး ၊ မင်းကိုပဲ အသေသက်ပစ်မှာ ကဲ .."
" အ "
" အဖေကြီး "
" မင်းဝင်မပါနဲ့ နုငယ် ၊ ဒီကောင်ဒီလိုဖြစ်လာတာ မင်းအပြစ်တွေအများကြီးပါတယ် ၊ ဒီကိစ္စပြီးမှ မင်းနဲ့ငါရှင်းမယ် "
" သက်လိုက်ပါ ၊ ကျနော့်ကို အသေသာ သက်ပြစ်လိုက်၊
ဒါပေမယ့် အမေ့ကိုတော့ ဆွဲမထည့်ပါနဲ့ ၊ ကိုယ့်သားသမီးဘာဖြစ်နေတယ် ၊ ဘာကိုလိုအပ်နေတယ် ဆိုတာ ဘယ်တုန်းကများ ဂရုစိုက်ဖူးခဲ့လို့လဲ ၊ ကျနော် ဒီလိုဖြစ်တာ
ဘယ်သူနဲ့မှမဆိုင်ဘူး ၊ အဖေ ရိုက်ချင်ကျနော့်ကိုပဲ ရိုက် "
ဆိုဖာခုံတွေကြားက မထနိုင်သေးခင် ကျောပေါ်ရောက်လာတဲ့ အဖေ့ရဲ့ခါးပတ်နဲ့ လွှဲရိုက်လာတဲ့ ရိုက်ချက်တွေကို မရှောင်ပဲ အံကြိတ်ခံမိသည်။
ဖြစ်နိုင်ရင် ကျနော်သေဆုံးသွားချင်မိပါသည်။
" သတင်းတွေကလဲ ပြန့်တာမြန်လိုက်တာ "
" ဟဲ့ ...အဲ့ဒါ တကယ်ပဲလား "
" ဒါဆို စေတန်က ဂေးပေါ့ ၊ သွားပါပြီ "
" မသေချာသေးပါဘူးဟယ် နင်တို့ကလဲ ၊ ကောင်းကလဲအဲ့လိုပဲ နေတတ်တာကို သိသားနဲ့ "
" ငသော် မင်းရော အဲ့လိုပဲ ထင်လား "
" ဘာကိုလဲ စေတန်နဲ့ ကောင်း ကြိုက်နေကြတယ်ဆိုတာ "
" ကြိုက်တော့ရော ဘာလုပ်ရမှာလဲ ၊ သူ့စိတိနဲ့သူ့ကိုယ် "
" မင်းဘာဖြစ်နေတာလဲ ငသော် ၊ ငါ့ကိုဒေါသထွက်နေတာလား ၊
ငါဘာလုပ်မိလို့လဲ "
" ငါ့ကို စကားလာမပြောနဲ့ လင်းသန့် ၊ ငါအေးအေးဆေးဆေးနေချင်တယ် "
" နေအုံး ... မင်းဘာဖြစ်နေလဲ "
" ငါ့ကိုမထိနဲ့ "
" ထိတယ်ကွာ ..မင်းဘာဖြစ်နေလဲလို့ မေးနေတယ် "
" လွှတ်စမ်းဆို ...လင်းသန့် ငါစိတ်တိုလာပြီ "
" မလွှတ်ဘူးကွာ ၊ မလွှတ်တော့ဘာဖြစ်လဲ "
" အ "
" ဘာလဲ ...ဘာဖြစ်တာလဲ "
" ဘားမှမဖြစ်ဘူး ဖယ် "
လင်းသန့်မဖယ်ပဲ သော်ဒီအင်္ကျီလက်နားစကို ဆွဲတင်လိုက်သည်။ လက်ဖျံတွင် ရှိနေသော အညိုမည်းရာက ထင်းခနဲ။
" ဒါ ဘာဖြစ်တာလဲ "
"....."
" တခြားနေရာတွေ ရှိသေးလား ..ပြစမ်း "
" မလုပ်နဲ့တော့ ...မလုပ်နဲ့ဆို လင်းသန့်ရှင်း "
လင်းသန့် သော်ဒီကျောနောက်ရောက်သွားကာ အင်္ကျီစကို ဆွဲလှန်လိုက်လျှင် ။
ဖြူဖွေးသော အသားစိုင်များပေါ်မှ အရှိုးရာများက မြင်မကောင်းအောင် များပြားလှစွာ ၊ ခါးစပ်ဆီမှ ပလာစတာ တစ်ခုကပါရှိနေသေး။
ရင်ထဲ နင့်ခနဲ ဖြစ်သွားခြင်းနဲ့အတူ ဒေါသကပါ ခုန်ပေါက်ထွက်လာသည်။
" ဘယ်သူလဲ ...ဘယ်သူလုပ်တာလဲ ၊ ပြောစမ်း သော်ဒီ အဲ့ကောင်ကို ငါအခုသွားသက်မယ် "
" မင်းက ငါ့အဖေကို သက်ရဲလို့လား "
" ဘာ "
မယုံနိုင်ခြင်းများက သူ့ခေါင်းထဲမှာအတွေးပေါင်းစုံနဲ့ရှုပ်ထွေးသွားစေသည်။
ဘယ်လို မိဘမျိုးပါလိမ့် ၊ ကိုယ့်သားသမီးကို ကျွဲနွားတစ်ကောင်လို ရိုက်နှက်ရတာ ၊ ဘယ်လောက်ထိကြီးမားတဲ့အပြစ်မျိုး ကျူးလွန်မိတာမှတ်လို့လဲ ။
" ဘာလို့ အဲ့လောက်ထိ ရိုက်ရတာလဲ ၊ မင်းဘာအပြစ် လုပ်ထား ......"
" ချစ်မိလို့ ...၊ မချစ်သင့်တဲ့ တစ်စုံတစ်ယောက်ကို ချစ်မိလို့ အပြစ်ပေးခံရတာ "
" ဘာ .....လူတစ်ယောက်ကို ချစ်မိတာနဲ့ပဲ အဲ့လောက်ထိလုပ်ဖို့လိုလို့လား ၊ ကိုယ့်သားသမီးကိုအသေသက်တော့မလို့လား ဟာကွာ ...."
" ငါ့အတွက်ကတော့ တန်ပါတယ် ၊ အနည်းဆုံးတော့ ငါ့ရဲ့အကြောင်းကို သူတို့သိသွားခဲ့တယ်လေ "
" နေပါအုံး ဘယ်လိုလူမို့လို့ မင်းဒီလောက်အထိ ပေးဆပ်ဖို့လိုအပ်တာလဲ ၊ သူက ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်နေလို့ မင်းဒီလောက်ထိ နာကျင်ခံပြီး ချစ်နေရတာလဲ "
" ငါ သိပ် ချစ် ရ တဲ့ သူ မို့ လို့ .... ငါ့နောက် ဆက်မလိုက်တော့နဲ့ လင်းသန့် ၊ အပြင်မှာ အဖေ့တပည့်တွေ ရှိတယ်
ညနေပိုင်းအတန်း ငါမတတ်တော့ဘူး.."
လင်းသန့်နေရာမှာတင် ကျောက်ရုပ်လိုငြိမ်သက်နေမိသည်။
မျက်လုံးထဲမှာ ငသော် ကိုယ်ပေါ်က ဒဏ်ရာတွေရယ် ငသော်ပြောသွားခဲ့သော သူသိပ်ချစ်ရတဲ့သူဆိုတဲ့ လူဆိုတာကိုသာ တွေးနေမိသည်။
ခင်ဗျား ဘယ်သူလဲတော့ မသိပေမယ့် ခင်ဗျားသိပ်ကံကောင်းတယ်ဆိုတာတော့ ကျနော်ပြောရဲတယ် ၊ ဘာလို့ဆို သော်ဒီခန့်ဆိုတဲ့ ကောင်လေးဆီက လေးနက်ပြီးတန်ဖိုးကြီးတဲ့ချစ်ခြင်းတွေကို ပိုင်ဆိုင်လိုက်ရလို့။
" စေတန် "
" ချုံခိုတိုက်ခိုက်တာ နိုင်လောက်ပြီထင်လို့ လူလုံးထွက်ပြတာလား သင်းရနံ့ "
" နင် ဘာကို ဆိုလိုလဲဆိုတာ ငါနားမလည်ဘူး စေတန် "
" နားမလည်တာလား မသိချင်ယောင်ဆောင်နေတာလားဆိုတာ နင့်ကိုနင်ပဲပိုသိမှာပေါ့ "
" ထားပါ့တော့ ၊ အခု ကျောင်းမှာပြန့်နေတဲ့သတင်းတွေက
နင့်အတွက်မကောင်းဘူးနော် ၊ နာမည်ပျက်မခံတဲ့ ဒီကျောင်းက လူ့ကျင့်ဝတ်တွေကို ဘယ်လောက်ထိလိုက်နာပြီး ဘယ်လောက်ထိ စည်းကမ်းတင်းကျပ်လဲဆိုတာ နင်သိပါတယ်"
" သိတာပေါ့ .... ဒါပေမယ့် မှုစရာမှမလိုတာ ၊ ဒီသတင်းတွေ
ဖြန့်တဲ့သူဟာ ဘယ်သူလဲဆိုတာ ငါသိနေတာပဲ "
" နင် ...နင် ဘာကိုဆိုလိုတာလဲ "
" ငါ့အတွက် ဒီကောလဟာလတွေကို ဖျောက်ဖို့ သိပ်အများကြီး ကြိုးစားစရာမလိုပါဘူး "
စေတန် ရှေ့တစ်လှမ်းတိုးလိုက်တော့ သင်းရနံ့နဲ့နီးကပ်သွားသည်။
မေးဖျားက ပင့်ကိုင်ပြီး ခေါင်းကိုအနည်းငယ်စောင်းပြီး ငုံ့ချလိုက်တာနဲ့ သူ့နှုတ်ခမ်းနဲ့သူမနှုတ်ခမ်းက အနည်းငယ်သာကွာတော့သည်။
" နင် ...နင် ဘာလုပ်နေတာလဲ စေတန် "
" ညိမ်ညိမ်လေးနေ ... ဓာတ်ပုံရိုက်နေကြတယ် "
" ဘာ ...နင် "
" နောက်ထပ် နင်မသိသေးတာ တစ်ခု ငါပြောပြရမလား၊
ငါယောက်ျားလေးခြင်းကြိုက်နေတယ်ဆိုတာ သေချာမသေချာတာထက် နင်နဲ့ငါ ဒိတ်ခဲ့တဲ့ညမှာ ဘာတွေဖြသ်ခဲ့တယ်ဆိုတာ သူတို့သိချင်နေကြတုန်းပဲ "
" နင် .... ငါ့ကိုလွှတ် "
" အဟင်း .... နင်ပြောကြည့် ဘယ်သတင်းက သူတို့ကို ပိုစိတ်ဝင်စားစေလဲလို့ "
" နင် ....နင်လူယုတ်မာ "
" ယုတ်မာချင်တယ် ဆိုရင် ငါ့ဆီမှာ ပညာလာယူလှည့် ၊
သေချာမကျွမ်းကျင်သေးပဲနဲ့တော့ လာမယှဉ်နဲ့ သင်းရနံ့ ..
စေတန်ဆိုတဲ့ ငါက မိန်းခလေးလဲ ညှာနေမှာမဟုတ်ဘူးဆိုတာ နင်သိပါတယ် "
ဘုတ်!
နောက်ကအသံကြောင့် လှည့်ကြည့်တော့ လှစ်ခနဲအကွယ်ကို ချိုးဝင်သွားတဲ့ကျောပြင်နဲ့ မြေပြင်ပေါ်ပြုတ်ကျကျန်ခဲ့သော ရေဗူးနှစ်ဗူး ၊ ဘယ်သူဆိုတာ သိလိုက်တာနဲ့ စေတန်မျက်နှာပျက်သွားသည်။
" တောတ် ....ဟာ ကွာ ...ကဲ "
လက်ထဲက ဘီယာဗူးခွံကို ပစ်ပေါက်ရင်း ထွက်ပေါက်ရှာပေမယ့် စိတ်ကမပြေ ၊ မျက်လုံးထဲမှာ ရင့်နဲ့မိန်းခလေးတစ်ယောက်နမ်းနေကြသော ပုံရိပ်က သူ့ကို နှောက်ယှက်နေသည်။
ဆေးလိပ်ကို ခပ်ပြင်းပြင်းရှိုက်ဖွာရင်း တွေးမိတာက ကျနော်သူ့ကို ဆုံးရှုံးလိုက်ရတော့မှာလား ။
ဒါတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ ၊ ကျနော်သူ့ကို အဆုံးရှုံးမခံနိုင်ဘူး ၊ ဘယ်လိုအကြောင်းအရာမျိုး ဘယ်လိုအတားအဆီးမျိုးတွေရှိပစေ ကျနော်သူ့အနားမှာပဲ ရှိနေချင်တာ ၊ ကျနော်သူ့ကို အဲ့လောက်ထိ ချစ်မိသွားခဲ့တာ ။
ဒါပေမယ့် ....။
" ဟာ...."
" မီးမသက်ပဲ အဲ့လိုပစ်ချင်တိုင်းပစ်ရင် အကုန်မီးလောင်ကုန်လိမ့်မယ် "
" ရင့် "
ကောင်း ဆေးလိပ်ကို မြေပေါ်ချနင်းပြစ်ကာ စေတန့်အနားရောက်လာသည်။
ရင့် သူ့နောက်လိုက်လာတာကို အခုထိမယုံနိုင်သေး ၊ ပြီးတော့အံဩလွန်းသလို ၀မ်းသာမှုကပါ တစ်ပြိုင်တည်း ဖြစ်ထွန်းသည်။
" မင်း ဒီကိုဘာလာလုပ်တာလဲ "
ကျနော် ဘယ်လိုပြန်ဖြေရမလဲ ၊ မင်းနားလည်မှုလွဲသွားမှာစိုးလို့လို့ပြောရမလား ၊ အထင်မလွဲစေချင်လို့လို့ပြောရမလား ၊ သေချာတာ တစ်ခု သူစိတ်ဆိုးပြီးအထင်လွဲသွားမှာမလိုချင်တာ။
" ဘာလို့ လိုက်လာမိမှန်းကို မသိတာ "
" နေအုံး ... ဒီထိရောက်လာပြီးနေပြီပဲ ၊ ငါတုံးအဖို့မလိုတော့ပါဘူး "
" မင်းလက်ကြီးကို ဖယ်စမ်းပါ ၊ ငါအတန်း ပြန်တတ်ရမယ် "
" မရဘူး ၊ ဒီထိရောက်လာပြီးခါမှ ဘားမှမပေးပဲပြန်လို့ဘယ်ဖြစ်မလဲ ၊ ငါ မင်းကိုအရမ်းလွမ်းနေတာ ပြီးတော့ ..."
" မင်းခေါင်းထဲမှာ ဒါပဲတွေးနေတာလား ၊ ဖယ် "
" ဟုတ်တယ် ...ဒါပေမယ့် အဲ့ဒါ မင်းနဲ့မှ "
အုတ်နံရံမှာ အင့်ခနဲပစ်ကပ်သွားခြင်းနဲ့အတူ နောက်ကျောမှနေပြီးပခုံးကိုပါစုပ်ယူနမ်းရှိုက်ခြင်း ခံလိုက်ရသည်။
အသွေးအသားဆန္ဒတို့သည် ခန္ဓာကိုယ်အတွင်းနက်နက်ဆီမှ ရုန်းကြွလာနေကာ ၊ ကျနော့်စိတ်တွေက ဆံပင်တွေထဲရောက်လာတတ်တဲ့ သူ့ရဲ့အနမ်းတွေပေါ်မှာ ၊ ဂျုံလုံးတစ်လုံးလို အနယ်ခံနေရတဲ့ အသားစိုင်တွေပေါ်မှာ ၊ ဒါဟာ ကျောင်းနောက်ဖက် လမ်းကြားတစ်ခု ၊ အချိန်မရွေး မည်သူမဆိုရောက်ရှိလာနိုင်တယ်ဆိုတာ သိသိရက်နဲ့ ကျနော်မေ့လျော့ထားမိတယ် ။
" ငါ မင်းကို လိုချင်တယ် ...ရင့် "
" အ "
စကားသံအဆုံးမှာ အစပျိုးခြင်းမရှိပဲ တိုးဝင်လာတဲ့နာကျင်မှုကြောင့် အသည်းခိုက်မျှ နာကျင်သွားမိသည်။
" မင်း ဘာလို့ ဒီလောက်ထိချစ်ဖို့ကောင်းနေရတာလဲ ရင့်ရာ"
" သေ.. သေ ..လိုက်တော့ သက်တန့် ကောင်း "
ရင့် ဖြောင့်ဖြောင့်ပင် မဆဲဆိုနိုင်ပဲ လက်သီးကိုသာ ကျစ်နေအောင်ဆုပ်ထားမိသည်။
သူ့ဆီကရတဲ့ မနူးညံ့ပေမယ့် စွဲမတ်ဖွယ်ကောင်းသော အနမ်းရိုင်းတွေကို ကျနော်သဘောကျတယ် ။
သူနဲ့ပတ်သတ်လာတိုင်း ဘယ်အရာမဆို ငြင်းဆန်နိုင်ခွင့်မရှိလောက်အောင် ကျရှုံးနေရစမြဲပေမယ့် ဒီလူသားရဲ့အထိအတွေ့အယုအယတိုင်းကို ကျနော်ချစ်တယ် ၊ ဒါဟာ အထိအတွေ့တစ်ခုကြောင့်တော့မဟုတ်ဘူး ဆိုတာကျနော်ပြောရဲပါတယ်။
ဘယ်လိုအရာတွေကမှ မစွဲဆောင်နိုင်ခဲ့တဲ့ ကျနော်ရဲ့စိတ်တွေကို လွှမ်းမိုးနိုင်သူ၊ ချုပ်ကိုင်အမိန့်ပေးနိုင်သော တစ်ယောက်တည်းသောသူ ၊ နာကျင်စေသောအရာတွေကြားမှ
သာယာသော စိတ်ခံစားမှုတွေကို ခံယူရင်း သူခေါ်ဆောင်ရာ
အချစ်ကမ္ဘာတစ်ခုဆီ ကျနော်လိုက်ခဲ့မိတော့သည်။
တဆတ်ဆတ်တုန်နေတဲ့ လက်အစုံသည် ဖုန်းကို အနည်းငယ်မြှင့်ကိုင်ထားရာမှ တဖြေးဖြေးလျော့ရဲလာကာ နောက်ဆုံး အားမရှိတော့သလို တွဲလောင်းကျသွားခြင်းသို့ရောက်သည်။
အကွယ်ကို ကျောကပ်မှီထားရင်း ရှိုက်သံမဲ့သော မျက်ရည်တစ်စက်က မြေပြင်ပေါ်သို့ခုန်ပေါက်ပြေးဆင်းသည်။
တန်ကြေးတစ်ခုအတွက် နှလုံးသားရင်းခဲ့ရပေမယ့် ဒီလမ်းကိုသူဘယ်တော့မှနောက်ဆုတ်မှာမဟုတ်ဘူး ။
အရာရာတိုင်းမှာ တန်ရာတန်ကြေးဆိုတာရှိတယ် စေတန်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရေးရတာ အားမရှိဘူးဗျာ ဖက်ရောဖက်ကြရဲ့လား 😔
Thank you so much all 💚💚