Ep.10

4.1K 213 12
                                    

TV ကြည့်​​နေတာလဲအဆင်​မ​ပြေ ၊ စိတ်​ကတခြား လူကတခြား၊ ​နေမထိထိုင်​မသာဖြစ်​​နေတာ ဘာ​ကြောင့်​မှန်းမသိ ။

" ရှင်း​လေး ဘာဖြစ်​​နေတာလဲ ၊ အိမ်​စာလုပ်​စရာမရှိဘူးလား"

" မရှိဘူး မား "

" ဒါဆိုဘာဖြစ်​​နေတာလဲ ၊ channel ​ပြောင်းချင်​လို့လား"

" သား အပြင်​ခနသွားအုံးမယ်​ "

" ဟဲ့ ...ဒီအချိန်​ကြီး ဘယ်​တုန်း ၉နာရီ​ကျော်​​နေပြီ "

" ခန​လေးပဲ မား ...​ဟိုဘက်​လမ်း​ထဲသွားမလို့ "

မားကိုပြန်​​အော်​ခဲ့ရင်း လင်းသန့်​​ကား​ပေါ်​ပြေးတက်​သည်​။
သော်​ဒီ့ကို မမြင်​ရလျှင်​ သူဒီညအိပ်​​ပျော်​​တော့မည်​မဟုတ်​၊
သူ အဆင်​မှ​ပြေရဲ့လား ။




📞 ဒီးး.. ...ဒီးး

"hallo "

" င​သော်​ ...ငါ .....မင်းဘာလို့ ငါ့ဖုန်းကိုမကိုင်​တာလဲ ၊
မ​နေ့ကလဲ ​ကျောင်းမလာဘူး "

" ဘားမှမဖြစ်​ပါဘူး ...ငါ့အ​ဖေ ဖုန်းသိမ်းထားလို့ "

" ဟင်​ "

" အင်း ....မင်းဘာဖြစ်​လို့လဲ ၊ မရှင်းတဲ့စာ ရှိလို့လား "

" မင်းကို ​တွေ့ချင်​လို့ "

သော်​ဒီ ညိမ်​ကျသွားသည်​။

" လိုက်​ကာ ဖယ်​လိုက်​ "

" ဟင်​ "

" လိုက်​ကာ ဖယ်​လိုက်​လို့ ၊ ငါမင်းအိမ်​​​ရှေ့မှာ "

" ဘာ "

ဖျတ်​ခနဲ လှုပ်​ရှားသွားတဲ့ လိုက်​ကာစ​လေး​နောက်​မှာ အရိပ်​​လေး​ပေါ်လာသည်​။
အသား​ရောင်​ ဆွယ်​တာလက်​ရှည်​​လေးနဲ့ကာကီ​ရောင်​​ဘောင်းဘီတို​လေး ၀တ်​ထားသည့်​ပုံရိပ်​​လေးသည်​ ရင်​ထဲကစိုးရိမ်​ပူပန်​​နေခြင်းကို ထက်​၀က်​မျှ​လျော့ပါးသွား​စေသည်​။

ကား​ဘောနတ်​​ပေါ် မတ်​တပ်​တက်​ရပ်​​နေကာ လက်​လှမ်းပြ​နေပါ​သော လင်းသန့်​ရှင်း ၊ ဒီ​ကောင်​ ဒီချိန်​ကြီးဘာလာလုပ်​တာလဲ ။

စေတန်​ ရဲ့ နတ်​ဆိုးWhere stories live. Discover now