ဘုရင့္​ကိုယ္​လုပ္​​ေတာ္​အား ခ...

By Hanashiro_196

2.8M 245K 8.5K

BOOK 1 Chinese story written in English by Original Author -skies- English Name - Stealing The Emperor's Male... More

Chapter - 1 (Zawgyi & Unicode)
Chapter - 2 (Zawgyi & Unicode)
Chapter - 3 (Zawgyi & Unicode)
Chapter - 4 (Zawgyi & Unicode)
Chapter - 5 (Zawgyi & Unicode)
Chapter - 6 (Zawgyi & Unicode)
Chapter - 7 (Zawgyi & Unicode)
Chapter - 8 (Zawgyi & Unicode)
Chapter - 9 (Zawgyi & Unicode)
Chapter - 10 (Zawgyi & Unicode)
Chapter - 11 (Zawgyi & Unicode)
Chapter - 12 (Zawgyi & Unicode)
Chapter - 13 (Zawgyi & Unicode)
Chapter - 14 (Zawgyi & Unicode)
Chapter - 15 (Zawgyi & Unicode)
Chapter - 16 (Zawgyi & Unicode)
Chapter - 17 (Zawgyi & Unicode)
Chapter - 18 (Zawgyi & Unicode)
Chapter - 19 (Zawgyi & Unicode)
Chapter - 20 (Zawgyi & Unicode)
Chapter - 21 (Zawgyi & Unicode)
Chapter - 22 (Zawgyi & Unicode)
Chapter - 23 (Zawgyi & Unicode)
Chapter - 24 (Zawgyi & Unicode)
Chapter - 25 (Zawgyi & Unicode)
Chapter - 26 (Zawgyi & Unicode)
Chapter - 27 (Zawgyi & Unicode)
Chapter - 28 (Zawgyi & Unicode)
Chapter - 29 (Zawgyi & Unicode)
Chapter - 30 (Zawgyi & Unicode)
Chapter - 31 (Zawgyi & Unicode)
Chapter - 32 (Zawgyi & Unicode)
Chapter - 33 (Zawgyi & Unicode)
Chapter - 34 (Zawgyi & Unicode)
Chapter - 35 (Zawgyi & Unicode)
Chapter - 36 (Zawgyi & Unicode)
Chapter - 37 (Zawgyi & Unicode)
Chapter - 38 (Zawgyi & Unicode)
Chapter - 39 (Zawgyi & Unicode)
Chapter - 40 (Zawgyi & Unicode)
Chapter - 41 (Zawgyi & Unicode)
Chapter - 42 (Zawgyi & Unicode)
Chapter - 43 (Zawgyi & Unicode)
Chapter - 44 (Zawgyi & Unicode)
Chapter - 45 (Zawgyi & Unicode)
Chapter - 46 (Zawgyi & Unicode)
Chapter - 47 (Zawgyi & Unicode)
Chapter - 48 (Zawgyi & Unicode)
Chapter - 49 (Zawgyi & Unicode)
Chapter - 50 (Zawgyi & Unicode)
Chapter - 51 (Zawgyi & Unicode)
Chapter - 52 (Zawgyi & Unicode)
Chapter - 53 (Zawgyi & Unicode)
Chapter - 54 (Zawgyi & Unicode)
Chapter - 55 (Zawgyi & Unicode)
Chapter - 56 (Zawgyi & Unicode)
Chapter - 57 (Zawgyi & Unicode)
Chapter - 58 (Zawgyi & Unicode)
Chapter - 59 (Zawgyi & Unicode)
Chapter - 60 (Zawgyi & Unicode)
Chapter - 61 (Zawgyi & Unicode)
Chapter - 62 (Zawgyi & Unicode)
Chapter - 63 (Zawgyi & Unicode)
Chapter - 64 (Zawgyi & Unicode)
Chapter - 65 (Zawgyi & Unicode)
Chapter - 66 (Zawgyi & Unicode)
Chapter - 67 (Zawgyi & Unicode)
Chapter - 68 (Zawgyi & Unicode)
Chapter - 69 (Zawgyi & Unicode)
Chapter - 70 (Zawgyi & Unicode)
Chapter - 71 (Zawgyi & Unicode)
Chapter - 73 (Zawgyi & Unicode)
Final Chapter (Zawgyi & Unicode)
Special For U
Announcement
Book 2 Announcement

Chapter - 72 (Zawgyi & Unicode)

36.3K 2.9K 99
By Hanashiro_196

●●●Zawgyi●●●

အိုက္​႐ွင္​း ကို ႐ွန္​း ခိုင္​ျမဲစြာဖက္​ထားရင္​ အိပ္​​ေမာက်​ေနခ်ိန္​တြင္​ လုယီ ႏွင္​့ အ​ေနာက္​မွစိတ္​ပူလ်က္​လိုက္​လာ​ေသာ က်န္​း႐ွီ တို႔ အခန္​းဝင္​လာၾကသည္​။

မနက္​အ​ေစာပိုင္​းတြင္​ လုယီ သည္​ အိုက္​႐ွင္​း ထံ သြားမည္​ကို က်န္​း႐ွီ သိလိုက္​သျဖင္​့ အိုက္​႐ွင္​း တို႔ ႏိုးထလာမည္​့အခ်ိန္​ထိ ​ေစာင္​့ရန္​ ​ေျပာ​ေသာ္​လည္​း လုယီ နားမ​ေထာင္​။ က်ဴးအန္​း ကိုပါ အတူ​ေခၚသြားလို​ေသာ္​ျငား က်ဴးအန္​း က ျငင္​းဆန္​​သျဖင္​့ လုယီ တစ္​​ေယာက္​တည္​းထြက္​လာရန္​ဆံုးျဖတ္​လိုက္​ၿပီး က်န္​း႐ွီ ကလည္​း အ​ေနာက္​မွလိုက္​လာခဲ့သည္​။

လုယီ ႏွင္​့ က်န္​း႐ွီ တို႔ အခန္​းထဲ​ေရာက္​သြားခ်ိန္​တြင္​ ခါး​အထိသာ ျခံဳ​ေစာင္​လႊမ္​းထား​ေသာ ႐ွန္​း ႏွင္​့ အိုက္​႐ွင္​း တို႔ကို ဝတ္​လစ္​စလစ္​ႏွင္​့​ေတြ႔လိုက္​ရသည္​။ လုယီ မ်က္​​ေမွာင္​ၾကဳတ္​ၾကည္​့ၿပီး တစ္​ခုခု​ေျပာရန္​ျပင္​စဥ္​ က်န္​း႐ွီ က ႐ွန္​း ​​ေဒါသထြက္​ႏိုင္​​ေၾကာင္​းကို ​ေတြးမိသျဖင္​့ လုယီ ပါးစပ္​ကို အသာအုပ္​ၿပီး အျပင္​သို႔ဆြဲသို႔လာခဲ့သည္​။

အခ်ိန္​အနည္​းၾကာၿပီး​ေနာက္​တြင္​ အိုက္​႐ွင္​း က လုယီ ႏွင္​့ က်ဴးအန္​း ထံသို႔ သြားလို​ေၾကာင္​း​ေျပာသျဖင္​့ ႐ွန္​း လည္​း အတူလိုက္​လာခဲ့သည္​။

​ေရာက္​လာၾကသည္​့အခ်ိန္​တြင္​ လုယီ မ်က္​ႏွာအလိုမက်ဟန္​ျဖစ္​​ေန​ေသာ​ေၾကာင္​့ အိုက္​႐ွင္​း က အနားကပ္​ရင္​း ​ေန​ေကာင္​းမ​ေကာင္​းကို ​ေမး​ေလသည္​။ အိုက္​႐ွင္​း ၏ ခ်စ္​စရာမ​်က္​ႏွာ​ေလးကို ျမင္​လိုက္​ရသျဖင္​့ လုယီ ျပံဳးကာ ​ေထြး​ေပြ႔လိုက္​ရင္​း အဆင္​​ေျပ​ေၾကာင္​း ​ေျပာ​ေလသည္​။

အိုက္​႐ွင္​း ကို ဖက္​ထားရင္​းႏွင္​့ လုယီ က ႐ွန္​း ကို စိတ္​​ေက်နပ္​သည္​့အျပံဳးႏွင္​့ၾကည္​့ကာ သ​ေရာ္​လိုက္​သည္​။ ႐ွန္​း စိတ္​ထဲတြင္​လည္​း လံုးဝမႏွစ္​သက္​သျဖင္​့ မ်က္​​ေတာင္တစ္​ျဖတ္​ခတ္​ခ်ိန္​ပင္​မရလိုက္​ခင္​ အိုက္​႐ွင္​း မွာ ႐ွန္​း ၏ သန္​မာ​ေသာလက္​အစံုၾကား နစ္​ျမႇဳပ္​​ေန​ေလသည္​။

"ဟို ... ႐ွန္​း အဆင္​​ေျပရဲ႕လားဟင္​"

အိုက္​႐ွင္​း က မ်က္​ဝန္​းရြဲ​ေလးမ်ားျဖင္​့ ႐ွန္​း ကို ​ေမာ့ၾကည္​့ကာ စိုးရိမ္​တႀကီး​ေမး​ေလသည္​။

႐ွန္​း မ်က္​​ေမွာင္​ၾကဳတ္​လ်က္​ အိုက္​႐ွင္​း ၾကည္​့ရင္​း ​ေမးလိုက္​သည္​။

"ယုန္​​ေလး ... ဒီကမာၻ​ေပၚမွာ မင္​းငါ့ကို အခ်စ္​ဆံုးမလား"

႐ွန္​း အ​ေမးကို အိုက္​႐ွင္​း ရယ္​လိုက္​မိကာ ျပံဳးျပၿပီး ​ေခါင္​းညိတ္​လိုက္​သည္​။

ထိုအခါ အိုက္​႐ွင္​း နဖူး​​ေပၚကို ႐ွန္​း ႏူးညံ့စြာ နမ္​း႐ႈိက္​ရင္​း တင္​းက်ပ္​စြာ​ေပြ႔ဖက္​ထားၿပီး လုယီ ကို ​ေလွာင္​ျပံဳးႏွင္​့ၾကည္​့လိုက္​​ေလသည္​။

အိုက္​႐ွင္​း ကို ႐ွန္​း တစ္​သက္​လံုး​ေထြး​ေပြ႔ထားခ်င္​​ေသာ္​လည္​း အိုက္​႐ွင္​း ဆႏၵကိုမူ မတားဆီးရက္​​ေပ။ ထို႔​ေၾကာင္​့ လုယီ ႏွင္​့ က်ဴးအန္​း တို႔အနား အိုက္​႐ွင္​း ထိုင္​လိုသျဖင္​့ ႐ွန္​း စိတ္​မပါဘဲလြတ္​​ေပးလိုက္​ရသည္​။

အိုက္​႐ွင္​း ကို ႐ွန္​း ​ေပြ႔ခ်ီရန္​​ေတြးကာ ျပင္​လိုက္​​ေသာ္​လည္​း က်န္​း႐ွီ က အျခားအခန္​းတစ္​ခန္​းထဲသို႔ ဆြဲ​ေခၚသြား​ေလသည္​။

"ဘာျဖစ္​တာလဲ"

႐ွန္​း မာထန္​စြာ​ေမးသည္​ကို က်န္​း႐ွီ ​ေလွာင္​ရယ္​လ်က္​ ​ေျပာ​ေလသည္​။

"သဝန္​တို​ေနတာလား ... ဟားဟားဟား .. သတိထားပါ .. လူ​ေတြ ႐ူးသြားတဲ့အဓိကအ​ေၾကာင္​းရင္​း​ေတြထဲကတစ္​ခုက မ်က္​စိ​ေအာက္​က​ေန မ​ေပ်ာက္​မခံဘဲကပ္​​ေနလြန္​းလို႔တဲ့"

႐ွန္​း အၾကည္​့စူးစူးႏွင္​့ၾကည္​့ၿပီး ထြက္​ရန္​လုပ္​​ေတာ့မွသာ က်န္​း႐ွီ လည္​း တားလိုက္​ၿပီး ​ေျပာလိုသည္​ကို ​ေျပာျပလိုက္​သည္​။

"ငါက ​ေနာက္​တာပါ ... ငါ့​ေၾကာင္​​ေလးနဲ႔ စကား​ေျပာၿပီးၿပီ .. သူ​ေျပာတာ က်ဴးအန္​း က အရမ္​း​ေတာ္​တဲ့​ေဆး​ေဖာ္​သမားတဲ့ ... အိုက္​႐ွင္​း ကိုလည္​း သူပဲကု​ေပးခဲ့တာ .. မင္​းမယ္​​ေတာ္​ရဲ႕အဆိပ္​ကိုလည္​း သူဆံုးျဖတ္​​ေပးႏိုင္​မယ္​လို႔ထင္​တယ္​"

က်န္​း႐ွီ ​ေျပာသည္​့အ​ေၾကာင္​းကို ႐ွန္​း စဥ္​းစားၿပီး​ေနာက္​ လက္​ခံကာ က်ဴးအန္​း ကို အကူအညီ​ေတာင္​းရန္​ က်န္​း႐ွီ ကို​ ​ေျပာ​ေလသည္​။ ထို႔​ေနာက္​ အိုက္​႐ွင္​း တို႔႐ွိရာအခန္​းကို ျပန္​ဝင္​ရန္​လွည္​့ၿပီး​​ေနာက္​ က်န္​း႐ွီ ကို ျပန္​ၾကည္​့လိုက္​ၿပီး ....

"ဒါနဲ႔ မင္​းရဲ႕​ေၾကာင္​​ေလးက က်ားႀကီး​ေနာ္​ ... ငါသာ မင္​း​ေနရာမွာဆို သတိထားမွာ ... ငါ​ေတာင္​မင္​းကို ဘယ္​​ေလာက္​ပဲစိတ္​႐ႈပ္​​ေန​ေပမယ္​့ ... မင္​းကို အစားခံရမွာစိုးလို႔ ​ေျပာတာ"

-----------------------------------------------------------

႐ွန္​း ၏ မယ္​​ေတာ္​အဆိပ္​မိ​ေနၿပီး အခုထိ အဆိပ္​ကို မ​ေတြ႔​ေသးဟု က်ဴးအန္​း ကို ​ေျပာၿပီး​ေနာက္​ က်ဴးအန္​း လည္​း ကူညီရန္​ လက္​ခံလိုက္​သည္​။

​ေဆးဝါးတို႔ကို စမ္​းသပ္​ၿပီး သမား​ေတာ္​ႏွင္​့ ​ေဆး​ေဖာ္​သူတို႔၏ ႏွိမ္​ခ်အထင္​​ေသး​ေသာ ​ေလွာင္​ရယ္​သည္​့အၾကည္​့တို႔ကို ဂ႐ုမစိုက္​ဘဲ ႏွစ္​ရက္​တာမွ်​ စစ္​​ေဆးၿပီး​ေနာက္​ အဆိပ္​ကို႐ွာ​ေတြ႔သြားၿပီး က်န္း႐ွီ ႏွင္​့ ႐ွန္​း တို႔ကို ခ်က္​ခ်င္​းအ​ေၾကာင္​းၾကား​ေလသည္​။

"ဒီအဆိပ္​က ကူးျမစ္​နဲ႔ ထ်န္​းရြက္​တို႔​ ​ေပါင္​းစပ္​ၿပီး​ေတာ့ လုပ္​ထားတာပါ"

"ဟား .. အ႐ွင္​မင္​းႀကီးကို လိမ္​ရဲရသလား .. ကူးျမစ္​နဲ႔ ထ်န္​းရြက္​က ဘာအဆိပ္​မွမ႐ွိဘူးဆိုတာ လူတိုင္​းသိတယ္​ ... ၿပီး​ေတာ့ သူတို႔မွာ ​ေဆးဖက္​ဆိုင္​ရာအစြမ္​းလည္​းမ႐ွိဘူး ... ​ေပါင္​းပင္​အဆင္​့ပဲ႐ွိတယ္​"

က်ဴးအန္​း က ယဥ္​​ေက်းစြာ​ေျပာသည္​ကို သမား​ေတာ္​က ​ေမာက္​မာစြာ ဝင္​​ေျပာ​ေလသည္​။ သမား​ေတာ္​စကားကို ဂ႐ုမထားဘဲ က်ဴးအန္​း ကိုသာ ဆက္​​ေျပာရန္​ ႐ွန္​း အခ်က္​ျပ​လိုက္​သည္​။

"သမား​ေတာ္​​ေျပာတာမွန္​ပါတယ္​ ... ႏွစ္​ပင္​လံုးက ​ေပါင္​းပင္​လို႔​ေတာင္​ သတ္​မွတ္​လို႔ရပါတယ္​ ဒါ​ေပမယ္​့ သူတို႔ရဲ႕အစိတ္​အပိုင္​းတစ္​ခုခုကို ​ေရာစပ္​လိုက္​တဲ့အခါ သူတို႔မွာ႐ွိ​ေနတဲ့အာနိသင္​​ေတြက ​ေရာစပ္​သြားၿပီး အရမ္​းအႏၱရာယ္​ႀကီးလွတဲ့ အဆိပ္​အျဖစ္​ကို​ေျပာင္​းလဲသြားပါတယ္ ... အဆိပ္​မိသြားရင္​ ပထမဆံုး အ​ေၾကာ​ေသသြားၿပီး အိပ္​​​ေမာက်​ေနသလိုျဖစ္​သြား​ေစတယ္​ ၿပီး​ေတာ့မွ ခႏၶာကိုယ္​တြင္​းပိုင္​းကို တစ္​ခုခ်င္​းစီ​ေလာင္​ကြၽမ္​းသြား​ေစတယ္​"

က်ဴးအန္​း ​ေျဖၿပီး​ေနာက္​တြင္​ သမား​ေတာ္​က သူ၏ဂုဏ္​ကိုဆယ္​ယူရန္​အတြက္​ က်ဴးအန္​း ကို သက္​​ေသျပခိုင္​​း​ေသာ္​လည္​း က်ဴးအန္​း မွာ ကူးျမစ္​ႏွင္​့ ထ်န္​းရြက္​တို႔မ႐ွိသျဖင္​့ လုပ္​ရန္​ခက္​ခဲ​ေၾကာင္​း ​ေျပာ​ေလသည္​။ ထိုအခါ က်န္​း႐ွီ က ႐ွာ​ေပးမည္​ဟုဆိုကာ ထြက္​သြား​ေလသည္​။

႐ွာ​ေဖြ​ေနစဥ္​လည္​း အပင္​ႏွစ္​မ်ိဳးလံုးမွာ ​ေပါင္​းပင္​မ်ားသာျဖစ္​​ေသာ္​လည္​း ​ေတြ႔ရန္​ခက္​ခဲ​ေၾကာင္​း က်န္​း႐ွီ သိ႐ွိလိုက္​သည္​။ နာရီအ​ေတာ္​ၾကာ​ေအာင္​႐ွာ​ေဖြၿပီး​ေနာက္​ ​ေတာင္​​ေပၚမွာတြင္​သာ လက္​တစ္​ဆုပ္​အျပည္​့ရ႐ွိခဲ့​ေလသည္​။

အပင္​မ်ားကို က်န္​း႐ွီ ယူလာၿပီး​ေနာက္​တြင္​ က်ဴးအန္​း က အပင္​အစိတ္​အပိုင္​းတစ္​ခုကို​ေရာစပ္​လိုက္​ၿပီး​ေနာက္​ ​ေဆး​ေဖာ္​သူက ယူလိုက္​ကာ မယ္​​ေတာ္​ႀကီး၏အဆိပ္​ႏွင္​့ တူညီမႈ႐ွိမ႐ွိ စစ္​​ေဆးၾကည္​့သည္​့အခါ က်ဴးအန္​း ​ေျပာခဲ့သည္​့အတိုင္​း တစ္​ထပ္​တည္​းက်​ေန​ေလသည္​။

"ငါတို႔ ဘာဆက္​လုပ္​မွာလဲ ... ရဲမက္​​ေတြကို အိမ္​တိုင္​းကို႐ွာ​ေဖြဖို႔ အမိန္​႔​ေပးလိုက္​ရမလား"

က်န္​း႐ွီ ​ေမးသည္​ကို ႐ွန္​း ​ေခါင္​းခါျပရင္​း ....

"ဟြာ အိမ္​​ေတာ္​ကိုအရင္​႐ွာ .. ၿပီးရင္​ စစ္​သူႀကီး ပင္​း ရဲ႕ ညီအိမ္​ကိုသြား"

႐ွန္​း ဆိုလိုသည္​ကို က်န္​း႐ွီ နားလည္​သျဖင္​့ အမိန္​႔ကို နာခံ​ေလသည္​။

ဟြာ အိမ္​​ေတာ္​အႏွံ႔ ႐ွာ​ေဖြၿပီး​ေနာက္​ ကူးျမစ္​ႏွင္​့ ထ်န္​းရြက္​တို႔ကို ​ေတြ႔႐ွိၾကသျဖင္​့ တစ္​မိသားစုလံုးကို ဖမ္​းဆီးလိုက္​သည္​။

​ေခါင္​းျဖတ္​စီရင္​ခံရမည္​့​ေန႔တြင္​ ႐ွန္​း က မိန္​​ေကြ႔ ​ေခၚ က်င္​းရီ ကို ​ေခၚလာၿပီး ဘုရင္​ခံ ဟြာ ကို အ​ေၾကာင္​းစံု​ေျပာ​ေလသည္​။ အဆံုးတြင္​ ဘုရင္​ခံ ဟြာ မ်က္​လံုးမ်ားျပဴးက်ယ္​သြားၿပီး ​ေဒါသတို႔ႏွင္​့ျပည္​့ႏွက္​သြားသည္​။

"ဘာ​ေၾကာင္​့လဲ"

ဘုရင္​ခံ ဟြာ က မိန္​​ေကြ႔ ကို ခက္​ထန္​စြာ​ေမး​သည္​။ သို႔​ေသာ္​ မိန္​​ေကြ႔ မွာ ​ေ႐ွာင္​ဖယ္​သြားသည္​့အျပင္​ ​ေတာင္​းပန္​ျခင္​းလည္​း မျပဳခဲ့​ေပ။

အာဏာပါးကြက္​သားက ဘုရင္​ခံ ဟြာ ​ဦး​ေခါင္​းကို ျဖတ္​လိုက္​ခ်ိန္​တြင္​ သခင္​မ ဟြာ ႏွင္​့ မိန္​​ေကြ႔ တို႔ ​ေၾကာက္​လန္​႔တၾကား​ေအာ္​ဟစ္​လိုက္​ၿပီး ​ေနာက္​တစ္​​ေယာက္​ျဖစ္​ရ​ေတာ့မည္​ကို တုန္​လ​ႈပ္​​ေနၾကသည္​။

ဘုရင္​ခံ ဟြာ ၿပီး​ေနာက္​ သခင္​မ ဟြာ လည္​း ထိုနည္​းတူ စီရင္​ခံရသျဖင္​့ မိန္​​ေကြ႔ လည္​း ႐ွန္​း က သူမကို စီရင္​လိမ္​့မည္​ဟု ​ေတြး​ေနစဥ္​ အာဏာပါးကြက္​သားက ပုလင္​းငယ္​တစ္​လံုးကို ယူလာကာ ​ေသာက္​ခိုင္​း​ေလသည္​။

မိန္​​ေကြ႔ ျငင္​း​ေသာ္​လည္​း ပါးကြက္​သားက အားသံုးကာ ​ေသာက္​​ေစခဲ့သည္​။ သူမအနည္​းငယ္​ ​ေသာက္​မိၿပီး​ေနာက္​တြင္​ ပင္​မအမႈဆိုင္​ရာအမတ္​သစ္​က ....

"သင္​့ကို အခ်စ္​မ်ားသာ ​ေပးသနားခဲ့​ေသာ မယ္​​ေတာ္​ႀကီးအား အဆိပ္​ခတ္​စီရင္​ခဲ့သည္​့အတြက္​ ထပ္​တူမ်ွ​ေသာနာက်င္​မႈကို ခံစား​ေစရမည္​"

ဟု အမိန္​႔စာ​ေၾကညာ​ေလသည္​။

စီရင္​မႈၿပီးဆံုးၿပီး ​တစ္​ပတ္​ၾကာသည္​့အခ်ိန္​တြင္​ ႐ွန္​း က အမတ္​မ်ားကို ညီလာခံသို႔ ဆင္​့​ေခၚ​ေလသည္​။

အမတ္​ ယု ၊ စစ္​သူႀကီး ပင္​း ႏွင္​့ ဟြာ မိသားစုကို ႐ွန္​း စီရင္​ခဲ့သည္​့အ​ေၾကာင္​းစံုကို ၾကားသိထားၾကသျဖင္​့ အမတ္​မ်ား စကားဟရန္​ပင္​ ​ေၾကာက္​လန္​႔​ေနၾကသည္​။

ညီလာခံလုပ္​သည္​့အခါတိုင္​းတြင္​ ႐ွန္​း က တစ္​ဦးတစ္​​ေယာက္​ခ်င္​းစီ၏ အလုပ္​ႏွင္​့ ပိုင္​ဆိုင္​သည့္​ပစၥည္​းမ်ားအ​ေၾကာင္​း တင္​ျပရန္​ မိန္​႔​ေလသည္​။

ဘ႑ာ​ေရးဆိုင္​ရာအမတ္​ႀကီး၏ ​ေလ်ွာက္​တင္​ခ်က္​အၿပီး ထိုင္​ရန္​ျပင္​ခ်ိန္​တြင္​ ႐ွန္​း က ....

"အမတ္​ႀကီး ရန္​တိုင္​ .. ဒီနံပါတ္​​ေတြက ထူးဆန္​း​ေနတယ္​လို႔မထင္​ဘူးလား"

အမတ္​ ရန္​တိုင္​ လည္​း တုန္​လႈပ္​သြားတာ ...

"အ႐ွင္...အ႐ွင္​မင္​းႀကီး .. ကြၽန္​​ေတာ္​မ်ိဳး အမွားလုပ္​မိတာျဖစ္​ပါလိမ္​့မယ္​ ... ကြၽန္​​ေတာ္​မ်ိဳး ျပန္​တြက္​ခ်က္​ၿပီး အ႐ွင္​မင္​းႀကီးကို ျပန္​လည္​​ေလ်ွာက္​တင္​ပါ့မယ္​"

႐ွန္​း လည္​း ျပံဳးျပကာ ....

"​ေကာင္​းၿပီ .. ကိုယ္​​ေတာ္​လည္​း ​ေတာ္ဝင္​​အခြန္​​ေငြ​ေတြစစ္​​ေဆးဖို႔အတြက္​ စာရင္​းစစ္​တစ္​​ေယာက္​ လြတ္​​ေပးလိုက္​မယ္​ ... ဒီသံုးရက္​အတြင္​း အမွား​ေတြကို ျပန္​ျပင္​ထားပါ"

အမတ္​ ရန္​တိုင္​ လည္​း တုန္​ယင္​လ်က္​ ​ေက်းဇူးတင္​​ေၾကာင္​း ​ေလ်ွာက္​​ေလသည္​။

အမတ္​ ရန္​တိုင္​ မွာလည္​း တံုးအသူမဟုတ္​၊ ႐ွန္​း တိုက္​႐ိုက္​မ​ေျပာ​ေသာ္​လည္​း ​ေတာ္​ဝင္​အခြန္​​ေငြမ်ားမွာ အရပ္​သားမ်ား၏ အခြန္​​ေငြတို႔ထက္​ ​​ေလ်ာ့နည္​း​ေနမည္​ကို ႐ွန္​း သိ​ေနလိမ္​့မည္​ဟု သတိျပဳမိၿပီး လစ္​ဟာ​ေန​ေသာ​ေငြပမာဏကို မည္​သို႔ျဖည္​့စြက္​ရမည္​ကို ​ေတြး​ေနမိသည္​။

အကယ္​၍ ကိုယ္​တိုင္​သာ​ျဖည္​့​ေပးလိုက္​လ်ွင္​ ဘာမွက်န္​​ေတာ့မည္​မဟုတ္​​ေပ။ အမတ္​ ရန္​တိုင္​ လည္​း သက္​ျပင္​းခ်ကာ ကိုယ္​့ကိုယ္​ကို က်ိန္​ဆဲမိၿပီး မိမိ​ေနရာတြင္​သာ ျပန္​ထိုင္​​ေလသည္​။

အမတ္​ ရန္​တိုင္​ ၏ ျပႆနာကို အားလံုးမ်က္​ျမင္​​ေတြ႔လိုက္​ၾကသျဖင္​့ က်န္​​ေသာသူတို႔သည္​လည္​း ႐ွန္​း ကို ​ေလ်ွာက္​တင္​ရန္​ျပင္​ဆင္​ခဲ့သည္​တို႔ကို ျပန္​လည္​ျပဳျပင္​​ေန​ေတာ့သည္​။

႐ွန္​း သည္​လည္​း အားလံုးကို ျပင္​ဆင္​ခ်ိန္​​ေပးထား​လိုက္​​ေလသည္​။

​ေနာက္​ဆံုးတြင္​ အမတ္​ ခ်န္​း အလွည္​့သို႔​ ​ေရာက္​လာသည္​။ အျခား​ေသာအမတ္​တို႔ႏွင္​့ ကြဲျပားစြာ အမတ္​ ခ်န္​း သည္​ လာဘ္​ထိုးခဲ့သည္​တို႔ကို မယူခဲ့သျဖင္​့ စိုးရိမ္​ပူပန္​ျခင္​းမ႐ွိဘဲ ႐ွန္​း ကို အျမန္​​ေလ်ွာက္​တင္​​ေလသည္​။ သို႔​ေသာ္​ ႐ွန္​း မွာ အျခားတစ္​စံုတစ္​ရာကို​ေတြးမိသျဖင္​့ အမတ္​ ခ်န္​း ကို မထိုင္​​ေစ​ေသးဘဲ ​ေမး​ေလသည္​။

"အမတ္​ ခ်န္​း ရဲ႕ တာဝန္​က ဘာလဲ"

အမတ္​ ခ်န္​း က အျမန္​ပင္​ ...

"လူတန္​းစားအားလံုးအတြက္​ စီးပြားကုန္​သြယ္​​ေရးမွာ မ်ွတမႈ႐ွိ​ေအာင္​ လုပ္​​ေပးရတာပါ"

႐ွန္​း မွာ မ်က္​ႏွာပံုစံလံုးဝမ​ေျပာင္​းဘဲ ....

"အမတ္​ ခ်န္​း က တရားဝင္​လုပ္​ငန္​းရဲ႕​ေငြ​ေၾကး​ေတြကို အလြယ္​တကူ ရယူႏိုင္​တယ္​လို႔ ကိုယ္​​ေတာ္​ ၾကားသိခဲ့ရတယ္​ ... အဲဒါ မဟုတ္​ပါ​ေစနဲ႔လို႔ ​ေမ်ွည္​လင္​့တယ္​"

႐ွန္​း ၏ စကားတို႔​ေၾကာင္​့ အမတ္​ ခ်န္​း မ်က္​လံုးတို႔ ျပဴးက်ယ္​ကာ ထိုကဲ့သို႔ မလုပ္​ဖူး​ေၾကာင္​း အျမန္​​ေလ်ွာက္​တင္​​ေလသည္​။

T/N :....

အရမ္​းႀကီး အမ်ားႀကီးကို ၾကာသြားတာပဲ​ေနာ္​ .. ဒီဘာသာျပန္​သူႀကီး ႐ိုက္​သတ္​ဖို႔​ေကာင္​းတယ္​ ... တကယ္​ႀကီးမလုပ္​နဲ႔​ေနာ္​ .. ဟီး

ၿပီးခဲ့တဲ့တစ္​ပတ္​လံုးနီးပါး ပြဲ​ေတြဆက္​​ေနခဲ့​ေတာ့ အခ်ိန္​အမ်ားႀကီးယူလိုက္​ရတာ​ေၾကာင္​့ ဒါ​ေလး​ေတြကို အခ်ိန္​မ​ေပးႏိုင္ဘူးျဖစ္​သြားတယ္​ ​ေတာင္​းပန္​ပါတယ္​​ေနာ္​ ... 😊😘

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

●●●Unicode●●●

အိုက်ရှင်း ကို ရှန်း ခိုင်မြဲစွာဖက်ထားရင် အိပ်မောကျနေချိန်တွင် လုယီ နှင့် အနောက်မှစိတ်ပူလျက်လိုက်လာသော ကျန်းရှီ တို့ အခန်းဝင်လာကြသည်။

မနက်အစောပိုင်းတွင် လုယီ သည် အိုက်ရှင်း ထံ သွားမည်ကို ကျန်းရှီ သိလိုက်သဖြင့် အိုက်ရှင်း တို့ နိုးထလာမည့်အချိန်ထိ စောင့်ရန် ပြောသော်လည်း လုယီ နားမထောင်။ ကျူးအန်း ကိုပါ အတူခေါ်သွားလိုသော်ငြား ကျူးအန်း က ငြင်းဆန်သဖြင့် လုယီ တစ်ယောက်တည်းထွက်လာရန်ဆုံးဖြတ်လိုက်ပြီး ကျန်းရှီ ကလည်း အနောက်မှလိုက်လာခဲ့သည်။

လုယီ နှင့် ကျန်းရှီ တို့ အခန်းထဲရောက်သွားချိန်တွင် ခါးအထိသာ ခြုံစောင်လွှမ်းထားသော ရှန်း နှင့် အိုက်ရှင်း တို့ကို ဝတ်လစ်စလစ်နှင့်တွေ့လိုက်ရသည်။ လုယီ မျက်မှောင်ကြုတ်ကြည့်ပြီး တစ်ခုခုပြောရန်ပြင်စဉ် ကျန်းရှီ က ရှန်း ဒေါသထွက်နိုင်ကြောင်းကို တွေးမိသဖြင့် လုယီ ပါးစပ်ကို အသာအုပ်ပြီး အပြင်သို့ဆွဲသို့လာခဲ့သည်။

အချိန်အနည်းကြာပြီးနောက်တွင် အိုက်ရှင်း က လုယီ နှင့် ကျူးအန်း ထံသို့ သွားလိုကြောင်းပြောသဖြင့် ရှန်း လည်း အတူလိုက်လာခဲ့သည်။

ရောက်လာကြသည့်အချိန်တွင် လုယီ မျက်နှာအလိုမကျဟန်ဖြစ်နေသောကြောင့် အိုက်ရှင်း က အနားကပ်ရင်း နေကောင်းမကောင်းကို မေးလေသည်။ အိုက်ရှင်း ၏ ချစ်စရာမျက်နှာလေးကို မြင်လိုက်ရသဖြင့် လုယီ ပြုံးကာ ထွေးပွေ့လိုက်ရင်း အဆင်ပြေကြောင်း ပြောလေသည်။

အိုက်ရှင်း ကို ဖက်ထားရင်းနှင့် လုယီ က ရှန်း ကို စိတ်ကျေနပ်သည့်အပြုံးနှင့်ကြည့်ကာ သရော်လိုက်သည်။ ရှန်း စိတ်ထဲတွင်လည်း လုံးဝမနှစ်သက်သဖြင့် မျက်တောင်တစ်ဖြတ်ခတ်ချိန်ပင်မရလိုက်ခင် အိုက်ရှင်း မှာ ရှန်း ၏ သန်မာသောလက်အစုံကြား နစ်မြှုပ်နေလေသည်။

"ဟို ... ရှန်း အဆင်ပြေရဲ့လားဟင်"

အိုက်ရှင်း က မျက်ဝန်းရွဲလေးများဖြင့် ရှန်း ကို မော့ကြည့်ကာ စိုးရိမ်တကြီးမေးလေသည်။

ရှန်း မျက်မှောင်ကြုတ်လျက် အိုက်ရှင်း ကြည့်ရင်း မေးလိုက်သည်။

"ယုန်လေး ... ဒီကမ္ဘာပေါ်မှာ မင်းငါ့ကို အချစ်ဆုံးမလား"

ရှန်း အမေးကို အိုက်ရှင်း ရယ်လိုက်မိကာ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။

ထိုအခါ အိုက်ရှင်း နဖူးပေါ်ကို ရှန်း နူးညံ့စွာ နမ်းရှိုက်ရင်း တင်းကျပ်စွာပွေ့ဖက်ထားပြီး လုယီ ကို လှောင်ပြုံးနှင့်ကြည့်လိုက်လေသည်။

အိုက်ရှင်း ကို ရှန်း တစ်သက်လုံးထွေးပွေ့ထားချင်သော်လည်း အိုက်ရှင်း ဆန္ဒကိုမူ မတားဆီးရက်ပေ။ ထို့ကြောင့် လုယီ နှင့် ကျူးအန်း တို့အနား အိုက်ရှင်း ထိုင်လိုသဖြင့် ရှန်း စိတ်မပါဘဲလွတ်ပေးလိုက်ရသည်။

အိုက်ရှင်း ကို ရှန်း ပွေ့ချီရန်တွေးကာ ပြင်လိုက်သော်လည်း ကျန်းရှီ က အခြားအခန်းတစ်ခန်းထဲသို့ ဆွဲခေါ်သွားလေသည်။

"ဘာဖြစ်တာလဲ"

ရှန်း မာထန်စွာမေးသည်ကို ကျန်းရှီ လှောင်ရယ်လျက် ပြောလေသည်။

"သဝန်တိုနေတာလား ... ဟားဟားဟား .. သတိထားပါ .. လူတွေ ရူးသွားတဲ့အဓိကအကြောင်းရင်းတွေထဲကတစ်ခုက မျက်စိအောက်ကနေ မပျောက်မခံဘဲကပ်နေလွန်းလို့တဲ့"

ရှန်း အကြည့်စူးစူးနှင့်ကြည့်ပြီး ထွက်ရန်လုပ်တော့မှသာ ကျန်းရှီ လည်း တားလိုက်ပြီး ပြောလိုသည်ကို ပြောပြလိုက်သည်။

"ငါက နောက်တာပါ ... ငါ့ကြောင်လေးနဲ့ စကားပြောပြီးပြီ .. သူပြောတာ ကျူးအန်း က အရမ်းတော်တဲ့ဆေးဖော်သမားတဲ့ ... အိုက်ရှင်း ကိုလည်း သူပဲကုပေးခဲ့တာ .. မင်းမယ်တော်ရဲ့အဆိပ်ကိုလည်း သူဆုံးဖြတ်ပေးနိုင်မယ်လို့ထင်တယ်"

ကျန်းရှီ ပြောသည့်အကြောင်းကို ရှန်း စဉ်းစားပြီးနောက် လက်ခံကာ ကျူးအန်း ကို အကူအညီတောင်းရန် ကျန်းရှီ ကို ပြောလေသည်။ ထို့နောက် အိုက်ရှင်း တို့ရှိရာအခန်းကို ပြန်ဝင်ရန်လှည့်ပြီးနောက် ကျန်းရှီ ကို ပြန်ကြည့်လိုက်ပြီး ....

"ဒါနဲ့ မင်းရဲ့ကြောင်လေးက ကျားကြီးနော် ... ငါသာ မင်းနေရာမှာဆို သတိထားမှာ ... ငါတောင်မင်းကို ဘယ်လောက်ပဲစိတ်ရှုပ်နေပေမယ့် ... မင်းကို အစားခံရမှာစိုးလို့ ပြောတာ"

-----------------------------------------------------------

ရှန်း ၏ မယ်တော်အဆိပ်မိနေပြီး အခုထိ အဆိပ်ကို မတွေ့သေးဟု ကျူးအန်း ကို ပြောပြီးနောက် ကျူးအန်း လည်း ကူညီရန် လက်ခံလိုက်သည်။

ဆေးဝါးတို့ကို စမ်းသပ်ပြီး သမားတော်နှင့် ဆေးဖော်သူတို့၏ နှိမ်ချအထင်သေးသော လှောင်ရယ်သည့်အကြည့်တို့ကို ဂရုမစိုက်ဘဲ နှစ်ရက်တာမျှ စစ်ဆေးပြီးနောက် အဆိပ်ကိုရှာတွေ့သွားပြီး ကျန်းရှီ နှင့် ရှန်း တို့ကို ချက်ချင်းအကြောင်းကြားလေသည်။

"ဒီအဆိပ်က ကူးမြစ်နဲ့ ထျန်းရွက်တို့ ပေါင်းစပ်ပြီးတော့ လုပ်ထားတာပါ"

"ဟား .. အရှင်မင်းကြီးကို လိမ်ရဲရသလား .. ကူးမြစ်နဲ့ ထျန်းရွက်က ဘာအဆိပ်မှမရှိဘူးဆိုတာ လူတိုင်းသိတယ် ... ပြီးတော့ သူတို့မှာ ဆေးဖက်ဆိုင်ရာအစွမ်းလည်းမရှိဘူး ... ပေါင်းပင်အဆင့်ပဲရှိတယ်"

ကျူးအန်း က ယဉ်ကျေးစွာပြောသည်ကို သမားတော်က မောက်မာစွာ ဝင်ပြောလေသည်။ သမားတော်စကားကို ဂရုမထားဘဲ ကျူးအန်း ကိုသာ ဆက်ပြောရန် ရှန်း အချက်ပြလိုက်သည်။

"သမားတော်ပြောတာမှန်ပါတယ် ... နှစ်ပင်လုံးက ပေါင်းပင်လို့တောင် သတ်မှတ်လို့ရပါတယ် ဒါပေမယ့် သူတို့ရဲ့အစိတ်အပိုင်းတစ်ခုခုကို ရောစပ်လိုက်တဲ့အခါ သူတို့မှာရှိနေတဲ့အာနိသင်တွေက ရောစပ်သွားပြီး အရမ်းအန္တရာယ်ကြီးလှတဲ့ အဆိပ်အဖြစ်ကိုပြောင်းလဲသွားပါတယ် ... အဆိပ်မိသွားရင် ပထမဆုံး အကြောသေသွားပြီး အိပ်မောကျနေသလိုဖြစ်သွားစေတယ် ပြီးတော့မှ ခန္ဓာကိုယ်တွင်းပိုင်းကို တစ်ခုချင်းစီလောင်ကျွမ်းသွားစေတယ်"

ကျူးအန်း ဖြေပြီးနောက်တွင် သမားတော်က သူ၏ဂုဏ်ကိုဆယ်ယူရန်အတွက် ကျူးအန်း ကို သက်သေပြခိုင်းသော်လည်း ကျူးအန်း မှာ ကူးမြစ်နှင့် ထျန်းရွက်တို့မရှိသဖြင့် လုပ်ရန်ခက်ခဲကြောင်း ပြောလေသည်။ ထိုအခါ ကျန်းရှီ က ရှာပေးမည်ဟုဆိုကာ ထွက်သွားလေသည်။

ရှာဖွေနေစဉ်လည်း အပင်နှစ်မျိုးလုံးမှာ ပေါင်းပင်များသာဖြစ်သော်လည်း တွေ့ရန်ခက်ခဲကြောင်း ကျန်းရှီ သိရှိလိုက်သည်။ နာရီအတော်ကြာအောင်ရှာဖွေပြီးနောက် တောင်ပေါ်မှာတွင်သာ လက်တစ်ဆုပ်အပြည့်ရရှိခဲ့လေသည်။

အပင်များကို ကျန်းရှီ ယူလာပြီးနောက်တွင် ကျူးအန်း က အပင်အစိတ်အပိုင်းတစ်ခုကိုရောစပ်လိုက်ပြီးနောက် ဆေးဖော်သူက ယူလိုက်ကာ မယ်တော်ကြီး၏အဆိပ်နှင့် တူညီမှုရှိမရှိ စစ်ဆေးကြည့်သည့်အခါ ကျူးအန်း ပြောခဲ့သည့်အတိုင်း တစ်ထပ်တည်းကျနေလေသည်။

"ငါတို့ ဘာဆက်လုပ်မှာလဲ ... ရဲမက်တွေကို အိမ်တိုင်းကိုရှာဖွေဖို့ အမိန့်ပေးလိုက်ရမလား"

ကျန်းရှီ မေးသည်ကို ရှန်း ခေါင်းခါပြရင်း ....

"ဟွာ အိမ်တော်ကိုအရင်ရှာ .. ပြီးရင် စစ်သူကြီး ပင်း ရဲ့ ညီအိမ်ကိုသွား"

ရှန်း ဆိုလိုသည်ကို ကျန်းရှီ နားလည်သဖြင့် အမိန့်ကို နာခံလေသည်။

ဟွာ အိမ်တော်အနှံ့ ရှာဖွေပြီးနောက် ကူးမြစ်နှင့် ထျန်းရွက်တို့ကို တွေ့ရှိကြသဖြင့် တစ်မိသားစုလုံးကို ဖမ်းဆီးလိုက်သည်။

ခေါင်းဖြတ်စီရင်ခံရမည့်နေ့တွင် ရှန်း က မိန်ကွေ့ ခေါ် ကျင်းရီ ကို ခေါ်လာပြီး ဘုရင်ခံ ဟွာ ကို အကြောင်းစုံပြောလေသည်။ အဆုံးတွင် ဘုရင်ခံ ဟွာ မျက်လုံးများပြူးကျယ်သွားပြီး ဒေါသတို့နှင့်ပြည့်နှက်သွားသည်။

"ဘာကြောင့်လဲ"

ဘုရင်ခံ ဟွာ က မိန်ကွေ့ ကို ခက်ထန်စွာမေးသည်။ သို့သော် မိန်ကွေ့ မှာ ရှောင်ဖယ်သွားသည့်အပြင် တောင်းပန်ခြင်းလည်း မပြုခဲ့ပေ။

အာဏာပါးကွက်သားက ဘုရင်ခံ ဟွာ ဦးခေါင်းကို ဖြတ်လိုက်ချိန်တွင် သခင်မ ဟွာ နှင့် မိန်ကွေ့ တို့ ကြောက်လန့်တကြားအော်ဟစ်လိုက်ပြီး နောက်တစ်ယောက်ဖြစ်ရတော့မည်ကို တုန်လှုပ်နေကြသည်။

ဘုရင်ခံ ဟွာ ပြီးနောက် သခင်မ ဟွာ လည်း ထိုနည်းတူ စီရင်ခံရသဖြင့် မိန်ကွေ့ လည်း ရှန်း က သူမကို စီရင်လိမ့်မည်ဟု တွေးနေစဉ် အာဏာပါးကွက်သားက ပုလင်းငယ်တစ်လုံးကို ယူလာကာ သောက်ခိုင်းလေသည်။

မိန်ကွေ့ ငြင်းသော်လည်း ပါးကွက်သားက အားသုံးကာ သောက်စေခဲ့သည်။ သူမအနည်းငယ် သောက်မိပြီးနောက်တွင် ပင်မအမှုဆိုင်ရာအမတ်သစ်က ....

"သင့်ကို အချစ်များသာ ပေးသနားခဲ့သော မယ်တော်ကြီးအား အဆိပ်ခတ်စီရင်ခဲ့သည့်အတွက် ထပ်တူမျှသောနာကျင်မှုကို ခံစားစေရမည်"

ဟု အမိန့်စာကြေညာလေသည်။

စီရင်မှုပြီးဆုံးပြီး တစ်ပတ်ကြာသည့်အချိန်တွင် ရှန်း က အမတ်များကို ညီလာခံသို့ ဆင့်ခေါ်လေသည်။

အမတ် ယု ၊ စစ်သူကြီး ပင်း နှင့် ဟွာ မိသားစုကို ရှန်း စီရင်ခဲ့သည့်အကြောင်းစုံကို ကြားသိထားကြသဖြင့် အမတ်များ စကားဟရန်ပင် ကြောက်လန့်နေကြသည်။

ညီလာခံလုပ်သည့်အခါတိုင်းတွင် ရှန်း က တစ်ဦးတစ်ယောက်ချင်းစီ၏ အလုပ်နှင့် ပိုင်ဆိုင်သည့်ပစ္စည်းများအကြောင်း တင်ပြရန် မိန့်လေသည်။

ဘဏ္ဍာရေးဆိုင်ရာအမတ်ကြီး၏ လျှောက်တင်ချက်အပြီး ထိုင်ရန်ပြင်ချိန်တွင် ရှန်း က ....

"အမတ်ကြီး ရန်တိုင် .. ဒီနံပါတ်တွေက ထူးဆန်းနေတယ်လို့မထင်ဘူးလား"

အမတ် ရန်တိုင် လည်း တုန်လှုပ်သွားတာ ...

"အရှင်...အရှင်မင်းကြီး .. ကျွန်တော်မျိုး အမှားလုပ်မိတာဖြစ်ပါလိမ့်မယ် ... ကျွန်တော်မျိုး ပြန်တွက်ချက်ပြီး အရှင်မင်းကြီးကို ပြန်လည်လျှောက်တင်ပါ့မယ်"

ရှန်း လည်း ပြုံးပြကာ ....

"ကောင်းပြီ .. ကိုယ်တော်လည်း တော်ဝင်အခွန်ငွေတွေစစ်ဆေးဖို့အတွက် စာရင်းစစ်တစ်ယောက် လွတ်ပေးလိုက်မယ် ... ဒီသုံးရက်အတွင်း အမှားတွေကို ပြန်ပြင်ထားပါ"

အမတ် ရန်တိုင် လည်း တုန်ယင်လျက် ကျေးဇူးတင်ကြောင်း လျှောက်လေသည်။

အမတ် ရန်တိုင် မှာလည်း တုံးအသူမဟုတ်၊ ရှန်း တိုက်ရိုက်မပြောသော်လည်း တော်ဝင်အခွန်ငွေများမှာ အရပ်သားများ၏ အခွန်ငွေတို့ထက် လျော့နည်းနေမည်ကို ရှန်း သိနေလိမ့်မည်ဟု သတိပြုမိပြီး လစ်ဟာနေသောငွေပမာဏကို မည်သို့ဖြည့်စွက်ရမည်ကို တွေးနေမိသည်။

အကယ်၍ ကိုယ်တိုင်သာဖြည့်ပေးလိုက်လျှင် ဘာမှကျန်တော့မည်မဟုတ်ပေ။ အမတ် ရန်တိုင် လည်း သက်ပြင်းချကာ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိပြီး မိမိနေရာတွင်သာ ပြန်ထိုင်လေသည်။

အမတ် ရန်တိုင် ၏ ပြဿနာကို အားလုံးမျက်မြင်တွေ့လိုက်ကြသဖြင့် ကျန်သောသူတို့သည်လည်း ရှန်း ကို လျှောက်တင်ရန်ပြင်ဆင်ခဲ့သည်တို့ကို ပြန်လည်ပြုပြင်နေတော့သည်။

ရှန်း သည်လည်း အားလုံးကို ပြင်ဆင်ချိန်ပေးထားလိုက်လေသည်။

နောက်ဆုံးတွင် အမတ် ချန်း အလှည့်သို့ ရောက်လာသည်။ အခြားသောအမတ်တို့နှင့် ကွဲပြားစွာ အမတ် ချန်း သည် လာဘ်ထိုးခဲ့သည်တို့ကို မယူခဲ့သဖြင့် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ရှန်း ကို အမြန်လျှောက်တင်လေသည်။ သို့သော် ရှန်း မှာ အခြားတစ်စုံတစ်ရာကိုတွေးမိသဖြင့် အမတ် ချန်း ကို မထိုင်စေသေးဘဲ မေးလေသည်။

"အမတ် ချန်း ရဲ့ တာဝန်က ဘာလဲ"

အမတ် ချန်း က အမြန်ပင် ...

"လူတန်းစားအားလုံးအတွက် စီးပွားကုန်သွယ်ရေးမှာ မျှတမှုရှိအောင် လုပ်ပေးရတာပါ"

ရှန်း မှာ မျက်နှာပုံစံလုံးဝမပြောင်းဘဲ ....

"အမတ် ချန်း က တရားဝင်လုပ်ငန်းရဲ့ငွေကြေးတွေကို အလွယ်တကူ ရယူနိုင်တယ်လို့ ကိုယ်တော် ကြားသိခဲ့ရတယ် ... အဲဒါ မဟုတ်ပါစေနဲ့လို့ မျေှည်လင့်တယ်"

ရှန်း ၏ စကားတို့ကြောင့် အမတ် ချန်း မျက်လုံးတို့ ပြူးကျယ်ကာ ထိုကဲ့သို့ မလုပ်ဖူးကြောင်း အမြန်လျှောက်တင်လေသည်။

T/N :.....

အရမ်းကြီး အများကြီးကို ကြာသွားတာပဲနော် .. ဒီဘာသာပြန်သူကြီး ရိုက်သတ်ဖို့ကောင်းတယ် ... တကယ်ကြီးမလုပ်နဲ့နော် .. ဟီး

ပြီးခဲ့တဲ့တစ်ပတ်လုံးနီးပါး ပွဲတွေဆက်နေခဲ့တော့ အချိန်အများကြီးယူလိုက်ရတာကြောင့် ဒါလေးတွေကို အချိန်မပေးနိုင်ဘူးဖြစ်သွားတယ် တောင်းပန်ပါတယ်နော် ... 😊😘

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

Continue Reading

You'll Also Like

3.9K 332 8
Start Date(1.12.20) End date (......)
111K 16.7K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
2.2M 146K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.2M 41.9K 61
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd