ကန္တာရ ကချေသည် (Myanmar Transl...

By Anniehaythar

19.7K 911 41

နှလုံးသားဒဏ်ရာဗရပွနဲ့ စိတ်ဓာတ်ကျနေတဲ့ မင်းသားတစ်ပါးနဲ့ စိုးရိမ်ထိတ်လန့်စရာ အတိတ်တွေရှိတဲ့ ဓားသွားကချေသည်လေးတ... More

အပိုင်း(၂)
အပိုင်း(၃)

အပိုင်း(၁)

12.3K 395 9
By Anniehaythar


လူတွေ အုတ်အုတ်ကျက်ကျက်နဲ့
စိတ်ဝင်တစား ဝိုင်းလာကြပြီ....!!
ဒါပဲပေါ့....။

ဒီအရာဟာ အသက်ရှင်ရပ်တည်ဖို့အတွက်
ကျွန်တော်လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုပါ....။
လူအများ စိတ်ပါဝင်စားအောင် နည်းနည်းတော့
ဆွဲဆောင်ရတာပေါ့....။
ခြေသလုံးအိမ်တိုင် ကချေသည်တစ်ယောက်အနေနဲ့
လေးလေးနက်နက် လုပ်ဆောင်ရတဲ့အရာတွေထဲမှာ
ကျွန်တော် ကျွမ်းကျင်သော ကခြင်းအလုပ်လည်း တစ်ခုအပါအဝင်ဖြစ်သည် ။
တောက်ပသော အပြုံးများကလည်း အဆစ်သဘောအနေနှင့်ပါသေးသည်လေ ။

နည်းနည်းတော့ ကိုးရိုးကားယား နိုင်ပေမယ့်
ကျွန်တော်က ဟန်ချက်ကိုလည်း ထိန်းထားနိုင်သေးတယ်ဗျ....!

ကျွန်တော့်မှာ နောက်ထပ်အလုပ်တစ်ခုရှိသေးသည်.......
၎င်းကတော့ ထွက်ပြေးခြင်းပင်ဖြစ်သည်.....။
ကျွန်တော်သည် အရှောင်အပုန်းလည်း အမှန်တကယ်
ကျွမ်းကျင်သည် ...။
မြို့တစ်မြို့တွင် တစ်ရက်နေပြီးလျှင် နောက်တစ်နေ့
ထိုမြို့တွင် ကျွန်တော့်ကို ရှာလို့တွေ့မည် မဟုတ်တော့ပါ..... ။
တစ်နေရာထဲတွင် မနေသည့်အတွက် အခက်အခဲတော့
နည်းနည်း ရှိသည်.....။
ကျွန်တော် သဘောကျမိသောလူများရှိပေမယ့်လည်း.....

မည်သူ့ထံတွင်မှ ကျွန်တော် မနေဖြစ်.....။

ထိုကြောင့်လည်း အားလုံးနှင့်ခပ်တန်းတန်းသာ နေသည် ။
အမှန်တကယ်တော့ ကျွန်တော်သည် ကြင်နာတတ်ပြီးခင်တတ်သော ပုံစံမျိုးကို သရုပ်ဆောင်သောနေရာမှာ အလွန် တော်ပါသည်.....။
ဤသို့ဖြင့် ကျွန်တော် လိမ်တတ်လာခဲ့သည် ။
လိမ်ခြင်းသည် အလွန်လွယ်ကူသော အလုပ်ဖြစ်သည်...။
အထူးသဖြင့် ကျွန်တော့်ကို လူအများ မမှတ်မိသောအချိန်တွင် ပို၍ထိရောက်သည်...။

ကျွန်တော် တစ်ခါမျှ မလုပ်ဖူးသောအလုပ်လည်း ရှိသေးသည် ။
၎င်းကတော့ ခိုးခြင်းပင်....။
ကျွန်တော် တစ်ခါတော့ ကြိုးစားကြည့်ဖူးသည်.....
သို့ပေမယ့်လည်း အောင်မြင်အောင် မလုပ်နိုင်ခဲ့....။
နောက်ဆုံးမှာတော့ ကျွန်တော် လုပ်နိုင်သောအရာကိုသာလျှင်
စိတ်နှစ်ထားလိုက်တော့သည်....။
ဤအရာကတော့ ကခြင်းပင် ဖြစ်သည်.....!
မည်သည့်ကကွက်နှင့်မျှ မတူသော ကခြင်းမျိုးပါ.......!!!ဒီလို
ကကွက်မျိုးကို ဓားသွားများနဲ့ကခုန်ခြင်းလို့ ခေါ်သည်.... ။

ငယ်စဉ်ကတည်းက ကျွန်တော် မြင်ဖူးထားတော့
ကရသောအခါတွင်လည်း နည်းနည်းတော့ လွယ်သွားတာပေါ့....။
ဤကဲ့သို့ ကခြင်းသည်အသက်အန္တရာယ်နှင့် နီးသော်လည်း
ကကွက်များသည် အမှန်တကယ်ကိုပင် လှပလှသည်...... ။

အဖျားကောက်နေသော ဓားနှစ်လက်ကို ကျွန်တော် ဟန်ပါပါကိုင်ထားလိုက်သည် ။
ငွေရောင်တောက်နေသော ဓားသွားများသည် ပူပြင်းသော
နေရောင်အောက်မှာ တဖျတ်ဖျတ်လူးလွန့်နေရဲ့....။
ရွှေရောင်လက်ကိုင်မှာတော့ ကျောက်မျက်ရတနာများနှင့်
လက်ရာမြောက်စွာ ထုလုပ်ထားသည် ။
လက်ကိုင်သောနေရာအပေါ်တွင် လှပသော ပန်းဖွားလေးများချည်နှောင်ကာ အလှဆင်ထားသေးသည် ။
ကျွန်တော့်ခန္ဓာကိုယ်ကို ရပ်နေရာမှ တစ်ဖက်သို့ ယိမ်းနွဲ့ကာ
အလိုက်သင့်စီးမျောလိုက်သည် ။
ကိုယ်ကို နောက်သို့ ကွေးညွတ်ဖို့အတွက် ခြေထောက်တစ်ဖက်ကို
မကာ ဟန်ချက်ညီအောင် ထိန်းထားလိုက်သည် ။
ကျွန်တော် လုပ်သောပုံစံကို မဖြစ်နိုင်ဟု ထင်ချင်လျှင်လည်း
ထင်နိုင်ပါသည် ။
သို့သော်လည်း ကျွန်တော့်အတွက်တော့ ဤအရာက အလွန်လွယ်ကူလွန်းသည် ။
အခြားတစ်ယောက်ဆိုလျှင်တော့ လဲကျကောင်း လဲကျသွားနိုင်ပါသည် ။
တစ်ဖန် ခေါင်းကိုမော့ကာ ခါးကို ဖြည်းဖြည်းချင်း လှန်ချပြီး
လက်တစ်ဖက်တွင် ကိုင်ထားသော ဓားကို သဲပြင်ပေါ်တွင်
ထောက်ချကာ ဖြည်းဖြည်းလေး ပွတ်ဆွဲရင်း အခြားလက်တစ်ဖက်ကို
အပေါ်သို့ မြှောက်ကာ ဟန်ချက်ထိန်းညှိလိုက်သည် ။

ကိုယ်ပေါ်တွင် ချိတ်ဆွဲထားသော ငွေပြားလေးတွေကလည်း
ကျွန်တော့်စည်းချက်အတိုင်း အချင်းချင်းရိုက်ခတ်ကာ သာယာနာပျော်ဖွယ် အသံပေးနေကြသည် ။
ခန္ဓာကို လှန်ထားရာကနေ ပြန်မလိုက်တဲ့အခါ
ကြွက်သားတွေဟာ ခပ်တင်းတင်း တစ်ချက်တော့ ဖြစ်သွားသည် ။

ခြေဖဝါးကို အားပြုပြီးတော့ ဘယ်ဖက်ကနေ ညာဖက်ကို
စက်ဝိုင်းကြီးတစ်ခုပုံစံလုပ်ရန် ခန္ဓာ အပေါ်ပိုင်းကို
အားပြုလှည့်ရင်း ခြေထောက်နှစ်ချောင်းကိုလည်း ဟန်ချက်ညီအောင်
ထိန်းထားရသေးသည် ။
ကျွန်တော် စလှည့်တာနဲ့ ကြည့်နေတဲ့လူအုပ်ကြီးဆီမှ
သဘောကျနှစ်သက်သော အသံများထွက်လာကြသည် ။
ပုံစံတစ်မျိုးထပ်ပြောင်းရန်အတွက် ခြေထောက်တစ်ဖက်ကို
အခြားတစ်ဖက်သို့ ရွှေ့လိုက်စဉ်မှာလည်း ကျွန်တော့်နှုတ်ခမ်းပေါ်က
အပြုံးတွေက အသက်ဝင်အောင် ဖန်တီးနေဆဲ....

ဒီအချိန်မှာ ကျွန်တော့်ဖျော်ဖြေရေးကို နောက်တစ်ခေါက် ထပ်ပြီး
မလုပ်နိုင်အောင် နှောင့်ယှက်မည့်တစ်စုံတစ်ရာက
ပေါ်ပေါက်လာခဲ့သည် ။
လူတွေရဲ့အသံ....!!
ရုတ်တရက် ဘေးဖက်ကို ခပ်ကြမ်းကြမ်းရွေ့သွားတဲ့အသံကို
ကျွန်တော် သတိထားလိုက်မိသည် ။

သူတို့ ကျွန်တော့်အနီးသို့မရောက်မီ အနီရောင်ခါးစည်းစတွေကို ရိပ်ခနဲ
လှမ်းမြင်လိုက်ရသည် ။
စိတ်အနှောင့်အယှက်ဖြစ်သွားခြင်းနှင့်အတူ ဓားတွေကို
စုကိုင်လိုက်ကာ အရိုအသေပေးသလိုမျိုး ဦးခေါင်းကို
ဝတ်ကျေတန်းကျေ ကိုင်းညွတ်လိုက်ပြီးတာနဲ့
နောက်လှည့်ကာ တစ်ချိုးတည်း ပြေးတော့သည် ။

ပြေးနိုင်မှ လွတ်မယ်နော်.....!!
သူတို့ဖမ်းမမိခင် လွတ်အောင် ကျွန်တော် ပြေးရမည်...။
လမ်းပေါ်က ခြေသလုံးအိမ်တိုင် တစ်ယောက်ဖြစ်ရခြင်းရဲ့
ဒုက္ခကလည်း မသေးလှပါ....။
အပြစ်တင်စရာ ရှုံ့ချစရာတွေအဖြစ် လူတွေရဲ့ မျက်လုံးထဲမှာ
အစဉ်အမြဲ တွယ်ကပ်နေသလိုပါပဲ....။

အကောင်းဆုံးကတော့ အစောင့်စစ်သားတွေနဲ့
အဝေးဆုံးနေနိုင်တာက အကောင်းဆုံးပါ ။
သူတို့နှင့်တွေ့လျှင် မေးခွန်းပေါင်းသောင်းခြောက်ထောင်နှင့်
အဖြေရကျပ်လွန်းသည် ။
နောက်ဆုံးတော့ သူတို့၏ စပ်စုပြီး နှိုက်နှိုက်ချွတ်ချွတ်မေးခွန်းများက
ကျွန်တော့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်နေရာအရောက်တွင်
စုပြုံ ပြီး မေးကြပါလိမ့်မည် ။
၎င်းကို  မဖြေချင်ပါ.... ။

ကျွန်တော့် တင်ပါးအတွင်းဖက်တစ်နေရာတွင် ခပ်ရှည်ရှည်ပုံသဏ္ဌာန်
အနက်ရောင် တက်တူးတစ်ခုရှိပါသည် ။
ပုံမှန်အချိန်တွင် တက်တူး၏အစိတ်အပိုင်းအများစုကတော့ အဝတ်အစားများနှင့် ဖုံးကွယ်နေသဖြင့် မမြင်ရ....။

သို့သော်လည်း ကနေချိန်တွင် ကြည့်ရှုရအဆင်ပြေစေရန် ကျွန်တော့်ရဲ့ကြေးနီရောင်အသားအရေကို လှစ်ဟပြလျက် ခန္ဓာကိုယ်ပေါ်၌
ပိုးစနံပိုင်းငယ်လေးသာ ဖုံးလွှမ်းထားလေ့ရှိရာ တက်တူး၏
အပေါ်ဖက်အစိတ်အပိုင်းကို ထင်ထင်ရှားရှား မြင်နိုင်သည် ။

ပြေးလွှားနေတာကြောင့် တင်ပါးအပေါ်ဖက်က ပိုးစလေးကို ထုံးထားသောအထုံးသည် ခပ်ပြေပြေဖြစ်လာတော့သည် ။
ကျွန်တော်သည် လူအုပ်နဲ့ဝေးရာဆီ ခပ်သွက်သွက် ပြေးလာခဲ့ရင်း
ထွက်ပေါက်ကို ရှာနေမိသည် ။
ပိုးစလေးကို ခပ်တင်းတင်းပြန်မချည်မီ မြို့ပြင်ရှိ သဲကန္တာရ ထဲသို့
အရင်ရောက်နေရမည် ။
သို့သော် အကဲခတ်မိရသလောက်တော့ ဒီမြို့တော်က
တော်ဝင်မိသားစုရဲ့ အိမ်လိုမျိုးပါပဲ....။
ကျွန်တော့် စိတ်ဆန္ဒကလည်း ဒီအစောင့်ဆိုးတွေလက်ထဲ
မဖမ်းမိဘဲ မြို့ပြင်ကို ရောက်ဖို့သာအဓိက ဖြစ်သည် ။

အဆင်ပြေမယ့်လမ်းကို ရှာဖို့အတွက် နောက်ပြန်လှည့်မည်ဟု
စိတ်ကမှတ်လိုက်ပြီး နောက်လှည့်စဉ်မှာပဲ
အသွားထက်လှတဲ့ ဓားသွားတစ်ဖက်က ကျွန်တော့်လည်ကုတ်ပေါ်
ကျရောက်လာခဲ့သည် ။
ပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်မိတော့ ကျွန်တော် ပြန်လှည့်မယ့်လမ်းမှာ အစောင့်များဟာ ဓားကိုယ်စီနှင့်
ကျွန်တော့်ကို ချိန်ရွယ်လျက်သား စောင့်ကြိုနေကြပြီ...။
စိတ်ပျက်မှုနဲ့အတူ လက်ထဲက ဓားကလည်း လွတ်ကျသွားခဲ့ရပြီ ။
ကျွန်တော် သူတို့နဲ့ မတိုက်ခိုက်ချင်ဘူး....။
ဒါပေမယ့် မလုပ်ချင်တဲ့ အလုပ်ကို လုပ်ရတော့မည် ။
ဒါကြောင့် ကျွန်တော် အားတင်းပြီး ပြုံးလိုက်ပြီး
သူတို့ စိတ်အနှောင့်အယှက် ဖြစ်အောင် စကားစလိုက်သည် ။

"ကောင်းပြီလေ.... မင်းတို့အစောင့်တွေက

ငါ့လို သာမန်ကချေသည်တစ်ယောက်ကိုများ

ဘာကြောင့် လိုချင်နေရတာလဲ.....????''

ကျွန်တော့် ဘေးနားက ဓားနဲ့ ခေါင်းကို ချိန်ရွယ်ထားတဲ့သူက
သူ့ ဓားကိုင်လက်ကို အားပိုထည့်ကာ လည်ပင်းပေါ်သို့
ခပ်စိုက်စိုက်ဖိလိုက်ရင်း ကျွန်တော့်နားရွက်နားကပ်ကာ
မျက်လုံးတွေကို ကျဉ်းလိုက်ရင်း စကားတစ်လုံးချင်း
ရေရွတ်လိုက်သည် ။

"ကချေသည်.....!!....ဟုတ်လား....???

ငါတော့ မထင်ဘူး....မင်းပုံစံက ငါ့အမြင်မှာတော့

စစ်သားတစ်ယောက်လိုပဲ....!!''

ကျွန်တော့် မျက်နှာ ဖြန်းခနဲ ပူသွားပြီး ကြေးနီရောင်အသားအရေအတွက် ပထမအကြိမ် ကျေးဇူးတင်မိသည် ။
ပြန်လည်ချေပရန် ကြိုးစားရင်း အကျင့်ဟောင်းတွေကို
တိတ်တဆိတ် ဆဲရေးလိုက်သည် ။

"တစ်မြို့ဝင် တစ်မြို့ထွက် ခြေသလုံးအိမ်တိုင် သွားနေရတော့

ကိုယ့်ကိုယ်ကိုတော့ နည်းနည်းကာကွယ်တတ်ရတာပေါ့...''

"မင်း တမင် ရွဲ့ပြောနေတာမလား....??

မင်းသား အိုင်ဘ်ဒီယာရဲ့အကြောင်းကို မေ့နေပြီထင်တယ်....

မင်းအတွက် ကံမကောင်းလောက်ဘူး...!!''

ကျွန်တော် အေးခဲသွားသည် ။
ဒီကောင် ဘယ်လိုဖြစ်လို့ သူ့နာမည်ကို သိနေရသနည်း...???
နောက်လှည့်ကြည့်ရန်အတွက် သူ၏ခါးစည်းစအနီကို
ဆွဲကိုင်လိုက်သလို တစ်ဖက်ကလည်း ဓားကို ဆွဲလိုက်ပြီး
လျှပ်တစ်ပြက် ခန္ဓာကို သူ့ဖက်လှည့်လိုက်ပြီးသား...။
ဒီလူ ဘယ်သူလဲဆိုတာကို စူးရှသောအကြည့်တွေနဲ့
မျက်မှောင်ကျုံ့ကာ အကဲခတ်ကြည့်ရင်း စိတ်လှုပ်ရှားစွာ
နှလုံးခုန်မြန်နေမှုကြောင့် ရင်ဘတ်တစ်ခုလုံးဟာ
နိမ့်ချည်မြင့်ချည်....။

"ခင်ဗျားကို လိမ်မိတဲ့အတွက် ကျွန်တော် တောင်းပန်တယ်...

ဒါပေမယ့် ကျွန်တော်တို့က ဒီနေရာက မဟုတ်ဘူး...

ကျွန်တော်တို့ ခင်ဗျားကို လိုက်ရှာနေတာကြာပြီ....

ခင်ဗျားက တော်တော် အပုန်းကောင်းတာပဲ....

အောင်အောင်မြင်မြင်နဲ့ လွတ်နေတာလေ.....

အခုတော့ ပြေးမလွတ်နိုင်တော့ဘူး....သစ္စာဖောက်ကောင်ရေ.....!!''

တစ်ရှူးရှူးတစ်ရှဲရှဲနဲ့ အသက်ကို ပြင်းပြင်း ရှူ ရှိုက်နေမိပြီး
သူ့မေးခွန်းကို မဖြေမိပါ...။
သူဟာ သူ့မေးခွန်းရဲ့ အဖြေကို လိုချင်တဲ့ပုံစံမျိုး မဟုတ်သလို
ဂရုမစိုက်ဘဲ ကိုယ်ကိုငုံ့ကာ ကျွန်တော့်ကို တရွတ်တိုက်ဆွဲ၍
အဝေးသို့ လွှင့်ပစ်လိုက်သည် ။
ဒီလောက်လေးကတော့ ကျွန်တော့်အတွက် ပျင်းစရာတောင်ကောင်းသေးသည် ။
ထိုအစောင့်ကောင် ကျွန်တော့်အနီးသို့ ပြန်မရောက်လာမီ
အချိန်လေးတွင် ကျွန်တော့်ခန္ဓာကိုယ်ကြွက်သားများသည်
အလိုအလျောက် အသင့်အနေအထားအတိုင်း
တောင့်တင်းကျစ်လျစ်နေကြပြီ ။
လေကို တစ်ချက် ရှုထုတ်လိုက်ကာ ဓားကို လွှတ်ချလိုက်ပြီး
အနီးသို့ ရောက်လာသောလူကို ဆတ်ခနဲ ဖမ်းချုပ်ကာ
ကျွန်တော်နဲ့ ဝေးရာဆီ ကိုင်ပေါက်ကာ လွှင့်ပစ်လိုက်သည် ။
ပြင်းထန်သော အားနဲ့ ကိုင်ပေါက်ခံရတာကြောင့်
ခြေတစ်ဖက် ဆုံးရှုံးလုနီးနီးဖြစ်သွားသော သူတို့လူကို
တွေ့ရသောအခါ ကျန်လူများသည် ကျွန်တော့်ကို ဖမ်းရန်
တစ်ဟုန်ထိုး ပြေးဝင်လာကြသည် ။

လှံဖြင့် ပြေးဝင်လာသူ ပထမဆုံး တစ်ယောက်သည်
ကျွန်တော့် ဓားချက်အောက်တွင် အသက်ပျောက်သွားခဲ့သည် ။
သွေးများအိုင်ထွန်းနေသော မြင်ကွင်းကြောင့် ကျွန်တော်
မျက်နှာတစ်ချက်မဲ့မိသော်လည်း လှုပ်ရှားမှုကိုတော့
မရပ်တန့်နိုင်ခဲ့ပါ ။
ကျွန်တော် မနှစ်မြို့သော ဒီလိုမြို့ကြီးတစ်မြို့ရဲ့
လမ်းသွယ်လေးတစ်ခုမှာ ကျွန်တော့်ကို သတ်ပိုင်ခွင့်
သူတို့ကို မပေးနိုင်ဘူး....။
တစ်ဖက်လူရဲ့ လည်ပင်းထဲ ထိုးဖောက်ဝင်နေတဲ့
ဓားကို ဆွဲထုတ်လိုက်ကာ နောက်တစ်ယောက်ဖက်ဆီ
လှည့်ကာ ရင်ဆိုင်လိုက်သည် ။
ဓားတစ်လက်က တစ်ဖက်လူကို တွန်းရင်း နောက်တစ်ဖက်က
ကိုင်ထားသော ဓားကို ဝိုက်ကာ ထိုသူ၏ ရင်ဘတ်ထဲ
ထိုးစိုက်ချလိုက်သည် ။
သူ မသတ်ချင်ပေမယ့် တဖက်လူကတော့ ဒူးများကျိုးကာ
ခွေခွေလေး လဲနေခဲ့ပြီ...။

တစ်ဖက်လူတွေက များများစားစား မရှိတာကြောင့်
ကျွန်တော် အနိုင်ရလိုက်သည် ။
ထိုခဏမှာပဲ ကျွန်တော့် ဝမ်းဗိုက်ဆီ ဦးတည်လာနေသော
သစ်သားလက်ကိုင်နဲ့ လှံတံတစ်ခု....!!
အလျင်အမြန် ခုန်ရှောင်လိုက်မှုကြောင့် လေထဲကိုပဲ
ထိုးဖောက်ထွက်သွားခဲ့သည် ။
အရှေ့ကိုပဲ မဲနေ၍ နောက်မှ ဝင်လာသော ဓားချက်ကိုမူ
မရှောင်နိုင်ခဲ့ခြင်းကြောင့် ပုခုံးပေါ်တွင် ဓားချက်ထိသွားခဲ့သည် ။

နောက်ဖက်မှ မလှုပ်နိုင်အောင် အတင်းဝိုင်းချုပ်ကာ
တရွတ်တိုက်ဆွဲခေါ်သွားခြင်းကြောင့် ကျွန်တော့်မှာ မလူးသာမလွန့်သာ....။
ဒါပေမယ့် လက်နှစ်ဖက်ကတော့ ဓားတွေကို တင်းကျပ်စွာ
ဆုပ်ကိုင်ထားကာ ရုန်းနိုင်သမျှ ရုန်းနေခဲ့သည် ။
တစ်ခေါက်တွင်တော့ လက်တစ်ဖက်မှ ဓားဖြင့်
ထိုသူ၏တင်ပါးကို မှန်းကာ နောက်ပြန်ထိုးထည့်လိုက်ရာ ငယ်သံပါအောင် အော်ပြီး
ကျွန်တော့်ကို လွှတ်ချလိုက်သည် ။
ထိုသူကို အဝေးသို့ အရောက်မခံဘဲ ကိုယ်ချင်းဝင်လုံးကာ
ရင်ဘတ်ကို ဓားဖြင့် အားစိုက်ကာ ထိုးထည့်လိုက်ရာ
သွေးပွက်ပွက်ထွက်ကာ မျက်လုံးကြီးပြူးလျက် ဒဏ်ရာကို
လက်ဖြင့်ဖိကာ လဲကျသွားလေတော့သည် ။

မောလွန်းလို့ အသက်လုရှူ နေတုန်းမှာပဲ တဖန်ပြန်ပြီး
ထိန်းချုပ်ခံလိုက်ရပြန်ပြီ....!!
ကျောဖက်မှ သံချွန်ကောက်ဖြင့် ကုတ်တွယ်ကာ မလိုက်တာကြောင့်
နောက်ပြန်ဆုပ်ကိုင်မိရင်း ခြေထောက်များ အပေါ်သို့ မြင့်တက်သွားတော့သည် ။
ငရဲခန်းတမျှ နှိပ်စက်နေသော လူရှေ့တွင် ကျွန်တော် ခံနိုင်ရည်အား
နည်းလာခဲ့ပြီ ။
လှံချွန်တစ်ခုကလည်း ဝမ်းဗိုက်ထဲတွင် တိုးလိုးတန်းလန်း....!!
ရုတ်တရက် တိုက်ခိုက်ခံရခြင်းကြောင့် ပါးစပ်မှ ပူနွေးသော
အရည်များစီးကျကာ အသက်ရှူ ကျပ်လာခဲ့သည် ။
နောက်ပြီး ချောင်းဆိုးရခက်ခဲလာကာ ပါးစပ်မှ အရည်များသည်
မေးစေ့တစ်လျှောက် စီးဆင်းလာကြတော့သည် ။

တင်ပါးကို နောက်ဖက်မှ ဆောင့်ကန်ခံရတာကြောင့်
အံကိုတင်းတင်းကြိတ်ထားမိသည် ။
အကန်ခံရတဲ့အရှိန်ကြောင့် မြေကြီးပေါ်သို့ ပစ်လဲကျသောအခါ
အပေါ်မှ ထပ်မံဖိထားသည် ။
ဒီနေရာမှာ ကိုယ်ခန္ဓာ အရွယ်အစားသေးငယ်ပြီး အရပ်ပုတာက
ကျွန်တော့်ရဲ့ ကြီးမားတဲ့ အားနည်းချက်ကြီးပါ....။
ကျွန်တော်ရဲ့ ဓားစွမ်းရည်မှာ သူမတူအောင် ထူးချွန်ပေမယ့်
အခုတော့ လက်နက်မဲ့ဖြစ်နေရပြီ...။
အခုအခြေအနေမှာ ကျွန်တော်ဟာ သူတို့အတွက် အလွန်လွယ်တဲ့ ပစ်မှတ်တစ်ခုဖြစ်ရခြင်းကိုလည်း အလွန်မုန်းတီးမိသည် ။
လက်ကျန်အားနှင့် နောက်ဆုံးတစ်ကြိမ် တွန်းထိုးရုန်းကန်ကြည့်ရာ
နောက်တစ်ယောက်က လှံနှင့် ကျွန်တော့်တည့်တည့်ကို
ချိန်ထားသည် ။
ကျွန်တော့်ကို စကားပြောတဲ့တစ်ယောက်ကတော့ ကျွန်တော့်ဘေးမှာ
ထီးထီးကြီးရပ်နေပြီး သူ့ဓားကို ကျွန်တော့်လည်မျိုအောက်ထားကာ
စူးရှသော အကြည့်များဖြင့် ကျွန်တော့်ကို ကြည့်ရှုနေသည် ။
သူတို့ထိန်းချုပ်မှုအောက်မှ မလွတ်နိုင်မှန်းသိသော်လည်း
တစ်ချက်တစ်ချက် ကိုယ်ကို တွန့်လိမ်လျက် ရုန်းကန်နေရင်း
အကြည့်စူးစူးနှင့် အာခံကာ ပြန်ကြည့်မိသည် ။

"မင်းရနေတာထက်ပိုပြီးတော့ မင်းက အဖိုးတန်သားပဲ....

ဒါကို ကျေးဇူးတင်လိုက်ပါ....သစ္စာဖောက်ရေ....

ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး...

မင်းကို တံဆိပ်ခပ်ထားတာတောင်မှလေ.......''

ကျွန်တော့်ကိုယ်ပေါ်မှာ ရှိသော တက်တူးနေရာကိုဖုံးထားတဲ့ ပိုးစလေးကို ဓားဖြင့်
ထိုးခွဲဖွင့်ရင်း သရော်တော်တော်ဖြင့် ကျွန်တော့်ကို ပြောနေသည် ။
အစလှစ်ဟသွားချိန်တွင် စိတ်မထိန်းနိုင်စွာ သူ့ကို ဒေါသတကြီးဖြင့်
ခပ်တိုးတိုး တစ်ချက် လှမ်းမာန်လိုက်သည် ။
သူကတော့ ဂရုမစိုက်စွာ သူ့လူများကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီး
ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ကာ
တစ်ခွန်းချင်းပြောသည် ။

"သူ့ကို သတ်လိုက်....!!!!''

အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူ သွင်းလိုက်သည် ။
အသက်ချမ်းသာပေးပါလို့ တောင်းဆိုရမလား...
သနားပေးပါလို့ရော တောင်းပန်ရမှာလား...
ဟင့်အင်း....လုပ်သင့်တာအားလုံးကို ကျွန်တော်  လုပ်ခဲ့ပြီးပြီ....။
သူတို့က လက်နက်နဲ့ ကျွန်တော့်ကို အဆုံးသတ်ပေးဖို့
ပြင်ဆင်ကြသလို လွတ်လမ်းအတွက်လည်း ကျွန်တော် ခက်ခက်ခဲခဲ
ကြိုးပမ်းပြီးပြီ...။
သူတို့ ကျွန်တော့်ကို ဒီလို လွယ်လွယ်နဲ့တော့
အဆုံးမသတ်နိုင်ပါဘူးလေ ။
သေလောက်အောင် နှိပ်စက်ခံရခြင်းကတော့ ကျွန်တော်
မျှော်မှန်းထားသလို ကျွန်တော့်အတွက်
ရက်စက်လှတဲ့ ကံကြမ္မာပါပဲ..........။

Continue Reading

You'll Also Like

321K 31.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
38.8K 7.1K 106
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...