●●●Zawgyi●●●
ေနာက္တစ္ေန႔ကိုေက်ာ္လြန္ၿပီးခ်ိန္တြင္ ႐ွန္း သည္ ကိုယ့္ကိုယ္ကို နတ္ဟုတ္မဟုတ္ စိတ္မဝင္စားဘဲ အိုက္႐ွင္း ႏွင့္ သူ၏ကေလး လံုျခံဳလ်က္႐ွိသည္ကိုသာ အာရံုစိုက္ေလသည္။ အိုက္႐ွင္း ၏ စူေဖာင္းေနေသာဗိုက္ေလးကို ႏူးညံ့စြာပြတ္ေနရင္း အိုက္႐ွင္း နဖူးကို ဝမ္းေျမာက္စြာနမ္း႐ႈိက္ေနၿပီး အိုက္႐ွင္း လည္း ေပ်ာ္ေနခိုက္တြင္ က်န္း႐ွီ က ....
"႐ွန္း .. မင္းေပ်ာက္သြားတာကို လူေတြမသိခင္ နန္းေတာ္ကို အျမန္ျပန္ရေအာင္"
႐ွန္း လည္း သက္ျပင္းခ်ၿပီး လက္ခံလိုက္သည္။ အိုက္႐ွင္း ကိုလည္း ျပင္ဆင္ၿပီး သူတို႔ႏွင့္အတူ နန္းေတာ္ကိုျပန္လိုက္ရန္ ႐ွန္း ေျပာေလေတာ့ အိုက္႐ွင္း အေနာက္ဆုတ္ကာ မလိုက္လိုေၾကာင္း ျငင္းေလသည္။
"ဘာျဖစ္လို႔လဲ"
႐ွန္း ၾကင္နာစြာေမးေလေတာ့ တုန္ယင္ကာ ေခါင္းငံု႔ၿပီးရပ္ေနေသာ အိုက္႐ွင္း က ...
"ကြၽန္..ကြၽန္ေတာ္ ႐ွန္း ကို အ႐ွက္ရေစလို႔ ... ဟင့္ .."
"ယုန္ေလး မင္းကို ဘယ္သူေျပာတာလဲ"
႐ွန္း အသံနိမ့္ကာေမးေသာ္လည္း ေဒါသသံစြက္ေနသည္မွာ သိသာသည္။
"...ဟို .. မယ္ေတာ္ႀကီးက ေျပာတယ္ .. ဟင့္ .... ကြၽန္ေတာ့္ေၾကာင့္ ႐ွန္း ကို အျခားသူေတြ မုန္းသြားလိမ့္မယ္တဲ့ .. ဟင့္ .. ကြၽန္ေတာ္ အဲဒီလိုမျဖစ္ေစခ်င္ဘူး"
အိုက္႐ွင္း က သူ႔ကို အ႐ွက္ရေစျခင္းမဟုတ္ေၾကာင္း ႐ွန္း ႏွစ္သိမ့္ေပးၿပီးေနာက္ အိုက္႐ွင္း ျပန္မလိုက္လ်ွင္ ႐ွန္း လည္း မသြားဟုေျပာသျဖင့္ အိုက္႐ွင္း လိုက္ရန္ ေခါင္းညိတ္လိုက္ရသည္။
လုယီ က အိုက္႐ွင္း ဘယ္ေနရာသြားသြား အျမဲလိုက္မည္ဟု ဆံုးျဖတ္ထားသျဖင့္ နန္းေတာ္ကိုျပန္လိုက္ရန္ေျပာၿပီး က်ဴးအန္း မွာ သူ႔အိမ္တြင္သာေနခ်င္သည္ဟုေျပာေသာ္လည္း အိုက္႐ွင္း ႏွင့္ လုယီ တို႔ အတင္းေခၚသျဖင့္ သူလည္း လိုက္ခဲ့ရသည္။
အျပန္ခရီးတစ္ေလ်ွာက္တြင္ အိုက္႐ွင္း ကို ႐ွန္း သူ၏လက္ထဲတြင္သာ တစ္ခ်ိန္လံုးေပြ႔ဖက္ထားသည္။ နန္းေတာ္သို႔ျပန္ေရာက္ၾကသည့္အခါ ႐ွန္း ခ်က္ခ်င္းပင္ အိုက္႐ွင္း ကို အခန္းသို႔ ေပြ႔ခ်ီသြားၿပီး က်န္း႐ွီ က လုယီ ကို သူ႔အေဆာင္တြင္ေနရန္ ေျပာေသာ္လည္း သူ၏အသနားခံသည္ကို ဂ႐ုမစိုက္ဘဲ က်ဴးအန္း ကို ဆြဲေခၚကာ ႐ွန္း အေဆာင္ထဲသို႔ ဝင္သြားသည္။
႐ွန္း က အားလံုးကို ဂ႐ုစိုက္မည္မဟုတ္ဟု သိသျဖင့္ က်န္း႐ွီ လည္း လိုက္လာကာ လုယီ တို႔ကို ႐ွန္း အေဆာင္၏ ဧည့္ေတြ႔ခန္းတြင္ နားေစေလသည္။
႐ွန္း အခန္းထဲတြင္ အိုက္႐ွင္း ကို ႐ွန္း ေပြ႔ဖက္ထားလ်က္ပင္ ျဖစ္ခဲ့သည္တို႔ကိုေျပာရန္ ေခ်ာ့ေမာ့ေမးေလသည္။ အိုက္႐ွင္း ခ်ီတံုခ်တံုျဖစ္ေနသျဖင့္ ႐ွန္း ထပ္တလဲလဲေျပာေတာ့မွ အိုက္႐ွင္း လည္း ႐ွန္း ထြက္သြားသည့္အခ်ိန္မွစ၍ သူ႔ကိုျပန္ေတြ႔သည္အထိကို ေျပာျပေလသည္။
"ဟို ... ႐ွန္း အဆင္ေျပရဲ႕လားဟင္"
႐ွန္း တိတ္ဆိတ္ေနသျဖင့္ အိုက္႐ွင္း ေမးလိုက္သည္။
အိုက္႐ွင္း မ်က္ႏွာကို ရင္ခြင္ထဲတြင္ ေထြးေပြ႔ထားၿပီး ျမတ္ႏိုးျခင္းအျပည့္ႏွင့္ ၾကင္နာစြာ တံု႔ျပန္ေျပာေလသည္။
"ေျပပါတယ္ .. မင္းေရာ"
႐ွန္း စိတ္မဆိုးသျဖင့္ အိုက္႐ွင္း ေပ်ာ္သြားကာ ျပံဳးလိုက္ၿပီး ႐ွန္း ႏွင့္ ပိုနီးကပ္ေအာင္တိုးသြားလိုက္ၿပီး အဆင္ေျပေၾကာင္း ေျပာေလသည္။
အိုက္႐ွင္း အိပ္ေပ်ာ္သြားသည္ႏွင့္ ႐ွန္း ေပြ႔ဖက္ထားသည္ကို ညင္သာစြာ ျဖည္ေလ်ာ့လိုက္ၿပီး အိပ္ရာထက္ အသာအယာခ်ေပးၿပီး ထြက္လာခဲ့သည္။
"ဟြန္႔ ... အခုခ်ိန္ မင္းမ်က္ႏွာကို အိုက္႐ွင္း ေတြ႔သြားရင္ ငိုရင္း ထြက္ေျပးၿပီး တစ္သက္လံုးေၾကာက္သြားလိမ့္မယ္"
လြန္စြာေဒါသႀကီးအမ်က္ထြက္ေနေသာ ႐ွန္း ကို က်န္း႐ွီ စေနာက္ကာေျပာေလသည္။
က်န္း႐ွီ ၏ မၿပီးႏိုင္ေသာ ေနာက္တီးေနာက္မူေတြကို လ်စ္လ်ဴ႐ႈၿပီး ရင္ ကို အခန္းထဲဝင္ၿပီး အိုက္႐ွင္း ကို ေစာင့္ေပးရန္ႏွင့္ ဟဲပင္း ကို အျပင္တြင္ ေစာင့္ၾကည့္ရန္ေျပာၿပီး ျပံဳးေနေသာ က်န္း႐ွီ ႏွင့္အတူ ႐ွန္း ဦးတည္ထြက္လာသည့္ေနရာမွာ အခ်ဳပ္ခန္းသို႔ ။
ညအလြန္နက္ေနသျဖင့္ အက်ဥ္းသားအမ်ားစုမွာ အိပ္ေပ်ာ္ေနၾကေသာ္လည္း မအိပ္ေပ်ာ္ေသာသူမ်ားကမူ ႐ွန္း ၏ ေဒါသမ်က္ႏွာကိုေတြ႔ၾကသျဖင့္ ေျမတြင္ဝပ္တြေနၾကၿပီး မထိန္းႏိုင္ေအာင္ပင္ တုန္လႈပ္ေနၾကသည္။ ထို႔အတူ အေစာင့္ရဲမက္တို႔မွာလည္း ႐ွန္း အမ်က္ထြက္ေနပံုေၾကာင့္ တုန္ယင္ေနၾကသည္။
"႐ွန္း မင္း စိတ္တိုေနတာ ငါသိပါတယ္ ... ဒါေပမယ့္ မ်က္ႏွာေတာ့ ေလ်ာ့ပါဦး .. မင္းေၾကာင့္ ထြက္သြားတဲ့ရဲမက္ေတြေနရာမွာ အစားထိုးဖို႔ထပ္မ႐ွာခ်င္ဘူးကြ"
က်န္း႐ွီ ေနာက္ေျပာင္ေသာ္လည္း ႐ွန္း လ်စ္လ်ဴရႈလ်က္ပင္၊ အျခားသူမ်ားကိုလည္း ဂ႐ုမစိုက္ဘဲ ဆက္လ်က္႐ွိေသာ အက်ဥ္းခန္းသံုးခန္းသို႔သာ ဦးတည္သြားေလသည္။
အျပစ္က်ဴးလြန္ထားသျဖင့္ အဖမ္းခံထားရေသာ က်င္းရီ ၊ အမတ္ ယု ႏွင့္ စစ္သူႀကီး ပင္း တို႔မွာ ႏြမ္းလ်ေနၿပီး မ်က္လံုးတို႔မွာလည္း ေမွးမွိန္ကာ အသက္မဲ့ေနၾကၿပီး အလြန္ပင္ ပိန္လွီေနၾကသည္၊ အထူးသျဖင့္ စစ္သူႀကီး ပင္း ။
က်င္းရီ က ႐ွန္း ကို ျမင္ျမင္ခ်င္း အခ်ဳပ္တန္းမ်ားကိုကိုင္ကာ ငိုယိုလ်က္ ....
"အ႐ွင္...အ႐ွင္မင္းႀကီး .. ဟင့္ .... ကြၽန္ေတာ္မ်ိဳးမကို လႊတ္ေပးပါ ... ကြၽန္ေတာ္မ်ိဳးမရဲ႕မိဘေတြနဲ႔ တိုင္တည္ပါတယ္ .. ကြၽန္ေတာ္မ်ိဳးမ မတရားခံရတာပါ .. ဟင့္ ... ကြၽန္ေတာ္မ်ိဳးမ ဘာမွမလုပ္ခဲ့ပါဘူး .. ေက်း..ေက်းဇူးျပဳၿပီး ကြၽန္ေတာ္မ်ိဳးမကို လႊတ္ေပးပါ .. ဟင့္"
သူမငိုသံကို ႐ွန္း ဂ႐ုမစိုက္ဘဲ စစ္သူႀကီး ပင္း အခန္းေ႐ွ႕သို႔သြားကာ အေစာင့္ကိုအမိန္႔ေပးလိုက္သည္။
႐ွန္း ပံုစံေၾကာင့္ အေစာင့္မွာ ေၾကာက္လန္႔ကာ အလြန္တုန္လႈပ္ေနသျဖင့္ ေသာ့ကိုပင္ အေသအခ်ာမဖြင့္ႏိုင္ျဖစ္ေနသည္။
အေစာင့္ကို က်န္း႐ွီ သနားသျဖင့္ ေသာ့ကိုယူလိုက္ကာ အျပင္တြင္ေစာင့္ရန္ ေျပာေလသည္။
အေစာင့္လည္း အလြန္ေက်းဇူးတင္ကာ ထြက္သြားၿပီးေနာက္ က်န္း႐ွီ က တံခါးဖြင့္လိုက္ၿပီး ႐ွန္း ႏွင့္အတူ စစ္သူႀကီး ပင္း ၏ အခ်ဳပ္ခန္းထဲသို႔ ဝင္လာသည္။
စစ္သူႀကီး ပင္း က အိပ္ေပ်ာ္ေနေသာ္လည္း က်င္းရီ ၏ က်ယ္ေလာင္ေသာငိုသံေၾကာင့္ ႏိုးလာၿပီး ႐ွန္း ကို ေတြ႔သည့္အခါ အံ့ဩကာ ေၾကာက္ရြ႔ံသြားသည္။
႐ွန္း ႏွင့္ ေဝးႏိုင္သမ်ွ ေနာက္ဆုတ္ေသာ္လည္း နံရံကိုကပ္မိသြားသျဖင့္ လြတ္လမ္းမ႐ွိေတာ့ေသာေၾကာင့္ စစ္သူႀကီး ပင္း ေတာင္းပန္ေတာ့သည္။
စစ္သူႀကီး ပင္း အနားသို႔ ႐ွန္း ေရာက္လာၿပီး ျပံဳးျပသည္။ သို႔ေသာ္ ထိုအျပံဳးေၾကာင့္ လံုျခံဳေႏြးေထြးမႈကို မခံစားရဘဲ ေအးစက္ေသာခံစားခ်က္တစ္ခုက စစ္သူႀကီး ပင္း တစ္ကိုယ္လံုးပ်ံ့သြားၿပီး ၾကက္သီးေမြးညႇင္းမ်ားထလာသည္။
"ကိုယ္ေတာ္ ဒီေန႔ အရမ္းစိတ္ဝင္စားစရာေကာင္းတာေလး ၾကားခဲ့ရတယ္ ... ဘာလဲဆိုတာ သိခ်င္လား"
႐ွန္း က တည္ၿငိမ္လ်က္ပင္ ေမးသည္။
နံရံႏွင့္ထိေနေသာ္လည္း ေနာက္ကိုပိုတိုးကပ္ရင္း စစ္သူႀကီး ပင္း ေခါင္းခါကာ သနားငဲ့ညႇာရန္အတြက္ ေတာင္းပန္ေနေလသည္။
႐ွန္း ျပံဳးလ်က္ပင္ အလြန္ခြၽန္ျမကာ ထက္လြန္းသည့္ ဓားငယ္တစ္လက္ကို ယူထုတ္ၿပီး ....
"အိုက္႐ွင္း ရဲ႕ ဆံပင္ေတြကို ေမာင္မင္းက အၾကမ္းပတမ္းျဖတ္ပစ္ခဲ့တယ္လို႔ ၾကားခဲ့တယ္ ... အဲဒါက အရမ္းနာတယ္ဆိုတာ လက္ခံတယ္မလား"
စစ္သူႀကီး ပင္း မ်က္လံုးျပဴးသြားၿပီး ခ်က္ခ်င္းပင္ အမတ္ ယု သို႔မဟုတ္ က်င္းရီ ေျပာျပခဲ့လိမ့္မည္ မဟုတ္လ်ွင္ မသိႏိုင္ဟုေတြးကာ စိတ္ထဲမွေန၍ က်ိန္ဆဲလိုက္သည္။
သို႔ေသာ္ က်ိန္ဆဲခ်ိန္ပင္မရလိုက္၊ က်န္း႐ွီ က စစ္သူႀကီး ပင္း ကို ခ်ဳပ္ထားေသာ သံႀကိဳးမ်ားကိုကိုင္ကာ လက္ကိုဆြဲလိုက္ၿပီး ကိုယ္ကို ေျမႇာက္လိုက္ေလသည္။
ေလထဲတြင္ နာက်င္စြာ တြဲေလာင္းက်လ်က္႐ွိေနေသာ စစ္သူႀကီး ပင္း ကို ႐ွန္း က ခြၽန္ထက္ေသာဓားငယ္ျဖင့္ ဦးေရျပားကို ျဖည္းညႇင္းစြာ ခြာေလေတာ့သည္။
စစ္သူႀကီး ပင္း ၏ မခ်ိတင္ကဲေအာ္သံတို႔ေၾကာင့္ အက်ဥ္းသားတို႔အားလံုး ေၾကာက္လန္႔ကာတုန္ယင္ေနၾကေသာ္လည္း ဧကရာဇ္ေရာက္လာသည္မွာ သူတို႔ႏွင့္မဆိုင္ဟူေသာအသိေၾကာင့္ စိတ္သက္သာရာရၾကေလသည္။
စစ္သူႀကီး ပင္း ၏ ေအာ္သံေၾကာင့္ အမတ္ ယု ႏွင့္ က်င္းရီ တို႔လည္း မည္သို႔ၾကံဳေတြ႔ရမည္ကို မသိသျဖင့္ ေၾကာက္ရြ႔ံေနၾကသည္။
ဆက္လ်က္ထြက္လာေသာ စစ္သူႀကီး ပင္း ၏ ေအာ္သံေၾကာင့္ အမတ္ ယု လည္း ႐ွန္း ႏွိပ္စက္မည္ကိုခံမည့္အစား ကိုယ့္ကိုယ္ကို အဆံုးစီရင္ျခင္းသာ ပိုသင့္ေတာ္မည္ဟု ေတြးလိုက္ၿပီး သူ၏လ်ွာကို ျပန္ကိုက္ေလသည္။
က်င္းရီ သည္လည္း ႐ွန္း ႏွိပ္စက္ျခင္းကို မခံလိုေသာ္လည္း သူမမိဘတို႔က ကယ္တင္ေပးလိမ့္မည္ဟု ယံုၾကည္ေနၿပီး သူမနားတို႔သာ အုပ္ထားေလသည္။
ေက်နပ္အားရေတာ့မွာသာ ႐ွန္း လည္း ရပ္လိုက္ၿပီး ေသြးစြန္းေနေသာဓားငယ္ကို စစ္သူႀကီး ပင္း အဝတ္တို႔ႏွင့္သုတ္ၿပီး ျပန္ထြက္လာခဲ့သည္။
က်န္း႐ွီ ႏွင့္ ႐ွန္း တို႔ ထြက္သြားၾကမည့္အခ်ိန္တြင္ အမတ္ ယု ၏အခ်ဳပ္ခန္းကို ၾကည့္လိုက္သည့္အခါ ေသြးအနည္းငယ္ထြက္ေနၿပီး လဲေနေသာ အမတ္ ယု ကို ေတြ႔ေလသည္။ အလွည့္က်ရပ္ေစာင့္ေနေသာ အေစာင့္ကို က်န္း႐ွီ က အမတ္ ယု ကို စစ္ေဆးရန္ေျပာသည္။ အေစာင့္လည္း အမတ္ ယု နားသို႔သြားကာ ေသြးေၾကာကိုစမ္းၿပီးေနာက္ အမတ္ ယု ကိုယ့္ကိုယ္ကို အဆံုးစီရင္သြားေၾကာင္း ႐ွန္း ႏွင့္ က်န္း႐ွီ ကို ခ်က္ခ်င္းေလ်ွာက္ေလသည္။
က်န္း႐ွီ ႏွင့္ အေစာင့္တို႔ ထင္သည္ႏွင့္ဆန္႔က်င္စြာ ႐ွန္း တံု႔ျပန္ျခင္းကင္းလ်က္ အေလာင္းကို ျမႇဳပ္လိုက္ရန္သာ ေျပာေလသည္။
႐ွန္း အမိန္႔ကို နာခံၿပီးေနာက္ အေစာင့္က စစ္သူႀကီး ပင္း ကို မည္သို႔လုပ္ရမည့္အေၾကာင္း ေမးသည့္အခါ ႐ွန္း က စစ္သူႀကီး ပင္း ကို ေနာက္ဆံုးထြက္သက္အထိ နာက်င္မႈကိုခံစားေစရန္ဟုသာ အမိန္႔ေပးေလသည္။
T/N :.....
ၾကာသြားတာ ေတာင္းပန္ပါတယ္ေနာ္ .. personalကိစၥေတြေၾကာင့္ စိတ္ေယာက္ယက္ခတ္ေနတာနဲ႔ပဲ ဒီဘက္ကို အာရံုမစိုက္ႏိုင္ျဖစ္သြားတယ္ ...
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●Unicode●●●
နောက်တစ်နေ့ကိုကျော်လွန်ပြီးချိန်တွင် ရှန်း သည် ကိုယ့်ကိုယ်ကို နတ်ဟုတ်မဟုတ် စိတ်မဝင်စားဘဲ အိုက်ရှင်း နှင့် သူ၏ကလေး လုံခြုံလျက်ရှိသည်ကိုသာ အာရုံစိုက်လေသည်။ အိုက်ရှင်း ၏ စူဖောင်းနေသောဗိုက်လေးကို နူးညံ့စွာပွတ်နေရင်း အိုက်ရှင်း နဖူးကို ဝမ်းမြောက်စွာနမ်းရှိုက်နေပြီး အိုက်ရှင်း လည်း ပျော်နေခိုက်တွင် ကျန်းရှီ က ....
"ရှန်း .. မင်းပျောက်သွားတာကို လူတွေမသိခင် နန်းတော်ကို အမြန်ပြန်ရအောင်"
ရှန်း လည်း သက်ပြင်းချပြီး လက်ခံလိုက်သည်။ အိုက်ရှင်း ကိုလည်း ပြင်ဆင်ပြီး သူတို့နှင့်အတူ နန်းတော်ကိုပြန်လိုက်ရန် ရှန်း ပြောလေတော့ အိုက်ရှင်း အနောက်ဆုတ်ကာ မလိုက်လိုကြောင်း ငြင်းလေသည်။
"ဘာဖြစ်လို့လဲ"
ရှန်း ကြင်နာစွာမေးလေတော့ တုန်ယင်ကာ ခေါင်းငုံ့ပြီးရပ်နေသော အိုက်ရှင်း က ...
"ကျွန်..ကျွန်တော် ရှန်း ကို အရှက်ရစေလို့ ... ဟင့် .."
"ယုန်လေး မင်းကို ဘယ်သူပြောတာလဲ"
ရှန်း အသံနိမ့်ကာမေးသော်လည်း ဒေါသသံစွက်နေသည်မှာ သိသာသည်။
"...ဟို .. မယ်တော်ကြီးက ပြောတယ် .. ဟင့် .... ကျွန်တော့်ကြောင့် ရှန်း ကို အခြားသူတွေ မုန်းသွားလိမ့်မယ်တဲ့ .. ဟင့် .. ကျွန်တော် အဲဒီလိုမဖြစ်စေချင်ဘူး"
အိုက်ရှင်း က သူ့ကို အရှက်ရစေခြင်းမဟုတ်ကြောင်း ရှန်း နှစ်သိမ့်ပေးပြီးနောက် အိုက်ရှင်း ပြန်မလိုက်လျှင် ရှန်း လည်း မသွားဟုပြောသဖြင့် အိုက်ရှင်း လိုက်ရန် ခေါင်းညိတ်လိုက်ရသည်။
လုယီ က အိုက်ရှင်း ဘယ်နေရာသွားသွား အမြဲလိုက်မည်ဟု ဆုံးဖြတ်ထားသဖြင့် နန်းတော်ကိုပြန်လိုက်ရန်ပြောပြီး ကျူးအန်း မှာ သူ့အိမ်တွင်သာနေချင်သည်ဟုပြောသော်လည်း အိုက်ရှင်း နှင့် လုယီ တို့ အတင်းခေါ်သဖြင့် သူလည်း လိုက်ခဲ့ရသည်။
အပြန်ခရီးတစ်လျှောက်တွင် အိုက်ရှင်း ကို ရှန်း သူ၏လက်ထဲတွင်သာ တစ်ချိန်လုံးပွေ့ဖက်ထားသည်။ နန်းတော်သို့ပြန်ရောက်ကြသည့်အခါ ရှန်း ချက်ချင်းပင် အိုက်ရှင်း ကို အခန်းသို့ ပွေ့ချီသွားပြီး ကျန်းရှီ က လုယီ ကို သူ့အဆောင်တွင်နေရန် ပြောသော်လည်း သူ၏အသနားခံသည်ကို ဂရုမစိုက်ဘဲ ကျူးအန်း ကို ဆွဲခေါ်ကာ ရှန်း အဆောင်ထဲသို့ ဝင်သွားသည်။
ရှန်း က အားလုံးကို ဂရုစိုက်မည်မဟုတ်ဟု သိသဖြင့် ကျန်းရှီ လည်း လိုက်လာကာ လုယီ တို့ကို ရှန်း အဆောင်၏ ဧည့်တွေ့ခန်းတွင် နားစေလေသည်။
ရှန်း အခန်းထဲတွင် အိုက်ရှင်း ကို ရှန်း ပွေ့ဖက်ထားလျက်ပင် ဖြစ်ခဲ့သည်တို့ကိုပြောရန် ချော့မော့မေးလေသည်။ အိုက်ရှင်း ချီတုံချတုံဖြစ်နေသဖြင့် ရှန်း ထပ်တလဲလဲပြောတော့မှ အိုက်ရှင်း လည်း ရှန်း ထွက်သွားသည့်အချိန်မှစ၍ သူ့ကိုပြန်တွေ့သည်အထိကို ပြောပြလေသည်။
"ဟို ... ရှန်း အဆင်ပြေရဲ့လားဟင်"
ရှန်း တိတ်ဆိတ်နေသဖြင့် အိုက်ရှင်း မေးလိုက်သည်။
အိုက်ရှင်း မျက်နှာကို ရင်ခွင်ထဲတွင် ထွေးပွေ့ထားပြီး မြတ်နိုးခြင်းအပြည့်နှင့် ကြင်နာစွာ တုံ့ပြန်ပြောလေသည်။
"ပြေပါတယ် .. မင်းရော"
ရှန်း စိတ်မဆိုးသဖြင့် အိုက်ရှင်း ပျော်သွားကာ ပြုံးလိုက်ပြီး ရှန်း နှင့် ပိုနီးကပ်အောင်တိုးသွားလိုက်ပြီး အဆင်ပြေကြောင်း ပြောလေသည်။
အိုက်ရှင်း အိပ်ပျော်သွားသည်နှင့် ရှန်း ပွေ့ဖက်ထားသည်ကို ညင်သာစွာ ဖြည်လျော့လိုက်ပြီး အိပ်ရာထက် အသာအယာချပေးပြီး ထွက်လာခဲ့သည်။
"ဟွန့် ... အခုချိန် မင်းမျက်နှာကို အိုက်ရှင်း တွေ့သွားရင် ငိုရင်း ထွက်ပြေးပြီး တစ်သက်လုံးကြောက်သွားလိမ့်မယ်"
လွန်စွာဒေါသကြီးအမျက်ထွက်နေသော ရှန်း ကို ကျန်းရှီ စနောက်ကာပြောလေသည်။
ကျန်းရှီ ၏ မပြီးနိုင်သော နောက်တီးနောက်မူတွေကို လျစ်လျူရှုပြီး ရင် ကို အခန်းထဲဝင်ပြီး အိုက်ရှင်း ကို စောင့်ပေးရန်နှင့် ဟဲပင်း ကို အပြင်တွင် စောင့်ကြည့်ရန်ပြောပြီး ပြုံးနေသော ကျန်းရှီ နှင့်အတူ ရှန်း ဦးတည်ထွက်လာသည့်နေရာမှာ အချုပ်ခန်းသို့ ။
ညအလွန်နက်နေသဖြင့် အကျဉ်းသားအများစုမှာ အိပ်ပျော်နေကြသော်လည်း မအိပ်ပျော်သောသူများကမူ ရှန်း ၏ ဒေါသမျက်နှာကိုတွေ့ကြသဖြင့် မြေတွင်ဝပ်တွနေကြပြီး မထိန်းနိုင်အောင်ပင် တုန်လှုပ်နေကြသည်။ ထို့အတူ အစောင့်ရဲမက်တို့မှာလည်း ရှန်း အမျက်ထွက်နေပုံကြောင့် တုန်ယင်နေကြသည်။
"ရှန်း မင်း စိတ်တိုနေတာ ငါသိပါတယ် ... ဒါပေမယ့် မျက်နှာတော့ လျော့ပါဦး .. မင်းကြောင့် ထွက်သွားတဲ့ရဲမက်တွေနေရာမှာ အစားထိုးဖို့ထပ်မရှာချင်ဘူးကွ"
ကျန်းရှီ နောက်ပြောင်သော်လည်း ရှန်း လျစ်လျူရှုလျက်ပင်၊ အခြားသူများကိုလည်း ဂရုမစိုက်ဘဲ ဆက်လျက်ရှိသော အကျဉ်းခန်းသုံးခန်းသို့သာ ဦးတည်သွားလေသည်။
အပြစ်ကျူးလွန်ထားသဖြင့် အဖမ်းခံထားရသော ကျင်းရီ ၊ အမတ် ယု နှင့် စစ်သူကြီး ပင်း တို့မှာ နွမ်းလျနေပြီး မျက်လုံးတို့မှာလည်း မှေးမှိန်ကာ အသက်မဲ့နေကြပြီး အလွန်ပင် ပိန်လှီနေကြသည်၊ အထူးသဖြင့် စစ်သူကြီး ပင်း ။
ကျင်းရီ က ရှန်း ကို မြင်မြင်ချင်း အချုပ်တန်းများကိုကိုင်ကာ ငိုယိုလျက် ....
"အရှင်...အရှင်မင်းကြီး .. ဟင့် .... ကျွန်တော်မျိုးမကို လွှတ်ပေးပါ ... ကျွန်တော်မျိုးမရဲ့မိဘတွေနဲ့ တိုင်တည်ပါတယ် .. ကျွန်တော်မျိုးမ မတရားခံရတာပါ .. ဟင့် ... ကျွန်တော်မျိုးမ ဘာမှမလုပ်ခဲ့ပါဘူး .. ကျေး..ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို လွှတ်ပေးပါ .. ဟင့်"
သူမငိုသံကို ရှန်း ဂရုမစိုက်ဘဲ စစ်သူကြီး ပင်း အခန်းရှေ့သို့သွားကာ အစောင့်ကိုအမိန့်ပေးလိုက်သည်။
ရှန်း ပုံစံကြောင့် အစောင့်မှာ ကြောက်လန့်ကာ အလွန်တုန်လှုပ်နေသဖြင့် သော့ကိုပင် အသေအချာမဖွင့်နိုင်ဖြစ်နေသည်။
အစောင့်ကို ကျန်းရှီ သနားသဖြင့် သော့ကိုယူလိုက်ကာ အပြင်တွင်စောင့်ရန် ပြောလေသည်။
အစောင့်လည်း အလွန်ကျေးဇူးတင်ကာ ထွက်သွားပြီးနောက် ကျန်းရှီ က တံခါးဖွင့်လိုက်ပြီး ရှန်း နှင့်အတူ စစ်သူကြီး ပင်း ၏ အချုပ်ခန်းထဲသို့ ဝင်လာသည်။
စစ်သူကြီး ပင်း က အိပ်ပျော်နေသော်လည်း ကျင်းရီ ၏ ကျယ်လောင်သောငိုသံကြောင့် နိုးလာပြီး ရှန်း ကို တွေ့သည့်အခါ အံ့ဩကာ ကြောက်ရွံ့သွားသည်။
ရှန်း နှင့် ဝေးနိုင်သမျှ နောက်ဆုတ်သော်လည်း နံရံကိုကပ်မိသွားသဖြင့် လွတ်လမ်းမရှိတော့သောကြောင့် စစ်သူကြီး ပင်း တောင်းပန်တော့သည်။
စစ်သူကြီး ပင်း အနားသို့ ရှန်း ရောက်လာပြီး ပြုံးပြသည်။ သို့သော် ထိုအပြုံးကြောင့် လုံခြုံနွေးထွေးမှုကို မခံစားရဘဲ အေးစက်သောခံစားချက်တစ်ခုက စစ်သူကြီး ပင်း တစ်ကိုယ်လုံးပျံ့သွားပြီး ကြက်သီးမွေးညှင်းများထလာသည်။
"ကိုယ်တော် ဒီနေ့ အရမ်းစိတ်ဝင်စားစရာကောင်းတာလေး ကြားခဲ့ရတယ် ... ဘာလဲဆိုတာ သိချင်လား"
ရှန်း က တည်ငြိမ်လျက်ပင် မေးသည်။
နံရံနှင့်ထိနေသော်လည်း နောက်ကိုပိုတိုးကပ်ရင်း စစ်သူကြီး ပင်း ခေါင်းခါကာ သနားငဲ့ညှာရန်အတွက် တောင်းပန်နေလေသည်။
ရှန်း ပြုံးလျက်ပင် အလွန်ချွန်မြကာ ထက်လွန်းသည့် ဓားငယ်တစ်လက်ကို ယူထုတ်ပြီး ....
"အိုက်ရှင်း ရဲ့ ဆံပင်တွေကို မောင်မင်းက အကြမ်းပတမ်းဖြတ်ပစ်ခဲ့တယ်လို့ ကြားခဲ့တယ် ... အဲဒါက အရမ်းနာတယ်ဆိုတာ လက်ခံတယ်မလား"
စစ်သူကြီး ပင်း မျက်လုံးပြူးသွားပြီး ချက်ချင်းပင် အမတ် ယု သို့မဟုတ် ကျင်းရီ ပြောပြခဲ့လိမ့်မည် မဟုတ်လျှင် မသိနိုင်ဟုတွေးကာ စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်သည်။
သို့သော် ကျိန်ဆဲချိန်ပင်မရလိုက်၊ ကျန်းရှီ က စစ်သူကြီး ပင်း ကို ချုပ်ထားသော သံကြိုးများကိုကိုင်ကာ လက်ကိုဆွဲလိုက်ပြီး ကိုယ်ကို မြှောက်လိုက်လေသည်။
လေထဲတွင် နာကျင်စွာ တွဲလောင်းကျလျက်ရှိနေသော စစ်သူကြီး ပင်း ကို ရှန်း က ချွန်ထက်သောဓားငယ်ဖြင့် ဦးရေပြားကို ဖြည်းညှင်းစွာ ခွာလေတော့သည်။
စစ်သူကြီး ပင်း ၏ မချိတင်ကဲအော်သံတို့ကြောင့် အကျဉ်းသားတို့အားလုံး ကြောက်လန့်ကာတုန်ယင်နေကြသော်လည်း ဧကရာဇ်ရောက်လာသည်မှာ သူတို့နှင့်မဆိုင်ဟူသောအသိကြောင့် စိတ်သက်သာရာရကြလေသည်။
စစ်သူကြီး ပင်း ၏ အော်သံကြောင့် အမတ် ယု နှင့် ကျင်းရီ တို့လည်း မည်သို့ကြုံတွေ့ရမည်ကို မသိသဖြင့် ကြောက်ရွံ့နေကြသည်။
ဆက်လျက်ထွက်လာသော စစ်သူကြီး ပင်း ၏ အော်သံကြောင့် အမတ် ယု လည်း ရှန်း နှိပ်စက်မည်ကိုခံမည့်အစား ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းသာ ပိုသင့်တော်မည်ဟု တွေးလိုက်ပြီး သူ၏လျှာကို ပြန်ကိုက်လေသည်။
ကျင်းရီ သည်လည်း ရှန်း နှိပ်စက်ခြင်းကို မခံလိုသော်လည်း သူမမိဘတို့က ကယ်တင်ပေးလိမ့်မည်ဟု ယုံကြည်နေပြီး သူမနားတို့သာ အုပ်ထားလေသည်။
ကျေနပ်အားရတော့မှာသာ ရှန်း လည်း ရပ်လိုက်ပြီး သွေးစွန်းနေသောဓားငယ်ကို စစ်သူကြီး ပင်း အဝတ်တို့နှင့်သုတ်ပြီး ပြန်ထွက်လာခဲ့သည်။
ကျန်းရှီ နှင့် ရှန်း တို့ ထွက်သွားကြမည့်အချိန်တွင် အမတ် ယု ၏အချုပ်ခန်းကို ကြည့်လိုက်သည့်အခါ သွေးအနည်းငယ်ထွက်နေပြီး လဲနေသော အမတ် ယု ကို တွေ့လေသည်။ အလှည့်ကျရပ်စောင့်နေသော အစောင့်ကို ကျန်းရှီ က အမတ် ယု ကို စစ်ဆေးရန်ပြောသည်။ အစောင့်လည်း အမတ် ယု နားသို့သွားကာ သွေးကြောကိုစမ်းပြီးနောက် အမတ် ယု ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြောင်း ရှန်း နှင့် ကျန်းရှီ ကို ချက်ချင်းလျှောက်လေသည်။
ကျန်းရှီ နှင့် အစောင့်တို့ ထင်သည်နှင့်ဆန့်ကျင်စွာ ရှန်း တုံ့ပြန်ခြင်းကင်းလျက် အလောင်းကို မြှုပ်လိုက်ရန်သာ ပြောလေသည်။
ရှန်း အမိန့်ကို နာခံပြီးနောက် အစောင့်က စစ်သူကြီး ပင်း ကို မည်သို့လုပ်ရမည့်အကြောင်း မေးသည့်အခါ ရှန်း က စစ်သူကြီး ပင်း ကို နောက်ဆုံးထွက်သက်အထိ နာကျင်မှုကိုခံစားစေရန်ဟုသာ အမိန့်ပေးလေသည်။
T/N :......
ကြာသွားတာ တောင်းပန်ပါတယ်နော် .. personalကိစ္စတွေကြောင့် စိတ်ယောက်ယက်ခတ်နေတာနဲ့ပဲ ဒီဘက်ကို အာရုံမစိုက်နိုင်ဖြစ်သွားတယ် ...
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤