Zawgyi
"Honeymoon ဘယ္ကိုသြားဖို႔စီစဥ္ၾကသလဲ.."
"အေဝးႀကီးမဟုတ္ဖူးမား..ကိုကိုက သူ႔ပညာေရးအတြက္လဲ ေအးေအးေဆးေဆးအနားယူလို႔ရမယ့္ေနရာဆိုလို႔ နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕ကိုေရြးထားတယ္။ မားမွတ္မိဦးမလားေတာ့မသိဘူး။ ဘူဆန္နယ္ထဲမွာေလ...ကိုကိုနဲ႔ကြၽန္ေတာင္ လုပ္အားေပးသြားဖူးေသးတယ္။ ခ်ာဂန္ဂ်ီဆိုတ့ဲ ပင္လယ္ကမ္းစပ္ၿမိဳ႕ေလး။"
ဂယက္႐ိုက္ေနေသာ သတင္းေတြကို ပစ္ခ်ကာ မားေမးတာကိုျပန္ေျဖလိုက္၏။ ေအာင္ျမင္စျပဳေနေသာ သူ႔လမ္းေၾကာင္းမွာ ဒီလို႐ႈပ္ေထြးမႈေတြပါ ပါလာမွာမွန္းႀကိဳသိခ့ဲရင္ သူဒီလမ္းကို ေရြးခ်ယ္ျဖစ္ခ့ဲမွာ မဟုတ္။
"Xiao Luကိုၾကည့္ရတာ ေတာ္ေတာ္ပင္ပန္းသြားတယ္ထင္တယ္။ "
သူ႔ေပါင္ေပၚေခါင္းတင္ကာ.အိပ္ေပ်ာ္ေနေသာ ကိုကို႔ကို ငုံ႔ၾကည့္ကာျပံဳးလိုက္မိသည္။
"မာမီေရာ..."
"အခမ္းအနားသိမ္းရင္း က်န္ခ့ဲတယ္။ ညနက္မွျပန္လာမယ္ထင္တယ္။ ႏိုးလိုက္ေတာ့ေလ....အခုပဲသြားျကမွာမဟုတ္လား။"
ဘယ္ေလာက္မွမေလးေသာ ခႏၶာကိုယ္ေလးကိုေပြ႔ခ်ီကာ...ကားဆီသို႔ေျခလွမ္းမိ၏။
"သား Sehunnie...."
ကိုကို႔ကိုေပြ႔ထားရင္းလွည့္ၾကည့္ေတာ့ မားကခပ္လွမ္းလွမ္းမွာရပ္ၾကည့္ကာ သူ႔ကိုျပံဳးျပေန၏။
"မားတန္ဖိုးထားသလို Xiao Lu ကို သားတန္ဖိုးထားေပးမယ္ဆိုတာ ယုံပါတယ္။ Oh Sehunnie က မားအခ်စ္ဆုံးကေလးေလးပဲ..."
သူႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပံဳးယူလိုက္၏။
လူေပါင္းခုႏွစ္ဘီလီယံစာအခ်စ္ကို ကြၽန္ေတာ့္ႏွလုံးသားနဲ႔ တိုက္႐ိုက္အခ်ိဳးခ်ၾကည့္မလား.... ကြၽန္ေတာ္တစ္ေယာက္တည္းနဲ႔ ကိုကို႔ကိုအလုံအေလာက္ခ်စ္ျမတ္ႏိုးေပးႏိုင္ပါတယ္.....
စိတ္ထဲမွာသာေျပာျဖစ္ၿပီး ေခါင္းၿငိမ့္ျပံဳးျပကာ..ကားထိုင္ခုံေပၚ....ျငင္ျငင္သာသာခ်ေပးမိ၏။ ဖ႐ိုဖရဲ ဝဲက်ေနေသာ ဆံႏြယ္တို႔ကိုသပ္တင္လိုက္ေတာ့ ေျပဆင္းေနသည့္နဖူးေလးမွာ ေခြၽးစတစ္ခ်ိဳ႕ တြယ္ခိုလ်က္။ အနမ္းတခုဖြဖြေပးမိသည္။ ကြၽန္ေတာ့္အခ်စ္ေတြနဲ႔ ေအးခ်မ္းပါေစကိုကို။
"Shuu!"
အေဝးႀကီးကလာတ့ဲရနံ႔....လတ္လတ္ဆတ္ဆတ္ေျမသင္းနံ႔...မဟုတ္ေသး..အ့ဲဒါအျပင္.....
ဆားနံ႔....ဆားငံနံ႔........ဒါဆို.........
ျဖတ္ကနဲပြင့္လာေသာ မ်က္ဝန္းတစ္စုံ။
ပင္လယ္.....။
"ဝါး........"
အေဝးေျပးကားလမ္းမွာ ခ်ရပ္ထားေသာ ကားက ပင္လယ္ျမင္ကြင္းကိုထင္းထင္းရွင္းရွင္းျမင္ေနရ၏။ကားမွန္မွာ ႏွာေခါင္းကိုျပားေအာင္ကပ္ရင္း တဝါးဝါးလုပ္ေနသည့္ ကိုကို႔ေၾကာင့္ မွန္တံခါးကိုခ်ေပးလိုက္ရေပမ့ဲ အေအးပတ္မွာစိုးရိမ္ေနရျပန္၏။
"ဆင္းရေအာင္ေလ...."
"ေနဦးေလ..ကုိုကိုရဲ႕ အိမ္ေရာက္မွဆင္းပါ။ ျဖည္းျဖည္းေပါ့...."
"အိမ္? ဘယ္သူ႔အိမ္လဲ...."
"ကြၽန္ေတာ့္အိမ္....အင္း..အခုေတာ့.....ကြၽန္ေတာ္တို႔အိမ္ေပါ့...."
ႏႈတ္ခမ္းတစ္ဖက္တြန္႔ကာျပံဳးရင္းေျပာေနသည့္ ပုံရိပ္ကိုၾကည့္ကာ ျမည္ျမည္ဟည္းဟည္းခုန္သြားေသာရင္ဘတ္ေၾကာင့္ အလန္႔တၾကားမ်က္ႏွာလႊဲလိုက္ရ၏။
ကြၽန္ေတာ္တို႔အိမ္ဆိုပါလား.....
ရင္ဘတ္ထဲ ၿငိမ့္ၿငိမ္ေျငာေျငာစီးဆင္းေနသည့္ ရင္ခုန္သံေတြကိုသာ သူအဓိပၸါယ္ေဖာ္တတ္ခ့ဲမည္ဆို "ၾကည္ႏူးျခင္း' လို႔ ေခါင္းစဥ္တပ္ျဖစ္ခ့ဲမည္ထင္ပါသည္။
ကားရပ္လိုက္ေသာေနရာက က်ယ္က်ယ္ဝန္းဝန္း႐ွိေသာ ျခံဝင္းတစ္ခုထဲမွာ....အိမ္ေ႐ွ႕မ်က္ႏွာစာဟာ ျမက္ခင္းစိမ္းစိမ္းတို႔လႊမ္းလ်က္။ အညိဳေရာင္အုတ္ႂကြပ္မိုးေတြ ႐ွိသည့္ တစ္ထပ္အိမ္ ပုေသးေသးေလး...ၿပီးေတာ့ အျဖဴေရာင္ပန္းေတြ အဆုပ္လိုက္ခဲေနသည့္ ပင္စည္သြယ္သြယ္ အခက္ျဖာျဖာႏွင့္ အပင္တစ္ပင္က အုတ္တံတိုင္းနားမွာ ကပ္ေပါက္ေန၏။
ကားတံခါးကိုဖြင့္ဆင္းေတာ့ ေအးစိုစိုအထိအေတြ႔ကိုရ၏။ ပင္လယ္ေလကေအးသည္။
ကုန္းျပင္ျမင့္ေပၚကအိမ္မို႔ ဆင္ေျခေလ်ာတစ္ဖက္က ပင္လယ္ကို က်ယ္က်ယ္ေျပာေျပာ မ်က္စိတစ္ဆုံးျမင္ေနရ၏။ ျခားထားေသာ ကမ္းစပ္တစ္ဖက္မွာေတာ့ ပုပုစုစုအိမ္ေလးေတြ....ေသးသြယ္သြယ္လမ္းကေလးေတြ......
"နတ္သမီးပုံျပင္ထဲေရာက္သြားသလိုပဲ။"
ခါးကိုသိမ္းဖက္ကာ ေနာက္ေက်ာကေန ရင္ခြင္ထဲဆြဲသြင္းခံလိုက္ရသည္။
"ဘယ္တုန္းကဝယ္ထားတာလဲ..."
နားရြက္ဖ်ားကိုလွမ္းနမ္းလာ၏။
"ကြၽန္ေတာ္အထက္တန္းပထမႏွစ္တက္တုန္းက..ဖြားဖြားအေမြေပးသြားတ့ဲပိုက္ဆံနဲ႔။"
"ေတာ္ေတာ္ၾကာၿပီပဲ...ဒါလဲ ငါသေဘာက်တယ္လို႔ေျပာခ့ဲဖူးလို႔လား"
ျပန္ေျဖသံမၾကားရပဲ လည္ဂုတ္စပ္ေတြ ေႏြးသြားျပန္သည္။
"အ႐ူးလို႔ေျပာျပန္ရင္လဲ ေျမႇာက္တယ္ထင္ၿပီး ဘဝင္ကျမင့္ျပန္ဦးမယ္။"
"ျမင့္ႏိုင္လို႔ျမင့္တာေပါ့....ကြၽန္ေတာ့္အခ်စ္က ဘဝင္ျမင့္စရာလို႔ကိုကိုကေရာ မထင္ဘူးလား။ ၾကည့္ေနာ္...ကြၽန္ေတာ္သိတတ္စအရြယ္ကတည္းက ကိုကို႔ကုိပဲခ်စ္လာတာ...ကိုကို႔အတြက္ပဲ ကြၽန္ေတာ့္အခ်စ္ကိုေမြးျမဴခ့ဲတာ.ကြၽန္ေတာ့္ခ်စ္ျခင္းေမတၱာက ကိုကို႔တစ္ေယာက္တည္းအတြက္ ဖန္တီးထားတ့ဲ Limited Edition ပဲ။ "
တိုး႐ွ႐ွေလသံက နားရြက္ေနာက္မွာ ယားက်ိက်ိ....သူျပံဳးမိ၏။
ေခါင္းေပၚခပ္ဖြဖြတင္လာေသာ ေမးဖ်ား။ ရင္ဘတ္နားသိုင္းထားေသာ.လက္အစုံကိုထပ္အုပ္ကိုင္လိုက္၏။ အေၾကာစိမ္းတို႔႐ွိန္းျမထေနသည့္ လက္ခုံကိုဆြဲယူနမ္း႐ိႈက္လိုက္ရင္း....
"ငါက မင္းရဲ႕ တစ္ဦးတည္းေသာဝယ္သူေပါ့။ အဖိုးအခက ႏွလုံးသားတစ္ခုလုံးေပးမယ္ေလ....မင္းအခ်စ္ေတြအကုန္ ငါ့ကိုပဲေရာင္း။"
"အခ်စ္ေတြပိမွ ေၾကာက္ပါၿပီမေအာ္နဲ႔ေနာ္"
ကိုကို႔ပါးျပင္တစ္ဖက္ကို ဖိႏွစ္နမ္းၾကဴကာ ရင္ခြင္ထဲက ခႏၶာကိုယ္ကို ဖိညစ္ေပြ႔ဖက္မိ၏။
ကိုကို႔ရယ္သံသည္ ပ်ားရည္ထည့္ေသာ Bubble Tea တစ္ခြက္လို...ခ်ိဳၿမိန္လြန္းမက ခ်ိဳၿမိန္ေနခ့ဲပါ၏။
"Shuu!"
"အိမ္မွာပဲေစာင့္ေနာ္ကိုကို..ဒီကုန္းဆင္းမွာ ကမ္းစပ္ေစ်း႐ွိတယ္။ ကြၽန္ေတာ္နည္းနည္းပါးပါးသြားၾကည့္လိုက္ဦးမယ္။"
ငါ့ကိုေစာင့္တာမဟုတ္ဖူး ဆိုေသာအသံေလးက ေရခ်ိဳးခန္းထဲကေန ပလုံးပေထြးထြက္လာ၏။ ပိုက္ဆံအိတ္ကိုဆြဲယူကာ ခပ္သြက္သြက္လမ္းေလွ်ာက္လိုက္သည္။ ကမ္းစပ္ေစ်းက သိပ္မႀကီးေပမ့ဲ လိုခ်င္တာကိုအစုံရ၏။ ကိုယ္ခ်က္တတ္ေလာက္မည္ထင္ေသာ ပစၥည္းအခ်ိဳ႕ႏွင့္ ေရသန္႔ဘူးကတ္လိုက္ကိုဝယ္ကာျပန္လာခ့ဲ၏။
"ကိုကို..."
"ေဝ....."
"ၾကည့္လာဦး....အဆင္ေျပတာဝယ္လာတာပဲ....ငါးနဲ႔ဆိတ္သားပါတယ္။ ဘာလုပ္စားခ်င္လဲ...."
တရစပ္ေမးေနတာက ကိုကိုသူ႔မ်က္စိေ႐ွ႕ေရာက္လာေတာ့ ပါးစပ္ကိုဇစ္နဲ႔ပိတ္ခံရသလို အသံစိသြားသည္။
"ကိုကို႔....ဘယ္လိုေတြဝတ္ထားတာလဲ....><"
"ဘာလဲ..ဘာျဖစ္လို႔လဲ....လြတ္လြတ္လပ္လပ္ေလ..."
"လြတ္လြတ္လပ္လပ္ဆိုတိုင္း ေဘာင္းဘီမဝတ္ပဲ ႐ွပ္အက်ႌတစ္ထည္တည္းနဲ႔ ဟာလာလာေနလို႔ရသလား။ တကယ္ပဲ ကိုကိုဟာ... "
"အယ္လယ္...ကေလးက ႐ွက္ေနတာလား..."
သူ႔လက္ေမာင္းကိုလႈပ္ယမ္းရင္းျပံဳးျဖဲျဖဲေမးေတာ့ သက္ျပင္းသာ က်ိတ္ခ်ပစ္လိုက္၏။ ပခုံးႏွစ္ဖက္ကိုသူ႔ေ႐ွ႕ေရာက္ေအာင္ဆြဲ ယူရင္း
မ်က္လုံးခ်င္းဆုံၾကည့္မိကာ....
"မ႐ိုးသားဘူးလို႔တရားဝင္ေၾကျငာၿပီး လက္ထပ္ယူခ့ဲတာေနာ္။ ကြၽန္ေတာ့္ေ႐ွ႕ ဒီလိုေနရဲရေအာင္ ကိုကိုက ကြၽန္ေတာ့္ကို ဘယ္လိုေယာက်ာ္းထင္ေနလို႔လဲ။"
ရဲကနဲ ေစြးသြားသည့္မ်က္ႏွာေလးႏွင့္
"ဖယ္စမ္း ငါ့ေဘာင္းဘီ....."
"ေနပါဦး......"
"Oh Sehunnie......"
ေအးစက္စက္ႏႈတ္ခမ္းပါးတို႔သည္ သူ႔ ႏႈတ္ခမ္းႏႈတ္လႊာၾကား အိစက္စက္။ အခ်ိန္ေတြဘယ္ေလာက္ၾကာသြားၿပီ သူမသိ။ သိလည္းမသိခ်င္။ လိုခ်င္တပ္မက္မႈတို႔ တြန္းထိုးေနသည့္ နတ္ဆိုးေကာင္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔က ဒီတစ္နည္းတည္းမို႔။
"ကိုကိုအရင္ရန္လာစတာေနာ္...."
"လူဆိုးေကာင္ႀကီး"
ပန္းဟိုက္ေသာ အသံတိုးတိုး။ သူ႔ပခုံးတစ္ဖက္မွာ မွီက်လာေသာ ေခါင္းေလး။ ဆံႏြယ္တို႔ကို ျမတ္ႏိုးမဝစြာ နမ္း႐ိႈက္မိ၏။
ဘဝကတိုတိုေလးပါ။ ဒီခဏေလးကိုပဲ ကိုကိုနဲ႔အတူတူျဖတ္သန္းခ်င္ခ့ဲတ့ဲဆႏၵေတြ စစ္မွန္ခ့ဲတယ္လို႔ထင္ပါရဲ႕။
ကိုကို႔ကိုခ်စ္တယ္။
Shuu!
TBC
Feeling? 😒
နာမည္ေတြကရမ္းၿဖီးတာပါေနာ္ 😛
Unicode
"Honeymoon ဘယ်ကိုသွားဖို့စီစဉ်ကြသလဲ..""အဝေးကြီးမဟုတ်ဖူးမား..ကိုကိုက သူ့ပညာရေးအတွက်လဲ အေးအေးဆေးဆေးအနားယူလို့ရမယ့်နေရာဆိုလို့ နယ်မြို့လေးတစ်မြို့ကိုရွေးထားတယ်။ မားမှတ်မိဦးမလားတော့မသိဘူး။ ဘူဆန်နယ်ထဲမှာလေ...ကိုကိုနဲ့ကျွန်တောင် လုပ်အားပေးသွားဖူးသေးတယ်။ ချာဂန်ဂျီဆိုတဲ့ ပင်လယ်ကမ်းစပ်မြို့လေး။"ဂယက်ရိုက်နေသော သတင်းတွေကို ပစ်ချကာ မားမေးတာကိုပြန်ဖြေလိုက်၏။ အောင်မြင်စပြုနေသော သူ့လမ်းကြောင်းမှာ ဒီလိုရှုပ်ထွေးမှုတွေပါ ပါလာမှာမှန်းကြိုသိခဲ့ရင် သူဒီလမ်းကို ရွေးချယ်ဖြစ်ခဲ့မှာ မဟုတ်။"Xiao Luကိုကြည့်ရတာ တော်တော်ပင်ပန်းသွားတယ်ထင်တယ်။ "သူ့ပေါင်ပေါ်ခေါင်းတင်ကာ.အိပ်ပျော်နေသော ကိုကို့ကို ငုံ့ကြည့်ကာပြုံးလိုက်မိသည်။"မာမီရော...""အခမ်းအနားသိမ်းရင်း ကျန်ခဲ့တယ်။ ညနက်မှပြန်လာမယ်ထင်တယ်။ နိုးလိုက်တော့လေ....အခုပဲသွားကြမှာမဟုတ်လား။"ဘယ်လောက်မှမလေးသော ခန္ဓာကိုယ်လေးကိုပွေ့ချီကာ...ကားဆီသို့ခြေလှမ်းမိ၏။"သား Sehunnie...."ကိုကို့ကိုပွေ့ထားရင်းလှည့်ကြည့်တော့ မားကခပ်လှမ်းလှမ်းမှာရပ်ကြည့်ကာ သူ့ကိုပြံုးပြနေ၏။"မားတန်ဖိုးထားသလို Xiao Lu ကို သားတန်ဖိုးထားပေးမယ်ဆိုတာ ယုံပါတယ်။ Oh Sehunnie က မားအချစ်ဆုံးကလေးလေးပဲ..."သူနှစ်နှစ်ခြိုက်ခြိုက်ပြံုးယူလိုက်၏။လူပေါင်းခုနှစ်ဘီလီယံစာအချစ်ကို ကျွန်တော့်နှလုံးသားနဲ့ တိုက်ရိုက်အချိုးချကြည့်မလား.... ကျွန်တော်တစ်ယောက်တည်းနဲ့ ကိုကို့ကိုအလုံအလောက်ချစ်မြတ်နိုးပေးနိုင်ပါတယ်.....စိတ်ထဲမှာသာပြောဖြစ်ပြီး ခေါင်းငြိမ့်ပြံုးပြကာ..ကားထိုင်ခုံပေါ်....ငြင်ငြင်သာသာချပေးမိ၏။ ဖရိုဖရဲ ဝဲကျနေသော ဆံနွယ်တို့ကိုသပ်တင်လိုက်တော့ ပြေဆင်းနေသည့်နဖူးလေးမှာ ချွေးစတစ်ချို့ တွယ်ခိုလျက်။ အနမ်းတခုဖွဖွပေးမိသည်။ ကျွန်တော့်အချစ်တွေနဲ့ အေးချမ်းပါစေကိုကို။"Shuu!"အဝေးကြီးကလာတဲ့ရနံ့....လတ်လတ်ဆတ်ဆတ်မြေသင်းနံ့...မဟုတ်သေး..အဲ့ဒါအပြင်.....ဆားနံ့....ဆားငံနံ့........ဒါဆို.........ဖြတ်ကနဲပွင့်လာသော မျက်ဝန်းတစ်စုံ။ပင်လယ်.....။"ဝါး........"အဝေးပြေးကားလမ်းမှာ ချရပ်ထားသော ကားက ပင်လယ်မြင်ကွင်းကိုထင်းထင်းရှင်းရှင်းမြင်နေရ၏။ကားမှန်မှာ နှာခေါင်းကိုပြားအောင်ကပ်ရင်း တဝါးဝါးလုပ်နေသည့် ကိုကို့ကြောင့် မှန်တံခါးကိုချပေးလိုက်ရပေမဲ့ အအေးပတ်မှာစိုးရိမ်နေရပြန်၏။"ဆင်းရအောင်လေ....""နေဦးလေ..ကိုုကိုရဲ့ အိမ်ရောက်မှဆင်းပါ။ ဖြည်းဖြည်းပေါ့....""အိမ်? ဘယ်သူ့အိမ်လဲ....""ကျွန်တော့်အိမ်....အင်း..အခုတော့.....ကျွန်တော်တို့အိမ်ပေါ့...."နှုတ်ခမ်းတစ်ဖက်တွန့်ကာပြံုးရင်းပြောနေသည့် ပုံရိပ်ကိုကြည့်ကာ မြည်မြည်ဟည်းဟည်းခုန်သွားသောရင်ဘတ်ကြောင့် အလန့်တကြားမျက်နှာလွှဲလိုက်ရ၏။ကျွန်တော်တို့အိမ်ဆိုပါလား.....ရင်ဘတ်ထဲ ငြိမ့်ငြိမ်ငြောငြောစီးဆင်းနေသည့် ရင်ခုန်သံတွေကိုသာ သူအဓိပ္ပါယ်ဖော်တတ်ခဲ့မည်ဆို "ကြည်နူးခြင်း' လို့ ခေါင်းစဉ်တပ်ဖြစ်ခဲ့မည်ထင်ပါသည်။ကားရပ်လိုက်သောနေရာက ကျယ်ကျယ်ဝန်းဝန်းရှိသော ခြံဝင်းတစ်ခုထဲမှာ....အိမ်ရှေ့မျက်နှာစာဟာ မြက်ခင်းစိမ်းစိမ်းတို့လွှမ်းလျက်။ အညိုရောင်အုတ်ကြွပ်မိုးတွေ ရှိသည့် တစ်ထပ်အိမ် ပုသေးသေးလေး...ပြီးတော့ အဖြူရောင်ပန်းတွေ အဆုပ်လိုက်ခဲနေသည့် ပင်စည်သွယ်သွယ် အခက်ဖြာဖြာနှင့် အပင်တစ်ပင်က အုတ်တံတိုင်းနားမှာ ကပ်ပေါက်နေ၏။ကားတံခါးကိုဖွင့်ဆင်းတော့ အေးစိုစိုအထိအတွေ့ကိုရ၏။ ပင်လယ်လေကအေးသည်။ကုန်းပြင်မြင့်ပေါ်ကအိမ်မို့ ဆင်ခြေလျောတစ်ဖက်က ပင်လယ်ကို ကျယ်ကျယ်ပြောပြော မျက်စိတစ်ဆုံးမြင်နေရ၏။ ခြားထားသော ကမ်းစပ်တစ်ဖက်မှာတော့ ပုပုစုစုအိမ်လေးတွေ....သေးသွယ်သွယ်လမ်းကလေးတွေ......"နတ်သမီးပုံပြင်ထဲရောက်သွားသလိုပဲ။"ခါးကိုသိမ်းဖက်ကာ နောက်ကျောကနေ ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရသည်။"ဘယ်တုန်းကဝယ်ထားတာလဲ..."နားရွက်ဖျားကိုလှမ်းနမ်းလာ၏။"ကျွန်တော်အထက်တန်းပထမနှစ်တက်တုန်းက..ဖွားဖွားအမွေပေးသွားတဲ့ပိုက်ဆံနဲ့။""တော်တော်ကြာပြီပဲ...ဒါလဲ ငါသဘောကျတယ်လို့ပြောခဲ့ဖူးလို့လား"ပြန်ဖြေသံမကြားရပဲ လည်ဂုတ်စပ်တွေ နွေးသွားပြန်သည်။"အရူးလို့ပြောပြန်ရင်လဲ မြှောက်တယ်ထင်ပြီး ဘဝင်ကမြင့်ပြန်ဦးမယ်။""မြင့်နိုင်လို့မြင့်တာပေါ့....ကျွန်တော့်အချစ်က ဘဝင်မြင့်စရာလို့ကိုကိုကရော မထင်ဘူးလား။ ကြည့်နော်...ကျွန်တော်သိတတ်စအရွယ်ကတည်းက ကိုကို့ကိုပဲချစ်လာတာ...ကိုကို့အတွက်ပဲ ကျွန်တော့်အချစ်ကိုမွေးမြူခဲ့တာ.ကျွန်တော့်ချစ်ခြင်းမေတ္တာက ကိုကို့တစ်ယောက်တည်းအတွက် ဖန်တီးထားတဲ့ Limited Edition ပဲ။ "တိုးရှရှလေသံက နားရွက်နောက်မှာ ယားကျိကျိ....သူပြံုးမိ၏။ခေါင်းပေါ်ခပ်ဖွဖွတင်လာသော မေးဖျား။ ရင်ဘတ်နားသိုင်းထားသော.လက်အစုံကိုထပ်အုပ်ကိုင်လိုက်၏။ အကြောစိမ်းတို့ရှိန်းမြထနေသည့် လက်ခုံကိုဆွဲယူနမ်းရှိုက်လိုက်ရင်း...."ငါက မင်းရဲ့ တစ်ဦးတည်းသောဝယ်သူပေါ့။ အဖိုးအခက နှလုံးသားတစ်ခုလုံးပေးမယ်လေ....မင်းအချစ်တွေအကုန် ငါ့ကိုပဲရောင်း။""အချစ်တွေပိမှ ကြောက်ပါပြီမအော်နဲ့နော်"ကိုကို့ပါးပြင်တစ်ဖက်ကို ဖိနှစ်နမ်းကြူကာ ရင်ခွင်ထဲက ခန္ဓာကိုယ်ကို ဖိညစ်ပွေ့ဖက်မိ၏။ကိုကို့ရယ်သံသည် ပျားရည်ထည့်သော Bubble Tea တစ်ခွက်လို...ချိုမြိန်လွန်းမက ချိုမြိန်နေခဲ့ပါ၏။"Shuu!""အိမ်မှာပဲစောင့်နော်ကိုကို..ဒီကုန်းဆင်းမှာ ကမ်းစပ်စျေးရှိတယ်။ ကျွန်တော်နည်းနည်းပါးပါးသွားကြည့်လိုက်ဦးမယ်။"ငါ့ကိုစောင့်တာမဟုတ်ဖူး ဆိုသောအသံလေးက ရေချိုးခန်းထဲကနေ ပလုံးပထွေးထွက်လာ၏။ ပိုက်ဆံအိတ်ကိုဆွဲယူကာ ခပ်သွက်သွက်လမ်းလျှောက်လိုက်သည်။ ကမ်းစပ်စျေးက သိပ်မကြီးပေမဲ့ လိုချင်တာကိုအစုံရ၏။ ကိုယ်ချက်တတ်လောက်မည်ထင်သော ပစ္စည်းအချို့နှင့် ရေသန့်ဘူးကတ်လိုက်ကိုဝယ်ကာပြန်လာခဲ့၏။"ကိုကို...""ဝေ.....""ကြည့်လာဦး....အဆင်ပြေတာဝယ်လာတာပဲ....ငါးနဲ့ဆိတ်သားပါတယ်။ ဘာလုပ်စားချင်လဲ...."တရစပ်မေးနေတာက ကိုကိုသူ့မျက်စိရှေ့ရောက်လာတော့ ပါးစပ်ကိုဇစ်နဲ့ပိတ်ခံရသလို အသံစိသွားသည်။"ကိုကို့....ဘယ်လိုတွေဝတ်ထားတာလဲ....><""ဘာလဲ..ဘာဖြစ်လို့လဲ....လွတ်လွတ်လပ်လပ်လေ...""လွတ်လွတ်လပ်လပ်ဆိုတိုင်း ဘောင်းဘီမဝတ်ပဲ ရှပ်အကျႌတစ်ထည်တည်းနဲ့ ဟာလာလာနေလို့ရသလား။ တကယ်ပဲ ကိုကိုဟာ... ""အယ်လယ်...ကလေးက ရှက်နေတာလား..."သူ့လက်မောင်းကိုလှုပ်ယမ်းရင်းပြံုးဖြဲဖြဲမေးတော့ သက်ပြင်းသာ ကျိတ်ချပစ်လိုက်၏။ ပခုံးနှစ်ဖက်ကိုသူ့ရှေ့ရောက်အောင်ဆွဲ ယူရင်းမျက်လုံးချင်းဆုံကြည့်မိကာ...."မရိုးသားဘူးလို့တရားဝင်ကြေငြာပြီး လက်ထပ်ယူခဲ့တာနော်။ ကျွန်တော့်ရှေ့ ဒီလိုနေရဲရအောင် ကိုကိုက ကျွန်တော့်ကို ဘယ်လိုယောကျာ်းထင်နေလို့လဲ။"ရဲကနဲ စွေးသွားသည့်မျက်နှာလေးနှင့်"ဖယ်စမ်း ငါ့ဘောင်းဘီ.....""နေပါဦး......""Oh Sehunnie......"အေးစက်စက်နှုတ်ခမ်းပါးတို့သည် သူ့ နှုတ်ခမ်းနှုတ်လွှာကြား အိစက်စက်။ အချိန်တွေဘယ်လောက်ကြာသွားပြီ သူမသိ။ သိလည်းမသိချင်။ လိုချင်တပ်မက်မှုတို့ တွန်းထိုးနေသည့် နတ်ဆိုးကောင်ကို ထိန်းချုပ်နိုင်ဖို့က ဒီတစ်နည်းတည်းမို့။"ကိုကိုအရင်ရန်လာစတာနော်....""လူဆိုးကောင်ကြီး"ပန်းဟိုက်သော အသံတိုးတိုး။ သူ့ပခုံးတစ်ဖက်မှာ မှီကျလာသော ခေါင်းလေး။ ဆံနွယ်တို့ကို မြတ်နိုးမဝစွာ နမ်းရှိုက်မိ၏။ဘဝကတိုတိုလေးပါ။ ဒီခဏလေးကိုပဲ ကိုကိုနဲ့အတူတူဖြတ်သန်းချင်ခဲ့တဲ့ဆန္ဒတွေ စစ်မှန်ခဲ့တယ်လို့ထင်ပါရဲ့။ကိုကို့ကိုချစ်တယ်။Shuu!TBCFeeling? 😒နာမည်တွေကရမ်းဖြီးတာပါနော် 😛