9

9.3K 923 92
                                    

Zawgyi



ယနေ့နေသာ၏။ အရောင်စုံသော ပန်းကလေးများသဖွယ် မိန်းမလှလေးများကို အဖြူရောင်ဘုရားကျောင်းကိုနောက်ခံထား၍ အစိမ်းရောင် မြက်ခင်းပေါ်တွင် အစုလိုက်ကလေးမြင်နေရ၏။ ယွန်းရှင်းမတို့  ဆရာမအပျိုလေးများတစ်သိုက်ဖြစ်၏။ 😌

သို့ဆိုလျှင် မည်သည့်ပွဲ ဖြစ်မည်ကို အရိပ်မျှလောက်ခန့်မှန်းလို့ရမည်ထင်သည်။ နိုးနိုး......အလောမကြီးကြပါနဲ့။

ကျောင်းက လူပျိုကြီးနှင့် အပျိုကြီး ဆရာဆရာမတို့၏ မင်္ဂလာပွဲ ဖြစ်၏။ 😝 ဒီပွဲမှာ အနက်ရောင်အနောက်တိုင်းဝတ်စုံ အပြည့်အစုံနှင့် ခန့်ညားနေသော ဆရာ Luhan 😌 ။ သို့သော်...ဧည့်ပရိတ်သတ်များနှင့် ဆရာမလေးများ ကျောင်းသူလေးများ၏ ပါးစပ်ဖျား ရေပန်းစားနေသော ခေါင်းစဉ်မှာ ဆံပင်ကိုနောက်လှန်ဖြီးထားသော လူတစ်ယောက်က ဆရာLuhan လက်ကို မဟားတယားဆွဲနေခြင်း ။ အတင်းရုန်းနေပါသော်လည်း အားချင်းမမျှသည့်အတွက်  ယက်ကန်ယက်ကန်ဖြစ်နေသော ဆရာလေးကိုကြည့်ကာ ဧည့်သည်များ စုတ်တသပ်သပ်။

"ကျွတ်ကျွတ်..အဲ့ကောင်လေးတော့ လုံးပါးပါးတော့မှာပဲ"

"><"

"ဟေ့ကောင်"

"လာပါဦးကိုကို..လာပါဦး..နည်းနည်းလောက်မေးစရာလေးရှိလို့"

ထောင့်ချိုးက ပန်းခြုံအကွယ်ရောက်မှ လက်ကိုလွတ်ပေး၏။ ဒါတွေကြိုမြင်နေလို့ မပြောပဲနေတာကို ဘယ်အကောင်က သွားချွန်တွန်းပြန်သလဲ ><

"သတို့သားအရံ?..ဟုတ်လား.."

"အကူအညီတောင်းလို့"

"မငြင်းတတ်ဖူးလား..ကိုကို့မှာပါတဲ့ပါးစပ်ကဘာလုပ်ဖို့လဲ"

"မင်းပဲ မင့်ကို ယောကျာ်းလို့ခေါ်ဖို့ဆို" 😒

"ကိုကိုနော်..အတည်တင်းနေတာ..ဖောက်မလာနဲ့..ကျွန်တော်နဲ့တောင်မဝတ်ရသေးတဲ့ မင်္ဂလာဝတ်စုံကို ကိုကိုက ဘယ်မိန်းမနဲ့အတူတွဲ ပြီးဝတ်မလို့လဲ..ဟမ်"

"အရံပါဆိုကွာ.."

"ရံချင်ရံ မရံချင်နေလေ..ကိုကိုနဲ့အတူတွဲရမယ့်မိန်းမက အရံမဟုတ်ပဲ အတည်တွေဖီးလ်ဝင်လာရင် ကိုကိုတာဝန်ယူမှာလားပြော။ မဆီမဆိုင် ဒီကကောင်ပဲ လှိမ့်ပိန့်ခံစားရဦးမှာ။ ကိုကိုကတော့ လုပ်ချင်ရာလုပ်ပြီးရင် သားသားဘာမှသိဘူး ဆိုတဲ့ မျက်နှာလေးနဲ့။ အရံမဟုတ်လား..ရတယ်။ ကျွန်တော်နဲ့တွဲမယ်။"

Shuu!(COMPLETED)Where stories live. Discover now