ထာဝရခ်စ္သူ/ထာဝရချစ်သူ(FOD Arc...

By MayHoney127

161K 14.5K 823

Quickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations က်ိဴးယ... More

Story Info
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10

Chapter 11(Ending)

17.1K 1.5K 78
By MayHoney127

Zawgyi Ver

က်ိဟန္ယြိ အသက္၁၂ႏွစ္ျပည့္တဲ့ေန႔တုန္းက သူ႔အေဖက အိမ္ကို သူစိမ္းေကာင္ေလးနဲ ႔ေကာင္မေလးကို ေခၚလာခဲ့တယ္။ သူတို႔ကို လက္ဆြဲထားရင္းက ဒါေမာင္ႏွမေတြျဖစ္လို႔ သူကေစာင့္ေရွာက္ရမယ္လို႔ ေျပာတယ္။ က်ိဟန္ယြိက မွင္သက္သြားပင္မယ့္ သူ႔အေမက သူ႔ေမြးေန႔ကိတ္အႀကီးႀကီးကို ေမွာက္ပစ္ကာ သူ႔အေဖကို ဆဲဆိုေတာ့တယ္။ သူ႔အေမက

"Ji Ming Xuan ရွင့္ကိုရွင္ဘာထင္ေနလဲ? ကိုယ့္ကိုကိုယ္ျပန္ၾကည့္စမ္း။ လူကျဖင့္ နဖူးေျပာင္ေျပာင္နဲ႔ ဝတုတ္ျပဲေနတဲ့ အသက္၅၀အရြယ္ အဖိုးႀကီးျဖစ္ေနၿပီ။ အသက္၂၀ေက်ာ္ ေကာင္မတစ္ေယာက္နဲ႔ ကေလးရတဲ့အထိ ဘာလုပ္ေနတာလဲ? သူက ရွင့္ကိုတကယ္ခ်စ္တယ္မ်ား ထင္ေနလား? ေခ်ာင္းမိသားစုရဲ႕ ေနာက္ခံသာမရွိရင္ ရွင္ကအလကားပဲ! ဒီအရိုင္းအစိုင္း သူေတာင္းစားႏွစ္ေကာင္ကို ငါ့မ်က္စိေရွ႕ကေန ေခၚထုတ္သြားစမ္း!"
 
သူ႔အေဖမ်က္ႏွာက ဝက္ႀကီးလို ရဲၿပီးေဖာင္းပြလာေတာ့ က်ိဟန္ယြိေလးက ရယ္စရာထင္ၿပီး ရယ္လိုက္မိတယ္။ သူ႔အေဖက ေဒါသတႀကီး လူကိုလက္ညိဳးေငါက္ေငါက္ထိုးက ေလွာင္သံနဲ႔

"သူေတာင္းစားေကာင္ မင္းကဘာလို႔ရယ္တာလဲ? မင္းကိုမင္းဘာေကာင္မ်ားထင္ေနလဲ? မင္းအေမက သူတို႔ကိုသူေတာင္းစားေခၚရေအာင္ သူကိုယ္တိုင္ကလည္း ေခ်ာင္းမိသားစုရဲ႕ သူေတာင္းစားပဲကြ! က်ိအိမ္ရဲ႕ ခ်မ္းသာမႈေၾကာင့္သာ မဟုတ္ရင္ မင္းကို ဘယ္သူမွ ခ်စ္မွာမဟုတ္ဘူး။ ေပးတာယူ ေကၽြးတာစားေနရတဲ့ဟာေတြကမ်ား ငါ့ကိုလာကိုက္ေနေသးတယ္။ $ေက်းဇူးမသိတက္တဲ့ဟာေတြ"

အဲ့ဒီအခ်ိန္တုန္းက အဲ့စကားေတြကို သူနားမလည္ပင္မယ့္လည္း စိတ္ထဲမွာ နက္နက္ရႈိင္းရႈိင္းကို စြဲသြားေတာ့တယ္။

အဲ့ဒါေၾကာင့္ လင္းခ်န္စယ္က သူ႔ကိုေငြေၾကာင့္ပဲ ခ်စ္တယ္လို႔ေျပာတာ ၾကားတုန္းက သူအရမ္းစိတ္ဆိုးသြားမိၿပီး ဒီေလွာင္ရယ္ဖို႔ေကာင္းမယ့္ အစီအစဥ္ကို စခဲ့တယ္။ လင္းခ်န္စယ္ကို က်ိမိသားစုစီးပြားပ်က္သြားၿပီး သူေနစရာမရွိဘူးလို႔ေျပာခဲ့တယ္။ သူ႔မ်က္ႏွာပ်က္ေနပင္မယ့္ ရင္ထဲမွာေတာ့ ေလွာင္ရယ္ေနခဲ့တယ္။ က်ိအိမ္က တကယ္စီးပြားပ်က္သြားၿပီး ပိုင္ဆိုင္မႈေတြက ေလာဘႀကီးတဲ့ တရားမဝင္သားသမီးေတြဆီကို ေရႊမိုးေငြမိုးရြာခ်သလို ေရာက္သြားပင္မယ့္ က်ိဟန္ယြိအတြက္ေတာ့ ဘာသက္ေရာက္မႈမွ မရွိဘူး။ သူ႔အေမက်ိမိသားစုထဲကို လက္ထပ္ၿပီး ေရာက္သြားတည္းက သူ႔အဖိုးက တသက္ဖူဖူလုံလံုေနလို႔ရတဲ့ေငြေတြ သူ႔အေမကို ေပးထားၿပီးသားပဲ။ သူ႔အေမဆီက ပိုက္ဆံ၂သန္းေလာက္ေတာင္းၿပီး သူ႔ဦးေလးအကူအညီနဲ႔ စက္ရံုေထာင္ထားတာ အျမတ္ေတြက အမ်ားႀကီးပဲ။ သူမြဲသြားခ်င္ေယာင္ေဆာင္ၿပီး လင္းခ်န္စယ္အိမ္မွာ အတူေနဖို႔ ေတာင္းဆိုခဲ့တယ္။ လင္းခ်န္စယ္က သေဘာတူခဲ့ပင္မယ့္ အဲ့ေနာက္ပိုင္း သူ႔အေပၚေအးစက္လာၿပီး သူ႔ခ်မ္းသာတဲ့အေပါင္းအပါေတြကိုပဲ ေဖာ္ေရြလာေတာ့တယ္။ က်ိဟန္ယြိက တဖက္သတ္အျမင္နဲ႔ အထင္ေသးႏွာေခါင္းရႈပ္ၿပီး လင္းခ်န္စယ္က သူ႔ေထာင္ေခ်ာက္ထဲမွာ မိၿပီလို႔ ထင္ခဲ့တယ္။

လင္းခ်န္စယ္က သူေတာင္သတိထားမိေလာက္တဲ့အထိ သူ႔သူငယ္ခ်င္းေတြ ေႏွာက္ယွက္တာခံေနရပင္မယ့္လည္း ေအာက္က်ခံၿပီး ဆက္ေရာေနတုန္းပဲ။ အဲ့တုန္းက လင္းခ်န္စယ္က ေငြတအားလိုေနလို႔ အကုန္လုပ္ေနတာပဲလို႔ ထင္ခဲ့ပင္မယ့္ ေနာက္က်မွ ဒီသည္းခံႏိုင္စြမ္းေတြရဲ႕ ေနာက္ကြယ္က တကယ့္အမွန္တရားက အကုန္လံုးသူ႔အတြက္ပဲတဲ့။ ဖန္းယို႔ရမ္က သူ႔ကို အျဖဴစင္ဆံုးအခ်စ္ေပးတယ္လို႔ ထင္ခဲ့ပင္မယ့္ လင္းခ်န္စယ္ရဲ႕အခ်စ္က ပိုျဖဴစင္ၿပီး ပိုၾကမ္းတယ္။ သူ႔ျပင္းထန္တဲ့အခ်စ္စိတ္က သူလူတစ္ေယာက္ကိုခ်စ္မိသြားတာနဲ႔ အဲ့လူေကာင္းဖို႔အတြက္ သူ႔တစ္ကိုယ္လံုးေလာင္ကၽြမ္းေပးမယ့္ မီးလိုပဲ။ သူမင္းကိုခ်စ္မိတာနဲ႔ သူ႔ဝိညာဥ္ကအစ ေပးဆပ္ပစ္မယ့္ လူစားမ်ိဳး။ ဒါသူအျမဲေတာင့္တခဲ့တဲ့ အခ်စ္စစ္မ်ိဳးျဖစ္ပင္မယ့္ သူသတိမထားမိခဲ့တာေၾကာင့္ ဆံုးရႈံးခဲ့ရတယ္။

အဲ့ညက ၾကမ္းျပင္ေပၚမွာ ျပန္႔က်ဲေနတဲ့ ပိုက္ဆံေတြက သူ႔ကိုေလွာင္ရယ္ေနခဲ့တယ္။ က်ိဟန္ယြိက အခ်ိန္အၾကာႀကီး အခန္းထဲမွာ ရပ္ေနခဲ့ၿပီးမွ ဒူးေထာက္ထိုင္ခ်ကာ ၾကမ္းျပင္တစ္ခုလံုးရွင္းသြားတဲ့အထိ တစ္ရြက္ခ်င္းစီေကာက္ခဲ့တယ္။ ပိုက္ဆံေတြကို ကိုင္ရတာက သူ႔လက္ဖဝါးေတြ အပူေလာင္သြားေလာက္တဲ့ မီးခဲကိုကိုင္ရသလို ျဖစ္ေနခဲ့ပင္မယ့္ သူမခ်ႏိုင္ခဲ့ဘူး။လင္းခ်န္စယ္ရဲ႕ ခြင့္လႊတ္မႈကိုရမလားဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ အႀကိမ္ရာေပါင္းမ်ားစြာ ျပန္ေပးဖို႔ ႀကိဳးစားခဲ့တယ္။ လင္းခ်န္စယ္ရဲ႕အျပဳအမႈေတြ ျပန္တမ္းတၿပီး သူ႔သူငယ္ခ်င္းေတြနဲ႔ သူဒုကၡေရာက္ရင္ကူညီဖို႔ ေရာခဲ့ရတာကိုသိေတာ့ သူတို႔ကိုလံုးဝမုန္းခဲ့တယ္။ လင္းခ်န္စယ္ လုပ္ခဲ့သမၽွက သူ႔အတြက္ေတြပဲ။ သူလင္းခ်န္စယ္ရဲ႕ လူသိမခံခဲ့တဲ့ အခက္အခဲေတြနဲ႔ မ်က္ရည္ေတြ သူမူးရူးေနတဲ့sexပါတီကို ေခၚသြားတုန္းက လင္းခ်န္စယ္ရဲ႕အေတြးေတြကိုေရာ သူမေတြးရဲဘူး။

ဖန္းယို႔ရမ္က သူ႔ကိုပိုက္ဆံေတြကူစီေပးၿပီးေတာ့ ရုတ္တရပ္ သူ႔ကိုဖက္တြယ္ကာ "ေတာင္းပန္ပါတယ္"ဆိုတဲ့စကားကို ထပ္ခါတလဲလဲ ငိုရင္းနဲ႔ေျပာခဲ့တယ္။ ဒီမ်က္ရည္ေတြက သူ႔ကိုအျမဲေပ်ာ့သြားေစခဲ့ပင္မယ့္ သူ႔ကိုအဲ့တုန္းက ပိုစိတ္ညစ္ေစတယ္။ လင္းခ်န္စယ္ရဲ႕ ေပးဆပ္မႈႀကီးေတြနဲ႔ယွဥ္ရင္ ဖန္းယို႔ရမ္ရဲ႕ ေပးဆပ္မႈေတြက ဘာလဲ? ဘာလို႔သူ႔ကို ပထမေနရာေပးရေလာက္တဲ့အထိ အထင္ႀကီးမိသြားတာလဲ? အျပင္မွာ လင္းခ်န္စယ္ထက္ ပိုဂရုစိုက္ေပးလို႔လား?

လင္းခ်န္စယ္က အရမ္းမာနႀကီးတယ္။ "အရင္ခ်စ္မိသြားတဲ့သူက အရႈံးပဲ"လို႔ သူအျမဲတမ္းေျပာတက္တယ္။ က်ိဟန္ယြိက ဒါသူရဲ႕အႀကိဳက္ဆံုးစကား ဘာလို႔ျဖစ္ေနမွန္း မသိခဲ့ပင္မယ့္ သူ႔ကိုထပ္ခါထပ္ခါေျပာေနတိုင္းမွာ စိတ္ထဲက "ငါမင္းကိုရႈံးေနၿပီ"လို႔ ေျပာေနမွန္း အခုမွသိတယ္။ ဒါပင္မယ့္ သူ႔မာနက ေျပာခြင့္မေပးေတာ့ ေငြေၾကာင့္ခ်စ္တာလို႔ ေမးတာကို ေျဖခဲ့တယ္။ "ဘယ္လိုေတာင္ ကိုးယို႔ကားယားႏိုင္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့ စိတ္ေလးလဲ" လို႔ သူေတြးရယ္မိလိုက္ၿပီးေနာက္ သူငိုရင္း ဖန္းယို႔ရမ္ကို တြန္းထုတ္ကာ သူနဲ႔လင္းခ်န္စယ္တို႔ ဘဝထဲကထြက္သြားဖို႔ ေအာ္ေျပာလိုက္တယ္။ မ်က္လံုးရဲႀကီးေတြနဲ႔

"မင္းကိုၾကည့္မိတိုင္း ငါ့ကိုယ္ငါရွိရင္းစြဲထက္ ပိုရြံမိတယ္"

အဲ့တည္းက လင္းခ်န္စယ္ေပ်ာက္သြားတာ က်ိဟန္ယြိဘယ္မွာမွ ရွာမရေတာ့ဘူး။ ေနာက္ဆံုး ျပန္ေတြ႕မွာပါဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ ေခ်ာင္းမို႔ခြန္းအိမ္တံခါးေရွ႕မွာ အျမဲေစာင့္ေနခဲ့တယ္။ အရင္က သူ႔ဦးေလးကို အထင္ႀကီးေလးစားကာ ေက်းဇူးႀကီးသူလို႔ သတ္မွတ္ခဲ့ပင္မယ့္ အခုေတာ့ ခါးသီးတဲ့ ခံစားခ်က္ေတြပဲ ရွိေတာ့တယ္။

"ကၽြန္ေတာ့္ရည္းစားမွန္းသိရက္နဲ႔ ဘာလို႔လိုက္တာလဲ?"

ေခ်ာင္းမို႔ခြန္းက သူ႔ကိုခပ္ေလွာင္ေလွာင္အျပံဳးနဲ႔ သိန္း၃ေထာင္နဲ႔ သူ႔ခံစားခ်က္ေတြရႈင္းပစ္ဖို႔ ဝယ္ခဲ့ရတာက သူလုပ္ဖူးသမၽွ အေအာင္ျမင္ဆံုး ရင္းႏွီးျမဳပ္ႏွံမႈပဲတဲ့။ က်ိဟန္ယြိက အဲ့အခ်ိန္တုန္းက ျပန္တိုက္ခိုက္ႏိုင္ဖို႔အားမရွိလို႔ ေခ်ာင္းမို႔ခြန္းထက္ ပိုသန္မာပိုအားေကာင္းလာရင္ သူ႔အခ်စ္ကိုျပန္ရမယ္လို႔ သူ႔ကိုယ္သူ အားတင္းခဲ့ရတယ္။

အဲ့ေနာက္ပိုင္းမွာ လင္းခ်န္စယ္ထပ္ေပ်ာက္သြားျပန္ေတာ့ က်ိဟန္ယြိက အိပ္မေပ်ာ္တဲ့ေဝဒနာျဖစ္သြားကာ အိပ္ေဆးေတြေသာက္ရင္း နာက်င္ရဆံုး၃လကို ျဖတ္သန္းခဲ့ရတယ္။ ၃လၾကာၿပီးတဲ့ေနာက္မွာ သူ႔သူငယ္ခ်င္းက နားလည္ရခက္တဲ့messageနဲ႔ videoတစ္ခုကို ပို႔ေပးတယ္။ သူဒီတိုင္းဖြင့္ၾကည့္မိေတာ့ လံုးဝသတိလစ္မတက္ပဲ။ သူဖုန္းကို တင္းတင္းကိုင္ကာ ေလာဘအျပည့္နဲ႔ screenေပၚက ဆြဲေဆာင္မႈရွိလြန္းတဲ့ေကာင္ေလးကို စိုက္ၾကည့္ေနမိတယ္။ ဒါကလင္းခ်န္စယ္ပဲ။ သူ႔ႏွလံုးသားကေတာင့္တေနခဲ့တဲ့ လင္းခ်န္စယ္။ အနာက်င္ဆံုးေနာင္တေတြေပးခဲ့တဲ့ လင္းခ်န္စယ္။ သူ႔သူငယ္ခ်င္းက ဖုန္းေခၚၿပီး

"ဒီေၾကညာက တကယ္ႀကီးေပါက္ေနတာကြ။ ေသစမ္းပါကြာ! လင္းခ်န္စယ္က ဒီလိုအလန္းႀကီးမွန္း ငါမသိခဲ့ဘူး။ ေဟ်ာင့္ မင္းငါ့ကိုေတာ့မေပးဘဲ Wang Jieကိုက်ေပးတယ္။ ဒါကဘာသေဘာလဲကြ! ဟာ! ငါအခုမွေတြးမိတယ္ အဲ့ဒါမင္းရည္းစားမလား? ေဟ်ာင့္ မင္းမလို႔ပဲ  ဒီလိုလူမ်ိဳးကို ဘယ္လိုလုပ္ သူမ်ားကိုေပးႏိုင္ရတာလဲ? မင္းအရမ္းရဲ . . ."

က်ိဟန္ယြိက သူေျပာလို႔ၿပီးေအာင္ မေစာင့္ေတာ့ဘဲ ဖုန္းကို အတင္းခ်လိုက္တယ္။ သူ႔မ်က္လံုးမွာ အမုန္းေတြအျပည့္နဲ႔ "ငါဘာလို႔အဲ့ေလာက္တုန္းရတာလဲ? ငါဘာလို႔အဲ့ေလာက္တုန္းရတာလဲ! ဘာလို႔အလြယ္တကူ လက္လႊတ္လိုက္ရတာလဲ!
ငါအေတာ္တံုးတာပဲ!" လို႔ ထပ္ခါထပ္ခါေျပာေနမိတယ္။

"Extravagant"ေရေမႊးပုလင္းတိုင္းမွာ လင္းခ်န္စယ္ရဲ႕ ပရိုမိုရွင္းပိုစတာပါမယ္လို႔ ၾကားေတာ့ က်ိဟန္ယြိက အဲ့ေန႔ေက်ာင္းေျပးၿပီး နီးစပ္ရာဆိုင္ကို အေျပးသြားခဲ့တယ္။ ေကာင္တာမွာ လူေတြၾကပ္ေနၿပီး လူတိုင္းက ေရေမႊးပုလင္းအတြက္ ဆူညံ့ေနၾကတယ္။ သူလူမနည္းတိုးၿပီး ေကာင္တာဆီေရာက္ေတာ့ အေရာင္းဝန္ထမ္းက ပစၥည္းျပတ္သြားၿပီေျပာတယ္။ အဲ့အခ်ိန္က လင္းခ်န္စယ္ကို ဘယ္ေတာ့မွ ထိေတြ႕ႏိုင္ခြင့္မရွိေတာ့ဘူးဆိုတဲ့ နာက်င္မႈကို သူေျပာမျပႏိုင္တက္ေအာင္ပဲ။

Mallထဲက စိတ္ပ်က္လက္ပ်က္နဲ႔ထြက္လာၿပီးေတာ့ ထိပ္တန္းႏိုင္ငံတကာdesigner Orlandoနဲ႔ interviewကိုျပေနတဲ့ LEDအႀကီးႀကီးကို ေမာ့ၾကည့္လိုက္မိတယ္။ သူက လင္းခ်န္စယ္ကို အေကာင္းဆံုးဝိုင္တစ္ခြက္လို ဘုရားသခင္က ခ်ီးျမႇင့္ထားတဲ့ဆုထူးရွိတဲ့ အလွနတ္ဘုရားေလးလို႔ သံုးႏႈံးတယ္။ သူ႔ရုပ္သြင္က နတ္ေတြေတာင္ မယွဥ္ႏိုင္တာမလို႔ မ်က္ကန္းကလြဲရင္ လူတိုင္းခ်စ္မိမွာပဲလို႔ ေျပာျပန္တယ္။ ေနာက္ဆံုးစကားက က်ိဟန္ယြိရင္ကို ထပ္ကြဲေစတယ္။ သူ႔အခ်စ္ကို တစ္ခါရခဲ့ဘူးပင္မယ့္ သိတာအရမ္းေနာက္က်ခဲ့တယ္။ လင္းခ်န္စယ္ကို screenမွာျပေတာ့ လူအမ်ားစုက ရပ္ၿပီးၾကည့္ၾကတယ္။ ကားေတြေတာင္ အရွိန္ေလၽွာ့ၿပီး ၾကည့္တဲ့အထိပဲ။ သူတို႔မ်က္လံုးထဲမွာ အံ့ဩမႈေတြနဲ႔ အသိအမွတ္ျပဳၾကတယ္။ က်ိဟန္ယြိကေတာ့ မၾကည့္ရဲေတာ့ဘူး။

ေနာက္ဆံုးမွာ သူအဆက္အသြယ္အခ်ိဳ႕သံုးလိုက္မွ extravagentေရေမႊးပုလင္းနည္းနည္း ရလိုက္တယ္။ ၿပီးေတာ့ လင္းခ်န္စယ္ရဲ႕ ပိုစတာေတြကို သူဘယ္တုန္းကမွ ထြက္မသြားခဲ့သလို အခန္းအျပည့္ကပ္လိုက္တယ္။ အဲ့ေန႔ကစၿပီး သူအိပ္ေပ်ာ္သြားႏိုင္ခဲ့ပင္မယ့္ အိပ္မက္ဆိုးေတြကေတာ့ အမ်ားႀကီးပဲ။

ေခ်ာင္းမို႔ခြန္းကို မွီမိုင္သမၽွမွီဖို႔ ေမၽွာ္လင့္ခ်က္နဲ႔ သူအလုပ္ေတြ အေသႀကိဳးစားခဲ့တယ္။ သူစီးပြားေရးေအာင္ျမင္ခါစလူျဖစ္လာေတာ့ သူ႔အနားမွာ အလွမ်ိဳးစံုက ျမဴးထူးလာၾကပင္မယ့္ ဘယ္သူမွ သူ႔စိတ္ဝင္စားမႈကိုရေအာင္ မလုပ္ႏိုင္ဘူး။ ကမ႓ာေပၚမွာ တန္ဖိုးအရွိဆံုး ရတနာတစ္ခုရထားၿပီးေနာက္ ဆံုးရႈံသြားရရင္ ျပန္အစားထိုးဖို႔ကို ေမၽွာ္လင့္ႏိုင္လို႔လား? လင္းခ်န္စယ္က အေကာင္းဆံုးျဖစ္ခဲ့ေတာ့ ဘယ္သူမွ သူ႔ေနရာကို အစားမထိုးႏိုင္ဘူး။ သူ႔စီးပြားေရးကိစၥေတြၿပီးတိုင္း အိမ္ကိုပင္ပင္ပန္းပန္း ေန႔တိုင္းျပန္လာေလ့ရွိတယ္။ သူဆိုဖာေပၚမွာထိုင္ရင္း လင္းခ်န္စယ္ပံုေတြနဲ႔ ျပည့္ေနတဲ့ နံရံကို ဘာမွမေတြးပဲ စိုက္ၾကည့္ေနတက္တယ္။

တေန႔မွာ ေခ်ာင္းမို႔ခြန္း ကားအက္စီးဒန္႔ျဖစ္တာ ေအာက္ပိုင္းတစ္ခုလံုး ဒဏ္ရာျပင္းျပင္းထန္ထန္ရလို႔ အေၾကာေသသြားႏိုင္ပါတယ္လို႔ သတင္းက တင္ျပသြားတယ္။ က်ိဟန္ယြိက အေတာ္ၾကာေအာင္ ေအးခဲသြားၿပီးေနာက္မွာ သူ႔ရင္ထဲမွာ ေဖာ္ျပလို႔ေတာင္မရႏိုင္တဲ့ အေပ်ာ္ေတြလႈိက္တက္လာတယ္။ ေခ်ာင္းမို႔ခြန္းက်သြားၿပီဆိုတာက သူ႔အတြက္အခြင့္အေရးပဲ။ အခုခ်ိန္မွာ လင္းခ်န္စယ္ ဘယ္လိုခံစားေနရမလဲ? အကူအညီမဲ့ေနမလား? မျဖစ္ဘူး သူျမနိႏိုင္သမၽွျမန္ျမန္ သူ႔ကိုသြားရွာရမယ္။ က်ိဟန္ယြိက ခ်က္ခ်က္ထ အထုတ္ျပင္ကာ ဗီဒိုထဲက အေကာင္းဆံုးဝတ္စံုကို ဝတ္တယ္။ ခရီးေဆာင္အိတ္ကို ေလဆိပ္ကိုဆြဲယူသြားကာ Fႏိုင္ငံကိုသြားမယ့္ အျမန္ဆံုးလတ္မွတ္ဝယ္တယ္။

ေလယာဥ္မထြက္ခင္ မိနစ္၂၀ေလာက္မွာ ေ ယာဥ္ထြက္ခြာမယ့္ဂိတ္ရဲ႕TVက သတင္းစာရွင္းလင္းပြဲတစ္ခုျပတယ္။ လင္းခ်န္စယ္ရဲ႕ ဆြဲေဆာင္မႈရွိတဲ့ မ်က္ႏွာေလးက ေပၚလာတယ္။ သူမ်က္တြင္းေတြေခ်ာင္က်ေနပံု ေပၚေနပင္ၿပီး မ်က္လံုးေတြက ေၾကကြဲေနတယ္။ သူmediaေရွ႕ကို ရဲရဲဝံ့ဝံ့ထြက္လာၿပီး ကင္မရာကိုၾကည့္ကာ ခိုင္ခိုင္မာမာပဲ

"ေခ်ာင္းမို႔ခြန္းက ကၽြန္ေတာ့္ခ်စ္သူပါ။ ကၽြန္ေတာ္ သူ႔ကိုခ်စ္တယ္။ ဒါေၾကာင့္ သူ႔အေပၚ ဘယ္ေတာ့မွ လက္မလႊတ္ဘူး။ လူတိုင္းရဲ႕ေမတၱာေတြ ကၽြန္ေတာ္တို႔ရဖို႔ ကၽြန္ေတာ္ေမၽွာ္လင့္ပါတယ္"

အဲ့အခ်ိန္မွာ ေခ်ာင္းမို႔ခြန္းက ကမ႓ာေပၚမွာ အမုန္းခံရဆံုးလူသားျဖစ္သြားတယ္။ က်ိဟန္ယြိက ေလဆိပ္မွာထိုင္ေနတဲ့ ဆယ္ေက်ာ္သက္မေလးေတြ သနားမ်က္ရည္က်ၿပီး ငိုေနသံေတြၾကားတယ္။ လူႀကီးတစ္ေယာက္က သူ႔ခရီးေဆာင္အိတ္ကို ေဒါသတႀကီးကန္ပစ္ကာ ဒီအင္တာဗ်ဴးကအတုႀကီး ဒါApril Foolဟာသပဲ ျဖစ္ရမယ္လို႔ ဆဲဆိုေနတာၾကားရတယ္။ ဒီကမ႓ာေပၚမွာ လူအမ်ားစုက လင္းခ်န္စယ္ကို အရူးအမူးျမတ္ႏိုးၾကပင္မယ့္ သူကေတာ့ လူတစ္ေယာက္ကိုပဲ ခ်စ္တယ္တဲ့။ က်ိဟန္ယြိက ရယ္လိုက္ၿပီး မ်က္ရည္အျပည့္နဲ႔ ျပံဳးလိုက္တယ္။ လင္းခ်န္စယ္က သူ႔ကိုလိုအပ္လိမ့္မယ္လို႔ ဘာလို႔ေတြးမိခဲ့ရတာလဲ? ေခ်ာင္းမို႔ခြန္း ဒုကၡေရာက္ေနလို႔ သူ႔ကိုလက္ခံလိမ့္မယ္လို႔ ဘာလို႔ေတြးမိခဲ့တာလဲ? တကယ္ေတာ့ သူကလင္းခ်န္စယ္ပဲေလ။ တစ္ေယာက္ေယာက္ကို ခ်စ္မိသြားတာနဲ႔ သူ႔အတြက္မီဖိုျဖစ္ေပးမွာေလ! သူအခ်စ္ခံရတဲ့သူက ကမ႓ာေပၚမွာ ကံအေကာင္းဆံုးပဲ။

က်ိဟန္ယြိက လက္မွတ္ျပန္ေပးကာ စိတ္ရႈပ္စြာ အိမ္ျပန္လာၿပီး အိပ္ရာေပၚမွာ လွဲေတာ့တယ္။ သူအိပ္မက္လွလွေလးတစ္ခုမက္တယ္။ လင္းခ်န္စယ္နဲ႔ ထမင္းစားခန္းထဲမွာ အတူရွိေနတယ္။ သူစားမယ့္အထဲက ငရုတ္ေကာင္းေတြကို ဖယ္ေပးတယ္။ အားရပါးရစားေနတာကို ၾကည့္ေနတယ္။ ႏြားႏို႔ေႏြးေႏြးေလးတစ္ခြက္ခ်ေပးတယ္။ သူေသာက္ၿပီးေတာ့ သူ႔ႏႈတ္ခမ္းရဲရဲေလးမွာ ရႊဲစိုေနေအာင္ ေပက်ံေနတယ္။ လင္းခ်န္စယ္ရဲ႕ လက္ေတြက သူ႔လည္ပင္းကို ခ်ိတ္တြယ္လၽွက္ မက္မြန္မ်က္လံုးေလးေတြက တဖိတ္ဖိတ္ေတာက္ေနတယ္။ သူအရမ္းလွၿပီး အရမ္းဆြဲေဆာင္မႈရွိ . . . က်ိဟန္ယြိ အိပ္မက္လွလွေလးက ႏိုးလာတဲ့ေနာက္ ဘာမွမရွိတဲ့ သူ႔အခန္းကိုၾကည့္ၿပီး စိတ္ပ်က္မႈစရာ လက္ေတြ႕ဘဝထဲ ျပန္ေရာက္လာတယ္။

သူလင္းခ်န္စယ္ကို ၂လေလာက္မုန္းရင္း ကုန္ဆံုးခဲ့ပင္မယ့္ အခုသူ႔တစ္ဘဝလံုး သူ႔ကိုခ်စ္ရင္း ကုန္ဆံုးရေတာ့မယ္။ သူေရွ႕ဆက္ဖို႔ အျမဲႀကိဳးစားခဲ့ပင္မယ့္ ေန႔တိုင္းေန႔တိုင္းမွာ သူအတိတ္ထဲ နစ္ျမဳပ္ေနခဲ့တယ္။ လင္းခ်န္စယ္က သူ႔ကိုထားခဲ့ၿပီး သူ႔ေပ်ာ္ရႊင္မႈကို ေသခ်ာရွာေတြ႕ေနၿပီ။ ဒါပင္မယ့္ က်ိဟန္ယြိကေတာ့ အမွတ္တရေတြထဲမွာ ေသြးရူးေသြးတန္းနဲ႔ ပိတ္မိေနၿပီးေတာ့ ဘယ္ေတာ့မွ မလြတ္ေျမာက္ႏိုင္ေတာ့ဘူး။ လင္းခ်န္စယ္ရဲ႕အခ်စ္က မီးခဲတစ္ခုလိုပဲ က်ိဟန္ယြိရဲ႕ ဝိညာဥ္ကို ျပာက်ေစၿပီး ဘာမွမရွိတဲ့ အခြံသပ္သပ္သာ က်န္ခဲ့ေစတယ္။

~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~

Unicode Ver

ကျိဟန်ယွိ အသက်၁၂နှစ်ပြည့်တဲ့နေ့တုန်းက သူ့အဖေက အိမ်ကို သူစိမ်းကောင်လေးနဲ့ကောင်မလေးကို ခေါ်လာခဲ့တယ်။ သူတို့ကို လက်ဆွဲထားရင်းက ဒါမောင်နှမတွေဖြစ်လို့ သူကစောင့်ရှောက်ရမယ်လို့ ပြောတယ်။ ကျိဟန်ယွိက မှင်သက်သွားပင်မယ့် သူ့အမေက သူ့မွေးနေ့ကိတ်အကြီးကြီးကို မှောက်ပစ်ကာ သူ့အဖေကို ဆဲဆိုတော့တယ်။ သူ့အမေက

"Ji Ming Xuan ရှင့်ကိုရှင်ဘာထင်နေလဲ? ကိုယ့်ကိုကိုယ်ပြန်ကြည့်စမ်း။ လူကဖြင့် နဖူးပြောင်ပြောင်နဲ့ ဝတုတ်ပြဲနေတဲ့ အသက်၅၀အရွယ် အဖိုးကြီးဖြစ်နေပြီ။ အသက်၂၀ကျော် ကောင်မတစ်ယောက်နဲ့ ကလေးရတဲ့အထိ ဘာလုပ်နေတာလဲ? သူက ရှင့်ကိုတကယ်ချစ်တယ်များ ထင်နေလား? ချောင်းမိသားစုရဲ့ နောက်ခံသာမရှိရင် ရှင်ကအလကားပဲ! ဒီအရိုင်းအစိုင်း သူတောင်းစားနှစ်ကောင်ကို ငါ့မျက်စိရှေ့ကနေ ခေါ်ထုတ်သွားစမ်း!"
 
သူ့အဖေမျက်နှာက ဝက်ကြီးလို ရဲပြီးဖောင်းပွလာတော့ ကျိဟန်ယွိလေးက ရယ်စရာထင်ပြီး ရယ်လိုက်မိတယ်။ သူ့အဖေက ဒေါသတကြီး လူကိုလက်ညိုးငေါက်ငေါက်ထိုးက လှောင်သံနဲ့

"သူတောင်းစားကောင် မင်းကဘာလို့ရယ်တာလဲ? မင်းကိုမင်းဘာကောင်များထင်နေလဲ? မင်းအမေက သူတို့ကိုသူတောင်းစားခေါ်ရအောင် သူကိုယ်တိုင်ကလည်း ချောင်းမိသားစုရဲ့ သူတောင်းစားပဲကွ! ကျိအိမ်ရဲ့ ချမ်းသာမှုကြောင့်သာ မဟုတ်ရင် မင်းကို ဘယ်သူမှ ချစ်မှာမဟုတ်ဘူး။ ပေးတာယူ ကျွေးတာစားနေရတဲ့ဟာတွေကများ ငါ့ကိုလာကိုက်နေသေးတယ်။ $ကျေးဇူးမသိတက်တဲ့ဟာတွေ"

အဲ့ဒီအချိန်တုန်းက အဲ့စကားတွေကို သူနားမလည်ပင်မယ့်လည်း စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းကို စွဲသွားတော့တယ်။

အဲ့ဒါကြောင့် လင်းချန်စယ်က သူ့ကိုငွေကြောင့်ပဲ ချစ်တယ်လို့ပြောတာ ကြားတုန်းက သူအရမ်းစိတ်ဆိုးသွားမိပြီး ဒီလှောင်ရယ်ဖို့ကောင်းမယ့် အစီအစဉ်ကို စခဲ့တယ်။ လင်းချန်စယ်ကို ကျိမိသားစုစီးပွားပျက်သွားပြီး သူနေစရာမရှိဘူးလို့ပြောခဲ့တယ်။ သူ့မျက်နှာပျက်နေပင်မယ့် ရင်ထဲမှာတော့ လှောင်ရယ်နေခဲ့တယ်။ ကျိအိမ်က တကယ်စီးပွားပျက်သွားပြီး ပိုင်ဆိုင်မှုတွေက လောဘကြီးတဲ့ တရားမဝင်သားသမီးတွေဆီကို ရွှေမိုးငွေမိုးရွာချသလို ရောက်သွားပင်မယ့် ကျိဟန်ယွိအတွက်တော့ ဘာသက်ရောက်မှုမှ မရှိဘူး။ သူ့အမေကျိမိသားစုထဲကို လက်ထပ်ပြီး ရောက်သွားတည်းက သူ့အဖိုးက တသက်ဖူဖူလုံလုံနေလို့ရတဲ့ငွေတွေ သူ့အမေကို ပေးထားပြီးသားပဲ။ သူ့အမေဆီက ပိုက်ဆံ၂သန်းလောက်တောင်းပြီး သူ့ဦးလေးအကူအညီနဲ့ စက်ရုံထောင်ထားတာ အမြတ်တွေက အများကြီးပဲ။ သူမွဲသွားချင်ယောင်ဆောင်ပြီး လင်းချန်စယ်အိမ်မှာ အတူနေဖို့ တောင်းဆိုခဲ့တယ်။ လင်းချန်စယ်က သဘောတူခဲ့ပင်မယ့် အဲ့နောက်ပိုင်း သူ့အပေါ်အေးစက်လာပြီး သူ့ချမ်းသာတဲ့အပေါင်းအပါတွေကိုပဲ ဖော်ရွေလာတော့တယ်။ ကျိဟန်ယွိက တဖက်သတ်အမြင်နဲ့ အထင်သေးနှာခေါင်းရှုပ်ပြီး လင်းချန်စယ်က သူ့ထောင်ချောက်ထဲမှာ မိပြီလို့ ထင်ခဲ့တယ်။

လင်းချန်စယ်က သူတောင်သတိထားမိလောက်တဲ့အထိ သူ့သူငယ်ချင်းတွေ နှောက်ယှက်တာခံနေရပင်မယ့်လည်း အောက်ကျခံပြီး ဆက်ရောနေတုန်းပဲ။ အဲ့တုန်းက လင်းချန်စယ်က ငွေတအားလိုနေလို့ အကုန်လုပ်နေတာပဲလို့ ထင်ခဲ့ပင်မယ့် နောက်ကျမှ ဒီသည်းခံနိုင်စွမ်းတွေရဲ့ နောက်ကွယ်က တကယ့်အမှန်တရားက အကုန်လုံးသူ့အတွက်ပဲတဲ့။ ဖန်းယို့ရမ်က သူ့ကို အဖြူစင်ဆုံးအချစ်ပေးတယ်လို့ ထင်ခဲ့ပင်မယ့် လင်းချန်စယ်ရဲ့အချစ်က ပိုဖြူစင်ပြီး ပိုကြမ်းတယ်။ သူ့ပြင်းထန်တဲ့အချစ်စိတ်က သူလူတစ်ယောက်ကိုချစ်မိသွားတာနဲ့ အဲ့လူကောင်းဖို့အတွက် သူ့တစ်ကိုယ်လုံးလောင်ကျွမ်းပေးမယ့် မီးလိုပဲ။ သူမင်းကိုချစ်မိတာနဲ့ သူ့ဝိညာဉ်ကအစ ပေးဆပ်ပစ်မယ့် လူစားမျိုး။ ဒါသူအမြဲတောင့်တခဲ့တဲ့ အချစ်စစ်မျိုးဖြစ်ပင်မယ့် သူသတိမထားမိခဲ့တာကြောင့် ဆုံးရှုံးခဲ့ရတယ်။

အဲ့ညက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ပိုက်ဆံတွေက သူ့ကိုလှောင်ရယ်နေခဲ့တယ်။ ကျိဟန်ယွိက အချိန်အကြာကြီး အခန်းထဲမှာ ရပ်နေခဲ့ပြီးမှ ဒူးထောက်ထိုင်ချကာ ကြမ်းပြင်တစ်ခုလုံးရှင်းသွားတဲ့အထိ တစ်ရွက်ချင်းစီကောက်ခဲ့တယ်။ ပိုက်ဆံတွေကို ကိုင်ရတာက သူ့လက်ဖဝါးတွေ အပူလောင်သွားလောက်တဲ့ မီးခဲကိုကိုင်ရသလို ဖြစ်နေခဲ့ပင်မယ့် သူမချနိုင်ခဲ့ဘူး။လင်းချန်စယ်ရဲ့ ခွင့်လွှတ်မှုကိုရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အကြိမ်ရာပေါင်းများစွာ ပြန်ပေးဖို့ ကြိုးစားခဲ့တယ်။ လင်းချန်စယ်ရဲ့အပြုအမှုတွေ ပြန်တမ်းတပြီး သူ့သူငယ်ချင်းတွေနဲ့ သူဒုက္ခရောက်ရင်ကူညီဖို့ ရောခဲ့ရတာကိုသိတော့ သူတို့ကိုလုံးဝမုန်းခဲ့တယ်။ လင်းချန်စယ် လုပ်ခဲ့သမျှက သူ့အတွက်တွေပဲ။ သူလင်းချန်စယ်ရဲ့ လူသိမခံခဲ့တဲ့ အခက်အခဲတွေနဲ့ မျက်ရည်တွေ သူမူးရူးနေတဲ့sexပါတီကို ခေါ်သွားတုန်းက လင်းချန်စယ်ရဲ့အတွေးတွေကိုရော သူမတွေးရဲဘူး။

ဖန်းယို့ရမ်က သူ့ကိုပိုက်ဆံတွေကူစီပေးပြီးတော့ ရုတ်တရပ် သူ့ကိုဖက်တွယ်ကာ "တောင်းပန်ပါတယ်"ဆိုတဲ့စကားကို ထပ်ခါတလဲလဲ ငိုရင်းနဲ့ပြောခဲ့တယ်။ ဒီမျက်ရည်တွေက သူ့ကိုအမြဲပျော့သွားစေခဲ့ပင်မယ့် သူ့ကိုအဲ့တုန်းက ပိုစိတ်ညစ်စေတယ်။ လင်းချန်စယ်ရဲ့ ပေးဆပ်မှုကြီးတွေနဲ့ယှဉ်ရင် ဖန်းယို့ရမ်ရဲ့ ပေးဆပ်မှုတွေက ဘာလဲ? ဘာလို့သူ့ကို ပထမနေရာပေးရလောက်တဲ့အထိ အထင်ကြီးမိသွားတာလဲ? အပြင်မှာ လင်းချန်စယ်ထက် ပိုဂရုစိုက်ပေးလို့လား?

လင်းချန်စယ်က အရမ်းမာနကြီးတယ်။ "အရင်ချစ်မိသွားတဲ့သူက အရှုံးပဲ"လို့ သူအမြဲတမ်းပြောတက်တယ်။ ကျိဟန်ယွိက ဒါသူရဲ့အကြိုက်ဆုံးစကား ဘာလို့ဖြစ်နေမှန်း မသိခဲ့ပင်မယ့် သူ့ကိုထပ်ခါထပ်ခါပြောနေတိုင်းမှာ စိတ်ထဲက "ငါမင်းကိုရှုံးနေပြီ"လို့ ပြောနေမှန်း အခုမှသိတယ်။ ဒါပင်မယ့် သူ့မာနက ပြောခွင့်မပေးတော့ ငွေကြောင့်ချစ်တာလို့ မေးတာကို ဖြေခဲ့တယ်။ "ဘယ်လိုတောင် ကိုးယို့ကားယားနိုင်ပြီး ချစ်ဖို့ကောင်းတဲ့ စိတ်လေးလဲ" လို့ သူတွေးရယ်မိလိုက်ပြီးနောက် သူငိုရင်း ဖန်းယို့ရမ်ကို တွန်းထုတ်ကာ သူနဲ့လင်းချန်စယ်တို့ ဘဝထဲကထွက်သွားဖို့ အော်ပြောလိုက်တယ်။ မျက်လုံးရဲကြီးတွေနဲ့

"မင်းကိုကြည့်မိတိုင်း ငါ့ကိုယ်ငါရှိရင်းစွဲထက် ပိုရွံမိတယ်"

အဲ့တည်းက လင်းချန်စယ်ပျောက်သွားတာ ကျိဟန်ယွိဘယ်မှာမှ ရှာမရတော့ဘူး။ နောက်ဆုံး ပြန်တွေ့မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ချောင်းမို့ခွန်းအိမ်တံခါးရှေ့မှာ အမြဲစောင့်နေခဲ့တယ်။ အရင်က သူ့ဦးလေးကို အထင်ကြီးလေးစားကာ ကျေးဇူးကြီးသူလို့ သတ်မှတ်ခဲ့ပင်မယ့် အခုတော့ ခါးသီးတဲ့ ခံစားချက်တွေပဲ ရှိတော့တယ်။

"ကျွန်တော့်ရည်းစားမှန်းသိရက်နဲ့ ဘာလို့လိုက်တာလဲ?"

ချောင်းမို့ခွန်းက သူ့ကိုခပ်လှောင်လှောင်အပြုံးနဲ့ သိန်း၃ထောင်နဲ့ သူ့ခံစားချက်တွေရှုင်းပစ်ဖို့ ဝယ်ခဲ့ရတာက သူလုပ်ဖူးသမျှ အအောင်မြင်ဆုံး ရင်းနှီးမြုပ်နှံမှုပဲတဲ့။ ကျိဟန်ယွိက အဲ့အချိန်တုန်းက ပြန်တိုက်ခိုက်နိုင်ဖို့အားမရှိလို့ ချောင်းမို့ခွန်းထက် ပိုသန်မာပိုအားကောင်းလာရင် သူ့အချစ်ကိုပြန်ရမယ်လို့ သူ့ကိုယ်သူ အားတင်းခဲ့ရတယ်။

အဲ့နောက်ပိုင်းမှာ လင်းချန်စယ်ထပ်ပျောက်သွားပြန်တော့ ကျိဟန်ယွိက အိပ်မပျော်တဲ့ဝေဒနာဖြစ်သွားကာ အိပ်ဆေးတွေသောက်ရင်း နာကျင်ရဆုံး၃လကို ဖြတ်သန်းခဲ့ရတယ်။ ၃လကြာပြီးတဲ့နောက်မှာ သူ့သူငယ်ချင်းက နားလည်ရခက်တဲ့messageနဲ့ videoတစ်ခုကို ပို့ပေးတယ်။ သူဒီတိုင်းဖွင့်ကြည့်မိတော့ လုံးဝသတိလစ်မတက်ပဲ။ သူဖုန်းကို တင်းတင်းကိုင်ကာ လောဘအပြည့်နဲ့ screenပေါ်က ဆွဲဆောင်မှုရှိလွန်းတဲ့ကောင်လေးကို စိုက်ကြည့်နေမိတယ်။ ဒါကလင်းချန်စယ်ပဲ။ သူ့နှလုံးသားကတောင့်တနေခဲ့တဲ့ လင်းချန်စယ်။ အနာကျင်ဆုံးနောင်တတွေပေးခဲ့တဲ့ လင်းချန်စယ်။ သူ့သူငယ်ချင်းက ဖုန်းခေါ်ပြီး

"ဒီကြေညာက တကယ်ကြီးပေါက်နေတာကွ။ သေစမ်းပါကွာ! လင်းချန်စယ်က ဒီလိုအလန်းကြီးမှန်း ငါမသိခဲ့ဘူး။ ဟျောင့် မင်းငါ့ကိုတော့မပေးဘဲ Wang Jieကိုကျပေးတယ်။ ဒါကဘာသဘောလဲကွ! ဟာ! ငါအခုမှတွေးမိတယ် အဲ့ဒါမင်းရည်းစားမလား? ဟျောင့် မင်းမလို့ပဲ  ဒီလိုလူမျိုးကို ဘယ်လိုလုပ် သူများကိုပေးနိုင်ရတာလဲ? မင်းအရမ်းရဲ . . ."

ကျိဟန်ယွိက သူပြောလို့ပြီးအောင် မစောင့်တော့ဘဲ ဖုန်းကို အတင်းချလိုက်တယ်။ သူ့မျက်လုံးမှာ အမုန်းတွေအပြည့်နဲ့ "ငါဘာလို့အဲ့လောက်တုန်းရတာလဲ? ငါဘာလို့အဲ့လောက်တုန်းရတာလဲ! ဘာလို့အလွယ်တကူ လက်လွှတ်လိုက်ရတာလဲ!
ငါအတော်တုံးတာပဲ!" လို့ ထပ်ခါထပ်ခါပြောနေမိတယ်။

"Extravagant"ရေမွှေးပုလင်းတိုင်းမှာ လင်းချန်စယ်ရဲ့ ပရိုမိုရှင်းပိုစတာပါမယ်လို့ ကြားတော့ ကျိဟန်ယွိက အဲ့နေ့ကျောင်းပြေးပြီး နီးစပ်ရာဆိုင်ကို အပြေးသွားခဲ့တယ်။ ကောင်တာမှာ လူတွေကြပ်နေပြီး လူတိုင်းက ရေမွှေးပုလင်းအတွက် ဆူညံ့နေကြတယ်။ သူလူမနည်းတိုးပြီး ကောင်တာဆီရောက်တော့ အရောင်းဝန်ထမ်းက ပစ္စည်းပြတ်သွားပြီပြောတယ်။ အဲ့အချိန်က လင်းချန်စယ်ကို ဘယ်တော့မှ ထိတွေ့နိုင်ခွင့်မရှိတော့ဘူးဆိုတဲ့ နာကျင်မှုကို သူပြောမပြနိုင်တက်အောင်ပဲ။

Mallထဲက စိတ်ပျက်လက်ပျက်နဲ့ထွက်လာပြီးတော့ ထိပ်တန်းနိုင်ငံတကာdesigner Orlandoနဲ့ interviewကိုပြနေတဲ့ LEDအကြီးကြီးကို မော့ကြည့်လိုက်မိတယ်။ သူက လင်းချန်စယ်ကို အကောင်းဆုံးဝိုင်တစ်ခွက်လို ဘုရားသခင်က ချီးမြှင့်ထားတဲ့ဆုထူးရှိတဲ့ အလှနတ်ဘုရားလေးလို့ သုံးနှုံးတယ်။ သူ့ရုပ်သွင်က နတ်တွေတောင် မယှဉ်နိုင်တာမလို့ မျက်ကန်းကလွဲရင် လူတိုင်းချစ်မိမှာပဲလို့ ပြောပြန်တယ်။ နောက်ဆုံးစကားက ကျိဟန်ယွိရင်ကို ထပ်ကွဲစေတယ်။ သူ့အချစ်ကို တစ်ခါရခဲ့ဘူးပင်မယ့် သိတာအရမ်းနောက်ကျခဲ့တယ်။ လင်းချန်စယ်ကို screenမှာပြတော့ လူအများစုက ရပ်ပြီးကြည့်ကြတယ်။ ကားတွေတောင် အရှိန်လျှော့ပြီး ကြည့်တဲ့အထိပဲ။ သူတို့မျက်လုံးထဲမှာ အံ့ဩမှုတွေနဲ့ အသိအမှတ်ပြုကြတယ်။ ကျိဟန်ယွိကတော့ မကြည့်ရဲတော့ဘူး။

နောက်ဆုံးမှာ သူအဆက်အသွယ်အချို့သုံးလိုက်မှ extravagentရေမွှေးပုလင်းနည်းနည်း ရလိုက်တယ်။ ပြီးတော့ လင်းချန်စယ်ရဲ့ ပိုစတာတွေကို သူဘယ်တုန်းကမှ ထွက်မသွားခဲ့သလို အခန်းအပြည့်ကပ်လိုက်တယ်။ အဲ့နေ့ကစပြီး သူအိပ်ပျော်သွားနိုင်ခဲ့ပင်မယ့် အိပ်မက်ဆိုးတွေကတော့ အများကြီးပဲ။

ချောင်းမို့ခွန်းကို မှီမိုင်သမျှမှီဖို့ မျှော်လင့်ချက်နဲ့ သူအလုပ်တွေ အသေကြိုးစားခဲ့တယ်။ သူစီးပွားရေးအောင်မြင်ခါစလူဖြစ်လာတော့ သူ့အနားမှာ အလှမျိုးစုံက မြူးထူးလာကြပင်မယ့် ဘယ်သူမှ သူ့စိတ်ဝင်စားမှုကိုရအောင် မလုပ်နိုင်ဘူး။ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ရတနာတစ်ခုရထားပြီးနောက် ဆုံးရှုံသွားရရင် ပြန်အစားထိုးဖို့ကို မျှော်လင့်နိုင်လို့လား? လင်းချန်စယ်က အကောင်းဆုံးဖြစ်ခဲ့တော့ ဘယ်သူမှ သူ့နေရာကို အစားမထိုးနိုင်ဘူး။ သူ့စီးပွားရေးကိစ္စတွေပြီးတိုင်း အိမ်ကိုပင်ပင်ပန်းပန်း နေ့တိုင်းပြန်လာလေ့ရှိတယ်။ သူဆိုဖာပေါ်မှာထိုင်ရင်း လင်းချန်စယ်ပုံတွေနဲ့ ပြည့်နေတဲ့ နံရံကို ဘာမှမတွေးပဲ စိုက်ကြည့်နေတက်တယ်။

တနေ့မှာ ချောင်းမို့ခွန်း ကားအက်စီးဒန့်ဖြစ်တာ အောက်ပိုင်းတစ်ခုလုံး ဒဏ်ရာပြင်းပြင်းထန်ထန်ရလို့ အကြောသေသွားနိုင်ပါတယ်လို့ သတင်းက တင်ပြသွားတယ်။ ကျိဟန်ယွိက အတော်ကြာအောင် အေးခဲသွားပြီးနောက်မှာ သူ့ရင်ထဲမှာ ဖော်ပြလို့တောင်မရနိုင်တဲ့ အပျော်တွေလှိုက်တက်လာတယ်။ ချောင်းမို့ခွန်းကျသွားပြီဆိုတာက သူ့အတွက်အခွင့်အရေးပဲ။ အခုချိန်မှာ လင်းချန်စယ် ဘယ်လိုခံစားနေရမလဲ? အကူအညီမဲ့နေမလား? မဖြစ်ဘူး သူမြနိနိုင်သမျှမြန်မြန် သူ့ကိုသွားရှာရမယ်။ ကျိဟန်ယွိက ချက်ချက်ထ အထုတ်ပြင်ကာ ဗီဒိုထဲက အကောင်းဆုံးဝတ်စုံကို ဝတ်တယ်။ ခရီးဆောင်အိတ်ကို လေဆိပ်ကိုဆွဲယူသွားကာ Fနိုင်ငံကိုသွားမယ့် အမြန်ဆုံးလတ်မှတ်ဝယ်တယ်။

လေယာဉ်မထွက်ခင် မိနစ်၂၀လောက်မှာ ေ ယာဉ်ထွက်ခွာမယ့်ဂိတ်ရဲ့TVက သတင်းစာရှင်းလင်းပွဲတစ်ခုပြတယ်။ လင်းချန်စယ်ရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးက ပေါ်လာတယ်။ သူမျက်တွင်းတွေချောင်ကျနေပုံ ပေါ်နေပင်ပြီး မျက်လုံးတွေက ကြေကွဲနေတယ်။ သူmediaရှေ့ကို ရဲရဲဝံ့ဝံ့ထွက်လာပြီး ကင်မရာကိုကြည့်ကာ ခိုင်ခိုင်မာမာပဲ

"ချောင်းမို့ခွန်းက ကျွန်တော့်ချစ်သူပါ။ ကျွန်တော် သူ့ကိုချစ်တယ်။ ဒါကြောင့် သူ့အပေါ် ဘယ်တော့မှ လက်မလွှတ်ဘူး။ လူတိုင်းရဲ့မေတ္တာတွေ ကျွန်တော်တို့ရဖို့ ကျွန်တော်မျှော်လင့်ပါတယ်"

အဲ့အချိန်မှာ ချောင်းမို့ခွန်းက ကမ္ဘာပေါ်မှာ အမုန်းခံရဆုံးလူသားဖြစ်သွားတယ်။ ကျိဟန်ယွိက လေဆိပ်မှာထိုင်နေတဲ့ ဆယ်ကျော်သက်မလေးတွေ သနားမျက်ရည်ကျပြီး ငိုနေသံတွေကြားတယ်။ လူကြီးတစ်ယောက်က သူ့ခရီးဆောင်အိတ်ကို ဒေါသတကြီးကန်ပစ်ကာ ဒီအင်တာဗျူးကအတုကြီး ဒါApril Foolဟာသပဲ ဖြစ်ရမယ်လို့ ဆဲဆိုနေတာကြားရတယ်။ ဒီကမ္ဘာပေါ်မှာ လူအများစုက လင်းချန်စယ်ကို အရူးအမူးမြတ်နိုးကြပင်မယ့် သူကတော့ လူတစ်ယောက်ကိုပဲ ချစ်တယ်တဲ့။ ကျိဟန်ယွိက ရယ်လိုက်ပြီး မျက်ရည်အပြည့်နဲ့ ပြုံးလိုက်တယ်။ လင်းချန်စယ်က သူ့ကိုလိုအပ်လိမ့်မယ်လို့ ဘာလို့တွေးမိခဲ့ရတာလဲ? ချောင်းမို့ခွန်း ဒုက္ခရောက်နေလို့ သူ့ကိုလက်ခံလိမ့်မယ်လို့ ဘာလို့တွေးမိခဲ့တာလဲ? တကယ်တော့ သူကလင်းချန်စယ်ပဲလေ။ တစ်ယောက်ယောက်ကို ချစ်မိသွားတာနဲ့ သူ့အတွက်မီးဖိုဖြစ်ပေးမှာလေ! သူအချစ်ခံရတဲ့သူက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးပဲ။

ကျိဟန်ယွိက လက်မှတ်ပြန်ပေးကာ စိတ်ရှုပ်စွာ အိမ်ပြန်လာပြီး အိပ်ရာပေါ်မှာ လှဲတော့တယ်။ သူအိပ်မက်လှလှလေးတစ်ခုမက်တယ်။ လင်းချန်စယ်နဲ့ ထမင်းစားခန်းထဲမှာ အတူရှိနေတယ်။ သူစားမယ့်အထဲက ငရုတ်ကောင်းတွေကို ဖယ်ပေးတယ်။ အားရပါးရစားနေတာကို ကြည့်နေတယ်။ နွားနို့နွေးနွေးလေးတစ်ခွက်ချပေးတယ်။ သူသောက်ပြီးတော့ သူ့နှုတ်ခမ်းရဲရဲလေးမှာ ရွှဲစိုနေအောင် ပေကျံနေတယ်။ လင်းချန်စယ်ရဲ့ လက်တွေက သူ့လည်ပင်းကို ချိတ်တွယ်လျှက် မက်မွန်မျက်လုံးလေးတွေက တဖိတ်ဖိတ်တောက်နေတယ်။ သူအရမ်းလှပြီး အရမ်းဆွဲဆောင်မှုရှိ . . . ကျိဟန်ယွိ အိပ်မက်လှလှလေးက နိုးလာတဲ့နောက် ဘာမှမရှိတဲ့ သူ့အခန်းကိုကြည့်ပြီး စိတ်ပျက်မှုစရာ လက်တွေ့ဘဝထဲ ပြန်ရောက်လာတယ်။

သူလင်းချန်စယ်ကို ၂လလောက်မုန်းရင်း ကုန်ဆုံးခဲ့ပင်မယ့် အခုသူ့တစ်ဘဝလုံး သူ့ကိုချစ်ရင်း ကုန်ဆုံးရတော့မယ်။ သူရှေ့ဆက်ဖို့ အမြဲကြိုးစားခဲ့ပင်မယ့် နေ့တိုင်းနေ့တိုင်းမှာ သူအတိတ်ထဲ နစ်မြုပ်နေခဲ့တယ်။ လင်းချန်စယ်က သူ့ကိုထားခဲ့ပြီး သူ့ပျော်ရွှင်မှုကို သေချာရှာတွေ့နေပြီ။ ဒါပင်မယ့် ကျိဟန်ယွိကတော့ အမှတ်တရတွေထဲမှာ သွေးရူးသွေးတန်းနဲ့ ပိတ်မိနေပြီးတော့ ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူး။ လင်းချန်စယ်ရဲ့အချစ်က မီးခဲတစ်ခုလိုပဲ ကျိဟန်ယွိရဲ့ ဝိညာဉ်ကို ပြာကျစေပြီး ဘာမှမရှိတဲ့ အခွံသပ်သပ်သာ ကျန်ခဲ့စေတယ်။

~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~

Continue Reading

You'll Also Like

920K 105K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
127K 22.6K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...
2.5K 322 4
အသက် ၁၃နှစ်မှာ omega အဖြစ် စာရင်းသွင်းခံရတဲ့ ရုန်ယီမှာ ဆုတောင်း သေးသေးလေးပဲ ရှိတယ်။ အဲ့ဒါကတော့ အနာဂတ်မှာ အရပ်ရှည်၊ ရည်မွန်ပြီး ရုပ်ချောတဲ့ alpha နဲ့...
362K 54.6K 87
" ငါ ခွေးကို ကြည့်နေခဲ့တာမဟုတ်ပါဘူး။ ငါကြည့်နေခဲ့တာက မင်း " This is Fan Translation.