CHANGE(ချိန်း)Completed(Z&U)
By Han_Me7012
1.8M 138K 6.2K
တစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင်... More
Author's Note
Author's Note(Unicode)
Character 1
Character 1(Unicode)
Character 2
Character 2(Unicode)
Part 1
Part 1(Unicode)
Part 2
Part 2(Unicode)
Part 3
Part 3(Unicode)
Part 4
Part 4(Unicode)
Part 5
Part 5(Unicode)
Part 6
Part 6(Unicode)
Part 7
Part 7(Unicode)
Part 8
Part 8(Unicode)
Part 9
Part 9(Unicode)
Part 10
Part 10(Unicode)
Part 11
Part 11(Unicode)
Part 12
Part 12(Unicode)
Part 13
Part 13(Unicode)
Part 14
Part 14(Unicode)
Part 15
Part 15(Unicode)
Part 16
Part 16(Unicode)
Part 17
Part 17(Unicode)
Part 18
Part 18(Unicode)
Part 19
Part 19(Unicode)
Part 20
Part 20(Unicode)
Part 21
Part 21(Unicode)
Part 22
Part 22(Unicode)
Part 23
Part 23(Unicode)
Part 24
Part 24(Unicode)
Part 25
Part 25(Unicode)
Part 26(Unicode)
Part 27
Part 27(Unicode)
Part 28
Part 28(Unicode)
Part 29
Part 29(Unicode)
Part 30
Part 30(Unicode)
Part 31
Part 31(Unicode)
Part 32
Part 32(Unicode)
Part 33
Part 33(Unicode)
အသိပေးခြင်း
AN(no update)
AN(Unicode)
Part 34
Part 34(Unicode)
Part 35
Part 35(Unicode)
Part 36
Part 36(Unicode)
Part 37
Part 37(Unicode)
Ending (part 1)
Ending(part 1)(Unicode)
Ending (part 2)
Ending(part 2)(Unicode)
Extra 1
Extra 1(Unicode)
Extra 2
Extra 2(Unicode)
Extra 3
Extra 3(Unicode)
Extra 4
Extra 4(Unicode)
For My Readers❤
For My Readers❤(Unicode)
Extra 5❤
Extra 5(Unicode)
New Year Special❤
New Year Special❤(Unicode)
New year special၏နောက်ဆက်တွဲ❤
New year special၏နောက်ဆက်တွဲ(Unicode)
Thingyan Special❤
Thingyan Special❤(Unicode)
AN😁😁
Announcement for Book❤
My adorable person(Zawgyi)
My adorable person(Unicode)
Part 26
18.1K 1.4K 119
By Han_Me7012
"အကိုလေး...ကျွန်တော် အဲ့လိုမျိုးတွေ မကြိုက်ပါဘူးဆိုဗျာ......."
အင်္ကျီ တွေ၊ဘောင်းဘီတွေကို ကြယ်နဲ့ လိုက်မလိုက် ကြည့်ပေးနေရင်းမှ ကြယ့်အသံကြောင့် ချေမိုးမျက်မှောင်ကြုတ်လိုက်သည်။
ဤသည်ကို ကြယ်မြင်လိုက်ရသည်နှင့်.....
"အာ......ချေ...ချေမိုး...ဒါတွေငါမဝတ်ချင်ဘူးကွာ....
ဝယ်ပေးချင်ရင် ရှပ်အင်္ကျီနဲ့ပုဆိုးဘဲ ဝယ်ပေးပါကွာ....."
တောင်းပန်တိုးလျိုးသံဖြင့် ပြောနေသည်ကိုလည်း ဂရုစိုက်ပုံမပေါ်.....ဆိုင်ရဲ့နေရာအနှံလှည့်လည်ပြီး သူသဘောကျတာတွေ့ရင်ယူကာ ကျွန်တော်နှင့် လာကပ်ပေးသည်။
ဗိုက်ဆာတယ်ဆိုသူက မုန့်စားဖို့အတွက်
Myanmar Plazaထိ တကူးတကလာသည်ကိုလည်း
ကျွန်တော် မအံ့သြတော့ပေ.....။
"ရော့.....ဒါသွားဝတ်ကြည့်....."
လက်ထဲရောက်လာတာတွေကို ကြည့်လိုက်တော့ ကျွန်တော့ကိုယ်ပေါ်က အဝတ်အစားပုံစံမျိုးတွေ......
"ငါ....မဝတ်ဘူး......"
"ဝတ်ကြည့်......"
"ငါ မကြိုက်ပါဘူးဆို....."
"ကြယ်....ငါနှစ်ခါ မပြောချင်ဘူး....
သွားဝတ်ကြည့်......"
သူ့လက်ထဲကို ပြန်ထည့်ပေးလိုက်၊ ကျွန်တော့လက်ထဲကို ပြန်ပေးလိုက်နှင့် အလုပ်ရှုပ်နေသော ကျွန်တော်တို့ နှစ်ယောက်နားသို့ ဝန်ထမ်းကောင်မလေးတစ်ယောက်
ရောက်လာလေသည်။
သူမက ချေမိုးနှင့်ကျွန်တော့ကို တစ်လှည့်စီကြည့်ပြီး
ချေမိုးအား ခြေဆုံးခေါင်းဆုံး သေချာကြည့်ပြီးသည့်နောက်
"ဟို....အကိုတို့....ဘာလုပ်နေတာလဲ....
ဒီမှာcctvရှိတယ်နော်......." ဟုဆိုကာ အပေါ်ကို လက်ညှိုးထိုးပြလေသည်။
သွားပြီ.....ကျွန်တော်တို့နှစ်ယောက်ကို ဆိုင်ကပစ္စည်းတွေ အလစ်သုတ်မယ့်သူတွေလို့ ထင်သွားပြီလားမသိ....။
ချေမိုးကို ကျွန်တော်ကြည့်မိတော့....
အပေါ်အောက်ကိုပင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်အပြင် အနက်ရောင်လျှာဦးထုပ်ပေါ်ကနေ
အနွေးထည်ခေါင်းစွပ်ကို ထပ်စွတ်ထားပြီး နှာခေါင်းစည်းပါ တပ်ထားသော သူ့ပုံစံက ကောင်မလေး ထင်လည်း ထင်ချင်စရာပင်.....။
မျက်လုံးဘဲ မြင်နေရတဲ့သူ့ကို မင်းသားချေမိုးမြင့်ပိုင်ဟု.ဘယ်သူမှသိကြပုံမပေါ်....။
သူက ဘာမှမပြောသော်လည်း....လောလောဆယ် မျက်နှာမြင်နေရတဲ့ ကျွန်တော်က အထင်မခံနိုင်ဘဲ
ပျာပျာသလဲနှင့်.......
"အာ....ညီမ...ဝယ်မှာပါ....အကိုနဲ့သူနဲ့
အင်္ကျီ ကောင်းတယ်၊မကောင်းဘူး ငြင်းနေကြတာ
စိတ်ချပါ ဘာမှမလုပ်ဘူး....."
ကျွန်တော်ရှင်းပြလိုက်တော့မှ ကောင်မလေးက ခေါင်းညိတ်ပြုံးပြပြီး ထွက်သွားတော့သည်။
"ချေ......."
အကျယ်ကြီး အော်ခေါ်မိတော့မည့် ပါးစပ်ကိုပြန်စိပြီး
အနားကပျောက်သွားပြန်သော လူဆိုးဂိုဏ်းခေါင်းဆောင်လေး ဆီသို့ အင်္ကျီ တွေပိုက်ရင်းနှင့်ပင် သွားလိုက်ပြီး....
"ချေမိုး...မင်းလုပ်တာ ငါတို့ကိုတစ်မျိုးထင်ကုန်ပြီ....
ပြန်မယ်ကွာ...လာပါ....နောက်နေ့မှ ငါ့ကို ဈေးမှာဖြစ်ဖြစ် ပုဆိုးဘဲ လိုက်ဝယ်ပေးပါကွာ...."
မျက်နှာငယ်လေးနှင့် ကြယ့်ပုံကိုကြည့်ပြီး ရယ်ချင်လာသောကြောင့် ချေမိုးရယ်လိုက်သည်။
မျက်လုံးဘဲဖော်ထားသောကြောင့် သူရယ်နေတာကို ကြယ်သိပုံမပေါ်....။
အင်္ကျီတွေ မဝယ်ဖို့အရေးသာ အားသွန်ခွန်စိုက် ပြောနေတော့တာ.....။
ချေမိုးရယ်ချင်နေတဲ့ စိတ်ကိုဖျောက်ပြီး....
"မင်းလိုချင်တာလည်း ဝယ်ပေးမယ်... ငါဝယ်ပေးတဲ့ဟာလည်း လက်ခံရမယ်....."
ကြယ်က စကားပြောဖို့ ဟန်ပြင်လိုက်တာကြောင့်
"ဘာမှမပြောနဲ့တော့....ဟိုမှာတွေ့လား...."
သူလက်ညှိုးထိုးပြရာကို ကြည့်လိုက်တော့ ဝန်ထမ်းကောင်မလေးက လှည့်ကြည့်လှည့်ကြည့် လုပ်နေသည်ကို တွေ့လိုက်ရပြန်သည်။
"တွေ့တယ်နော်....ဘာမှမပြောဘဲသွားဝတ်တော့....
ပြီးရင် တော်မတော်ပြောဦး ပြန်လဲလို့ရအောင်....."
ကြယ်လည်း ဘာမှမပြောနိုင်တော့ဘဲ အဝတ်လဲခန်းထဲဝင်ပြီး ချွတ်ရခက်၊ဝတ်ရခက်တဲ့ အဝတ်တွေကို ပွစိပွစိပြောရင်း ဝတ်လိုက်သည်။
ကြယ်ဝတ်ကြည့်ပြီး ပြန်ထွက်လာသည်နှင့် လက်ပိုက်ပြီး ရပ်စောင့်နေသော ချေမိုးကို တွေ့လိုက်ရသည်။
.
.
.
မျက်နှာကြီးဆူပုတ်နေတဲ့ ကြယ့်ကိုကြည့်ပြီး
ရယ်ချင်စိတ်ကို ချိုးနှိမ်လိုက်ကာ.....
"ဘယ်လိုလဲ အဆင်ပြေလား...."
မပြေမှန်းသိရက်သားနဲ့ မေးနေသေးတဲ့သူကို ပြန်မဖြေဘဲ ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်တော့ ကျွန်တော့လက်ထဲက အဝတ်တွေယူပြီး ကောင်တာမှာ ငွေသွားရှင်းသည်။
"ဘယ်လောက်လဲညီမ......"
ပိုက်ဆံအိတ်ထုတ်ပြီး မေးလိုက်သော ချေမိုးစကားနောက်
နှစ်သိန်းလေးသောင်းပါ အကို ဆိုသော အသံကြားတော့ ကြယ့်မှာ မျက်လုံးပြူးသွားရလေသည်။
ပိုက်ဆံထုတ်နေတဲ့ချေမိုးကို ကြယ်က ကောင်တာနှင့်ခပ်လှမ်းလှမ်းဆီသို့ ဆွဲခေါ်သွားကာ
"အင်္ကျီ လေးစုံလောက်ကို နှစ်သိန်းလေးသောင်းဆိုတာ အရမ်းများတယ်ချေမိုး....ဝတ်လို့ကောင်းတာလည်း မဟုတ်ဘဲနဲ့....မဝယ်နဲ့တော့..သွားမယ်....လာ...."
ချေမိုးလက်ကိုဆွဲပြီး ထွက်သွားတော့မည့် ကြယ်တို့ကို ကောင်တာက ကောင်မလေးက ကြောင်ကြည့်နေလေသည်။
သူမမှာ အင်္ကျီ တွေကို အိတ်ထဲထည့်ရတော့မလို၊ ထုတ်ရတော့မလိုနှင့် ဖြစ်နေလေသည်။
ချေမိုးက ဘာမှမပြောဘဲ ကြယ့်ရဲ့လက်ကို ဖြုတ်ချလိုက်ကာ
"ထည့်လိုက်တော့ညီမ....ဒီမှာ နှစ်သိန်းလေးသောင်း...."
ကောင်မလေးလက်ထဲက ပိုက်ဆံတွေကိုကြည့်လိုက်၊ အင်္ကျီအိတ်ကို ကြည့်လိုက်နှင့် နှမြောခြင်းများစွာ ဖြစ်နေတဲ့ကြယ့်ကို ချေမိုးက လုံးဝဂရုမစိုက်ဘဲ ပိုက်ဆံရှင်းပြီးသည်နှင့် ဆိုင်ထဲမှ ထွက်သွားတော့သည်။
.
.
.
အိမ်ပြန်ရောက်တဲ့အထိ ကြယ့်ရဲ့မျက်နှာက ဆူပုတ်နေသည်။
*အင်္ကျီလေး လေးစုံလောက် ဝယ်ပေးလိုက်တာကို မျက်နှာက ဆူပုတ်နေရော...လုပ်ပေးစရာတွေအများကြီး ကျန်သေးတာ
အဲ့အခါကျရင် ဒီ့ထက် ပိုဆိုးမယ်ထင်တယ်....*
ချေမိုးစိတ်ထဲမှ တွေးလိုက်ပြီးနောက် အနွေးထည်နှင့်ဦးထုပ်ကို ချွတ်ကာ စားပွဲခုံပေါ်တင်ရင်း...
"အာ.....မင်းလုပ်တာနဲ့ တစ်ခုလုပ်ဖို့ကျန်ခဲ့ပြီ......"
ဘာလဲဆိုသည့်သဘောနှင့် ကြည့်လာသော သူ့အား မျက်နှာတည်နှင့်ပင်
"မင်းကို ဖုန်းဝယ်ပေးရဦးမယ်....."
"ဟာဗျာ.....ဖုန်းကဘာလုပ်မှာလဲ....
ဘယ်မှဆက်စရာလည်းမရှိဘူး....
မယူဘူးနော်...မဝယ်နဲ့..."
ဟောကြည့်.....ဝယ်ပေးမဲ့သူက ဝယ်ပေးမယ်ပြောနေတာတောင် အတင်းငြင်းနေတာ
မဆီမဆိုင် ဘာဖြစ်ဖြစ်လိုချင်နေတဲ့ အိမ်ကညီမ ပွင့်ချေလွှာကိုတောင် တွေးမိလိုက်သေး......
"ဆက်စရာမရှိဘူးလို့....ဘယ်သူပြောလဲ...
ငါနဲ့ဆက်မှာပေါ့....."
တစ်ခါတစ်လေ ချေမိုးကို ကျွန်တော် နားမလည်နိုင်ပါ....။
သူနဲ့ကျွန်တော်က ဒီလောက် တပူးပူးတတွဲတွဲ ရှိနေတာ
ဖုန်းဆက်စရာ အကြောင်းမှ မရှိဘဲ.....။
"မနောက်ပါနဲ့ အကိုလေးရာ.....
အဲ...ချေမိုးရာ...."
စိတ်ညစ်ညစ်နှင့်ပြောမိတော့
"အော်...မင်းဘဲငါက နောက်ရဦးမယ်....တကယ်လို့
မင်းကအိမ်နောက်ဖေး ရောက်နေတဲ့အချိန် အိမ်ရှေ့မှာ
ရှိနေတဲ့ငါက အော်မခေါ်ဘဲ ဖုန်းဆက်လို့ရတယ်လေ...
လေမကုန်ဘူး....ထိုင်နေရာကနေ ထစရာမလိုဘူး...."
ဟောဗျာလို့သာ ခပ်ကျယ်ကျယ်အော်ပြီး ကိုယ့်နဖူးကိုယ်သာ
ရိုက်လိုက်ချင်တော့တယ်.....။
ချေမိုးက တစ်ခါတစ်လေ
ဒီလိုလည်း ကပ်သီးကပ်ဖဲ့ နိုင်တတ်တယ်....။
.
.
.
တစ်အိမ်လုံးမှာမှ တစ်လုံးတည်းရှိသော ကုတင်ကိုကြည့်ကာ
ချေမိုးခေါင်းကုတ်နေမိသည်။ အခန်းလွတ်တွေရှိပေမဲ့ တစ်ယောက်ထဲ နေဖို့လုပ်ထားတာဆိုတော့ ကုတင်က တစ်လုံးဘဲ ရှိသည်။
ဘာဖြစ်လဲကွာ ယောက်ျားလေးတွေဘဲလို့ တွေးလိုက်ပြီး...
ဘေးနားမှာ ရပ်နေတဲ့ကြယ့်အား....
"ကြယ်....မင်း ကုတင်ပေါ်မှာအိပ် ငါအောက်မှာအိပ်မယ်...."
နှစ်ယောက်တူတူ အိပ်လို့ရပေမဲ့ ကျွန်တော့စိတ်က ခွင့်မပြုဘူး....။
ဘာလို့မှန်းမသိ ကသိကအောက်ဖြစ်မှုနဲ့ ခွဲထွက်ချင်နေမိတာ...ကျွန်တော့ခံစားချက်အမှန်ကို သိသွားတဲ့အချိန်တည်းက.....။
ဒါပေမဲ့လည်း...
ကျွန်တော် သူနဲ့ဝေးဝေးမှာ မနေနိုင်ပြန်ဘူး....
ကျွန်တော့အပြောကို ကြယ်က ပျာပျာသလဲငြင်းသည်။
"ဟာ.....ငါအောက်မှာအိပ်ပါ့မယ်....မင်းဘဲကုတင်ပေါ်မှာအိပ်...ငါကအိပ်နေကျဆိုတော့ ဘာမှမဖြစ်ဘူး မင်းကအကျင့်မရှိတော့ အိပ်လို့ရမှာမဟုတ်ဘူး...."
သူကဘာမှမဖြစ်သလို ပြောလိုက်ပေမဲ့ ကျွန်တော့စိတ်ထဲမှာ ဝမ်းနည်းမှုတစ်ခု ဖြစ်သွားသည်။
"အဲ့တာကြောင့် အကျင့်ဖြစ်အောင် အိပ်ကြည့်မလို့လေ....."
ခေါင်းအုံးကို ကြမ်းပြင်မှာချပြီး ကိုယ်ခန္ဓာပစ်လှဲကာ နေရာယူလိုက်တဲ့ ချေမိုးကို ကြယ်ဘာမှမပြောဘဲ ကုတင်ပေါ်မှာ ဝင်လှဲလိုက်တော့သည်။
ကြယ်ကချေမိုးကို ကျောပေးထားသည့်အတွက် ချေမိုးအသာလေး ချောင်းကြည့်လိုက်သည်ကို သူမသိပေ....။
.
.
.
ပျော့ပျော့အိအိခေါင်းအုံးနှင့် မာကျောလှသော ကြမ်းပြင်က တစ်သက်လုံး မွေ့ယာနှင့် အိပ်လာသော ချေမိုးအတွက် အဆင်မပြေမှု အကြီးကြီးကို ဖြစ်စေသည်။
ညောင်းသလိုလိုနှင့် နေသားမကျသည့် ခံစားချက်က ချေမိုးအား.အိပ်မရအောင် လုပ်နေသည်။
ဒီအတောအတွင်း ကြယ်ဘယ်လိုနေခဲ့သလဲလို့ စဉ်းစားမိတော့ ပေါ်လာတဲ့ ဒယ်ဒီ့မျက်နှာက သူ့ကို ဒေါသတွေ ဖြစ်စေသည်။
ပြီးတော့ သူတို့မောင်နှမနှစ်ယောက် ပြည့်ပြည့်စုံစုံ နေခဲ့ရပုံတွေကို မြင်ယောင်မိရင်း သားသမီးချင်းအတူတူ ဆင်းဆင်းရဲရဲ နေခဲ့ရတဲ့ ကြယ့်ကို သနားမှုနှင့်အတူ အားနာစိတ်ဖြစ်လာမိသည်။
ဒါ့ကြောင့် တစ်လှည့်ပြန်၍ အခွင့်အရေး ပေးမိခြင်း....။
ရှောင်လွှဲလို့မရတဲ့ အခွင့်အရေးတွေအတွက် တာဝန်ရှိသူက ဖခင်ဖြစ်ပေမဲ့ လိုလိုလားလားနှင့်ပင် ကိုယ်စားပေးမိခြင်း....။
အတွေးတို့နှင့်အတူ မျက်နှာကျက်ကိုငေးရင်း အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားခဲ့သည်။
.
.
.
"ဟင်း...ဟင်း....ချမ်းတယ်....ဟင်း...ချမ်းတယ်... "
ညည်းသံကြောင့် အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေသော ချေမိုးတစ်ယောက် နိုးသွားရလေသည်။
"ကြယ်......ဘာဖြစ်နေတာလဲ....."
ချွေးတွေထွက်နေသော်လည်း ချမ်းတယ်အော်နေသော ကြယ့်နဖူးကို စမ်းကြည့်တော့ ပူခြစ်နေသည်မှာ မီးသွေးခဲအလား.....။
ချွေးတွေကို အဝတ်နဲ့သုတ်ပေး....စောင်ကို လည်ပင်းထိ ယူခြုံပေးလိုက်ပြီးနောက် ကုတင်ဘေးမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
ဆေးကလည်းမရှိ.....။ အချိန်ကလည်း ည၂နာရီဆိုတော့ ဆေးလည်းသွားဝယ်လို့မရ...၂၄နာရီဆေးခန်းတွေလည်း မသိနှင့် ဒုက္ခရောက်နေချိန်တွင် သတိရသွားမိသည်က ဦးညို....။
ဦးညိုကို လှမ်းမေးရင်ကောင်းမလား.....
ဖုန်းယူပြီးဆက်ဖို့ ဟန်ပြင်ရင်းမှ...အသက်ကြီးတဲ့သူကို ညကြီးအချိန်မတော် မနှိုးချင်တော့၍ မဆက်ဖြစ်တော့ပေ....။
တော်ကြာ မိမိကြောင့် တစ်နေ့လုံး ခေါင်းမကြည်မလင် ဖြစ်နေရင် ဒုက္ခရောက်နေဦးမည်။
"ဟာ....ဟုတ်ပြီ....ဂျာကြီး....ဂျာကြီး....."
ဖုန်းခေါ်ရမှာ အားနာမိပေမဲ့ မေးစရာ ဒီလူတွေဘဲရှိတော့ အားနာနာနဲ့ဘဲ ဖုန်းနံပါတ်နှိပ်လိုက်သည်။
သုံးခါလောက်ကျမှ ဖုန်းကိုင်သည်။ ပြီးတော့ အိပ်ချင်မူးတူး အသံနှင့် ဖုန်းနံပါတ်ကြည့်လိုက်ပုံမရ......
"ဘယ်သူလဲကွာ......လူအိပ်ချိန်ဆိုတာ....နားမလည်ဘူးလား...." ဆိုပြီး စွတ်ဟောက်တော့သည်။
"ဟဲလို.....ဂျာကြီး...ကျွန်တော်ပါ......"
ဂျာကြီးဆိုတဲ့အသံကြားတော့ ကိုစိုးဦးတစ်ယောက် အိပ်ချင်မူးတူးနှင့်ပင် ဖုန်းနံပါတ်ပြန်ကြည့်လိုက်တော့....
အကိုလေးဆီကပင်.....
ဒီတော့မှ မျက်လုံးတွေဘာတွေ ကျယ်သွားကာ....
"အကိုလေး ဘာဖြစ်လို့လဲ....ပြောလေ...
ဒီအချိန်ကြီးကျမှ ကျွန်တော့ဆီဆက်တာ ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား....."
"အားနာလိုက်တာဂျာကြီးရာ....တခုမေးစရာရှိလို့....
ဟိုလေ....နေမကောင်းဖြစ်လို့....ဆေးလည်းမရှိ....
ဆေးခန်းလည်းမဖွင့်ရင် ဘာလုပ်ရမလဲ....."
"အန်......အကိုလေး...နေမကောင်း ဖြစ်နေလို့လား....."
"အင်း....အဲ....မဟုတ်....ဟို....
တကယ်လို့ပါ တကယ်လို့ အဲ့လိုဖြစ်ရင် ပြောတာ...."
ဒါများ မနက်ကျမှ မေးလို့ရတာဘဲ...
သူများအိပ်ချိန်ကြီး အရေးတကြီးလုပ်လို့ ဟု စိတ်ထဲမှာ ပြောဆိုလိုက်သော်လည်း....
"နဖူးပေါ် ရေခဲပတ်တင်ပေးရတယ် အကိုလေး....
အဲ့လိုလုပ်ရင် အပူလျော့သွား......"
"တီ.....တီ.....တီ....."
စကားတောင် မဆုံးသေး ဖုန်းချသွားသော သူအား ဒေါသဖြစ်ကာ ကျန်ခဲ့ရသူက ကိုစိုးဦးပင်....။
တစ်ဖက်မှ ချေမိုးကတော့ ဖုန်းအမြန်ချပြီး အိမ်နောက်ဖေးပြေးကာ ရေခဲသွားရှာတော့သည်။
.
.
.
"ဟာကွာ......ရေခဲကလည်းမရှိဘူး......"
ရေခဲသေတ္တာအပေါ်ကန့်ထဲက ရေခဲထည့်သည့်ခွက်ထဲကို ကြည့်လိုက်တော့ ဘာမှရှိမနေသောကြောင့် ချေမိုးစိတ်ပျက်စွာ ညည်းညူမိသည်။
ဘာလုပ်ရမလဲ....စဉ်းစားစမ်း....စဉ်းစားစမ်း....
ရေခဲသေတ္တာကို မွှေနှောက်ရှာရင်း ညနေကဝယ်လာတဲ့ အအေးဘူးတွေကိုတွေ့တော့ ပြုံးလိုက်ကာ....
အေးရင်ရတာဘဲမလား....အရေးကြီးတာ အပူလျော့ဖို့ဘဲ....
ခွက်တစ်လုံးရယ်၊ အအေးဘူးရယ် ၊ အဝတ်ရယ် ယူလာပြီး
ကုတင်ဘေးက ခုံပေါ်မှာ တင်ပြီးသည့်နောက် ခွက်ထဲကို အအေးတွေ ဖွင့်ထည့်ကာ အဝတ်စကိုအချိုရည်ညှစ်ပြီး
ကြယ့်နဖူးပေါ် တင်ပေးလိုက်သည်။
အဖျားသွေးကြောင့် ရဲနေသော ကြယ့်ပါးလေးကို လက်ဖမိုးနှင့် စမ်းကြည့်လိုက်တော့ ကိုယ်ပူရှိန်က မလျော့သေး....။
ထပ်ခါထပ်ခါ တင်တင်ပေးရင်း အအေးနှစ်ဘူးလည်းကုန်ရော
ကြယ့်ကိုယ်ပူရှိန်က သိသိသာသာလျော့သွားလေသည်။
ဒီတော့မှ ချေမိုးသက်ပြင်းကို အရှည်ကြီးချလိုက်ကာ
ကြမ်းပြင်မှာဘဲ ထိုင်ချလိုက်သည်။
တော်သေးတယ်....အဖျားကျသွားလို့.....
ညနေက ရေအကြာကြီးချိုးလိုက်တာရယ်....ဟိုအိမ်က ကိစ္စတွေရယ်ကြောင့် ဖြစ်တာဖြစ်မယ်....မနက်ကျမှ
ဆေးသောက်ခိုင်းရမယ်......
လူလည်း စိတ်မော၍လှဲချင်လာတာကြောင့် လှဲဖို့ ဟန်ပြင်လိုက်စဉ်........တခု သတိရသွားသည်နှင့်
အာ.....အအေးတွေပြန်ရှင်းရဦးမယ်....ကြယ့်နဖူးကိုလည်း.
ရေပတ်တိုက်ပေးရဦးမယ်....တော်ကြာ ပုရွက်ဆိတ်တက်နေမှ ဒုက္ခ......
အဲ့နေ့ညကတော့ ချေမိုးတစ်ယောက် မအိပ်နိုင်တော့ဘဲ....
အိပ်ပျော်နေသော ကြယ့်မျက်နှာလေးကိုသာ ငေးရင်းနှင့်ပင်
သက်ပြင်းအခါခါချရင်း မိုးလင်းခဲ့ရသည်။
.
.
.
"အား....ကျွတ်ကျွတ်......."
ထလာသည်နှင့် ထိုးကိုက်လာသောခေါင်းကြောင့် အသံထွက်အောင် ညည်းမိရင်း ကြယ်တစ်ယောက် နိုးထလာသည်။
ချေမိုးအိပ်တဲ့နေရာကို ကြည့်လိုက်တော့ ခေါင်းအုံးသာတွေ့သဖြင့် အခန်းပြင်သို့ နံရံကိုအားပြုရင်း ထွက်လာခဲ့သည်။
အိမ်ရှေ့ဆက်တီမှာထိုင်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မနက်အစောပိုင်းပင် ရှိသေးသည်။
အိမ်အနှံ့လိုက်ရှာကြည့်သည်တောင် မတွေ့သောကြောင့် ပြတင်းပေါက်ကတဆင့် ကားဂိုဒေါင်ထဲ ကြည့်လိုက်တော့လည်း ကားကရှိနေသည်။
ခုံမှာဘဲ ပြန်ထိုင်ရင်း မျက်လုံးအစုံကိုမှိတ်ကာ ထိုင်စောင့်နေလိုက်တော့သည်။
"ဂလောက်.....ဂလောက်...ဂလောက်....."
တံခါးဖွင့်သံကြောင့် မျက်လုံးတွေကိုဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ ချေမိုးကအိမ်ပေါက်ဝပင် ရောက်နေလေပြီ....။
လက်ထဲမှာလည်း ကြွပ်ကြွပ်အိတ်ထုတ်တွေနှင့်.....
ကြယ့်ကိုတွေ့တော့ ချေမိုးက....
"ဟာ.....ကြယ်...နိုးနေပြီလား....
အစောကြီးရှိသေးတယ်ပြန်အိပ်ဦးလေ...
.နေကောင်းသေးတာလည်း မဟုတ်ဘူး.....
ငါဆန်ပြုတ်ပြုတ်ပေးမယ် စားပြီးရင် ဆေးသောက်ရမယ်
ဆေးပါဝယ်လာတာ...မသက်သာရင်တော့ ဆေးခန်းသွားရမယ်နော် ကြယ်....."
ကျွန်တော်မေးစရာမလိုအောင် တရစပ်ပြောရင်း မီးဖိုခန်းထဲသို့ ဝင်သွားသည်။
သူနောက်ကနေလိုက်ကာ မတ်တပ်ရပ်နေရင်း ခေါင်းထဲက မိုက်ခနဲ ဖြစ်ဖြစ်လာတာကြောင့် စားပွဲမှာ ထိုင်လိုက်ပြီး.....
"ငါသက်သာပါတယ်.....အလုပ်ရှုပ်ခံလို့....
မလုပ်နဲ့ ရတယ်......"
ဆန်ဆေးနေရင်းမှ ကျွန်တော့ဘက်ကို သူလှည့်ကြည့်လာသည်။
"ဘာရတာလဲ....မင်းကိုယ်မင်း
ရောဂါပြီးတယ်များထင်နေလား လူကြည့်တော့ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ဘဲနဲ့....
ဆန်ပြုတ်ပြုတ်တာ မင်းအတွက်ချည်းဘဲ မဟုတ်ဘူး...
ငါလည်းသောက်ဖို့......"
ဒီလိုပြောလိုက်တော့မှ ငြိမ်သွားသော ကိုယ်တော်ကြောင့်
ဆန်ပြုတ်မကြိုက်ဘဲ ကျွန်တော်သောက်ပြရဦးမည်။
သူ့အတွက်သီးသန့်လုပ်တယ်ဆိုရင် လက်မခံချင်တတ်တဲ့ ကိုယ်တော်ကြောင့် လိမ်ညာရပေါင်းများပေမဲ့ ကိုယ်မကြိုက်တာတွေ လုပ်ရပေမဲ့ ကျွန်တော်မငြိုငြင်မိပေ...။
.
.
.
မျက်စိရှေ့ရောက်လာတဲ့ ကြက်သားဖက်လေးတွေနဲ့ ဆန်ပြုတ်ဖြူဖြူဖွေးဖွေးကို ကြည့်ရင်း ကျွန်တော်မျက်ရည်ဝဲမိသည်။
"ကြယ်.....စားကြည့်လေ....
ကောင်းရော....ကောင်းရဲ့လား...မသိဘူး...
ဘာလဲ ပူလို့လား...ပေးပေး....ငါလုပ်ပေးမယ်...."
သူ့ဘာသာ.တစ်ယောက်ထဲပြောဆိုကာ ကျွန်တော့ပန်းကန်ကိုယူပြီး တဖူးဖူးမှုတ်ပေးနေတဲ့ ကောင်လေးက ကျွန်တော်ချစ်ရသူတဲ့လား....။
ကံဆိုးစွာနဲ့ဘဲ မချစ်သင့်တဲ့သူလည်း ဖြစ်နေသေးတာ....။
ပထမဦးဆုံး ကျွန်တော့ကို ဂရုစိုက်တဲ့သူရော....
ကျွန်တော်အတွက် လိုအပ်တဲ့အရာတွေကိုလည်း ဖြည့်ဆည်းပေးတဲ့သူ ဖြစ်နေသေးတာ....။
ပြန်ရောက်လာတဲ့ ပန်းကန်ကိုကြည့်ပြီး ပလုတ်ပစ် ပလောင်းပစ် စားပစ်လိုက်တော့သည်။
ဆန်ပြုတ်ကို ကျွန်တော်မကြိုက်ပေမဲ့
သူကိုယ်တိုင်ပြုတ်ပေးတာမို့လို့ မျက်ရည်တွေနဲ့
သူမမြင်အောင် မျှောချနေရပေမဲ့ ကျွန်တော်စားဖူးသမျှ
အရာတွေထဲ အကောင်းဆုံး ဖြစ်နေတာတော့ အသေအချာပါ.....။
.
.
.
ခေါင်းငုံ့ပြီးစားနေတဲ့ ကြယ့်ကိုကြည့်ပြီး ပီတိဖြစ်ရသူက ချေမိုးပင်......။
ပထမဦးဆုံးအနေနဲ့ လူတစ်ယောက်ကို ဂရုစိုက်ပေးနိုင်ခဲ့တဲ့ အတွက် ဝမ်းသာလို့မဆုံး.....။
ပထမဆုံးအနေနဲ့ သူမကြိုက်တဲ့အစားအစာကို
ထမင်းဝိုင်းမှာ ကြည်ကြည်ဖြူဖြူ ထိုင်စားရတာ တကယ်ကို ပထမဆုံးပင်....။
မနက်တိုင်းစားခဲ့ရတဲ့ မနက်စာထမင်းဝိုင်းက
သူအနှစ်သက်ဆုံး အစားအစာတွေနဲ့ ပြည့်နှက်နေပေမဲ့
ကြည်နူးခြင်းလည်းမရှိ ပီတိဖြစ်ခြင်းလည်းမရှိ....
ဘာဆိုဘာမှမရှိခဲ့.....။
အချိန်တန်လုပ်နေကျ ကိစ္စတစ်ခုလို
အလုပ်တစ်ခုလို စိတ်မပါဘဲ ဟန်ပြဆက်ဆံခြင်းတွေကြား
သူနေသားကျချင်ယောင်ဆောင်ခဲ့ရသည်။
ပြည့်စုံတယ်လို့ ထင်ရတဲ့ ဟန်ဆောင်မှုတွေကြားကတစ်ဆင့် ပေါက်ဖွားလာတဲ့ စစ်မှန်မှုလေးကို ချေမိုး မြတ်နိုးတတ်ခဲ့ပြီ......။
မပြည့်စုံ မနှစ်သက်ပေမဲ့ ဟန်ဆောင်မှုကင်းစွာပင်
ကြယ့်နည်းတူ.ဆန်ပြုတ်ပန်းကန်ကို ခေါင်းမဖော်တမ်း
စားနေမိတော့သည်။
>>>>>>>>>>>>>CHANGE<<<<<<<<<<<<
AN/
Updateနောက်ကျတဲ့အတွက် တောင်းပန်ပါတယ်...
အမျိုးမျိုးသော အကြောင်းတွေကြောင့် ဟန်တရက်ခြားတခါ မရေးပေးနိုင်တော့တာ ခွင့်လွှတ်ပါ....
အနည်းဆုံးတပတ်တစ်ပိုင်းလောက်ဘဲ တင်နိုင်တော့မယ်ထင်တယ်....တကယ်typeဖို့ အဆင်မပြေလို့ပါ......
ဟန်ရက်သတ်မှတ်ပေးမယ်နော်
သောကြာနေ့တိုင်း ဒီလိုအချိန်upပေးမယ်လေ
အဲ့တာဆို နေ့တိုင်းမျှော်စရာမလိုတော့ဘူး အဲ့နေ့တရက်ဘဲမျှော်ရုံဘဲ....
ကြားထဲမှာ ရေးပြီးရင်လည်းတင်ပေးမယ်... အဲ့လိုအခါကျတော့surpriseဖြစ်တာပေါ့နော်...
သောကြာနေ့ကလုံးဝသေချာ upပေးမယ်...
ပြီးတော့တခုမှာချင်သေးတယ်
မိုးတွင်းကို သွားရေးလာရေး.ဂရုစိုက်ကြပါ....
တခုခုဖြစ်မှာစိုးလို့ သတိပေးတာနော်.....
Love you allစိန်တစ်လုံးလေးတို့😘
❤Han_Me❤
(27.7.2018)
Continue Reading
You'll Also Like
1M 56.4K 47
378K 28.2K 41
အမှောင်ထဲပိတ်မိနေရင် အလင်းကိုမြင်နိုင် စွမ်းမရှိသလို၊အမုန်းတရားနွံ့ထဲနစ်မွန်းနေရင် လည်း နူးညံ့လှပတဲ့ ချစ်ခြင်းမေတ္တာကိုခံစား နိုင်စွမ်းမရှိနိုင်ပါဘူး။...
45K 2.1K 19
သူနာပြုကောင်လေးတစ်ယောက်ကို ချစ်မိသွားတဲ့ လူတစ်ယောက် P.S I didn't own this photo
5.8K 340 5
"အချစ်ဆိုရယူခြင်းလား ပေးဆပ်ခြင်းလား စွန့်လွှတ်ခြင်းလား သူတိူ့နှစ်ယောက်ရဲ့အချစ်ကရော"