●●●Zawgyi●●●
လုယီ မေရာက္လာမီအခ်ိန္က .....
မိန္ေကြ႔ ကို အခ်ဳပ္ခ်ထားၿပီးေနာက္ ႐ွန္း မေစာင့္ႏိုင္ေတာ့ဘဲ အိုက္႐ွင္း ကို ကိုယ္တိုင္႐ွာေဖြရန္ ဆံုးျဖတ္လိုက္သည္။
"မျဖစ္ဘူး .... ဧကရာဇ္ မ႐ွိေတာ့မွန္း လူေတြသိသြားရင္ ဆူပူမႈေတြျဖစ္လာလိမ့္မယ္ ... ရင္ နဲ႔ ဟဲပင္း ကလည္း ငါတို႔ေျပာတဲ့အတိုင္း လုပ္ေနၾကတာပဲေလ"
႐ွန္း ကို က်န္း႐ွီ ေအးသက္စြာ ေျပာေလသည္။
သို႔ေသာ္ ႐ွန္း အေရးမစိုက္ဘဲ ထုပ္ပိုးျပင္ဆင္ေနသည္။ ျပင္ၿပီးေနာက္တြင္ သူ၏ ဘုရင့္ေခါင္းေဆာင္းႏွင့္ ဝတ္ရံုတို႔ကို ခြၽတ္ကာ က်န္း႐ွီ ကို ကမ္းေပးလိုက္သည္။
"ဒါေတြကို ငါ ဘာလုပ္ရမွာလဲ"
က်န္း႐ွီ က ဝတ္႐ုံႏွင့္ေခါင္းေဆာင္းကို ကိုင္ထားလ်က္ ေမးသည္။ က်န္း႐ွီ ကို ႐ွန္း မၾကည့္ဘဲ ဘာမွမထူးျခားသည့္အလား ....
"ငါမ႐ွိတုန္း ငါ့ေနရာမွာ အေယာင္ေဆာင္ထား"
"ဘာ !! မင္း ႐ူးေနလား"
က်န္း႐ွီ ေအာ္ေျပာရင္း မတ္တပ္ရပ္လိုက္သည္။
"ဘယ္သူမွမသိႏိုင္ပါဘူး ... ေခါင္းခါၿပီး ညီလာခံေတြကို ငါ့လို ေ႐ွာင္ေနလိုက္ ... တကယ္လို႔သိသြားၾကရင္ သူတို႔ကို ႏႈတ္ပိတ္လိုက္ .. ဘာမွမခက္ခဲပါဘူး"
က်န္း႐ွီ က 'မင္းဘာေျပာခဲ့လဲဆိုတာ မင္းကိုယ္မင္းမွ မသိတာ' ဟူေသာ အံ့ဩသည့္အၾကည့္ႏွင့္ ၾကည့္ေနခ်ိန္ ႐ွန္း က တံခါးမွေန၍ ကိုယ္ေဖာ့ကာ ထြက္သြားေလသည္။
႐ွင္းဖူ ေတာင္ေပၚတြင္ .....
"ဟမ္ ... လုယီ ထြက္သြားျပန္ၿပီလား"
ထိုစကားကို အိုက္႐ွင္း ထပ္တလဲလဲေျပာေနၿပီး မ်က္လံုးေထာင့္တြင္လည္း မ်က္ရည္မ်ား လဲ့လာေတာ့သည္။ က်ဴးအန္း လည္း အိုက္႐ွင္း ကို လုယီ မၾကာမီျပန္လာလိမ့္မည္ဟုေျပာကာ ႏွစ္သိမ့္ေနရသည္။
ဒီတစ္ေခါက္တြင္ ႏႈတ္ဆက္ျခင္းမ႐ွိဘဲ လုယီ ထြက္သြားသည္ဟု ေတြးမိလ်ွင္ အိုက္႐ွင္း အလြန္ပင္ ဝမ္းနည္းလာသည္။ မငိုေတာ့ေအာင္ အမ်ိဳးမ်ိဳးႀကိဳးစားထိန္းေနေသာ္လည္း ေျပာင္းလဲေနသည့္ ကိုယ္တြင္းေဟာ္မုန္းတို႔ေၾကာင့္ ဝမ္းနည္းတိုင္း မ်က္ရည္မ်ား မ်က္ႏွာေပၚသို႔ အထိန္းအခ်ဳပ္မ႐ွိဘဲ က်ဆင္းေနေတာ့သည္။
ခဏအၾကာ က်ဴးအန္း က အိုက္႐ွင္း ၏ ကေလးငယ္အတြက္ လုပ္ေပးထားေသာ ဝတ္စံုငယ္မ်ားကိုျပရင္း ေပ်ာ္ရႊင္ေအာင္ လုပ္ေပးေနေလသည္။
အိုက္႐ွင္း ကိုယ္တြင္း႐ွိ ကေလးငယ္မွာ ဝတ္ရံုႏွင့္ဖံုးထားႏိုင္သည္အထိ ေသးငယ္ေသာ္လည္း တစ္ေန႔ထက္တစ္ေန႔ ပိုႀကီးမားလာေနသည္။ ကေလးငယ္အေၾကာင္း စဥ္းစားသည့္အခါတိုင္း အိုက္႐ွင္း ေပ်ာ္ေနၿပီး ကေလးငယ္ဘဝထဲတြင္ ႐ွန္း မ႐ွိႏိုင္ေတာ့သည္ကို ေတြးမိရင္း ဝမ္းနည္းလာရျပန္သည္။ သူ႔အတြက္ႏွင့္ အျခားသူမ်ားကို စိုးရိမ္ေၾကာင့္ၾကျခင္းမျဖစ္ေစလိုေသာေၾကာင့္ သူ၏ခံစားခ်က္မ်ားကို က်ဴးအန္း ႏွင့္ လုယီ ကို မေျပာျပလိုေပ။
႐ွန္း အေၾကာင္း ေတြးလ်က္ သစ္သားခံုငယ္ေပၚမွထကာ က်ဴးအန္း ႏွင့္အတူ မ်ွသံုးေသာ အိပ္ခန္းသို႔ ဦးတည္လာေလသည္။
အခန္းထဲေရာက္ၿပီးေနာက္ ေႂကြထည္ေသတၱာငယ္ကိုၾကည့္လိုက္သည့္အခါ ႐ွန္း ေပးခဲ့ေသာ လွပသည့္ဆံထိုးကို မေတြ႔ရေတာ့သျဖင့္ ထိတ္လန္႔သြားေလသည္။
ဆံထိုးေလးကို အထိတ္တလန္႔႐ွာေဖြေနရင္း မ်က္ရည္ပုလဲမ်ားလည္း ေျမခကုန္သည္။ ႐ွန္း ေပးခဲ့သည္တို႔အနက္မွ သူ႔ထံတြင္ တစ္ခုတည္းက်န္ခဲ့ေသာ ဆံထိုးေပ်ာက္သြားခဲ့လ်ွင္ အိုက္႐ွင္း ကိုယ့္ကိုယ္ကို ခြင့္လႊတ္လိမ့္မည္မဟုတ္ေပ။
စားပြဲေပၚႏွင့္ အံဆြဲတစ္ခုစီကိုပါမက်န္ စစ္ေဆးၿပီးေနာက္ ငိုေတာ့မည့္ဆဲဆဲတြင္ စားပြဲအေနာက္ ေထာင့္တစ္ေနရာမွ လက္ခနဲ ျဖစ္သြားသည္ကို ေတြ႔လိုက္ရသည္။
ေလးလံလြန္းသည့္စားပြဲကို အိုက္႐ွင္း အားကုန္သံုးကာ တြန္းထုတ္ၿပီးေနာက္ ေတာက္ပေနေသာရတနာမ်ားတြဲလ်က္႐ွိေနသည့္ ေရႊေရာင္မီးငွက္ကို ေတြ႔လိုက္သည္။ အနည္းငယ္သာ ကြာဟေနသည့္ ေနရာၾကားသို႔ လက္ကိုဆန္႔ထုတ္ကာ ဆံထိုးကို ယူလိုက္ျပ်ိး ျပန္ထုတ္သည့္အခါ ဆံထိုးမွာ မေရြ႔။
အိုက္႐ွင္း အားစိုက္ၿပီးဆြဲထုတ္လိုက္သည့္အခါ ဆံထိုးမွာ အက္ေၾကာင္းၾကားထြက္လာေသာ္လည္း အေသအခ်ာ ကိုင္ၾကည့္လိုက္သည့္အခါ ဆံထိုးမွာ ထက္ပိုင္းက်ိဳးေနေလသည္။
အိုက္႐ွင္း မယံုႏိုင္ျဖစ္ေနၿပီး ဆံထိုးအစႏွစ္ခုကို ဆက္လိုဆက္ျငား ဖိကပ္ေနေသာ္လည္း အခ်ည္းႏွီးပင္။
ေမ်ွာ္လင့္ခ်က္မဲ့သြားကာ ဆံထိုးကို စိုက္ၾကည့္ေနရင္း အိုက္႐ွင္း က်ယ္ေလာင္စြာ ေအာ္ငိုၿပီး မ်က္ရည္မ်ားလည္း အတားအဆီးမ႐ွိ တာက်ိဳးလာေတာ့သည္။
အိုက္႐ွင္း ၏ ငိုသံေၾကာင့္ အသံလာရာကို က်ဴးအန္း အျမန္ေျပးသြားသည့္အခါ ဝပ္တုပ္လ်က္ငိုေနေသာ အိုက္႐ွင္း လက္ထဲတြင္လည္း တစ္စံုတစ္ခုကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားသည္ကို ေတြ႔လိုက္ရသည္။
"အိုက္႐ွင္း ... ဘာျဖစ္တာလဲ"
က်ဴးအန္း ေခ်ာ့ျမဴရင္း ေမးေလသည္။
မ်က္ရည္မ်ားျပည့္ကာ နီရဲေနေသာ မ်က္လံုးမ်ားႏွင့္ အိုက္႐ွင္း က်ဴးအန္း ကိုၾကည့္ကာ ဝမ္းနည္းစြာ ေျပာေတာ့သည္။
"ဟင့္ ... ငါ ခ်ိဳးလိုက္မိၿပီ .. ဟင့္ .. ငါ့မွာ ဒီတစ္ခုပဲ က်န္ေတာ့တာ .. က်ဴးအန္း ... ငါတကယ္ကို မေကာင္းတဲ့သူပဲ ... ဟင့္ ..."
လက္ထဲသို႔ ၾကည့္လိုက္သည့္အခါ က်ိဳးေနၿပီးေသာ ဆံထိုးကို ေတြ႔လိုက္သျဖင့္ အိုက္႐ွင္း ေျပာသည့္စကားကို သေဘာေပါက္သြားသည္။
အိုက္႐ွင္း ကို ႏူးညံ့စြာျပံဳးျပလိုက္ၿပီး အိုက္႐ွင္း လက္ထဲမွ ဆံထိုးကိုယူကာ က်ိဳးပဲ့သြားသည့္ေနရာကို စစ္ေဆးေလသည္။
ေပ်ာက္ေနသည့္အစအနတခ်ိဳ႕မွလြဲ၍ ထင္႐ွားေသာ အက္က်ိဳးရာတစ္ခု႐ွိသျဖင့္ ....
"ဒါ ျပန္ဆက္လို႔ရမယ္ထင္တယ္"
က်ဴးအန္း စကားကို ၾကားသည့္အခါ ခရမ္းေဖ်ာ့ေရာင္ မ်က္လံုးရြဲေလးမ်ားျဖင့္ အိုက္႐ွင္း ေမာ့ၾကည့္ကာ ....
"တကယ္လား .. ဟင့္ .. ျပန္ျပင္လို႔ရလားဟင္"
က်ဴးအန္း လည္း ျပံဳးျပၿပီး ...
"ၿမိဳ႕ထဲမွာ ရတနာေရာင္းတဲ့သူ႐ွိတယ္ ... သူကအရမ္းေတာ္ၿပီး ကြၽမ္းလည္း ကြၽမ္းက်င္တယ္ ... သူျပန္ျပင္ေပးႏိုင္လိမ့္မယ္ထင္တယ္ .. ဒါေပမယ့္ အရင္လို အေကာင္းႀကီးေတာ့ မျဖစ္ႏိုင္ေတာ့ဘူး .. ဒါေပမယ့္ သူျပန္လုပ္ေပးႏိုင္မွာပါ ... ရတယ္မလား"
က်ဴးအန္း ၏ ဝတ္ရံုကို ဆုပ္ကိုင္ရင္း အိုက္႐ွင္း မ်က္ရည္ဝဲကာ ၾကည့္လ်က္ ထိုလူကိုေမးေပးရန္ ေတာင္းဆိုေတာ့သည္။
T/N :......
ကေလးကို လြမ္းေနၾကတယ္ဆိုလို႔ အျမန္ျပန္ေရးေပးလိုက္တယ္ .... မေတြ႔ေသးဘူးလား ေမးေနၾကတာ .. ေတြ႔ေတာ့မွာပါလို႔ .. မၾကာေတာ့ပါဘူးဗ်ာ ...
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●Unicode●●●
လုယီ မရောက်လာမီအချိန်က .....
မိန်ကွေ့ ကို အချုပ်ချထားပြီးနောက် ရှန်း မစောင့်နိုင်တော့ဘဲ အိုက်ရှင်း ကို ကိုယ်တိုင်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
"မဖြစ်ဘူး .... ဧကရာဇ် မရှိတော့မှန်း လူတွေသိသွားရင် ဆူပူမှုတွေဖြစ်လာလိမ့်မယ် ... ရင် နဲ့ ဟဲပင်း ကလည်း ငါတို့ပြောတဲ့အတိုင်း လုပ်နေကြတာပဲလေ"
ရှန်း ကို ကျန်းရှီ အေးသက်စွာ ပြောလေသည်။
သို့သော် ရှန်း အရေးမစိုက်ဘဲ ထုပ်ပိုးပြင်ဆင်နေသည်။ ပြင်ပြီးနောက်တွင် သူ၏ ဘုရင့်ခေါင်းဆောင်းနှင့် ဝတ်ရုံတို့ကို ချွတ်ကာ ကျန်းရှီ ကို ကမ်းပေးလိုက်သည်။
"ဒါတွေကို ငါ ဘာလုပ်ရမှာလဲ"
ကျန်းရှီ က ဝတ်ရုံနှင့်ခေါင်းဆောင်းကို ကိုင်ထားလျက် မေးသည်။ ကျန်းရှီ ကို ရှန်း မကြည့်ဘဲ ဘာမှမထူးခြားသည့်အလား ....
"ငါမရှိတုန်း ငါ့နေရာမှာ အယောင်ဆောင်ထား"
"ဘာ !! မင်း ရူးနေလား"
ကျန်းရှီ အော်ပြောရင်း မတ်တပ်ရပ်လိုက်သည်။
"ဘယ်သူမှမသိနိုင်ပါဘူး ... ခေါင်းခါပြီး ညီလာခံတွေကို ငါ့လို ရှောင်နေလိုက် ... တကယ်လို့သိသွားကြရင် သူတို့ကို နှုတ်ပိတ်လိုက် .. ဘာမှမခက်ခဲပါဘူး"
ကျန်းရှီ က 'မင်းဘာပြောခဲ့လဲဆိုတာ မင်းကိုယ်မင်းမှ မသိတာ' ဟူသော အံ့ဩသည့်အကြည့်နှင့် ကြည့်နေချိန် ရှန်း က တံခါးမှနေ၍ ကိုယ်ဖော့ကာ ထွက်သွားလေသည်။
ရှင်းဖူ တောင်ပေါ်တွင် .....
"ဟမ် ... လုယီ ထွက်သွားပြန်ပြီလား"
ထိုစကားကို အိုက်ရှင်း ထပ်တလဲလဲပြောနေပြီး မျက်လုံးထောင့်တွင်လည်း မျက်ရည်များ လဲ့လာတော့သည်။ ကျူးအန်း လည်း အိုက်ရှင်း ကို လုယီ မကြာမီပြန်လာလိမ့်မည်ဟုပြောကာ နှစ်သိမ့်နေရသည်။
ဒီတစ်ခေါက်တွင် နှုတ်ဆက်ခြင်းမရှိဘဲ လုယီ ထွက်သွားသည်ဟု တွေးမိလျှင် အိုက်ရှင်း အလွန်ပင် ဝမ်းနည်းလာသည်။ မငိုတော့အောင် အမျိုးမျိုးကြိုးစားထိန်းနေသော်လည်း ပြောင်းလဲနေသည့် ကိုယ်တွင်းဟော်မုန်းတို့ကြောင့် ဝမ်းနည်းတိုင်း မျက်ရည်များ မျက်နှာပေါ်သို့ အထိန်းအချုပ်မရှိဘဲ ကျဆင်းနေတော့သည်။
ခဏအကြာ ကျူးအန်း က အိုက်ရှင်း ၏ ကလေးငယ်အတွက် လုပ်ပေးထားသော ဝတ်စုံငယ်များကိုပြရင်း ပျော်ရွှင်အောင် လုပ်ပေးနေလေသည်။
အိုက်ရှင်း ကိုယ်တွင်းရှိ ကလေးငယ်မှာ ဝတ်ရုံနှင့်ဖုံးထားနိုင်သည်အထိ သေးငယ်သော်လည်း တစ်နေ့ထက်တစ်နေ့ ပိုကြီးမားလာနေသည်။ ကလေးငယ်အကြောင်း စဉ်းစားသည့်အခါတိုင်း အိုက်ရှင်း ပျော်နေပြီး ကလေးငယ်ဘဝထဲတွင် ရှန်း မရှိနိုင်တော့သည်ကို တွေးမိရင်း ဝမ်းနည်းလာရပြန်သည်။ သူ့အတွက်နှင့် အခြားသူများကို စိုးရိမ်ကြောင့်ကြခြင်းမဖြစ်စေလိုသောကြောင့် သူ၏ခံစားချက်များကို ကျူးအန်း နှင့် လုယီ ကို မပြောပြလိုပေ။
ရှန်း အကြောင်း တွေးလျက် သစ်သားခုံငယ်ပေါ်မှထကာ ကျူးအန်း နှင့်အတူ မျှသုံးသော အိပ်ခန်းသို့ ဦးတည်လာလေသည်။
အခန်းထဲရောက်ပြီးနောက် ကြွေထည်သေတ္တာငယ်ကိုကြည့်လိုက်သည့်အခါ ရှန်း ပေးခဲ့သော လှပသည့်ဆံထိုးကို မတွေ့ရတော့သဖြင့် ထိတ်လန့်သွားလေသည်။
ဆံထိုးလေးကို အထိတ်တလန့်ရှာဖွေနေရင်း မျက်ရည်ပုလဲများလည်း မြေခကုန်သည်။ ရှန်း ပေးခဲ့သည်တို့အနက်မှ သူ့ထံတွင် တစ်ခုတည်းကျန်ခဲ့သော ဆံထိုးပျောက်သွားခဲ့လျှင် အိုက်ရှင်း ကိုယ့်ကိုယ်ကို ခွင့်လွှတ်လိမ့်မည်မဟုတ်ပေ။
စားပွဲပေါ်နှင့် အံဆွဲတစ်ခုစီကိုပါမကျန် စစ်ဆေးပြီးနောက် ငိုတော့မည့်ဆဲဆဲတွင် စားပွဲအနောက် ထောင့်တစ်နေရာမှ လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
လေးလံလွန်းသည့်စားပွဲကို အိုက်ရှင်း အားကုန်သုံးကာ တွန်းထုတ်ပြီးနောက် တောက်ပနေသောရတနာများတွဲလျက်ရှိနေသည့် ရွှေရောင်မီးငှက်ကို တွေ့လိုက်သည်။ အနည်းငယ်သာ ကွာဟနေသည့် နေရာကြားသို့ လက်ကိုဆန့်ထုတ်ကာ ဆံထိုးကို ယူလိုက်ပြျိး ပြန်ထုတ်သည့်အခါ ဆံထိုးမှာ မရွေ့။
အိုက်ရှင်း အားစိုက်ပြီးဆွဲထုတ်လိုက်သည့်အခါ ဆံထိုးမှာ အက်ကြောင်းကြားထွက်လာသော်လည်း အသေအချာ ကိုင်ကြည့်လိုက်သည့်အခါ ဆံထိုးမှာ ထက်ပိုင်းကျိုးနေလေသည်။
အိုက်ရှင်း မယုံနိုင်ဖြစ်နေပြီး ဆံထိုးအစနှစ်ခုကို ဆက်လိုဆက်ငြား ဖိကပ်နေသော်လည်း အချည်းနှီးပင်။
မျှော်လင့်ချက်မဲ့သွားကာ ဆံထိုးကို စိုက်ကြည့်နေရင်း အိုက်ရှင်း ကျယ်လောင်စွာ အော်ငိုပြီး မျက်ရည်များလည်း အတားအဆီးမရှိ တာကျိုးလာတော့သည်။
အိုက်ရှင်း ၏ ငိုသံကြောင့် အသံလာရာကို ကျူးအန်း အမြန်ပြေးသွားသည့်အခါ ဝပ်တုပ်လျက်ငိုနေသော အိုက်ရှင်း လက်ထဲတွင်လည်း တစ်စုံတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
"အိုက်ရှင်း ... ဘာဖြစ်တာလဲ"
ကျူးအန်း ချော့မြူရင်း မေးလေသည်။
မျက်ရည်များပြည့်ကာ နီရဲနေသော မျက်လုံးများနှင့် အိုက်ရှင်း ကျူးအန်း ကိုကြည့်ကာ ဝမ်းနည်းစွာ ပြောတော့သည်။
"ဟင့် ... ငါ ချိုးလိုက်မိပြီ .. ဟင့် .. ငါ့မှာ ဒီတစ်ခုပဲ ကျန်တော့တာ .. ကျူးအန်း ... ငါတကယ်ကို မကောင်းတဲ့သူပဲ ... ဟင့် ..."
လက်ထဲသို့ ကြည့်လိုက်သည့်အခါ ကျိုးနေပြီးသော ဆံထိုးကို တွေ့လိုက်သဖြင့် အိုက်ရှင်း ပြောသည့်စကားကို သဘောပေါက်သွားသည်။
အိုက်ရှင်း ကို နူးညံ့စွာပြုံးပြလိုက်ပြီး အိုက်ရှင်း လက်ထဲမှ ဆံထိုးကိုယူကာ ကျိုးပဲ့သွားသည့်နေရာကို စစ်ဆေးလေသည်။
ပျောက်နေသည့်အစအနတချို့မှလွဲ၍ ထင်ရှားသော အက်ကျိုးရာတစ်ခုရှိသဖြင့် ....
"ဒါ ပြန်ဆက်လို့ရမယ်ထင်တယ်"
ကျူးအန်း စကားကို ကြားသည့်အခါ ခရမ်းဖျော့ရောင် မျက်လုံးရွဲလေးများဖြင့် အိုက်ရှင်း မော့ကြည့်ကာ ....
"တကယ်လား .. ဟင့် .. ပြန်ပြင်လို့ရလားဟင်"
ကျူးအန်း လည်း ပြုံးပြပြီး ...
"မြို့ထဲမှာ ရတနာရောင်းတဲ့သူရှိတယ် ... သူကအရမ်းတော်ပြီး ကျွမ်းလည်း ကျွမ်းကျင်တယ် ... သူပြန်ပြင်ပေးနိုင်လိမ့်မယ်ထင်တယ် .. ဒါပေမယ့် အရင်လို အကောင်းကြီးတော့ မဖြစ်နိုင်တော့ဘူး .. ဒါပေမယ့် သူပြန်လုပ်ပေးနိုင်မှာပါ ... ရတယ်မလား"
ကျူးအန်း ၏ ဝတ်ရုံကို ဆုပ်ကိုင်ရင်း အိုက်ရှင်း မျက်ရည်ဝဲကာ ကြည့်လျက် ထိုလူကိုမေးပေးရန် တောင်းဆိုတော့သည်။
T/N :...
ကလေးကို လွမ်းနေကြတယ်ဆိုလို့ အမြန်ပြန်ရေးပေးလိုက်တယ် .... မတွေ့သေးဘူးလား မေးနေကြတာ .. တွေ့တော့မှာပါလို့ .. မကြာတော့ပါဘူးဗျာ ...
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤