I wanna fly

By Flying___S

3.5K 243 8

My Diary about my bae More

Byun
Byun
Byun
Byun
:')
:')
Byun :')
:')
:')
:')
:')
:')
:')
:')
🌟
🌟
ကြယ်
🌧

ကြယ်

70 8 0
By Flying___S

နင် အိပ်နေပြီလား ချစ်ရတဲ့ညီအစ်ကိုတွေနဲ့အတူ concert အကြောင်း ပြန်ပြောနေကြမလား
ငါကတော့ နင့်ကို သတိရစိတ်နဲ့ အိပ်မပျော်ဘူး
ခုဆို နင့်ကို ကြားခံနယ်မပါပဲ တွေ့ဆုံခဲ့ရတာ
ရက်ပေါင်း ၄၃၄ရက်တောင်ကြာခဲ့ပြီ
အဲရက်တွေကို ငါဘယ်လိုကုန်ဆုံးခဲ့ရလဲသိလား
နင့်ကို လွမ်းရင်း နင့်ကိုသတိရရင်း နင့်ကိုအရမ်းတွေ့ချင်ရင်း ။ ငါ ငိုတယ် သတိရလွန်းလို့ တွေ့ချင်တာရဲ့နောက်ဆက်တွဲမှာ မိုင်ပေါင်း ၂၀၀၀ ကျော်ဝေးကွာတာကိုရော တွေ့ချင်တိုင်းတွေ့နိုင်ဖို့ ငါ့မှာ ငွေတံတားကြီးမရှိတာရော ပြီးတဲ့နောက် ငါနဲ့အတူရှိခဲ့တဲ့နင့်မွေးနေ့ရက်တုန်းက နင်က အခု ငါ့မှတ်ဉာဏ်ထဲမှာ မထင်ရှားတော့ပဲ ပုံရိပ်ယောင်လေးဖြစ်ကျန်ခဲ့ရကောင်းမလားဆိုပြီး ငါ့ရဲ့ဦးနှောက်ကိုအပြစ်တင်ရင်းရော... မျိုးစုံလျှောက်တွေးပြီး အရူးမလေးလုပ်မနေနဲ့လို့ ငါ့ကို အိပ်မက်ထဲလာပြောပေးပါလား

ခုနှစ်ပိုင်းတွေမှာ ငါရဲ့ overthinking တွေက ငါ့ကိုပြန်သတ်နေတယ် အိမ်တွင်းရေးပြဿ နာတွေရော သူငယ်ချင်းတွေနဲ့အဆင်မပြေတာရောနဲ့... နင်က စကားတတ်တဲ့ကောင်လေးမလို့ ရင်တွေအများကြီးဖွင့်ချင်တယ် နှစ်သိမ့်စကားတွေနားထောင်ချင်တယ်
နင်က ငါ့ စိတ်ထဲအေးချမ်းသွားအောင် အရမ်းပြောတတ်မှာ ငါသိတယ်... ဒါပေမယ့်လည်း အဝေးကြီးဝေးပါတယ်... ပြောခွင့်ရတောင် ငါ့ရဲ့စိတ်ညစ်စရာတွေကို နင့်ဆီကူးမပေးနိုင်ဘူးလေရယ်... ပေးနိုင်တာဆိုလို့ အချစ်ပဲရှိတဲ့ဘဝမှာ အပူတွေမကူးစက်စေချင်ပါဘူး

ငါ နင့်ကို ထပ်တွေ့ဖို့ကြိုးစားပါ့မယ်
Fansign မှာ မျက်နှာချင်းဆိုင်တွေ့ပြီး ငါ နင့်ကို အရမ်းချစ်တဲ့အကြောင်းနဲ့ငါ့အတွက် နင်ကဘယ်လိုအရေးပါပုံမျိုးနဲ့ဖြစ်တည်နေတဲ့အကြောင်းပြောနိုင်ဖို့ ဘယ်လောက်ကြာဦးမလဲမသိဘူး

နင်က ခုတိုင်းပဲရှိနေရင်သိပ်ကောင်းမယ် အချိန်အတိုင်းအတာတစ်ခုထိ ခုတိုင်းလေး စောင့်ပေးပါလား ...

ငါ ဆုအမြဲတောင်းပါတယ် နောက်ဘဝဆိုရင်တော့ နင့်ကိုချစ်သလိုမျိုး လူတစ်ယောက်ကိုနှစ်နှစ်ကာကာ ချစ်ရမယ်ဆိုရင် အဲလူနဲ့ တစ်မြေထဲမှာ မွေးဖွားပါရစေ...
ဝေးကွာနေရတာ အရမ်းကို ပင်ပန်းတယ် ကြယ်ကလေးရယ်

Continue Reading

You'll Also Like

8.9K 1.4K 38
මං උඹට ආදරෙයි...!! කල්පයක් ගෙවුනත් උඹ මගෙම විතරයි දේවා...!!!
1.6M 125K 41
( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡
77.9K 12.9K 86
පොතක පිටු අතර හමු උන ඒක දිග කතාවක්
158K 22.7K 59
21+ අසබ්‍ය වචන හා mature content අඩංගුය.