ဆူဆူညံညံအော်ဟစ်သံတွေကြောင့် ကျွန်တော်မျက်လုံးဖွင့်ကြည့်မိသည်။နာရီကြည့်တော့ မနက် 1နာရီ။
ကျွန်တော် ညနေ Sehunအခန်းကပြန်လာပြီးကတည်းက အိပ်ပျော်သွားသည်ပဲ။ကျွန်တော်နှုတ်ခမ်းတွေကိုထိတွေ့မိတော့ သူ့အနမ်းကြောင့်ရင်ခုန်ရသလို ပြန်ရင်ခုန်မိဆဲ။
နွေးထွေးနေတဲ့ နှုတ်ခမ်းပါးတွေကအနမ်းတွေ...
ဘုရားရေ....ကျွန်တော် အခု.....အဲ့အနမ်းအကြောင်းတွေးနေမိပြန်တာလား....
*SEHUNရေ......ငါတော့မင်းကြောင့်ရူးတော့မယ်!!*
"ခလွမ်း!!!"
ဖန်ပစ္စည်းတစ်ခုခုကျကွဲသံကြောင့် ကျွန်တော်ကမန်းကတန်းအောက်ဆင်းဖို့ပြင်ရသည်။ဖေဖေများလား?
ဖေဖေကအခုတလောဆို ညနက်နဲ့အထိ အရက်တွေသောက်လေ့ရှိသည်။ဖေဖေ့ကုမ္ပဏီ အရံှုးတွေပေါ်နေသည်ဟုပြောသံကြားပေမဲ့ ကျွန်တော့ကိုဖေဖေမပြောပြသဖြင့် ကျွန်တော်လဲ မမေးခဲ့မိပါ။ခုလဲ ဖေဖေအရမ်းမူးနေတာလား။ခုနကျကွဲသံဟ ာဖေဖေ့ဆီကသာဆို ဖေဖေဖန်ကွဲစတွေနဲ့တစ်ခုခုဖြစ်ရင်....ကျွန်တော်အလောတကြီးပြေးဆင်းမိသည်။ကြားနေရသည့်အသံတို့သည် ဖေဖေ့အခန်းထဲမှဖြစ်သည်။ပိတ်ထားလေ့မရှိသည့်ဖေဖေ့အခန်းကိုဝင်ခါနီးတွင် ကျွန်တော့ခြေလှမ်းတို့ကိုရပ်တန့်စေသည်က Sehun၏အသံ။
ကျွန်တော် အေးခဲ သွားသည့်အလားရပ်တန့်နေမိသည်။
Sehunနဲ့ဖေဖေ့ကြားမှာ ဘယ်တော့မှ ရင်းနှီးမှုမရှိခဲ့ဘူးလို့ ထင်ခဲ့တာကျွန်တော်မှားတာ...
အဲ့နေ့ကအကြောင်းအရာတွေက ကျွန်တော်တို့တွေကြား ဘယ်တုန်းကမှမဖြစ်ခဲ့သင့်တာ...
"Oh sehun...မင်းခွေးဇာတ်ခင်းနေတာတွေအခုရပ်တော့ ငါ့သားBaekhyunနားကိုမကပ်ဖို့ပြောထားတာ မင်းနားမလည်ဘူးလား..."
"Hak!ခွေးဇာတ်ခင်းတယ်!ခွေးဇာတ်ခင်းခဲ့တာ ဘယ်သူလဲ..."
"ငါ့ကုမ္ပဏီ အခုမင်းကြောင့်ဒေဝါလီခံရတော့မယ်။မင်းလုပ်နေတဲ့ $လုပ်တွေငါမသိဘူးလို့ထင်နေတာလား...ဟမ်!တစ်ဖက်ကုမ္ပဏီကို ငါ့ကုမ္ပဏီရဲ့ အချက်အလက်တွေရောင်းစားတာ...အဲ့ဒီကုမ္ပဏီက ....မင်းအဖိုးရဲ့ကုမ္ပဏီဆို!!"
*ဟင်?Sehunအဖိုး....Sehunကမိဘမဲ့မဟုတ်ဘူးလား။ဖေဖေ့ကုမ္ပဏီကိုရောင်းစားတာ?ဘာတွေလဲ?*
"Hak....ခုမှသွေးကြောင်မနေစမ်းနဲ့...ကျုပ်အမေဘဝက်ုဖျတ်ဆီးပြီး ခင်ဗျားရဲ့သူငယ်ချင်းအရင်းကြီး ဖြစ်တဲ့ ကျုပ်အဖေကို သတ်ခဲ့တာရော...ဟမ်!ကျုပ်အဖေနဲ့စပ်တူပိုင်ခဲ့တဲ့ဒီကုမ္ပဏီကိုအပိုင်ယူခဲ့တာရော...ခင်ဗျားတုန်းကခင်ဗျားလူစိတ်ရှိခဲ့လား...ha..ကိုယ့်သွေးသားအလှည့်မှ သိပ်နာပြနေတာ ကြည့်မကောင်းဘူး...."
<ခွမ်း!!>
Sehunကစားပွဲပေါ်ကပုလင်းတွေကိုရိုက်ခွဲနေတာမြင်ပေမဲ့ ကျွန်တော်မလှုပ်ရှားမိ။ဖေဖေနဲ့ Sehunကြားမှာ ကျွန်တော်မသိခဲ့တဲ့အလွှာကဘာပါလဲ....။
ကျွန်တော် ဝင်၍ရပ်တန့်ပေးချင်သည်ထက် ဘာဆက်ဖြစ်မလဲ ကိုယ်သာဆက်သိချင်နေမိသည်။
ရုတ်တရတ်ကျွန်တော်မထင်မှတ်တဲ့ကိစ္စတစ်ခု..
ဖေဖေSehunရှေ့ဒူးထောက်လေသည်။
"Sehun...ငါ...တောင်းပန်ပါတယ်။ငါ့သားလေးကို..ဒုက္ခမပေးပါနဲ့....ငါ..ငါ...မင်းအပေါ်ကျွေးမွေးခဲ့တဲ့ကျေးဇူးပဲဖြစ် ဖြစ်ထောက်ပြီးတော့...."
"ဘာ!!ကျွေးမွေးခဲ့တဲ့ကျေးဇူး....ဟ ား....လူမမယ်ကလေးတစ်ယောက်ကို ခင်ဗျားသားသမီးချင်းကိုယ်ချင်းမစာဘဲ ခင်ဗျားရဲ့ လိင်စိတ်အတွက် အသုံးချခဲ့တာက ကျေးဇူးလား..."
ကျွန်တော်ဆက်ကြားရတာတွေ ကျွန်တော့နားနဲ့မဆံ့တော့။ဖေဖေက Sehunကို...သူနဲ့အတူအိပ်ခိုင်းခဲ့တာ...
ယောင်္ကျားလေးဖြစ်တဲ့Sehunကို အသက်မပြည့်သေးခင်မှာ လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တာ.....
ကျွန်တော်အခုပင်အငွေ့ပျံပျောက်ကွယ်သွားချင်မိသည်။ကျွန်တော်ဘာကိုလုပ်ရမှန်းမသိ။
ကျွန်တော်ဖေဖေ့ကို အပြစ်တင်ရမည်လား၊Sehunကိုတောင်းပန်ရမည်လား....
ကျွန်တော်တုန်ရင်စွာဖေဖေ့ကိုခေါ်မိသည်။
*ကျေးဇူးပြုပြီး ဒါတွေကအိမ်မက်တွေပါလို့ကျွန်တော့ကိုပြောပေးပါဖေဖေ။*
"ဖေ..ဖေ...."
"သား!!"
ဖေဖေ့အော်သံကျယ်လောင်သွားသည့်အခါသူကျွန်တော့ဘက်လှည့်ကြည့်လာပါသည်။သူ့မျက်လုံးတွေက....စူးရဲ ကာထွင်းဖောက်မတတ်ကျွန်တော့ကိုစိုက်ကြည့်နေခဲ့ပါသည်။
သူ့အကြည့်တွေကစူးရဲ စွာ...ရက်စက်တော့မည့်စေတန်၏ ဟန်မျိုးဖြင့်...
"Baekhyun....မင်းအဖေကအဲ့လိုလူပဲ...ငါ့မိသားစုကိုဖျတ်ဆီးခဲ့တဲ့အပြင်...ငါ့ဘဝကို ရစရာမရှိအောင်လုပ်ခဲ့တဲ့သူပဲ....."
*ဟင့်...အင်း...*
ကျွန်တော်ဒီနေရာမှာပင် အငွေ့ပျံကာသေဆုံးသွားချင်မိပါသည်။
"OH...SEHUN!!မင်း...မင်း...."
ဖေဖေအော်ဟစ်ရင်းသွေးတက်ကာလဲ ကျသွားသည့်အခါ သူအကျယ်ကြီးအော်ဟစ်ရယ်မော၍ ထွက်ခွာသွားခဲ့ပါသည်။
သူအဲ့နေ့ညကအိမ်ပြန်မလာသလို ဖေဖေသည်လည်း ကျွန်တော့ဘဝထဲမှအပြီးအပိုင်ထွက်သွားခဲ့ပါသည်။ဖေဖေ့အလောင်းကိုပိုက်ကာ အရူးတစ်ယောက်လို မိုးရေထဲ လျှောက်ပြေးမိသည်။သူ့စကားတွေကကျွန်တော့နားထဲ စွဲမြဲ စွာ။
"မင်းအဖေ ကို ...ငါသတ်တာ baekhyun..."
သူ့ကိုမမုန်းနိုင်သော ကျွန်တော်သည်သာ အပြစ်ရှိသူဖြစ်ခဲ့ပါလေတော့သည်။
_________OWNER__________
အငြိုးတကြီးရွာနေတဲ့ မိုးစက်တွေ...
လူတစ်ယောက်မှမရှိတဲ့ အသုဘအဆောင်...
ဖေဖေ့ကုမ္ပဏီဒေဝါလီခံရတဲ့နောက်မှာတော့ ဖေဖေ့နောက်ဆုံး ခရီးကမလှပပါပေ။ဖေဖေရှိစဉ်အခါက သူကောင်းပြုခဲ့တဲ့ သူတွေဆိုတာလဲ အရိပ်တောင်မမြင်၊အရင် ကောင်းစားခဲ့စဉ်က တွယ်ကပ်နေကြသူတွေလဲပေါ်မလာ။
အခုတော့ ဖေဖေ့နောက်ဆုံးခရီးမှာ နှုတ်ဆက်သူကကျွန်တော်တစ်ယောက်ထဲ....
ဓာတ်ပုံဘောင်ထဲမှ ပြုံးနေသည့်ဖေဖေ့မျက်နှာကိုသာကြည့်ရင်း မျက်ရည်ကျမိသည်။
*အိမ်မက်တွေသာဆို ဘယ်လောက်ကောင်းလိုက်မလဲ ဖေဖေရယ်....
ကျွန်တော်အရမ်းပင်ပန်းတယ်...ဖေဖေမရှိတော့ဘူးလို့တွေးမိတိုင်း ကျွန်တော်...ရူးတော့မလိုဘဲဖေဖေ..*
"BYUN BAEKHYUN!!"
ရှတတအသံသည် မိုးသံတွေကိုထွင်းဖောက်ကာ တိတ်ဆိတ်နေသည့်အဆောင်အတွင်း ဟိန်းထွက်လာလေသည်။
ဒီအသံပိုင်ရှင်သည်...ကျွန်တော်မမုန်းနိုင်ခဲ့သည့်..သူ...Oh sehun...
သူမလာဘူးဆိုပြီး.ဒီကိုဘယ်လိုလုပ်...
ကျွန်တော့ရှေ့လာရပ်သည့်ဖြူစွတ်စွတ်ခြေဖမိုးတစ်စုံကိုသာ ငေးနေမိသည်။
ဒီလောက်မိုးရွာနေတာ သူခြေအိတ်မဝတ်ထားဘူးလား..
သူ့တစ်ကိုယ်လုံးစိုရွဲနေတာဆိုတော့ ထီးမပါဘူးလား...
*ဟ ား....Byun Baekhyun..မင်းမရှက်ဘူးလား..ဖေဖေ့ရှေ့မှာ သူ့ကိုစိတ်ပူနေတာ မင်းမရှက်ဘူးလား။ဖေဖေ့ကိုအားမနာဘူးလားbaekhyun..*
"ပြန်မယ်...ထ!!"
အေးစက်စက်သူ့စကားကြောင့်ကျွန်တော် မျက်ရည်ကျမိသည်။ဖေဖေ့ကို ဒီလောက်ထိအပြစ်ပေးရတာမကျေနပ်သေးဘူးလား Sehunရယ်..
"Sehun na...ငါ...ခဏလောက်တစ်ယောက်ထဲနေပါရစေ....အခုဖြစ်ခဲ့သမျှအကုန်လုံးကလေ..ရုတ်တရတ်ကြီးဆိုတော့...ငါ..ငါ..မတွေးတတ်အောင်ပဲ...ငါ့ရင်တွေအရမ်းပူပြီး...တကယ်ရူးတော့မယ်.."
"......."
"ဖေဖေကငါ့ကို...ဘာတစ်ခွန်းမှတောင်မပြောခဲ့ရဘဲဆုံးပါးသွားရတာ...ငါ..ငါ့ဘဝမှာလေ..ဖေဖေမရှိဘဲ...ဘယ်လိုရှင်သန်ရမလဲ ငါမသိဘူး..အခု..ဖေဖေ့အနားမှာဘယ်သူမှမရှိဘူး..ဖေဖေဘယ်လောက်အထီးကျန်နေလိမ့်မလဲ...ဝမ်းနည်းနေလိမ့်မယ်...ငါ..ငါကတော့ဖေဖေ့အနားခဏဖြစ်ဖြစ်ရှိမှရမယ်...ငါဖေဖေနဲ့နေခဲ့ပါရစေ...."
သူ့ဆီကသက်ပြင်းချသံကိုကြားရလေသည်။
"ငါ...ဖြစ်ခဲ့သမျှကိစ္စတွေအတွက်တောင်းပန်မှာမဟုတ်ဘူး Baekhyun..."
ကျွန်တော်မှန်ပြတင်းပေါက်လေးကတစ်ဆင့်အပြင်ကိုငေးကြည့်နေမိသည်။
"ငါလဲ မင်းတောင်းပန်တာကိုမလိုချင်ဘူး Sehun..."
"......"
"မင်းမမှားခဲ့ဘူးလို့ငါသတ်မှတ်နေမိတာ ..ငါရူးနေတာဖြစ်မယ်Sehun.."
ကျွန်တော့စကားသံကတိုးတိတ်လွန်းတာကြောင့်သူကြားမည်မဟုတ်ပါ။
"ငါဒီနေရာကိုမလာဖို့ဆုံးဖြတ်ထားတာ....မင်းတစ်ယောက်ထဲရှိနေတယ်ကြားလို့ လာခဲ့တာ."
ကျွန်တော့ရင်အတွင်းခုန်လှုပ်မှုက ဝမ်းနည်းမှုတွေကိုကျော်လွန်သွားလေသည်။
*ငါ့ကို ထပ်ပြီး ရူးအောင်မပြုစားပါနဲ့Sehunရယ်*
"SEHUN..."
"...."
သူ့အကြည့်တွေ...
မှုန်မှိုင်းနေတဲ့သူ့မျက်လုံးတွေကြောင့်ကျွန်တော်တခြားနေရာကိုအကြည့်လွှဲ လိုက်မိသည်။
"Baekhyun...မင်းအခု..ငါ့နောက်မလိုက်ရင်..ငါမင်းအနားမှာမနေတော့ဘူး..."
"ဟင်!!"
"မင်း..အခုငါနဲ့ပြန်မလိုက်ရင်...ငါမင်းအနားကထွက်သွားမယ်.."
ကျွန်တော်ရူးသွားချင်ပါသည်။
SEHUNကျွန်တော့ကိုဘယ်လိုဖြစ်စေချင်နေတာပါလဲ?
ဖေဖေ့အပေါ်အပြစ်တွေကျူးလွန်စေချင်တာလား..
"တောက်!!"
သူတောက်ခတ်သံကျယ်လောက်သွားသည့်အခါ ကျွန်တော်တုန်သွားရသည်။
သူလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတာကို ကျွန်တော်မြင်ရလေသည်။
သူကျွန်တော့ကိုဆွဲထူရင်းသူနဲ့မျက်နှာချင်းဆိုင်စေသည်။
စူးရဲနေသောသူ့အကြည့်နဲ့ ခက်ထန်လှသောသူ့မျက်နှာကြောင့် ကျွန်တော်တကယ်တုန်လှုပ်မိလေသည်။
"မင်းဆက်ငိုနေရင်...ငါ့ကိုယ်ငါခွင့်လွှတ်မိမယ်မထင်ဘူး..."
သူအံကြိတ်ကာပြောသည့်စကားသံကကျွန်တော့ကိုကြည်နူးစေသည်။
သူပေးတဲ့ အမုန်းတရားတွေကိုတောင်မေ့လျော့စေသည်။
ဖေဖေ့ကိုတောင် ကျွန်တော်အားမနာနိုင်စွာ ကျွန်တော်သူ့အားချစ်မြတ်နိုးမိသည်။
"Tsk!မငိုနဲ့တော့ဆို baekhyunရာ..."
ဒီတစ်ခါကျတာက ကြည်နူးမှုကြောင့်ကျသည့်မျက်ရည်ဖြစ်သည်။
သူလေပြေကလေးနှင့်တိုးတိုးချော့ရင်း မျက်ရည်သုတ်ပေးသည့်အခါ ကျွန်တော့ရင်ဟ ာဆောက်တည်ရာမဲ့စွာ..
"အခုပြန်မယ်နော်..."
သူ့စကားသံတိုးတိုးအောက်မှာ ကျွန်တော့်စဉ်းစားဆင်ခြင်နိင်စွမ်းတွေမဲ့ကုန်သည်။ကျွန်တော်ဖေဖေ့ကိုကျောခိုင်းမိပါသည်။
သူ့လက်ဖဝါးတွေကိုခပ်တင်းတင်းဆုပ်ကိုင်ရင်းသူ့နောက်တော်ပါးကိုလိုက်မိသည်။
ဖေဖေ့အပေါ်အပြစ်အရှိဆုံးသူမှာ ကျွန်တော်ပင်ဖြစ်ပါတော့သည်။
__________________