ထာဝရခ်စ္သူ/ထာဝရချစ်သူ(FOD Arc...

By MayHoney127

161K 14.5K 823

Quickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations က်ိဴးယ... More

Story Info
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Chapter 10
Chapter 11(Ending)

Chapter 7

10.5K 1.1K 97
By MayHoney127

Zawgyi Ver

က်ိဳးယြင့္ရွန္ေရာက္သြားေတာ့ ေခ်ာင္းမို႔ခြန္းက ဆိုဖာေပၚမွာ စိမ္ေျပနေျပနဲ႔ ဝိုင္နီတစ္ခြက္ကို ေသာက္ေနတယ္။ မီးေရာင္ခပ္မွိန္မွိန္အခန္းရဲ႕ အရိပ္က သူ႔ခန္႔ညားလြန္းတဲ့မ်က္ႏွာကို ပိုၾကည့္ေကာင္းေစတယ္။ သူေကာင္ေလးကို လက္ေဝွ႕ျပၿပီး

"ဒီကိုလာေသာက္ဦး"

သူသြားထိုင္ၿပီး ဝိုင္ခြက္ထဲကို ငွဲ႔လိုက္တာနဲ႔ 1997ခုႏွစ္ထုတ္ Burgundy ဝိုင္နံက က်ိဳးယြင့္ရွန္ႏွာေခါင္းထဲ တိုးဝင္လာတယ္။ တကယ့္အႏုပညာရွင္တစ္ေယာက္လို ေၾကာ့ရွင္းတဲ့ သူ႔ဝိုင္ေသာက္ပံုက ေခ်ာင္းမို႔ခြန္းေတာင္ မွင္သက္သြားတယ္။ ခြက္ထဲမွာ က်န္ေနတဲ့ ဝိုင္ကိုေသာက္ရင္း

"ကေလး ၃လေလာက္ အတူေနေပးမယ္ဆိုရင္ လိုခ်င္သေလာက္ေပးမယ္"

"ကမ႓ာေပၚမွာ ေငြနဲ႔ဝယ္မရတာ ဘာမွမရွိဘူး။ အလွတရားေတြက ဒီဝိုင္လိုပဲ ဝယ္လို႔ရတယ္" ဆိုတဲ့ မ်က္ႏွာေပးနဲ႔ေျပာတယ္။

က်ိဳးယြင့္ရွန္ ေခါင္းေပၚကေန ဝိုင္ေတြေလာင္းခ်ခ်င္စိတ္ကို မနည္းထိန္းလိုက္ရတယ္။ ခဏၾကာေတာ့ သူမ်က္လႊာေလးခ်ကာ ေတြးေနသလိုပံုေလးနဲ႔ ခပ္တိုးတိုးေျပာတယ္။

"ကၽြန္ေတာ္  သိန္း3ေထာင္ လိုခ်င္တယ္"

ေခ်ာင္းမို႔ခြန္းက ေမးခ်င္စိတ္ကို မထိန္းႏိုင္ဘဲ

"ေသခ်ာလား?"

"သူေဈးအျမင့္ႀကီးၾကားရမယ္လို႔ ေတြးၿပီးသားကို ဒီေကာင္ေလးက သိန္း၃ေထာင္ တည္းလား? ဒါနာရီေကာင္းေကာင္းတစ္လံုးေတာင္ ဝယ္မရဘူး။"
က်ိဳးယြင့္ရွန္က သူေမးတာကို နားလည္မႈလြဲၿပီး စိတ္ညစ္စြာနဲ႔
 
"မေလၽွာ့နဲ႔ေနာ္။ သိန္း၃ေထာင္ ရမွ ျဖစ္မွာ"

ေခ်ာင္းမို႔ခြန္းက သူ႔ကိုနက္နက္နဲနဲၾကည့္ေနၿပီး ေနာက္နဖူးေတာ့လက္တင္ကာရယ္ေတာ့တယ္။

"ဟုတ္ပါၿပီ။  သိန္း၃ေထာင္ဆိုလည္း သိန္း၃ေထာင္ပဲေပါ့။ ဒါပင္မယ့္ အရင္စစ္ၾကည့္ရမယ္"

"ဘာကိုစစ္မွာလဲ?"

က်ိဳးယြင့္ရွန္ သတိလက္လြတ္ျဖစ္သြားတုန္း လူႀကီးကသူ႔ပံုခံုးေပၚထမ္းသယ္ကာ ဟိုဘက္အခန္းက အိပ္ယာႀကီးေပၚ ပစ္ခ်လိုက္တယ္။ သူနည္းနည္းမူးရိပ္ရိပ္ျဖစ္ေနတုန္း သူ႔ကိုယ္ေပၚက သန္မာတဲ့လူႀကီးက သူ႔ႏႈတ္ခမ္းေတြကို  သိမ္းပိုက္ထားတယ္။ ရင္းႏွီးေနတဲ့ ခံစားမႈက သူ႔စိတ္ကိုလြတ္ထြက္သြားေစတယ္။ မိနစ္နည္းနည္းၾကာေတာ့ လူႀကီးက လူခ်င္းနည္းနည္းခြာလိုက္ၿပီး ေကာင္ေလးရဲ႕ စိုရဲေနတဲ့ႏႈတ္ခမ္းေလးကို လၽွက္လိုက္ကာ အျပံဳးႀကီးနဲ႔

"ကေလးက ထင္ထားတာထက္ ပိုခ်ိဳသားပဲ"

က်ိဳးယြင့္ရွန္က ေမာဟိုက္စြာနဲ႔

"ၿပီးၿပီလား?"

လူႀကီးလက္ေတြက ေကာင္ေလးရဲ႕ တင္ပါးကို ျဖစ္ညႇစ္ေနရင္း

"ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ? ဒါကစမ္းၾကည့္ရံုပဲ ရွိေသးတာ။ အတြင္းေရာ၊အျပင္ေရာကို ေသခ်ာစစ္ၾကည့္ရဦးမယ္"

"ခဏ မ်က္လံုးကို အရင္ၾကည့္"

က်ိဳးယြင့္ရွန္ သူ႔ပါးႏွစ္ဘက္ကို ျမန္ျမန္ကာ အဆံုးမရွိသူ႔မ်က္ဝန္းထဲကို ၾကည့္ခိုင္းတယ္။ အသံတိုးတိုး ေလသံမွန္မွန္နဲ႔

"ဘာျမင္လဲ ေျပာျပ"

ေခ်ာင္းမို႔ခြန္းက သူ႔မ်က္ဝန္းထဲကို ခပ္ေလ်ာ့ေလ်ာ့ အမူအရာနဲ႔ တန္းေငးၾကည့္တယ္။ က်ိဳးယြင့္ရွန္က သူေျဖမွာကို အၾကာႀကီးေစာင့္ၿပီး

" ဘာျမင္လဲ ေျပာျပ"

ေခ်ာင္းမို႔ခြန္းက သတိလက္လြတ္

"ၾကယ္ပင္လယ္ကို ျမင္ရတယ္"

"ေတာ္တယ္။ အခုစိတ္ေျဖလိုက္ေတာ့"

က်ိဳးယြင့္ရွန္က ဘုရင္မတစ္ပါးလို ေက်နပ္တဲ့အျပံဳးနဲ႔ လူႀကီးကိုတြန္းဖယ္လိုက္တယ္။ ဒါကသူဘဝအဆက္ဆက္မွာ သင္ယူခဲ့တဲ့ စိတ္ညိဳ႕နည္းပဲ။ သူကစိတ္ပညာပါရဂူဆိုေတာ့ ဆိုးဆိုးဝါးဝါးအေျခအေနေတြနဲ႔ ၾကံဳရရင္ ဒီစိတ္ညိဳ႕စြမ္းအားပဲ အားကိုးရတာ။ သူဒုကၡအႀကီးအက်ယ္ေရာက္မယ့္ မျဖစ္ႏိုင္တဲ့တာဝန္ေတြကို ေရွာင္ဖို႔အတြက္ ဒါကိုပဲအားကိုးေနရတာ။

ဒါပင္မယ့္ ေခ်ာင္းမို႔ခြန္းက သူ႔ရင္ခြင္ထဲက ေကာင္ေလး ထြက္သြားခ်ိန္ ခဏပဲခံတယ္။ ေအးစက္စက္အျပံဳးနဲ႔

"ကေလး ဘာေျပာလိုက္တယ္။ ျပန္ေျပာစမ္း"

သူ႔စြယ္တာျပန္ဝတ္ေနတဲ့ က်ိဳးယြင့္ရွန္က ဘာျဖစ္သြားလဲဆိုတာကို ခေဏၾကာင္သြားတယ္။ သူကမဝံ့မရဲ အသံေလးနဲ႔

"ဦး ကၽြန္ေတာ္ ကၽြန္ေတာ္ေျပာတာက စိတ္ေျဖလို႔။ စိတ္ေျဖရင္ ေတာ္ၿပီေပါ့။ ကၽြန္ေတာ္နဲ႔ ေနရတာထက္ ပိုေကာင္းမွာ ေသခ်ာပါတယ္"

ေခ်ာင္းမို႔ခြန္းက ျပံဳးလိုက္တယ္။ ေကာင္ေလးကို အိပ္ရာေပၚျပန္ဆြဲခ်ၿပီးေတာ့ အကုန္ခၽြတ္လိုက္တယ္။ သူစလိုက္တာနဲ႔ သာယာမႈေတြကို သူထိန္းလို႔မရေတာ့ဘူး။ ဒီခံစားခ်က္က ေျပာမျပတက္ေလာက္ေအာင္ အရမ္းကိုမိုက္တယ္။ သူတို႔ခႏၲာကိုယ္ေတြသာမက ဝိညာဥ္ေတြပါ ဒီသံစဥ္ေအာက္မွာ သီဆိုကခုန္ေနၾကတယ္။ က်ိဳးယြင့္ရွန္က ဒီရင္းႏွီးတဲ့ ခံစားမႈနဲ႔ ရီေဝေဝျဖစ္သြားၿပီးေနာက္ လူႀကီးရဲ႕စီးခ်က္အတိုင္း လိုက္ပါသြားတယ္။ ေနာက္ဆံုးတစ္နာရီေလာက္ၾကာေတာ့ ႏွစ္ေယာက္စလံုး စိတ္ေက်နပ္သြားၾကတယ္။ တစ္ေယာက္က ၿငိမ္ၿငိမ္ေလးတစ္ရွဴးနဲ႔ သုတ္ေနတုန္း ေနာက္တစ္ေယာက္က ကုတင္ေဘးမွာထိုင္ရင္း ေဆးလိပ္ေသာက္ေနတယ္။

က်ိဳးယြင့္ရွန္ လူႀကီးကို ၾကည့္ရင္း သူ႔စိတ္ထဲမွာ စိတ္ညိဳ႕တာ ဘာလို႔မေအာင္ျမင္တာလဲပဲ ရွိေနတယ္။ တျခားတစ္ေယာက္ရဲ႕ စိတ္ညိဳ႕မႈကေန လြတ္ဖို႔ဆိုရင္ အဲ့လူရဲ႕စိတ္စြမ္းအားနဲ႔ ညီရင္ညီ မညီရင္ ပိုျမင့္မွပဲ။ က်ိဳးယြင့္ရွန္က Lord Godရဲ႕ တာဝန္ေတြအကုန္ၿပီးသြားတဲ့ တစ္ဦးတည္းေသာသူပဲ။ သူ႔စိတ္စြမ္းအားက အထက္အဆင့္မေရာက္ေသးရင္ေတာင္မွ ေတြးမၾကည့္ႏိုင္တဲ့အဆင့္ပဲ။ ၿပီးေတာ့ ဒီကမ႓ာက Eအဆင့္ေလာက္ပဲရွိတာ။ ဒီကမ႓ာမွာ ဘာေမွာ္ေတြ စြမ္းအားေတြနဲ႔ တျခားေမွာ္ဝင္အရာေတြမွ မရွိတာ။ ဒါေၾကာင့္ ဒီကမ႓ာေပၚမွာ က်ိဳးယြင့္ရွန္နဲ႔ စြမ္းအားတူတဲ့ ေခ်ာင္းမို႔ခြန္းလိုသူဆိုတာ မရွိႏိုင္ဘူး။ သူကဘယ္လိုျဖစ္လာတာလဲ? Xinghaiအာကာသမွာ ေပ်ာက္လာတဲ့ စြမ္းအားတစ္ဝက္နဲ႔ ဆိုင္ေနတာမ်ားလား . . .

က်ိဳးယြင့္ရွန္မ်က္ေမွာင္ၾကံဳုၿပီး အေျဖေတြ႕သြားတာနဲ႔ မ်က္ႏွာကိုေခါင္းအံုးေလးနဲ႔ကြယ္ကာ တခစ္ခစ္ရယ္ေနေတာ့တယ္။ ေနာက္ဆံုး ဒီလူေတြၾကားမွာ လံုးဝတူေနတာက တိုက္ဆိုင္မႈမဟုတ္မွန္း သိသြားၿပီ။ သူ႔ကိုယ္က ဒီလူႀကီးကိုတန္းသိပင္မယ့္လည္း သူစိတ္ပ်က္တာရယ္ ေၾကာက္ေနတာရယ္ေၾကာင့္ ေသခ်ာမေတြးမိဘူး။ အစက သူအရမ္းအထီးက်န္လို႔ ဒီလူႀကီးအေပၚ ခံစားခ်က္ေတြရွိခဲ့ပင္မယ့္ ဘဝ၃ခုေလာက္ ေျပာင္းလာေတာ့ သူဒီလိုအေျခအေနအေပၚ ေမၽွာ္လင့္ခ်က္ႀကီးလာတယ္။ သူအေပ်ာ္ေတြကို မထိန္းႏိုင္ေတာ့ဘဲ ေခါင္းအံုးကို ျဖည္းျဖည္းခ်င္းဖယ္ရင္း လူႀကီးကို လွမ္းေခ်ာင္းၾကည့္လိုက္တယ္။

ေခ်ာင္းမို႔ခြန္းကလည္း တကယ္ေတာ့ သူ႔အမႈအယာတိုင္းကို အာရံုစိုက္ၾကည့္ေနတာ။ မ်က္ႏွာကို ေခါင္းအံုးေလးနဲ႔ကြယ္လိုက္ေတာ့ ေဆးလိပ္နံ႔မႀကိဳက္ဘူးထင္ကာ တန္းၿငိမ္းလိုက္တယ္။ ေနာက္သူသေဘာတက်နဲ႔ ႏူးႏူးညံ့ညံ့ေလး ျပံဳးေနမိတာကို ျပန္သတိထားမိလိုက္တယ္။ ဒါသူသိတာနဲ႔တန္းၿပီး ေအးစက္စက္မ်က္ႏွာဖံုးကို ျပန္ဝတ္လိုက္တယ္။
"တကယ္ဆို ေကာင္ေလးက သူ၃သိန္းနဲ႔ ဝယ္ထားတဲ့ ေငြအတြက္ သစၥာေဖာက္လာခဲ့တဲ့ ကစားစရာေလးပဲေလ။ ေရရွည္တြဲမယ့္သူလည္း မဟုတ္ဘဲနဲ႔ သူဘာလို႔ သူ႔အႀကိဳက္ေတြကို လိုက္ဂရုစိုက္ေနရမွာလဲ?"
လို႔ သူ႔ကိုယ္သူျပန္ဆူလိုက္ရတယ္။ဒါပင္မယ့္လည္း ဒီေကာင္ေလးဆီမွာ သူေတာ္ေတာ္က်ဆံုးေနၿပီး သူရင္ခုန္ေနတယ္။ သူ႔မပိုင္ေတာ့တဲ့ ႏွလံုးသားကို ျပန္ထိန္းဖို႔အတြက္ ဘာမွမျဖစ္သလို ဟန္ေဆာင္ကာ

"အိပ္ရာေပၚမွာ ေဖ်ာ္ေျဖေပးတာ စိတ္ေက်နပ္စရာ ေကာင္းသားပဲ။ အခုသေဘာတူညီခ်က္ ရၿပီ။ ငါတို႔စည္းမ်ဥ္းေလးေတြ လုပ္ရေအာင္"

က်ိဳးယြင့္ရွန္ရဲ႕အေပ်ာ္ေတြက သူ႔စကားေတြထဲမွာ မိုးရြာခ်သလိုေမ်ာပါသြားတယ္။ ေခါင္းအံုးကို ပစ္ေပါက္ရင္း မယံုၾကည္ႏိုင္စြာ

"စည္းမ်ဥ္းေတြ ေပးမလို႔ ဟုတ္လား? ကၽြန္ေတာ့္ကိုေလ!!!"

ေခ်ာင္းမို႔ခြန္းက ရင္ေတြတုန္သြားပင္မယ့္လည္း ပံုမွန္ေလသံနဲ႔

"အေပးအယူလုပ္မွေတာ့ စည္းမ်ဥ္းေတြ လိုက္နာရမွာပဲ"

သူေျပာၿပီးတာနဲ႔ စိတ္ထဲတန္းမသိုးမသန္႔ ျဖစ္သြားတယ္။ က်ိဳးယြင့္ရွန္က

"ခင္ဗ်ား တျခားသူေတြနဲ႔ေရာ ဒီလိုပဲလုပ္ခဲ့တယ္မလား? ဟုတ္လား?"

ေခ်ာင္းမို႔ခြန္းက ပိုအျပစ္ရွိသလို ခံစားရၿပီး

"ဘာလို႔လိုက္ေမးေနတာလဲ? မင္းနဲ႔ငါနဲ႔ ဘာဆိုင္လို႔လဲ?"

"ကၽြန္ေတာ္က ခင္ဗ်ားခ်စ္သူေလ"
ဆိုတာ ျပန္ေျပာမိေတာ့မလို ျဖစ္သြားပင္မယ့္ က်ိဳးယြင့္ရွန္ထိန္းႏိုင္ခဲ့တယ္။ ေခ်ာင္းမို႔ခြန္းက အရင္တုန္းကလို မဟုတ္ေတာ့ဘူး။ သူဘဝေျပာင္းလာေတာ့ အရင္ဘဝက မွတ္ညဏ္ေတြ ေပ်ာက္ကုန္ၿပီ။ ဒါပင္မယ့္လည္း သူ႔ေနာက္ကို တစ္ကမ႓ာၿပီး တစ္ကမ႓ာလိုက္လာတုန္းပဲ။ ဒါကိုေတြးမိေတာ့ က်ိဳးယြင့္ရွန္ ေဒါသေလၽွာ့လိုက္ကာ

"ခင္ဗ်ားစည္းကမ္းေတြေျပာ"

ေခ်ာင္းမို႔ခြန္းက ေကာင္ေလးလည္ပင္းက သူေပးထားတဲ့ အမွတ္နီနီေလးေတြကို ပြတ္သပ္ရင္း

"ပထမစည္းကမ္းက ဒီ၃လအတြင္းမွာ ကေလးက ဟန္ယြိကို ထိခြင့္မေပးရဘူး။  ဒုတိယက ေခၚတိုင္းလာရမယ္။ ဘာအေၾကာင္းနဲ႔မွ မျငင္းရဘူး"

က်ိဳးယြင့္ရွန္ ေသခ်ာနားေထာင္ေနရင္း အေတာ္ၾကာ ဘာမွမၾကားရေတာ့

"ဒါပဲလား?"

ေခ်ာင္းမို႔ခြန္းက ရယ္ရင္း

"ခပ္ေၾကာင္ေၾကာင္စည္းကမ္းေတြနဲ႔ တားေနတယ္လို႔ မထင္ဘူးလား?"

က်ိဳးယြင့္ရွန္က ကုတင္ေအာက္က သူ႔ေဘာင္းဘီေကာက္ဝတ္ကာ ရွပ္အက်ႋလိုက္ရွာရင္း ေခါင္းၿငိမ့္ျပတယ္။ ေခ်ာင္းမို႔ခြန္းက မ်က္ေမွာင္ၾကဳပ္ရင္း

"ကေလး ဘာလုပ္ေနတာလဲ?"

သူ႔ေဘာင္းဘီရွည္ကို ဆြဲဝတ္ရင္း

"အိမ္ျပန္ရမယ္ေလ။ မျပန္ရင္ ဟန္ယြိက စိတ္ပူေနမွာေပါ့။ ကၽြန္ေတာ့္မွာလည္း ဦးပါလိုက္နာရမယ့္ စည္းရွိတယ္။ ကၽြန္ေတာ့္တို႔ၾကားကကိစၥကို ဟန္ယြိမသိေစနဲ႔"

က်ိဳးယြင့္ရွန္ ႏွာေခါင္းရႈပ္လိုက္ၿပီး
"ခင္ဗ်ားမမွတ္မိတာနဲ႔ ခင္ဗ်ားကိုျပန္မလုပ္ဘူးမ်ား ထင္ေနလား? ကိုယ့္စကားနဲ႔ကိုယ္ျပန္ခံေပေတာ့"

ေခ်ာင္းမို႔ခြန္းက  ေတာင္းေတာင္းပန္ပန္နဲ႔ သူ႔ကိုျပန္ဆြဲထားခ်င္ပင္မယ့္ စိတ္မနည္းျပန္ထိန္းလိုက္ရတယ္။ သူဆံပင္ေတြကို လက္နဲ႔ထိုးဖြကာရယ္ရင္း

"ဘာလို႔ သစၥာရွိျပေနတာလဲ? သူ႔မိသားစုကမြဲေနၿပီ။ ကေလးဘာလို႔ မျဖတ္ေသးဘဲ ဆက္ကပ္ေနတာလဲ?"

က်ိဳးယြင့္ရွန္က သူ႔Jacketဝတ္ေနရင္း

"သူ႔ကိုခ်စ္လို႔ ကပ္ေနတာ။ ကၽြန္ေတာ္သူနဲ႔ မျပတ္ႏိုင္ဘူး"

ေခ်ာင္းမို႔ခြန္းက ေသြးေဆာင့္တိုးသြားကာ ေဒါသသံနဲ႔

"သူ႔ကိုခ်စ္တယ္လား? ခ်စ္ရင္ ဘာလို႔ငါ့အိပ္ရာေပၚ တက္လာတာလဲ?"

က်ိဳးယြင့္ရွန္က ဖိနပ္ကိုဝတ္ရင္း

"ဟုတ္တယ္။ သူ႔ကိုခ်စ္တယ္။ ခ်စ္လို႔ ခင္ဗ်ားနဲ႔အိပ္ရတာ"

သူလွည့္ထြက္သြားရင္း ရုတ္တရပ္သတိရကာ

"က်ိဳးယြင့္ရွန္ကို မွတ္မိလား?"

ေခ်ာင္းမို႔ခြန္းက သူ႔အေျဖကို ေဒါသထြက္ေနပင္မယ့္ ဒီနာမည္ကို ၾကားရေတာ့ မူးသလိုျဖစ္သြားတယ္။ ခဏၾကာေတာ့ ေခါင္းခါျပတယ္။

"ဒါဆို ​ေဝ့႐ွီရန္​?"

"႐ွမ္​းရိပင္​း?"

"တုရႊီလန္​?"

"နဥ္​စစ္​ႏ်န္​?"

"က်ဴး​ေက်ာက္ (မင္းသားေလး)?"

ေမးခြန္းေတြ ဘယ္ေလာက္ေမးေမး ေခ်ာင္းမို႔ခြန္း ေခါင္းခါျမဲပဲ။ က်ိးယြင့္ရွန္လည္း စိတ္ပ်က္ၿပီး ေခါင္းခါကာ ထြက္သြားေတာ့တယ္။

သူထြက္သြားတာနဲ႔ ေခ်ာင္းမို႔ခြန္းက စီးကရက္ကို မီးညိႇကာ ပါးစပ္အျပည့္ခဲေနရင္း ေတြးမိေတာ့  "က်ိဳးယြင့္ရွန္" ဆိုတဲ့နာမည္ကို ေမ့မရတဲ့အျပင္ ေခါင္းလည္း ေတာ္ေတာ္ကိုက္လာတယ္။

အဲ့ေန႔ကစၿပီး ေခ်ာင္းမို႔ခြန္းက ေကာင္ေလးကို အပတ္တိုင္း သူ႔ကလပ္ကိုေခၚတယ္။ ေကာင္ေလးနဲ႔အတူရွိရတဲ့ ခံစားမႈက သူ႔ေကာင္ေလးကိုယ္ေပၚက ခြာကာစိတ္မပါတာ မရွိဘဲ လံုးဝစားခ်င္စိတ္ေတြႀကီးပဲ ျဖစ္ေနေအာင္ စြဲလမ္းေစတယ္။ သူနဲ႔ေတြ႕ဖို႔ တစ္ပတ္ေစာင့္ရတာက ၾကာေတာ့ ၃ရက္တစ္ခါ၊ ေနာက္၂ရက္တစ္ခါကေန ေနာက္ဆံုးေန႔တိုင္း ျဖစ္သြားတာေတာင္ သူေဘးမွာ ေကာင္ေလးကို တခ်ိန္လံုးကပ္ေနေစခ်င္ေသးတယ္။ ဒီေန႔လည္း သူညစာစားဖို႔ေခၚေနတာ အေတာ္ၾကာေနပင္မယ့္ ဆက္သြယ္လို႔မရဘူး။ သူစိတ္ပူစြာထိုင္ေနတာ နာရီဝက္ေလာက္ၾကာေတာ့ သူ႔လက္ေထာက္ကို ေကာင္ေလးေနရာစံုစမ္းခိုင္းမလို႔ရွိေသး ဖုန္းျပန္ဝင္လာတယ္။ ေခ်ာင္းမို႔ခြန္းက ေဒါသတႀကီးနဲ႔

"ဘာေတြလုပ္ေနလို႔ phေတာင္ မကိုင္ႏိုင္ရတာလဲကြာ?"

"နားရက္ေတြကုန္လို႔ စာေမးပြဲႀကီးေျဖေနရတာ။ အခုမွၿပီးရံုပဲ ရွိေသးတယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္phကို silentခ်ထားတာ"

ေကာင္ေလးအသံၾကည္ၾကည္ေလးၾကားေတာ့မွ ေဒါသေတြက မီးခဲကိုေရနဲ႔ၿငိမ္းလိုက္သလို ၿငိမ္က်သြားတယ္။ Necktieကို ေလၽွာ့ကာ တည္ၿငိမိစြာနဲ႔

"စာေမးပြဲေရာ ေျဖႏိုင္လား ကေလး?"

က်ိဳးယြင့္ရွန္က ပံုမွန္အတိုင္း လြယ္အိတ္သိမ္းေနရင္း

"အင္း ေျဖႏိုင္ပါတယ္"

သူ႔တည္ၿငိမ္ေအးခ်မ္းေနတဲ့ မ်က္ႏွာေလးေပၚမွာ ေနေရာင္ျခည္ခေနေတာ့ နတ္သားေလးအလားပဲ။ က်ိဟန္ယြိမေျပာနဲ႔ သူ႔သူငယ္ခ်င္းWang Jieေတာင္ မ်က္စိက်ေနၿပီး ရင္ထဲမွာ ကလိကလိျဖစ္လာတယ္။

ဟိုဘက္မွာေတာ့ ေခ်ာင္းမို႔ခြန္းက

"မျဖစ္ေတာ့ဘူး။ ေနာက္စည္းကမ္းထပ္ထည့္မွပဲ။ ကေလးphက အျမဲတမ္းဖြင့္ထားရမယ္။ အေရးႀကီးကိစၥရွိရင္ေတာ့ ႀကိဳphဆက္ထားရင္ ရတယ္"

က်ိဳးယြင့္ရွန္က ေလွာင္ရယ္ကာ

"ဦးကလည္း ဘာလို႔ဒုကၡခံေနေသးလဲ? ကၽြန္ေတာ့္ကိုယ္ေပၚကိုသာ ေျခရာခံစက္တက္ထားပါေတာ့လား?"

"သူဘဝေျပာင္းလာတာေတာင္ ဒီလိုအစြဲအလမ္းႀကီး သဝန္တို စိတ္မခ်တာေတြကို ဘယ္လိုမ်ားျပန္သယ္လာတာပါလိမ့္? ေဆးလိပ္ေသာက္ရင္း သူ႔videoေလးကို နာရီအေတာ္ၾကာ ၾကည့္ေနတာလည္း ရွိေသးတယ္။ သူ႔ပံုစံအတိုင္းကို ရပ္လို႔မရေအာင္ စြဲလမ္းေနတာေရာ။ ဒီလူႀကီး ဒါလိုစိတ္သေဘာေတြကို ဖ်က္မရေအာင္ ေသာ့မ်ားခတ္ထားေလသလား?"
လို႔ ေတြးမိၿပီး ႏူးႏူးညံ့ညံ့ေလးရယ္ေတာ့တယ္။

ေခ်ာင္းမို႔ခြန္းက သူ႔ရယ္သံေလး ၾကားလိုက္ရံုနဲ႔ ေရခဲတံုးႀကီး အရည္ေပ်ာ္သြားသလိုပဲ

"ဒီအၾကံေကာင္းတယ္။ ဦးက ကေလးကို အေပ်ာက္မခံႏိုင္ေတာ့ နက္ျဖန္ ေျခရာခံနာရီဝယ္ေပးရမယ္။ ဒီပိတ္ရက္ ခရီးထြက္ခ်င္ရင္ လိုက္ပို႔ေပးမယ္ေလ။ ကေလး ဘယ္သြားခ်င္လဲ?"

သူလြယ္အိတ္လြယ္ရင္း က်ိဟန္ယြိကို လက္ျပကာ သူအတန္းထဲက အရင္ထြက္လာရင္း

"ေနပါဦးဗ်ာ ေအာင္စာရင္းေတာင္ မထြက္ေသးဘဲနဲ႔။ ေနာက္မွထပ္ေမး ဟုတ္ၿပီလား?"

ေခ်ာင္းမို႔ခြန္းက ေသာ့ယူကာ ဓာတ္ေလွကားကို တန္းသြားရင္း

"ဟုတ္ပါၿပီ ဒီေန႔လာႀကိဳမယ္ ညစာသြားစားရေအာင္"

က်ိဳးယြင့္ရွန္ phခ်လိုက္တာနဲ႔ က်ိဟန္ယြိကို မေစာင့္ဘဲ ထြက္သြားေတာ့တယ္။ က်ိဟန္ယြိရဲ႕ အေပါင္းအပါ Wang Jieက ေနျခည္ခေနတဲ့ ေကာင္ေလးကို ခဏခဏေငးရင္း စသလိုနဲ႔

"မင္းသူ႔သူငယ္ခ်င္းနဲ႔ ေနေနတာမလား? မင္ဘာလို႔သူ႔ကို ငါ့တို႔ကိုမဌားေပးတာလဲ?"

သူက မထီမဲ့ျမင္ အျပံဳးနဲ႔

"မင္းတို႔လုပ္ခ်င္ရင္ ဆက္သာလုပ္။ သူက မင္းတို႔မွာေငြရွိသေလာက္ သူ႔ကိုလုပ္ခ်င္သလိုလုပ္လို႔ ရေနတာပဲကြာ"

"သူအခုတေလာ သိပ္မကပ္ေတာ့ဘူး။ မင္းသူ႔ကို အျပင္ထုတ္လာေပးလို႔ မရဘူးလား?"

"ရတာေပါ့! သူငါးစာဟပ္တာနဲ႔ သက္ေသက်န္ေအာင္ လုပ္ေပး။တကယ္ေတာ့ ဒီရက္ပိုင္း ငါညစ္ေနတယ္ကြာ။ ဖန္ေလးက ငါကဆိုးတယ္ထင္ၿပီး ငါ့ကိုေရွာင္ေနတယ္။ သူလည္း အျပစ္မလံုသလိုျဖစ္ေနေတာ့ ညေတြဆိုလည္း ေကာင္းေကာင္းအိပ္မရဘူးကြ။ ပန္ဒါမ်က္လံုးနဲ႔ျမင္ရတာ ရင္ထဲမေကာင္းဘူး။ ဒါေၾကာင့္ မွားတာက ငါနဲ႔ ဖန္ယို႔ရမ္မဟုတ္ဘဲ လင္းခ်န္စယ္ျဖစ္ေအာင္ လုပ္ေပးကြာ။ နားလည္တယ္မလား?"

Wang Jieက ေခါင္းၿငိမ့္ရင္း

"နားလည္တယ္။ မင္းကတကယ့္ငဆိုးေလးပဲကြ"

Unicode Ver

ကျိုးယွင့်ရှန်ရောက်သွားတော့ ချောင်းမို့ခွန်းက ဆိုဖာပေါ်မှာ စိမ်ပြေနပြေနဲ့ ဝိုင်နီတစ်ခွက်ကို သောက်နေတယ်။ မီးရောင်ခပ်မှိန်မှိန်အခန်းရဲ့ အရိပ်က သူ့ခန့်ညားလွန်းတဲ့မျက်နှာကို ပိုကြည့်ကောင်းစေတယ်။ သူကောင်လေးကို လက်ဝှေ့ပြပြီး

"ဒီကိုလာသောက်ဦး"

သူသွားထိုင်ပြီး ဝိုင်ခွက်ထဲကို ငှဲ့လိုက်တာနဲ့ 1997ခုနှစ်ထုတ် Burgundy ဝိုင်နံက ကျိုးယွင့်ရှန်နှာခေါင်းထဲ တိုးဝင်လာတယ်။ တကယ့်အနုပညာရှင်တစ်ယောက်လို ကြော့ရှင်းတဲ့ သူ့ဝိုင်သောက်ပုံက ချောင်းမို့ခွန်းတောင် မှင်သက်သွားတယ်။ ခွက်ထဲမှာ ကျန်နေတဲ့ ဝိုင်ကိုသောက်ရင်း

"ကလေး ၃လလောက် အတူနေပေးမယ်ဆိုရင် လိုချင်သလောက်ပေးမယ်"

"ကမ္ဘာပေါ်မှာ ငွေနဲ့ဝယ်မရတာ ဘာမှမရှိဘူး။ အလှတရားတွေက ဒီဝိုင်လိုပဲ ဝယ်လို့ရတယ်" ဆိုတဲ့ မျက်နှာပေးနဲ့ပြောတယ်။

ကျိုးယွင့်ရှန် ခေါင်းပေါ်ကနေ ဝိုင်တွေလောင်းချချင်စိတ်ကို မနည်းထိန်းလိုက်ရတယ်။ ခဏကြာတော့ သူမျက်လွှာလေးချကာ တွေးနေသလိုပုံလေးနဲ့ ခပ်တိုးတိုးပြောတယ်။

"ကျွန်တော်  သိန်း3ထောင် လိုချင်တယ်"

ချောင်းမို့ခွန်းက မေးချင်စိတ်ကို မထိန်းနိုင်ဘဲ

"သေချာလား?"

"သူဈေးအမြင့်ကြီးကြားရမယ်လို့ တွေးပြီးသားကို ဒီကောင်လေးက သိန်း၃ထောင် တည်းလား? ဒါနာရီကောင်းကောင်းတစ်လုံးတောင် ဝယ်မရဘူး။"
ကျိုးယွင့်ရှန်က သူမေးတာကို နားလည်မှုလွဲပြီး စိတ်ညစ်စွာနဲ့
 
"မလျှော့နဲ့နော်။ သိန်း၃ထောင် ရမှ ဖြစ်မှာ"

ချောင်းမို့ခွန်းက သူ့ကိုနက်နက်နဲနဲကြည့်နေပြီး နောက်နဖူးတော့လက်တင်ကာရယ်တော့တယ်။

"ဟုတ်ပါပြီ။  သိန်း၃ထောင်ဆိုလည်း သိန်း၃ထောင်ပဲပေါ့။ ဒါပင်မယ့် အရင်စစ်ကြည့်ရမယ်"

"ဘာကိုစစ်မှာလဲ?"

ကျိုးယွင့်ရှန် သတိလက်လွတ်ဖြစ်သွားတုန်း လူကြီးကသူ့ပုံခုံးပေါ်ထမ်းသယ်ကာ ဟိုဘက်အခန်းက အိပ်ယာကြီးပေါ် ပစ်ချလိုက်တယ်။ သူနည်းနည်းမူးရိပ်ရိပ်ဖြစ်နေတုန်း သူ့ကိုယ်ပေါ်က သန်မာတဲ့လူကြီးက သူ့နှုတ်ခမ်းတွေကို  သိမ်းပိုက်ထားတယ်။ ရင်းနှီးနေတဲ့ ခံစားမှုက သူ့စိတ်ကိုလွတ်ထွက်သွားစေတယ်။ မိနစ်နည်းနည်းကြာတော့ လူကြီးက လူချင်းနည်းနည်းခွာလိုက်ပြီး ကောင်လေးရဲ့ စိုရဲနေတဲ့နှုတ်ခမ်းလေးကို လျှက်လိုက်ကာ အပြုံးကြီးနဲ့

"ကလေးက ထင်ထားတာထက် ပိုချိုသားပဲ"

ကျိုးယွင့်ရှန်က မောဟိုက်စွာနဲ့

"ပြီးပြီလား?"

လူကြီးလက်တွေက ကောင်လေးရဲ့ တင်ပါးကို ဖြစ်ညှစ်နေရင်း

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒါကစမ်းကြည့်ရုံပဲ ရှိသေးတာ။ အတွင်းရော၊အပြင်ရောကို သေချာစစ်ကြည့်ရဦးမယ်"

"ခဏ မျက်လုံးကို အရင်ကြည့်"

ကျိုးယွင့်ရှန် သူ့ပါးနှစ်ဘက်ကို မြန်မြန်ကာ အဆုံးမရှိသူ့မျက်ဝန်းထဲကို ကြည့်ခိုင်းတယ်။ အသံတိုးတိုး လေသံမှန်မှန်နဲ့

"ဘာမြင်လဲ ပြောပြ"

ချောင်းမို့ခွန်းက သူ့မျက်ဝန်းထဲကို ခပ်လျော့လျော့ အမူအရာနဲ့ တန်းငေးကြည့်တယ်။ ကျိုးယွင့်ရှန်က သူဖြေမှာကို အကြာကြီးစောင့်ပြီး

" ဘာမြင်လဲ ပြောပြ"

ချောင်းမို့ခွန်းက သတိလက်လွတ်

"ကြယ်ပင်လယ်ကို မြင်ရတယ်"

"တော်တယ်။ အခုစိတ်ဖြေလိုက်တော့"

ကျိုးယွင့်ရှန်က ဘုရင်မတစ်ပါးလို ကျေနပ်တဲ့အပြုံးနဲ့ လူကြီးကိုတွန်းဖယ်လိုက်တယ်။ ဒါကသူဘဝအဆက်ဆက်မှာ သင်ယူခဲ့တဲ့ စိတ်ညို့နည်းပဲ။ သူကစိတ်ပညာပါရဂူဆိုတော့ ဆိုးဆိုးဝါးဝါးအခြေအနေတွေနဲ့ ကြုံရရင် ဒီစိတ်ညို့စွမ်းအားပဲ အားကိုးရတာ။ သူဒုက္ခအကြီးအကျယ်ရောက်မယ့် မဖြစ်နိုင်တဲ့တာဝန်တွေကို ရှောင်ဖို့အတွက် ဒါကိုပဲအားကိုးနေရတာ။

ဒါပင်မယ့် ချောင်းမို့ခွန်းက သူ့ရင်ခွင်ထဲက ကောင်လေး ထွက်သွားချိန် ခဏပဲခံတယ်။ အေးစက်စက်အပြုံးနဲ့

"ကလေး ဘာပြောလိုက်တယ်။ ပြန်ပြောစမ်း"

သူ့စွယ်တာပြန်ဝတ်နေတဲ့ ကျိုးယွင့်ရှန်က ဘာဖြစ်သွားလဲဆိုတာကို ခဏေကြာင်သွားတယ်။ သူကမဝံ့မရဲ အသံလေးနဲ့

"ဦး ကျွန်တော် ကျွန်တော်ပြောတာက စိတ်ဖြေလို့။ စိတ်ဖြေရင် တော်ပြီပေါ့။ ကျွန်တော်နဲ့ နေရတာထက် ပိုကောင်းမှာ သေချာပါတယ်"

ချောင်းမို့ခွန်းက ပြုံးလိုက်တယ်။ ကောင်လေးကို အိပ်ရာပေါ်ပြန်ဆွဲချပြီးတော့ အကုန်ချွတ်လိုက်တယ်။ သူစလိုက်တာနဲ့ သာယာမှုတွေကို သူထိန်းလို့မရတော့ဘူး။ ဒီခံစားချက်က ပြောမပြတက်လောက်အောင် အရမ်းကိုမိုက်တယ်။ သူတို့ခန္တာကိုယ်တွေသာမက ဝိညာဉ်တွေပါ ဒီသံစဉ်အောက်မှာ သီဆိုကခုန်နေကြတယ်။ ကျိုးယွင့်ရှန်က ဒီရင်းနှီးတဲ့ ခံစားမှုနဲ့ ရီဝေဝေဖြစ်သွားပြီးနောက် လူကြီးရဲ့စီးချက်အတိုင်း လိုက်ပါသွားတယ်။ နောက်ဆုံးတစ်နာရီလောက်ကြာတော့ နှစ်ယောက်စလုံး စိတ်ကျေနပ်သွားကြတယ်။ တစ်ယောက်က ငြိမ်ငြိမ်လေးတစ်ရှူးနဲ့ သုတ်နေတုန်း နောက်တစ်ယောက်က ကုတင်ဘေးမှာထိုင်ရင်း ဆေးလိပ်သောက်နေတယ်။

ကျိုးယွင့်ရှန် လူကြီးကို ကြည့်ရင်း သူ့စိတ်ထဲမှာ စိတ်ညို့တာ ဘာလို့မအောင်မြင်တာလဲပဲ ရှိနေတယ်။ တခြားတစ်ယောက်ရဲ့ စိတ်ညို့မှုကနေ လွတ်ဖို့ဆိုရင် အဲ့လူရဲ့စိတ်စွမ်းအားနဲ့ ညီရင်ညီ မညီရင် ပိုမြင့်မှပဲ။ ကျိုးယွင့်ရှန်က Lord Godရဲ့ တာဝန်တွေအကုန်ပြီးသွားတဲ့ တစ်ဦးတည်းသောသူပဲ။ သူ့စိတ်စွမ်းအားက အထက်အဆင့်မရောက်သေးရင်တောင်မှ တွေးမကြည့်နိုင်တဲ့အဆင့်ပဲ။ ပြီးတော့ ဒီကမ္ဘာက Eအဆင့်လောက်ပဲရှိတာ။ ဒီကမ္ဘာမှာ ဘာမှော်တွေ စွမ်းအားတွေနဲ့ တခြားမှော်ဝင်အရာတွေမှ မရှိတာ။ ဒါကြောင့် ဒီကမ္ဘာပေါ်မှာ ကျိုးယွင့်ရှန်နဲ့ စွမ်းအားတူတဲ့ ချောင်းမို့ခွန်းလိုသူဆိုတာ မရှိနိုင်ဘူး။ သူကဘယ်လိုဖြစ်လာတာလဲ? Xinghaiအာကာသမှာ ပျောက်လာတဲ့ စွမ်းအားတစ်ဝက်နဲ့ ဆိုင်နေတာများလား . . .

ကျိုးယွင့်ရှန်မျက်မှောင်ကြုံုပြီး အဖြေတွေ့သွားတာနဲ့ မျက်နှာကိုခေါင်းအုံးလေးနဲ့ကွယ်ကာ တခစ်ခစ်ရယ်နေတော့တယ်။ နောက်ဆုံး ဒီလူတွေကြားမှာ လုံးဝတူနေတာက တိုက်ဆိုင်မှုမဟုတ်မှန်း သိသွားပြီ။ သူ့ကိုယ်က ဒီလူကြီးကိုတန်းသိပင်မယ့်လည်း သူစိတ်ပျက်တာရယ် ကြောက်နေတာရယ်ကြောင့် သေချာမတွေးမိဘူး။ အစက သူအရမ်းအထီးကျန်လို့ ဒီလူကြီးအပေါ် ခံစားချက်တွေရှိခဲ့ပင်မယ့် ဘဝ၃ခုလောက် ပြောင်းလာတော့ သူဒီလိုအခြေအနေအပေါ် မျှော်လင့်ချက်ကြီးလာတယ်။ သူအပျော်တွေကို မထိန်းနိုင်တော့ဘဲ ခေါင်းအုံးကို ဖြည်းဖြည်းချင်းဖယ်ရင်း လူကြီးကို လှမ်းချောင်းကြည့်လိုက်တယ်။

ချောင်းမို့ခွန်းကလည်း တကယ်တော့ သူ့အမှုအယာတိုင်းကို အာရုံစိုက်ကြည့်နေတာ။ မျက်နှာကို ခေါင်းအုံးလေးနဲ့ကွယ်လိုက်တော့ ဆေးလိပ်နံ့မကြိုက်ဘူးထင်ကာ တန်းငြိမ်းလိုက်တယ်။ နောက်သူသဘောတကျနဲ့ နူးနူးညံ့ညံ့လေး ပြုံးနေမိတာကို ပြန်သတိထားမိလိုက်တယ်။ ဒါသူသိတာနဲ့တန်းပြီး အေးစက်စက်မျက်နှာဖုံးကို ပြန်ဝတ်လိုက်တယ်။
"တကယ်ဆို ကောင်လေးက သူ၃သိန်းနဲ့ ဝယ်ထားတဲ့ ငွေအတွက် သစ္စာဖောက်လာခဲ့တဲ့ ကစားစရာလေးပဲလေ။ ရေရှည်တွဲမယ့်သူလည်း မဟုတ်ဘဲနဲ့ သူဘာလို့ သူ့အကြိုက်တွေကို လိုက်ဂရုစိုက်နေရမှာလဲ?"
လို့ သူ့ကိုယ်သူပြန်ဆူလိုက်ရတယ်။ဒါပင်မယ့်လည်း ဒီကောင်လေးဆီမှာ သူတော်တော်ကျဆုံးနေပြီး သူရင်ခုန်နေတယ်။ သူ့မပိုင်တော့တဲ့ နှလုံးသားကို ပြန်ထိန်းဖို့အတွက် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ

"အိပ်ရာပေါ်မှာ ဖျော်ဖြေပေးတာ စိတ်ကျေနပ်စရာ ကောင်းသားပဲ။ အခုသဘောတူညီချက် ရပြီ။ ငါတို့စည်းမျဉ်းလေးတွေ လုပ်ရအောင်"

ကျိုးယွင့်ရှန်ရဲ့အပျော်တွေက သူ့စကားတွေထဲမှာ မိုးရွာချသလိုမျောပါသွားတယ်။ ခေါင်းအုံးကို ပစ်ပေါက်ရင်း မယုံကြည်နိုင်စွာ

"စည်းမျဉ်းတွေ ပေးမလို့ ဟုတ်လား? ကျွန်တော့်ကိုလေ!!!"

ချောင်းမို့ခွန်းက ရင်တွေတုန်သွားပင်မယ့်လည်း ပုံမှန်လေသံနဲ့

"အပေးအယူလုပ်မှတော့ စည်းမျဉ်းတွေ လိုက်နာရမှာပဲ"

သူပြောပြီးတာနဲ့ စိတ်ထဲတန်းမသိုးမသန့် ဖြစ်သွားတယ်။ ကျိုးယွင့်ရှန်က

"ခင်ဗျား တခြားသူတွေနဲ့ရော ဒီလိုပဲလုပ်ခဲ့တယ်မလား? ဟုတ်လား?"

ချောင်းမို့ခွန်းက ပိုအပြစ်ရှိသလို ခံစားရပြီး

"ဘာလို့လိုက်မေးနေတာလဲ? မင်းနဲ့ငါနဲ့ ဘာဆိုင်လို့လဲ?"

"ကျွန်တော်က ခင်ဗျားချစ်သူလေ"
ဆိုတာ ပြန်ပြောမိတော့မလို ဖြစ်သွားပင်မယ့် ကျိုးယွင့်ရှန်ထိန်းနိုင်ခဲ့တယ်။ ချောင်းမို့ခွန်းက အရင်တုန်းကလို မဟုတ်တော့ဘူး။ သူဘဝပြောင်းလာတော့ အရင်ဘဝက မှတ်ညဏ်တွေ ပျောက်ကုန်ပြီ။ ဒါပင်မယ့်လည်း သူ့နောက်ကို တစ်ကမ္ဘာပြီး တစ်ကမ္ဘာလိုက်လာတုန်းပဲ။ ဒါကိုတွေးမိတော့ ကျိုးယွင့်ရှန် ဒေါသလျှော့လိုက်ကာ

"ခင်ဗျားစည်းကမ်းတွေပြော"

ချောင်းမို့ခွန်းက ကောင်လေးလည်ပင်းက သူပေးထားတဲ့ အမှတ်နီနီလေးတွေကို ပွတ်သပ်ရင်း

"ပထမစည်းကမ်းက ဒီ၃လအတွင်းမှာ ကလေးက ဟန်ယွိကို ထိခွင့်မပေးရဘူး။  ဒုတိယက ခေါ်တိုင်းလာရမယ်။ ဘာအကြောင်းနဲ့မှ မငြင်းရဘူး"

ကျိုးယွင့်ရှန် သေချာနားထောင်နေရင်း အတော်ကြာ ဘာမှမကြားရတော့

"ဒါပဲလား?"

ချောင်းမို့ခွန်းက ရယ်ရင်း

"ခပ်ကြောင်ကြောင်စည်းကမ်းတွေနဲ့ တားနေတယ်လို့ မထင်ဘူးလား?"

ကျိုးယွင့်ရှန်က ကုတင်အောက်က သူ့ဘောင်းဘီကောက်ဝတ်ကာ ရှပ်အကျႋလိုက်ရှာရင်း ခေါင်းငြိမ့်ပြတယ်။ ချောင်းမို့ခွန်းက မျက်မှောင်ကြုပ်ရင်း

"ကလေး ဘာလုပ်နေတာလဲ?"

သူ့ဘောင်းဘီရှည်ကို ဆွဲဝတ်ရင်း

"အိမ်ပြန်ရမယ်လေ။ မပြန်ရင် ဟန်ယွိက စိတ်ပူနေမှာပေါ့။ ကျွန်တော့်မှာလည်း ဦးပါလိုက်နာရမယ့် စည်းရှိတယ်။ ကျွန်တော့်တို့ကြားကကိစ္စကို ဟန်ယွိမသိစေနဲ့"

ကျိုးယွင့်ရှန် နှာခေါင်းရှုပ်လိုက်ပြီး
"ခင်ဗျားမမှတ်မိတာနဲ့ ခင်ဗျားကိုပြန်မလုပ်ဘူးများ ထင်နေလား? ကိုယ့်စကားနဲ့ကိုယ်ပြန်ခံပေတော့"

ချောင်းမို့ခွန်းက  တောင်းတောင်းပန်ပန်နဲ့ သူ့ကိုပြန်ဆွဲထားချင်ပင်မယ့် စိတ်မနည်းပြန်ထိန်းလိုက်ရတယ်။ သူဆံပင်တွေကို လက်နဲ့ထိုးဖွကာရယ်ရင်း

"ဘာလို့ သစ္စာရှိပြနေတာလဲ? သူ့မိသားစုကမွဲနေပြီ။ ကလေးဘာလို့ မဖြတ်သေးဘဲ ဆက်ကပ်နေတာလဲ?"

ကျိုးယွင့်ရှန်က သူ့Jacketဝတ်နေရင်း

"သူ့ကိုချစ်လို့ ကပ်နေတာ။ ကျွန်တော်သူနဲ့ မပြတ်နိုင်ဘူး"

ချောင်းမို့ခွန်းက သွေးဆောင့်တိုးသွားကာ ဒေါသသံနဲ့

"သူ့ကိုချစ်တယ်လား? ချစ်ရင် ဘာလို့ငါ့အိပ်ရာပေါ် တက်လာတာလဲ?"

ကျိုးယွင့်ရှန်က ဖိနပ်ကိုဝတ်ရင်း

"ဟုတ်တယ်။ သူ့ကိုချစ်တယ်။ ချစ်လို့ ခင်ဗျားနဲ့အိပ်ရတာ"

သူလှည့်ထွက်သွားရင်း ရုတ်တရပ်သတိရကာ

"ကျိုးယွင့်ရှန်ကို မှတ်မိလား?"

ချောင်းမို့ခွန်းက သူ့အဖြေကို ဒေါသထွက်နေပင်မယ့် ဒီနာမည်ကို ကြားရတော့ မူးသလိုဖြစ်သွားတယ်။ ခဏကြာတော့ ခေါင်းခါပြတယ်။

"ဒါဆို ဝေ့ရှီရန်?"

"ရှမ်းရိပင်း?"

"တုရွှီလန်?"

"နဉ်စစ်နျန်?"

"ကျူးကျောက် (မင်းသားလေး)?"

မေးခွန်းတွေ ဘယ်လောက်မေးမေး ချောင်းမို့ခွန်း ခေါင်းခါမြဲပဲ။ ကျိးယွင့်ရှန်လည်း စိတ်ပျက်ပြီး ခေါင်းခါကာ ထွက်သွားတော့တယ်။

သူထွက်သွားတာနဲ့ ချောင်းမို့ခွန်းက စီးကရက်ကို မီးညှိကာ ပါးစပ်အပြည့်ခဲနေရင်း တွေးမိတော့  "ကျိုးယွင့်ရှန်" ဆိုတဲ့နာမည်ကို မေ့မရတဲ့အပြင် ခေါင်းလည်း တော်တော်ကိုက်လာတယ်။

အဲ့နေ့ကစပြီး ချောင်းမို့ခွန်းက ကောင်လေးကို အပတ်တိုင်း သူ့ကလပ်ကိုခေါ်တယ်။ ကောင်လေးနဲ့အတူရှိရတဲ့ ခံစားမှုက သူ့ကောင်လေးကိုယ်ပေါ်က ခွာကာစိတ်မပါတာ မရှိဘဲ လုံးဝစားချင်စိတ်တွေကြီးပဲ ဖြစ်နေအောင် စွဲလမ်းစေတယ်။ သူနဲ့တွေ့ဖို့ တစ်ပတ်စောင့်ရတာက ကြာတော့ ၃ရက်တစ်ခါ၊ နောက်၂ရက်တစ်ခါကနေ နောက်ဆုံးနေ့တိုင်း ဖြစ်သွားတာတောင် သူဘေးမှာ ကောင်လေးကို တချိန်လုံးကပ်နေစေချင်သေးတယ်။ ဒီနေ့လည်း သူညစာစားဖို့ခေါ်နေတာ အတော်ကြာနေပင်မယ့် ဆက်သွယ်လို့မရဘူး။ သူစိတ်ပူစွာထိုင်နေတာ နာရီဝက်လောက်ကြာတော့ သူ့လက်ထောက်ကို ကောင်လေးနေရာစုံစမ်းခိုင်းမလို့ရှိသေး ဖုန်းပြန်ဝင်လာတယ်။ ချောင်းမို့ခွန်းက ဒေါသတကြီးနဲ့

"ဘာတွေလုပ်နေလို့ phတောင် မကိုင်နိုင်ရတာလဲကွာ?"

"နားရက်တွေကုန်လို့ စာမေးပွဲကြီးဖြေနေရတာ။ အခုမှပြီးရုံပဲ ရှိသေးတယ်။ ဒါကြောင့် ကျွန်တော့်phကို silentချထားတာ"

ကောင်လေးအသံကြည်ကြည်လေးကြားတော့မှ ဒေါသတွေက မီးခဲကိုရေနဲ့ငြိမ်းလိုက်သလို ငြိမ်ကျသွားတယ်။ Necktieကို လျှော့ကာ တည်ငြိမိစွာနဲ့

"စာမေးပွဲရော ဖြေနိုင်လား ကလေး?"

ကျိုးယွင့်ရှန်က ပုံမှန်အတိုင်း လွယ်အိတ်သိမ်းနေရင်း

"အင်း ဖြေနိုင်ပါတယ်"

သူ့တည်ငြိမ်အေးချမ်းနေတဲ့ မျက်နှာလေးပေါ်မှာ နေရောင်ခြည်ခနေတော့ နတ်သားလေးအလားပဲ။ ကျိဟန်ယွိမပြောနဲ့ သူ့သူငယ်ချင်းWang Jieတောင် မျက်စိကျနေပြီး ရင်ထဲမှာ ကလိကလိဖြစ်လာတယ်။

ဟိုဘက်မှာတော့ ချောင်းမို့ခွန်းက

"မဖြစ်တော့ဘူး။ နောက်စည်းကမ်းထပ်ထည့်မှပဲ။ ကလေးphက အမြဲတမ်းဖွင့်ထားရမယ်။ အရေးကြီးကိစ္စရှိရင်တော့ ကြိုphဆက်ထားရင် ရတယ်"

ကျိုးယွင့်ရှန်က လှောင်ရယ်ကာ

"ဦးကလည်း ဘာလို့ဒုက္ခခံနေသေးလဲ? ကျွန်တော့်ကိုယ်ပေါ်ကိုသာ ခြေရာခံစက်တက်ထားပါတော့လား?"

"သူဘဝပြောင်းလာတာတောင် ဒီလိုအစွဲအလမ်းကြီး သဝန်တို စိတ်မချတာတွေကို ဘယ်လိုများပြန်သယ်လာတာပါလိမ့်? ဆေးလိပ်သောက်ရင်း သူ့videoလေးကို နာရီအတော်ကြာ ကြည့်နေတာလည်း ရှိသေးတယ်။ သူ့ပုံစံအတိုင်းကို ရပ်လို့မရအောင် စွဲလမ်းနေတာရော။ ဒီလူကြီး ဒါလိုစိတ်သဘောတွေကို ဖျက်မရအောင် သော့များခတ်ထားလေသလား?"
လို့ တွေးမိပြီး နူးနူးညံ့ညံ့လေးရယ်တော့တယ်။

ချောင်းမို့ခွန်းက သူ့ရယ်သံလေး ကြားလိုက်ရုံနဲ့ ရေခဲတုံးကြီး အရည်ပျော်သွားသလိုပဲ

"ဒီအကြံကောင်းတယ်။ ဦးက ကလေးကို အပျောက်မခံနိုင်တော့ နက်ဖြန် ခြေရာခံနာရီဝယ်ပေးရမယ်။ ဒီပိတ်ရက် ခရီးထွက်ချင်ရင် လိုက်ပို့ပေးမယ်လေ။ ကလေး ဘယ်သွားချင်လဲ?"

သူလွယ်အိတ်လွယ်ရင်း ကျိဟန်ယွိကို လက်ပြကာ သူအတန်းထဲက အရင်ထွက်လာရင်း

"နေပါဦးဗျာ အောင်စာရင်းတောင် မထွက်သေးဘဲနဲ့။ နောက်မှထပ်မေး ဟုတ်ပြီလား?"

ချောင်းမို့ခွန်းက သော့ယူကာ ဓာတ်လှေကားကို တန်းသွားရင်း

"ဟုတ်ပါပြီ ဒီနေ့လာကြိုမယ် ညစာသွားစားရအောင်"

ကျိုးယွင့်ရှန် phချလိုက်တာနဲ့ ကျိဟန်ယွိကို မစောင့်ဘဲ ထွက်သွားတော့တယ်။ ကျိဟန်ယွိရဲ့ အပေါင်းအပါ Wang Jieက နေခြည်ခနေတဲ့ ကောင်လေးကို ခဏခဏငေးရင်း စသလိုနဲ့

"မင်းသူ့သူငယ်ချင်းနဲ့ နေနေတာမလား? မင်ဘာလို့သူ့ကို ငါ့တို့ကိုမဌားပေးတာလဲ?"

သူက မထီမဲ့မြင် အပြုံးနဲ့

"မင်းတို့လုပ်ချင်ရင် ဆက်သာလုပ်။ သူက မင်းတို့မှာငွေရှိသလောက် သူ့ကိုလုပ်ချင်သလိုလုပ်လို့ ရနေတာပဲကွာ"

"သူအခုတလော သိပ်မကပ်တော့ဘူး။ မင်းသူ့ကို အပြင်ထုတ်လာပေးလို့ မရဘူးလား?"

"ရတာပေါ့! သူငါးစာဟပ်တာနဲ့ သက်သေကျန်အောင် လုပ်ပေး။တကယ်တော့ ဒီရက်ပိုင်း ငါညစ်နေတယ်ကွာ။ ဖန်လေးက ငါကဆိုးတယ်ထင်ပြီး ငါ့ကိုရှောင်နေတယ်။ သူလည်း အပြစ်မလုံသလိုဖြစ်နေတော့ ညတွေဆိုလည်း ကောင်းကောင်းအိပ်မရဘူးကွ။ ပန်ဒါမျက်လုံးနဲ့မြင်ရတာ ရင်ထဲမကောင်းဘူး။ ဒါကြောင့် မှားတာက ငါနဲ့ ဖန်ယို့ရမ်မဟုတ်ဘဲ လင်းချန်စယ်ဖြစ်အောင် လုပ်ပေးကွာ။ နားလည်တယ်မလား?"

Wang Jieက ခေါင်းငြိမ့်ရင်း

"နားလည်တယ်။ မင်းကတကယ့်ငဆိုးလေးပဲကွ"

Continue Reading

You'll Also Like

127K 22.6K 14
Title : Telling Ghost Stories At My Ex-boyfriend's Wedding [去前男友婚礼上讲鬼故事] Author : 花间二狗 English Translator : Chipoholic Total Chapters : 13 Genre : Mo...
812K 119K 135
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
81.6K 14.2K 8
ဧကရာဇ် shou, ဧကရီ gong Chapter status - 8 Chapters (Completed) I own nothing, just translate it. If you want to read English translation, here is the...
88.5K 10K 101
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...