Little Garden

Von MYSTIC_SL

18.5K 1.8K 167

You are my First ... & ... Everlasting Love ... πŸ’˜Genre - Fanfiction, Romance πŸ’˜Length - Short Story πŸ’˜Chara... Mehr

πŸƒ Chapter One πŸƒ
πŸƒ Chapter Two πŸƒ
πŸƒ Chapter Three πŸƒ
πŸƒ Chapter Four πŸƒ
πŸƒ Chapter FiveπŸƒ
πŸƒ Chapter Six πŸƒ
πŸƒ Chapter Seven πŸƒ
πŸƒChapter NineπŸƒ
πŸƒ Chapter Ten πŸƒ

πŸƒ Chapter Eight πŸƒ

1.2K 170 21
Von MYSTIC_SL

🌸 Little Garden 🌸
🍃 Chapter Eight 🍃
Zawgyi

ျပကၡဒိန္ေလး၌ အမွန္ျခစ္ေလးေတြ တျဖည္းျဖည္းနဲ႔တိုးလို႔လာတာ အခုဆို အမွန္ျခစ္ေလး ခုႏွစ္ခုေတာင္ရွိေနၿပီေလ ... ။ ဒီအမွန္ျခစ္ေလးေတြဟာ ေဟး ထယ့္ကိုေရွာင္ေနမိခဲ့တဲ့ ရက္ေလးေတြကို ရည္ညႊန္းေနျခင္းသာပင္ ... ။ ဒီလိုမ်ိဳး ထယ့္ကိုမေတြ႕မိမွ စိတ္သက္သာရာရမယ္လို႔လည္း ထင္မိတာေၾကာင့္ရယ္ပါ ... ။ ေဟး ထပ္ၿပီး ေလာဘမႀကီးခ်င္လို႔ပါ ထယ္ ... ။

အျပန္ျပန္အလွန္လွန္ စဥ္းစားၿပီး ခက္ခက္ခဲခဲနဲ႔ ဆံုးျဖတ္ခ်က္တစ္ခု ခ်ခဲ့ၿပီးၿပီမို႔ ထယ္နဲ႔ပတ္သတ္တဲ့ ခံစားခ်က္ေတြကို ဒီေလာက္နဲ႔ပဲ ရပ္တန္႔လိုက္ခ်င္ၿပီ ... ။ အမွန္ေတာ့ ဒါဟာ ထယ့္အမွားမဟုတ္ .. ျဖဴစင္လြန္းလွတဲ့ သူငယ္ခ်င္းဆိုတဲ့စည္းေလးကိုေက်ာ္ၿပီး အတၱႀကီးခဲ့မိတဲ့ ေဟးရဲ႕အျပစ္သာ ... ။ ထယ္ဟာ မိန္းကေလးတစ္ေယာက္ကို အျပည့္အဝ ခ်စ္ပိုင္ႏိုင္ခြင့္ရွိတယ္ေလ ... ။

ေဟး ျပတ္ျပတ္သားသားခ်မိတဲ့ ဆံုးျဖတ္ခ်က္ေလးကို အဲ့ဒီေန႔ကပဲ တီေလးကို ဖြင့္ေျပာခဲ့မိတယ္ ... ။ အဲ့ဒီေန႔က မွတ္မွတ္ရရ ဘိုရာရဲ႕မဂၤလာေဆာင္ကို ေဟးတို႔တူတူသြားခဲ့ၾကတယ္ ... ။ မဂၤလာပြဲႀကီး ေအာင္ေအာင္ျမင္ျမင္ ၿပီးေျမာက္သြားၿပီးေနာက္ ထယ္က ေဟးရဲ႕ကားကိုေမာင္းေပးၿပီး တူတူျပန္လာခဲ့ၾကတယ္ေလ ... ။

ေႏြဦးလို႔သာဆိုတယ္ .. အဲ့ဒီေန႔တုန္းက မိုးတိမ္၏မ်က္ရည္စမ်ားေၾကာင့္ ညေနေစာင္းဟာ လိေမၼာ္နီေရာင္ ေရာင္ျခည္ေလးေတြ ကင္းမဲ့လို႔ေနခဲ့တယ္ ... ။ ဒါ့အျပင္ ေရဒီယိုမွထုတ္လႊင့္ေနပါေသာ Whitney Houston ရဲ႕ I will always love you သီခ်င္းေအးေအးေလးဟာ ျပင္ပရွိ ရာသီဥတုအေျခအေနနဲ႔ လိုက္ဖက္ညီလို႔ေနၿပီး အလြမ္းဓာတ္တစ္ခုကို ေဖာ္ေဆာင္ေပးေနသေယာင္ပင္ ... ။

" ေဟး .. ဟိုတေလာက ပန္းျခံမွာေတြ႕တဲ့တစ္ေယာက္ေလ ... မွတ္မိေသးလား ... ?? "

ထယ့္ဘက္မွ အစပ်ိဳးလာေသာ စကားေလးေၾကာင့္ ေဟးရဲ႕အလြမ္းဓာတ္တခ်ိဳ႕ဟာ ျမဴမႈန္ေလးတစ္ခုအျဖစ္ တိမ္ျမဳပ္ေပ်ာက္ကြယ္ သြားေတာ့သည္ ... ။ ေနာက္ဆံုးေတာ့ ေဟး မၾကားခ်င္ဆံုးေသာ အေၾကာင္းအရာကို ခ်စ္ရသူက ကိုယ္တိုင္ဖြင့္ေျပာလာေတာ့မွာေပါ့ေလ ... ။

" အင္း .. မွတ္မိတယ္ ... "

" ငါ နင့္ကို အဲ့ဒီအေၾကာင္းေျပာခ်င္ေနတာ ... ဒီရက္ပိုင္း နည္းျပနဲ႔တူတူ ေလ့က်င့္ေနရလို႔ မအားတာနဲ႔မေျပာျဖစ္တာ ... "

ကားေမာင္းေနရာမွ တက္တက္ႂကြႂကြေလးေျပာလာတဲ့ ထယ့္စကားေတြကို ေလးပင္စြာ ျပန္ေျဖေနမိလား ေဟးမသိေပ ... ။ သို႔ေပမယ့္ ထိုမိန္းကေလးအေၾကာင္းကို ေျပာေနခ်ိန္ဝယ္ ထယ္ရဲ႕မ်က္ဝန္းေလးေတြ လင္းလက္ေနလိမ့္မယ္ဆိုတာ ထယ့္အသံကိုၾကားရံုနဲ႔တင္ ေဟးခန္႔မွန္းႏိုင္တယ္ေလ ... ။

" အဲ့ေကာင္မေလးကေလ ငါတို႔ထက္ ႏွစ္ႏွစ္ငယ္တယ္ ... ငါနဲ႔သိတာ သံုးလေလာက္ေတာ့ရွိၿပီ .. အဲ့ဒါ ... ... "

" စကားပလႅင္မခံပါနဲ႔လား ထယ္ .. ဒီအတိုင္း ငါ့ကို ဘာေျပာခ်င္လို႔လဲ ... ?? "

ကိုးဆယ့္ကိုးရာခိုင္ႏႈန္းမွန္လိမ့္မယ့္ အေၾကာင္းအရာတစ္ခု၏ ေရွးေျပးစကားေတြကို ေဟးနားေထာင္ႏိုင္စြမ္းမရွိ ... ။ ေဟးလည္း မိန္းကေလးတစ္ေယာက္ပါ ... ။ သန္မာခ်င္ေယာင္ေဆာင္ေနေပမယ့္ ေဟးလည္း ႏွလံုးသားႏုတဲ့ သာမန္မိန္းကေလးတစ္ေယာက္ပါ ထယ္ ... ။

" အဲ့တစ္ေယာက္က ငါ့ကို သေဘာက်တယ္တဲ့ေဟး .. အဲ့ဒါ ငါ ဘယ္လိုလုပ္ရမလဲ ... ?? "

ေနာက္ဆံုးေတာ့ ေဟးေတြးထားသလိုပါပဲလား ... ။ ထိုမိန္းကေလးကို စျမင္ကတည္းက ထယ့္အေပၚခံစားခ်က္ေတြ ယိုဖိတ္ေနတာ ေဟးသိတာေပါ့ ... ။

" နင္ေရာ .. သူ႔အေပၚ ဘယ္လိုသေဘာထားလဲ ထယ္ ... ?? "

" သူက ခ်စ္ဖို႔ေကာင္းတယ္ .. သြက္လက္တယ္ .. ၿပီးေတာ့ လွလည္းလွတယ္ ... "

" သူသိပ္လွတာ ငါသိတယ္ ထယ္ .. ငါေမးတာက သူ႔အေပၚထားတဲ့ နင့္ရဲ႕သေဘာထားကိုေလ ... "

" ငါ .. ငါမသိဘူး ေဟး .. အဲ့ဒါေၾကာင့္ ငါဘယ္လိုလုပ္ရမလဲလို႔ ေမးၾကည့္တာ ... "

တိတိက်က်ျဖစ္မေနတဲ့ ထယ့္ဘက္က အေျဖေလးဟာ ဘာကိုဆိုလိုခ်င္လို႔လဲ ... ။ ေဟးဆီက အၾကံဥာဏ္ေတာင္းတာလား .. ေဟးကို အသိေပးေနတာလား .. ဒါမွမဟုတ္ ေဟးဆီက ခြင့္ျပဳခ်က္ယူခ်င္တာလား .. ?? ။

ဤကဲ့သို႔ "လား" ေပါင္းမ်ားစြာ စဥ္းစားေနခ်ိန္ဝယ္ ေဟးရဲ႕အိမ္ေရွ႕သို႔ ကားေလးေတာင္ ဆိုက္ကပ္ေနၿပီျဖစ္သည္ ... ။ ထယ္ဟာ ေဟးဘက္ကို ကဗ်ာကယာတံခါးလာဖြင့္ေပးၿပီး တစ္ေခ်ာင္းတည္းေသာ ထီးအဝါေလး၏ အရိပ္အာဝသေအာက္ကို ႏွစ္ေယာက္သား တူတူခိုလႈံမိလိုက္ၾကသည္ ... ။

သို႔ေသာ္ ေဟးရဲ႕ေျခလွမ္းတို႔က ျခံဝန္းထဲသို႔ ဦးတည္လို႔မေနပဲ ေနျမဲအတိုင္းသာ ရပ္လို႔ေနသည္မို႔ ထယ္ဟာ ေဟးကို ဘာျဖစ္လို႔လဲဆိုသည့္ပံုစံျဖင့္ ေစာင္းငဲ့ၾကည့္လာသည္ ... ။

ေဟးကို ေစာင္းငဲ့ၾကည့္လာေသာ အႏွီလူသားေလး၏ မ်က္ဝန္းတစ္စံုအား ၿငိမ္သက္စြာစိုက္ၾကည့္ကာ တစ္ခြန္းထဲေသာစကားေလးဆိုၿပီး အိမ္ျခံဝန္းထဲရွိ တံခါးမႀကီးဆီသို႔ ေဟး ခပ္သြက္သြက္ပင္ေျပးမိသည္ ... ။ အေနေတာ္အေနအထားရွိသည့္ ေဒါက္ဖိနပ္ေလးကိုေတာင္မမႈပဲ မိုးဖြဲမ်ားၾကားဝယ္ ညစ္ႏြမ္းေနေသာ ေဟးရဲ႕ စိတ္အစဥ္ကို ေဆးေၾကာပစ္မိသည္ ... ။

" နင့္ႏွလံုးသားရဲ႕ ခံစားခ်က္အတိုင္းပဲလိုက္ပါ ထယ္ .. ဒီႏွလံုးသားက သူ႔ကိုလိုအပ္တယ္ဆို နင္သူ႔ကိုခ်စ္လို႔ပဲ ... "

❄❄❄❄❄❄❄❄❄❄❄❄

" ေဟး .... !!! "

ျခံထဲရွိပန္းပင္ငယ္ေလးေတြကို ေရေလာင္းေနစဥ္ ေအာ္ေခၚလာသည့္ အသံဩဩေလးေၾကာင့္ ထယ္မွန္းေဟးသိလိုက္ရပါၿပီ ... ။ ေဟးရွိရာဆီသို႔ ေျခလွမ္းၾကဲႀကီးမ်ားျဖင့္ ခပ္သြက္သြက္လွမ္းကာ လာေနေသာထယ္သည္ အနည္းငယ္ယိုယြင္းေနေသာ မ်က္ႏွာအမူအယာ ျဖစ္ေနသည့္အျပင္ အလ်င္လိုေနပံုေပၚသည္မို႔ ေဟးဘက္မွ ေမးခြန္းထုတ္မိလိုက္သည္ ... ။

" ဘာျဖစ္လို႔လဲ ထယ္ .. ေရးႀကီးသုတ္ျပာနဲ႔ ... ?? "

ေဟးအနားသို႔ ေရာက္လာေသာေျခလွမ္းတစ္စံုပိုင္ရွင္မွာ ေမာပန္းေနသည္ထင္ .. အသက္ရႈသံခပ္ျပင္းျပင္းတစ္ခ်က္ျပဳ၍ အသိခ်င္ဆံုး အရာတစ္ခုကို ေမးလာေတာ့သည္ ... ။

" ဘာလို႔ျငင္းပစ္တာလဲ ေဟး ... !! "

အဆံုးမရွိ၊အစမရွိျဖင့္ ရုတ္တရက္ဆိုလာသည့္ ထိုစကား၏အဓိပၸါယ္မွာ ထယ့္မိဘေတြဘက္မွ ကမ္းလွမ္းလာေသာ ကိစၥရပ္ေလးအား ေဟးျငင္းဆန္ခဲ့သည္ကို ရည္ညႊန္းေနတာပင္ ... ။ ေနာက္ဆံုးေတာ့ လူႀကီးမ်ား၏ သေဘာတူမႈတစ္ရပ္ကို ထယ္သိသြားခဲ့ၿပီေပါ့ ... ။

ထယ္၏စကားသံသည္ ေပ်ာ္ရႊင္ေနျခင္းလည္း မဟုတ္သလို ဝမ္းနည္းေနျခင္းလည္း မဟုတ္ေပ .. ။ ပန္းပင္ေလးမ်ားအား ေရေလာင္းျခင္းအမႈကို ေခတၱရပ္တန္႔၍ ထယ့္ဘက္မွအေျခအေနကို သိခ်င္သည္မို႔ ေဟး ထယ့္မ်က္ဝန္းေတြကို အဓိပၸါယ္ေဖာ္လိုက္မိသည္ ... ။ အိုးး .. ထယ္ ေဒါသထြက္ေနတာပါလား .. ?? ။

" ဒီအတိုင္း .. ဒီအတိုင္းပဲ ... "

" ေဆာ့ဂ်င္ဆန္းေဘးေၾကာင့္လား ... ?? "

ထယ္ .. နင္ခ်စ္တဲ့မိန္းကေလးက ငါမဟုတ္လို႔ နင့္ကိုလက္လႊတ္ေပးလိုက္တာပါလို႔ အမွန္အတိုင္း ေဟးဝန္မခံႏိုင္ ... ။ ထို႔ေၾကာင့္ မေသမခ်ာ အေျဖေပးမိေတာ့ ထယ့္ဘက္မွ ထြက္လာေသာစကားကား ေဆာ့ဂ်င္ဆန္းေဘးေၾကာင့္လားတဲ့ ... ။ ဘယ္လိုမ်ိဳးေမးလိုက္တာလဲ ထယ္ရယ္ .. ငါခ်စ္ဖူးတဲ့သူက နင္တစ္ေယာက္တည္းပါ ထယ္ ... ။

" မဟုတ္ေလာက္ပါဘူး ထင္ေနတာ .. ေဆာ့ဂ်င္ဆန္းေဘးနဲ႔ တကယ္တြဲေနၾကတာလား .. ?? အမွန္ေတာ့ ဟိုတစ္ေန႔က နင္ ေဆာ့ဂ်င္ဆန္းေဘးနဲ႔တူတူ ညစာစားေနတာ ငါျမင္ခဲ့တယ္ေဟး .. "

သံသယထားေနတာလား .. ေသခ်ာသြားေအာင္ ေမးေနတာလား ေဟးမသိ .. ။ အမွန္ဆို နင့္ကို လက္လႊတ္ေပးဖို႔အတြက္ အျဖဴေရာင္စည္းကေလးရဲ႕ အေနာက္ကို တစ္လွမ္းဆုတ္ေပးခဲ့တာေလ ထယ္ ... ။ နင္ေပ်ာ္သင့္တယ္မလား ထယ္ရဲ႕ ... ။ ဒါကိုဘာျဖစ္လို႔ ဒီကိစၥနဲ႔မပတ္သတ္တဲ့ ေဆာ့ဂ်င္ဆန္းေဘးက ပါလာရတာလဲဟင္ ... ?? ။

" ထယ္ .. ဒီေန႔ အိမ္မွာ နင္ႀကိဳက္တဲ့ဟင္းေတြခ်က္ထားတယ္ ... လာစားဦးေလ ... "

ေဟး ထယ့္အေမးကို မေျဖခ်င္သည္မို႔ စကားလမ္းေၾကာင္းလႊဲ၍ ပန္းပင္ေလးမ်ား ေရေလာင္းျခင္းအမႈကို လက္စသပ္ကာ အိမ္ထဲသို႔ဝင္ရန္ ဟန္ျပင္လိုက္သည္ ... ။ သို႔ပါေသာ္လည္း တစ္ဆက္တည္းမွာပင္ ေဟးရဲ႕လက္ကေလးတစ္ဖက္ကို ဖမ္းဆုတ္လိုက္ေသာထယ္ေၾကာင့္ ေဟးေျခလွမ္းတစ္စံု ရပ္တန္႔သြားရသည္ ... ။ 

" ငါ .. လူႀကီးေတြ သေဘာတူထားတဲ့ကိစၥကို မျငင္းခဲ့ဘူး ေဟး ... "

မထင္မွတ္ထားေသာ စကားတစ္ခြန္းေၾကာင့္ ေဟးကိုယ္တိုင္ ဘာျဖစ္သြားလိုက္မွန္းမသိ ... ။ ေရွာ့ခ္ရသြားသလို ခံစားခ်က္တစ္ခုေၾကာင့္ ေဟးမွာ ခ်က္ခ်င္းတုန္႔ျပန္စရာ စကားကားမရွိ ... ။ ထယ္ အဲ့ဒီကိစၥကို မျငင္းဘူးလား .. ?? ဘာေၾကာင့္မ်ားလဲ .. ?? ။

" ဒါေပမယ့္ နင္ျငင္းရတဲ့အေၾကာင္းအရင္းက ေဆာ့ဂ်င္ဆန္းေဘးေၾကာင့္ဆို ငါဘယ္လိုလုပ္ရမလဲ ... ?? "

ထယ့္အသံသည္ကား တိုင္ပင္ေနျခင္းမဟုတ္သလို အသနားခံေနျခင္းလည္းမဟုတ္ ... ။ ဘာလို႔ျငင္းပစ္ရသလဲဆိုၿပီး ဖခင္က ကေလးငယ္ကို ဆူပူေနသည့္ပံုပင္ ... ။

" ငါ ဒီကိစၥကိုျငင္းလိုက္တာ ေဆာ့ဂ်င္ဆန္းေဘးေၾကာင့္ မဟုတ္ဘူး ထယ္ ... ငါေလ ငါ့ကိုအမ်ားႀကီးခ်စ္ေပးတဲ့သူ .. ငါကလည္းသိပ္ခ်စ္တဲ့သူကိုမွ လက္ထပ္ခ်င္တာ ထယ္ ... "

" အခုလည္း ငါတို႔ခ်စ္ေနၾကတာပဲေလ ... "

လွစ္ခနဲထြက္လာေသာ ထယ့္စကားကို ေဟးမအံ့ဩမိ ... ။ ေဟး ဒီလိုအေၾကာင္းျပခ်က္ေပးရင္ ထယ့္ဘက္က ဒီလိုတုန္႔ျပန္လိမ့္မယ္ဆိုတာ ေဟးသိၿပီးသားပါ ... ။ ငါတို႔ခ်စ္ေနၾကတာပဲေလဆိုတဲ့ အဓိပၸါယ္ကို သိရဲ႕လားထယ္ရဲ႕ ... ။

" ဒါဆို ဟိုေကာင္မေလးကေရာ .. ?? ခ်စ္တယ္ဆိုတာ ေဝါဟာရသာတူေပမယ့္ အဓိပၸါယ္ေတြ အမ်ားႀကီးကြာတယ္ ထယ္ ... နင္ငါ့ကိုခ်စ္တယ္ဆိုတာ သူငယ္ခ်င္းတစ္ေယာက္လို ခ်စ္တာပဲေလ ... "

ထယ့္ဘက္မွ ေခတၱခဏ စဥ္းစားဟန္ျပဳၿပီးမွ ေဟးမ်က္ဝန္းေတြကို တစ္ခါထပ္၍ စိုက္ၾကည့္လာျပန္သည္ ... ။ ထယ့္မ်က္ဝန္းေတြဟာ ခ်စ္ရည္ရႊမ္းေနေသာ မ်က္ဝန္းေတြမဟုတ္ .. ဆံုးျဖတ္ခ်က္တစ္ခုကို ခိုင္ခိုင္မာမာခ်ၿပီး မုခ်ဧကန္ျဖစ္လိမ့္မယ္ဆိုတဲ့ မ်က္ဝန္းေတြ ... ။

" ဒါေပမယ့္ နင့္ကိုပဲ လက္ထပ္ခ်င္တယ္ ေဟး ... "

" ကေလးမဆန္ခ်င္စမ္းနဲ႔ ထယ္ .. လက္ထပ္တယ္ဆိုတာ ကေလးကစားစရာမဟုတ္ဘူး ... "

ထယ္ႏွင့္ စကားစျပတ္ရန္အလို႔ဌာ ေဟး အိမ္တံခါးမႀကီးဆီသို႔ ေျခလွမ္းမ်ားဦးတည္လိုက္ေတာ့သည္ ... ။ ထယ္ႏွင့္သာဆက္ၿပီး ေျပာေနဦးမယ္ဆို ေဟးတို႔ႏွစ္ဦးသား အျမင္မတူမႈေၾကာင့္ ရန္ျဖစ္ဖို႔သာ က်န္ေတာ့သည္ ... ။ သို႔ေပမယ့္ ေဟးရဲ႕ေျခလွမ္းေလးေတြ ငါးလွမ္းေလာက္သာ ရွိေသးခ်ိန္၌ ထယ္ကား အရွိန္ျဖင့္ အေရွ႕တြင္ပိတ္ရပ္ၿပီး ေဟး၏လက္ေမာင္းႏွစ္ဖက္အား ခပ္က်စ္က်စ္ဆုပ္ကိုင္၍ အၾကည့္ခ်င္းဆံုေအာင္ လုပ္ေလသည္ ... ။

" ငါ့အေပၚမွာ နားလည္မႈအေပးႏိုင္ဆံုးလူမို႔လို႔ နင့္ကိုလက္ထပ္ခ်င္တာ ေဟး .. ၿပီးေတာ့ ... ... ဘယ္သူ႔လက္ထဲကိုမွလည္း ထည့္မေပးႏိုင္လို႔ .. .. "

ဒီတစ္ခါ ေဟးခ်က္ခ်င္း ခြန္းတံု႔မျပန္ႏိုင္ေတာ့ .. ။ ထယ့္စကားေတြဟာ ေဟးႏွလံုးသားတည့္တည့္ကို အဆိပ္လူးျမႇားတစ္စင္းနဲ႔ ပစ္ခြင္းလိုက္သလိုပါပဲ ... ။

အကယ္လို႔သာ ခ်စ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ရဲ႕ ေနာက္ဆက္တြဲမွာမွ ဒီစကားေတြကိုၾကားခဲ့ရရင္ ေဟးေျပာမျပတတ္ေအာင္ ေပ်ာ္ရႊင္မိမွာအမွန္ ... ။ ဒါေပမယ့္ အခုက်ေတာ့ ထယ့္စကားေတြရဲ႕ ဆိုလိုရင္းေတြဟာ ႏွလံုးသားရဲ႕ အတြင္းဘက္က်က် အခန္းထဲကလာတဲ့ ျမတ္ျမတ္ႏိုးႏိုးအခ်စ္တစ္ခုမွ မဟုတ္ပဲ ... ။

" ဒါဆို .. ငါ့ကိုခ်စ္လား ထယ္ ... သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ မဟုတ္ပဲ မိန္းကေလးတစ္ေယာက္အျဖစ္နဲ႔ေပါ့ ... ... အဲ့ဒီလိုမွမဟုတ္ရင္ ငါတို႔ဒီမွာတင္ ရပ္လိုက္ၾကရေအာင္လား ... "

" နင္ေရာ ငါ့ကိုခ်စ္လား ေဟး ... သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ မဟုတ္ပဲ ေယာက်္ားေလးတစ္ေယာက္အျဖစ္ ... ... "

ေဟးေျပာသြားသည့္အတိုင္း ထပ္တူညီစြာ ေမးခြန္းထုတ္လာေသာထယ့္ကို ေဟးအေျဖမေပးမိ ... ။ ေဟးဘက္ကေမးခြန္းကိုေတာင္ မေျဖသည္မို႔ ထယ့္ဘက္ကေမးခြန္းကိုလည္း ေဟးေျဖစရာမလိုဟု ထင္မိတာေၾကာင့္ေလ ... ။ ဒီအေၾကာင္းကို ဒီမွာတင္ပဲ ေတာ္ၾကရေအာင္ဟုဆိုကာ ေဟး ထယ့္ကိုေက်ာခိုင္းပစ္လိုက္ေတာ့သည္ ... ။

ခ်စ္သလားတဲ့ .. ?? သိပ္ခ်စ္တာေပါ့ ထယ္ .. ျမတ္ျမတ္ႏိုးႏိုးနဲ႔ကို ခ်စ္မိသြားလို႔ ဒီႏွလံုးသားတစ္ခုလံုး တစ္စစီေၾကမြသြားတာေလ ... ။ ေဟးရဲ႕ေမးခြန္းကို အမွန္ျခစ္ျပၿပီး ေျဖႏိုင္မယ္ဆို ေဟးဘက္ကလည္း ထယ့္အတြက္ အေျဖေလးက အဆင္သင့္သာ ... ။

ေဟး သိပါတယ္ .. ေဟးတို႔ႏွစ္ဦးၾကားမွာ တတိယလူ ရွိေနၿပီဆိုကတည္းက ေဟး ကိုယ့္ကိုယ္ကို အထင္မႀကီးေတာ့ပါဘူး ... ။ အေျဖတစ္ခုကို ျပတ္ျပတ္သားသား သိရမယ့္တစ္ေန႔က် ေဟး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လက္လႊတ္ေပးခ်င္မိလို႔ပါ ထယ္ရယ္ ... ။

❄❄❄❄❄❄❄❄❄❄❄❄

To Be Continued 🍁🍁🍁🍁🍁🍁🍁

Thanks for interesting my fanfic 💕💕💕
#Mystic

🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🌸 Little Garden 🌸
🍃 Chapter Eight 🍃
Unicode

ပြက္ခဒိန်လေး၌ အမှန်ခြစ်လေးတွေ တဖြည်းဖြည်းနဲ့တိုးလို့လာတာ အခုဆို အမှန်ခြစ်လေး ခုနှစ်ခုတောင်ရှိနေပြီလေ ... ။ ဒီအမှန်ခြစ်လေးတွေဟာ ဟေး ထယ့်ကိုရှောင်နေမိခဲ့တဲ့ ရက်လေးတွေကို ရည်ညွှန်းနေခြင်းသာပင် ... ။ ဒီလိုမျိုး ထယ့်ကိုမတွေ့မိမှ စိတ်သက်သာရာရမယ်လို့လည်း ထင်မိတာကြောင့်ရယ်ပါ ... ။ ဟေး ထပ်ပြီး လောဘမကြီးချင်လို့ပါ ထယ် ... ။

အပြန်ပြန်အလှန်လှန် စဉ်းစားပြီး ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပြီးပြီမို့ ထယ်နဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို ဒီလောက်နဲ့ပဲ ရပ်တန့်လိုက်ချင်ပြီ ... ။ အမှန်တော့ ဒါဟာ ထယ့်အမှားမဟုတ် .. ဖြူစင်လွန်းလှတဲ့ သူငယ်ချင်းဆိုတဲ့စည်းလေးကိုကျော်ပြီး အတ္တကြီးခဲ့မိတဲ့ ဟေးရဲ့အပြစ်သာ ... ။ ထယ်ဟာ မိန်းကလေးတစ်ယောက်ကို အပြည့်အဝ ချစ်ပိုင်နိုင်ခွင့်ရှိတယ်လေ ... ။

ဟေး ပြတ်ပြတ်သားသားချမိတဲ့ ဆုံးဖြတ်ချက်လေးကို အဲ့ဒီနေ့ကပဲ တီလေးကို ဖွင့်ပြောခဲ့မိတယ် ... ။ အဲ့ဒီနေ့က မှတ်မှတ်ရရ ဘိုရာရဲ့မင်္ဂလာဆောင်ကို ဟေးတို့တူတူသွားခဲ့ကြတယ် ... ။ မင်္ဂလာပွဲကြီး အောင်အောင်မြင်မြင် ပြီးမြောက်သွားပြီးနောက် ထယ်က ဟေးရဲ့ကားကိုမောင်းပေးပြီး တူတူပြန်လာခဲ့ကြတယ်လေ ... ။

နွေဦးလို့သာဆိုတယ် .. အဲ့ဒီနေ့တုန်းက မိုးတိမ်၏မျက်ရည်စများကြောင့် ညနေစောင်းဟာ လိမ္မော်နီရောင် ရောင်ခြည်လေးတွေ ကင်းမဲ့လို့နေခဲ့တယ် ... ။ ဒါ့အပြင် ရေဒီယိုမှထုတ်လွှင့်နေပါသော Whitney Houston ရဲ့ I will always love you သီချင်းအေးအေးလေးဟာ ပြင်ပရှိ ရာသီဥတုအခြေအနေနဲ့ လိုက်ဖက်ညီလို့နေပြီး အလွမ်းဓာတ်တစ်ခုကို ဖော်ဆောင်ပေးနေသယောင်ပင် ... ။

" ဟေး .. ဟိုတလောက ပန်းခြံမှာတွေ့တဲ့တစ်ယောက်လေ ... မှတ်မိသေးလား ... ?? "

ထယ့်ဘက်မှ အစပျိုးလာသော စကားလေးကြောင့် ဟေးရဲ့အလွမ်းဓာတ်တချို့ဟာ မြူမှုန်လေးတစ်ခုအဖြစ် တိမ်မြုပ်ပျောက်ကွယ် သွားတော့သည် ... ။ နောက်ဆုံးတော့ ဟေး မကြားချင်ဆုံးသော အကြောင်းအရာကို ချစ်ရသူက ကိုယ်တိုင်ဖွင့်ပြောလာတော့မှာပေါ့လေ ... ။

" အင်း .. မှတ်မိတယ် ... "

" ငါ နင့်ကို အဲ့ဒီအကြောင်းပြောချင်နေတာ ... ဒီရက်ပိုင်း နည်းပြနဲ့တူတူ လေ့ကျင့်နေရလို့ မအားတာနဲ့မပြောဖြစ်တာ ... "

ကားမောင်းနေရာမှ တက်တက်ကြွကြွလေးပြောလာတဲ့ ထယ့်စကားတွေကို လေးပင်စွာ ပြန်ဖြေနေမိလား ဟေးမသိပေ ... ။ သို့ပေမယ့် ထိုမိန်းကလေးအကြောင်းကို ပြောနေချိန်ဝယ် ထယ်ရဲ့မျက်ဝန်းလေးတွေ လင်းလက်နေလိမ့်မယ်ဆိုတာ ထယ့်အသံကိုကြားရုံနဲ့တင် ဟေးခန့်မှန်းနိုင်တယ်လေ ... ။

" အဲ့ကောင်မလေးကလေ ငါတို့ထက် နှစ်နှစ်ငယ်တယ် ... ငါနဲ့သိတာ သုံးလလောက်တော့ရှိပြီ .. အဲ့ဒါ ... ... "

" စကားပလ္လင်မခံပါနဲ့လား ထယ် .. ဒီအတိုင်း ငါ့ကို ဘာပြောချင်လို့လဲ ... ?? "

ကိုးဆယ့်ကိုးရာခိုင်နှုန်းမှန်လိမ့်မယ့် အကြောင်းအရာတစ်ခု၏ ရှေးပြေးစကားတွေကို ဟေးနားထောင်နိုင်စွမ်းမရှိ ... ။ ဟေးလည်း မိန်းကလေးတစ်ယောက်ပါ ... ။ သန်မာချင်ယောင်ဆောင်နေပေမယ့် ဟေးလည်း နှလုံးသားနုတဲ့ သာမန်မိန်းကလေးတစ်ယောက်ပါ ထယ် ... ။

" အဲ့တစ်ယောက်က ငါ့ကို သဘောကျတယ်တဲ့ဟေး .. အဲ့ဒါ ငါ ဘယ်လိုလုပ်ရမလဲ ... ?? "

နောက်ဆုံးတော့ ဟေးတွေးထားသလိုပါပဲလား ... ။ ထိုမိန်းကလေးကို စမြင်ကတည်းက ထယ့်အပေါ်ခံစားချက်တွေ ယိုဖိတ်နေတာ ဟေးသိတာပေါ့ ... ။

" နင်ရော .. သူ့အပေါ် ဘယ်လိုသဘောထားလဲ ထယ် ... ?? "

" သူက ချစ်ဖို့ကောင်းတယ် .. သွက်လက်တယ် .. ပြီးတော့ လှလည်းလှတယ် ... "

" သူသိပ်လှတာ ငါသိတယ် ထယ် .. ငါမေးတာက သူ့အပေါ်ထားတဲ့ နင့်ရဲ့သဘောထားကိုလေ ... "

" ငါ .. ငါမသိဘူး ဟေး .. အဲ့ဒါကြောင့် ငါဘယ်လိုလုပ်ရမလဲလို့ မေးကြည့်တာ ... "

တိတိကျကျဖြစ်မနေတဲ့ ထယ့်ဘက်က အဖြေလေးဟာ ဘာကိုဆိုလိုချင်လို့လဲ ... ။ ဟေးဆီက အကြံဉာဏ်တောင်းတာလား .. ဟေးကို အသိပေးနေတာလား .. ဒါမှမဟုတ် ဟေးဆီက ခွင့်ပြုချက်ယူချင်တာလား .. ?? ။

ဤကဲ့သို့ "လား" ပေါင်းများစွာ စဉ်းစားနေချိန်ဝယ် ဟေးရဲ့အိမ်ရှေ့သို့ ကားလေးတောင် ဆိုက်ကပ်နေပြီဖြစ်သည် ... ။ ထယ်ဟာ ဟေးဘက်ကို ကဗျာကယာတံခါးလာဖွင့်ပေးပြီး တစ်ချောင်းတည်းသော ထီးအဝါလေး၏ အရိပ်အာဝသအောက်ကို နှစ်ယောက်သား တူတူခိုလှုံမိလိုက်ကြသည် ... ။

သို့သော် ဟေးရဲ့ခြေလှမ်းတို့က ခြံဝန်းထဲသို့ ဦးတည်လို့မနေပဲ နေမြဲအတိုင်းသာ ရပ်လို့နေသည်မို့ ထယ်ဟာ ဟေးကို ဘာဖြစ်လို့လဲဆိုသည့်ပုံစံဖြင့် စောင်းငဲ့ကြည့်လာသည် ... ။

ဟေးကို စောင်းငဲ့ကြည့်လာသော အနှီလူသားလေး၏ မျက်ဝန်းတစ်စုံအား ငြိမ်သက်စွာစိုက်ကြည့်ကာ တစ်ခွန်းထဲသောစကားလေးဆိုပြီး အိမ်ခြံဝန်းထဲရှိ တံခါးမကြီးဆီသို့ ဟေး ခပ်သွက်သွက်ပင်ပြေးမိသည် ... ။ အနေတော်အနေအထားရှိသည့် ဒေါက်ဖိနပ်လေးကိုတောင်မမှုပဲ မိုးဖွဲများကြားဝယ် ညစ်နွမ်းနေသော ဟေးရဲ့ စိတ်အစဉ်ကို ဆေးကြောပစ်မိသည် ... ။

" နင့်နှလုံးသားရဲ့ ခံစားချက်အတိုင်းပဲလိုက်ပါ ထယ် .. ဒီနှလုံးသားက သူ့ကိုလိုအပ်တယ်ဆို နင်သူ့ကိုချစ်လို့ပဲ ... "

❄❄❄❄❄❄❄❄❄❄❄❄

" ဟေး .... !!! "

ခြံထဲရှိပန်းပင်ငယ်လေးတွေကို ရေလောင်းနေစဉ် အော်ခေါ်လာသည့် အသံဩဩလေးကြောင့် ထယ်မှန်းဟေးသိလိုက်ရပါပြီ ... ။ ဟေးရှိရာဆီသို့ ခြေလှမ်းကြဲကြီးများဖြင့် ခပ်သွက်သွက်လှမ်းကာ လာနေသောထယ်သည် အနည်းငယ်ယိုယွင်းနေသော မျက်နှာအမူအယာ ဖြစ်နေသည့်အပြင် အလျင်လိုနေပုံပေါ်သည်မို့ ဟေးဘက်မှ မေးခွန်းထုတ်မိလိုက်သည် ... ။

" ဘာဖြစ်လို့လဲ ထယ် .. ရေးကြီးသုတ်ပြာနဲ့ ... ?? "

ဟေးအနားသို့ ရောက်လာသောခြေလှမ်းတစ်စုံပိုင်ရှင်မှာ မောပန်းနေသည်ထင် .. အသက်ရှုသံခပ်ပြင်းပြင်းတစ်ချက်ပြု၍ အသိချင်ဆုံး အရာတစ်ခုကို မေးလာတော့သည် ... ။

" ဘာလို့ငြင်းပစ်တာလဲ ဟေး ... !! "

အဆုံးမရှိ၊အစမရှိဖြင့် ရုတ်တရက်ဆိုလာသည့် ထိုစကား၏အဓိပ္ပါယ်မှာ ထယ့်မိဘတွေဘက်မှ ကမ်းလှမ်းလာသော ကိစ္စရပ်လေးအား ဟေးငြင်းဆန်ခဲ့သည်ကို ရည်ညွှန်းနေတာပင် ... ။ နောက်ဆုံးတော့ လူကြီးများ၏ သဘောတူမှုတစ်ရပ်ကို ထယ်သိသွားခဲ့ပြီပေါ့ ... ။

ထယ်၏စကားသံသည် ပျော်ရွှင်နေခြင်းလည်း မဟုတ်သလို ဝမ်းနည်းနေခြင်းလည်း မဟုတ်ပေ .. ။ ပန်းပင်လေးများအား ရေလောင်းခြင်းအမှုကို ခေတ္တရပ်တန့်၍ ထယ့်ဘက်မှအခြေအနေကို သိချင်သည်မို့ ဟေး ထယ့်မျက်ဝန်းတွေကို အဓိပ္ပါယ်ဖော်လိုက်မိသည် ... ။ အိုးး .. ထယ် ဒေါသထွက်နေတာပါလား .. ?? ။

" ဒီအတိုင်း .. ဒီအတိုင်းပဲ ... "

" ဆော့ဂျင်ဆန်းဘေးကြောင့်လား ... ?? "

ထယ် .. နင်ချစ်တဲ့မိန်းကလေးက ငါမဟုတ်လို့ နင့်ကိုလက်လွှတ်ပေးလိုက်တာပါလို့ အမှန်အတိုင်း ဟေးဝန်မခံနိုင် ... ။ ထို့ကြောင့် မသေမချာ အဖြေပေးမိတော့ ထယ့်ဘက်မှ ထွက်လာသောစကားကား ဆော့ဂျင်ဆန်းဘေးကြောင့်လားတဲ့ ... ။ ဘယ်လိုမျိုးမေးလိုက်တာလဲ ထယ်ရယ် .. ငါချစ်ဖူးတဲ့သူက နင်တစ်ယောက်တည်းပါ ထယ် ... ။

" မဟုတ်လောက်ပါဘူး ထင်နေတာ .. ဆော့ဂျင်ဆန်းဘေးနဲ့ တကယ်တွဲနေကြတာလား .. ?? အမှန်တော့ ဟိုတစ်နေ့က နင် ဆော့ဂျင်ဆန်းဘေးနဲ့တူတူ ညစာစားနေတာ ငါမြင်ခဲ့တယ်ဟေး .. "

သံသယထားနေတာလား .. သေချာသွားအောင် မေးနေတာလား ဟေးမသိ .. ။ အမှန်ဆို နင့်ကို လက်လွှတ်ပေးဖို့အတွက် အဖြူရောင်စည်းကလေးရဲ့ အနောက်ကို တစ်လှမ်းဆုတ်ပေးခဲ့တာလေ ထယ် ... ။ နင်ပျော်သင့်တယ်မလား ထယ်ရဲ့ ... ။ ဒါကိုဘာဖြစ်လို့ ဒီကိစ္စနဲ့မပတ်သတ်တဲ့ ဆော့ဂျင်ဆန်းဘေးက ပါလာရတာလဲဟင် ... ?? ။

" ထယ် .. ဒီနေ့ အိမ်မှာ နင်ကြိုက်တဲ့ဟင်းတွေချက်ထားတယ် ... လာစားဦးလေ ... "

ဟေး ထယ့်အမေးကို မဖြေချင်သည်မို့ စကားလမ်းကြောင်းလွှဲ၍ ပန်းပင်လေးများ ရေလောင်းခြင်းအမှုကို လက်စသပ်ကာ အိမ်ထဲသို့ဝင်ရန် ဟန်ပြင်လိုက်သည် ... ။ သို့ပါသော်လည်း တစ်ဆက်တည်းမှာပင် ဟေးရဲ့လက်ကလေးတစ်ဖက်ကို ဖမ်းဆုတ်လိုက်သောထယ်ကြောင့် ဟေးခြေလှမ်းတစ်စုံ ရပ်တန့်သွားရသည် ... ။ 

" ငါ .. လူကြီးတွေ သဘောတူထားတဲ့ကိစ္စကို မငြင်းခဲ့ဘူး ဟေး ... "

မထင်မှတ်ထားသော စကားတစ်ခွန်းကြောင့် ဟေးကိုယ်တိုင် ဘာဖြစ်သွားလိုက်မှန်းမသိ ... ။ ရှော့ခ်ရသွားသလို ခံစားချက်တစ်ခုကြောင့် ဟေးမှာ ချက်ချင်းတုန့်ပြန်စရာ စကားကားမရှိ ... ။ ထယ် အဲ့ဒီကိစ္စကို မငြင်းဘူးလား .. ?? ဘာကြောင့်များလဲ .. ?? ။

" ဒါပေမယ့် နင်ငြင်းရတဲ့အကြောင်းအရင်းက ဆော့ဂျင်ဆန်းဘေးကြောင့်ဆို ငါဘယ်လိုလုပ်ရမလဲ ... ?? "

ထယ့်အသံသည်ကား တိုင်ပင်နေခြင်းမဟုတ်သလို အသနားခံနေခြင်းလည်းမဟုတ် ... ။ ဘာလို့ငြင်းပစ်ရသလဲဆိုပြီး ဖခင်က ကလေးငယ်ကို ဆူပူနေသည့်ပုံပင် ... ။

" ငါ ဒီကိစ္စကိုငြင်းလိုက်တာ ဆော့ဂျင်ဆန်းဘေးကြောင့် မဟုတ်ဘူး ထယ် ... ငါလေ ငါ့ကိုအများကြီးချစ်ပေးတဲ့သူ .. ငါကလည်းသိပ်ချစ်တဲ့သူကိုမှ လက်ထပ်ချင်တာ ထယ် ... "

" အခုလည်း ငါတို့ချစ်နေကြတာပဲလေ ... "

လှစ်ခနဲထွက်လာသော ထယ့်စကားကို ဟေးမအံ့ဩမိ ... ။ ဟေး ဒီလိုအကြောင်းပြချက်ပေးရင် ထယ့်ဘက်က ဒီလိုတုန့်ပြန်လိမ့်မယ်ဆိုတာ ဟေးသိပြီးသားပါ ... ။ ငါတို့ချစ်နေကြတာပဲလေဆိုတဲ့ အဓိပ္ပါယ်ကို သိရဲ့လားထယ်ရဲ့ ... ။

" ဒါဆို ဟိုကောင်မလေးကရော .. ?? ချစ်တယ်ဆိုတာ ဝေါဟာရသာတူပေမယ့် အဓိပ္ပါယ်တွေ အများကြီးကွာတယ် ထယ် ... နင်ငါ့ကိုချစ်တယ်ဆိုတာ သူငယ်ချင်းတစ်ယောက်လို ချစ်တာပဲလေ ... "

ထယ့်ဘက်မှ ခေတ္တခဏ စဉ်းစားဟန်ပြုပြီးမှ ဟေးမျက်ဝန်းတွေကို တစ်ခါထပ်၍ စိုက်ကြည့်လာပြန်သည် ... ။ ထယ့်မျက်ဝန်းတွေဟာ ချစ်ရည်ရွှမ်းနေသော မျက်ဝန်းတွေမဟုတ် .. ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချပြီး မုချဧကန်ဖြစ်လိမ့်မယ်ဆိုတဲ့ မျက်ဝန်းတွေ ... ။

" ဒါပေမယ့် နင့်ကိုပဲ လက်ထပ်ချင်တယ် ဟေး ... "

" ကလေးမဆန်ချင်စမ်းနဲ့ ထယ် .. လက်ထပ်တယ်ဆိုတာ ကလေးကစားစရာမဟုတ်ဘူး ... "

ထယ်နှင့် စကားစပြတ်ရန်အလို့ဌာ ဟေး အိမ်တံခါးမကြီးဆီသို့ ခြေလှမ်းများဦးတည်လိုက်တော့သည် ... ။ ထယ်နှင့်သာဆက်ပြီး ပြောနေဦးမယ်ဆို ဟေးတို့နှစ်ဦးသား အမြင်မတူမှုကြောင့် ရန်ဖြစ်ဖို့သာ ကျန်တော့သည် ... ။ သို့ပေမယ့် ဟေးရဲ့ခြေလှမ်းလေးတွေ ငါးလှမ်းလောက်သာ ရှိသေးချိန်၌ ထယ်ကား အရှိန်ဖြင့် အရှေ့တွင်ပိတ်ရပ်ပြီး ဟေး၏လက်မောင်းနှစ်ဖက်အား ခပ်ကျစ်ကျစ်ဆုပ်ကိုင်၍ အကြည့်ချင်းဆုံအောင် လုပ်လေသည် ... ။

" ငါ့အပေါ်မှာ နားလည်မှုအပေးနိုင်ဆုံးလူမို့လို့ နင့်ကိုလက်ထပ်ချင်တာ ဟေး .. ပြီးတော့ ... ... ဘယ်သူ့လက်ထဲကိုမှလည်း ထည့်မပေးနိုင်လို့ .. .. "

ဒီတစ်ခါ ဟေးချက်ချင်း ခွန်းတုံ့မပြန်နိုင်တော့ .. ။ ထယ့်စကားတွေဟာ ဟေးနှလုံးသားတည့်တည့်ကို အဆိပ်လူးမြှားတစ်စင်းနဲ့ ပစ်ခွင်းလိုက်သလိုပါပဲ ... ။

အကယ်လို့သာ ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်ရဲ့ နောက်ဆက်တွဲမှာမှ ဒီစကားတွေကိုကြားခဲ့ရရင် ဟေးပြောမပြတတ်အောင် ပျော်ရွှင်မိမှာအမှန် ... ။ ဒါပေမယ့် အခုကျတော့ ထယ့်စကားတွေရဲ့ ဆိုလိုရင်းတွေဟာ နှလုံးသားရဲ့ အတွင်းဘက်ကျကျ အခန်းထဲကလာတဲ့ မြတ်မြတ်နိုးနိုးအချစ်တစ်ခုမှ မဟုတ်ပဲ ... ။

" ဒါဆို .. ငါ့ကိုချစ်လား ထယ် ... သူငယ်ချင်းတစ်ယောက်အနေနဲ့ မဟုတ်ပဲ မိန်းကလေးတစ်ယောက်အဖြစ်နဲ့ပေါ့ ... ... အဲ့ဒီလိုမှမဟုတ်ရင် ငါတို့ဒီမှာတင် ရပ်လိုက်ကြရအောင်လား ... "

" နင်ရော ငါ့ကိုချစ်လား ဟေး ... သူငယ်ချင်းတစ်ယောက်အနေနဲ့ မဟုတ်ပဲ ယောကျ်ားလေးတစ်ယောက်အဖြစ် ... ... "

ဟေးပြောသွားသည့်အတိုင်း ထပ်တူညီစွာ မေးခွန်းထုတ်လာသောထယ့်ကို ဟေးအဖြေမပေးမိ ... ။ ဟေးဘက်ကမေးခွန်းကိုတောင် မဖြေသည်မို့ ထယ့်ဘက်ကမေးခွန်းကိုလည်း ဟေးဖြေစရာမလိုဟု ထင်မိတာကြောင့်လေ ... ။ ဒီအကြောင်းကို ဒီမှာတင်ပဲ တော်ကြရအောင်ဟုဆိုကာ ဟေး ထယ့်ကိုကျောခိုင်းပစ်လိုက်တော့သည် ... ။

ချစ်သလားတဲ့ .. ?? သိပ်ချစ်တာပေါ့ ထယ် .. မြတ်မြတ်နိုးနိုးနဲ့ကို ချစ်မိသွားလို့ ဒီနှလုံးသားတစ်ခုလုံး တစ်စစီကြေမွသွားတာလေ ... ။ ဟေးရဲ့မေးခွန်းကို အမှန်ခြစ်ပြပြီး ဖြေနိုင်မယ်ဆို ဟေးဘက်ကလည်း ထယ့်အတွက် အဖြေလေးက အဆင်သင့်သာ ... ။

ဟေး သိပါတယ် .. ဟေးတို့နှစ်ဦးကြားမှာ တတိယလူ ရှိနေပြီဆိုကတည်းက ဟေး ကိုယ့်ကိုယ်ကို အထင်မကြီးတော့ပါဘူး ... ။ အဖြေတစ်ခုကို ပြတ်ပြတ်သားသား သိရမယ့်တစ်နေ့ကျ ဟေး ပျော်ပျော်ရွှင်ရွှင် လက်လွှတ်ပေးချင်မိလို့ပါ ထယ်ရယ် ... ။

❄❄❄❄❄❄❄❄❄❄❄❄

To Be Continued 🍁🍁🍁🍁🍁🍁🍁

Thanks for interesting my fanfic 💕💕💕
#Mystic

Weiterlesen

Das wird dir gefallen

71.8K 5.7K 55
THIS IS NOT A BL FIC πŸ˜…
2.7K 155 2
πŸŽ‚ HAPPY BIRTHDAY MIN_YOONGI πŸŽ‚ * Min Yoongi Γ— OC ... oneshot fiction *
2.1K 114 43
Episode : 35 + 2 Status : Complete Start : 3 August 2020 End : 2 March 2021 It was terrifying to love someone who was forbidden to you. Terrifying to...
my dark souls Von ki

Kurzgeschichten

103K 333 23
fetish ဖြစ်တာတွေ ချက်ဖြစ်ခဲ့တဲ့ roleplay တွေ α€α€€α€šα€Ία€–α€Όα€…α€Ία€–α€°α€Έα€α€²α€·α€α€¬α€œα€±α€Έα€α€½α€± တချို့က α€€α€­ α€…α€­α€α€Ία€€α€°α€Έα€šα€‰α€Ία€α€¬α€–α€Όα€…α€Ία€žα€œα€­α€― တချို့က α€€α€­ α€α€€α€šα€Ία€œα€―α€•α€Ία€α€»α€„α€Ία€α€¬ တချို့က α€€α€­α€–α€Όα€…α€Ία€α€²α€·α€α€¬α€œ...