Puppy's Gangster(Season2 of G...

By kyalsin92

781K 61.3K 4.3K

တချိန်​က မင်းရဲ့ puppyဖြစ်​ခဲ့တုန်းကလည်း မင်း​ကြောင့်​ ငါငိုခဲ့ရတယ်​...။ အခု..မင်းက ငါ့ရဲ့ gangster​လေး... More

...1...
...2...
...3...
...4...
Please...
...5...
...6...
...7...
...8...
...9...(1)
...9...(2)
...10...
...11...
Announcement
...12...
...13...
...14...
...15...
...16...
...Reminder...
...17...
...18...
...20...
...21...
...22...
...23...
ပြန်​လာခဲ့ပါမယ်​ ✌
...24...
...25...
...26...
...27...
...28...(Finalise)

...19...

20.6K 1.8K 98
By kyalsin92

"မှိုင်​လှချည်​လား??ဘာ​တွေဖြစ်​​နေတာလဲ..."

အနားတိုးကပ်​ထိုင်​ပြီး အ​မေးစကားပြုလာတဲ့ Kyungကို ကျ​နော်​ ခပ်​သာသာပြုံးပြလိုက်​ပြီး မလှမ်းမကမ်းမှာ တီးလုံး​တွေကြား ​ပျော်​မြူး​နေတဲ့Yeolကို လှမ်းကြည့်​လိုက်​မိတယ်​...။

အခု​ရောက်​​နေတဲ့​နေရာက Sehunပိုင်​တဲ့ club..တိတိကျကျ ​ပြောရရင်​ အထက်​တန်း​ကျောင်းသားဘဝတုန်းက ညကြီးမိုးချုပ်​ Yeol​လေး ကျ​နော့်​ကို ​ခေါ်လာခဲ့တဲ့club..။

DJသမားနဲ့အတူတူ တီးလုံး​တွေဖန်​တီးပြီး တစ်​ခါတစ်​ခါ လက်​တစ်​ဖက်​ကို ​လေ​ပေါ်​ထောင်​လိုက်​ တပ်​ထားတဲ့ headphoneကို နားနဲ့ဖိကပ်​လိုက်​..စက်​က ခလုတ်​တစ်​ချို့ကို နှိပ်​လိုက်​လုပ်​ပြီး လူငယ်​ဆန်​ဆန်​​ပျော်​မြူး​နေတဲ့ Yeolကို ကျ​နော်​ ခပ်​​တွေ​တွေ​ငေးကြည့်​​နေမိတယ်​...။

ခန့်​ငြားရက်​လွန်းပါဘိ...

Dancing Floorထဲက နှုတ်​ခမ်းနီမ​လေးတချို့ကလည်း စင်​မြင့်​ထက်​က ကျ​နော့်​​ကောင်​​လေးကို အားပါးတရငမ်း​နေကြလို့...

အဲ့လိုမြင်​ကွင်းက​တော့ ကျ​နော့်​ကို ခံစားချက်​နှစ်​မျိုးဖြစ်​​စေတာအမှန်​...။

ပထမခံစားချက်​က ကျ​နော့်​​ကောင်​​လေးကို လိုချင်​မျက်​စိနဲ့ ကြည့်​​နေကြလို့ ခံပြင်းတာ...
ဒုတိယခံစားချက်​က သူတို့လိုချင်​တဲ့ ​ကောင်​​လေးက ကျ​နော့်​ကို ဖူးဖူးမှုတ်​ချစ်​ပြီး ကျန်​တဲ့သူကို မျက်​လုံးထဲမမြင်​လို့ သူ့ချစ်​သူအ​နေနဲ့ ဂုဏ်​တက်​မိတဲ့ ခံစားချက်​...

"Huk..."

အ​တွေးတချို့​ကြောင့်​ ခပ်​တိုးတိုးရယ်​မိ​တော့ musicသံ​တွေကြား အချိုးကျကျက​နေတဲ့ Kaiကို ပြုံးကြည့်​​နေတဲ့ KyungSooအကြည့်​က ကျ​နော့်​ဆီ ​ရောက်​လာပြီး...

"ဘာလို့ရယ်​တာလဲ??Baek...မင်း ဘာဖြစ်​​နေတာလဲ?မလိုက်​စဖူး club​တွေဘာ​တွေလိုက်​လို့လိုက်​နဲ့...ဘာဖြစ်​​နေတာလဲ?"

တစ်​ခါမှclubကို မလိုက်​ဖူးတဲ့ကျ​နော့်​ကို Kyungက အထူးအဆန်းအ​နေနဲ့ ​မေးလာတယ်​...။

"Yeolကို စိတ်​မချလို့.."

ကျ​နော့်​အ​ပြော​ကြောင့်​ KyungSooရဲ့ မျက်​​စောင်းကို နီယွန်​မီ​ရောင်​​တွေကြားက​နေမြင်​လိုက်​ရ​သေး....။

သူငယ်​ချင်းဖြစ်​သူ မကြည်​ကြည့်​ကို အပြုံးတစ်​ခုနဲ့ တုန့်​ပြန်​လိုက်​ပြီး စင်​မြင့်​ထက်​ကYeolဆီ အကြည့်​ပြန်​ပို့လိုက်​ကာ...

"Chanyeolသာ ငါ့ကိုထားသွားရင်​...ငါ​သေမှာ..."

"Baekhyun..."

"Chanyeolကို လက်​ထပ်​ချင်​​နေတဲ့ ဂိုဏ်းကြီးကြီးရှိတယ်​ Kyung ah.."

သူ့စကားမဆုံးခင်​ ဖြတ်​​ပြောလိုက်​တဲ့ ကျ​နော့်​အ​ပြော​ကြောင့်​ KyungSoo ငြိမ်​ကျသွားတယ်​...။

သူလည်းသိပြီး​လောက်​မှာပါ..Kaiက သူ့ကို​ပြောထားပြီး​ရော​ပေါ့...

"မင်းတို့အတွဲကလည်းကွာ..ဟိုတ​လောက သူ့ညီမက မင်းကိုကြိုက်​တယ်​..​နောက်​ကျ မင်းစီနီယာက မင်းကိုကြိုက်​ပြန်​​ရော..​ဟော..အခုကျChanyeolကို ယူချင်​တဲ့သူက​ပေါ်လာပြန်​ပြီ...​တော်​​တော်​နာမည်​ကြီး​နေကြတာပဲ..."

ခေါင်းခါရမ်းရင်း ပြုံးစိစိနဲ့​ပြောလာတဲ့ KyungSooစကားက မှန်​​နေ​တာ​ကြောင့်​ ကျ​နော်​ သ​ဘောတကျရယ်​လိုက်​မိတယ်​..။

ဟုတ်​ပါရဲ့...Yeolကို ကြိုက်​တဲ့သူ​ပေါ်လာလိုက်​..ကျ​နော့်​ကို ကြိုက်​တဲ့သူ​ပေါ်လာလိုက်​နဲ့...ကျ​နော်​တို့နှစ်​​ယောက်​လုံးကို တပြိုင်​တည်းသ​ဘောကျမယ့်​သူ​ရော ​မရှိဘူးလားမသိ...။

"Baek..​ဟေ့​ရောင်​..ငါကြည့်​​နေတာကြာပြီ..ငါတို့ဝိုင်းနဲ့ နာရီလက်​တံ​၉နာရီစွန်းစွန်းက ဝိုင်းကိုမသိမသာကြည့်​ကြည့်​စမ်း...၊အဲ့ဝိုင်းက လူ​တွေငါတို့ကို ခဏခဏလှမ်းလှမ်း ကြည့်​​နေတာကြာပြီရယ်​.."

အနားပိုကပ်​လာပြီး ခပ်​တိုးတိုး​ပြောလာတဲ့ KyungSoo​ကြောင့်​ စားပွဲ​ပေါ်က ​ရေဖန်​ခွက်​ကို ​ကောက်​ယူ​သောက်​ဟန်​နဲ့ မသိမသာလှမ်းအကဲခတ်​ကြည့်​မှ..

သေချာတာ​ပေါ့..အဲ့ဝိုင်းက ဘိုး​တော်​​တွေ ဘာလို့ ကျ​နော်​တို့ကို ကြည့်​​နေရတာလဲ??ကျ​နော်​နဲ့ အကြည့်​ချင်းဆုံသွား​တော့​ ဆတ်​ကနဲပြန်​လွှဲသွားတဲ့ ထိုသူ​တွေရဲ့ အကြည့်​​တွေ...

"Ya..Baekhyun..မင်းကိုကြည့်​​နေတာ​နော်​..၊ဘာလဲ..မင်းကို ​ကြွေတဲ့​နောက်​တ​ယောက်​လား??"

မဖြစ်​နိုင်​လိုက်​တာ Kyungရာ...

"Chanyeolကို လှမ်း​ခေါ်လိုက်​မလား??"

"မ​ခေါ်နဲ့!!"

ပါးစပ်​ကလည်း​ပြော လူကလည်း​နေရာက​နေထဖို့ ပြင်​​နေတဲ့ KyungSooကို အမြန်​လှမ်းတားလိုက်​မိတယ်​..။

ကိုယ့်​ချစ်​သူ​ကောင်​​လေးအ​ကြောင်း ကိုယ်​သူအသိဆုံး...
စိတ်​ကလက်​တဆစ်​...
ဝုန်းဒိုင်းဆို လက်​ကပါပြီးသား..တစ်​ခါတည်း သတ်​ပွဲ​တွေဖြစ်​ကုန်​မှ...။

"ငြိမ်​ငြိမ်​​လေး​နေ​နေပါ KyungSooရယ်​..Chanyeolအ​ကြောင်းလည်းသိသားနဲ့.."

ကျ​နော့်​တားမြစ်​သံ​ကြောင့်​ KyungSooက မထိုင်​ချင်​ထိုင်​ချင်​နဲ့ ပြန်​ထိုင်​လာတယ်​...။

သူ​​တောင်​လန့်​​နေတာပဲ..ကျ​နော်​လည်း ​ကြောက်​တာ​ပေါ့..၊

ဒါ​ပေမယ့်​..Yeolရဲ့ သတ်​ပွဲ​တွေကို​တော့ ကျ​နော်​ ထပ်​မကြုံပါရ​စေနဲ့...။

"လာ..ငါ့နားကပ်​​နေ."

ကျ​နော့်​ကိုယ်​ကို သူ့နားဆွဲ​ခေါ်ကပ်​လိုက်​တဲ့ KyungSoo​ကြောင့်​ ကျ​နော်​ ပြုံးလိုက်​မိတယ်​...။သူငယ်​ချင်း​လေး ချစ်​ဖို့​ကောင်းချက်​...။

"Hyunee.."

သူငယ်​ချင်းနှစ်​​ယောက်​ ပူးပူးကပ်​ကပ်​ထိုင်​​နေတုန်း လာ​ခေါ်တဲ့ Yeol​လေး​ကြောင့်​ ကျ​နော့်​ရင်​ထဲက အလုံးကြီးက ဝုန်းကနဲ...။

"Hee...Yeol လာ Hyunဘေးလာထိုင်​.."

န​ဘေး​နေရာကို လက်​ပုတ်​ပြကာ​ခေါ်လိုက်​​တော့ အပြုံးတစ်​ပွင့်​နဲ့ Yeolလာထိုင်​တယ်​ဆိုရင်​ပဲ....

"ငါသွားပြီ​နော်​.."

နှုတ်​ဆက်​စကားဆိုပြီး Kaiဆီအ​ရောက်​​ပြေးသွားတဲ့ KyungSoo​ကြောင့်​ ကျ​နော်​ သ​ဘောတကျပြုံးလိုက်​ပြီး န​ဘေးကYeolရဲ့ လက်​​မောင်း​ပေါ် မှီအိပ်​ချလိုက်​တယ်​...။

"အပု​လေးနှစ်​​ယောက်​က ဇွတ်​ကပ်​​နေကြတာပဲ..ဘာဖြစ်​လို့လဲ.."

ကျ​နော့်​ဆံပင်​​တွေကြား အနမ်းတပွင့်​​ခြွေကာ ​မေးလာသူ​ကြောင့်​ မှီအိပ်​ထားတဲ့ သူ့လက်​​မောင်းသားကို ကိုက်​ခဲပစ်​လိုက်​တယ်​..။

လူကိုများ အပု​လေးတဲ့..သူရှည်​တိုင်း...

"Hahaha.."

ကျ​နော့်​အပြုအမူ​ကြောင့်​ သ​ဘောတကျ​ ​အော်​ရယ်​လာ​သောသူ...

သူ့ရယ်​သံ​ကြောင့်​ ကျ​နော်​ပါပြုံးလိုက်​ကာ Floorထဲ လှမ်းကြည့်​မိ​တော့ ကျ​နော့်ကိုကြည့်​ပြီး မျက်​​စောင်းထိုး​နေကြတဲ့ အတိုအပြတ်​ဝတ်​မဒီပျို​တွေ...

Huk...ကွဲလိုက်​ကြစမ်း..အဲ့​နေရာမှာတင်​..၊မင်းတို့​ကြွေဆင်း​နေတဲ့ Park Chanyeol ဆိုတဲ့ လူသားက လွန်​ခဲ့တဲ့၆နှစ်​ကတည်းက Baekhyunဆိုတဲ့ ဒီက​ကောင်​ကို ​ကြွေဆင်း​နေခဲ့တာပါ​နော်​...။

အ​တွေးတချို့နဲ့အတူ မာန်​တက်​လာတာ​ကြောင့်​ ခပ်​တိုးတိုးရယ်​ပြီး အ​စောကဘိုး​တော်​တို့ဝိုင်းကို လှမ်းကြည့်​လိုက်​​တော့ တ​ယောက်​မှရှိမ​နေ​တော့တဲ့ ထိုဝိုင်း..

ဘယ်​​ရောက်​သွားကြလဲမသိ...

ပြောပါတယ်​..Park Chanyeolသာ န​ဘေးရှိရင်​ အရာရာလုံခြုံပါတယ်​လို့...။

ကျေနပ်​​ပျော်​ရွှင်​မှုနဲ့အတူ မှီထိုင်​​နေရာက​နေထလိုက်​ပြီး Yeolမျက်​နှာကို ဆွဲလှည့်​ယူလိုက်​ပြီး ချစ်​ခြင်း​တွေ​ပျော်​ဝင်​​နေတဲ့ အနမ်း​တွေ​ပေးလိုက်​မိတယ်​..။

လူ​တွေအများကြီးရှိ​နေ​သော်​ငြား..ကျ​နော်​ မ​ကြောက်​မရှက်​မိပါ...

ကိုယ့်​ချစ်​သူကို ချစ်​လို့ အနမ်း​ပေးတာပဲဟာ..

ထိုအနမ်းနဲ့အတူ Yeol​လေးရဲ့ ​အပြုံး​တွေလည်းအတူ ပါဝင်​ခဲ့ပါသည်​...။

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

...\\Hyun ​အောက်​ဆင်းခဲ့ဦး..//..ဆိုတဲ့ သူ့ဖုန်းဆက်​​ခေါ်သံ​ကြောင့်​ ည​​နေခင်း၎နာရီ​လောက်​ကြီး အ​ပေါ်ဝတ်​အင်္ကျီအပါးတစ်​ထည်​ကို ဆွဲဝတ်​ပြီး အိမ်​​ရှေ့အမြန်​​ပြေးထွက်​လာခဲ့မိတယ်​...။

"Yeol!!!"

အနီ​ရောင်​ရဲရဲပြိုင်​ကားကို ဟန်​ပန်​ကျကျမှီရပ်​​နေပြီး ကား​ခေါင်းထဲ ​ခေါင်း​စောင်းရင်း စကား​ပြော​နေသူက ကျ​နော့်​အသံ​ကြောင့်​ အိမ်​​ပေါက်​ဝက ကျ​နော့်​ကို လှမ်းကြည့်​လာပြီး အ​တောက်​ပဆုံးပြုံးပြလာခဲ့တယ်​..။

"အိမ်​ထဲဝင်​တာမဟုတ်​ဘဲ yeolရာ.."

ခေါင်းခါရမ်းပြလာ​သူက သူ့​ရှေ့လာရပ်​တဲ့ ကျ​နော့်​ကိုယ်​​ပေါ်က အ​ပေါ်ဝတ်​လက်​ရှည်​ကို ရင်​ဘတ်​ထိလုံ​အောင်​ ဆွဲစိ​ပေးလာရှာတယ်​...။

ဘယ်​​သောအခါမှ ရိုးအီမသွားတဲ့ သူ့ဂရုစိုက်​မှု​တွေကြား ပြုံး​လိုက်​မိပြီး ​မှန်​တံခါးချထားတဲ့ ​ခေါင်းခန်းထဲကို ​ခြေဖျား​ထောက်​စပ်​စုကြည့်​လိုက်​တယ်​...။

ဘယ်​သူများပါလာလို့ သူ့ကို ကျ​နော်​စ​တွေ့​တော့ စကားငုံ့​ပြော​နေရတာလဲ??

မျက်​ခွံကိုအ​ပေါ်ပင့်​ ​ခြေဖျားကို​ထောက်​ပြီး ကွယ်​​နေတဲ့ Yeol​လေး ပခုံးက​နေ​ကျော်​ကြည့်​မိ​တော့ မြင်​လိုက်​ရတဲ့သူ​ကြောင့်​...

"ဟင်​..Yeol..သူက??"

တအံ့တသြ​မေးလိုက်​တဲ့ ကျ​နော့်​အ​မေးဆုံး​တော့...

"ကိုယ့်​ကို အဲ့ဒုက္ခအိုး ရှင်း​ပေးဦး..Ya!!ဘာလုပ်​​နေတာလဲ??နှုတ်​ဆက်​လိုက်​​လေ Park Byeol.."

"Park Byeol..??Yeolညီမ​လေးလား??"

Safety Belt​လေးပတ်​ပြီး ဆံပင်​​ဂုတ်​၀ဲ​လေးကို ငယ်​ထိပ်​​ထောင့်​နှစ်​ဖက်​မှာ ဂြိုဟ်​​ထောင်​စီးထားတဲ့ က​လေးမ​လေးက Yeolနဲ့ တစ်​ပုံစံတည်းပဲ...။

"Annyeonghaseyoe...Park Byeol mita.."

ခေါင်း​လေးညွတ်​ပြီး မဝံ့မရဲနှုတ်​ဆက်​လာတဲ့ က​လေးမ​လေး​ကြောင့်​ ကျ​နော်​ ကားမှန်​တံခါးနားထိ ခါးကုန်းလိုက်​ပြီး တန်​ပြန်​နှုတ်​ဆက်​လိုက်​ပါတယ်​..။

"Annyeong..Oppaနာမည်​က Baekhyunပါ.."

ကျ​နော့်​ကို မျက်​လုံး​တွေမှိတ်​ကျသွားတဲ့အထိ ပြုံးပြလာတဲ့ က​လေးမ​လေးက အသည်းယားစရာအတိ...။

"Aigoo...ချစ်​စရာ​လေး..၊Yeolနဲ့ တစ်​ပုံစံတည်းပဲ.."

"ဟွန့်​..​တွေ့တဲ့လူတိုင်း ဒါပဲ​ပြော​နေ..၊မတူဘဲနဲ့.."

မ​ကျေမနပ်​​ပြောလာပြီး သူ့ညီမသူ ဆူပုပ်​ပုပ်​နဲ့ ငုံ့ကြည့်​လာတဲ့ Yeol​ပုံစံ​ကြောင့်​ ကျ​နော်​ပါ Byeol​လေးကို ပြန်​ကြည့်​လိုက်​ပြီး...

"တူပါတယ်​..ကြည့်​ပါလား..၊Yeolမျက်​လုံး​တွေမှ Yeolမျက်​လုံး​တွေ..​."

Park Byeol​လေးကို ပထမဆုံးအကြိမ်​​တွေ့ဖူးတဲ့ ကျ​နော့်​အတွက်​​တော့ Yeolရဲ့ ဖ​အေတူအ​မေကွဲညီမ​လေးဟာ Yeolနဲ့ ​တော်​​တော်​တူ​နေတာဟာ အံ့သြဖို့​ကောင်းလွန်းတယ်​...။

"တစ်​ရုပ်​စီပါ BaeBaeရယ်​..မတူပါဘူး..၊ကိုယ်​ကပို​ချောတာပါ.."

ကိုယ့်​ဘက်​ကိုယ်​ယက်​​နေတဲ့ ချစ်​လှစွာ​သောလိပ်​ကြီး​ကို မျက်​​စောင်းလှမ်းထိုးလိုက်​ကာ...

"ဟုတ်​ပါပြီ...ကဲ အခု က​လေး​လေးက ဘာလို့လဲ??"

ကျ​နော့်​အ​မေး​ကြောင့်​ Yeol​လေးရဲ့ မကြည်​ကြည့်​က ကားထဲက Byeol​လေးဆီ ​ရောက်​သွားပြီး...

"အဲ့က​လေးမကို ဒီ​နေ့ည​နေခင်းကိုယ်​ထိန်းရမှာ​လေ.."

ကြားလိုက်​ရတဲ့ စကား​ကြောင့်​ ကျ​နော်​ လက်​ခုပ်​တီးပြီး ထခုန်​လိုက်​မိတယ်​..။

HaHa..တစ်​မိုး​အောက်​က Park Chanyeolတို့ က​လေးထိန်းရ​တော့မှာ ကျ​နော်​ ဝမ်းမသာဘဲ​နေမလား??

"ဘာလဲ..အဲ့reactionက??​ပျော်​​နေတာလား??"

မျက်​​မှောင်​ကြုတ်​ကာ ​မေးလာသူကို ကျ​နော်​ ​ခေါင်းငြိမ့်​ပြလိုက်​မိတယ်​..။

"Arshi...Park Byeolတို့က​တော့ ဘယ်​ကတည်းက ငါ့ကို ခိုင်းစားချင်​​နေတယ်​မသိ.."

ချစ်​စဖွယ်​က​လေးငယ်​ကို ဆူ​ငေါက်​လာတဲ့ ချစ်​ရသူရဲ့ ​ကျောပြင်​ထက်​ ကျ​နော့်​လက်​ဝါးကို အရှိန်​ပြင်းပြင်း သက်​ဆင်း​စေလိုက်​ပြီး...

"က​လေးကို..ဘာလို့ဆူ​နေတာလဲ!!"

"အသက်​၉နှစ်​က က​လေးလား??"

ဆူ​အောင့်​ပြီး ​မေးလာတဲ့Chanyeolက တကယ်​ပဲ သူ့ညီမကို မထိန်းချင်​တဲ့ဟန်​နဲ့...။

ဒီ​တော့..ကျ​နော်​ကပဲ ​ချော့​မော့​မေးရ​တော့မှာ​ပေါ့..

"ကဲပါ..​ပြောပါဦး..၊ဘာလို့ Byeol​လေးကို ထိန်း​ပေးရတာလဲ?"

ကျ​နော်​ သ​ဘောကျတဲ့ သူ့လက်​ကို လှမ်းယူဆုပ်​ကိုင်​လိုက်​ပြီး ​မေးလိုက်မိတယ်​...။
အင်း...ဘယ်​အချိန်​ကိုင်​ကိုင်​ ​နွေး​ထွေးမှု​တွေသာ ​ပေးတဲ့ လက်​တစ်​စုံပဲ...။

"Appaနဲ့သူ့မိန်းမက လွန်​ခဲ့တဲ့၃ရက်​ကတည်းက ဂျယ်​ဂျူဒိုမှာ စည်းရုံး​ရေးသွားဆင်းတာ​လေ..၊ကျန်​ခဲ့တဲ့ရက်​​တွေတုန်းက​တော့ သူ့​အ​မေညီမက လာလာ​စောင့်​​ပေးတယ်​..၊ဒီ​နေ့ည​နေကျ မိတ်​ဆုံစားပွဲတက်​စရာရှိလို့ဆိုလား..အကူအညီ​တောင်းလာတာနဲ့...​ခေါ်လာရတာ..tsk..ည​နေခင်း​လေး..dateလုပ်​မလို့ပါဆို..."

နိုင်​ငံ​ရေး​လောကထဲ ပြန်​၀င်​ဖို့ လုပ်​​နေတဲ့ Arpugyiက အမတ်​​လောင်း​နေရာဝင်​ပြိုင်​​နေ​တော့ စည်းရုံး​ရေး​တွေဆင်း​နေ​ရော​ပေါ့...၊မအားလပ်​တဲ့ မိသားစုဝင်​​တွေကြား က​လေးထိန်းတာဝန်​ရသွားသူက ကျ​နော့်​ ချစ်​သူPark Chanyeol...

"ငါတို့ဒိတ်​လုပ်​ရင်း က​လေးလည်းပါ​တော့ ပို​ပျော်​ဖို့​ကောင်းတာ​ပေါ့..."

သူ့ပခုံးကို တွန်းတိုက်​မှီရင်း အ​ချော့​ပြေစကား​ပြောလိုက်​တဲ့ ကျ​နော့်​ကို အကြင်​သူကအသာငုံ့ကြည့်​ပြီး...

"မဟုတ်​​တောင်​.ဒိတ်​လုပ်​ဖို့ လာ​ခေါ်တာပါ​နော်​.."

"ဟုတ်​လား..၊ခဏ​စောင့်​..အဝတ်​သွားလဲဦးမယ်​.."

အိမ်​ထဲကိုအ​ပြေးတစ်​ပိုင်း​ပြေးဝင်​ပြီး အိမ်​​ပေါက်​၀​ရောက်​​တော့ ကျန်​ရစ်​ခဲ့တဲ့ ​မောင်​နှမနှစ်​​ယောက်​ကို စိတ်​မချလို့ လှည့်​ကြည့်​မိ​တော့..ထင်​တဲ့အတိုင်း..

"Ya!!Park Chanyeol!!!"

"ဘာမှမလုပ်​ဘူး!!!"

က​လေးမ​လေးရဲ့ ပါး​ဖောင်း​ဖောင်း​လေးကို အတင်းဆွဲညှစ်​​နေတာ မြင်​​နေရက်​သားနဲ့..ဘာမှမလုပ်​ဘူး..ပြိုင်​​အော်​လာတဲ့ ကျ​နော့်​ချစ်​သူဟာ​ က​လေးထက်​ပိုပြီးက​လေးဆန်​လွန်းတယ်​...။

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

"Park Byeol..ငြိမ်​ငြိမ်​ထိုင်​​နော်​..၊ဟိုပွတ်​ဒီပွတ်​လုပ်​ရင်​ ရိုက်​စုတ်​ပစ်​မှာ..."

ကျ​နော့်​​ပေါင်​​ပေါ် ငြိမ်​ငြိမ်​​လေးထိုင်​​နေတဲ့ က​လေးမ​လေးကို ​ကြောက်​စရာ​ကောင်း​အောင်​ မာန်​မဲလာသူက န​ဘေးက​နေ မျက်​​မှောင်​ကြုတ်​ပြီး ကား​မောင်းလာတဲ့ ချစ်​​သောသူ...။

နီရဲရဲပြိုင်​ကားဟာ ထိုင်​စရာနှစ်​ခုံပဲပါတာ​ကြောင့်​ Byeol​လေးအတွက်​ ထိုင်​စရာ​နေရာက ကျ​နော့်​​ပေါင်​​ပေါ်သာ...

"Hyunee..နိုင်​လား??အဲ့က​လေးမ​လေးက ဝက်​​..."

"Byeolက မ၀က်​ပါဘူး.."

"ဘာမ၀က်​ဘူးလဲ??လူကဖြင့်​၁၀နှစ်​မပြည့်​ချင်​​သေးဘူး..စားသမျှက အကုန်​အသားဖြစ်​တာ...၊​ရေ​သောက်​တိုင်း ၀ ​လေ​တိုက်​လည်း ၀​နေ.."

"Oppa..oppaလည်း တူတူပဲဟာ.."

တစ်​​ယောက်​တစ်​ခွန်း ခွန်းတုံ့ပြန်​​ပြော​နေကြတဲ့ ​မောင်​နှမနှစ်​​ယောက်​​ကြောင့်​ ကျ​နော်​ သ​ဘောတကျ ရယ်​​နေမိတယ်​...။

Park Chanyeol..​ပြော​တော့ဖြင့်​ မချစ်​ပါဘူး..မချစ်​ပါဘူးနဲ့..သူနဲ့ချွတ်​စွတ်​တူတဲ့ ဒီဝဝလုံးလုံးက​လေးမ​လေးကို သူလားမချစ်​မှာ...။

မတည့်​အတူ​နေ ​မောင်​နှမကျ​နေတာပဲ...။

"Hyunee..မချီနဲ့.!သူ့ဟာသူ ​လျှောက်​​ပေ့​စေ..၉နှစ်​​ရောက်​​နေပြီ..။လက်​မလွှတ်​နဲ့ ကြားလား!~"

ကုန်​တိုက်​​ကားပါးကင်​မှာ ကားရပ်​ပြီး Byeol​လေးကို ​ပွေ့ချီမယ်​အလုပ်​ တားမြစ်​လာတဲ့ Yeolက သူ့ညီမကို သူ့အားသူကိုး​စေချင်​ပုံရတယ်​...။

ဆူဆူပူပူ​ပြော​နေသူက ဘယ်​ဘက်​လက်​က ကျ​နော့်​လက်​ကိုကိုင်​ ညာဘက်​လက်​က​နေ သူ့ညီမလက်​ကို ကိုင်​ပြီး ဦး​ဆောင်​သွား​နေတာ...မသိရင်​ မူကြိုလိုက်​ပို့တဲ့ က​လေးအ​ဖေကြီးလိုလို...။

"Hyunee..bae..​ဘာဂါစားမလား??"

Sub Wayဆိုင်​​ရှေ့ရပ်​ရင်း အ​မေးပြုလာတဲ့ Yeolကို ကျ​နော်​ ​ခေါင်းငြိမ့်​​ထောက်​ခံပြလိုက်​မိတယ်​...။ကျ​နော်​လည်း ဗိုက်​ဆာတာ​ပေါ့...။

"Baekhyun Oppa.."

Counterမှာ မုန့်​သွားမှာ​နေတဲ့ Yeolကို ကျ​နော်​ ​ငေးကြည့်​​နေတုန်း​ ​ခေါ်လာတဲ့ Byeolရဲ့ အသံ​သေး​သေး​လေး​ကြောင့်​ ကျ​နော်​ ​ရှေ့ပြန်​ကြည့်​လိုက်​ကာ...

"အင်း..က​လေး..​ပြော.."

"ဟို​လေ..Byeol​လေးတို့ဆီမှာ လာ​နေပါလားဟင်​??"

ပြောလာတဲ့ စကားရဲ့အဓိပ္ပါယ်​ကို ကျ​နော်​ နားမလည်​တာ​ကြောင့်​ အသာပြုံးပြလိုက်​မိ​တယ်​...။

"Oppaက​ပြောတယ်​...၊သူ့ကို အိမ်​မှာလာ​နေ​စေချင်​ရင်​..အခုထွက်​လာတဲ့ Oppaကိုပါ အိမ်​အ​ရောက်​​ခေါ်​ပေးတဲ့.."

"ဟမ်​."

"​စော​စောက Baekhyun Oppa..အိမ်​ထဲက ထွက်​မလာခင်​တုန်းက Byeolကို ​ပြော​နေတာ​လေ..Oppaကြီးက.."

မုန့်​ဗန်းကြီးမပြီး ပြန်​လာတဲ့ သူ့အကိုဖြစ်​သူကို ​လှမ်းကြည့်​ရင်း ဆက်​​ပြောလာမှ ကျ​နော်​ အဓိပ္ပါယ်​နားလည်​​တော့တယ်​...။

Park Chanyeol..လူကို..။က​လေးက​နေတဆင့်​ အိမ်​အ​ရောက်​​ခေါ်​နေတာ...။

"အင့်​..ဒါ​လေးက ကိုယ့်​babyအကြိုက်​ sauceများများနဲ့ အသားညှပ်​..."

အသားညှပ်​​ပေါင်​မုန့်​တစ်​လုံးနဲ့ အ​အေးဘူးတစ်​ဘူးချ​ပေးလာတဲ့ ChanYeolကို ကျ​​နော်​ မကြည်​ကြည့်​ ကြည့်​လိုက်​ကာ...

"Park Chanyeol...က​လေးက​နေ ငါ့ကို အိမ်​​ပေါ်​ခေါ်တင်​​နေတယ်​​ပေါ့.."

"Ya..!"

ကျ​နော့်​စကားလည်း ဆုံး​ရော မျက်​နှာချင်းဆိုင်​က Byeol​လေးကို ​အော်​ချလိုက်​တာ က​လေးမှာ ဆတ်​ကနဲတုန်​တက်​သွားတဲ့အထိကို လန့်​သွားရှာတာ...။

"ဘာလို့ က​လေးကို ​အော်​​နေတာလဲ??က​လေးနဲ့ ဘာမှမဆိုင်​တဲ့ဟာ..."

ပြန်​ရန်​​စောင်​လိုက်​တဲ့ ကျ​နော့်​ကို Yeolက ဆူပုပ်​ပုပ်​ ကြည့်​လာပြီး...

"သူကအကုန်​​ပြော​နေတာကို.."

"က​လေးကို မဟုတ်​တာ​တွေ အရင်​သင်​​ပေးတာ ဘယ်​သူလဲ??"

ငြိမ်​ကျသွားတဲ့ ​ကောင်​ဆိုး​လေးက မျက်​နှာချင်းဆိုင်​က သူ့ညီမဆီ အကြည့်​စူးစူး​တွေပို့လိုက်​ပြီး ​ပြောလာတဲ့စကားက.

"Park Byeol..နင့်​ဟာနင်​ ​သေမလား..Oppaသတ်​​ပေးရမလား??"...တဲ့..

"Park Chanyeol!!!"

က​လေးငယ်​ငယ်​ကို ဘာစကား​တွေ​ပြော​နေမှန်းမသိတဲ့ န​ဘေးက လူ့ဂွစာကြီးရဲ့ နားရွက်​ကို လိမ်​​ခေါက်​​နေ​အောင်​ ဆွဲလိမ်​ပစ်​လိုက်​မိတယ်​...။

ဘယ်​လိုလူမှန်းမသိ..က​လေးကို...

"သွား..ဟိုဘက်​ သွားထိုင်​..၊Byeol..လာ Oppaဆီ.."

ဘေးကပ်​ရပ်​ထိုင်​​နေတဲ့ ချစ်​ရသူကို မျက်​နှာချင်းဆိုင်​ ထိုင်​ခုံကိုပို့ မျက်​နှာချင်းဆိုင်​က Byeol​လေးကို ကိုယ့်​ဘက်​​ဘေးထိုင်​​စေလိုက်​ပြီး..လူဆိုး​ကောင်​ကို လျစ်​လျူရှုလိုက်​ကာ က​လေးငယ်​နဲ့နှစ်​​ယောက်​တစ်​ကမ္ဘာ​ထောင်​လိုက်​မိတယ်​...။

ကြားသားပဲ..ခပ်​တိုးတိုး​ပြော​နေတဲ့ Park Chanကြီးရဲ့ စကားကို...

"Park Byeolလည်း မ​ကောင်းဘူး..၊Park Hyunလည်း မ​ကောင်းဘူး..."..တဲ့...

ဆူပုပ်​ပုပ်​ငြီး​နေတဲ့ သူ့ပုံစံက ချစ်​ဖို့​ကောင်းလွန်းတယ်​...

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

"နာသွားလား??"

Byeol​လေးကို သူ့အ​ဒေါ်ဆီပြန်​ပို့​ပေးပြီး​တော့ Yeol​လေး ကျ​နော့်​ကို ​ခေါ်လာတာက သူ့တိုက်​...။

ကျ​နော်အခု​ရောက်​​နေတာက သူ့ကုတင်​ထက်​က သူ့ရင်​ခွင်​တွင်းမှာ...

ည​နေခင်းပိုင်းက ကျ​နော်​ဆွဲလိမ်​လိုက်​တဲ့ သူ့နားရွက်​​လေးကို လက်​မနဲ့လက်​ညိုးသုံးပြီး အသာပွတ်​​ချေ​ပေးရင်း ကျ​နော်​​မေးလိုက်​​တော့ ခပ်​ပြုံးပြုံးအ​နေအထားနဲ့ ​ခေါင်းခါရမ်းပြလာ​သောသူ...။

"က​လေးကို ကြင်​နာစမ်းပါ.."

ကျ​နော့်​အ​ပြော​ကြောင့်​ သူက နှာ​ခေါင်းတစ်​ချက်​ရှုံ့ပြပြီး လူကို ပိုတိုးဖက်​လာခဲ့တယ်​...။

"အဲ့က​လေးမကို မထိတထိ​လုပ်​​နေရတာ ဘယ်​​လောက်​အားရဖို့​ကောင်းလဲ??"

ပြောမနိုင်​တဲ့ ကျ​နော့်​ ချစ်​သူ...

"Yeol.."

"Inn..."

"Yeol နဲ့ငါ ဘယ်​လိုစ​တွေ့လဲ မှတ်​မိလား??"

သူ့ရင်​ခွင်​ထဲက​နေ ​ခေါင်း​မော့​မေးလိုက်​မိ​တော့ သူကပါ ငုံ့ကြည့်​လာပြီး...

"​An..Anyeong..၊ငါ့နာမည်​က Byun Baekhyunပါ.."

တစ်​လုံးမကျန်​မှတ်​မိ​နေသူ​ကြောင့်​ ကျ​နော်​လှမ်းမီတဲ့ သူ့​မေး​နားကို အနမ်းတစ်​ပွင့်​လှမ်း​ခြွေ​ပေးလိုက်​မိတယ်​...။

"​တော်​လိုက်​တာ.."

"Bae.."

"အင်​ဟင်​.."

ခေါ်လာသူက ဘာစကားမှ ဆက်​မ​ပြောဘဲ ကျ​နော့်​ဆံပင်​​တွေကြား ခပ်​ဖွဖွနမ်းလာခဲ့တယ်​..။

ခဏကြာမှ...

"ချစ်​တယ်​.."

ဖွင့်​ဟဝန်​ခံမှု​ကြောင့်​ ကျ​နော်​ နှစ်​နှစ်​ခြိုက်​ခြိုက်​ ပြုံးလိုက်​မိပြီး..

"အင်း...Hyunလည်း အရမ်းချစ်​တယ်​.."

ကျ​နော့်​ နဖူးစပ်​နား​ရောက်​လာခဲ့တဲ့ သူ့အနမ်းနုနု...

"Baeကို နည်းနည်း​လေးမှ မထိခိုက်​​အောင်​ ကိုယ့်​အချစ်​​တွေနဲ့ ကာကွယ်​​ပေးမယ်​.."

ယုံကြည်​ပြီးသား နိယာမတစ်​ခု​ကြောင့်​ ကျ​နော့်​ နှုတ်​ခမ်း​တွေလှလှပပကို ​ကော့တက်​သွား​လေရဲ့...။

"အိပ်​​တော့..Hyun ကိုယ်​​သိပ်​မယ်​..."

ဖြူလျလျ​စောင်​တစ်​ထည်​ကို ပခုံးထက်​ထိ လုံ​အောင်​ခြုံ​ပေးကာ ကျ​နော့်​​နောက်​​ကျောကို အသာပုပ်​​ပေးပြီး သီချင်းတစ်​ပုဒ်​ကို ခပ်​တိုးတိုးဆိုညည်းရင်း ကျ​​နော့်​အိပ်​မက်​​တွေကို အလှဆုံးဖြစ်​​အောင်​ သူဖန်​တီး​ပေးခဲ့ပါတယ်​...။

အာ..သူဆိုပြတဲ့ သီချင်းက က​လေးငယ်​ငယ်​​လေး​တွေကို ​ချော့သိပ်​တဲ့ သား​ချော့​တေးဖြစ်​​နေတာက​တော့ အပြင်​လူ​တွေမသိဘဲ ကျ​နော်​တ​ယောက်​သာ သိတဲ့ သူ့ရဲ့ က​လေးဆန်​မှု​လေးတစ်​ခု​ပေါ့...

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

Happy 614 day
Happy ChanBaek day
We always believe their love
We always believe that their love is never ending
Streams are flow
Roses are red
ChanBaek is real
No..
ChanBaek is more than real

♡ ♡ ♡ ♡ ♡

ဒီ​နေ့​ကျောင်းမှာ စာမသင်​​လောက်​ဘူးဆိုတဲ့ အ​တွေးဆိုးကြီးနဲ့ ​ကျောင်းသွားပြီး ဒီ​ကောင်​​လေးကိုTypeမယ်​​ပေါ့
ကိုယ်​​တွေကံ​ကောင်းချက်​..
ကျောင်းမလာတဲ့မ​နေ့ကစာမသင်​ဘဲ
တစ်​​ယောက်​တည်းသွားမိတဲ့ ဒီ​နေ့မှ
တီချယ်​​တွေဟာ ၀င်​သင်​​နေကြတာ
ကိုယ့်​အကြံကြီးကို ရိပ်​မိ​နေကြလို့များလား.T.T
အဲ့ဒါ​ကြောင့်​..ည​နေခင်းကမှ typeပြီး
အခုမှတင်​​ရ​တော့တယ်​..
တော်​​သေးတယ်​..​နေ့မကူး​သေးလို့... :-P


Continue Reading

You'll Also Like

36.3K 2.7K 72
ဖတ်ကြည့်နော်😉😉
86.1K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
284K 49.2K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
103K 17.9K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...