ထိပ်ထား

By RenGe-

367K 33K 1.7K

မည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။ More

အမှာစကား
သီရိနန္ဒာဒေဝီ
ဟံသာဝတီသို့နောက်တဖန်
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၁
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၂
ကျီစယ်လေသောကံကြမ္မာ
အပါးတော်မြဲအဖြစ် ရှိနေပါရစေ
ထုံးဖွဲ့ပြန်ပေါ့ သံယောဇဉ်
ပိုမိုနီးစပ်လာခြင်း
အိမ်ရှေ့စံ၏အကြံအစည်
ချစ်စကားတစ်ခွန်းဆိုပါမည်
အလှည့်အပြောင်း
နဒီ သို့မဟုတ် မြစ်တစ်စင်း
ချည်လုံးအစဖော်ခြင်း
အတိတ်ကောက်ကြောင်း တစ်စေ့တစ်စောင်း
တရားဝင်
ဆုံးဖြတ်ချက်နှင့်ဝှက်ဖဲ
ထိုးမည့်ဆင် တစ်လှမ်းဆုတ်
အကျဉ်းအကျပ်
တိုက်ပွဲ
ရင်ဝှက်ပန်း
သံသရာ (ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ
သီရိနန္ဒာဒေဝီ (ZawGyi)
စေ့စပ်ပွဲ (ZawGyi)
ဟံသာဝတီသို့နောက်တဖန် (ZawGyi)
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၁ (ZawGyi)
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၂(ZawGyi)
ကျီစယ်လေသောကံကြမ္မာ(ZawGyi)
အပါးတော်မြဲအဖြစ် ရှိနေပါရစေ(ZawGyi)
ထုံးဖွဲ့ပြန်ပေါ့ သံယောဇဉ် (ZawGyi)
ပိုမိုနီးစပ်လာခြင်း (ZawGyi)
အိမ်ရှေ့စံ၏အကြံအစည်(ZawGyi)
ချစ်စကားတစ်ခွန်းဆိုပါမည်(ZawGyi)
အလှည့်အပြောင်း(ZawGyi)
နဒီ သို့မဟုတ် မြစ်တစ်စင်း (ZawGyi)
ချည်လုံးအစဖော်ခြင်း (ZawGyi)
အတိတ်ကောက်ကြောင်း တစ်စေ့တစ်စောင်း(ZawGyi)
တရားဝင် (ZawGyi)
ဆုံးဖြတ်ချက်နှင့်ဝှက်ဖဲ (ZawGyi)
ထိုးမည့်ဆင် တစ်လှမ်းဆုတ် (ZawGyi)
အကျဉ်းအကျပ် (ZawGyi)
တိုက်ပွဲ (ZawGyi)
ရင်ဝှက်ပန်း (ZawGyi)
သံသရာ (ဇာတ်သိမ်း) (ZawGyi)
Announcement
Pre Order
Extra

စေ့စပ်ပွဲ

17.2K 1.4K 71
By RenGe-

ကေတုမတီပြည့်ရှင် သတိုးရာဇမင်းကြီးသည် ကြွေအန်ကစားရင်း ဝဏ္ဏကျော်ဇောအမတ်ကြီး၏ လျှောက်တင်ချက်ကို ပြန်သုံးသပ်တော်မူနေလေသည်။ အိမ်ရှေ့စံနဲ့စေ့စပ်ဖို့ကို သီရိနန္ဒာဒေဝီက သဘောတူလိုက်ပေမဲ့ လွယ်လွယ်တော့မဟုတ်။ ကမ်းလှမ်းချက်နှစ်ခုပါသည်။ ပထမတစ်ချက်က ဟံသာဝတီနဲ့နှစ်ပြည်ထောင်ချစ်ကြည်ရေးကိစ္စ။ ဒုတိယတစ်ချက်ကဟံသာဝတီဘုရင်နှင့် ဟံသာဝတီမင်းသမီးကို စေ့စပ်ပွဲသို့ဖိတ်ရန်။

ဟံသာဝတီကို ယခုအချိန်ထိ မျက်တော်မပြေသေးသော်လည်း ဟံသာဝတီထက် သီရိနန္ဒာဒေဝီသူ့ချွေးမတော်ဖြစ်လာဖို့ အရေးကပိုအရေးကြီးမှန်း မင်းကြီးသုံးသပ်မိသည်။ ဒါ့ကြောင့် သူမ၏ကမ်းလှမ်းချက်များကို သဘောတူလိုက်ရင်း စေ့စပ်ရက်ကို သက်မှတ်လိုက်ပြီဖြစ်သည်။

"သက်တော်ရှည်အမတ်ကြီး"

"ဘုရား"

"သားတော်အိမ်ရှေ့စံ စေ့စပ်ဖို့ရက်က လာမဲ့တပေါင်းလပြည့်ကျော် ၃ရက်နော်"

"မှန်ပါ့ဘုရား"

"ကိုယ်တော်ကို ဒီသဝဏ်လွှာလေး ဟံသာဝတီတိုင်းကိုပို့ပေးစေစမ်း။ "

ဟံသာဝတီဆီ စာချွန်တော်ပို့မည်ဆို၍ သက်တော်ရှည်အမတ်ကြီး လန့်သွားရှာ၏။ ဧကနစစ်ကြေငြာစာများလားဆိုပြီး။

အဘယ့်ကြောင့်ဆိုသော် စေ့စပ်ပွဲအတွက် သီရိနန္ဒာဒေဝီနှင့်မင်းကြီး၏ အပြန်အလှန်သဘောတူညီထားချက်ကို နန်းတွင်းထဲက မည်သူမှမသိချေ။ ထို့ကြောင့် သက်တော်ရှည်အမတ်ကြီး ထိပ်သွားခြင်းဖြစ်၏။

"ရေ့မြေ့သခင်အရှင်မင်းကြီးဘုရား..မဟုတ်မှလွဲ စစ်ရေးကိစ္စများဆို...မင်းသားလေးစေ့စပ်ပွဲကလည်းရှိနေသေးတော့"

"တယ် အမတ်ကြီးရယ်...အကျွန်ုပ်နားလည်ပါတယ်။ ဒါစေ့စပ်ပွဲဖိတ်ကြားလွှာပါ"

"ဘုရား"

ဒုတိယံမ္မိ အမတ်ကြီးအံ့သြသွားမိပြန်သည်။ ဟံသာဝတီနဲ့ကေတုမတီဆိုတာ မကျေလည်ကြတော့တာ အိမ်ရှေ့စံတစ်သက်ရှိပြီ။ ယခုမင်းကြီးက စေ့စပ်ပွဲပါဖိတ်နေသည်ဆိုတော့ကား...

"ပြည် ၊ ဇင်းမယ် ၊ ညောင်ရမ်း ၊ သိင်္ဂါတိုင်း၊ ဝီရတိုင်း၊ သန္တပူရ၊ ရာမည အဲ့ကဘုရင်တွေကော အို မြို့စားတွေပါမကျန်စေ့စပ်ပွဲကိုဖိတ်....နေအုန်း တောင်ပိုင်းစော်ဘွားတွေကောနော်"

"မှန်လှပါဘုရား"

စေ့စပ်ပွဲအတွက်စိတ်အားထက်သန်နေသော မင်းကြီးအားအမတ်ကြီး ဘာမှဆက်မလျှောက်တင်တော့ပဲ နေလိုက်ပါတော့သည်။ ဘယ်လိုပဲဆိုဆို ဟံသာဝတီနှင့် မဟာမိတ်ပြန်ဖြစ်သွားလျှင် သိပ်ကောင်းတဲ့ကိစ္စပဲမလား..။


________🪔ထိပ်ထား🪔___________


စောင်းကြိုးလေးများညှိရင်း ဟံသာဝတီ၏အိမ်ရှေ့မင်းသမီး လက်သံစမ်းနေလေသည်။

"ဒေါ်မြိုင် ကျွန်ုပ်က ကေတုမတီတိုင်းကို ဘာလိုက်လုပ်ရမယ်"

ဘေးနားကအထိန်းတော်ကြီးကို မျက်လွှာလေးများပင့်ကာ သူမမေးလိုက်သည်။ ကြားရတဲ့သတင်းက အံ့သြစရာမလား။

"အိမ်ရှေ့စံရဲ့စေ့စပ်ပွဲကို တက်ရမှာပါသခင်မ"

"ဘာလို့အစ်ကိုတော်တွေမဟုတ်ပဲ ကျွန်ုပ်လည်း"

မှန်၏။ သူမတွင် အဖေတူမအေကွဲ အစ်ကိုတော်လေးဦးရှိသည်။ ဒါပေမဲ့ သူမလောက်မျက်နှာသာပေးခြင်းမခံကြရ။ မြောက်နန်းစံနှင့်မိဖုရားအငယ်များ၏ သားတော်များဖြစ်တာကြောင့် စစ်သူကြီး တပ်မှုးချုပ် မြို့စားစသည့်ရာထူးများသာ ခမည်းတော်ကချီးမြှင့်ထားကာ တောင်နန်းစံမိဖုရားကြီးကမွေးဖွားသည့် သူမကိုကားမိန်းကလေးပင်ဖြစ်သော်ငြား အိမ်ရှေ့စံရာထူးကိုပေးထား၏။

ခမည်းတော်ရည်ရွယ်ချက်က ရိုးရှင်းသည်။ထိပ်ထားသည်တစ်ဦးတည်းသော သမီးတော်ဖြစ်တာကြောင့်အပြည့်၀ကာကွယ်ချင်စိတ်ဖြင့် တော်ရုံမထိရဲသော အိမ်ရှေ့စံဆိုသောနေရာကိုပေးထားခြင်းပင်။သို့‌ ပေမဲ့ရာထူးနေရာများထက် အေးဆေးစွာနေရခြင်းကိုသာ ထိပ်ထားနှစ်ခြိုက်ပါသည်။

"ကေတုမတီရဲ့ သဝဏ်လွှာမှာ ဟံသာဝတီမင်းကြီးနဲ့မင်းသမီးကို အသေအချာဖိတ်ထားလို့ပါ။ အရှင်မင်းကြီးက မင်းသမီးလေးကိုခေါ်မသွားချင်ပေမဲ့ ပထမဆုံးချစ်ကြည်ရေးကိစ္စနဲ့ ဖိတ်တာဆိုတော့

မဖြစ်မနေခေါ်သွားမဲ့ပုံပါ ဘုရား"

ချစ်ကြည်ရေး...။ သူမတွေးမိသွားတာက အဲ့နေ့ကတစ်ယောက်။ ချစ်ကြည်ရေးကိစ္စနှင့်လာသည်ဆိုသော တစ်ယောက်။ စူးရှရှမျက်လုံးများနှင့်ပိရိသေသပ်သော နှုတ်ခမ်းပါးများ၏ပိုင်ရှင်။ စိတ်ထဲကကြိတ်ချီးကျုးမိသွားသည်။ ဆယ်စုနှစ်နှစ်ခုကြာအောင် ရန်ဆောင်နေခဲ့သောနှစ်ပြည်ထောင်အား အဆင်ပြေအောင်လျှောက်တင်နိုင်စွမ်းကိုကား လျော့တွက်၍တော့မရချေ။ အသင်မည်သူနည်း။

"ဒေါ်မြိုင်အဲ့နေ့က ညီလာခံကအမျိုးသမီးကိုတွေ့လိုက်လား။ သူကသံတမန်ရေးအရလာတာတဲ့။ "

"ဒေါ်မြိုင်ရုပ်တော့မတွေ့လိုက်ပါဘူး သခင်မလေး။ သူပြန်သွားတော့နောက်ကျောကပဲတွေ့လိုက်တယ် ..။အရပ်ကြီးတော့အရှည်ကြီးပဲ သခင်မလေးရဲ့။ မြင်းစီးသွားလိုက်တာများဆို တပ်မှုးလေးသီဟတို့လိုပဲ။ "

မြင်းစီးတာ....သူမအားကျသွားရသည်။ ငယ်ငယ်ကတည်းကမြင်းစီးတက်ချင်ခဲ့တာလေ။ သို့ပေမဲ့ ဖခမည်းတော်ကခွင့်မပြုခဲ့။ သမီးတော်လေးဟုဆိုတာ ကြမ်းကြမ်းတမ်းတမ်း ကိစ္စများကိုမလုပ်ခိုင်း။ နန်းမတော်ကြီးနှင့် ဆရာမကြီးများထံကသာ စာပေ ကဗျာ အချုပ်အလုပ် အတွေးအခေါ်ပိုင်းနှင့်ဆိုင်သည့်ပညာရပ်များ ဆေးဖော်စပ်ခြင်းများ စသည်တို့ကိုသာ သင်ကြားစေခဲ့သည်။

အိမ်ရှေ့စံမင်းသမီးတစ်ပါးအနေနှင့် အတိုက်အခိုက်တက်သင့်သည်ဟု ခမည်းတော်ကိုလျှောက်တော့ ခမည်းတော်၏အပြုံးကိုသာပြန်ရခဲ့သည်။ ခမည်းတော်က သူ့ကို ကြွေရုပ်လေးလိုချစ်သည်။ ထို့ကြောင့်တစ်ချိန်ကျမှပေါ့ သမီးတော်ရယ်ဆိုပြီး ဓားပေးမကိုင်။ ယခုအချိန်ထိတော့ ဓားရေး‌လှံရေး မလေ့ကျင့်ရသေး။ ဒါကို သူသဘောမကျပါ။

"မင်းတရားကြီး ကြွချီတော်မူလာသည်..."

ဖခမည်းတော်ကြွလာသည်ဆိုတာနှင့် ပိုက်ထားသည့်စောင်းကိုချလိုက်ကာ မတ်တပ်ရပ်လိုက်ရင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။

"ထိုင်ပါ သမီးတော်...ခမည်းတော်က သမီးတော်ကို မိန့်စရာရှိလို့လာတာ"

ဖခင်ကသလွန်ပေါ်မှာထိုင်ပြီးသည့်နောက် သူမဖခင်ရဲ့ခြေရင်းမှာ ကျုံကျုံလေးထိုင်လိုက်ရင်း...

"မိန့်တော်မူပါခမည်းတော်"

"ထိပ်ထားလေး ..သမီးတော်ကလာမဲ့ တပေါင်းလပြည့်ကျော်၃ရက်နေ့မှာ ခမည်းတော်နဲ့အတူ ကေတုမတီတိုင်းရဲ့ အိမ်ရှေ့စံစေ့စပ်ပွဲကို တက်ရမယ်။ အဲ့အတွက်ပြင်စရာရှိတာပြင်ထားဖို့ ခမည်းတော်လာပြောတာ"

ဖခမည်းတော်ကိုယ်တိုင်လာမိန့်သည်ဆိုတော့ မဖြစ်မနေတက်ရမည့်ပွဲဆိုတာကို သူမမှန်းဆမိသွားသည်။

ဒါပေမဲ့ဘာ့ကြောင့် ဟံသာဝတီမင်းသမီးနှင့်အတူတကွဆိုပြီး ခေါင်းစဉ်တပ်ဖိတ်သလဲဆိုတာ သူစဉ်းစား၍မရ။ တခြားတိုင်းတွေကဖိတ်လျှင် ခမည်းတော်နှင့်အစ်ကိုတော်တွေသာဖိတ်သည်။ သူမကိုပါဖိတ်လာလျှင်လည်း ခမည်းတော်ကအလိမ္မာနှင့်ငြင်းသည်ချည်း။ သမီးတော်ကို တိုင်းပြည်အရှုပ်အထွေးတွေထဲမပါစေချင်သလို ဘယ်ဘုရင့်လက်ထဲမှမထည့်ချင်ဘူးတဲ့လေ..။

"ကဲ ခမည်းတော်ပြန်ကြွအုန်းမယ်။ ညီလာခံရှိသေးတာမို့"

"မှန်လှပါဘုရား"

ဖခမည်းတော်ပြန်ကြွသွားသည်နှင့် သူမအလုပ်စများတော့သည်။

"ဒေါ်မြိုင် ထိပ်ထားကိုရွေးပေးပါအုန်း။ ဘာဝတ်သွားရမလဲဆိုတာ။ သူများတိုင်းပြည်ကို ပထမဆုံးသွားမှာဆိုတော့ အဆင်ပြေပြေဖြစ်ချင်တယ်။ ဒီနေ့လပြည့်နေ့ဆိုတော့ သုံးရက်ပဲလိုတော့တာ ထိပ်ထားဘာတွေပြင်ရပါ့မလိမ့်။ အိမ်ရှေ့စံမင်းသားရဲ့ကြင်ယာတော်လောင်းအတွက် လက်ဆောင်လည်းပြင်ရအုန်းမယ်"

အထိန်းတော်ကြီးဒေါ်မြိုင်တစ်ယောက် ချက်ချင်းအတွေးတွေများကာ အလုပ်ရှုပ်သွားသော မင်းသမီးလေးကိုကြည့်ကာပြုံးလိုက်မိတယ်။

"အရှင်မက ဘာဝတ်ဝတ်တင့်တယ်ပြီးသားပါ။ ဘာဝတ်ဝတ် ရှိရင်းစွဲအလှရှိတာမို့ လိုက်ဖက်ကြောင်းပါ"

ဒေါ်မြိုင်သည်အပိုလျှောက်တင်လိုက်ခြင်းမဟုတ်။ ဟံသာဝတီမင်းသမီးလေးသည် သိပ်ကိုချောမောရလွန်းလှသည်။ ဆံကေသာ၏ ကောင်းခြင်း၊ အသားအရည်၏ကောင်းခြင်း၊ အသံ၏ကောင်းခြင်း၊ ခြေဆံလက်ဆံ၏ကောင်းခြင်း စတဲ့များစွာသော ကောင်းခြင်းများဖြင့် ပြည့်စုံလှသောသူ။ ထိုသို့သောသူတစ်ယောက်အတွက် အပေါ်ယံဘာဝတ်ဝတ်တင့်တယ်ပြီးသား မဟုတ်ပေလား။

"ဒေါ်မြိုင်ဟာလေ အားကိုကိုးမရဘူး။ ထိပ်ထား ဖာသာပဲရွေးတော့မယ်။ ဒေါ်မြိုင်က ကောင်မလေးတွေကို ထိပ်ထားမရှိတဲ့ရက်ပိုင်းအတွင်း စံပယ်ရုံလေးတွေကိုရေလောင်းပေးဖို့ပဲ မှာထားပေး"

"မှန်ပါ့ အရှင်မ.."


________🪔ထိပ်ထား🪔___________

တပေါင်းလပြည့်ကျော်၃ရက်၊ ကေတုမတီတိုင်း...


ကေတုမတီတိုင်းကြီးတစ်ခုလုံး အိမ်ရှေ့စံမင်းသားနှင့်တပ်မှုးချုပ်သီရိနန္ဒာဒေဝီ၏ စေ့စပ်ပွဲကြောင့် ပျော်ပွဲရွှင်ပွဲများခြိမ့်ခြိမ့်သဲကျင်းပနေလေသည်။

ပြည်သူများသည်ပျော်ရွှင်နေကြသည်ဆိုတာထက် ကေတုမတီ၏စစ်ဘုရင်မကို နှမြောနေကြခြင်းပင်။ အိမ်ရှေ့စံမင်းသားသည် တိုင်ပြည်အရေးကိုစိတ်သိပ်မဝင်စားချေ။ ဒါ့အပြင် စစ်ရေးကိုလည်း ဝါသနာပါသူမဟုတ်။ ရုပ်သေးရုပ်ဖြစ်နိုင်သောမင်းသားနှင့် ထက်မြက်လွန်းသော စစ်ဘုရင်မ။ နှမြောကြသူများရှိသလို စစ်ဘုရင်မကအိမ်ရှေ့စံအား ချယ်လှယ်တော့မည်ဟုဆိုသော သူများလည်းရှိသည်။ သို့ပေမဲ့ ဘာကောလဟာလမှမထွက်ဝံ့။ ကေတုမတီမင်းကြီး၏ သံလျှပ်တော်ကို ကြောက်ရသည်မလား။

ထိုစဉ် ကေတုမတီတိုင်းဘက်ကိုချီတက်လာသော ဆင်တော်နှစ်စီးနှင့် လက်ဆောင်ပဏ္ဏာများသယ်ဆောင်လာသော မြင်းသည်တော်များ။ ပထမဆင်တော်တွင် ဆင်ထိန်းဗလနှင့် ဟံသာဝတီပြည့်ရှင် မဟာအတုလနန္ဒမင်းကြီး ဒုတိယဆင်တော်တွင် ဆင်ထိန်းပုညနှင့် ဟံသာဝတီအိမ်ရှေ့မင်းသမီး။

မြို့ဝင်ဂိတ်တွင် ရဲမတ်များက ဘုရင်ကြီးနှင့်မင်းသမီးကို ကြိုဆိုကာ စေ့စပ်ပွဲကျင်းပရာအခမ်းအနားသို့ ခေါ်ဆောင်သွားလေ၏။ ဟံသာဝတီမင်းသမီးကတော့ သစ်ပင်ပန်းမန်များဖြင့်စုံလင်လှသော ကေတုမတီနန်းတွင်းတစ်လျောက်ကိုသာ ကြည့်ရှု့ရင်းလိုက်ပါလာသည်။ သူမသည်ပန်းပင်လေးတွေကို ချစ်မြတ်နိုးသူမဟုတ်လား။

နန်းတွင်းထဲရောက်တော့ တိုင်းအသီးသီးမှဘုရင်များ မြို့စားများ စော်ဘွားများ ရောက်နှင့်နေသည်ကိုတွေ့လိုက်ရသည်။

ခမ်းနားစွာကြိုဆိုပြီး တိုင်းအသီးသီးက မင်းဧကရာဇ်များကို နေရာထိုင်ခင်းပေးပြီးသည့်နောက်

"မင်္ဂလာအချိန်နရီကျရောက်လာပါပြီ။"

ပရောဟိတ်ကြီးရဲ့ ဆော်သြသံအဆုံးမှာ ခရုသင်းမှုတ်သံထွက်ပေါ်လာတော့တယ်။ စေ့စပ်လူငယ်နှစ်ဦးသည် မင်းကြီးနဲ့မိဖုရားကြီးထက် တစ်ဆင့်နိမ့်တဲ့ နေရာမှာ ဘေးချင်းယှဉ်ပြီး ထိုင်နေကြတယ်။

ညာဘက်မှာတော့ ဆယ်ပါးသောမင်းညီမင်းသားတွေ။

ဘယ်ဘက်မှာတော့ မူးကြီးမတ်ရာတွေ။ အလယ်နေရာမှာတော့ ဖိတ်ကြားထားတဲ့ ဘုရင်မင်းမြတ်တွေနဲ့ ဧည့်သည်တွေရဲ့နေရာထိုင်ခင်းတွေပဲ ဖြစ်ပါတယ်။

ဟံသာဝတီမင်းသမီးဟာ အခမ်းအနားအပြင်အဆင်တွေကို ငေးနေမိတာကြောင့် စေ့စပ်တဲ့အိမ်ရှေ့မင်းသားစုံတွဲကို မကြည့်ဖြစ်သေးပေ။

"အဲ့တာ တပ်မှုးချုပ်သိရိနန္ဒာဒေဝီလေ အမြဲစစ်ထွက်၀တ်နဲ့မြင်ခဲ့တာ အခုဒီလိုဝတ်လိုက်တော့ သိပ်မြန်မာဆန်ပြီး ကျက်သရေရှိလိုက်တာ။ မျက်နှာတော်ကိုကြည့်ပါအုန်း မပြုံးတာတောင် တည်ငြိမ်ကြည့်လင်နေတာပဲ.."

"အိမ်ရှေ့မင်းသားထက်တောင် ပိုထင်းနေသလိုပဲ "

တီးတိုးသံများကြောင့် ဟံသာဝတီမင်းသမီးရဲ့အာရုံဟာ အိမ်ရှေ့မင်းသားရဲ့ကြင်ရာတော်လောင်းဆီ ရောက်သွားတော့တယ်။

"အို သူ..."

မြင့်မားတဲ့ဆံထုံး စူးရှရှမျက်လုံးတွေ ပိရိသေသပ်စွာ တင်းတင်းစေ့ထားသောနှုတ်ခမ်းပါးများက တစ်ခါထဲနှင့် မှတ်မိစေနိုင်သည် ။ ညိုစိမ့်သောအသားအရည်နှင့် မထီတထီဖြစ်နေသည့်ဟန်ကိုက တမူထူးနေသလို။

ယခုမှစေ့စေ့ကြည့်မိသော်လည်း သူမဟာ သိပ်လှလွန်းသည်။

ဖြတ်ခနဲရောက်လာသော အကြည့်တစ်ချက်ကြောင့် ဟံသာဝတီမင်းသမီး အလိုအလျောက်မျက်လွှာချမိသွားသည်။ အတန့်ကြာမှ ပြန်ကြည့်မိတော့ သူ့အကြည့်စူးစူးတွေကဖယ်မသွားသေး။

"အို ဘာလို့အဲ့လောက်များ စူးစူးရှရှကြည့်နေပါလိမ့်နော်"

စေ့စပ်မင်္ဂလာအချိန် ပရောဟိတ်ကြီးက မင်္ဂလာအခါတော်ပေးနေသည့်တစ်လျှောက်လုံး သီရိမျက်လုံးများသည် တစ်စုံတစ်ယောက်ဆီမှမခွာမိ။ သူမကလည်းသိနေသလို မကြာခဏပြန်ကြည့်နေသောကြောင့် အကြည့်ချင်းဆုံမိတာခဏခဏ။

ကေတုမတီတိုင်းရဲ့အိမ်ရှေ့စံ သတိုးမင်းထင်ကျော်စွာနှင့် တပ်မှူးချုပ် သီရိနန္ဒာဒေဝီ၏စေ့စပ်ပွဲ အောင်မြင်စွာပြီးဆုံးလေပြီ.....

စေ့စပ်ပွဲပြီးဆုံးပြီဆိုသောအခါ မင်္ဂလာခရုသင်းမှုတ်သံက ထည်ဝါစွာထွက်ပေါ်လာခဲ့သည်။ စေ့စပ်သည့်စုံတွဲကတော့ ပွဲအလည်မှပြန်လည်ထွက်ခွာသွားလေသည်။

ကေတုမတီမင်းကြီးလည်း ချက်ချင်းညီလာခံသဘင်ကျင်းပရန် ပြင်ဆင်ရတော့သည်။ တိုင်းအသီးသီးကဆက်သသော လက်ဆောင်ပဏ္ဏာများကို လက်ခံရန်နှင့် အပြန်အလှန်ချစ်ကြည်မှုတိုးရန် ဆွေးနွေးစကားပြောဆိုရန်ကြောင့် ဖြစ်သည်။

"သမီးတော်လေး ခေတ္တနားဖို့နန်းဆောင်ဆီ ဒီနန်းတွင်းသူလေးတွေက ခေါ်သွားလိမ့်မယ်။ ခမည်းတော်က ညီလာခံသဘင်တက်စရာရှိသေးတာမို့"

"မှန်လှပါခမည်းတော်။ သမီးတော်ကိုမပူပင်ပါနှင့်။ စည်းဝေးသဘင်ကို စိတ်ဖြောင့်ဖြောင့်သာတက်ပါဘုရား"

ဟံသာဝတီမင်းသမီးဟာ ကေတုမတီရဲ့နန်းတွင်းသူလေးတွေခေါ်ဆောင်တဲ့ နန်းဆောင်ဆီလိုက်သွားခဲ့လေသည်။

သူမသွားရာနန်းဆောင်တစ်လျှောက် သိပ်လှတဲ့ပန်းမျိုးစုံစိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်ကြီးတစ်ခုကို ဖြတ်သွားရတယ်။ နဂိုကပန်းကြိုက်သူမို့ ပန်းပင်လေးတွေမြင်တော့ အနီးကပ်ကိုင်ကြည့် မွှေးကြူချင်လိုစိတ်တွေက တဖွားဖွား။

"အသင်တို့ အကျွန်ုပ်ဒီပန်းဥယျာဉ်ထဲ ခေတ္တဝင်ရောက်လည်ပတ်ခွင့်များရမလား"

"ရပါတယ် သခင်မလေး။ ဒီပန်းဥယျာဉ်က နန်းတွင်းကမည်သူမဆို စိတ်ကြည်လင်အပန်းပြေဖို့ စိုက်ပျိုးထားခြင်းဖြစ်ပါတယ်။ "

အိမ်ရှေ့မင်းသားစေ့စပ်ပွဲမို့ ခြေခြင်းလိမ်အောင် အလုပ်များနေတဲ့ နန်းတွင်းသူလေးတွေကို သူမကိုယ်ချင်းစာတာမို့...

"အသင်တို့ လုပ်ရန်ကျန်ရှိနေတဲ့ တာ၀န်တွေကို ဆက်လုပ်ပါ။ အကျွန်ုပ်အတွက်ဘာမှ မကြောင့်ကြလေနဲ့။ အဆောင်တော်ကိုသာ ပြခဲ့ပါလေ။"

"သို့‌‌ပေမဲ့အရှင့်သမီး...ကျွန်ုပ်တို့က.."

"အနားမှာလူများနေရင် စိတ်လက်မပေါ့ပါးတာမို့"

မျက်နှာထားတည်တည် လေသံအေးအေးနှင့်ပြောလိုက်တာမို့ နန်းတွင်းသူများ ခေါင်းငုံ့ကာ

‌"မှန်လှပါ။ ဟိုးမှာ မြင်နေရတဲ့ လက်ယာဘက်ကအဆောင်တော်က အရှင့်သမီး အနားယူဖို့ဖြစ်ပါတယ်။ ကျွန်တော်မျိုးမတို့က ပန်းခြံတော်ရဲ့အပြင်ဘက်မှာရှ်ိပါမယ်ဘုရား။"

"ကောင်းပေပြီ အလိုရှိရင် အခေါ်လွှတ်မယ်"




နန်းတွင်းသူလေးတွေထွက်သွားတာနဲ့ သူမဟာပန်းဥယျာဉ်ထဲကိုပြေးဆင်းလာခဲ့တယ်။

"အို နှင်းဆီတွေအရောင်စုံ။ ဟိုမှာ စံပယ်ရုံကြီးရောပဲ...မြတ်လေးတွေကောရှိတာပဲ...."

များစွာသောပန်းမျိုးစုံကို သူမပျော်ရွှင်စွာကြည့်နေတုန်း ပန်းဥယျာဉ်၏အလည် ခေတ္တနားနေဆောင်၏ အခြားတစ်ဖက်မှ...

"အကျွန်ုပ်ပြောတာအစ်ကိုတော် သဘောပေါက်တော်မူမယ်ထင်ပါတယ်။ အစ်ကိုတော်မှာလည်း ချစ်ရမဲ့သူ ရှင်ထွေးရှိတယ်။ အကျွန်ုပ်ကလည်း မင်းတရားကြီးရဲ့ အတင်းတောင်းဆိုမှုကြောင့်သာ စေ့စပ်လိုက်ရတာ အကျွန်ုပ်နဲ့အစ်ကိုတော်ဆိုတာ မောင်ရင်းနှမလိုပါပဲလေ"

"ကိုယ်တော်သဘောပေါက်ပါတယ် နှမတော်။ နှမတော်က အစ်ကိုတော်ထက် ထက်မြက်ပါတယ်။ နှမတော်အစီစဉ်ကိုလည်း သဘောကျတော်မူပါတယ်။ အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ အခုအစ်ကိုတော် သွားမှရတော့မယ်။ အစ်ကိုတော်ရဲ့ရောင်းရင်းမိတ်ဆွေ မင်းသားတွေပါတာမို့ ။"

"မှန်ပါ့အစ်ကိုတော်"

ဒီစကားပြောသံတွေကြောင့် နေရာမှမလှုပ်ပဲရပ်နေမိတာက ဟံသာဝတီမင်းသမီး။ခပ်သုပ်သုပ် သွားသောခြေသံတစ်ခုကိုကြားတာမို့ အပင်ကြီးကြီးတစ်ခုနောက် သူ၀င်ပုန်းလိုက်သည်။

သူမမကြားသင့်တာတွေများ ကြားမိသွားလေပြီလားမသိ။ နားလည်ခြင်းသိပ်မရှိသော်လည်း ဒီနားကအမြန်ခွာတာကောင်းမည်ဆိုတာတော့ သူမသဘောပေါက်သည်။ ခြေသံကတဖြေးဖြေးဝေးသွားတော့မှ အသာလေးရပ်နေရာမှလှည့်အထွက်..

"ချွတ်.."

"ဒေါက်.."

"အမေ့..."

သစ်ကိုင်းခြောက်ကိုနင်းမိသံနှင့်အတူ ပျံဝဲလာသောဓားတိုလေးတစ်ချောင်း။ နားရွက်ဘေးမှသီသီလေးဖြတ်ကာ အနောက်မှစိန်ပန်းပင်၏ပင်စည်တွင်စိုက်လျှက်။

"ဘယ်သူတုန်း။ အကျွန်ုပ်တို့စကားပြောတာကို ရာရာစစ ခိုးနားထောင်နေတာ"

ဟံသာဝတီမင်းသမီးသည် ကျောပေးထားသောကြောင့် အသံရှင်ကိုသူမသိသလို အသံရှင်ကလည်းသူမျက်နှာကို မမြင်သေး။

"ခိုးနားမထောင်ရပါဘူး။အကျွန်ုပ် ပန်းလေးတွေကြည့်ရင်းနဲ့ ဒီနားအရောက် မမျှော်လင့်ပဲကြားသွားတာပါ"

"ဟင်..."

အာမေဋိတ်သံကြောင့် ဟံသာဝတီမင်းသမီးမော့ကြည့်လိုက်တော့ စူးရှရှမျက်ဝန်းများ၏ပိုင်ရှင်..

"အို.."

နှစ်ဦးသားပြောစကားခေတ္တတိတ်သွားကြသည်။ စေ့စပ်ပွဲသဘင်မှာ အကြည့်ခဏခဏဆုံထားကြတာမို့ ရင်းနှီးနေသလို ယခုမှစကားစပြောမှာဆိုတော့ မရင်းနှီးဘူးလို့လည်းဆို၍ ရသည်။

"ကေတုမတီရဲ့တပ်မှုးချုပ် သီရိနန္ဒာဒေဝီလို့ခေါ်ပါတယ် မင်းသမီး ။ အမှားလုပ်မိသွားတာကို ခွင့်လွှတ်ပေးစေလိုပါတယ်။ "

သူ့အမူရာက ယဉ်ကျေးသည်။ မျက်လုံးက မာကျောမှုတွေ ပြေလျော့နေသည်။ စကားလုံးများကို မိမိကြားလို့ စိုးထိပ်ဟန်မပေါ်။ ‌အားနာမှုစွတ်နေသည်ကိုသာ ခံစားရသည်။

"အကျွန်ုပ်လည်းနားထောင်မိသလို ဖြစ်သွားတာကြောင့် အသင့်အမှားမဟုတ်ပါ။ အကျွန်ုပ်ရဲ့အမည်နာမက ဟံသာဝတီရဲ့ အိမ်ရှေ့မင်းသမီး စံထိပ်ထားကလျာဦး ပါ။ "

ထိပ်ထားနာမည်ပြောတော့ သူမနှုတ်ခမ်းပါးလေးတွေ တွန့်နေအောင်ပြုံးတာကိုတွေ့လိုက်ရတယ်။ ဒီအမျိုးသမီးဟာ ကျက်သရေ ရှိခြင်းတစ်မျိုးကိုပိုင်ဆိုင်ထားတာပဲလို့ သူမမှတ်ချက်ချမိလိုက်တော့၏။

"အတင့်ရဲတယ်လို့မထင်ပါနဲ့မင်းသမီး။ တစ်ခုခွင့်တောင်းပါရစေ"

ခွင့်တောင်းမည်ဆို၍သူမ ထင်လိုက်တာက ခုနစကားများကိုလျို့ဝှက်ပေးရန်များလား...

"လျှောက်ကြည့်ပါ"

"ရွှေစိတ်တော်မညိုညင်ဘူးဆိုလျှင် ထိပ်ထားလို့ခေါ်ခွင့်ပြုပါ"

"အလို.." ရဲတင်းလိုက်တာ။

သူတို့ပြောစကားများကို ထိပ်ထားကြားလို့ သူ့တွင်ပြဿနာရှိဟန်မတူ။ သူသည် စိတ်ထဲရှိရာကိုသာ အလျင်ပြောတက်သည့် လူစားဖြစ်ဟန်တူသည်။


ခမည်းတော်မှလွဲ၍ ထိပ်ထားလို့ခေါ်ရဲသူမရှိ။ သို့ပေမဲ့ သူမကရဲရဲဝင့်ဝင့်ခွင့်ပန်လာချေပြီ။ ခေါ်ခွင့်မပေးတာထက် နန်းတွင်းတွင်အိမ်ရှေ့စံမင်းသမီးမို့ မခေါ်ရဲကြခြင်းပင်။ ဒါ့ကြောင့်သဘောကျစွာ မင်းသမီးပြုံးလိုက်ပြီး.။

"ခွင့်ပြုပါတယ်။ "

"ဝမ်းမြောက်ရပါတယ်ထိပ်ထား။"

"ခုနကစကားတွေကို မကြားသလိုနေပေးပါ့မယ်။ အသင့်အနေနဲ့ဘာမှမစိုးရိမ်မပူပန်ပါနဲ့"

"အကျွန်ုပ် ထိပ်ထားကိုယုံပါတယ်။ ပြီးတော့အသင်တဲ့လားထိပ်ထား ကျွန်ုပ်တို့ရင်းနှီးနေပြီလေ။"

စကားပြောရဲတင်းသည်။ဒါပေမဲ့ မငြိုငြင်မိ။ အပြုံးချိုချိုကြောင့်လား။ စူးရှနေသည့်မျက်လုံးတွေကြောင့်လား ထိပ်ထားမသဲကွဲ။

"အသင့်ကို ဘယ်လိုခေါ်ရမလဲ ထိပ်ထားမတွေးတက်ဘူး"

"သီရိ နန္ဒာ ဒေဝီ.....ထိပ်ထားသဘောကျခေါ်လို့ရပါတယ်"

"တပ်မှုးချုပ်....ဟုတ်တယ်တပ်မှူးချုပ်လို့ခေါ်မယ်"

မင်းသမီးရဲ့အခေါ်ကြောင့် သီရီ အနေခက်သလိုဖြစ်သွားရသည်။ တပ်မှုးချုပ်လို့ခေါ်ရအောင် မင်းသမီးသည်သူ့ရဲမတ်မဟုတ်။ အနည်းဆုံး နာမည် တစ်လုံးလုံးခေါ်စေချင်ခဲ့တာ။

" ဘယ်လိုကြီးလည်း ထိပ်ထားရယ်။ တပ်မှူးချုပ် တဲ့လား"

"မဟုတ်ဘူး။ တပ်မှူးချုပ်ဆိုတဲ့အခေါ်ကအသင်နဲ့ လိုက်ဖက်ညီလွန်းတာမို့။ အမျိူးသမီးတစ်ယောက်အနေနဲ့ အရမ်းခန့်ညားထည်ဝါတယ်။.အကျွန်ုပ် နှစ်သက်တယ်"

"မင်းသမီးသဘောတော်အတိုင်းပါပဲ။ ကျွန်ုပ် ပျောက်နေတာကြာပြီမို့ ခမည်းတော်ရှာနေလောက်ပြီ။ ခွင့်ပြုပါထိပ်ထား။ အကယ်၍ ညီလာခံသဘင်ပြီးတာနဲ့ ဟံသာဝတီကို တန်းမပြန်သေးဘူးဆိုလျှင် ထပ်ဆုံချင်ပါသေးသည်။"

ထိပ်ထားသူ၏မျက်လုံးများကို အသေချာကြည့်ကာ နှုတ်ဆက်သွားသူတပ်မှုးချုပ်၏ ကျောပြင်ကိုငေးကာ ပန်းဥယျာဉ်အလည်တွင် ကျန်ခဲ့သည်။ အလို ဖြန့်ချထားတဲ့ သူ့ဆံပင်တွေက အရှည်ကြီးတွေပါကောလား။ဆံထုံးကိုဖြေချထားဟန်မို့ ဖြောင့်စင်းမနေသော်လည်း အလိမ်လိမ်ဖြစ်နေတာကိုက ကြည့်ကောင်းနေသယောင်။ထိပ်ထားထက် ခေါင်းတစ်လုံးကျော်စာ ပိုမြင့်သောအရပ်ကြီးကလည်း အားကျစဖွယ်။ တဖြေးဖြေး မြင်ကွင်းထဲကပျောက်သွားသူ၏ ကျောကိုကြည့်ကာ..

"ထိပ်ထားလည်း ကံမကုန်ရင် ပြန်ဆုံချင်သေးပါတယ် တပ်မှုးချုပ်"



________🪔ထိပ်ထား🪔___________

RenGe-11.6.2018

Continue Reading

You'll Also Like

2M 338K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
229K 14.4K 33
မချစ်ရင်နေပါ... မုန်းတော့မမုန်းလိုက်နဲ့....
56.9K 5.7K 51
ဘာသာပြန်သူ စွဲညို့အသင်း
15M 460K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...