ထာဝရခ်စ္သူ/ထာဝရချစ်သူ(FOD Arc...

By MayHoney127

161K 14.5K 823

Quickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations က်ိဴးယ... More

Story Info
Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11(Ending)

Chapter 4

9.4K 1.1K 88
By MayHoney127

Zawgyi Ver

ေနာက္ဆံုးမွာေတာ့ အခန္းတံခါးပြင့္လာတယ္။ ဝူေထာင္နဲ႔ Boaကလည္း မျပန္ေသးဘဲ ခပ္လွမ္းလွမ္းက ေစာင့္ေနတယ္။ ယုေမလ်န္က သူေျဖမွာ မေစာင့္ႏိုင္ေတာ့ဘဲ

"ဘယ္လိုလဲ?"

က်ိဳးယြင့္ရွန္က သူ႔လက္ကိုင္ပုဝါကိုေခါက္ကာ အိတ္ထဲထည့္ရင္း

"ကၽြန္ေတာ္ ရလာၿပီ။ ေနာက္၃ရက္ၾကာရင္ ဒီကိုေၾကညာရိုက္ဖို႔လာရမယ္တဲ့။ အမ ကၽြန္ေတာ္ ပိုက္ဆံအရမ္းလိုေနလို႔ ေဈးေကာင္းရေအာင္ ညိႇေပးပါဦး"

ယုေမလ်န္က အခိုင္အမာပဲ

"စိတ္မပူပါနဲ႔။ မင္းကအသစ္ဆိုပင္မယ့္ AYAမွာ ပိုက္ဆံေတြအမ်ားႀကီးရွိတာ စိတ္မပ်က္ေရစပါဘူး"

က်ိဳးယြင့္ရွန္က သူ႔ပုခံုးကို ပုတ္လိုက္ၿပီး

"ဒါဆို က်န္တာေတြ မႀကီးကိုပဲ အပ္ထားလိုက္ေတာ့မယ္။ ကၽြန္ေတာ္ အတန္းတက္စရာရွိလို႔ ေနာက္မွေတြ႕မယ္"

သူ႔ကိုစိတ္ရႈပ္စြာၾကည့္ေနတဲ့ ဝူေထာင္ရယ္၊ မ်က္ေထာင့္နီႀကီးနဲ႔ Boaရယ္ကို တည္ၿငိမ္စြာ ေခါင္းတခ်က္ဆက္ျပရင္း ျပံဳးျပၿပီး ေက်ာ္ထြက္လာလိုက္တယ္။

ဒီ၃ရက္အေတာအတြင္း ယုေမလ်န္က သူ႔ကိုphေခၚၿပီး AYAေၾကညာခ ၅သိန္းရတယ္လို႔ ေျပာတယ္။ ဒါက လူသစ္တစ္ေယာက္အတြက္ အရမ္းကံေကာင္းတဲ့ ေဈးပဲ။ ဒါေၾကာင့္ သူ႔ကိုမတိုင္ပင္ဘဲ သူမသေဘာတူခဲ့တယ္။ လူသစ္တစ္ေယာက္အတြက္ ေၾကညာတစ္ခုက သိန္းနဲ႔ခ်ီၿပီးရႏိုင္သလို ေသာင္းေက်ာ္ေက်ာ္ေလးပဲလည္း ရႏိုင္တယ္။ က်ိဳးယြင့္ရွန္လည္ ဒီေဈးကိုသိေတာ့ ယုေမလ်န္ရဲ႕ ႀကိဳးစားမႈအတြက္ အရမ္းေက်းဇူးတင္ခဲ့တယ္။

သူအက်ႌဝတ္ရင္း တမင္းစားခန္းတံခါး ဖြင့္လိုက္ေတာ့ မနက္အေစာႀကီးရွိေသးတယ္။ လူငယ္ေလးရဲ႕ အသားအရည္က ႏို႔ရည္လို ေဖြးဥစိုေျပေနတယ္။ ေနေရာင္ေအာက္မွာ ေတာက္ပတဲ့ သူ႔ဆံပင္ေတြကို လက္ေခ်ာင္းနဲ႔ထိုးဖြလိုက္ေတာ့ ပိုရႈပ္သြားပင္မယ့္ ဆြဲေဆာင္မႈရွိလြန္းေနတယ္။ မက္မြန္သီးေလးတဲ့တူတဲ့ သူ႔မ်က္ဝန္းေတြက အခုမွႏိုးေတာ့ ရီေဝေဝျဖစ္ေနတယ္။ သူ႔ခႏၲာကိုယ္က ပိန္ပါးလြန္းတဲ့အျပင္ ရွပ္အက်ႋကို ၾကယ္သီးမတပ္ရေသးေတာ့ လွပလြန္းတဲ့ ညႇပ္ရိုး၊ ေပ်ာ့ေပ်ာင္းရံုသာမက သန္မာလြန္းတဲ့ ခါးတစ္ပိုင္းတစ္စနဲ႔ သပ္ရပ္စီရီစြာရွိေနတဲ့ packsတခ်ိဳ႕ကို ေဖာ္ျပေနတယ္။ သူ႔ရိုးရွင္းတဲ့ပံုစံက ခ်စ္ဖို႔ေကာင္းေနတယ္။

စားပြဲကိုေရာက္ေတာ့ ညာဘက္လက္နဲ ႔ေမးေထာက္ၿပီး ဘယ္ဘက္လက္နဲ႔ ဇြန္းကိုကိုင္ကာ စြပ္ျပဳတ္ပူ ေမႊေနတယ္။ သူအိပ္ခ်င္မူးတူးနဲ႔ သမ္းလိုက္ေတာ့ သူ႔မက္မြန္သီးလိုမ်က္လံုးထဲက မ်က္ရည္စက္ေတြက ပါးေပၚအထိေတာ့ စီးမက်ပင္မယ့္ မ်က္ခြံထူထူမွာ တြဲက်ေနတယ္။ အျမင္အာရံုနည္းနည္းဝါးသြားပင္မယ့္ ဒီပ်င္းတိပ်င္းရြဲအမူအယာအတိုင္း ဆက္လုပ္ေနတုန္းပဲ။ သူ႔စိမ္ေျပနေျပလုပ္ေနမႈကို ဆူညံ့သံတစ္ခုက ဖ်က္စီးသြားတယ္။ ဖိတ္က်လာတဲ့ စြပ္ျပဳတ္ေတြကိုေရွာင္ရင္း ေရွ႕ကေကာင္ေလးကို မ်က္ခံုးပင့္ၾကည့္လိုက္ေတာ့ က်ိဟန္ယြိရဲ႕ မ်က္ႏွာရဲရဲကို ျမင္လိုက္ရတယ္။

ဖန္းယို႔ရမ္က အဝတ္စုတ္တစ္ခုနဲ႔ မီးဖိုထဲက အေျပးထြက္လာရင္း

"ကေလးလည္းမဟုတ္ဘဲနဲ႔ ဘယ္ႏွယ့္ စြပ္ျပဳပ္ပန္းကန္ေတာင္ ျပဳတ္က်ရတာလဲ? ဘာျဖစ္သြားတာတုန္း?"

က်ိဟန္ယြိက သူ႔စြပ္ျပဳတ္ပဲ စိတ္ဝင္စားေနတဲ့ လင္းခ်န္စယ္ကိုၾကည့္ၿပီး တံုဆိုင္းစြာနဲ႔

"ငါ . . . ငါ့မိသားစုကို လြမ္းလို႔"

သူလင္းခ်န္စယ္ကို မုန္းပင္မယ့္လည္း ဒီေကာင္ေလးရဲ႕ရုပ္ရည္က အရမ္းျပည့္စံုလြန္းတယ္ဆိုတာ လက္ခံလိုက္တယ္။ ဒီရက္ပိုင္းတြင္းမွာ သူ႔ကိုမျမင္တာၾကာလို႔လားမသိ မ်က္ႏွာအမူအရာက ပြင့္လင္းလာတယ္။ အရင္ေသာက္စားေပ်ာ္ပါးၿပီး ဘာမွအေလးအနက္မထားတဲ့ပံုစံကလည္း ေပ်ာက္ေနၿပီးေတာ့ ပ်င္းရိတည္ၿငိမ္မႈေတြ အစားထိုးလာတယ္။ အဲ့လိုမ်က္စိစံုမွိတ္ကာ ေနပူစာလႈံေနတဲ့ ေၾကာင္ေလးလိုပံုစံက သူ႔ရင္တလွပ္လွပ္ခုန္ေစတယ္။

ဖန္းယို႔ရမ္က ဖန္ကြဲစေတြေကာက္ခါ
ဖိတ္သြားတဲ့ စြပ္ျပဳတ္ေတြကို သုတ္ရင္း ႏူးညံ့စြာ

"အိမ္ကကိစၥေတြအေၾကာင္း မေတြးပါနဲ႔ကြာ။ မင္းက 3rd yearေရာက္ေနေတာ့ ေက်ာင္းကဖိအားေတြလည္း မ်ားေနေသးတာကိုး"

က်ိဟန္ယြိက ေခါင္းၿငိမ့္လိုက္တယ္။ ၿပီးေတာ့ ဖန္းယို႔ရမ္ဆီက အဲ့လိုေျပာသံၾကားလိုက္ေတာ့ သူရင္ဘတ္ေအာင့္သြားတယ္။ လင္းခ်န္စယ္ကို ၾကည့္လိုက္ေတာ့ ဘာမွစိတ္သက္သာရေအာင္ ေျပာမေပးဘူး။ အဲ့ေတာ့ မေက်နပ္မႈကေန ေဒါသနဲ႔အထင္ေသးမႈကို ေျပာင္းသြားတယ္။

လင္းခ်န္စယ္က ဇာတ္လိုက္ႏွစ္ေယာက္ၾကားက သိသာလြန္းတဲ့အေျခအေနကို လ်စ္လ်ဴရႈကာ မ်က္လႊာခ်ၿပီး သူ႔စြပ္ျပဳတ္ကို ေသာက္ေနရင္းက

"ငါဒီရက္ပိုင္း ေက်ာင္းလစ္စရာေတြရွိလို႔ ကူညီဦး။ ငါ့မွာလုပ္စရာေလးေတြရွိလို႔"

က်ိဟန္ယြိက ေဒါသနဲ႔

"မင္းမွာ ဘာလုပ္စရာရွိလို႔လဲ? ေနာက္Juneမွာ စာေမးပြဲရွိတာ ေမ့ေနလား!"

လင္းခ်န္စယ္က ဇြန္းကိုပစ္ခ်ၿပီး ပါးစပ္သုတ္ကာ

"ငါလုပ္စရာရွိတယ္လို႔ေျပာတာ လုပ္စရာရွိလို႔ပဲ! စိတ္အေႏွာင့္အယွက္ လာလာမေပးစမ္းနဲ႔!"

ၿပီးေတာ့ ျမည္ေနတဲ့ ဖုန္းကိုမကိုင္ပဲ ထမင္းစားခန္းကေနထြက္ကာ တိုက္ခန္းကေနပါ ထြက္သြားေတာ့တယ္။ က်ိဟန္ယြိ ျပတင္းေပါက္ကေန ငံုေခ်ာင္းၾကည့္လိုက္ေတာ့ သူAudiကားေပၚတက္သြားတာ ျမင္လိုက္ရတယ္။
"ပ်က္စီးေနတဲ့အေကာင္ကေတာ့ အျမဲပ်က္စီးေနမွာပဲ။ ပိုၾကည့္ေကာင္းလာေလေလ ပိုအေပါစားဆန္လာေလေလပဲ"
မနက္စာပန္းကန္ေတြကို ေသခ်ာေဆးေနတဲ့ေကာင္ေလးကိုၾကည့္ေတာ့ သူစိတ္ျပန္ၿငိမ္သြားတယ္။ ၿပီးေတာ့ သူလင္းရဲ႕အလွေအာက္မွာ ေႂကြမိသြားတဲ့ အခိုက္အတန္႔ကို စိတ္ထဲကေန ထုတ္ပစ္လိုက္တယ္။

~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~

က်ိဳးယြင့္ရွန္နဲ႔ ယုေမလ်န္တို႔ AYA companyအခြဲကို သြားၾကတယ္။ ဝန္ထမ္းေတြက studioမွာ cameraေတြ မီးေတြsettingေတြ ေသခ်ာျပင္ဆင္ၿပီးသြားၿပီးေတာ့ ရိုက္ကြင္းစဖို႔ကို ေစာင့္ေနၾကတယ္။ ယုေမလ်န္ကာ ဆံပင္ေရႊေရာင္နဲ႔ ႏိုင္ငံျခားသားႀကီးကို

"Mr.Orlandoရွင့္ ကၽြန္မတို႔ကို ဇာတ္ညႊန္းေပးဖို႔ ေမ့ေနတာလား?"

Orlandoက သူ႔ကိုေျပာေနတဲ့ ယုေမလ်န္ကိုေက်ာ္ၿပီး လူငယ္ေလးကို ေႏြးေထြးစြာၿပံဳးျပရင္း

"Oh~ ~ ~ ေနာက္ဆံုးေတာ့ ငါ့နတ္သူငယ္ေလး ေရာက္လာၿပီပဲ။ ျမန္ျမန္ အဝတ္သြားလဲလိုက္ေနာ္"

"မင္းႏွမပဲ နတ္သူငယ္ျဖစ္ကြာ!" လို႔ က်ိဳးယြင့္ရွန္ စိတ္ထဲက ဆဲမိေသာ္လည္း တည္ၾကည္တဲ့အျပံဳးကို ပန္ဆင္ကာ ေခါင္းၿငိမ့္ျပလိုက္ၿပီး Stylishေနာက္ လိုက္သြားလိုက္တယ္။

ယုေမလ်န္က Orlandoရဲ႕ ရွပ္အက်ႋကို လွမ္းထိလိုက္ၿပီး ယဥ္ေက်းစြာနဲ႔

"Mr.Orlando ဇာတ္ညႊန္းကို ေမ့ေနပါတယ္ရွင့္။ ဇာတ္ညႊန္းမေပးဘဲ ကၽြန္မတို႔ဘယ္လိုရိုက္ရပါ့"

Orlandoက ဆံပင္ကို လက္နဲ႔သပ္ရင္း

"ငါေျပာဖို႔ ေမ့သြားတယ္။ ဒီေၾကညာမွာ ဇာတ္ညႊန္းမရွိဘူး။ ငါ့နတ္သူငယ္ေလး ထြက္လာတာနဲ႔ ငါ့တို႔တန္းရိုက္ေတာ့မွာ"

တံခါးဝမွာ လူရိပ္တစ္ခုေပၚလာတာေတြ႕တာနဲ႔ ႏႈတ္ဆက္ဖို႔ တန္းသြားတယ္။ ယုေမလ်န္လည္း လည့္ၾကည့္လိုက္ေတာ့ ရင္ဘတ္တစ္ခုလံုးတင္းလာကာ ကြဲေၾကသြားေတာ့တယ္။ ေၾကာက္ဖို႔ေကာင္းေအာင္ အဲ့ဒီလူက ေခ်ာင္းမို႔ခြန္းျဖစ္ေနတယ္။ ေခ်ာင္းမို႔ခြန္းကို အရိုးအက်န္ အကုန္စားပစ္တဲ့ ငါးမန္းျဖဴႀကီးလို႔ လူသိမ်ားၾကတယ္။ သူက ပထမတန္းစား မိသားစုေတြေတာင္ လက္ျပလိုက္ရံုနဲ႔ ပ်က္စီးေအာင္ လုပ္ပစ္လိုက္ႏိုင္တယ္။
"သူဒီကိုဘာလာလုပ္တာပါလိမ့္
ဟုတ္သားပဲ။ ဒီလူက လွတဲ့မိန္းမေယာက်္ားမေရြး အကုန္စားတဲ့ေနရာမွာ နာမည္ဆိုးထြက္တဲ့သူပဲ။ သူတို႔ကို သူစိတ္ပါသေလာက္ ဘယ္သူမွတားမရဘူး။ သူသာ လင္းခ်န္စယ္ကို ေတြ႕သြားရင္ . . ."
ယုေမလ်န္ မ်က္စိပ်က္ မ်က္ႏွာပ်က္နဲ႔ ျပန္လွည့္လိုက္တယ္။ Agentအမ်ားစုက အနည္းနဲ႔အမ်ား ျပည့္တန္ဆာေခါင္းပံုစံမ်ိဳးပဲ။ သူတို႔ဒီလိုလုပ္ဖို႔ ဆႏၵမရွိပင္မယ့္လည္း ပတ္ဝန္းက်င္ရဲ႕ ခိုင္းေစမႈေအာက္မွာ လုပ္ျဖစ္သြားၾကတယ္။ အာဏာရွိတဲ့သူေတြကို ကလန္ကဆန္လုပ္မိရင္ ဘယ္သူကမ်ား သူတို႔ကိုလာကာကြယ္ေပးမွာမလို႔လဲ။ ရလဒ္ကေတာ့ မေတြးရဲစရာႀကီး။ ဒါပင္မယ့္လည္း လင္းခ်န္စယ္ေလးက ငယ္ေသးတယ္။ ၿပီးေတာ့ မိဘမဲ့ေလး။ ဒါကိုသူဘယ္လိုစိတ္မ်ိဳးနဲ႔ ရင္ဆိုင္ရပါ့မလဲ။ ယုေမလ်န္က ေခ်ာင္းမို႔ခြန္း လင္းခ်န္စယ္ကို မ်က္စိက်မွာမဟုတ္လို႔ေတာင္ မေတြးမိဘူး။ လင္းခ်န္စယ္ကို ေတြ႕သမၽွလူတိုင္း ကန္းမေနရင္ သမင္လည္ျပန္ေလာက္ေတာ့ ၾကည့္ၾကတာပဲေလ။

မ်က္ကန္းက်ိဟန္ယြိ : ". . ."

က်ိဳးယြင့္ရွန္က ယုေမလ်န္ ေသေလာက္ေအာင္ညစ္ေနတာလည္း မသိႏိုင္ဘူး။ သူ႔ဟာသူ ေဘာင္းဘီဇစ္အတင္းဆြဲရင္း အလုပ္ရႈပ္ေနေလရဲ႕။
သူအသက္ဝေအာင္ရႈၿပီး ဗိုက္ကိုခ်ပ္ကာ

"ဒါအရမ္းမက်ပ္ဘူးလား? ကၽြန္ေတာ္ လမ္းေတာင္ေလၽွာက္လို႔မရခ်င္ေတာ့ဘူး"

Stylishက လူငယ္ေလးရဲ႕ ဝမ္းဗိုက္ႂကြက္သြားအေျမာင္းလိုက္ေတြ၊ တင္းရင္းေနတဲ့ တင္ပါးလံုးလံုးေလးေတြ၊ ေျခေခ်ာင္းသြယ္သြယ္ေလးေတြကို မ်က္စိက်လြန္ၿပီးေတာ့ သေရက်လုနီးပါးနဲ႔

"ဒါမက်ပ္ပါဘူး။ ဒါပံုမွန္ပဲေလ"

က်ိဳးယြင့္ရွန္က ပါးစပ္ေလးလႈပ္ရံုနဲ႔

"အေပၚဝတ္ေရာ?"

"အေပၚဝတ္ မပါဘူး။ ခနၲာကိုယ္အေပၚပိုင္းကို ေျဗာင္နဲ႔ပဲရိုက္မွာ"

ေျခေထာက္ေလးကို လႈပ္ျပရင္း

"ဖိနပ္ေရာ?"

"ဖိနပ္လည္းမပါဘူး"

Stylishက သူ႔ကိုယ္ေပၚက အၾကည့္ကိုမနည္းခြာရင္း သူ႔ကိုတြန္းကာ

"ဒါဆိုရၿပီ။ ငါမင္းကို ဒီကျမန္ျမန္ထုတ္ေပးမွ မဟုတ္ရင္ Orlandoေဒါသနဲ႔ေတြ႕ေနမယ္"

Orlandoက ပါးစပ္ကို လက္ဝါးနဲ႔ အုပ္ရင္း

"OMG! Babyေလးက အခုမွဖုတ္ထားတဲ့ Chese cakeပူပူေႏြးေႏြးေလးက်ေနတာပဲ စားခ်င္လိုက္တာ!!!"

Staffေတြအကုန္လံုးကလည္း အနားက ျဖတ္ေလၽွာက္ေနၾကရင္း ငမ္းေနၾကတယ္။ က်ိဳးယြင့္ရွန္ အၾကည့္ေတြၾကားက အျပင္းဆံုးအၾကည့္ေနာက္လိုက္မိေတာ့ ဒါရိုက္တာေဘးမွာ အနည္းဆံုး အရပ္ 190cmေလာက္ရွည္တဲ့သူကို ေတြ႕လိုက္ရတယ္။ ေဈးႀကီးသပ္ရပ္လြန္းတဲ့ဝတ္စံုက ေတာင့္တင္းသန္မာလြန္းတဲ့ သူ႔ခနၲာကိုယ္နဲ႔ လိုက္လြန္းတယ္။ ဆံပင္ေတြကို အကုန္ေနာက္လွန္ၿဖီးထားေတာ့ တိက်ခန္႔ညားလြန္းတဲ့ မ်က္ႏွာကိုေပၚေစတယ္။ မ်က္ေတာင္တခတ္အတြင္းမွာ ပါးလႊာလွတဲ့ႏႈတ္ခမ္းေတြက အျပံဳးတစ္ပြင့္ေပၚလာေတာ့ သူက အရမ္းေခ်ာလြန္းတဲ့ နတ္ဆိုးတစ္ေကာင္လိုပဲ။
က်ိဳးယြင့္ရွန္ မူလပိုင္ရွင္ရဲ႕ မွတ္ညဏ္ထဲက မနည္းေတြးယူလိုက္ရတယ္။ ေခ်ာင္းမို႔ခြန္း!!!

သူOrlandoကို ၾကည့္လိုက္ၿပီး

"ကၽြန္ေတာ္ ဒီေၾကညာကို ဘယ္လိုရိုက္ရမွာလဲဗ်? အမကေျပာတယ္ ဇာတ္ညႊန္းမရွိဘူးလို႔"

Orlandoက ေကာင္ေလးကို ပြင့္ဖတ္ေတြအျပည့္ခင္းထားတဲ့ studioထဲကို တြန္းပို႔ရင္း

"အင္း ဘာဇာတ္ညႊန္းမွ မလိုဘူး။ ငါတို႔မင္းရဲ႕ ရူေထာင့္ေတြ လႈပ္ရွားမူေတြ အမူအယာေတြပဲ ရိုက္မွာ။ ၿပီးရင္ အလွဆံုးနဲ႔ဆြဲေဆာင္မႈအရွိဆံုး ရိုက္ခ်က္ေတြပဲ ျပန္စီၿပီး ေၾကညာလုပ္မွာ"

က်ိဳးယြင့္ရွန္က သူ႔ေျခေထာက္ေအာက္ ပြင့္လႊာထုႀကီးကိုၾကည့္ရင္း
"ေမာ္ဒယ္လုပ္တာက တကယ့္ ရုပ္ရည္ကိုျပစားရတာပဲ"

ေခ်ာင္းမို႔ခြန္းက လူငယ္ေလးသူ႔ကိုျမင္ရင္ အရင္လိုရွက္ကိုးရွက္ကန္းပံုေလးျဖစ္လိမ့္မယ္ ထင္မိပင္မယ့္ အခုလိုသူ႔ကိုမသိသလိုပဲ တခ်က္ေလာက္ငဲ့ၾကည့္ၿပီး ျပန္လွည့္သြားလိမ့္မယ္လို႔ မေမၽွာ္လင့္မိဘူး။ အိတ္ထဲက စီးကရက္ကိုထုတ္ကာ ပါးစပ္အျပည့္ ငံုခဲလိုက္ၿပီး
"မင္းက ျပန္အလိုက္ခံခ်င္ေနတာကိုး"လို႔ ေတြးမိလိုက္တယ္။

က်ိဳးယြင့္ရွန္က ပြင့္လႊာေတြပါမွာ အနည္းငယ္ လမ္းေလၽွာက္ၿပီးတာနဲ႔ Orlandoကို လက္ျပၿပီး

"ကၽြန္ေတာ္ ဝိုင္နီတစ္ပုလင္းေလာက္ ရႏိုင္မလား? သံုးစရာနည္းနည္းရွိလို႔"

"အလွတရားရယ္ ဝိုင္နီရယ္ ပန္းေတြရယ္ . . .ေရေမႊး . . .ေပါင္းလိုက္ရင္ အရမ္းမိုက္သြားမွာ"

Orlandoက အေတြးနဲ႔တင္ ရစ္မူးေနၿပီး ဝိုင္နီတစ္ပုလင္းေပးခိုင္းလိုက္တယ္။

က်ိဳးယြင့္ရွန္က ပါးစပ္အျပည့္ အငမ္မရေသာက္ေလာက္ေတာ့ ဝိုင္နီေတြက သူ႔ Jaw lineကေန ရွည္သြယ္တဲ့လည္ပင္း၊ စြဲေဆာင္မႈရွိတဲ့ ညႇပ္ရိုး၊ ခ်ပ္ရပ္ေနတဲ့ ဗိုက္သားေလးေတြအထိ စီးက်သြားတယ္။ ပုလင္းကိုခ်လိုက္ေတာ့ သူ႔ပါးမို႔ေလးေတြ ရဲေနၿပီး မ်က္ဝန္းေလးေတြက ရီေဝေဝျဖစ္လာတယ္။ သူ႔ပံုစံက အရမ္းမူးေနသလို အရမ္းလည္း ညိဳ႕အားျပင္းေနတယ္။

Studioတစ္ခုလံုး တံေတြးၿမိဳခ်သံေတြႀကီးပဲ။ Orlandoက ပုလင္းျပန္ယူဖို႔ လက္ျပရင္း

"ဒါရိုက္ဖို႔အတြက္ feelဝင္သြားၿပီလား? ဒါဆိုစရိုက္ေတာ့မယ္ေနာ္"

က်ိဳးယြင့္ရွန္က ပုလင္းကိုျပန္မေပးခင္ ပုလင္းဝကို စုပ္နမ္းလိုက္ေသးတယ္။ ေခ်ာင္းမို႔ခြန္း မ်က္ႏွာက အဲ့ဒါကိုျမင္ေတာ့ ခ်က္ခ်င္းေအးခဲသြားတယ္။ သူ႔လက္ေထာက္က ေခ်ာင္းဟန္႔ရင္း သတိအျမန္ေပးရတယ္။

"Boss ေက်းဇူးျပဳၿပီး လူေတြအကုန္လံုး လင္းခ်န္စယ္ပဲ အာရံုေရာက္ေနတုန္း ထိုင္ၾကည့္လိုက္ပါဗ်ာ . . ." တကယ္လို႔ တစ္ေယာက္ေယာက္သာျမင္သြားရင္ သိကၡာက်ၿပီဗ် !

ေနာက္ဆံုးစကားကိုေတာ့ သူ႔Bossရဲ႕ ထိုးေထာင္ေနတဲ့ဂြၾကားကို ေၾကာင္ၾကည့္ရင္း ေျပာမထြက္ေတာ့ဘူး။ ေခ်ာင္းမို႔ခြန္းလည္း မရွက္ႏိုင္ေတာ့ဘဲ ဒါရိုက္တာေဘးမွာ ခံုေကာင္းေကာင္းတစ္ခံုေပၚ ထိုင္လိုက္ရတယ္။ စူးရွလြန္တဲ့ အၾကည့္ေတြကေတာ့ လူငယ္ေလးရဲ႕ ကိုယ္ေပၚက နည္းနည္းေလးမွ မခြာဘူး။

က်ိဳးယြင့္ရွန္ မူးလာသလို ခံစားရတယ္။ သူcameraဘက္ကို ရီေဝေဝနဲ႔ျပံဳးျပလိုက္တယ္။ ဝိုင္ရဲ႕အရသာက အရမ္းေကာင္းေတာ့ သူအိပ္ခ်င္လာသလိုျဖစ္လာတယ္။ ဒါေၾကာင့္ ပြင့္ဖတ္လႊာေတြအေပၚ လွဲခ်လိုက္ၿပီး သမ္းလိုက္တယ္။ သူ႔ခနၲာကိုယ္လည္း နည္းနည္းေအးလာေတာ့ ပြင့္ခ်ပ္ေတြကို သူ႔ရင္ဘက္ေပၚၾကဲခ်လိုက္တယ္။ ၿပီးေတာ့ သူရိုက္ကြင္းမွာဆိုတာ သတိရေတာ့ မ်က္လံုးျပန္ဖြင့္ကာ cameraဘက္ လွည့္လိုက္တယ္။ ၿပီးေတာ့ လက္ဝါးေလးကို ပါးျပင္ေပၚႏူးႏူးညံ့ညံ့ဖိကပ္ကာ ျဖဴစင္စြာ ရယ္ျပလိုက္တယ္။ ဒါပင္မယ့္ မ်က္ဝန္းေတြကေတာ့ ရီေဝေနဆဲပဲ။

"အား!!! အဲ့အျပံဳးေလး အရမ္းမိုက္တယ္!!! ဒါကို ရေအာင္ရိုက္!!! "

Orlandoက စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လိုက္တယ္။

Unicode Ver

နောက်ဆုံးမှာတော့ အခန်းတံခါးပွင့်လာတယ်။ ဝူထောင်နဲ့ Boaကလည်း မပြန်သေးဘဲ ခပ်လှမ်းလှမ်းက စောင့်နေတယ်။ ယုမေလျန်က သူဖြေမှာ မစောင့်နိုင်တော့ဘဲ

"ဘယ်လိုလဲ?"

ကျိုးယွင့်ရှန်က သူ့လက်ကိုင်ပုဝါကိုခေါက်ကာ အိတ်ထဲထည့်ရင်း

"ကျွန်တော် ရလာပြီ။ နောက်၃ရက်ကြာရင် ဒီကိုကြေညာရိုက်ဖို့လာရမယ်တဲ့။ အမ ကျွန်တော် ပိုက်ဆံအရမ်းလိုနေလို့ ဈေးကောင်းရအောင် ညှိပေးပါဦး"

ယုမေလျန်က အခိုင်အမာပဲ

"စိတ်မပူပါနဲ့။ မင်းကအသစ်ဆိုပင်မယ့် AYAမှာ ပိုက်ဆံတွေအများကြီးရှိတာ စိတ်မပျက်ရေစပါဘူး"

ကျိုးယွင့်ရှန်က သူ့ပုခုံးကို ပုတ်လိုက်ပြီး

"ဒါဆို ကျန်တာတွေ မကြီးကိုပဲ အပ်ထားလိုက်တော့မယ်။ ကျွန်တော် အတန်းတက်စရာရှိလို့ နောက်မှတွေ့မယ်"

သူ့ကိုစိတ်ရှုပ်စွာကြည့်နေတဲ့ ဝူထောင်ရယ်၊ မျက်ထောင့်နီကြီးနဲ့ Boaရယ်ကို တည်ငြိမ်စွာ ခေါင်းတချက်ဆက်ပြရင်း ပြုံးပြပြီး ကျော်ထွက်လာလိုက်တယ်။

ဒီ၃ရက်အတောအတွင်း ယုမေလျန်က သူ့ကိုphခေါ်ပြီး AYAကြေညာခ ၅သိန်းရတယ်လို့ ပြောတယ်။ ဒါက လူသစ်တစ်ယောက်အတွက် အရမ်းကံကောင်းတဲ့ ဈေးပဲ။ ဒါကြောင့် သူ့ကိုမတိုင်ပင်ဘဲ သူမသဘောတူခဲ့တယ်။ လူသစ်တစ်ယောက်အတွက် ကြေညာတစ်ခုက သိန်းနဲ့ချီပြီးရနိုင်သလို သောင်းကျော်ကျော်လေးပဲလည်း ရနိုင်တယ်။ ကျိုးယွင့်ရှန်လည် ဒီဈေးကိုသိတော့ ယုမေလျန်ရဲ့ ကြိုးစားမှုအတွက် အရမ်းကျေးဇူးတင်ခဲ့တယ်။

သူအကျႌဝတ်ရင်း တမင်းစားခန်းတံခါး ဖွင့်လိုက်တော့ မနက်အစောကြီးရှိသေးတယ်။ လူငယ်လေးရဲ့ အသားအရည်က နို့ရည်လို ဖွေးဥစိုပြေနေတယ်။ နေရောင်အောက်မှာ တောက်ပတဲ့ သူ့ဆံပင်တွေကို လက်ချောင်းနဲ့ထိုးဖွလိုက်တော့ ပိုရှုပ်သွားပင်မယ့် ဆွဲဆောင်မှုရှိလွန်းနေတယ်။ မက်မွန်သီးလေးတဲ့တူတဲ့ သူ့မျက်ဝန်းတွေက အခုမှနိုးတော့ ရီဝေဝေဖြစ်နေတယ်။ သူ့ခန္တာကိုယ်က ပိန်ပါးလွန်းတဲ့အပြင် ရှပ်အကျႋကို ကြယ်သီးမတပ်ရသေးတော့ လှပလွန်းတဲ့ ညှပ်ရိုး၊ ပျော့ပျောင်းရုံသာမက သန်မာလွန်းတဲ့ ခါးတစ်ပိုင်းတစ်စနဲ့ သပ်ရပ်စီရီစွာရှိနေတဲ့ packsတချို့ကို ဖော်ပြနေတယ်။ သူ့ရိုးရှင်းတဲ့ပုံစံက ချစ်ဖို့ကောင်းနေတယ်။

စားပွဲကိုရောက်တော့ ညာဘက်လက်နဲ့မေးထောက်ပြီး ဘယ်ဘက်လက်နဲ့ ဇွန်းကိုကိုင်ကာ စွပ်ပြုတ်ပူ မွှေနေတယ်။ သူအိပ်ချင်မူးတူးနဲ့ သမ်းလိုက်တော့ သူ့မက်မွန်သီးလိုမျက်လုံးထဲက မျက်ရည်စက်တွေက ပါးပေါ်အထိတော့ စီးမကျပင်မယ့် မျက်ခွံထူထူမှာ တွဲကျနေတယ်။ အမြင်အာရုံနည်းနည်းဝါးသွားပင်မယ့် ဒီပျင်းတိပျင်းရွဲအမူအယာအတိုင်း ဆက်လုပ်နေတုန်းပဲ။ သူ့စိမ်ပြေနပြေလုပ်နေမှုကို ဆူညံ့သံတစ်ခုက ဖျက်စီးသွားတယ်။ ဖိတ်ကျလာတဲ့ စွပ်ပြုတ်တွေကိုရှောင်ရင်း ရှေ့ကကောင်လေးကို မျက်ခုံးပင့်ကြည့်လိုက်တော့ ကျိဟန်ယွိရဲ့ မျက်နှာရဲရဲကို မြင်လိုက်ရတယ်။

ဖန်းယို့ရမ်က အဝတ်စုတ်တစ်ခုနဲ့ မီးဖိုထဲက အပြေးထွက်လာရင်း

"ကလေးလည်းမဟုတ်ဘဲနဲ့ ဘယ်နှယ့် စွပ်ပြုပ်ပန်းကန်တောင် ပြုတ်ကျရတာလဲ? ဘာဖြစ်သွားတာတုန်း?"

ကျိဟန်ယွိက သူ့စွပ်ပြုတ်ပဲ စိတ်ဝင်စားနေတဲ့ လင်းချန်စယ်ကိုကြည့်ပြီး တုံဆိုင်းစွာနဲ့

"ငါ . . . ငါ့မိသားစုကို လွမ်းလို့"

သူလင်းချန်စယ်ကို မုန်းပင်မယ့်လည်း ဒီကောင်လေးရဲ့ရုပ်ရည်က အရမ်းပြည့်စုံလွန်းတယ်ဆိုတာ လက်ခံလိုက်တယ်။ ဒီရက်ပိုင်းတွင်းမှာ သူ့ကိုမမြင်တာကြာလို့လားမသိ မျက်နှာအမူအရာက ပွင့်လင်းလာတယ်။ အရင်သောက်စားပျော်ပါးပြီး ဘာမှအလေးအနက်မထားတဲ့ပုံစံကလည်း ပျောက်နေပြီးတော့ ပျင်းရိတည်ငြိမ်မှုတွေ အစားထိုးလာတယ်။ အဲ့လိုမျက်စိစုံမှိတ်ကာ နေပူစာလှုံနေတဲ့ ကြောင်လေးလိုပုံစံက သူ့ရင်တလှပ်လှပ်ခုန်စေတယ်။

ဖန်းယို့ရမ်က ဖန်ကွဲစတွေကောက်ခါ
ဖိတ်သွားတဲ့ စွပ်ပြုတ်တွေကို သုတ်ရင်း နူးညံ့စွာ

"အိမ်ကကိစ္စတွေအကြောင်း မတွေးပါနဲ့ကွာ။ မင်းက 3rd yearရောက်နေတော့ ကျောင်းကဖိအားတွေလည်း များနေသေးတာကိုး"

ကျိဟန်ယွိက ခေါင်းငြိမ့်လိုက်တယ်။ ပြီးတော့ ဖန်းယို့ရမ်ဆီက အဲ့လိုပြောသံကြားလိုက်တော့ သူရင်ဘတ်အောင့်သွားတယ်။ လင်းချန်စယ်ကို ကြည့်လိုက်တော့ ဘာမှစိတ်သက်သာရအောင် ပြောမပေးဘူး။ အဲ့တော့ မကျေနပ်မှုကနေ ဒေါသနဲ့အထင်သေးမှုကို ပြောင်းသွားတယ်။

လင်းချန်စယ်က ဇာတ်လိုက်နှစ်ယောက်ကြားက သိသာလွန်းတဲ့အခြေအနေကို လျစ်လျူရှုကာ မျက်လွှာချပြီး သူ့စွပ်ပြုတ်ကို သောက်နေရင်းက

"ငါဒီရက်ပိုင်း ကျောင်းလစ်စရာတွေရှိလို့ ကူညီဦး။ ငါ့မှာလုပ်စရာလေးတွေရှိလို့"

ကျိဟန်ယွိက ဒေါသနဲ့

"မင်းမှာ ဘာလုပ်စရာရှိလို့လဲ? နောက်Juneမှာ စာမေးပွဲရှိတာ မေ့နေလား!"

လင်းချန်စယ်က ဇွန်းကိုပစ်ချပြီး ပါးစပ်သုတ်ကာ

"ငါလုပ်စရာရှိတယ်လို့ပြောတာ လုပ်စရာရှိလို့ပဲ! စိတ်အနှောင့်အယှက် လာလာမပေးစမ်းနဲ့!"

ပြီးတော့ မြည်နေတဲ့ ဖုန်းကိုမကိုင်ပဲ ထမင်းစားခန်းကနေထွက်ကာ တိုက်ခန်းကနေပါ ထွက်သွားတော့တယ်။ ကျိဟန်ယွိ ပြတင်းပေါက်ကနေ ငုံချောင်းကြည့်လိုက်တော့ သူAudiကားပေါ်တက်သွားတာ မြင်လိုက်ရတယ်။
"ပျက်စီးနေတဲ့အကောင်ကတော့ အမြဲပျက်စီးနေမှာပဲ။ ပိုကြည့်ကောင်းလာလေလေ ပိုအပေါစားဆန်လာလေလေပဲ"
မနက်စာပန်းကန်တွေကို သေချာဆေးနေတဲ့ကောင်လေးကိုကြည့်တော့ သူစိတ်ပြန်ငြိမ်သွားတယ်။ ပြီးတော့ သူလင်းရဲ့အလှအောက်မှာ ကြွေမိသွားတဲ့ အခိုက်အတန့်ကို စိတ်ထဲကနေ ထုတ်ပစ်လိုက်တယ်။

~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~ ☆ ~

ကျိုးယွင့်ရှန်နဲ့ ယုမေလျန်တို့ AYA companyအခွဲကို သွားကြတယ်။ ဝန်ထမ်းတွေက studioမှာ cameraတွေ မီးတွေsettingတွေ သေချာပြင်ဆင်ပြီးသွားပြီးတော့ ရိုက်ကွင်းစဖို့ကို စောင့်နေကြတယ်။ ယုမေလျန်ကာ ဆံပင်ရွှေရောင်နဲ့ နိုင်ငံခြားသားကြီးကို

"Mr.Orlandoရှင့် ကျွန်မတို့ကို ဇာတ်ညွှန်းပေးဖို့ မေ့နေတာလား?"

Orlandoက သူ့ကိုပြောနေတဲ့ ယုမေလျန်ကိုကျော်ပြီး လူငယ်လေးကို နွေးထွေးစွာပြုံးပြရင်း

"Oh~ ~ ~ နောက်ဆုံးတော့ ငါ့နတ်သူငယ်လေး ရောက်လာပြီပဲ။ မြန်မြန် အဝတ်သွားလဲလိုက်နော်"

"မင်းနှမပဲ နတ်သူငယ်ဖြစ်ကွာ!" လို့ ကျိုးယွင့်ရှန် စိတ်ထဲက ဆဲမိသော်လည်း တည်ကြည်တဲ့အပြုံးကို ပန်ဆင်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး Stylishနောက် လိုက်သွားလိုက်တယ်။

ယုမေလျန်က Orlandoရဲ့ ရှပ်အကျႋကို လှမ်းထိလိုက်ပြီး ယဉ်ကျေးစွာနဲ့

"Mr.Orlando ဇာတ်ညွှန်းကို မေ့နေပါတယ်ရှင့်။ ဇာတ်ညွှန်းမပေးဘဲ ကျွန်မတို့ဘယ်လိုရိုက်ရပါ့"

Orlandoက ဆံပင်ကို လက်နဲ့သပ်ရင်း

"ငါပြောဖို့ မေ့သွားတယ်။ ဒီကြေညာမှာ ဇာတ်ညွှန်းမရှိဘူး။ ငါ့နတ်သူငယ်လေး ထွက်လာတာနဲ့ ငါ့တို့တန်းရိုက်တော့မှာ"

တံခါးဝမှာ လူရိပ်တစ်ခုပေါ်လာတာတွေ့တာနဲ့ နှုတ်ဆက်ဖို့ တန်းသွားတယ်။ ယုမေလျန်လည်း လည့်ကြည့်လိုက်တော့ ရင်ဘတ်တစ်ခုလုံးတင်းလာကာ ကွဲကြေသွားတော့တယ်။ ကြောက်ဖို့ကောင်းအောင် အဲ့ဒီလူက ချောင်းမို့ခွန်းဖြစ်နေတယ်။ ချောင်းမို့ခွန်းကို အရိုးအကျန် အကုန်စားပစ်တဲ့ ငါးမန်းဖြူကြီးလို့ လူသိများကြတယ်။ သူက ပထမတန်းစား မိသားစုတွေတောင် လက်ပြလိုက်ရုံနဲ့ ပျက်စီးအောင် လုပ်ပစ်လိုက်နိုင်တယ်။
"သူဒီကိုဘာလာလုပ်တာပါလိမ့်
ဟုတ်သားပဲ။ ဒီလူက လှတဲ့မိန်းမယောကျ်ားမရွေး အကုန်စားတဲ့နေရာမှာ နာမည်ဆိုးထွက်တဲ့သူပဲ။ သူတို့ကို သူစိတ်ပါသလောက် ဘယ်သူမှတားမရဘူး။ သူသာ လင်းချန်စယ်ကို တွေ့သွားရင် . . ."
ယုမေလျန် မျက်စိပျက် မျက်နှာပျက်နဲ့ ပြန်လှည့်လိုက်တယ်။ Agentအများစုက အနည်းနဲ့အများ ပြည့်တန်ဆာခေါင်းပုံစံမျိုးပဲ။ သူတို့ဒီလိုလုပ်ဖို့ ဆန္ဒမရှိပင်မယ့်လည်း ပတ်ဝန်းကျင်ရဲ့ ခိုင်းစေမှုအောက်မှာ လုပ်ဖြစ်သွားကြတယ်။ အာဏာရှိတဲ့သူတွေကို ကလန်ကဆန်လုပ်မိရင် ဘယ်သူကများ သူတို့ကိုလာကာကွယ်ပေးမှာမလို့လဲ။ ရလဒ်ကတော့ မတွေးရဲစရာကြီး။ ဒါပင်မယ့်လည်း လင်းချန်စယ်လေးက ငယ်သေးတယ်။ ပြီးတော့ မိဘမဲ့လေး။ ဒါကိုသူဘယ်လိုစိတ်မျိုးနဲ့ ရင်ဆိုင်ရပါ့မလဲ။ ယုမေလျန်က ချောင်းမို့ခွန်း လင်းချန်စယ်ကို မျက်စိကျမှာမဟုတ်လို့တောင် မတွေးမိဘူး။ လင်းချန်စယ်ကို တွေ့သမျှလူတိုင်း ကန်းမနေရင် သမင်လည်ပြန်လောက်တော့ ကြည့်ကြတာပဲလေ။

မျက်ကန်းကျိဟန်ယွိ : ". . ."

ကျိုးယွင့်ရှန်က ယုမေလျန် သေလောက်အောင်ညစ်နေတာလည်း မသိနိုင်ဘူး။ သူ့ဟာသူ ဘောင်းဘီဇစ်အတင်းဆွဲရင်း အလုပ်ရှုပ်နေလေရဲ့။
သူအသက်ဝအောင်ရှုပြီး ဗိုက်ကိုချပ်ကာ

"ဒါအရမ်းမကျပ်ဘူးလား? ကျွန်တော် လမ်းတောင်လျှောက်လို့မရချင်တော့ဘူး"

Stylishက လူငယ်လေးရဲ့ ဝမ်းဗိုက်ကြွက်သွားအမြောင်းလိုက်တွေ၊ တင်းရင်းနေတဲ့ တင်ပါးလုံးလုံးလေးတွေ၊ ခြေချောင်းသွယ်သွယ်လေးတွေကို မျက်စိကျလွန်ပြီးတော့ သရေကျလုနီးပါးနဲ့

"ဒါမကျပ်ပါဘူး။ ဒါပုံမှန်ပဲလေ"

ကျိုးယွင့်ရှန်က ပါးစပ်လေးလှုပ်ရုံနဲ့

"အပေါ်ဝတ်ရော?"

"အပေါ်ဝတ် မပါဘူး။ ခန္တာကိုယ်အပေါ်ပိုင်းကို ဗြောင်နဲ့ပဲရိုက်မှာ"

ခြေထောက်လေးကို လှုပ်ပြရင်း

"ဖိနပ်ရော?"

"ဖိနပ်လည်းမပါဘူး"

Stylishက သူ့ကိုယ်ပေါ်က အကြည့်ကိုမနည်းခွာရင်း သူ့ကိုတွန်းကာ

"ဒါဆိုရပြီ။ ငါမင်းကို ဒီကမြန်မြန်ထုတ်ပေးမှ မဟုတ်ရင် Orlandoဒေါသနဲ့တွေ့နေမယ်"

Orlandoက ပါးစပ်ကို လက်ဝါးနဲ့ အုပ်ရင်း

"OMG! Babyလေးက အခုမှဖုတ်ထားတဲ့ Chese cakeပူပူနွေးနွေးလေးကျနေတာပဲ စားချင်လိုက်တာ!!!"

Staffတွေအကုန်လုံးကလည်း အနားက ဖြတ်လျှောက်နေကြရင်း ငမ်းနေကြတယ်။ ကျိုးယွင့်ရှန် အကြည့်တွေကြားက အပြင်းဆုံးအကြည့်နောက်လိုက်မိတော့ ဒါရိုက်တာဘေးမှာ အနည်းဆုံး အရပ် 190cmလောက်ရှည်တဲ့သူကို တွေ့လိုက်ရတယ်။ ဈေးကြီးသပ်ရပ်လွန်းတဲ့ဝတ်စုံက တောင့်တင်းသန်မာလွန်းတဲ့ သူ့ခန္တာကိုယ်နဲ့ လိုက်လွန်းတယ်။ ဆံပင်တွေကို အကုန်နောက်လှန်ဖြီးထားတော့ တိကျခန့်ညားလွန်းတဲ့ မျက်နှာကိုပေါ်စေတယ်။ မျက်တောင်တခတ်အတွင်းမှာ ပါးလွှာလှတဲ့နှုတ်ခမ်းတွေက အပြုံးတစ်ပွင့်ပေါ်လာတော့ သူက အရမ်းချောလွန်းတဲ့ နတ်ဆိုးတစ်ကောင်လိုပဲ။
ကျိုးယွင့်ရှန် မူလပိုင်ရှင်ရဲ့ မှတ်ညဏ်ထဲက မနည်းတွေးယူလိုက်ရတယ်။ ချောင်းမို့ခွန်း!!!

သူOrlandoကို ကြည့်လိုက်ပြီး

"ကျွန်တော် ဒီကြေညာကို ဘယ်လိုရိုက်ရမှာလဲဗျ? အမကပြောတယ် ဇာတ်ညွှန်းမရှိဘူးလို့"

Orlandoက ကောင်လေးကို ပွင့်ဖတ်တွေအပြည့်ခင်းထားတဲ့ studioထဲကို တွန်းပို့ရင်း

"အင်း ဘာဇာတ်ညွှန်းမှ မလိုဘူး။ ငါတို့မင်းရဲ့ ရူထောင့်တွေ လှုပ်ရှားမူတွေ အမူအယာတွေပဲ ရိုက်မှာ။ ပြီးရင် အလှဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံး ရိုက်ချက်တွေပဲ ပြန်စီပြီး ကြေညာလုပ်မှာ"

ကျိုးယွင့်ရှန်က သူ့ခြေထောက်အောက် ပွင့်လွှာထုကြီးကိုကြည့်ရင်း
"မော်ဒယ်လုပ်တာက တကယ့် ရုပ်ရည်ကိုပြစားရတာပဲ"

ချောင်းမို့ခွန်းက လူငယ်လေးသူ့ကိုမြင်ရင် အရင်လိုရှက်ကိုးရှက်ကန်းပုံလေးဖြစ်လိမ့်မယ် ထင်မိပင်မယ့် အခုလိုသူ့ကိုမသိသလိုပဲ တချက်လောက်ငဲ့ကြည့်ပြီး ပြန်လှည့်သွားလိမ့်မယ်လို့ မမျှော်လင့်မိဘူး။ အိတ်ထဲက စီးကရက်ကိုထုတ်ကာ ပါးစပ်အပြည့် ငုံခဲလိုက်ပြီး
"မင်းက ပြန်အလိုက်ခံချင်နေတာကိုး"လို့ တွေးမိလိုက်တယ်။

ကျိုးယွင့်ရှန်က ပွင့်လွှာတွေပါမှာ အနည်းငယ် လမ်းလျှောက်ပြီးတာနဲ့ Orlandoကို လက်ပြပြီး

"ကျွန်တော် ဝိုင်နီတစ်ပုလင်းလောက် ရနိုင်မလား? သုံးစရာနည်းနည်းရှိလို့"

"အလှတရားရယ် ဝိုင်နီရယ် ပန်းတွေရယ် . . .ရေမွှေး . . .ပေါင်းလိုက်ရင် အရမ်းမိုက်သွားမှာ"

Orlandoက အတွေးနဲ့တင် ရစ်မူးနေပြီး ဝိုင်နီတစ်ပုလင်းပေးခိုင်းလိုက်တယ်။

ကျိုးယွင့်ရှန်က ပါးစပ်အပြည့် အငမ်မရသောက်လောက်တော့ ဝိုင်နီတွေက သူ့ Jaw lineကနေ ရှည်သွယ်တဲ့လည်ပင်း၊ စွဲဆောင်မှုရှိတဲ့ ညှပ်ရိုး၊ ချပ်ရပ်နေတဲ့ ဗိုက်သားလေးတွေအထိ စီးကျသွားတယ်။ ပုလင်းကိုချလိုက်တော့ သူ့ပါးမို့လေးတွေ ရဲနေပြီး မျက်ဝန်းလေးတွေက ရီဝေဝေဖြစ်လာတယ်။ သူ့ပုံစံက အရမ်းမူးနေသလို အရမ်းလည်း ညို့အားပြင်းနေတယ်။

Studioတစ်ခုလုံး တံတွေးမြိုချသံတွေကြီးပဲ။ Orlandoက ပုလင်းပြန်ယူဖို့ လက်ပြရင်း

"ဒါရိုက်ဖို့အတွက် feelဝင်သွားပြီလား? ဒါဆိုစရိုက်တော့မယ်နော်"

ကျိုးယွင့်ရှန်က ပုလင်းကိုပြန်မပေးခင် ပုလင်းဝကို စုပ်နမ်းလိုက်သေးတယ်။ ချောင်းမို့ခွန်း မျက်နှာက အဲ့ဒါကိုမြင်တော့ ချက်ချင်းအေးခဲသွားတယ်။ သူ့လက်ထောက်က ချောင်းဟန့်ရင်း သတိအမြန်ပေးရတယ်။

"Boss ကျေးဇူးပြုပြီး လူတွေအကုန်လုံး လင်းချန်စယ်ပဲ အာရုံရောက်နေတုန်း ထိုင်ကြည့်လိုက်ပါဗျာ . . ." တကယ်လို့ တစ်ယောက်ယောက်သာမြင်သွားရင် သိက္ခာကျပြီဗျ !

နောက်ဆုံးစကားကိုတော့ သူ့Bossရဲ့ ထိုးထောင်နေတဲ့ဂွကြားကို ကြောင်ကြည့်ရင်း ပြောမထွက်တော့ဘူး။ ချောင်းမို့ခွန်းလည်း မရှက်နိုင်တော့ဘဲ ဒါရိုက်တာဘေးမှာ ခုံကောင်းကောင်းတစ်ခုံပေါ် ထိုင်လိုက်ရတယ်။ စူးရှလွန်တဲ့ အကြည့်တွေကတော့ လူငယ်လေးရဲ့ ကိုယ်ပေါ်က နည်းနည်းလေးမှ မခွာဘူး။

ကျိုးယွင့်ရှန် မူးလာသလို ခံစားရတယ်။ သူcameraဘက်ကို ရီဝေဝေနဲ့ပြုံးပြလိုက်တယ်။ ဝိုင်ရဲ့အရသာက အရမ်းကောင်းတော့ သူအိပ်ချင်လာသလိုဖြစ်လာတယ်။ ဒါကြောင့် ပွင့်ဖတ်လွှာတွေအပေါ် လှဲချလိုက်ပြီး သမ်းလိုက်တယ်။ သူ့ခန္တာကိုယ်လည်း နည်းနည်းအေးလာတော့ ပွင့်ချပ်တွေကို သူ့ရင်ဘက်ပေါ်ကြဲချလိုက်တယ်။ ပြီးတော့ သူရိုက်ကွင်းမှာဆိုတာ သတိရတော့ မျက်လုံးပြန်ဖွင့်ကာ cameraဘက် လှည့်လိုက်တယ်။ ပြီးတော့ လက်ဝါးလေးကို ပါးပြင်ပေါ်နူးနူးညံ့ညံ့ဖိကပ်ကာ ဖြူစင်စွာ ရယ်ပြလိုက်တယ်။ ဒါပင်မယ့် မျက်ဝန်းတွေကတော့ ရီဝေနေဆဲပဲ။

"အား!!! အဲ့အပြုံးလေး အရမ်းမိုက်တယ်!!! ဒါကို ရအောင်ရိုက်!!! "

Orlandoက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တယ်။

Continue Reading

You'll Also Like

206K 18.9K 168
Main CP - ရွှမ်းကျီး၊ ရှန့်လင်ယွမ်း AUTHOR - Priest Original Manhua link - https://b22.top/PdDIV2z
496K 82.8K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
319K 46.2K 84
ကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_...
88.2K 10K 101
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...