●●●Zawgyi●●●
ေနာက္တစ္ေန႔ ေန႔လယ္ခင္းတြင္ မိန္ေကြ႔ ခ်ံဳး ကို အရသာေကာင္းမြန္ေသာ စားေသာက္ဖြယ္ကို ျပင္ခိုင္းလိုက္ၿပီး ဘုရင့္မယ္ေတာ္အေဆာင္သို႔ သြားေလသည္။
သူမကို ေတြ႔လိုက္ရသျဖင့္ မယ္ေတာ္ႀကီး ေပ်ာ္သြားၿပီး သူမေပးလိုက္ေသာ လည္ဆြဲကို မိန္ေကြ႔ ဝတ္ဆင္လာခဲ့သျဖင့္ ပို၍ပီတိျဖစ္သြားေတာ့သည္။
"သမီး ... အဲဒီလည္ဆြဲေလးနဲ႔ အရမ္းလိုက္တာပဲ"
မယ္ေတာ္ႀကီးက အေတာက္ပဆံုးစကားႏွင့္ ေျပာေလသည္။
မိန္ေကြ႔ တျဖစ္လည္း က်င္းရီ က ႐ွက္ျပံဳးႏွင့္ ျပန္ေျဖေလသည္။
"ေက်းဇူးႀကီးလွပါတယ္ မယ္မယ္ဘုရား ... မယ္မယ့္အတြက္ ကြၽန္ေတာ္မ်ိဳးမရဲ႕ အေစအပါးက ေက်းဇူးအတြက္ စားေသာက္ဖြယ္ျပင္လာေပးပါတယ္ ... မယ္မယ္နစ္ၿခိဳက္မယ္ထင္ပါတယ္"
မိန္းကေလးပီပီ ႐ွက္ရြံ ့သံျဖင့္ က်င္းရီ ေျပာေလသည္။
လည္ဆြဲအတြက္ သူမေက်းဇူးတင္လိုသည္ကို သိရသျဖင့္ မယ္ေတာ္ႀကီး အလြန္ေပ်ာ္သြားၿပီး မယ္ေတာ္ႀကီးစိတ္မွ သူမကိုပို၍လက္ခံလာေစသည္။
'အို ... က်င္းရီက ယဥ္ေက်းၿပီး ၾကင္နာတတ္တဲ့ မိန္းကေလးပါလား ... ငါနဲ႔အတူတူပဲ ... ငါ့သားေလးအတြက္ ဒီမိန္းကေလးက အထိုက္တန္ဆံုးပဲ '
မယ္ေတာ္ႀကီး စိတ္ထဲမွေတြးလိုက္ၿပီး သူမကို အနားသို႔ လာရန္ ေခၚလိုက္ၿပီး အစားအေသာက္စားပြဲကို အေ႐ွ႕တြင္ထားလိုက္သည္။
"အရသာ႐ွိမယ့္ပံုပဲ ... သမီးကိုယ္တိုင္ခ်က္ထားတာလား"
မယ္ေတာ္ႀကီးက ႏူးညံ့စြာ ခ်စ္ျခင္းအျပည့္ႏွင့္ ေမးေလသည္။
"စိုးရြံ႔မိပါတယ္ မယ္မယ္ဘုရား .... ကြၽန္ေတာ္မ်ိဳးမမွာ ခ်က္ျပဳတ္ႏိုင္စြမ္းမ႐ွိပါဘူး ... စိတ္ပ်က္ေစမိရင္ ေတာင္းပန္ပါတယ္"
က်င္းရီ မ်က္လံုးတြင္ မ်က္ရည္မ်ား ရစ္ဝဲလာၿပီး ဝမ္းနည္းစြာ ေျပာေလသည္။ သူမကို မယ္ေတာ္ႀကီး သနားစဖြယ္ ၾကည့္လိုက္ၿပီး အျမန္ပင္ ႏွစ္သိမ့္ေလသည္။
"ရပါတယ္ သမီးရယ္"
ထို႔ေနာက္ အသက္ႀကီးၿပီျဖစ္ေသာ အဘိုးအရြယ္ လူတစ္ေယာက္ကို လာခိုင္းလိုက္သည္။ ထိုအဘိုးသည္ အစားအေသာက္ကို လက္လွမ္းလိုက္ၿပီး အျဖဴေရာင္အပ္ေခ်ာင္းငယ္အခ်ိဳ႕ကို ထုတ္လိုက္ကာ ဟင္းပြဲတစ္ခုစီတြင္ ထည့္လိုက္သည္။ အခ်ိန္ၾကာေအာင္ ထားၿပီးမွ ျပန္ယူထုတ္လိုက္ကာ ေသခ်ာစစ္ေဆးလိုက္သည္။ ၿပီးမွ က်င္း ကိုၾကည့္ကာ ေခါင္းညိတ္ျပစဥ္ က်င္း က အေ႐ွ႕သို႔ထြက္လာၿပီးမွ စားစရာတစ္ခုခ်င္းစီကို ျမည္းစမ္းေလသည္။
အဆိပ္႐ွိမ႐ွိ စစ္ေဆးေနစဥ္ က်င္းရီ ေခါင္းငံု႔ထားၿပီး မဲ့ျပံဳးျပံဳးေနေလသည္။ သူမ၏မတုန္မလႈပ္ပံုစံကိုၾကည့္ၿပီး ခ်ိဳသာစြာ ျပံဳးျပကာ ....
"သမီး ... ေဗြမယူဘူးလို႔ ေမ်ွာ္လင့္ပါတယ္ ... ဒါက စစ္ေဆးေနက်မို႔လို႔ပါ"
"မယ္မယ္ဘုရား .... က်င္းရီ ကို စိတ္ထဲမထားပါနဲ ့.. နားလည္ပါတယ္"
က်င္းရီ ယဥ္ေက်းစြာပင္ ျပန္ေျဖေလသည္။
(T/N : ဒီေနရာမွာ author က မိန္ေကြ႔ နဲ႔ က်င္းရီ ကို တစ္လွည့္စီသံုးထားေပမယ့္ စာဖတ္သူေတြ ဖတ္ရတာ႐ႈပ္ကုန္မွာစိုးလို႔ က်င္းရီ ကိုပဲ သံုးထားပါတယ္)
က်င္း က အဆင္ေျပေနေသးတာေၾကာင့္ အဘိုးက မယ္ေတာ္ႀကီးကို အ႐ိုအေသျပဳလိုက္ၿပီး ....
"မယ္မယ္ဘုရား ... ဒီအစားအေသာက္ေတြအားလံုး အႏၱရာယ္ကင္းပါတယ္"
အဘိုးကို မယ္ေတာ္ႀကီးျပံဳးျပၿပီး ထြက္သြားေစလိုက္သည္။ ထိုအခါ က်င္း ၊ က်င္းရီ ၊ ခ်ံဳး ႏွင့္ မယ္ေတာ္ႀကီးတို႔သာ အခန္းထဲတြင္က်န္ခဲ့စဥ္ စားဖြယ္မ်ားကို မယ္ေတာ္ႀကီး စတင္စားေသာက္ေတာ့သည္။
"အရသာ႐ွိလိုက္တာ .... ဒါေပမယ့္ နန္းေတာ္က စားေတာ္ခ်က္ေတြရဲ႕လက္ရာနဲ႔ မတူဘူး"
မယ္ေတာ္ႀကီးက ေမးသည္ကို က်င္းရီ ျပံဳးလိုက္ၿပီး အျမန္ျပန္ေျဖေလသည္။
"အဲဒါ ခ်ံဳး က လုပ္ေပးထားပါ .... သူမက ခ်က္ျပဳတ္တာ အရမ္းေတာ္ပါတယ္"
မယ္ေတာ္ႀကီး ျပံဳးလိုက္ၿပီး ခ်ံဳး ကို ဆုခ်ရန္အတြက္ က်င္း ကို ယူခိုင္းလိုက္ေလသည္။ က်င္း က ျပံဳးလ်က္ ခ်ံဳး အတြက္ လက္ေဆာင္ယူရန္ တစ္ဖက္အခန္းသို႔ ထြက္သြားရန္ျပင္လိုက္စဥ္ ....
"ဟို... စိတ္မ႐ွိဘူးဆိုရင္ ခ်ံဳး ကိုလည္း ေခၚသြားလို႔ရမလား"
က်င္း က မ်က္ေမွာင္ၾကဳတ္သြားၿပီး က်င္းရီ က သူမကို ညံ့ဖ်င္းသူဟု သတ္မွတ္သည္ကို ခံစားမိစဥ္ က်င္းရီ က ထပ္ေပါင္းထည့္ကာ ေျပာလိုက္သည္။
"က်င္း က ကြၽန္မေတြ႔ဖူးတဲ့ အေႁခြအရံေတြထဲမွာ အေတာ္ဆံုးေလ ... အဲဒါေၾကာင့္ ခ်ံဳး ကို သင္ၾကားေပးႏိုင္မယ္ထင္လို႔ပါ"
ထိုစကားေၾကာင့္ပင္ က်င္း က ဂုဏ္ယူဟန္ျပံဳးလိုက္ၿပီး ခ်ံဳး ကို သူမေနာက္သို႔ လိုက္ခြင့္ေပးလိုက္သည္။
ခ်ံဳး ထလိုက္စဥ္ က်င္းရီ ကို ဒီအခြင့္အေရးကို အသံုးခ်ရန္ အခ်က္ျပလိုက္ၿပီး ခ်ံဳး ကလည္း သေဘာေပါက္စြာ ျပံဳးျပလိုက္သည္။
မယ္ေတာ္ႀကီး၏ အေဆာင္ရတနာထားရာ အခန္းသို႔ သြားၿပီး အံဆြဲငယ္တစ္ခုထဲမွ လက္ေကာက္တစ္ကြင္းကို ထုတ္ယူလိုက္သည္။ ခ်ံဳး ကို လက္ေကာက္ေပးလိုက္သည္ႏွင့္ခ်က္ခ်င္း ခ်ံဳး အလန္႔တၾကားေအာ္လိုက္ၿပီး သူမလက္ေခ်ာင္းမွ ေသြးမ်ားစီးက်လာေလသည္။
ခ်ံဳး ၏ က်ယ္ေလာင္ေသာ ေအာ္သံေၾကာင့္ မယ္ေတာ္ႀကီးေခါင္းေမာ့လိုက္ကာ ....
"ဘာျဖစ္တာလဲ"
က်င္းရီ က မယ္ေတာ္ႀကီးကို ၾကည့္လိုက္ၿပီး စစ္ေဆးရန္အသနားခံသည့္ပံုႏွင့္ ၾကည့္လိုက္သည္။ မယ္ေတာ္ႀကီးလည္း ျပံဳးလိုက္ကာ ထြက္သြားေလသည္။
မယ္ေတာ္ႀကီး ေရာက္သြားသည့္အခါ က်င္း ႏွင့္ ခ်ံဳး ႏွစ္ေယာက္လံုးက ေတာင္းပန္ရင္း အျဖစ္အပ်က္တို႔ကို ႐ွင္းျပလိုက္သည္။ သာမန္ကိစၥငယ္တစ္ခုအတြက္ အက်ယ္ႀကီးေအာ္သည့္ ခ်ံဳး ကို မယ္ေတာ္ႀကီး ဆူလိုက္ၿပီး က်င္းရီ ကို စိတ္မပူေစရန္အတြက္ ျပန္ထြက္လာခဲ့သည္။
သူတို႔ကို က်င္းရီ တံခါးမွေန၍ စူးစမ္းစြာၾကည့္လိုက္ၿပီး အျမန္ေျပးလာသည္။ ထို႔ေနာက္ ခ်ံဳး လက္ကို အျမန္ဆုပ္ကိုင္ကာ အဆင္ေျပမေျပကို ေမးေလသည္။ ခ်ံဳး က ေခါင္းညိတ္ျပၿပီး က်င္းရီ ကို ေတာင္းပန္ေလသည္။
အဆက္မျပတ္ပင္ ေခါင္းညိတ္ေနေသာ ခ်ံဳး ကို ၾကည့္ရင္း သက္ျပင္းခ်လိုက္ၿပီး က်င္းရီ ကို ၾကည့္ကာ .....
"သမီးရယ္ ... အရမ္းၾကင္နာတတ္တာပဲ ... စိတ္မပူပါနဲ ့ နည္းနည္းထိ႐ွရံုပါပဲ"
ထို႔ေနာက္ သူမေနရာသို႔သြားကာ ဆက္၍စားေသာက္ေလသည္။
က်င္းရီ ႏွင့္ မယ္ေတာ္ႀကီးတို႔ အတန္ၾကာေအာင္ စကားေျပာဆိုၿပီးေနာက္ က်င္းရီ ႏႈတ္ဆက္ကာ ျပန္ထြက္လာခဲ့သည္။
T/N :....
မေန႔ညကအၿပီးေရးၿပီး ဒီေန႔တင္မလို႔ပဲ .. ေရးမၿပီးလိုက္ဘူး .... အခုလည္း Clubကိစၥလုပ္ေနရင္းနဲ႔ အၿပီးေရးၿပီး တင္လိုက္တယ္ေနာ္ ....
မအားတာမဟုတ္ဘူးေနာ္ အားေနလို႔ကိုပ်င္းေနတာ 😅
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●Unicode●●●
နောက်တစ်နေ့ နေ့လယ်ခင်းတွင် မိန်ကွေ့ ချုံး ကို အရသာကောင်းမွန်သော စားသောက်ဖွယ်ကို ပြင်ခိုင်းလိုက်ပြီး ဘုရင့်မယ်တော်အဆောင်သို့ သွားလေသည်။
သူမကို တွေ့လိုက်ရသဖြင့် မယ်တော်ကြီး ပျော်သွားပြီး သူမပေးလိုက်သော လည်ဆွဲကို မိန်ကွေ့ ဝတ်ဆင်လာခဲ့သဖြင့် ပို၍ပီတိဖြစ်သွားတော့သည်။
"သမီး ... အဲဒီလည်ဆွဲလေးနဲ့ အရမ်းလိုက်တာပဲ"
မယ်တော်ကြီးက အတောက်ပဆုံးစကားနှင့် ပြောလေသည်။
မိန်ကွေ့ တဖြစ်လည်း ကျင်းရီ က ရှက်ပြုံးနှင့် ပြန်ဖြေလေသည်။
"ကျေးဇူးကြီးလှပါတယ် မယ်မယ်ဘုရား ... မယ်မယ့်အတွက် ကျွန်တော်မျိုးမရဲ့ အစေအပါးက ကျေးဇူးအတွက် စားသောက်ဖွယ်ပြင်လာပေးပါတယ် ... မယ်မယ်နစ်ခြိုက်မယ်ထင်ပါတယ်"
မိန်းကလေးပီပီ ရှက်ရွံ့သံဖြင့် ကျင်းရီ ပြောလေသည်။
လည်ဆွဲအတွက် သူမကျေးဇူးတင်လိုသည်ကို သိရသဖြင့် မယ်တော်ကြီး အလွန်ပျော်သွားပြီး မယ်တော်ကြီးစိတ်မှ သူမကိုပို၍လက်ခံလာစေသည်။
'အို ... ကျင်းရီက ယဉ်ကျေးပြီး ကြင်နာတတ်တဲ့ မိန်းကလေးပါလား ... ငါနဲ့အတူတူပဲ ... ငါ့သားလေးအတွက် ဒီမိန်းကလေးက အထိုက်တန်ဆုံးပဲ '
မယ်တော်ကြီး စိတ်ထဲမှတွေးလိုက်ပြီး သူမကို အနားသို့ လာရန် ခေါ်လိုက်ပြီး အစားအသောက်စားပွဲကို အရှေ့တွင်ထားလိုက်သည်။
"အရသာရှိမယ့်ပုံပဲ ... သမီးကိုယ်တိုင်ချက်ထားတာလား"
မယ်တော်ကြီးက နူးညံ့စွာ ချစ်ခြင်းအပြည့်နှင့် မေးလေသည်။
"စိုးရွံ့မိပါတယ် မယ်မယ်ဘုရား .... ကျွန်တော်မျိုးမမှာ ချက်ပြုတ်နိုင်စွမ်းမရှိပါဘူး ... စိတ်ပျက်စေမိရင် တောင်းပန်ပါတယ်"
ကျင်းရီ မျက်လုံးတွင် မျက်ရည်များ ရစ်ဝဲလာပြီး ဝမ်းနည်းစွာ ပြောလေသည်။ သူမကို မယ်တော်ကြီး သနားစဖွယ် ကြည့်လိုက်ပြီး အမြန်ပင် နှစ်သိမ့်လေသည်။
"ရပါတယ် သမီးရယ်"
ထို့နောက် အသက်ကြီးပြီဖြစ်သော အဘိုးအရွယ် လူတစ်ယောက်ကို လာခိုင်းလိုက်သည်။ ထိုအဘိုးသည် အစားအသောက်ကို လက်လှမ်းလိုက်ပြီး အဖြူရောင်အပ်ချောင်းငယ်အချို့ကို ထုတ်လိုက်ကာ ဟင်းပွဲတစ်ခုစီတွင် ထည့်လိုက်သည်။ အချိန်ကြာအောင် ထားပြီးမှ ပြန်ယူထုတ်လိုက်ကာ သေချာစစ်ဆေးလိုက်သည်။ ပြီးမှ ကျင်း ကိုကြည့်ကာ ခေါင်းညိတ်ပြစဉ် ကျင်း က အရှေ့သို့ထွက်လာပြီးမှ စားစရာတစ်ခုချင်းစီကို မြည်းစမ်းလေသည်။
အဆိပ်ရှိမရှိ စစ်ဆေးနေစဉ် ကျင်းရီ ခေါင်းငုံ့ထားပြီး မဲ့ပြုံးပြုံးနေလေသည်။ သူမ၏မတုန်မလှုပ်ပုံစံကိုကြည့်ပြီး ချိုသာစွာ ပြုံးပြကာ ....
"သမီး ... ဗွေမယူဘူးလို့ မျှော်လင့်ပါတယ် ... ဒါက စစ်ဆေးနေကျမို့လို့ပါ"
"မယ်မယ်ဘုရား .... ကျင်းရီ ကို စိတ်ထဲမထားပါနဲ့.. နားလည်ပါတယ်"
ကျင်းရီ ယဉ်ကျေးစွာပင် ပြန်ဖြေလေသည်။
(T/N : ဒီနေရာမှာ author က မိန်ကွေ့ နဲ့ ကျင်းရီ ကို တစ်လှည့်စီသုံးထားပေမယ့် စာဖတ်သူတွေ ဖတ်ရတာရှုပ်ကုန်မှာစိုးလို့ ကျင်းရီ ကိုပဲ သုံးထားပါတယ်)
ကျင်း က အဆင်ပြေနေသေးတာကြောင့် အဘိုးက မယ်တော်ကြီးကို အရိုအသေပြုလိုက်ပြီး ....
"မယ်မယ်ဘုရား ... ဒီအစားအသောက်တွေအားလုံး အန္တရာယ်ကင်းပါတယ်"
အဘိုးကို မယ်တော်ကြီးပြုံးပြပြီး ထွက်သွားစေလိုက်သည်။ ထိုအခါ ကျင်း ၊ ကျင်းရီ ၊ ချုံး နှင့် မယ်တော်ကြီးတို့သာ အခန်းထဲတွင်ကျန်ခဲ့စဉ် စားဖွယ်များကို မယ်တော်ကြီး စတင်စားသောက်တော့သည်။
"အရသာရှိလိုက်တာ .... ဒါပေမယ့် နန်းတော်က စားတော်ချက်တွေရဲ့လက်ရာနဲ့ မတူဘူး"
မယ်တော်ကြီးက မေးသည်ကို ကျင်းရီ ပြုံးလိုက်ပြီး အမြန်ပြန်ဖြေလေသည်။
"အဲဒါ ချုံး က လုပ်ပေးထားပါ .... သူမက ချက်ပြုတ်တာ အရမ်းတော်ပါတယ်"
မယ်တော်ကြီး ပြုံးလိုက်ပြီး ချုံး ကို ဆုချရန်အတွက် ကျင်း ကို ယူခိုင်းလိုက်လေသည်။ ကျင်း က ပြုံးလျက် ချုံး အတွက် လက်ဆောင်ယူရန် တစ်ဖက်အခန်းသို့ ထွက်သွားရန်ပြင်လိုက်စဉ် ....
"ဟို... စိတ်မရှိဘူးဆိုရင် ချုံး ကိုလည်း ခေါ်သွားလို့ရမလား"
ကျင်း က မျက်မှောင်ကြုတ်သွားပြီး ကျင်းရီ က သူမကို ညံ့ဖျင်းသူဟု သတ်မှတ်သည်ကို ခံစားမိစဉ် ကျင်းရီ က ထပ်ပေါင်းထည့်ကာ ပြောလိုက်သည်။
"ကျင်း က ကျွန်မတွေ့ဖူးတဲ့ အခြွေအရံတွေထဲမှာ အတော်ဆုံးလေ ... အဲဒါကြောင့် ချုံး ကို သင်ကြားပေးနိုင်မယ်ထင်လို့ပါ"
ထိုစကားကြောင့်ပင် ကျင်း က ဂုဏ်ယူဟန်ပြုံးလိုက်ပြီး ချုံး ကို သူမနောက်သို့ လိုက်ခွင့်ပေးလိုက်သည်။
ချုံး ထလိုက်စဉ် ကျင်းရီ ကို ဒီအခွင့်အရေးကို အသုံးချရန် အချက်ပြလိုက်ပြီး ချုံး ကလည်း သဘောပေါက်စွာ ပြုံးပြလိုက်သည်။
မယ်တော်ကြီး၏ အဆောင်ရတနာထားရာ အခန်းသို့ သွားပြီး အံဆွဲငယ်တစ်ခုထဲမှ လက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်သည်။ ချုံး ကို လက်ကောက်ပေးလိုက်သည်နှင့်ချက်ချင်း ချုံး အလန့်တကြားအော်လိုက်ပြီး သူမလက်ချောင်းမှ သွေးများစီးကျလာလေသည်။
ချုံး ၏ ကျယ်လောင်သော အော်သံကြောင့် မယ်တော်ကြီးခေါင်းမော့လိုက်ကာ ....
"ဘာဖြစ်တာလဲ"
ကျင်းရီ က မယ်တော်ကြီးကို ကြည့်လိုက်ပြီး စစ်ဆေးရန်အသနားခံသည့်ပုံနှင့် ကြည့်လိုက်သည်။ မယ်တော်ကြီးလည်း ပြုံးလိုက်ကာ ထွက်သွားလေသည်။
မယ်တော်ကြီး ရောက်သွားသည့်အခါ ကျင်း နှင့် ချုံး နှစ်ယောက်လုံးက တောင်းပန်ရင်း အဖြစ်အပျက်တို့ကို ရှင်းပြလိုက်သည်။ သာမန်ကိစ္စငယ်တစ်ခုအတွက် အကျယ်ကြီးအော်သည့် ချုံး ကို မယ်တော်ကြီး ဆူလိုက်ပြီး ကျင်းရီ ကို စိတ်မပူစေရန်အတွက် ပြန်ထွက်လာခဲ့သည်။
သူတို့ကို ကျင်းရီ တံခါးမှနေ၍ စူးစမ်းစွာကြည့်လိုက်ပြီး အမြန်ပြေးလာသည်။ ထို့နောက် ချုံး လက်ကို အမြန်ဆုပ်ကိုင်ကာ အဆင်ပြေမပြေကို မေးလေသည်။ ချုံး က ခေါင်းညိတ်ပြပြီး ကျင်းရီ ကို တောင်းပန်လေသည်။
အဆက်မပြတ်ပင် ခေါင်းညိတ်နေသော ချုံး ကို ကြည့်ရင်း သက်ပြင်းချလိုက်ပြီး ကျင်းရီ ကို ကြည့်ကာ .....
"သမီးရယ် ... အရမ်းကြင်နာတတ်တာပဲ ... စိတ်မပူပါနဲ့ နည်းနည်းထိရှရုံပါပဲ"
ထို့နောက် သူမနေရာသို့သွားကာ ဆက်၍စားသောက်လေသည်။
ကျင်းရီ နှင့် မယ်တော်ကြီးတို့ အတန်ကြာအောင် စကားပြောဆိုပြီးနောက် ကျင်းရီ နှုတ်ဆက်ကာ ပြန်ထွက်လာခဲ့သည်။
T/N :....
မနေ့ညကအပြီးရေးပြီး ဒီနေ့တင်မလို့ပဲ .. ရေးမပြီးလိုက်ဘူး .... အခုလည်း Clubကိစ္စလုပ်နေရင်းနဲ့ အပြီးရေးပြီး တင်လိုက်တယ်နော် ....
မအားတာမဟုတ်ဘူးနော် အားနေလို့ကိုပျင်းနေတာ 😅
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤