ထိပ်ထား

By RenGe-

367K 33K 1.7K

မည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။ More

အမှာစကား
စေ့စပ်ပွဲ
ဟံသာဝတီသို့နောက်တဖန်
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၁
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၂
ကျီစယ်လေသောကံကြမ္မာ
အပါးတော်မြဲအဖြစ် ရှိနေပါရစေ
ထုံးဖွဲ့ပြန်ပေါ့ သံယောဇဉ်
ပိုမိုနီးစပ်လာခြင်း
အိမ်ရှေ့စံ၏အကြံအစည်
ချစ်စကားတစ်ခွန်းဆိုပါမည်
အလှည့်အပြောင်း
နဒီ သို့မဟုတ် မြစ်တစ်စင်း
ချည်လုံးအစဖော်ခြင်း
အတိတ်ကောက်ကြောင်း တစ်စေ့တစ်စောင်း
တရားဝင်
ဆုံးဖြတ်ချက်နှင့်ဝှက်ဖဲ
ထိုးမည့်ဆင် တစ်လှမ်းဆုတ်
အကျဉ်းအကျပ်
တိုက်ပွဲ
ရင်ဝှက်ပန်း
သံသရာ (ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ
သီရိနန္ဒာဒေဝီ (ZawGyi)
စေ့စပ်ပွဲ (ZawGyi)
ဟံသာဝတီသို့နောက်တဖန် (ZawGyi)
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၁ (ZawGyi)
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၂(ZawGyi)
ကျီစယ်လေသောကံကြမ္မာ(ZawGyi)
အပါးတော်မြဲအဖြစ် ရှိနေပါရစေ(ZawGyi)
ထုံးဖွဲ့ပြန်ပေါ့ သံယောဇဉ် (ZawGyi)
ပိုမိုနီးစပ်လာခြင်း (ZawGyi)
အိမ်ရှေ့စံ၏အကြံအစည်(ZawGyi)
ချစ်စကားတစ်ခွန်းဆိုပါမည်(ZawGyi)
အလှည့်အပြောင်း(ZawGyi)
နဒီ သို့မဟုတ် မြစ်တစ်စင်း (ZawGyi)
ချည်လုံးအစဖော်ခြင်း (ZawGyi)
အတိတ်ကောက်ကြောင်း တစ်စေ့တစ်စောင်း(ZawGyi)
တရားဝင် (ZawGyi)
ဆုံးဖြတ်ချက်နှင့်ဝှက်ဖဲ (ZawGyi)
ထိုးမည့်ဆင် တစ်လှမ်းဆုတ် (ZawGyi)
အကျဉ်းအကျပ် (ZawGyi)
တိုက်ပွဲ (ZawGyi)
ရင်ဝှက်ပန်း (ZawGyi)
သံသရာ (ဇာတ်သိမ်း) (ZawGyi)
Announcement
Pre Order
Extra

သီရိနန်ဒာဒဝေီ

37.2K 1.8K 89
By RenGe-

ဟံသာ၀တီနိုင်ငံနန်းတော်အတွင်း ညီလာခံတွင် ဟံသာ၀တီပြည့်ရှင် မဟာအတုလနန္ဒဘုရင်မင်းမြတ်သည် ဖမ်းဆီးရရှိလာသော သူလျိုကိုစစ်ဆေးခြင်းအမှု ပြုလုပ်နေလေသည်။

“အမယ်မင်းက အဘယ်အကြောင်းကြောင့် အကျွန်ုပ်တို့နိုင်ငံထဲ ခိုးဝင်ရောက်လာလေသလဲ။ တပ်မှုးလေးသီဟရဲ့ အဆိုရ သင်ဟာ ကေတုမတီနိုင်ငံရဲ့ စစ်သေနာပတိချုပ် ဝဏ္ဏကျော်ဇောရဲ့ သမီးတော်ဖြစ်ကြောင်းသိရတယ်။”

မှန်ပါတယ် ဖမ်းမိလာသောသူလျိုမှာ အမျိုးသားတစ်ဦးမဟုတ်အမျိုးသမီးတစ်ဦးပင်။ ဒီ့ထက်ပိုတိတိကျကျပြောရလျှင် ရန်ဘက်‌ ကေတုမတီနိုင်ငံက စစ်သေနာပတိချုပ်ရဲ့သမီး။

“အကျွန်ုပ်အမည်ကားသီရိနန္ဒာဒေဝီ။ ကေတုမတီ၏တပ်မှုးချုပ်။ အရှင်မင်းမြတ်ရဲ့မြို့ထဲကို မကောင်းတဲ့စိတ်နဲ့ ဝင်လာခဲ့ခြင်းမဟုတ် သံတမာန်အနေနဲ့လာခဲ့ခြင်းသာ။ ဒါပေမဲ့ အရှင်မင်းမြတ်ဧည့်သည့်ကို ခရီးဦးကြိုပြုပုံက အကျွန်ုပ်ဖခမည်းတော်သိရင်ဖြင့်”

ခိုးကြောင်ခိုးဝှက်ဝင်လာခြင်းကို တည်ငြိမ်စွာဖြင့် သံတမာန်အနေနှင့်လာပါသည်ဆိုသော အမျိုးသမီးကို တပ်မှုးသီဟ တအံ့တသြကြည့်လိုက်မိသည်။ ဘယ်လောက်တောင် မျက်နှာပြောင်တိုက်လိုက်ခြင်းလဲ။လေသံကလဲ မာဆတ်ဆတ်။

“ရွှမ်း...”

တပ်မှုးသီဟ ဓားကိုလည်ကုတ်ပေါ်တင်အပြီး ...

“မလုပ်နဲ့ တပ်မှုး”

စစ်မက်ရေးအရအစအစ အရာရာသာလွန်နေသော ကေတုမတီ၏ တပ်မှုးချုပ်ကိုဒီနေရာမှာ သတ်လိုက်လျှင်ပြဿနာ အကြီးကြီးတက်နိုင်ကြောင်း ဘုရင်မှန်းဆမိသည်။ထို့ကြောင့်

“ကဲ အသင်က သံတမာန်အရေးရလာတယ်ပြောတယ်နော်။ ဘာအကြောင်းများလည်း လျှောက်တင်စေ”


“ အကြောင်းအရာက” ပထမဆုံးအကြိမ်အကြပ်ရိုက်ခြင်းဖြစ်သည်။ သူ့မှာ ထိုက်သင့်သောအကြောင်းပြချက် စဉ်းစားမရသေးတာမို့ သီရီနန္ဒာဒေဝီအကြံအိုက်ရချေပြီ။ အမှန်မှာ ဖခမည်းတော်ကသူ့ကို ဟံသာ၀တီရဲ့စစ်အင်အားကို အကဲခတ်စုံစမ်းခိုင်းလိုက်ခြင်းပင်။ ပါးနပ်သော တပ်မှုးသီဟကြောင့် အဖမ်းခံလာရခြင်းဖြစ်၏။ ကိုယ်တိုင်ကလည်း အတင့်ရဲစွာ တစ်ကိုယ်တည်းထွက်ခဲ့သည်ကိုး။ အနည်းငယ် လှစ်ဟာမှုလည်းရှိသွားသည်

“ဖခမည်းတော်....ခမည်းတော်ဘုရား ဒါကဘယ်လိုဖြစ်တာလဲ”

ခပ်စူးစူးအသံလေးကြောင့် အတွေးထုတ်နေသော သီရိဆတ်ခနဲ့မော့ကြည့်မိလိုက်တော့.....

နက်မှောင်သောကေသာ ပြေသောနဖူး သွယ်သောနှာတံ စိမ်းဖန့်ဖန့်မျက်ခုံးများအောက်မှ တလက်လက်တောက်ပနေသောမျက်လုံးဝိုင်းများ ပြီးတော့ နီထွေးထွေးနှုတ်ခမ်းလွှာ။
မို့သောရင် ကျဉ်သောခါး ပြည့်ဖြိုးသောတင်။ ပန်းပုရုပ်ကလေးထုထားသလို ပြည့်စုံလွန်းသောအလှပိုင်ရှင်လေးတစ်ဦး ။ အမျိုးသမီးချင်းတူပေမဲ့ အဆိုပါကျက်သရေပိုင်ရှင်ကို သီရိ အသေအချာငေးစိုက်ကြည့်မိသွားရသည်။

“ဘာဖြစ်လို့လဲ သမီးတော်”

ဘုရင့်သမီး‌တော်ပေါ့..။

“ခမည်းတော်မြင်းတပ်တွေလေ သမီးတော်ရဲ့စံပယ်ရုံဘက်တွေထိ ကျုးကျော်ရောက်နေတယ်။ ပြီးတော့ မြင်းမစင်တွေကော ပွထနေတာပဲ”

“ခမည်းတော် ဖယ်ခိုင်းလိုက်ပါ့မယ်။ ခုခမည်းတော်ညီလာခံလုပ်နေတယ်လေ သမီးတော်လေးရဲ့”

ညီလာခံလုပ်နေတယ်ဆိုမှ မင်းသမီးသည် နန်းတော်အတွင်းကို လှည့်ပတ်အကဲခတ်လိုက်မိတော့။

ဆံပင်ရှည်ကို ဘီးဆံထုံးမြင့်မြင့်ထုံးထားပြီး စစ်သည်တော်ကဲ့သို့ဝတ်စားထားသော အမျိုးသမီးတစ်ဦး သူ့ကိုမျက်တောင်မခတ် စူးရှရှငေးကြည့်နေတာကို သတိထားမိသွားလေ၏။

“တယ် ရာရာစစ ။ ခုမျက်လွှာချစမ်း။  ဟံသာ၀တီရဲ့အိမ်ရှေ့မင်းသမီးကိုများ “

အမတ်ကြီးတစ်ဦးရဲ့ ငေါက်ငမ်းသံကြားမှ သီရိအသိဝင်လာသလို..။ လှရက်ပါပေ့မင်းသမီးရယ်လို့သာ စိတ်ထဲအထပ်ထပ် ချီးကျုးလျှက်...ဟံသာ၀တီ၏ ကျက်သရေကို သူ‌တွေ့ခဲ့လေပြီ။

“ကဲခုနက မယ်မင်းလျောက်တင်နေတာ ပြန်လျှောက်”

“ဒီလိုပါဘုရား။ အကျွန်ုပ်တို့ရဲ့
ကေတုမတီပြည့်ရှင် သတိုးရာဇမင်းကြီးက အရှင်မင်းကြီးနဲ့ နှစ်ပြည်ထောင်ငြိမ်းချမ်းရေးကို ဆွေးနွေးချင်လို့ပါတဲ့ဘုရား”

ငြိမ်းချမ်းရေး ဆွေးနွေးခန်း။ ခမည်းတော်သိလို့က အပြစ်တင်လိုက်မည်ဖြစ်ခြင်း။ လွှတ်လိုက်တာက စစ်တိုက်ဖို့အခြေနေကို စုံစမ်းခိုင်းလိုက်ခြင်းပင်။ အေးချမ်းတဲ့မျက်နှာတော်တစ်ခုက သူ့အတွေးတစ်ချို့ကို ပြောင်းလဲစေခဲ့ပြီ။ အရာရာတိကျသော တပ်မှုးချုပ်၏ ပထမဦးဆုံးအကြိမ် မစဉ်းမစား လျှောက်တင်ချက်တစ်ခု။ ဒါက ဘယ်အထိတာသွားမလဲ သူယခုမစဉ်းစားလိုပါ။

“ငြိမ်းချမ်းရေးဆွေးနွေးမယ်။”

ဟံသာ၀တီပြည့်ရှင် အံ့သြသွားတာတော့အမှန် ကေတုမတီကအင်းဝအရေးနဲ့ပတ်သတ်လို့ သူ့ကိုဘယ်တုန်းကမှ ကျေနပ်ခဲ့တာမဟုတ်။ ဒါပေမဲ့ ယခုငြင်းဆန်လိုက်လျှင်လည်း အကောင်းထက်အဆိုးက ပိုများမည်။ သူတို့ ဟံသာ၀တီစစ်အင်အားနည်းနေချိန်မလား။

“အသင့်ရဲ့မင်းမြတ်ကိုလျှောက်တင်လိုက်ပါ။ ဟံသာ၀တီက ကြိုဆိုလျှက်ပါလို့”

“မှန်လှပါဘုရား”




_________🪔ထိပ်ထား🪔___________



သူ့ရဲ့မြင်းညိုကြီး “မိုးသား” ပေါ်တက်ပြီးချိန်ထိ သီရိစိတ်တွေအစိုးမရ။ တပ်မှုးသီဟဆိုသူကလည်း နန်းတော်ထဲကနေ မထွက်မချင်း မျက်စိဒေါက်ထောက်ကြည့်နေလေသည်။

“မိုးသားရေ ကျွန်ုပ်ဘယ်လိုလုပ်ရမလဲ သူ့ကိုနောက်တစ်ခါတွေ့ချင်သေးတယ်။ အမည်နာမလေးမေးချင်သေးတယ်”

သူမြင်းကြီးကို စိတ်ထဲကနေခပ်တိုးတိုးပြောနေမိသည်။ ထိုမျက်နှာလှလှလေးက ဒီနန်းတွင်းထဲမှာဆိုတာတော့အသေအချာ။သူ့ဘ၀တွင် ပထမဦးဆုံးမြင်ဖူးသည့် အမျိုးသမီးတစ်ဦးအပေါ် အိန္ဒြေမရဖြစ်ဖူးခြင်းမှာ ယခုပထမဦးဆုံးပင်။ တပ်တွင်းဖြစ်စေ နန်းတွင်းဖြစ်စေသူသည် တည်ငြိမ်သောမိန်းမတစ်ဦးသာ။ မည်မျှလှပသောသူဖြစ်စေ သူ့စိတ်ထဲကို တိုးမပေါက်ခဲ့။ ယခု သီတာ‌လို အေးသည့် မျက်နှာလှလှလေးတစ်ခုကလွဲလို့ပေါ့

“အသင်မပြန်သေးဘူးလား”

ဇွတ်ပြန်ခိုင်းနေသော တပ်မှုးကို သီရိစိတ်ထဲကကျိန်ဆဲလိုက်ရင်း ခပ်ရွတ်ရွတ်အတွေးပေါ်လာတာမို့

“ကိုယ့်အ‌ဆွေတော်ကို နန်းတော်တဝိုက် လိုက်ပြပေးဖို့ စိတ်ကူးမရှိဘူးလား။ တန်းလာတန်းပြန်ဆိုတော့”

သူ့ရဲ့မျက်နှာပြောင်ပြောင်တောင်းဆိုမှုကြောင့် တပ်မှုးသီဟမျက်နှာပေါ်က စိတ်ရှုပ်ဟန်အထင်းသား။ သူလျိုမှန်းသိသိကြီးနဲ့ လွှတ်ပေးထားရတာကို အူတယားယားဖြစ်နေတာမလား။ ယခု အထွန့်တွေတက်နေချေပြီ။

“ကောင်းပြီလေ။ ကျွန်ုပ်လိုက်ပြပေးပါ့မယ်။”

“အိုး အသင်လိုက်ပြလို့ ဘယ်သင့်တော်ပါ့မလဲ။ ကျွန်ုပ်ကအမျိုးသမီးမလား။ နန်းတွင်းသူလေးတွေ တစ်ယောက်နှစ်ယောက်နဲ့ဆို အဆင်ပြေပါတယ်”

ခုနကပဲ ညီလာခံသဘင်မှာ တပ်မှုးချုပ်သီရိနန္ဒာဒေဝီပါဆိုပြီး အသံကျယ်ပြီးပြောခဲ့တာက အဘယ်သူနည်းဟု မေးလိုက်ချင်သည်။ ယခုကျတော့အားနွဲ့‌သောအမျိုးသမီးပုံစံဖမ်း နေပြန်ပေပြီ။ အဆိုပါအမျိုးသမီးက တစ်ခုခုတော့တစ်ခုခုပဲလို့ သီဟစိတ်ထဲတေးမှတ်ထားရင်း
အနီးနားတွင် ရှိသောနန်းတွင်းသူနှစ်ယောက်အားခေါ်လိုက်သည်

“မယ်ဆုံနဲ့ မယ်ဇာ ဧည့်သည်ကိုသေချာလိုက်ပြလိုက်။ “

“မှန်ပါ့တပ်မှုးလေး”

သီရိမြင်းပေါ်ကပြန်ဆင်းလိုက်ပြီး မြင်းတင်းကုတ်၌သူ့မြင်းကို အသေအချာပြန်ချည်လိုက်ရင်း...

“သခင်မ ခဏနေပြန်လာမယ်နော် မိုးသား”

ဟံသာ၀တီရဲ့တပ်မှုးဆိုသူက သူ့အားမျက်မှောင်တကုတ်ကုတ်နဲ့ကြည့်နေတာ သီရိသတိထားမိသား။ သို့ပေမဲ့ တမင်မသိချင်ယောင်ဆောင်ကာ နန်းတွင်းသူနှစ်ယောက်ခေါ်ဆောင်ရာကို လိုက်ခဲ့လိုက်သည်။

“သခင်မလေး ဒီရေကန်တော်ကပြည့်ရှင်မင်းတရားကြီးနဲ့မိဖုရားခေါင်ကြီး ....”

“ရပြီ ကျွန်ုပ်သိလိုတာက အသင်တို့မင်းသမီးရဲ့အဆောင်တော်”

တည့်တိုးဆန်လှသော အာဏာဆန်သော အသံကြောင့် နန်းတွင်းသူတွေတွန့်ခနဲ့။

“အရှင်မင်းကြီးက မင်းသမီးလေးရဲ့အဆောင်တော်ကို လူစိမ်းဝင်ခွင့်မပေးပါဘူး သခင်မလေး။”

“တယ်....ကျွန်ုပ်ကလူစိမ်းလား ဒီကိုချစ်ကြည်ရေးသံတမာန်ရေးအရလာတဲ့ ကေတုမတီတိုင်းရဲ့တပ်မှုးချုပ် သီရိနန္ဒာဒေဝီပေပဲ။ သင်တို့ ပြောရဲတယ်ပေါ့”

“မယ်ဆုံတို့သတ်လည်းသေရုံပါ ဘုရား။ မင်းတရားကြီးအမိန့်မို့ မလွန်ဆန်ဝင့်ပါ သခင်မလေး”

ဘောင်ကျော်တင်စီးသောအမိန့်ဖြစ်မှန်း ကိုယ်တိုင်လဲသိသည်။ သူကမကွေ့ဝိုက်တက် လိုရင်းသာပြောတက်သူမလား။ သို့ပေမဲ့ ခေါင်းတွေအောက်ငုံ့ပြီး ကျဉ်းထဲကျပ်ထဲရောက်နေသော နန်းတွင်းသူနှစ်ယောက်ကို ကြည့်ကာ သီရိစိတ်လျော့လိုက်ပြီး...

“ကဲ အဲဆိုလည်း အကျွန်ုပ် ကေတုမတီသို့ ပြန်ပေတော့မယ်။ သင်တို့ရဲ့ မင်းကြီးအပေါ်ထားတဲ့ သစ္စာကိုတော့ ကျွန်ုပ်ချီးကျုးပါတယ်”

“မှန်ပါ့ သခင်မ”

မယ်ဆုံနဲ့မယ်ဇာ ဦးညွှတ်အရိုသေပေးရင်း ခြေသံတဖြေးဖြေးဝေးသွားတော့မှ ခေါင်းကိုပြန်မတ်လိုက်ရင်း...

“မယ်ဇာ မင်းသမီးလေးနန်းဆောင်ကိုမေးတဲ့ကိစ္စ တပ်မှုးလေးကို ပြောလိုက်ရမလား”

“မပြောတာပဲကောင်းပါတယ် မမဆုံ။ တပ်မှုးလေးနဲ့ခုနသခင်မလေးက သိပ်ဆက်ဆံရေးကောင်းပုံမရဘူး”

“အင်း အဲ့တာပဲကောင်းပါတယ်”

ဒီလိုနဲ့နန်းတွင်းသူနှစ်ယောက်ဟာ သူ့သဘောနဲ့သူကိစ္စတစ်ခုကို လျို့ဝှက်ခဲ့ကြလေသည်။


__________🪔ထိပ်ထား🪔_________

သီရိနန္ဒာဒေဝီ.....

ကေတုမတီရဲ့ စစ်ဘုရင်မ။ ကေတုမတီစစ်သေနာပတိချုပ် ဝဏ္ဏကျော်ဇောရဲ့ တစ်ဦးတည်းသော ရင်နှစ်သည်းခြာဖြစ်သလို ကေတုမတီမင်းကြီးရဲ့ အားထားရသူတစ်ဦး။

အမျိုးသမီးဖြစ်သော်ငြား ခန္ဓာကိုယ်ထဲတွင် ဖခင်၏သွေးများအပြည့်စီးနေသောကြောင့် နုနုနယ်နယ်ကိစ္စများထက် စစ်မက်ရေးကိုသာ ပိုမိုအာရုံကျခဲ့သူ။ ငယ်စဉ်ကတည်းက ဖခင်ထံမှ မြင်စီး လှံထိုး ဓားခုတ် စတဲ့စစ်ရေးစစ်ရာ တက်အပ်သမျှများကို စိတ်ပါဝင်စားစွာ သင်ယူထားသူတစ်ဦး။

သောင်းနှင့်ချီသော စစ်သည်တို့ရဲ့အုပ်ချုပ်သူ။ ကေတုမတီအိမ်ရှေ့မင်းသား ဆယ့်တစ်ပါးနှင့်မခြား မင်းကြီး၏ချစ်ခင်မှုကိုရရှိထားသူဆိုလည်းမမှား။

ဒါ့ကြောင့် သီရိနန္ဒာဒေဝီကို လိုချင်သူများလှသည်။ ဒါပေမဲ့ဘုရင်ကြီးကိုယ်တိုင် ပါးနပ်စွာငြင်းခဲ့သည်ချည်း။ ကေတုမတီပြည့်ရှင်၏ ဆန္ဒမှာ သီရိနန္ဒာဒေဝီကို အိမ်ရှေ့စံနှင့်လက်ဆက်စေကာ သူနတ်ရွာစံသည့်အခါ သားတော်နှင့်အတူ အဂ္ဂမဟေသီတောင်နန်းစံအဖြစ် နန်းတက်ပြီး စိုးစံစေလိုသောဆန္ဒကြောင့်ဖြစ်သည်။

ဤသည်ကား ကေတုမတီတွင် သီရိနန္ဒာဒေဝီ၏အရေးပါပုံတည်း...။




_________🪔ထိပ်ထား🪔___________





“သမီးတော် ဟံသာဝတီရေးကဘယ့်နှယ်ရှိတုန်း”

ရေနွေးသောက်နေသော ဖခင်က မြင်းစာကျွေးနေသော သမီးဖြစ်သူအား လှမ်းမေးလိုက်ခြင်းပင်။ မေးဆို သမီးတော်ကဟံသာဝတီကပြန်ရောက်တာ တစ်ရက်နှင့်တစ်ပိုင်းရှိပြီ ဘာစကားမှမစသေးသောကြောင့်ပင်။

“မိုးသားကိုအစာကျွေးပြီး သမီးတော်လာခဲ့ပါ့မယ်ခမည်းတော်။”

“ကောင်းပြီ”

ကွမ်းတစ်ယာညက်လောက်အကြာမှာ မြင်းဇောင်းထဲမှ သီရိထွက်လာလိုက်ပြီး ရေနွေးသောက်နေတဲ့ဖခင်ရှိရာဆီ သွားထိုင်လိုက်တယ်။

“ခမည်းတော်”

“အင်း ဘာတွေအကြောင်းထူးခဲ့လည်း။ စစ်ချီဖို့ပြင်လိုက်ရတော့မလား”

“ဆိုင်းငံ့ပါအုန်းခမည်းတော်။ သီရိတင်ပြပါရစေအုန်း။ ဟံသာဝတီကိုသူလျိုအဖြစ်သွားပြီး သူတို့စစ်တပ်အခြေနေကိုသွားစုံစမ်းတာ သမီးဖမ်းခံခဲ့ရတယ်။”

သောက်လက်စဆေးတံကို ပါးစပ်ထဲကနေဖယ်လိုက်ပြီး သူ့ခမည်းတော်ဟာ စိတ်ဝင်စားစွာနားထောင်နေတာ သီရိတွေ့လိုက်ရတယ်။

“ဒီပကိုမခေါ်သွားလိုက်တာ မှားသွားတယ်”

ဒီပဆိုတာ သီရိရဲ့လူယုံ။ အစ်ကိုလိုဖြစ်နေတဲ့ ရဲမတ်ဗိုလ်တစ်ယောက်။

“ဟံသာဝတီပြည်သူပြည်သားတွေက သူတို့ဘုရင်ကိုသိပ်ချစ်ကြတယ်။ မြို့ထဲကိုလူစိမ်းတစ်ယောက်ဝင်တာနဲ့ တန်းသတိထားမိကြတယ်။ ဒါကတခြားတိုင်းတွေနဲ့မတူတဲ့အချက်ပဲ။ သမီးတော် စစ်ရေးကိစ္စကိုဈေးထဲမှာ စနည်းနာနေတုန်း ရဲမက်တွေဖမ်းတာခံလိုက်ရတယ်။”

“စကားဆက်ပါအုန်း”

“သူလျိုဆိုပြီးခေါင်းစဉ်တပ်တယ် ဖမ်းလာတဲ့တပ်မှုးက။ သိုပေမဲ့ ဟံသာဝတီပြည့်ရှင်ကို သမီးတော်ဟာ သံတမန်အရေးအရလာတာပါလို့ လျှောက်တင်လိုက်တယ်ခမည်းတော်”

“အလို သီရိရယ်။ ကိစ္စတွေကပိုရှုပ်ကုန်မှာပေါ့။ အခုမင်းကြီးကသမီးပြန်ရောက်နေပြီဆိုတော့ ဟံသာဝတီကိုစစ်ချီမလိုပြင်နေပြီ”

သီရိနားမလည်ဟန်နဲ့ မျက်မှောင်ကြုံ့လိုက်တယ်။ ကေတုမတီမင်းကြီးကိုလေးစားတာမှန်ပေမဲ့ ယခုထိအင်းဝအရေးကိုမကျေနိုင်သေးဘူးလား။

“အင်းဝအရေးကို ရွှေစိတ်ညိုညင်နေတုန်းပဲလား အရှင်မင်းကြီးက။ ယခုဟံသာဝတီဘက်ကလည်း နှစ်ပြည်ထောင်ချစ်ကြည်ဖို့ လိုလိုလားလားရှိနေပုံပါ”

အင်းဝအရေးဆိုတာ အင်းဝမင်းသမီးကို ကေတုမတီနှင့်အပြိုင် ဟံသာဝတီလုတဲ့ကိစ္စပါ။ယခုဟံသာ၀တီမင်းကြီး အိမ်ရှေ့စံဘ၀ကတည်းက အင်း၀မင်းသမီးနှင့် ချစ်ကြိုးသွယ်နှင့်ပြီးပြီ။သူတို့မှာ အချစ်ဟောင်းတွေဖြစ်ပြီး ကြားထဲက၀င်လာသူမှာ ကေတုမတီသာဖြစ်သည်။ ဟံသာ၀တီအိမ်ရှေ့စံက နန်းတက်တော့ အင်း၀ဘုရင်က သမီးတော်ကိုဆက်သသည်။ ကေတုမတီမင်းကြီးကလည်း သူ့ကိုကျောသည်ဟုခံစားရကာ အင်း၀နှင့်ဟံသာ၀တီကို သံတမာန်ရေးရာအကုန်ဖြတ်တောက်ပစ်လိုက်သည်။ အချိန်ကြာလာတော့ ဟံသာ၀တီဆိုရင်ကို မကြည်ချင်တော့။ကေတုမတီဘက်က မပိုင်ဆိုင်လိုက်ရတာမို့ ရင်ထဲမျက်ကာ အမျက်တော်က ခုထိမပြေ။  ဘုရင်များမိဖုရားများရသည့်ကိစ္စကို မပြောလိုပေမဲ့။ မိဖုရားတစ်ပါးအတွက်နှင့် ရန်ငြိုးဖွဲ့နေသည်ကိုကား လွန်သည်ဟုသီရိထင်သည်။

“တစ်ချို့ကိစ္စတွေက သမီးတော်နားမလည်ပါဘူး။ အခုအခက်တစ်ခုတွေ့ပြီ သမီးတော်ကဟံသာဝတီနဲ့ပြေငြိမ်းလာတဲ့ကိစ္စ။ နောက်တစ်ခုက မင်းကြီးကခမည်းတော်ကိုနားပူလှပြီ သမီးတော်စဉ်းစားပါအုန်း”

သီရိစိတ်ရှုပ်ထွေးစွာနဲ့ ဆံထိုးကိုဖြည်ချလိုက်ပြီး ဆံပင်တွေကိုလှန်သပ်လိုက်ရင်း...

“ခမည်းတော်သိပါတယ် သမီးတော်အိမ်ရှေ့စံကိုမနှစ်သက်ဘူးဆိုတာ”

သိတာပေါ့ ဒီကိစ္စကို ဝဏ္ဏကျော်ဇောအမတ်ကြီးသိတာပေါ့။ ငယ်စဉ်ကတည်းက ကျားကျားယားယားစစ်ပညာသင်ရင်းကြီးလာတဲ့ ဒီကလေးလေးဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာစိတ်တိမ်းညွှတ်တယ်ဆိုတာကို။ဒါကိုအပြစ်လဲမမြင်သလို ပြုပြင်ပြောင်းလဲဖို့လဲ ဖိအားမပေးချင်လို။ သီရိသည် သီရိသာဖြစ်သည်။ ဒါက သူ့အတွက် ဘာမှပြောင်းလဲသွားမည်မဟုတ်။ အမြဲဂုဏ်ယူရသည့်မိမိသမီးကိုက ယောကျ်ားတစ်ယောက်ထက်သာတဲ့ အရည်အချင်းတွေရှိနေတာကိုး။

“ဒါမဲ့သမီးတော် နန်းတွင်းရဲ့ထုံးစံကိုသိတယ်မလား။ ခမည်းတော်တို့ကို လိုတဲ့သူရှိသလို မလိုတဲ့သူလည်းရှိတာကို ။ ခမည်းတော်တို့စစ်တပ်က အရမ်းအင်အားတောင့်တော့ မင်းကြီးကသူ့နန်းအတွက်စိုးရိမ်နေတယ်”

“အို မဆိုင်လ်ိုက်တာ ဖခမည်း‌ရယ်။ သမီးတော်တို့ရဲ့သစ္စာစောင့်သိမှုကို မယုံတဲ့သဘောလား”

“သို့‌ပေမဲ့မင်းကြီးစိတ်မဖြောင့်ဖြစ်နေတာ ခမည်းတော်ရိပ်မိတယ်။ ဒါ့ကြောင့်အိမ်ရှေ့စံနဲ့သမီးတော်ကို လက်ဆက်စေချင်နေတာ။ ဆွေမျိုးတော်ဖြစ်သွားရင် သူစိတ်အေးပြီဆိုတဲ့သဘော”

သီရိသက်ပြင်းကိုချလိုက်ကာ မျက်စိကိုတင်းတင်းမှိတ်စဉ်းစားနေလိုက်သည်။ လက်ထပ်ပွဲကို အတင်းငြင်းလျှင် ဘုရင့်ဘက်မှ အငြိုးထားလာနိုင်သည်။ သူ့ဖခင်ကိုမငြိုငြင်နိုင်ဘူးလို့လည်း မပြောနိုင်။ ယခုဟံသာဝတီကိစ္စကိုလည်း သူကအမှားလုပ်လာသည်မလား။

“ခမည်းတော် မင်းကြီးကိုလျှောက်တင်‌ပေးတော်မူပါ။ အိမ်ရှေ့မင်းသားနဲ့ သမီးတော်စေ့စပ်မဲ့ အကြောင်း။ သို့ပေသည့်လက်ထပ်ပွဲကိုဆိုင်းငံ့ပေးထား‌ စေချင်တဲ့အကြောင်းကိုပေါ့။ ဒီ အကြောင်းတရားကို လွယ်လွယ် သဘောတူလိုက်တာမဖြစ်စေချင်ဘူး။ ဟံသာဝတီအရေးကိုလိုက်လျောပေးမှ စေ့စပ်မယ်လို့လျှောက်တင်ပေးပါခမည်းတော်”

“ကောင်းပြီ ခမည်းတော်အဲ့လိုလျှောက်တင်လိုက်မယ်။ ကဲ သမီးတော်လည်းနားတော့”

“ဓားရေးခေတ္တကျင့်လိုက်အုန်းမယ် ခမည်းတော်။"

“ဟုတ်ပေပြီ။"

ဝဏ္ဏကျော်ဇောအနေနှင့် သမီးရဲ့ဆုံးဖြတ်ချက်ကို မိမိဆုံးဖြတ်ချက်ထက်ပိုယုံသည်။ လွယ်လွယ်ကူကူ လုပ်တက်သောကလေးမဟုတ်တာကြောင့်ပင်။ သူဘယ်လိုပြုစုပျိုးထောင်ထားခဲ့ရသလဲ။
အရာရာကိုတွေးတွေးဆဆ လုပ်တက်တာက သူ့မိခင်နဲ့တူသည်။ ထက်မြက်ပြီးသတ္တိရှိတာက သူ၏အမွေ။

အမတ်ကြီးတစ်ယောက်အိမ်ရှေ့ကွင်းပြင်မှာ ချွေးတလုံးလုံးနဲ့ဓားရေးကျင့်နေသော သမီးဖြစ်သူကို ကျေနပ်အားရဂုဏ်ယူသော မျက်လုံးများဖြင့်ကြည့်ရင်း...

မတွေးသင့်သောအတွေးတစ်ခုက ခေါင်းထဲ၀င်လာရသည်။ သို့ပေမဲ့ သူကျေနပ်စွာပင် တီးတိုးရေရွတ်မိလိုက်သည်

“ကေတုမတီရဲ့ မိခင်ဆိုတဲ့ဂုဏ်ပုဒ်ထက် ကေတုမတီရဲ့ဘုရင်မဆိုတာနဲ့ ပိုလိုက်နေပါကောလား”


_________🪔ထိပ်ထား🪔___________



RenGe-




Continue Reading

You'll Also Like

134K 11.3K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
270K 23.3K 53
‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.2023
4.4K 260 22
ကြာဖူးငယ်ဟာလှပသည့်မိန်းမတစ်ယောက်တစ်နေ့တွင်ပျော်ရွှင်နေသည့်ကြားဖူး၏ဘဝထဲသို့မီးတောက်တစ်ခုဝင်လောင်ကျွှမ်းသွားခဲ့သည်ထိုမီးတောက်ဟာဆူးမာန်ဆိုသည့်မိန်းကလေးပ...
304K 17.9K 27
ဤဇာတ်လမ်းသည် စာရေးသူနေမကောင်းဖြစ်နေသည့်အချိန်တွင် စိတ်ကူးရ၍ ရေးသားဖြစ်ခဲ့သော ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်ပါသည် ။ အချစ်ကိုအရိုးသားဆုံးပင် ပုံဖော်ခဲ့ပါသည်...