ည၇နာရီလောက်ရောက်တော့ Yuriနိုးလာ
သည်။
ညနေတည်းက မျက်တောင်မခတ်စိုက်ကြည့်
နေသော Yoonaမှာ ဝမ်းသာအားရဖြစ်သွား
ပြီး ဆုပ်ကိုင်ထားသောလက်လေးကိုငုံ့နမ်း
လိုက်မိသည်။
အံ့သြသွားသော မျက်ဝန်းညိုတွေကို မြင်ခါမှ
ကြေကွဲစရာကောင်းတဲ့ မှတ်တမ်းတခုကို
သတိရလာတော့သည်။
ခါးသီးလွန်းသည့် စကားလုံးတွေမလာသေးခင်
သူကဦးအောင် အားနာစကားဆိုရသည်။
"Sorry Yul
အကျင့်ပါနေလို့် "
"နောက်ဆိုနည်းနည်းဆင်ခြင်ပေးလို့ရမလား
နေရ ခက် လို့"
"အင်း အင်းပါ"
"Unnie ဘယ်အချိန်ထဲက ရောက်နေတာလဲ"
"ကြာပြီ"
"ထမင်းစားပြီးပြီလား"
"Imm
ဆရာဝန်ကဘာတွေပြောသွားသေးလဲ"
"Arr
အစာအိမ်ထိထားလို့် ဆန်ပြုတ်ပဲစားရမယ်တဲ့
အရမ်းလှုပ်ရှားလို့ မဖြစ်ဘူးတဲ့
ငြိမ်ငြိမ်လေးထိုင်နေ...နေ......အား~~"
ရုတ်တရက်
ဗိုက်ကိုဖိပြီး ညည်းလာသော Yuriကြောင့်
ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားရသည်။
"အရမ်းနာနေတာလား ကလေး!!
ဆရာဝန်သွားခေါ်ပေးရမလား"
"ရ..ရတယ် ခနတော့နာဦးမယ်လို့...ပြောသွား
တယ်....အ....ဖက်...ထားပေးပါလားဟင်"
မျက်နာငယ်လေးနဲ့တောင်းဆိုလာသော
Yuriကိုယ်လုံးလေးကို ဖက်ထားလိုက်ပြီး
ကျောပြင်ကို ပွတ်သပ်ပေးနေလိုက်သည်။
Yuriတချက်ညည်းလိုက်တိုင်း သူ့ရင်ထဲနင့်
သွားကာ ခေါင်းတွေပူထူလာသည်။
ဒဏ်ရာက အရမ်းနက်သွားလောက်သည်။
ထို့ကြောင့်လဲ အာရုံကြောထိသွားသည်နေ
မှာပေါ့။
ခနကြာတော့ အကျီစကို ဆုပ်ကိုင်
ထားသော Yuriလက်များပြေလျော့လာပြီး
Yoonaကို တွန်းထုတ်လိုက်သည်။
"အဆင်ပြေရဲ့ လား Yuriရယ်"
"ရပါတယ် Unnieရဲ့
ခွဲပြီးစမို့ပါ ဖက်ထားပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ဒါနဲ့
Unnieနာမည်က Yoonaနော်
Sooyoungတို့ပြောပြသွားလို့ တော်တော်များ
များသိပြီးပါပြီ"
သူ နှုတ်ခမ်းတွန့်ရုံလေးသာ ပြုံးပြလိုက်ပါသည်။
Unnieတဲ့လား....
Yoonaတဲ့လား.....
စိမ်းကားလိုက်တာ~~
"ဟိုလေ Yulအိပ်တော့မယ်နော်
အိပ်ဆေးအရှိန်က မပျယ်သေးဘူး
Unnie က လူနာစောင့်တွေအိပ်တဲ့ကုတင်
မှာပဲ အိပ်လိုက်နော်
တူတူအိပ်ဖို့က သိပ် အဆင်မပြေသေးလို့"
သူ စကားတစ်လုံးမှ မပြောဘဲ လူနာစောင့်
ကုတင်ပေါ်တက်အိပ်လိုက်ပါသည်။
Yuriကို ကျောပေးထားပြီးတော့ပေါ့။
အရင်က အသံမထွက်ပဲ မငိုတတ်။
ခုတော့ အသံမထွက်ပဲ သူ ငိုတတ်ပြီ။
သင်ပေးသူက Yuriမို့လို့ ဒီပညာကိုတန်ဖိုး
ထားပါမည်။
------------
မျက်စိနှစ်လုံးဖွင့်ဖွင့်ချင်း ကလေးအိပ်တဲ့ကုတင်
ကို လှမ်းကြည့်လိုက်တော့ ခုထိမနိုးသေး။
သူ ခြေလှမ်းကိုအတတ်နိုင်ဆုံး ဖွဖွလျှောက်ပြီး
Yuriကုတင်ဘေးထိုင်လိုက်သည်။
မျက်နာလေး အတော်ချောင်ကျသွားပါလား။
မနေ့က သူ ပင်ပန်းနေလို့ ခနလေးနဲ့အိပ်ပျော်
သွားခဲ့တာပဲ။
ကလေး နေသာခဲ့ရဲ့ လား။
သူ့လက်တွေက Yuriရဲ့ နှုတ်ခမ်းဝမှာ တစ်လစ်
ထွက်နေသော လျှာနီနီလေးကို တို့ထိလိုက်
မိသည်။
သူ ပြုံးမိသည်။
အိပ်နေရင် အရမ်းချစ်ဖို့ကောင်းတဲ့ ကလေး...
"အင်း.....Unnieနိုးနေပြီလား"
သူ မနှစ်မြို့တဲ့ အခေါ်အဝေါ်ကြောင့် လခြမ်း
ပမာကွေးနေသော နှုတ်ခမ်းပါးများကို ပြန်တင်း
လိုက်သည်။
"ဟင် Unnie ဘာဖြစ်သွားတာလဲ
ခုနကပြုံးနေပြီးတော့"
"ဘာမှမဖြစ်ပါဘူးကွယ်"
"ပြီးရော Yulကို ထူပေးဦး"
အကူအညီတောင်းသလို ပြောလာသော
Yuriကို လက်မောင်းရင်းမှ ဆွဲထူကာ
နောက်ကျောကို ပင့်တင်ပေးလိုက်သည်။
မနာတော့ပေမယ့် Yoonaအပေါ်ဆိုးလို့ရတုန်း
ဆိုးချင်သည်။
နှစ်ယောက်လုံး မျက်နာသစ်သွားတိုက်ပြီး
တော့ ဆေးရုံပန်းခြံထဲလမ်းလျှောက်ကြသည်။
ဒဏ်ရာက သက်သာတယ်ထင်ပါရဲ့ ။
စံပယ်ပန်းရုံပေါ်ဝဲနေသော လိပ်ပြာလေးတွေကို
ဝှီးခနဲ ဝှီးခနဲ လိုက်ဖမ်းသည်မှာ ငှက်ပျောသီး
သည်နောက်လိုက်သော မျောက်တစ်ကောင်
အလား။
ချုပ်ရိုးပြေသွားမည်စိုးသောကြောင့် Yoonaမှာ
Yulကို မနည်း လိုက်ဖမ်းနေရသည်။
ကြာတော့ စိတ်တိုလာသည်။
"Yul ဘာလို့အဲ့လောက်ဆိုးသွမ်းနေရတာလဲ
ဆရာဝန်က ငြိမ်ငြိမ်နေလို့ပြောထားတယ်မလား
အနာမကျက်ခင် သွေးပြန်ထွက်နေရင်
ဘယ်လိုလုပ်မလဲ
အကြီးကပြောရင် နားထောင်မှပေါ့
မင်းကိုမင်း ဘာများထင်နေလဲ"
အမယ် သူကပဲစိတ်တိုရတယ်ရှိသေး။
ဒီလို ဆေးရုံတက်နေရတာ
ဘယ်သူကြောင့်လဲ။
Yoonaကို ဂရုမစိုက်ပဲ ခုံတန်းပေါ်ထိုင်ချ
ကာ နှုတ်ခမ်းကိုတတောင်လောက် စူထား
လိုက်သည်။
Yoonaလဲ လေသံမာသွားမှန်းသိတော့
Yulဘေးဝင်ထိုင်ကာ ချော့မော့ပြောဆိုသည်။
"Yulရယ်
ဒဏ်ရာကအရမ်းနက်တယ်လေ
ဂရုစိုက်မှသက်သာမှာပေါ့
ဒီလိုပေါ့ပေါ့ပျက်ပျက်နေရင် ဘယ်ပျောက်မလဲ
မနေ့ကမှ ခွဲစိတ်ထားတာလေ
Yuriကတော့ မသိလောက်ပေမယ့်
Yulနာကျင်နေရင် ငါ လဲနာကျင်ရတယ်
အဲ့ဒါကြောင့် Unnieအတွက်ပဲဖြစ်ဖြစ်
သက်သာအောင်နေပါနော်"
*အပိုတွေ*
"Ommပါ နောက်ဆိုဆင်ခြင်ပါ့မယ်
အေးတယ် အထဲဝင်ကြရအောင်"
"အေး ဝင်ကြမယ်လေ"
Yuriနားဝင်သွားသည်ဟု တဖတ်သတ်မှတ်ယူ
လိုက်ရပါသည်။
မျက်နာကြောကတော့တစက်မှမလျှော့သော
Yulမျက်နာကို ဆွဲနမ်းချင်စိတ်လဲ မကြာမကြာ
ဖြစ်ပေါ်လာပါသည်။
ကလေးတစ်ယောက်လို ဆူပုတ်နေတာ
ရှားတယ်လေ။
အမြဲတမ်းခပ်တည်တည်ပဲ နေတတ်တာကိုး ။
မနက်စာကိုလဲ မနည်းကျွေးလိုက်ရသည်။
ဆန်ပြုတ်ရော စွပ်ပြုတ်ရော မစားချင်ဘူးတဲ့။
တော့ပိုကီစားချင်တယ်တဲ့။
ရစ်လိုက်တာဆိုတာ။
ဂျပန်မူလီဆိုတာ Kwon Yuriအတွက်ဖြစ်
ပေါ်လာသလားပဲ။
ရီမုနဲ့ရစ်တာက ဓာတ်ခဲကုန်ရင် ရပ်သွားသေး
တယ်။
ဂျပန်မူလီဆိုတာ လှည့်နေသမျှ ရစ်နေမှာ
မဟုတ်လား။
သူ စိတ်ညစ်လွန်း၍ မျက်ရည်ပင်ဝဲလာသည်။
ထိုတော့မှ ငချိပ်ပေါင်းကြီးက ပျာပျာ
သလဲ စားသောက်တော့သည်။
ဒီတော့လဲ ဂရုဏာစိတ်ဖြင့် ခွင့်လွှတ်ရပြန်သည်။
Taeတို့ကတော့ မနက်အစောပိုင်းခနလာပြီး
ကျောင်းသွားတက်သည်။
သူတို့က ကျောင်းပြေးတွေဆိုတော့ ပျက်ရက်
တွေအရမ်းများတယ်လေ။
Yoonaလဲ ကျောင်းပြေးတစ်ယောက်ပေမယ့်
အချိန်အခါကြည့်၍ ပျက်တတ်သောကြောင့်
သူတို့လို Aကိုက်မခံရ။
ဆရာများတွင် Roll callမခေါ်သည့်ဆရာရှိ
သည်။
ရှေ့က ခေါ်သွားသော စာရင်းအတိုင်း လိုက်
ထည့်လိုက်သည့် ဆရာရှိသည်။
ထိုဆရာများအချိန်တွင်သာ လစ်တတ်သည်
များသောကြောင့် ခွင့်ယူဖို့တပတ်လောက်
အချိန်ရသေးသည်။
ကျောင်းတက်မှန်သည့် Yuriကတော့
Yoona ထက်ပင်အေးဆေးသည်။
"Unnie "
"ဟင် ဘာလဲ"
"Yulကို ဆပ်ပြာပူစီဖောင်းမှုတ်တဲ့
ဟာဝယ်ပေး"
"ဘာ!!"
"ဟီး ဝယ်ပေးနော်"
ဟွန်း
ပြောတော့ဖြင့် ကလေးမဟုတ်ဘူးတဲ့
ခုကျတော့ ဆော့လိုက်တာများ
မူကြိုကလေးတောင် သူ့လောက်
ထိန်းရခက်မှာ မဟုတ်ဘူး
ကြည့်ပါဦး
ကလေးကစားစရာ သွားဝယ်ခိုင်းစရာလား
သူ့ကို ကလေးအမေလို့ထင်တော့မှာပဲ
မတတ်နိုင်ဘူးလေ
သူမျက်နာညှိုးနေတာ ကိုယ်မှမခံစားနိုင်တာ
Yoonaထွက်သွားတော့ Yulတဟားဟားအော်ရယ်မိသည်။
ခုမှပဲ အားရှိပါးရှိအနိုင်ကျင့်လို့ရတော့တယ်။
မှတ်ပြီလား Yoona။
-------------
စားစရာရှိတာမစားပဲ တစ်ယောက်နှင့်တစ်
ယောက်မျက်လုံးချင်းစစ်တိုက်နေကြသော
Kim စိတ်တိုနှင့် Hwang ကမြင်းတို့ကို
Sunny စိတ်မရှည်တော့။
တစ်ယောက်က ကုလားထိုင်ကိုစမတ်ကျကျ
မှီထားပြီး ဆရာမကြီးစတိုင်လက်ပိုက်ထား
သည်။
နောက်တစ်ယောက်က ကုမ္ပဏီမှာ အစည်း
အဝေးလုပ်လျှင် ဒါရိုက်တာချုပ်က စားပွဲပေါ်
လက်နှစ်ဖက်အချင်းချင်းဆုပ်ကိုင်ပြီး
ခြေထောက်ခြင်းချိတ်ထားသလို ထိုင်သည်။
မသိရင် နိုင်ငံရေးပဲလုပ်တော့မှာ လိုလို။
အမှန်ကစစ်အေးတိုက်ပွဲကျင်းပနေတာပါ။
မျက်နာချင်းဆိုင်မှာ ထိုင်နေကြသောကြောင့်
နဂါးမင်းအကြည့်တွေက သူတို့တော့မသိ။
Sooနှင့် Sunကတော့ အငွေ့ပင်ပျံချင်လာပြီ။
ရန်ဖြစ်တာလဲ ခနခနပဲ။
ပြီးရင် နေနိုင်တာလဲ မဟုတ်။
မျက်ရည်စမ်းစမ်းနဲ့ ပြန်ခေါ်ကြတာပဲဟာ။
ကျောင်းတက်ဖို့လိုသေးသည်မို့ အမဲရောင်
ပတ်ဝန်းကျင်ကို Sunnyကပင် စတင်ဖြိုခွင်း
လိုက်သည်။
"ဘာဖြစ် ကြ ..."
ဘယ်ဘဝတည်းက ပြောချင်နေလဲ မသိ။
စကားပင်မဆုံးသေး
သူတို့၏ ရှေ့ဟောင်းနောက်ဖြစ်တွေကို စာစီ
ထားသလို ဖွင့်ချလိုက်ပါတော့သည်။
"Fanyလေ
အရင်က ငါနဲ့ကျောင်းသွားနေကြကို
ဒီနေ့မှ Section-Bက နစ်ခွမ်းနဲ့သွားတယ်တဲ့
ငါလာခေါ်တော့မရှိတော့ဘူး
ငါလဲ ဘာအပြစ်မှမလုပ်ပဲနဲ့"
"အောင်မာ
ဘာအပြစ်မလုပ်ဘူးလဲ
မနေ့က Juniel စာရှင်းပြခိုင်းတာ
ဘာလို့ရှင်းပြလဲ
အဲ့စာကဖြေတောင်ဖြေပြီးသွားတာ Taeလဲ
သိသားနဲ့
ဂွင်လာဆင်တာကို မသိဘူးလို့တော့မငြင်းလိုက်
နဲ့ Tae
Juniel ရဲ့ ခွက်ကTaeဆိုတာ တစ်ကျောင်းလုံး
သိတယ်
ပြီးတော့ နစ်ခွမ်းမဟုတ်ဘူး နစ်ခွန်း"
"ဪ အဲ့တာလေးကြောင့်လား
မကြိုက်ရင် မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း
ပြောပေါ့
ခုတော့ Fanyလုပ်တာကောင်းသလား
အဲ့လိုပြောကြေးဆို နစ်ခွမ်းလဲ Fanyကိုခွက်
နေတာ တစ်ကျောင်းလုံးသိတယ်
ခုလိုအတူလာကြတော့ လူတွေဘယ်လိုမြင်ကြ
မလဲ
ဘာလဲ
Fanyက အဲ့လိုအထင်ခံချင်နေတာလား"
"Taeနော် Fanyကိုမစော်ကားနဲ့"
အနီရောင်အဆင့်ရောက်နေပြီဖြစ်သော်လဲ
Sooတို့ကတော့ ဇာတ်လမ်းကြည့်နေရသလို
မလှုပ်မယှက်။
ရှေ့ ဆက်ဘာဖြစ်မည်ဆိုတာ သူတို့သိသည်
လေ။
"Fany လုပ်ပုံကရောဟုတ်လို့လား
Taeက မိန်းကလေးနဲ့ပဲ အဆက်စပ်လုပ်တာ
Fanyက ယောကျာ်းလေးနဲ့လေ
မတော်လို့ဟိုက တခုခုလုပ်သွားရင်...."
"Tae !!
တော်တော့လို့ အဟင့်.....
အီး😭😭😭"
"ဘာလို့ငိုတာလဲ
လူကိုစိတ်မကောင်းဖြစ်အောင်လို့
စိတ်တိုလို့ပြောမိတဲ့ဟာကို
သူကလဲ ထားခဲ့သေး
သူကလဲ ငိုသေး"
"ငိုမှာပဲ ဘာဖြစ်လဲ
မမြင်ချင်ရင် ဟိုဘက်သွားနေ
သွား!!"
"Fanyနော်
မောင်းမထုတ်နဲ့
Taeလဲ ငိုပစ်လိုက်မှာ အီး ဟီး😭😭"
Taeတကယ်ငိုချလိုက်တော့ Fany ပျာသွား
သည်။
တည်တည်ငြိမ်ငြိမ်နှင့် ဦးဆောင်နိုင်စွမ်းရှိသော
Taeကတော်ရုံတန်ရုံ မငို။
သူနဲ့ရန်ဖြစ်ရင်သာ ငိုတာ။
အဲ့လိုငိုတိုင်းလဲ Fanyဘက်ကပဲစလျှော့ရသည်။
ကျလက်စမျက်ရည်တွေကို အမြန်သိမ်းပြီး
Taeနားတိုးထိုင်လိုက်သည်။
"တောင်းပန်ပါတယ် Taeရယ်
Fany သဝန်တိုသွားလို့ပါ
နောက်ဆို အရွဲ့ မတိုက်တော့ဘူးလေနော်
တိတ် တိတ်..."
"တကယ်နော်...ဟင့်....နောက်ဆို...ရွှတ်...
Taeကို ....မရွဲ့ရဘူးနော်.....အင့်...."
"Immဆို တိတ်တော့နော်
ရေခဲမုန့်စားမလား Fanyဝယ်ကျွေးမယ်"
Taeကငိုမဲ့မဲ့လေးနဲ့ ခေါင်းညိတ်ပြသည်။
"ကဲ လာ သွားရအောင်"
သူတို့ကိုတချက်မှ လှည့်မကြည့်ဘဲ လက်ချင်း
ချိတ်ကာ ထသွားသော Taenyနှစ်ယောက်
မျက်စိအောက်မှ ပျောက်သွားသည်အထိ လိုက်
ငေးနေမိသည်။
" ထုံးစံအတိုင်းပေါ့ Sooရယ်
မနက်ဖြန်စနေရောက်ပြီမို့ ဒီနှစ်ယောက် ဒီ
တပတ်တော့ ရန်မဖြစ်တော့ဘူးထင်တာ
ရအောင်ကိုဖြစ်သေးတယ်"
"ဟုတ်ပါ့ကွာ ဖြစ်နိုင်တည့်နိုင်လွန်းတဲ့ အတွဲ
မနာလိုတောင်ဖြစ်လာပြီ"
"ဘာလဲ ငါနဲ့ရန်ဖြစ်ချင်တာလား"
"ဟာ မဟုတ်ရပါဘူး Bunnyရယ်
ချစ်ပြတာကို မနာလိုဖြစ်တာပါ"
"ဟွန်း စကားပြောရင် အနှောင့်အသွားလွတ်
အောင်ပြော"
"အင်းပါ
ဒါနဲ့ Yoonaလဲ ဘယ်လိုတွေဂျင်းထည့်ခံနေရ
ပြီလဲ မသိဘူးနော် ဟိ ဟိ"
"မရယ်ပါနဲ့ Sooyoungရယ်
Yoona သနားပါတယ်
သူ့ရင်ထဲ သိပ်ပူတာပဲတဲ့"
"အို သူလဲ Yulကိုခံစားရအောင်လုပ်ထားတာ
ပဲ ပြီးတော့ အကြာကြီးလိမ်ထားမှာလဲ မဟုတ်
ပဲနဲ့"
"Yoonaက သူ့စိတ်ထဲပါလို့ လုပ်ခဲ့တာမှ
မဟုတ်ပဲ Seung Giကြောင့်လေ"
"ကဲပါ အတိတ်ကိုအတိတ်မှာပဲထားခဲ့တော့
ခုလက်ရှိကိုပဲ အကောင်းဆုံးကြိုးစားကြမယ်"
"ဟမ်...ဘာကိုကြိုးစားမှာလဲ"
Sooကပြန်မဖြေသေးဘဲ ဘေးကိုလှည့်ကြည့်
လိုက်သေးသည်။
ကျောင်းတက်ခါနီးမို့ လူတွေရှင်းနေပြီ။
ကဲ့ရဲ့ ရှုံ့ ချမည့်သူတွေ မရှိတာသေချာတော့
ခေါင်းလေးစောင်းပြီိး ရှေ့တိုးလာသည်။
Sunnyကလဲ မျက်စိလေးမှိတ်ပြီး ကျရောက်
လာသည့် အနမ်းများကို ရင်ဖိုလှိုက်မောစွာ
စားသုံးနေမိသည်။
------------
"Yoona ဒီဘက်ကို မှုတ်
အဲ ဟုတ်ပြီ ဒီဘက်ကိုရော"
ပူဖောင်းလေးတွေလိုက်ဖောက်နေသော
Yuriကို
ဆူလို့လဲမရ ငေါက်လို့လဲမရသောကြောင့်
မျက်စောင်းပဲလှိမ့်ထိုးနေလိုက်သည်။
တကတဲ
ဝယ်လာပေးတော့လဲ သူပဲမှုတ်ပေးရတာ။
Yulကတော့ ပူစီဖောင်းတွေလိုက်ဖောက်နေ
တယ်လေ။
ဆော့လဲဆော့နိုင်လွန်းပါတယ်။
တချက်မှကို အငြိမ်မနေ။
Yuri ကိုပြုစုရတာ ငြိုငြင်လို့မဟုတ်ပါဘူး။
ဝေဒနာမပျောက်မှာ စိုးလို့ပါ။
နှုတ်ခမ်းလေးတထော်ထော်နှင့် ဆပ်ပြာပူစီ
ဖောင်းကိုသာ အာရုံစိုက်၍ မှုတ်နေသော
Yoonaကိုကြည့်ပြီး အသဲတွေယားလာမိသည်။
"မောနေပြီလား"
"မမောပါဘူး ဒါလေးမှုတ်တာဘာမောလို့လဲ"
"အတူမှုတ်မယ်လေ ပျော်စရာကောင်းတာပေါ့"
ပြောပြီးသည်နှင့် အရှေ့ကိုတိုးလာသော Yuri
မျက်နာမှာ Yoonaမျက်နာကို
ထိဖို့ရာ တစ်လက်မလောက်သာလိုတော့သည်။
သူတို့ကြားတွင် စည်းခြားထားသောအရာမှာ
မှုတ်တံလေးတခုသာ ဖြစ်ပြီး ထိုမှုတ်တံလေးကို
Yuriနှုတ်ခမ်းနှင့် အရှေ့ကိုတွန်းလာသည်။
စူထော်နေသော Yoonaနှုတ်ခမ်းလေးများကို
ဖိကပ်လိုက်သည်က မှုတ်တံဟုဆိုနိုင်သော်လဲ
စင်စစ်Yul၏ နှုတ်ခမ်းများဖြစ်သည်။
နှစ်ဦးစလုံး၏ ရင်တွေသည် ဗြောင်းဆန်အောင်
ခုန်လာသည်။
အနမ်းတခုဖန်တီးရန် ပူစီဖောင်း
မှုတ်တံကိုဖယ်ရှားလိုက်ကာ Yoonaခေါင်းလေး
ဆုပ်ကိုင်ပြီး အောက်နှုတ်ခမ်းလေးကို စတင်
စုပ်ယူလိုက်သည်။
အံ့ဩမှုဖြင့်တွန်းထုတ်နေသော Yoonaကို
ဖမ်းချုပ်ထားပြီး ချိုမြိန်မှုကို
အားရအောင်ဖန်တီးယူလေသည်။
တုံ့ပြန်လာသော အနမ်းတစုံ၏ နောက်တွင်
မျက်ရည်ပင်လယ်ထဲမှ ကျဆင်းလာသော
မြစ်စီးကြောင်းလေးစီးဆင်းသွားသည်ကို
ပါးပြင်ချင်းထိစပ်နေသောကြောင့် Yul သိ
လိုက်ပါသည်။
အလွမ်း၏သင်္ကေတကို မိနစ်အတော်ကြာ
ပုံဖော်ပြီးသည့်နောက် တစ်ယောက်ပခုံးပေါ်
တစ်ယောက်မျက်နာအပ်ကာ အမောဖြေကြ
လေသည်။
"လုပ်ရက်တယ်နော်
လက်စားချေတာလား"
Yoona ဒိီလိုပြောလိမ့်မယ်ဆိုတာ သူကြို
သိနေပါသည်။
ဖြေရှင်းဖို့စိတ်ကူးမရှိပါ။
ချစ်ရသူအနားရှိရက်နှင့် ရှင်ကွဲကွဲနေရသလို
ခံစားချက်ကို Yoona ကိုယ်ချင်းစာတတ်သွား
ပြီဟု မျှော်လင့်မိပါသည်။
"Yoongက တရက်ပဲခံစားရတာပါ
ငါက တစ်လလောက်ခံစားလိုက်ရတာ"
"ဒီလိုထပ်မလုပ်ပါနဲ့ Yuriရာ
ငါ တကယ်သေသွားလိမ့်မယ်"
"Aww Yoongရယ်"
Yoona ဖက်ထားရာမှခွာလိုက်ပြီး Yulကိုစိုက်
ကြည့်လိုက်သည်။
ရင်းနှီးနွေးထွေးသော မျက်ဝန်းညိုတွေကို
မြင်လိုက်ရသောအခါ နာကျင်မှုတွေ
ယူပစ်လိုက်သလိုပျောက်ကင်းသွားပါသည်။
နဖူးပေါ်တွင် ကပိုကရိုကျနေသော ဆံပင်လေး
များကို ဖယ်ရှားပေးလိုက်ပြီး ဘယ်တော့မှ
ပြောင်းလဲသွားမှာ မဟုတ်တဲ့ စကားတစ်ခွန်း
ပြောလိုက်သည်။
"သိပ်ချစ်တယ် ကလေး"
ထို့နောက်တွင်တော့ Yuriနှုတ်ခမ်းများကို
ပြန်လည်သိမ်းပိုက်ကာ အချစ်ပင်လယ်ထဲ
အလိုက်သင့်စီးမျောကြရင်း ကိုယ်ပိုင်သော
နှလုံးသားတစ်စုံကို ချစ်ရသူထံ အပြန်အလှန်
အပ်နှံကြလေတော့သည်။
#The End.
.............................................................
ပေါက်ကရလေးဆယ်နဲ့ ရေးချင်တာလျှောက်
ရေးတဲ့ ကျွန်မရဲ့ ပထမဆုံး Ficလေးပြီးသွား
ပါပြီ😁😁
အရေးအသားမကောင်းတဲ့အတွက်
Readerတို့ လိုချင်သလိုမရေးပေးနိုင်ခဲ့တာ
သိပါတယ်
အဲ့ဒီ့အတွက်လဲ Readerတို့က သဘောထား
ကြီးစွာ ခွင့်လွှတ်နားလည်ပေးကြဖို့မျှော်လင့်
ပါတယ်
သတ်ပုံမှားတွေပါရင်လဲ ပြင်ဖတ်ပေးကြပါ
လိုအပ်တာရှိရင်လဲ ကွကိုဖြည့်တွေးလိုက်ကြပါ
ပြီးရင်တော့ တန်းလန်းဆရာကြီးတွေ
ကိုယ်ရေးတဲ့ Fic ကို အကြာကြီးမပစ်ထားကြ
ဖို့တောင်းဆိုပါတယ်☺☺
စောင့်ရတဲ့သူက လီဂွမ်ဆူဖြစ်တော့မယ်ဆွာလဲ
အသိပေးချင်ပါတယ်😒😒
.
🎄31.5.2018🎄