"Grasshopperလို့ခေါ်တဲ့ဓားခုတ်ကောင်ဟာ
Jumping typeရဲ့Example ဖြစ်တယ်။
Grasping type ရဲ့Insectတွေဟာspurs
နဲ့spinesတွေပါတယ်။Exampleကတော့
Praying mantis ဖြစ်တယ်။
ဒီInsect လေးကိုWater boatmanလို့ခေါ်တယ် သူ့မှာlong brushes hairနဲ့ flattened
partပါဝင်တယ်။Type ကတော့Swimming
Typeဖြစ်တယ်"မျက်စိရှေ့ကအနိစ္စရောက်နေတဲ့ အကောင်လေး
တွေကိုကြည့်ပြီး ဆရာ့အသံကိုမကြားတစ်ချက်
ကြားတစ်ချက်။Practical ချိန်မို့မတက်မဖြစ်
တက်နေရသော်လဲ လုံးဝစိတ်မပါ။ခေါင်းကို
Dusterရန်မှကာကွယ်ရန်သာ မျက်လုံးကို ပုရစ်
ကြည့်သလို ကျိုင်းကောင်ကြည့်သလို ကစားပေး နေရသည်။ဆရာ့ကိုတစ်ချက်ရှိုးလိုက်တော့
မိမိကိုဘုကြည့်ကြည့်နေသည်မို့ အာရုံစိုက်ကာ
နားထောင်လိုက်သည်။"Antennaeက အမျိုးမျိုးရှိတယ်။
Filiformလို့ခေါ်တဲ့ အမျှင်ပုံစံ
Moniliformလို့ခေါ်တဲ့ ပုတီးစေ့ပုံစံ
Serrateလို့ခေါ်တဲ့ လွှပုံစံ
Clavateလို့ခေါ်တဲ့ တင်းပုတ်ပုံစံ
Capitateလို့ခေါ်တဲ့ ခေါင်းတစ်လုံးပဲရှိတဲ့ပုံစံ
Lamellateလို့ခေါ်တဲ့ အရွက်ပုံစံ
ကျန်တာတွေကိုဆက်ရှာလာခဲ့ပါ။ဒီနေ့တော့
ဒီလောက်ပါပဲ။""ဟူး" ပြီးပြီ။ကျန်တဲ့အတန်းတွေဆက်မတတ်
တော့။ကျွန်မIm Yoonaသည်အမှတ်မရလျှင်
ဘာမှမလုပ်ချင်။သူများတွေကလက်ချာ အချိန်
မပျက်ရဲကြ။ဘာလုပ်မှာလဲ။စာတွေကdictionary ထဲကကြည့်ရင် တစ်အုပ်လုံး
ကိုယ့်ဘာသာဖတ်လို့ရနေတာပဲ။ကျောင်းခေါ်
ကြိမ်ပြည့်ရင်တော်ရောပေါ့။ညနေField
ဆင်းချိန်ရှိသော်လဲ ပျက်ရတော့မည်။
........................................................................
ဒီနားတဝိုက်မှာအရင်ကတောအုပ်လေးသာရှိ
သော်လဲ ယခုအခါအဆောင်တွေမှိုလိုပေါက်လာ
သည်။အဆောင်နေသူများမှာ လူစုံလှသည်။
ကျောင်းသူကျောင်းသားများ၊စက်ရုံအလုပ်သ
မားများ၊ဈေးသည်များ၊အိမ်မှနှင်ချခံရသူများ
စသည် စသည်ဖြင့်။
မိန်းကလေးချည်းသီးသန့်ရှိသလို၊ယောက်ျား
လေးချည်းသီးသန့်လဲရှိသည်။အားလုံးပေါင်း
ပြီးနေရသည့်အဆောင်တွေလဲရှိသည်။ထိုအခါ
မျိုးတွင် ဖြစ်ချင်တိုင်းဖြစ်ကြ၍ အလွန်သရုပ်
ပျက်လှသည်။
Yuri နေသည့်တိုက်ခန်းမှာ သူတို့အရင်အိမ်လေး နှင့်ကပ်ရပ်ဖြစ်သည်။သူ့အဘွားဆုံးတော့
အရင်အိမ်လေးကိုရောင်းချပြီး တိုက်ခန်းငှါးနေ
သည်။ကျွန်မအိမ်မှာလာနေဖို့ ပြောတော့ သူကခါးခါးသီးသီးငြင်းသည်။ဘယ်သူ့ဆီကမှအကူအညီ မလိုချင်ဘူးတဲ့။အချိန်ပိုင်းအလုပ်
တွေတရစပ်လုပ်နေရသည့်သူ့ကို အလွန်သနား မိသည်။
ကျောင်းပြီးတော့ဝါသနာတူသည့်ကျွန်မတို့ နှစ်
ယောက်စိုက်ပျိုးရေးမေဂျာ ယူကြသည်။အတန်း
တူ၊အခန်းတူ၊Section တူသည့်ကျွန်မတို့နှစ်
ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်အ
လွန်ချစ်ကြသည်။ကျွန်မကသူ့ထက်တနှစ်ကြီး
ပေမယ့် သူနဲ့ကျောင်းတူတူတက်ချင်၍ စာမေးပွဲ
ကျအောင်တမင်ဖြေခဲ့လိုက်သည်။ထိုအရာကို
ဘယ်သူမှမသိ။သူအပါအဝင်ပေါ့။ကျွန်မ မရူး
ပါဘူး။ချစ်နေမိလို့။သူ့အပေါ်အဖြူရောင်မဟုတ်
တဲ့မေတ္တာတွေ ထားနေမိခဲ့လို့ပါ။သူကတော့
သိမယ်မထင်ပါဘူး။ အတွေးတွေလွန်လာလိုက်တာသူ့တိုက်ခန်းရှေ့ကိုဘယ်လိုရောက်လာမှန်းမသိတော့။လူခေါ်ဘဲလ်ကို အခေါက်ခေါက်အခါခါ နှိပ်နေပေမယ့် မဖွင့်ပေး။မဟုတ်ဘူး
မဖွင့်ပေးနိုင်တာ။ကျွန်မရိပ်မိသည့်အတိုင်းမှန်နေပြီမို့passwordကိုရိုက်နှိပ်ပြီး ဖွင့်ဝင်လိုက်
သည်။Passwordမပြောင်းတာ တော်ပါသေး
သည်။
"Yuri"
ပြန်ထူးသံမကြားရ
"Yul"
အခြေအနေတော်တော်ဆိုးနေတယ်ထင်ပါရဲ့။
လက်ထဲကအထုပ်တွေကို စားပွဲပေါ်ခနတင်ခဲ့
ကာ အိပ်ခန်းထဲသို့ဝင်သွားမိသည်။
YOU ARE READING
ကြိုး
Fantasyသံယောဇဉ်ကြိုး အချစ်ကြိုး အမုန်းကြိုး ဒါတွေဟာမမြင်ရတဲ့ကြိုးတွေ မမြင်ရမှတော့တိုင်းတာလို့ ဘယ်ရပါ့မလဲ ဟုတ်တယ်နော်