သာမန်စာရွက်ဖြူ လေးတစ်ရွက်ပေါ်မှာ
လက်မှတ်လေးတစ်ချက်ထိုးဖို့ ဘာလို့ဒီလောက်
နာကျင်နေရတာလဲ.....
မင်နီလေးတစ်ချောင်းကို ကျစ်နေအောင်
ဆုပ်ကိုင်ထားရင်း အတန်ကြာငိုင်နေမိသည်
ရအောင်ကယ်ပေးမယ်ဆိုရင် ဒီလိုလုပ်ဖို့မလို
ဘူးမလား....
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိကြဘူးလား...
သူနာပြုဆရာမလေးက ကြုံ ဖန်များပြီမို့လား
မသိ....
သူ့ကို နှစ်သိမ့်ပြုံးလေးပြုံးပြရင်း နားလည်လာ
အောင်ရှင်းပြသည်။
"အစ်မတို့ အတတ်နိုင်ဆုံးကြိုးစားမှာပါ
ဒါပေမယ့် လူတစ်ယောက်ရဲ့ ကံတရားဆိုတာ
ခန့်မှန်းလို့မရဘူးဆိုတာလေ
မတော်တဆဆိုတာ လူတိုင်းကြုံ တတ်တာပဲ
အဲ့ဒီ့အခါကျရင် မလိုလားအပ်တဲ့ပြသနာတွေ
ကျရောက်လာမှာစိုးလို့ ကြိုတင်ကာကွယ်ထား
တာပါ
စိတ်ချပါ ညီမ
ဆရာဝန်ကြီးတွေက လူနာအသက်ရှင်ဖို့
ရေကုန်ရေခမ်း ကြိုးစားမှာပါ"
"ဟုတ်ပါတယ် Yoonaရယ်
ဆရာမတို့ကိုရဲရဲ ယုံလိုက်စမ်းပါ
ပြီးတော့ အချိန်ကြာသွားရင်လဲ Yuriအတွက်
မကောင်းဘူးလေ"
ထိုတော့မှ မျက်ရည်များဖြင့် စိုရွှဲနေသော
စာရွက်ပေါ်မှာ ရေးထားသည့်
*မတော်တဆအသက်သေဆုံး
ခဲ့ပါလျှင် ခွဲစိတ်ဆရာဝန်နှင့်တကွသူနာပြု များ
အား တရားစွဲဆိုခြင်းမပြုလုပ်ပါ* ဟူသော
စာသား၏ အောက်တွင် သဘောတူကြောင်း
လက်မှတ်ထိုးလိုက်လေသည်။
Yulရဲ့ ဘဝမှာ မိမိကလွဲပြီး ဘယ်သူမှမရှိ။
ဒါကြောင့် အုပ်ထိန်းသူနေရာမှာ လက်မှတ်ထိုး
ရခြင်း ဖြစ်သည်။
လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်သော်လဲ
နှလုံးသားကိုခက်ရင်းနဲ့ဆွနေသလိုပင်။
Sooyoungက စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့သူ့ကို
ခွဲစိတ်ခန်းရှေ့က ခုံတန်းလေးပေါ်ထိုင်ခိုင်း
သည်။
သူ Sooyoungရဲ့ လက်မောင်းကိုဆုပ်ကိုင်
ရင်း ပခုံးပေါ်မှီထားလိုက်သည်။
ငိုရသည်မှာ မောလှပြီ။
တိတ်ဆိတ်မှုက ကြီးစိုးနေသဖြင့် နာရီသံ
တဂျောက်ဂျောက်ကို အတိုင်းသားကြားနေရ
သည်။
အထဲကိုဘာမှမမြင်ရသော တံခါးကြီးကိုကြည့်
ပြီး Yuriအဆင်ပြေပါစေဟု တတွတ်တွတ်တိုင်
တည်နေမိသည်။
ပင်ပန်းမှုကြောင့် မျက်လုံးကိုစုံမှိတ်ချ
လိုက်တော့ တခါက Yulပြောသောစကားများ
ကို ကြားယောင်လာမိသည်။
"ငါ့ကို မသေစေချင်ရင်
သစ္စာမဖောက်နဲ့ Yoona
တောင်းဆိုနေတာမဟုတ်ဘူး
သတိပေးနေတာ"
အို
Yuri မသေရပါဘူး.....
Yoong ကို အချစ်ဆုံးလို့ပြောခဲ့တယ်လေ
ဘယ်တော့မှ မထားခဲ့ဘူးဆို...
မသေပါနဲ့ Yuriရယ်~~
ငါ မှားသွားတယ်
တောင်းပန်ပါတယ်နော်
Seung Giနဲ့တွဲခဲ့တာ ငါ စိတ်ပါလို့မဟုတ်မှန်း
Yul အသိဆုံးပဲမလား...
အခုငါ စိတ်ပြန်လည်လာပြီလေ
ကလေးရယ် မခွဲနိုင်ဘူး
မထားခဲ့ပါနဲ့....
"Sooyoung ရယ်
တကယ်လို့ ကလေးပြန်မလာခဲ့ရင်
ငါလိုက်သွားမယ်"
"ဟင်.."
မျက်လုံးသေကြီးတွေနဲ့ပြောလာသော
Yoonaကြောင့် Sooyoungထိတ်ထိတ်ပျာပျာ
ဖြစ်သွားသည်။
"လျှောက်မလုပ်ပါနဲ့ Yoonaရယ်
မဟုတ်တာတွေမစဉ်းစားနဲ့
Yuriဘာမှမဖြစ်လောက်ပါဘူး
အဆင်ပြေသွားမှာပါ
ဟိုလေ
နင်ဆက်တိုက်ငိုနေတာ မျက်လုံးတွေတောင်မို့
နေပြီ
ကြာရင်မေ့လဲသွားလိမ့်မယ်
ခနလောက်အိပ်လိုက်ပါလား
စိတ်လဲငြိမ်သွားတာပေါ့"
"ဟင့်အင်...
Yuriက သေမင်းတံခါးဝရောက်နေချိန်မှာ
ငါမအိပ်နိုင်ပါဘူး.."
"ရော်....တယ်လဲပြောရခက်ပါလား
Yuri အတွက်အားတင်းထားရမယ်လေ
နင်က အားနည်းနေရင် Yuriကို ဘယ်လို
စောင့်ရှောက်မလဲ"
အင်း
ဟုတ်သားပဲ။
Sooyoung စကားကိုနားထောင်သည့်အနေ
ဖြင့် စိတ်ကိုလျှော့ချပြီး အိပ်ပျော်အောင်အိပ်
လိုက်သည်။
မောပန်းနွမ်းနယ်မှုကြောင့် မိနစ်ပိုင်းအတွင်းမှာ
ပင် သူ အိပ်မောကျသွားသည်။
-----------
လှလိုက်တဲ့ ပန်းခင်းကြီးပါလား
အရောင်တွေကို စုံလို့
အဖြူ ၊အနီ၊ခရမ်း၊အဝါ၊လိမ္မော်၊အစိမ်း....
ဖြောင့်ဖြူးတဲ့မြေလမ်းလေးရဲ့ တဖက်စီမှာရှိတဲ့
ပန်းပေါင်းစုံကြား သူ ပျော်ရွှင်ကြည်နူးလွန်း၍
ခုံပေါက်နေမိသည်
ဟင်...
ရင်ခတ်ပန်းတွေပါလား
Yuriသူ့ကို ခနခနပေးလေ့ရှိတဲ့ပန်းလေး
အမည်မသိပေးမယ့် ရင်ကိုလှုပ်ခတ်စေနိုင်တဲ့
ပန်းလေးမို့ ရင်ခတ်ပန်းလို့ သူနာမည်ပေးခဲ့တာ
အဟင်း
တကယ်တော့ ပေးတဲ့သူက Yuriဖြစ်နေလို့
ရင်ခုန်တာပါ
နေဦး
ဒါဆို Yuriရှိမှာပေါ့
ကလေးလေးရှိနေမှာပေါ့
ဟောဟိုမှာ
တွေ့ပါပြီ
ပန်းခင်းကြီးရဲ့ အဆုံးမှာ အဖြူရောင်ဝတ်စုံလေးနဲ့ ရပ်နေတဲ့ ကလေး
သူ အနားတိုးသွားတော့ Yuri
သူ့ကိုမျက်စောင်းထိုးသည်
စိတ်ဆိုးစိတ်ကောက်၍ ထိုးသောမျက်စောင်း
မဟုတ်
နာကြည်းမုန်းတီး၍ မျက်ထောင့်နီကြီးနှင့်
ကြည့်သော မျက်စောင်း။
ထို့နောက် Yuriပြေးသွားသည်
သူ လိုက်ဖမ်းသည်
သို့ရာတွင် မမှီ
ပန်းခင်းကြီးလဲ မရှိတော့
ကလေးကိုလဲ မတွေ့တော့
"Yuri!!"
ဘာသံမှမကြားရပါ
ငှက်သံတွေလဲ မကြားရ
လေတိုးသံတွေလဲ မကြားရ
ကိုယ့်ကိုယ်ကို နားမကြားတော့ဘူးလားဟုပင်
သံသယဖြစ်မိသည်
နေရာတကာ အဖြူ ရောင်တွေက အုပ်စိုးထား
သည်
မြေကြီးရော ကောင်းကင်ရောမရှိ
ဘာဆိုဘာမှ မရှ်ိ။
စူးရှလွန်းသောကြောင့် Yoona၏
မျက်တောင်လေးများကို
ပုတ်ခတ်ပုတ်ခတ်မှိတ်ပေးနေရသည်။
"Yuri ရေ...."
သူ အားပျက်လာသည်။
အဖြူ ရောင်ဝတ်စုံဝတ်ပြီး အဖြူ ရောင်ကမ္ဘာထဲ
မှာ တူတူပုန်းတမ်းကစားနေသလားကွယ်
"Yuri!
ပြန်လာပါ Yuriရယ်
ငါ့ကို မရက်စက်ပါနဲ့
ပြန်လာခဲ့ပါနော် ..."
"Yoona..."
"ဟင်....အင်..."
"ဘာတွေယောင်နေတာလဲ
နေကောင်းရဲ့လား..."
"ကောင်းပါတယ်
ကလေးရော ကလေးမထွက်လာသေး
ဘူးလား"
Sooyoung ဘာမှပြန်မဖြေရသေးခင်
သူ မျှော်လင့်နေသော တံခါးအစုံမှာပြိုင်တူ
ပွင့်လာပြီး ကုတင်ပေါ်မှာလှဲလျောင်းနေသော
Yuriနှင့်အတူ ဆရာဝန်များထွက်လာသည်။
"ဆရာ Yuri....
ကလေးအသက်ရှင်ပါတယ်နော်..."
ဆရာဝန်ကြီး၏ အပြုံးက အောင်မြင်မှုအထိမ်း
အမှတ်ဟု သူယူဆလိုက်ပြီး ငြိမ်သက်နေသော
Yuri၏ လက်ကလေးကိုဆုပ်ကိုင်ထားလိုက်
သည်။
အကောင်းဆုံးကြိုးစားခဲ့တာပဲ
လိမ္မာလိုက်တဲ့ ကလေးလေး....
ဆရာဝန်ကြီးကိုတော့ Sooyoungကပင်
ကျေးဇူးတင်စကားပြောပေးသည်။
မကြာခင်သတိရလာတော့မယ်တဲ့။
စိတ်ချရပြီမို့ Yuriကိုရိုးရိုးခန်းမှာပဲ ထားလိုက်
သည်။
Yuri ဘေးတွင် နေချင်သေးသော်လဲ ဖြေရှင်းစရာရှိသောကြောင့် Taeyeonတို့က လာရောက်
ခေါ်ဆောင်သွားသည်။
"Sunny ငါအမြန်ပြန်လာခဲ့မယ်
Yuriကို သေချာစောင့်ကြည့်ထားနော်"
"အေးပါ ငယွန်းရာ
Sooyoungလဲ ရှိနေမှာပဲ နင်သာသေသေချာချာ
လုပ်ခဲ့"
ကုတင်ထက်မှာ အိပ်မောကျနေသော Yuriကို
နောက်ဆံတင်းတင်းဖြင့် လှည့်ကြည့်ရင်း
Fanyတို့တွဲခေါ်ရာနောက်ပါသွားလေသည်။
----------------
တရားရုံးကပြန်လာပြီးတော့ Yuriဆီ တန်း
မသွားရ။
အဝတ်အစားလဲ ထမင်းကုန်အောင်စားရမယ်
ဟူသော Tae၏ ဗီတိုအာဏာကြောင့် အိမ်ပြန်
ပြီး ရေမိုးချိုးစားသောက်လိုက်ရသည်။
ထမင်းကိုမဝါးပဲ မျိုချနေသော Yoonaကိုကြည့်
ကာ မိဘတွေကစိတ်မသက်သာ။
လွန်ခဲ့တဲ့နှစ်ရက်က Fanyတို့အိမ်မှာနေသည်ဟု
ညာထားသောကြောင့် သူတို့သမီးလေးကို
ထမင်းမကျွေး ဘူးလားဟူသော အကြည့်တွေ
ကို အောင့်သက်သက်နှင့်ပင် မသိချင်ယောင်
ဆောင်လိုက်ရတော့သည်။
"Tae သွားရအောင် ငါပြီးပြီ"
"ခနလေးများနေပါဦးလား သမီးရယ်
Practical ကဘယ်လောက်များအရေးကြီး
နေလို့လဲ"
"အရေးကြီးတယ် Ommaရဲ့
သမီးအသက်လောက်ကို အရေးကြီးတယ် "
ထိုတခွန်းသာပြောပြီး အိမ်ပြင်ပြေးထွက်သွား
သော Yoonaကို နားမလည်သောမျက်လုံးများ
ဖြင့် ကြည့်နေခဲ့သူက Mr.Im & Mrs.Im
------------
တနာရီ မိုင်ရှစ်ဆယ်နှုန်းမောင်းနေသောကားကို
နှေးသည်ဟုထင်နေမိသူ Yoonaမှာ
အချိန်ကုန်မြန်စေခြင်းအလို့ငှါ
တရားရုံးတွင်ဖြစ်ခဲ့သောကိစ္စများကို စမြုံ့ ပြန်နေ
လိုက်သည်။
Seung Giကို မမှန်ကန်သောနည်းလမ်းဖြင့်
ဖြားယောင်းသွေးဆောင်မှု၊ပြန်ပေးဆွဲမှု၊
လူသတ်ရန်ကြိုးစားမှုတို့ဖြင့် ထောင်ဒဏ် ၈နှစ်
ချမှတ်လိုက်သည်။
မိဘများမှာ ပညာတတ်များဖြစ်သောကြောင့်
နားလည်မှုရှိစွာ လက်ခံခဲ့ပါသည်။
ဆိုးမိုက်သောသားအတွက် ရှေ့နေမငှါးပေးခဲ့။
ထောင်ထဲတွင် အနိုင်ကျင့်မခံရစေရန်တော့
ထောင်မှူးကြီးကို ငွေစများပေးအပ်ခဲ့ပါသည်။
Yoonaကိုလဲ ဒူးထောက်မတက်တောင်းပန်ခဲ့သည်။
Yoonaကတော့ Seung Giကိုတုတ်ဖြင့်ရိုက်
နှက်ခဲ့သော်ငြား မိန်းကလေးတစ်ယောက်အနေ
ဖြင့် မိမိကိုယ်ကိုကာကွယ်မှုဖြင့် အပြစ်ပေးမခံ
ခဲ့ရပါ။
ဘဝတွင် ပထမဆုံးအကြိမ် မိန်းကလေးဖြစ်ရ
ခြင်းကို ကျေနပ်မိလေသည်။
Yoonaမှာ အသက်ပြည့်ပြီဖြစ်သောကြောင့်
တရားရေးတွင် မိဘခေါ်စရာမလို။
ဒါကြောင့်လဲ သူ့မိဘတွေဘာမှမသိလိုက်။
Taeyeonတို့၏ အကူအညီလဲအများကြီး
ပါသည်။
ဒီလိုသူငယ်ချင်းတွေနှင့် တွေ့ဆုံရသည်မှာ
အလွန်ကံကောင်းသည်ဟု ယူဆမိပြီး အကြိမ်
ကြိမ်ကျေးဇူးတင်မိသည်။
"Yoona ရောက်ပြီ"
Fany စကားဆုံးသည်နှင့် ဆေးရုံပေါ်သို့
ပြေးတက်ခဲ့သည်။
Yuri သတိရနေပြီဟု Sooyoungတို့ဖုန်း
ဆက်ထားသည်ပဲလေ။
ခေတ္တမျှ အမောဖြေပြီးတော့ လက်ကိုင်တံခါးကို
လှည့်ပြီး အခန်းထဲသို့ ဝင်လိုက်သည်။
ကုတင်ပေါ်မှာ နံရံကိုကျောမှီပြီး ထိုင်နေသော
Yuri။
ဆေးပိုက်တန်းလန်းနှင့် ရှုံ့တွနေသောမျက်နာ
လေး။
သူ ဝင်လာတာမြင်တော့ စောင်းငဲ့ပြီးလှည့်ကြည့်
သည်။
"ကလေး
သက်သာရဲ့ လား"
သူ့အမေးကို ပြန်မဖြေဘဲမမြင်ဖူးသလို
ကြည့်နေပြန်သည်။
ပြီးတော့ မုန်တိုင်းကြားမှထွက်ပေါ်လာသော
လေစိမ်းတစ်ကွေ့လို မေးခွန်း။
"ဘယ်သူလဲ"
သူ Sooyoungတို့ဘက်ကို ကြောင်တောင်
တောင်လှည့်ကြည့်တော့မျက်နာမကောင်းကြ။
"ကျွန်မနဲ့ ဘယ်လိုပက်သက်နေလဲဟင်"
"ကလေး..."
သူ ထိတ်လန့်စွာ ရေရွတ်မိတော့
Yuri သူ့ကိုကြည့်ပြီး ပြုံးသည်။
ပျက်လုံးတခုကို သဘောကျသော အပြုံး။
"ကျွန်မက ကလေးမှ မဟုတ်ဘဲ.."
"အမလေး Yoonaတို့များ ငါတို့ကိုမစောင့်ပဲ
ပြေးဆင်းသွားလိုက်တာ
နွားဇောင်းက လွှတ်လိုက်တဲ့ နမ...မ..အု.."
ဘုမသိ ဘာမသိ ပြောနေသော Fanyကို Sunnyက အလိုက်သိစွာပါးစပ်ပိတ်လိုက်
ရလေသည်။
Taeက ဘာဖြစ်တာလဲ ဟူသော သဘောဖြင့်
မေးငေါ့ပြတော့ Sooyoungကတိုးတိုးလေး
ပြောပြသည်။
Yoona ကတော့ အံ့သြချောက်ချားမှုဖြင့်
ဆွံ့အနေဆဲ။
Yuri ကလဲ ဗလာနတ္ထိမျက်ဝန်းများဖြင့်
အရာရာကို စူးစမ်းနေဆဲ။
Tae-"Yoona အပြင်ကိုခနထွက်ခဲ့ပါလား"
Yoonaခေါင်းကိုငိုက်စိုက်ချလိုက်ပြီး ဖြေးဖြေး
ချင်းထလာသည်။
ထို့နောက် မွေးခါစကလေးငယ်ပမာ ဘာမှမသိ
တော့တဲ့ Yuriကို လှည့်မကြည့်မိအောင်ကြိုး
စားရင်း အပြင်သို့ထွက်လာခဲ့လေသည်။
"အာရုံကြောတခုထိသွားတယ်
အစာအိမ်ရဲ့ အပေါ်ဘက်မှာ အာဟာရတွေကို
ဦးနှောက်စီပို့တဲ့ သွေးကြောပြတ်လုနီးပါး
ဖြစ်သွားတာ
Brainstorm တဲ့"
အကြောင်းပြချက်က ဒါလား။
ဟွန်း...
Yuriက သူ့ကိုမမှတ်မိချင်တော့လို့ တမင်မေ့
ပစ်လိုက်တာမလား။
မေ့လို့ရလို့လား။
ဖြစ်နိုင်ပါတယ်။
စိတ်ဆန္ဒက ဦးဆောင်နေရင် ဘာမဆိုဖြစ်သွား
နိုင်တာပဲ။
ဆေးပညာလိုက်မမှီတဲ့ အမှန်တရားပေါ့။
သူ လက်ခံပါတယ်။
သူ လက်မခံတာက Yuri သူ့ကိုမေ့ပစ်နိုင်တာ။
မေ့ပစ်ရက်သတဲ့လား။
သူ့ကို Yuriကိုယ်တိုင်လာကယ်ခဲ့တာပဲလေ။
ညောင်ပင်အောက်က သူ့ရင်ငွေ့အောက်မှာ
ချစ်တယ် Yoongလို့ တဖွဖွပြောခဲ့တယ်လေ။
"Yoona ငါပြောတာယုံပါဟာ
တကယ်ပဲ အာရုံကြောထိသွားတာပါ"
Taeက သူ့စိတ်ကိုသိနေသည့်အလား
ညင်သာစွာဆိုလာသည်။
သူခေါင်းညိတ်ပြလိုက်ပြီး ပြုံးလိုက်သည်။
အချစ်တွေသေဆုံးသွားသော မျက်ဝန်းညိုတွေ
ကို သည်းခံရင်ဆိုင်ပါ့မည်ဟု သန္ဒိဌာန်ချလိုက်
သည်။
အခန်းထဲကို နောက်တကြိမ်ပြန်ဝင်လာတော့
Yuri အိပ်ပျော်နေပြိီ။
"Fany နင်တို့ပြန်လိုက်တော့နော်
ငါပဲ ဆက်စောင့်လိုက်ပါ့မယ်"
"ဖြစ်ရဲ့လား"
"ဖြစ်ပါတယ်"
"ဒါဆို ငါတို့သွားပြီနော်"
"Omm"
နှုတ်ဆက်ပြီးသည်နှင့် ပုဂံခေတ်ကစစ်သည်
တော်လေးယောက်လိုအားကိုးယုံကြည်ရ
သော သူငယ်ချင်းများကို အပြင်သို့တွန်းပို့
လိုက်သည်။
Yoonaမမြင်လိုက်ရသည်က သူတံခါးပိတ်
လိုက်သည်နှင့် ပြုံးစိစိဖြစ်သွားသော
Taenysoosunတို့၏ ရွှေမျက်နာတော်တို့ကို
ပင်။