ကြိုး

By realsoney

19.8K 1.3K 190

သံ​ယောဇဉ်​ကြိုး အချစ်​ကြိုး အမုန်းကြိုး ဒါ​တွေဟာမမြင်​ရတဲ့ကြိုး​တွေ မမြင်​ရမှ​တော့တိုင်းတာလို့ ဘယ်​ရပါ့မလ... More

ကြိုး-1
ကြိုး-2
ကြိုး-(3)
ကြိုး-4
ကြိုး-(5)
ကြိုး-(6)
ကြိုး-(7)
ကြိုး-(8)
ကြိုး-(9)
ကြိုး-(10)
ကြိုး-(11)
ကြိုး-(12)
ကြိုး-(13)
ကြိုး-(14)
ကြိုး-(16)
ကြိုး-(17)
ကြိုး-18
Final

ကြိုး-(15)

797 77 32
By realsoney


အိမ်​စာမပြီး​သေး၍ ကူး​ရေး​နေတုန်း စားပွဲ​ပေါ်
လာ​အုပ်ေ​သာ လက်​တစ်​စုံ​ကြောင့်​ ​မော့
ကြည့်​လိုက်​သည်​။
မှုန်​ကုပ်​ကုပ်​မျက်​နှာ​ပေးနဲ့ ညှို့ မျက်​ဝန်းပိုင်​ရှင်
မိန်းက​လေးတစ်​​ယောက်​။
သူ့ကိုမကြည့်​ပဲ ​​ဘေးက​နေ​ဖြေး​ဖြေးသာ ဖြတ်
သွားသည်​။
ထို​တော့မှ စားပွဲ​ပေါ်တွင်​စာတစ်​​စောင်​ကျန်​​နေ
ကြောင်းသိလိုက်​သည်​။
ရေးလက်​စ​ဘောပင်​ကို ခနချပြီး စာကိုဖွင့်
ဖတ်​လိုက်​သည်​။

(အချိန်​​ပြောင်းရင်​ ​ကျောင်း​ခေါင်​မိုးဆီတက်​လာ
ခဲ့ ​ပြောစရာရှိတယ်​)

ဘယ်​လို​ကောင်​မ​လေးလဲ
အ​ကြောက်​အလန့်​မရှိလိုက်​တာ
ဟိုတ​နေ့ကမှ သူ့ကို​သေ​အောင်​လုပ်​ထားတဲ့
ယောကျာ်း​လေးတစ်​​ယောက်​ကို နှစ်​​ယောက်​ထဲ
တွေ့ရဲသလား?
မုန်းသည်
ထိုမိန်းက​လေးကို ​သေ​လောက်​​အောင်
မုန်းသည်​.....

"Hay အိမ်​စာ​တွေမပြီး​သေးဘူး​ပေါ့​လေ"

ပြုံးစစ​ပြောလာ​သော Yoonaအသံကြားမှ
သတိဝင်​လာသည်​။
တွန့်​ချိုးထား​သော မျက်​ခုံးများလဲ ပုံမှန်​ပြန်​ဖြစ်
သွားသည်​။
သူ​ခေါင်းညိတ်​ပြလိုက်​​တော့ နှုတ်​ခမ်းရွဲ့ပြကာ
စာသင်​ခုံဆီသို့​လျှောက်​သွားသည်​။

မုန်းသည်
Yuriဆိုသည့်​ ​ကောင်​မ​လေးမျက်​နာညှိုး​နေရင်
Yoona ပျာယာခတ်​တတ်​တာ သူမုန်းသည်​။
Yuriဆိုသည့်​​ကောင်​မ​လေး မျက်​ရည်​ဝဲ​နေရင်
Yoona ငိုရှိုက်​တတ်​တာ သူမုန်းသည်​။
Yuriဆိုသည့်​​ကောင်​မ​လေး နာကျင်​​နေရင်
Yoonaပါ လိုက်​နာကျင်​တတ်​တာ သူမုန်းသည်​။

Yuriဆိုသည့်​​ကောင်​မ​လေးကို Yoona​သေ
မတတ်​ချစ်​​နေတာ သူအရမ်းမုန်းသည်​။

...........................................................

အုတ်​​ဘောင်​​ပေါ် လက်​နှစ်​ဖက်​​ထောက်​ရင်း
Yuriကို ​စောင့်​​နေလိုက်​သည်​။
သူ ဒီ​ပေါ်​ရောက်​​နေတာ တနာရီ​လောက်​ရှိပြီ။
အတန်းမတက်​ချင်​တာထက်​ ရယ်​ရယ်​​မော​မော
စကား​ပြော​နေသည့်​ Yoonaတို့မျက်​နာ​တွေကို
မကြည့်​ချင်​တာက ပိုသည်​။
ပြော​တော့ သူငယ်​ချင်းပါတဲ့။
ဟွန်း
သူ သိတာ​ပေါ့။
Yoonaကို ချစ်​မိတည်းက အကုန်​စုံစမ်းထား
ပြီးသား။
အရမ်းချစ်​မိသွားလို့ ဟုတ်​တာ​တွေ​ရော
မဟုတ်​တာ​တွေ​ရော အကုန်​လုပ်​ပြီး
အ​ဖြေ​တောင်းခဲ့တာ။
ချစ်​သူရှိ​နေတာ သူမမှုပါဘူး။
ဒါ​ပေမယ့်​ သူစီစဉ်​ထားတဲ့အတိုင်းဆို Yoonaက
သူ့ကို အရမ်းချစ်​လာရမှာ​လေ။
ခုချိန်​ထိ Yuriအ​ပေါ်စိတ်​မပြတ်​နိုင်​​သေးတာ
သူဘဝင်​မကျ ။
Yoonaနဲ့ Yuriနှစ်​​ယောက်​ကြားမှာ ချည်​ထားတဲ့ ကြိုးက​တော်​​တော်​ခိုင်​သည်​။

Yuri ဟိုတ​နေ့ညက Clubတက်​တဲ့အ​ကြောင်း
သူတိုင်​​တော့ Yoona ​ဒေါသထွက်​သွားသည်​။
Yoona အလွန်​​ဒေါသထွက်​တာကို သူပထမ
ဆုံး မြင်​ဖူးခြင်းပင်​။
သူထင်​တာက Yuriကို စိတ်​ဆိုးသည်​​ပေါ့။
မဟုတ်​ပါ။
Yoonaစိတ်​ဆိုးတာ Yuriကိုရိုက်​တဲ့သူပါတဲ့။
ထိုသူကို တိုင်​မှာကြိုးချည်​ပြီးနှိပ်​စက်​ချင်​သတဲ့။
မ​သေမချင်း ညှင်းဆဲချင်​သတဲ့။
သူ့ရင်​ထဲက နာကျင်​မှုမှာ အတိုင်းအဆမရှိ။
ပြီး​တော့ ​မေး​သေးတယ်​။
အဲ့ဒီလူဘယ်​မှာလဲတဲ့။
သူ​ပြောပြတယ်​ဆိုတာ ဘယ်​သူမှမသိ​စေရပါ
ဘူးတဲ့။
သူ​ခေါင်းခါပြလိုက်​​တော့ စိတ်​ပျက်​သွားသည့်
အမူအရာက မျက်​နာနုနုမှာအထင်းသား။
Yuriကိုဒဏ်​ရာရ​စေသည့်​ တရားခံကသူဆိုတာ
ဘယ်​လို​ပြောထွက်​မှာတဲ့လဲ။
သူဖြစ်​​စေချင်​တာက Yuriအ​ပေါ်စိတ်​ပျက်​ပြီး
လမ်းခွဲ​စေချင်​တာ။
အခု​တော့ Yuriအတွက်​နာကျင်​သတဲ့လား...

"Seung Gi!!!"

ဟော
လာပါပြီ
Yoonaရဲ့ ချစ်​ရသူ​လေး
တစ်​​ပေအကွာမှာရပ်​​နေသည့်​ ​ကောင်​မ​လေး
ပုံစံမှာ ​ကြောင်​က ကြွက်​ကို အမဲဖျက်​​တော့မည့်
ဟန်​။

"အင်း ​ပြောစရာရှိတယ်​ဆို"

"ရှင့်​လုပ်​ရပ်​​တွေ ကျွန်​မ​သိတယ်
ကျွန်​မတို့အတွက်​လဲ မ​ကောင်းဘူး ရှင့်​အတွက်​လဲမ​ကောင်းဘူး ရပ်​တန်းကရပ်​ပါ"

"အဟင်း ဘာလို့ငါ့အတွက်​မ​ကောင်းရမှာလဲ
ဒီလိုလုပ်​မှ ငါသူ့ကိုပိုင်​မှာ​လေ"

"ရှင်​သူ့ကိုတကယ်​ချစ်​တယ်​ဆိုရင်
လွှတ်​​ပေးသင့်​တယ်​"

"မလွှတ်​နိုင်​ပါဘူး ငါသူ့ကို ရ​အောင်​ယူမှာ
မင်းလဲ မတားနိုင်​ပါဘူး
အဲ့​နေ့ညက ငါ့အ​ဖေ​ရောက်​လာလို့​ပေါ့
မဟုတ်​ရင်​ မင်း​သေ​နေ​လောက်​ပြီ
ငာ့ကို မ​ကြောက်​ဘူးလား"

"​မ​ကြောက်​ပါဘူး မြင်​​နေရတာပဲ
မမြင်​ရတဲ့အရာ​တွေကသာ ​ကြောက်​ဖို့​ကောင်း
တာ"

"ဒါဆိုရင်​ မင်းမြင်​​နေရတဲ့ ဒီဓားကို​ရော"

သူက ​နောက်​မှာဝှက်​ထားတဲ့ ဓား​မြှောင်​​လေးကို
ထုတ်​ပြလိုက်​​တော့ အံ့သြသွားပုံရသည်​။

"ဒါ​ကျောင်း​နော်
ဒီ​ကျောင်းဝင်းထဲမှာ ရှင်​လူသတ်​ရဲသလား"

သူ အရူးတစ်​​ယောက်​လို တဟားဟား​အော်
ရယ်​လိုက်​သည်​။
Yuriကို သတ်​ဖို့ သူအမြဲ​ချောင်း​နေတာပဲ​လေ
ဒါမှလဲ Yoonaကို သူပိုင်​ရမှာမလား။
စိတ်​ပိုင်းဖြတ်​ပြီး Yuriဆီသို့ တ​ရွေ့​ရွေ့​သွား
လိုက်​သည်​။
သူက ​ရှေ့ကိုတလှမ်းတိုးရင်း Yuriက​နောက်​ကို
တလှမ်းဆုတ်​ရင်း....

နောက်​ဆုတ်​စရာမရှိ​တော့။
ဒီထက်​​နောက်​ဆုတ်​ရင်​ ​အောက်​ကိုပြုတ်​ကျဖို့
သာရှိ​တော့သည်​။
သူ အံ့သြမိသည်​။
Yuriမျက်​နာမှာ ထိတ်​လန့်​မှု​တွေမရှိ။
ရီ​ဝေ​ဝေမျက်​ဝန်းတစုံမှာ ခြ​င်္သေ့တစ်​​ကောင်
အလား သူ့ကိုစူးစိုက်​ကြည့်​​နေသည်​။
မုန်းသည်​။
ထို​ကောင်​မ​လေးကို သူမုန်းသည်​။
Yoonaချစ်​သည့််​ ထို​ကောင်​မ​လေးကို သူအရမ်း
မုန်းသည်​။
သူ​ရှေ့ကို တိုးသွားပြီး နှလုံးရှိရာသို့ရည်​စူးကာ
ထိုးစိုက်​ဖို့အားယူလိုက်​သည်​။


ရုတ်​တရက်
Yuriက ငြိမ်​သက်​​နေရာမှ ​ဘေးနားတွင်​ရှိ​သော
မီးသတ်​​ဆေးဘူးနှင့်​ သူ့​ခေါင်းကိုရိုက်​လိုက်​သည်​။
သူ ဟန်​ချက်​ပျက်​သွားပြီး လက်​ထဲကဓား​လေး
လွတ်​ကျသွားသည်​။
Yuriက​တော့ ပါးစပ်​က​လေးအနဲငယ်​ဟကာ
ပြုံး​နေသည်​။


"ရှင်​​ယောကျာ်း​လေးဖြစ်​ပြီး မိန်းက​လေးတစ်
ယောက်​ကို အနိုင်​ကျင့်​တာ မရှက်​ဘူးလား"

"မင်း....."

"ရှင်​မ​ကျေနပ်​ဘူးဆိုရင်​ ရုံးခန်းသွားမယ်​​လေ"

"မင်း....​နေနှင့်​ဦး​ပေါ့ကွာ"

သူ ​သွေးစက်​​တွေကြားကကြိမ်းဝါးပြီး ​အောက်
ထပ်​​ပြေးဆင်းလာခဲ့သည်​။
တွိုင်းလက်​ထဲ​ရောက်​မှ ​ခေါင်းက​သွေး​တွေကို
ဆေး​ကြောသန့်​စင်​ပြီး အိမ်​ကိုဖုန်းဆက်​လိုက်
သည်​။
အ​ဖေ​ရော အ​မေ​ရော ဆရာဝန်​ဆို​တော့
သူ့ဒဏ်​ရာအတွက်​စိတ်​ပူစရာမလို။


Kwon Yuri
နေနှင့်​ဦး​ပေါ့ကွာ........

...................................................................

Ring~~~

"Hello Yoona"

"အိမ်​​မှာလား"

"​Omm"

"ဘာလို့အ​စောကြီးပြန်​သွားတာလဲ"

"ဖျားချင်​သလို ဖြစ်​လို့ပါ"

"ဟင်​ အရမ်း​နေမ​ကောင်းတာလား
ဆေး​ရော​သောက်​ထားရဲ့လား"

"​သောက်​ထားပါတယ်​ သက်​သာသွားမှာပါ"

"အင်းပါ
ဒါနဲ့​လေ ဟို...."

"​ပြော​လေ Baby"

"မနက်​တုန်းက Seung Gi​​ကျောင်း​ခေါင်​မိုး
ပေါ်တက်​သွားတယ်​မလား
က​လေးလဲ ​ခေါင်​မိုး​ပေါ်တက်​သွားတယ်
တွေ့ဖြစ်​ကြ​သေးလား"

"မ​တွေ့ဖြစ်​ဘူး"

သူ လိမ်​လိုက်​မိပါသည်​။
Yuri​ကြောင့်​ ဒဏ်​ရာရတာကိုလဲ မ​ပြောရဲပါ။
Yuriက အကုန်​သိသွားပြီမဟုတ်​လား။
သူ့အ​နေနဲ့ တတ်​နိုင်​တာဆိုလို့ ထို​​ကောင်​မ​လေး
ကို ရှင်းပစ်​ရန်​သာရှိသည်​။

"Aww အင်း
က​လေးလဲ ချက်​ချင်းပြန်​သွားလို့​လေ"

"သူက က​လေးမှမဟုတ်​​တော့ပဲ Yoonaရယ်
အရိပ်​တကြည့်​ကြည့်​​နေစရာ မလိုပါဘူး"

သူ စိတ်​မရှည်​စွာ ​ပြောမိ​တော့ တဖက်​မှ
ဘုဆတ်​ဆတ်​ ပြန်​​ပြောပါသည်​။

"အို.... တို့အတွက်​​တော့ သူက က​လေးပဲ
စိတ်​မချနိုင်​ပါဘူး
ဒါပဲ ဒါပဲ သွားစရာရှိ​သေးတယ်​"

သူ သက်​ပြင်းသာချလိုက်​မိသည်​။
Yuriမ​ကောင်း​ကြောင်းဆို စကားပင်​အစမခံ။
ဘာက​လေးလဲ။
က​လေး က Clubတက်​မလား။
မုန်းသည်​။
ထို​ကောင်​မ​လေးကို မုန်းသည်​။

.............................................................

"လိုက်​ခဲ့ပါဆို Yulရာ"

"မလိုက်​ချင်​ပါဘူးဆို
Sooyoungတို့နဲ့ပဲ သွားလိုက်​လို့မရဘူးလား"

"Yuriနဲ့တူတူသွားချင်​လို့ပါဆို
ဘာလဲ ငါနဲ့တွဲသွားရမှာ က​လေးရှက်​တာလား"

"ဟာ မဟုတ်​ရပါဘူး "

"အဲ့ဒါဆို လိုက်​ခဲ့ရမယ်​ ခုချက်​ချင်း ထ"

နောက်​ဆုံး​တော့လဲ Yoonaရဲ့ ဆန္ဒကို လိုက်
လျောရတာပါပဲ။
တကယ်​​တော့ အဲ့လိုလူရှုပ်​တဲ့ပွဲခင်း​တွေကို
Yuriမသွားချင်​ပါ။
ဒါ​ပေမယ့်​ Yoona​ခေါ်တိုင်း သူ မငြင်းဆန်​နိုင်​။
သူ မလိုက်​မချင်းအတင်း​ခေါ်သည်​ကို။

ရာသီဥတု​အေး​သော​ကြောင့်​ နှစ်​​ယောက်​လုံး
အ​နွေးထည်​ကိုယ်​စီ ဝတ်​လာကြသည်​။
အပြင်​​ရောက်​​တော့ coupleနှစ်​တွဲကအဆင်
သင့်​​စောင့်​​နေကြသည်​။

"ကဲ လူစုံပြီဆို​တော့ သွားကြတာ​ပေါ့"

"Ok let's go!!!"

ဒီလိုနဲ့ပွဲ​ဈေးကို သူတို့ချီတက်​ခဲ့ကြသည်​။
လူက သိပ်​​တော့မများ။
လွတ်​လွတ်​ကျွတ်​ကျွတ်​​တော့ သွားလို့ရသည်​။
Yoonaက သူ့ကိုက​လေးငယ်​များမှတ်​​နေလား
မသိ။
လက်​ကိုဆုပ်​ထားလိုက်​တာ အရမ်းပဲ။
Taeny နှင့်​ Soosunတို့အတွဲကိုကြည့်​လိုက်
တော့လဲ ထိုသို့ပင်​။
Fanyနှင့်​ Sunnyတို့မျက်​နာကရှုံ့ မဲ့​လို့​နေသည်​။
သူတို့ကို ကြည့်​ပြီး Yuri ရယ်​ချင်​သွားမိသည်​။

Tae-"​ဝေ့ ငါတို့ရဟတ်​စီးရ​အောင်​​လေ"

Fany-"ဟာ ​ကြောက်​စရာကြီး"

Yoona-"​ကြောက်​စရာမ​ကောင်းပါဘူး Fany
ရယ်​ စီးရ​အောင်​​နော်

Fany-"​အေး..​အေးပါ"


သူ ရဟတ်​မစီးချင်​ပါ။
ကမ္ဘာ​မြေကို ​ဇောက်​ထိုးရင်​ဆိုင်​ရသည်​မှာ ​အော့
အန်​ချင်​စရာ​ကောင်းသည်​ဟု သူထင်​မိသည်​။
ထင်​သည့်​အတိုင်းပင်​။
မရပ်​မနားသွား​နေ​သော ရဟတ်​ကြီးက အညှာ
အတာကင်းမဲ့စွာ ​သူတို့ကို ​ဇောက်​ထိုးလုပ်​လိုက်
အတည့်​လှန်​လိုက်​ နှိပ်​စက်​​လေ​တော့သည်​။
Yoonaတို့က​တော့ ​ပျော်​​နေသည်​။
Fanyက​တော့ မျက်​လုံးကို အတင်းမှိတ်​ထား
သည်​။
သူက​တော့ ​ခေါင်းကိုက်​သည်​။
ဘာလို့​ခေါင်းခနခနကိုက်​​နေမှန်းမသိ။
မူးလဲ မူးလာသည်​။
Yoonaစိတ်​ပူ​နေမည်​စိုး၍ အားတင်းကာ
ဘာမှမဖြစ်​ဟန်​​ဆောင်​လိုက်​​လေသည်​။


ရဟတ်​ရပ်​သွား​တော့ Fanyတစ်​​ယောက်
သန့်​စင်​ခန်းသို့ ​​ပြေးပါ​လေ​တော့သည်​။
ူသူ့ရဲ့ ကိုယ်​ရံ​တော်​ချစ်​သူ​လေး Taeကလဲ ထပ်
ကြပ်​မကွာလိုက်​သွားပါ​တော့သည်​။
Soosunက​တော့ ​အကင်​ဆိုင်​တွင်
တစ်​ပွဲပြီးတစ်​ပွဲစားကာ ​ကျောက်​ချ​နေပါသည်​။
ပျင်းပျင်းရှိလာသည်​နှင့်​ သူတို့နှစ်​​ယောက်​လဲ
အလှစို်​က်​ထားသည့်​ မြက်​ခင်း​လေး​ပေါ်ထိုင်​ပြီး
မီးရှုးမီးပန်းများကို ကြည့်​​နေမိသည်​။
Yoonaက Yuriပခုံး​ပေါ်​ခေါင်းမှီရင်း
လက်​​တွေကို ဆုပ်​ကိုင်​ထားသည်​။


"နင်​မှတ်​မိ​သေးလား Yoong
ငါတို့ငယ်​ငယ်​က ​လူကြီး​တွေကို ​ဗျောက်​အိုး
ဖောက်​ပြီး စ ခဲ့ကြ​သေးတယ်​​လေ"


"မှတ်​မိတာ​ပေါ့
မုန့်​မဝယ်​စားပဲ ​ဗျောက်​အိုး​တွေဝယ်​ပြီး ရပ်​ကွက်
ထဲက အိမ်​တိုင်းကို လိုက်​​ဖောက်​တာ
လူကြီး​တွေက ​မြောက်​ကိုးရီးယားက ဗုံးကြဲ
တယ်​ထင်​ပြီး ​အိမ်​ထဲက​ပြေးဆင်းကြတာ
လေ ခွီး"


"ဟုတ်​ပါ့ ​အဲ့တုန်းက​ပျော်​စရာကြီး​နော်
ညဆို​တော့ ငါတို့မှန်းလဲ ဘယ်​သူမှမသိကြဘူး
ငါးအိမ်​​မြောက်​က လူပျိုဦး​လေးကြီးဆို
မိန်းမ မရဘဲ မ​သေချင်​​သေးဘူးဆိုပြီး
အော်​ငို​နေလို့ အိမ်​နီးချင်း​တွေက မနဲကြီး​ချော့
လိုက်​ရ​သေးတယ်​​လေ
ဟား ဟား...."

ဘယ်​လိုပဲ အထီးကျန်​သည်​ဆိုဆို
Yoona​ကြောင့်
ငယ်​ငယ်​တုန်းက​တော့ ​ပျော်​ရွှင်​စရာအမှတ်​တရ
များရှိခဲ့ဖူးသည်​။

"Yoong"

"Omm"

"နင်​ ​ဆေး​တွေ အင်း​တွေကို ယုံလား"

"ဘယ်​နှစ်​​ခေါက်​​ပြောရမှာလဲ Yulရယ်
အဲ့တာမျိုး​တွေမရှိ​တော့ ပါဘူးဆို"

"ရှိတယ်​ဆိုရင်​​ရော...."

"ငါတို့နဲ့မှမဆိုင်​တာ"

"ဆိုင်​တယ်​ဆိုရင်​​ရော...."

Yoona​ခေါင်း​ထောင်​လိုက်​ကာ Yuriကို​စေ့​စေ့
ကြည့်​လိုက်​သည်​။
နောက်​​နေတဲ့ ပုံမ​ပေါက်​။
သူကဆက်​​ပြောဆိုတဲ့ ပုံစံနဲ့ ​မေးဆတ်​ပြလိုက်
တော့ Yuri​လေကို တဝကြီးရှုသွင်းလိုက်
သည်​။
ပြီး​တော့ စကားရှည်​ကြီး ​ပြော​တော့သည်​။


"အ​ရှေ့ ဘက်​​ရောမတစ်​​လျှောက်​မှာ ​အောက်​လမ်း နည်း​တွေတဖက်​ကမ်းခတ်​​တော်​တဲ့
မျိုးစု တစ်​စုရှိခဲ့ဖူးတယ်
ဘုရင်​​တွေကိုယ်​တိုင်​​တောင်​ အဲ့နည်း​တွေသုံး
ခဲ့တယ်
မျိုးနွယ်​စုနာမည်​က Goipurတဲ့
ခေတ်​​တွေ​​ပြောင်းလာ​တော့ ဥာဏ်​ရည်​မြင့်​လာ
ကြတဲ့ လူသား​တွေဟာ အဲ့ဒီနည်းလမ်း
မ​ကောင်းဘူးဆိုတာ သိလာကြတယ်
ဒါ​ကြောင့်​ Goipur​တွေကို အတတ်​ပညာစွန့်
ရင်​စွန့်​ မစွန့်​ရင်​ တိုင်းပြည်​မှာမ​နေနဲ့လို့
ပြည်​သူ​တွေက အမိန့်​​​ပေးကြတယ်
Goipur​တွေက တိုင်းပြည်​ကထွက်​သွားဖို့
ရွေးချယ်​ခဲ့တယ်
သူတို့ပညာကို မစွန့်​နိုင်​ကြဘူး
ပညာကလဲ အရမ်းစွမ်းတာကို
ဒီလိုနဲ့​ခေတ်​အဆက်​ဆက်​ ​ပြောင်းပြီး​နောက်​မှာ
Goipur​တွေက က​နေဒါရဲ့ မထင်​မရှားရွာ​လေး
မှာ အုပ်​စုဖွဲ့​နေခဲ့ကြတယ်
အောက်​လမ်းနည်းကို အသုံးပြုချင်​တဲ့လူ​တွေက
သူတို့ဆီသွားပြီး အကူအညီ​တောင်းကြတယ်
အများစုက အချစ်​​ရေးအတွက်​ အစီအရင်​ယူကြ
တယ်​ "

Yoona အံ့သြမိသည်​။
ဒီ​ကောင်​မ​လေးဘာ​တွေ​ ​ပြော​နေပါလိမ့်​?
ဟုတ်​သည်​ထား။
ဘာလို့သိ​နေတာလဲ?
ဘယ်​လိုသိတာလဲ?
ဘာ​ကြောင့်​စုံစမ်းရတာလဲ?

"ဘာလို့ဒါ​တွေ​ ​ပြော​နေရတာလဲ Yuri"

"နင်​ ဒုက္ခ​ရောက်​မှာစိုးလို့"

"ဘာလို့လဲ"

Yuri သက်​ပြင်းရှိုက်​လိုက်​သည်​။
ရီ​ဝေ​ဝေမျက်​ဝန်းတစ်​စုံက မီး​ရောင်​​အောက်
တွင်​ ပို​တောက်​ပ​နေသ​ယောင်​။

"နင်​နဲ့ Seung Giနဲ့တွဲ​နေတာ ငါသိတယ်
Yoong "









Continue Reading

You'll Also Like

16.1K 670 6
မမ များဟာ အချစ်တတ်ဆုံးး
47K 1.9K 35
(unicode ) ************ မရင်ကျက်သေးတဲ့ကလေးတစ်ယောက်အရွယ်မှာ. ငြိမ်းက လှပစွာ.လည့်ဖျားခံခဲ့ရသူပါအန်တီ ငယ်စဥ်က အချစ်ရေးမလှပသူတွေဟာ အချစ်ကို မကိုးကွယ် တက်...
31.3K 1.7K 32
ခင်​ဝင့်​ဝါ 💗💗💗နန်းဆုဦး
2.1K 152 16
မကြိုးစားကြည့်ပဲမဖြစ်နိုင်တာမရှိဘူး မဖြစ်ချင်တာပဲရှိတယ် #နာမည်တူပါသွားရင်ခွင့်လွှတ်ပေးကြပါနော် ဒုတိယမြောက်ဖန်တီးထားတဲ့ficလေးပါ