ဆိုင်အပြင်ကိုကောင်တကာနေ ကြည့်ရင်း သက်ပြင်းချမိသည်... Tae Hyung ဒီကောင်လေး Busan ဘက် ခနဆို ထွက်သွားတည်းက ဆိုင်မှာ သူတစ်ယောက်တည်း အလုပ်တွေ ရှုပ်နေမိသည်...
ကြည့်ရတာ Tae Hyung လဲ ဟို အားကစားနည်းပြ Jeon Jung Kook ဆိုတဲ့လူနဲ့ အဆင်ပြေနေပုံရသည်.. သူ့ကိုတော့ ဖွင့်မပြောသေးပေမယ့်.. ညနေတိုင်း ဆိုင်ကို လာလာကြိုနေရင် မြင်နေရတာမို့ ရိပ်မိပြီးသားဖြစ်သည်..
ဒီနေ့မှ နှင်းတွေကလဲ ကျလိုက်တာ... လက်ထဲက ကော်ဖီခွက်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ရင်း စိတ်ထဲကနေ တွေးနေမိသည်...
"ချလွင်~~~"
ခြူသံလေးနဲ့အတူ... ကြောင်ဖြူလေးပိုက်ထားတဲ့ Customer တစ်ယောက် ဝင်လာသည်.... ဆိုင်က အိမ်မွေးတိရစ္ဆာန်လေးတွေပါ ခေါ်လာခဲ့လို့ ရတာမို့ တိရစ္ဆာန်လေးတွေ ချစ်တတ်တဲ့ သူများနဲ့ သူဆိုင်က ရောင်းကောင်းလှသည်...
ကျေးဇူးပါနော် Hyung... Hyung ပေးခဲ့တဲ့ ဆိုင်လေးကြောင့် ခုဆို ကျွန်တော် တိုက်ခန်းကျဉ်းကျဉ်းလေးမှာ မဟုတ်တော့ဘူး... ကွန်ဒိုကောင်းကောင်းလေးမှာ Tae Hyung နဲ့ အတူတူ နေနိုင်နေပြီ... မကြာခင် ကျွန်တော် ကားဝယ်ဖို့တောင် စဉ်းစားနေတယ်....
Hyung ရဲ့ မေတ္တာတွေကြောင့်လား မသိဘူး ... ကျွန်တော့် ဆိုင်လေးကို လူတွေက ကြိုက်ကြတယ်... White Cat Cafe ဆိုတာနဲ့ သဘောကျတဲ့ လူတွေကြည့်ပဲ.. သတိရတယ် Hyung ရယ်... Hyung အပြုံးလေးနဲ့သာဆို ဆိုင်ကို လာတဲ့လူတွေ ပိုများအုန်းမယ်လို့ ကျွန်တော် အာမခံတယ်...
Hyung ထွက်သွားပြီဆိုတာ သိပေမယ့်.. ကျွန်တော် ခုထိ အရူးလိုပဲ ... ကြောင်ဖြူလေးတွေများ တွေ့ရင်လေ Hyung များလားလို့ လိုက်ပြီး ကြည့်မိနေတုန်းပဲ ...
Customer လက်ထဲက ကြောင်ဖြူလေးကိုသာ တစ်ချက်ငေးရင်း ကော်ဖီခွက်ကို ပြုံးပြီး ချပြလိုက်သည်...
ကော်ဖီခွက်ချပြီး ကောင်တာဘက်ကို အလှည့် ရိပ်ကနဲ မြင်လိုက်ရတဲ့ အရိပ်တစ်ခု သစ်ပင်နောက်ကွယ်ကို ဝင်သွားသည်...
စိတ်ထဲ ကျောချမ်းသလိုလို ဖြစ်မိပေမယ့် စိတ်ထင်တာပါဟုသာ တွေးရင်း အလုပ်ကို အာရုံစိုက်နေလိုက်သည်...
တစ်နေကုန် အလုပ်လုပ်သာနေရမယ့် ကျောကမလုံ.. အာ့ သစ်ပင်နောက်ကနေ တစ်ယောက်ယောက်က ချောင်းကြည့်နေသလို ခံစားနေရသည်.. မဖြစ်သေးပါဘူး ဘုရားတရားလေး လုပ်အုန်းမှပါ..
Tae Hyung များ လမ်းမှားပြီး ဆိုင်ဘက်ရောက်လာလေမလားလို့ တွေးမိပေမယ့် ဆိုင်သိမ်းချိန်ထိ Tae Hyung ဆံပင်မွှေးတောင် မမြင်ရ.
အင်းလေ... ချစ်တဲ့သူနဲ့ ရှိနေရတဲ့ အချိန်ဆိုတာ တကယ် တန်ဖိုးရှိတာပဲ.. ဘယ်သူက ဖဲ့ပေးချင်ပါ့မလဲ... မနေ့ဖြန် ဆိုတာတွေက သေချာတာမှ မဟုတ်တာ.. လက်ရှိ အချိန်ကို တန်ဖိုးထားတတ်ဖို့ပဲလေ...
နှင်းတွေကျကာ အေးနေတဲ့ နေ့မို့ မျက်စိရှေ့ အတွဲလေးတွေက တစ်ယောက်ကို တစ်ယောက်ဖက်လိုက်နဲ့ လက်အေးမှာဆိုးလို့ လက်ကို ကိုင်ပေးလိုက်နဲ့... သူ့မှာတော့ coat က အိတ်ထောင်ထဲသာ လက်ထိုးထည့်ရသည်...
တစ်ယောက်တည်း အတွဲတွေကြား အီလည်လည်နဲ့ လမ်းလျောက်နေရင်း... ပန်းခြံထဲကို ရောက်သွား ခဲ့သည်..
ပန်းခြံထဲရောက်သွားတော့ Hyung သူ့ကို Noona နဲ့ သဝန်တိုပြီး ကလေးလို ထိုင်ငိုခဲ့တာ မျက်လုံးထဲ ပြန်မြင်လာတော့ နှုတ်ခမ်းက ပြုံးမိပေမယ့်.. ပါးပေါ် မျက်ရည်တစ်စကတော့ ဖြတ်သန်းသွားသည်...
နီးစပ်ရာ ခုံတန်းပေါ် ထိုင်ချလိုက်ပြီး အတွေးတို့ကို နယ်ချဲ့နေလိုက်သည်... လွမ်းတယ် Hyung ရယ်..
နှင်းတွေက ပိုပိုပြီး ကျလာတာကြောင့်လား မိုးချုပ်လာတာကြောင့်လား မသိ ပန်းခြံထဲ လူတွေတောင် ရှင်းလာသည်.. သူကတော့ ထသွားဖို့ရာ စိတ်ကူးမရှိသေး. အေးအေးနဲ့ Hyung ကို တစ်ဝကြီး လွမ်းလိုက် အုန်းမည်..
တွေးရင်း စိတ်တွေက Hyung ပျောက်ကွယ်သွားတဲ့ ညကို တွေးမိသည်.. Hyung ပျောက်ပြီးတာနဲ့ သူ့ကျောက ချယ်ရီပန်းအမှတ်လေးလဲ ပျောက်ကွယ်သွားခဲ့သည်.. Hyung နဲ့ ပတ်သတ်လို့ ဘာအမှတ်တရမှ မကျန်တော့တဲ့ အဖြစ်ကို တွေးမိတိုင်း.. သူရင်နာသည်..
သူ့ရဲ့ အဖြစ်က လွမ်းလို့ သူများတွေလို သွားပြီး စကားပြောစရာ အရိုးပြာတောင် မကျန်ခဲ့တဲ့ ဘဝ....
တွေးနေရင်း နှင်းတွေကြားထဲ ချယ်ရီဖတ်လေးတွေပါ လွင့်ပါလာသည်... Huu~~ ဆက်ထိုင်နေရင် ဒီနေရာမှာတင် အားရပါးရ ငိုမိတော့မှာမို့ မတ်တပ်ထရပ်လိုက်သည်...
ခုံတန်းကနေ မတ်တပ်ရပ်လိုက်ပြီး သွားရမယ့်ဘက်ကို မျက်နှာမူလိုက်တော့ နှင်းတွေကြားကနေ တစ်ရွေ့ရွေ့ လှုပ်ရှားနေတဲ့ အရိပ်တစ်ခု...
ဘာကြောင့်မှန်းမသိ.. သူ့ဆီ တစ်ရွေ့ရွေ့ လာနေတဲ့ ပုံရိပ်က သူအရမ်းတွေ့ချင်တယ်ဆိုတဲ့လူနဲ့ တူနေသလို.. မဖြစ်နိုင်တာ Hyung မှ မရှိတော့တာ..
စိတ်ထဲ အမျိုးမျိုး တွေးနေပေမယ့်... Hyung များလားဆိုပြီး သူရင်ထိတ်စွာ ရပ်ကြည့်နေမိသည်..
ပုံရိပ်ငယ်က နီးကပ်လာလေ သူ့ရင်ထဲက နှလုံးသားဟာ တစ်ဒိတ်ဒိတ် ပိုခုန်လာလေ.....
နှင်းများကြားထဲကနေ သဲသဲကွဲကွဲ မြင်နိုင်လောက်တဲ့ အကွာအဝေးရောက်တဲ့အချိန်မှာ... မျက်လုံးက မျက်ရည်တွေက အတားဆီးမဲ့စွာ ထွက်ကျလာပြီး ထိုပုံရိပ်ငယ်ဆီ အပြေးလွှားပင် သွားမိသည်...
Hyung... အစစ်ပါနော်.. ကျွန်တော် လွမ်းနာကျပီး ထင်ယောင်ထင်မှား ဖြစိနေတာ မဟုတ်ပါဘူးနော်...
လက်နှစ်ဖက်ကို ဆန့်တန်းပြီး သူ့ရင်ခွင်ထဲ လာပါလို့ ခေါ်နေတဲ့ Hyung ရဲ့ မျက်ဝန်းတွေက အညိုရောင် ဖြစ်နေလို့သည်... ဆံပင်ကလဲ အနက်ရောင်နဲ့.... Hyung ဒါကျွန်တော် အိမ်မက်လားဟင်...
"အင့်... "
သူပြေးဖက်လိုက်တဲ့ အချိန်ကြောင့် Hyung ထံမှ အသံလေး ထွက်လာသည်.. ဒါ အိမ်မက်ဆိုလဲ ဒီတိုင်းပဲ မက်နေပါရစေ.. မနိုးပါနဲ့တော့...
Hyung ကို နောက်တစ်ကြိမ် လွတ်ထွက်သွားမှာဆိုးလို့ သူခပ်တင်းတင်း ဖက်ထားလိုက်သည်.. Hyung ကလဲ သူ့ကို အသက်ရှူ ကြပ်တဲ့ထိ ပြန်ထွေးပွေ့ထားသည်..
Hyung ရင်ခွင်ထဲ မျက်နှာအပ်ကာ အားရပါးရ ငိုပြီး ရင်ဖွင့်နေမိသည်...
"ကျွန်တော်... Hyung ကို သိပ်လွမ်းနေခဲ့တာ.. အင့် ဟင့်.. Hyung မရှိတော့. ဘာမှ မဆင်မပြေဘူး.. အင့်.. ကျွန်တော်.. ဟင့်.. Hyung.. Hyung ကို နောက်ထပ်.. ဟင့်.. လက်မလွတ်ဘူး.. အင့် ဟင့် လက်လွတ်မပေးနိုင်ဘူး"
နှုတ်ကလဲ တစ်ဖွဖွပြောပြီး လက်တွေကိုလဲ ပိုမိုတင်းကြပ်နေအောင် ဖက်ထားမိသည်... ကျွန်တော် တကယ် Hyung ကို လက်မလွှတ်နိုင်ဘူး...
"Jimin ah.. ကိုယ် တကယ်ပြန်လာတာမို့ စိတ်မပူပါနဲ့တော့.. ကိုယ် ဘယ်မှ ထွက်မသွားတော့ဘူးနော်"
Hyung စကားကြောင့် သူရင်ခွင်ထဲကနေ ခေါင်းမော့ကာ ကြည့်မိသည်.. ဒါ မက်နေကြ အိမ်မက်တစ်ခုပါပဲလား..
အမြဲတမ်း အိမ်မက်ထဲ ဒီလိုပဲ ရောက်ရောက်လာတယ်.. ပြီးရင် ဒီလိုပဲပြောပြီး.. မနက်လင်းတော့ တစ်ယောက်တည်း ကျန်ခဲ့ရတာပဲလေ..
"Hyung ညာတယ်... အိမ်မက်ထဲထိတောင် လိုက်ပြီး ညာတုန်း"
"ကိုယ် မညာပါဘူး.. အခု ကိုယ်မင်းရှေ့မှာရပ်နေတယ်လေ"
"ဟင့်အင်... ဒါ အိမ်မက်ပဲ.. မနက်လင်းရင် ပျောက်သွားမယ့် အိမ်မက်ပဲ"
Hyung ရဲ့ ခေါင်းလေးက ငုံ့ကျလာကာ နှုတ်ခမ်းပြင် နှစ်ခုကို ထိကပ်စေလိုက်သည်... ၆နှစ်လောက် ကြာခဲ့တာတောင် Hyung နှုတ်ခမ်းတွေက နွေးနေတုန်းပါလား....
ဒါတွေက အိမ်မက်မဟုတ်ပဲ.. တကယ်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲနော်....
************************
Ep-20Ending<A>
အရမ်းရှည်နေမှာဆိုးလို့ Ending ၂ပိုင်းခွဲလိုက်တယ်.. ရှည်ရင် reader လေးတို့ စိတ်ဆိုးမှာဆိုးလို့ :3 ငိငိ