UNEXPECTED

By CHANBAEK_UNIQUE

28K 3.2K 258

Chanbaek(Yaoi) More

UNEXPECTED
UNEXPECTED
UNEXPECTED
UNEXPECTED[Final]
UNEXPECTED[Extra]
[SPECIAL]

UNEXPECTED

3.4K 414 37
By CHANBAEK_UNIQUE

"Byun Baekhyunပါ.."

Passport နဲ့တကွ....မှတ်​ပုံတင်​ကတ်​က​လေးကိုပါ
လေယာဉ်​လက်​မှတ်​ထုတ်​တဲ့​ကောင်​တာ​ပေါ်
တင်​လိုက်​သည်​။

"ဒီမှာပါရှင့်​..."

ရိုးရိုးတန်းကလက်​မှတ်​​ရောက်​လာသည်​ကို...
Baekhyun ပြူးကြည့်​​နေသည်​။

"ဘယ်​လိုဖြစ်​တာလဲ.."

"ဘာများမှား​နေလို့ပါသလဲ...လူကြီးမင်း..."

ကောင်​တာက​ကောင်​မ​လေးက....Baekhyun
ပုံစံကိုကြည့်​ရင်း​မေးလာသည်​။

"ကျ​နော်​မှာထားတာ....High class ပါ...."

"ခဏ​လေးပါ​နော်​....လူကြီးမင်း..."

ဆိုကာ....သူမအ​ရှေ့က....Laptop​လေးထဲမှ
စာရင်းအားပြန်​စစ်​​နေသည်​။

"Byun Baekhyun ssi ရဲ့လက်​မှတ်​က
ရိုးရိုးတန်းက​နေမှာထားတာ...​သေချာပါတယ်​ရှင့်​"

"ဘာ!!!!"

အသံအကျယ်​ကြီးနဲ့ထ​အော်​​သောBaekhyun​ကြောင့်
အ​နောက်​မှာမတ်​တပ်​ရပ်​တန်းစီ​နေကြသည့်​လူ​တွေ​ရော...​ကောင်​တာမှမိန်းက​လေးပါ...လန့်​သွားရသည်​။

"ဝမ်​ သိန်းနှစ်​ရာကွ....ငါ​ပေးလိုက်​ရတာ....
သိန်းနှစ်​ရာ...အ့ဒါကို....ဘာလို့High class
မဟုတ်​ရတာလဲ..."

"ဟို...ဟို​လေ...လူကြီးမင်း..."

သူ့လက်​​ချောင်း​လေးနှစ်​​ချောင်းအား​ထောင်​ပြကာ...
ဖြူစုတ်​စုတ်​ဖြင့်​ခုန်​ဆွခုန်​ဆွဖြစ်​​နေ​သော
Baekhyunကို...လူ​တွေရုတ်​ရုတ်​သဲသဲ
ကြည့်​လာကြသည်​။

ကောင်​တာမှမိန်းက​လေးက...security
များအား...လှမ်းမျက်​နှာရိပ်​မျက်​နှာကဲပြလိုက်​​တော့...
ဝတုတ်​တုတ်​လူနှစ်​​ယောက်​လက်​ထဲတွင်
ဆွဲအမခံရကာ....ယက်​ကန်​ယက်​ကန်​ဖြင့်
ပါသွား​တော့သည်​။

"ငါ့ သိန်းနှစ်​ရာ!!!!!"

>>>>>UNEXPECTED<<<<<

ရိုးရိုးတန်း​လေယာဉ်​ရဲ့ခုံ​ပေါ်တွင်​...
Baekhyun စူပုတ်​​နေ​သော...မျက်​နှာထားဖြင့်​...
လက်​ကိုပိုက်​ကာ ထိုင်​​နေသည်​။

လေယာဉ်​​ပေါ်မတက်​ခင်​က....WooJae
ဆိုတဲ့အ​ကောင်​ကိုဖုန်းဆက်​တိုက်​​ခေါ်​နေပင်​မယ့်​...
Busy လုပ်​လုပ်​ပစ်​သည်​။

"**ခရီးသွား​အေဂျင်​စီက​နေဂျပန်​သွားမယ့်
သူလားဟင်​အကိုက...."

ဆိုကာ....​ဘေးနားမှာထိုင်​​နေ​သော ​ကောင်​​လေးက
မဝံ့မရဲ ​လေး​မေးလာသည်​။

နီရဲကာတင်းမာ​နေ​သော...Baekhyun
မျက်​နှာ​ကြောင့်​လည်းဖြစ်​​ပေလိမ့်​မည်​။

"ဟုတ်​တယ်​!"

"​သြော်​...ကျ​နော်​တို့ ​လေး​ယောက်​​ပေါ့..."

ဆိုကာ...​ဘေးနားက...အသက်​အရွယ်
ခပ်​ကြီးကြီးလင်​မယားနှစ်​​ယောက်​ကို...လှမ်းပြသည်​။

နောက်​....Baekhyunသိချင်​စိတ်​​ကြောင့်​...

"ဒီခရီးစဉ်​အတွက်​...ပိုက်​ဆံဘယ်​​လောက်​​ပေးခဲ့ရလည်း"

"သိန်း ၂၀ ပါ အကို.."

"ဘာ...ဘာရယ်​..."

ဈေးကို...ဆယ်​ဆတင်​ခြင်းခံလိုက်​ရတဲ့...
မိမိအဖြစ်​​ကြောင့်​.....တဒိပ်​ဒိပ်​​သွေးတိုး​နေ​သော...
နားထင်​ကိုဖိပြီးသာ....အိပ်​စက်​ဖို့ပြင်​လိုက်​ရသည်​။

ကိုယ့်​သူငယ်​ချင်း ဘာ​တွေခံစား​နေရလည်း...
သိရဲ့နဲ့.....​ရောဂါပိုတိုး​အောင်​.....

"​သေချင်းဆိုး WooJae..."

ပြစ်​ပြစ်​နှစ်​နှစ်​ကိုကျိန်​ဆဲကာ....
Baekhyun သက်​ပြင်းသာချလိုက်​ပါသည်​။

မိမိကံကြမ္မာက....တကယ်​အဝီစိ​ရောက်​​နေပြီထင်​ရဲ့။

၅နှစ်​တာချစ်​သူဆီမှ....သစ္စာ​ဖောက်​ခံရသည်​။
မိမိရဲ့အလုပ်​က​စော်​ကားတာခံရသလို....
အယုံကြည်​ရဆုံးသူငယ်​ချင်းရဲ့....
တပတ်​ရိုက်​တာကိုပင်​ခံ​နေရသည်​။

ပူပင်​စရာ​တွေကိုခဏ​မေ့ကာ...
ကျိန်းစက်​​နေတဲ့​ခေါင်း​လေးကို...အနား​ပေးရန်
မျက်​လုံး​လေးသာ...အသာမှိတ်​လိုက်​မိသည်​။

Korea က​နေ..Japan သို့ပျံသန်း​နေ​သော...
လေယာဉ်​ပျံ​လေးက​တော့...​ဝေဟင်​ထက်ဝယ်
တိမ်​လွှာ​တွေကြား...မြုပ်​လို့....။

>>>>>UNEXPECTED<<<<<

"ဒီကားနဲ့​လေး​ယောက်​လုံးလိုက်​ရမယ်​​ပေါ့
ပြီး​တော့....ဒီအထုပ်​​တွေနဲ့..."

သာမန်​TAXI နဲ့ လာကြို​သော...
Guide ​ကြောင့်​....Baekhyun
လက်​ညိုး​လေးထိုးကာ...တအံ့တသြ
ရေသာရွတ်​လိုက်​မိသည်​။

Guideက...​မောင်းသူ​ဘေးက...
ခုံမှာထိုင်​တာမို့...အ​နောက်​ခန်းမှာ...
ကျန်​တဲ့သုံး​ယောက်​နဲ့...သူထိုင်​မည့်​အ​ရေး
စဉ်းစား​တွေးရင်း....ကဆုန်​​ပေါက်​ပြီး
တကယ်​ပင်​​သောင်းကျန်းချင်​လာသည်​။

"အစ်​ကို...အဆင်​​ပြေရဲ့လား..."

မျက်​နှာ​တွေနီရဲ ပြီး​ဒေါသ​တွေ...
ကြိတ်​ပြီး​မြိုချ​နေ​သော....Baekhyunအား...
အတူပါလာတဲ့...​ကောင်​​လေးက...
လှမ်း​မေးသည်​။

"အင်းအင်း...ရတယ်​...
တက်​ကြ​လေ...သွား​တော့မယ်​မလား...."

"ဟုတ်​...."

Bus car တိုးစီးရတာထက်​...
အ​ခြေအ​နေဆိုးတဲ့....ကားပုစိထဲ...
ဝင်​ကာကြပ်​ညပ်​တဲ့ဒဏ်​ကိုမရှုမလှတင်းခံကာ...
ရှုံမဲ့စွာ ဖြင့်​သာပါလာ​တော့သည်​။

ဘေးနားက.....အဘိုးနဲ့အဘွားက​တော့....
တခါမှမ​ရောက်​ဖူး​သေးတဲ့ဆာကူရာ​မြေမို့...
အ​ပျော်​ကြီး​ပျော်​​နေကြ​ပေမယ့်​....
Baekhyun က​တော့....ရင်​ထဲမှာ...
တနုံ့နုံ့ အစာမ​ကြေနိုင်​။

သူ့ရဲ့သိန်းနှစ်​ရာတန်​ခရီးစဉ်​​လေးက....
အခုလို....ကြပ်​ကြပ်​တည်းတည်းနဲ့လို့...
လုံးဝမ​တွေးထားမိ​သောပင်​။

ကားပြတင်း​ပေါက်​ဆီအကြည့်​ပို့မိ​တော့...
တိုကျိုမြို့ရဲ့လမ်းကြိုလမ်းကြား​တွေထဲ...
ရောက်​​နေသည်​ကို​တွေ့​သောအခါ...

"အခု ...ဘယ်​သွားမလို့လဲ..."

"နားရမယ့်​​နေရာကိုပါ။"

"ဟိုတယ်​မှာ​တောင်​ ​ပေးမ​နေဖူးလား?"

"အယ်​....အဲ့ဒါ​တော့ကျ​နော်​လည်း..."

Guide​ကောင်​​လေးက...​ခေါင်း​လေး
တရမ်းရမ်းဖြင့်​ဆိုလာ​တော့....
Baekhyun အရမ်းစိတ်​ညစ်​လာသည်​။

(やた"しモーテル)

ကား​ပေါ်ကဆင်းကာ....
အ​ရှေ့က...အ​ဆောက်​အအုံကို
မော့ကြည့်​လိုက်​​တော့...မိုတယ်​​လေးတခု....

"​သြော်​...မိုတယ်​တဲ့လား..."

ကျန်​​တဲ့သုံး​ယောက်​က​​တော့....
ဒီခရီးဒီ​ဈေးနဲ့သာလာခဲ့ရ​ပေမယ့်​...
သူက​တော့....​တွေးရင်​နဲ့....
ခေါင်းများဖြင့်​တဆစ်​ဆစ်​ကိုက်​လာရသည်​။

ထိုအခိုက်​....မိမိရှိရာဆီသို့
တန်းတန်းမတ်​မတ်​ လာ​နေ​သော...
ယိုင်​တိုင်တိုင်​ နဲ့....စက်​ဘီး တစီး​ကြောင့်​...
Baekhyun မျက်​လုံးပြူးသွားရသည်​။

"Ki o tsukero!!!!"(သတိထား!!!)

ထိုစက်​ဘီး​ပေါ်က...လူက ...
အသည်းအသန်​ ​အော်​​ပြော​နေသည်​။

သို့​သော်​ငြား....
ရှောင်​လိုက်​​သော်​ငြား...အ​ရှောင်​အတိမ်း
ကျွမ်းရှာ​သော...Baekhyun
တ​ယောက်​....မိုတယ်​​ရှေ့က ...
အမှိုက်​ပုံ​လေးထက်​သို့....

"အား...."

အီစလံ​ဝေသွားတဲ့...မြီး​ညှောင့်​ရိုး​လေး​ကြောင့်​...
အားခနဲ ​အော်​မိ​ပေမယ့်​....
မိမိရဲ့​ဘောင်းဘီအဖြူ​လေးမှာ...
ပေသွားတဲ့.....အမှိုက်​​တွေ​ကြောင့်​....
Baekhyun လက်​​တွေပါတုန်​လာရသည်​။

နောက်​ဆုံး စိတ်​မထိန်းနိုင်​ဘဲ....

"အား!!!!Kang WooJae!!!!!!!!"

...

"Hello Baekhyunee...ဟီး .."

"​သြော်​...ဖုန်းကိုင်​​သေးတယ်​​နော်​....
Baekhyunee ​တောင်​​​ခေါ်လိုက်​​သေး...
ငါဘယ်​လို​တွေပြသာနာတက်​​နေလဲ...
မင်းသိလား​ပြော....အ့ဒါ​တောင်​မင်းက
သူငယ်​ချင်းလား....ဟမ်​!!!"

"ငါ...ငါလည်းအ​ခြေအ​နေမ​ကောင်းလို့...
လုပ်​မိလုပ်​ရာလုပ်​လိုက်​တာပါ...
ဟို...ငါအ​ခြေအ​နေပြန်​​ကောင်းရင်
ပြန်​​​လျော်​​ပေးပါ့မယ်​..."

"မလိုချင်​ဖူး...အခုချက်​ချင်း
ကိုရီးယား ပြန်​ဖို့​လေယာဉ်​လက်​မှတ်​ဝယ်​​ပေး!!!
ငါအခုချက်​ချင်းပြန်​မယ်​...ကြားလား!!!!"

"အင်း...အင်း...Baekhyunee
ငါအခုချက်​ချင်းဝယ်​​ပေးမယ်​​နော်​...
တောင်းပန်​ပါတယ်​ တကယ်​..."

"ဟူး..."

ဖုန်းကိုချလိုက်​ရင်း....Baekhyun
သက်​ပြင်းချလိုက်​သည်​။

ငယ်​ငယ်​​လေး တည်းကခင်​ခဲ့ရတဲ့သူမို့...
Baekhyun စိတ်​ကလည်းမပြတ်​နိုင်​။

" Kare o kyatchi!!!"(သူ့ကိုဖမ်း​ပေးပါ!!!)

"Dorobo!!!"(သူခိုး!!!)

မိန်းမတ​ယောက်​.....​အော်​လိုက်​သံ​ကြောင့်​...
Baekhyunလန့်​သွားရသည်​။

ဖြတ်​ခနဲမိမိ​ဘေးကလူတ​ယောက်​ဖြတ်​သွားကာ...
မိမိလက်​ထဲထည့်​သွား​သော....ပိုက်​ဆံအိတ်​​လေး...

"ဟင့်​အင်း...မဟုတ်​ဖူး​လေ!!!!"

Baekhyun တကယ်​​သေချင်​လာသည်​။

ဘယ်​သူမှမကယ်​နိုင်​​တော့ဖူးလား...
ဆိုးလိုက်​တဲ့ကံကြမ္မာ....

ဘာမသိညာမသိနဲ့....Baekhyun
ထွက်​​ပြေး လာရသည်​။

ကိုယ့်​နယ်​​မြေမဟုတ်​တဲ့ဆီမှာ....
အဖမ်းများခံရခဲ့ရင်​.....

အ​နောက်​က...လိုက်​ဖမ်းတဲ့သူ​တွေ....
မရှိတဲ့သူ​တွေကိုမျက်​စိလည်​​အောင်​...
လူစုလူ​ဝေးတခုကြား...
Baekhyun...ဝင်​​ပြေးရင်း...
တွေ့တဲ့​နေရာမှာဝင်​ပုန်းလိုက်​မိသည်​။

"ဒီမှာ​နေလို့မရပါဖူး...ချက်​ချင်း
ထွက်​သွား​ပေးပါ"

ဆိုကာ....အတင်းလာဆွဲတဲ့...
လုံခြုံ​ရေးဝန်​ထမ်း...နှစ်​ဦး.......

တကယ်​ကိုပဲ
ပစ်​လဲချင်​လာပြီဖြစ်​သည်​။

ထိုအခိုက်​....

"Baekhyun Oppa?"

"ဟင်​..."

မိမိအား...ပြူးကာကြည့်​​နေတဲ့...
ကျောင်းတုန်းက....ဂျူနီယာ​လေး...
Baekhyun ကယ်​တင်​ရှင်​​တွေ့သလို
မျက်​လုံး​လေးလက်​သွားရင်း...

"JiHey ah!!!"

သူ့ကိုဆွဲထားတဲ့သူ​တွေကို...
Jihey က လွှတ်​​ပေးရန်​​ပြောပြီး...
အနား​လျှောက်​လာသည်​။

"Oppa ဘယ်​လိုဖြစ်​လာတာလဲ..."

"အီး...JiHey ah..."

ဆိုကာ...ဆွဲဖက်​မိလိုက်​တဲ့တခဏ...

"​ဟေ့​ကောင်​!!!"

ဆိုပြီး...​မေး​စေ့နားသို့ပစ်​ဝင်​လာတဲ့...
လက်​သီးတချက်​​ကြောင့်​....နဂိုအားပြတ်​​နေတဲ့...
Baekhyun တခါတည်းမူးလဲကျသွား​တော့
သည်​။

To Be Continued....

အိုက်​ဂူး....မစ္စတာပါ့ခ်​ကြီးမပါ​သေးလို့
ပျင်း​နေပြီလားမသိ><

နောက်​တပိုင်း လုံးဝပါပြီသိလား...ဟီး♥

#BynBkki_Paing

Continue Reading

You'll Also Like

919 157 5
မင်းရှိတဲ့နွေ... တစ်သက်လုံးလွမ်းနေတော့မယ်ထင်ပါရဲ့။
28.3K 2.1K 17
EXO OT 12 အကုန်​ပါပါတယ်​။ Main က​တော့ Xingho ပါ။ ပန်းရဲ့ Second Fan fic ပါ။ EXO Fan fic ကို အခုမှ စ​ရေးတာဆို​တော့ အမှားပါရင်​ ခွင့်​လွှတ်​​ပေးပါ​နော်...
1.9M 60.1K 76
Alexander, James and Skye were triplets. They were stolen from their family at the age of 4. The family searched for them day and night never giving...
500K 36.7K 38
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...