နဖူးစာ အချိန်လည် ☪

By Kadi_EmollientGarden

9.6K 1.3K 306

ဖူးစာပါရင် ဘယ်လောက်ဝေးဝေး ဘယ်ကမ္ဘာခြားနေပါစေ.. နောက်ဆုံးမှာဆုံစည်းကြတတ်တယ် 😇😇😇😇 More

Part.1☪
Part.2☪
Part.4☪
Part.5☪
Part.6☪
Part.7☪

Part.3☪

1.1K 197 21
By Kadi_EmollientGarden

နဖူးစာ အချိန်လည် ☪
...
...
...
...
...
...
...Chapter.3...

အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်မှုကြီးစိုးနေတဲ့အခန်းငယ်လေး..
ဗိုက်ဆာတယ်ဆိုပြီးမစားသေးတဲ့ မင်းသားလေးကြောင့်
Jongin ကပင်စကားစပြောလိုက်ပြီး

" မင်းသားလေး မစားသေးဘူးလား...."

" ဒါကဘာကြီးလဲ...
ကိုယ်တော့်ကို ဒီတီကောင်နဲ့တူတဲ့ဟာ
ကြီးကိုစားခိုင်းတာလား...
ဒါကတီကောင်ပြုတ်လား..."

အငွေ့တစ်ထောင်းထောင်းထနေတဲ့.
ခေါက်ဆွဲပန်းကန်ကြီးကို ကမ္မဌာန်းရှုသလို
မလှုပ်မယှက်ကြည့်ကာ စကားဆိုလေတဲ့
Kyung Soo မင်းသားလေး

" haha...."

" ဘာလို့ရယ်တာလဲ မောင်မင်း..."

သူလေးအပြောကြောင့် ကျွန်တော်ရယ်လေတော့..
မျက်စောင်းလေးထိုးပြီးမေးလာတဲ့ မင်းသားငယ် kyung soo..

" အာ့တာကိုမသိဘူးလားမင်းသားလေး..."

" imm မြင်တောင်မမြင်ဖူးဘူး...."

" အာ့တာကိုခေါက်ဆွဲလို့ခေါ်တယ်...မင်းသားလေးရဲ့..."

" ဘာတဲ့ ခေါက်စွဲ....ဟုတ်လား...".

" ခေါက်ဆွဲပါမင်းသားလေးရဲ့....ဂျုံနဲ့လုပ်တာလေ.."

"Aww....."

"မင်းသားလေးတို့ ဂိုဂူလျောမှာ ဒီလိုခေါက်ဆွဲမရှိဘူးလား"

" မရှိဘူး..."

" ဒါနဲ့ ဘယ်လိုစားရမှာလဲ...ဒီအတိုင်းပဲ တူနဲ့ညှပ်ပြီးစားရမှာလား...တကယ်ဂျုံနဲ့လုပ်တာလား...
ကိုယ်တော်ထင်နေတာအကောင်ကြီးလို့...."

တူလေးနဲ့ ခေါက်ဆွဲအိုးကိုမွှေကြည့်ပြီး စူးစူးစမ်းစမ်း
ပြောနေတဲ့ မင်းသားလေး...
ပါးဖောင်းဖောင်းလေးက စကားပြောတိုင်းပိုပိုဖောင်းပြီးမို့တက်သွားတာ..ကိုက်စားချင်စရာ...
ပေါက်စီလေးကျလို့...

" အကောင်မဟုတ်ပါဘူး...ရဲရဲသာစားပါ
မင်းသားလေးရဲ့..."

" ရှည်လွန်းတယ် မစားရဲဘူး..."

" ကျွန်တော် ကပ်ကြေးနဲ့ညှပ်ပေးမယ်နော်..."

ပြောရင်းဆိုရင်း ကျွန်တော်..ခေါက်ဆွဲကို
သူ့အတွက်ပန်းကန်လုံးသေးသေးလေးထဲခွဲထည့်ပေး
လိုက်ပြီး ခေါက်ဆွဲဖတ်လေးတွေကို ကပ်ကြေးနဲ့အသေးဆုံးညှပ်ကာပေးလိုက်တော့...
မဝံ့မရဲ...ဇွန်းလေးနဲ့ခပ်ပြီးစားကြည့်လေတယ်..

သူလေးသေချာဝါးကြည့်ပြီးတော့မှ...

" ommm....marshitr........."

တစ်ခွန်းပဲပြောပြီး ခေါင်းမဖော်ဘဲစားနေတဲ့
မင်းသားလေး..
အရည်လေးတွေကော...တစ်ဂွတ်ဂွတ်နဲ့မော့ချရင်း
သောက်နေတာဟာ..
ပီဘိကလေးငယ်အလား..
ချစ်စရာလေး...

မကြာပါ ခေါင်းလေးပြန်ထောင်လာတယ်...
ဟဟ...နှုတ်ခမ်းကလည်းပေပွလို့...

" မင်းသားလေးရယ် စားနေတာက လည်းကလေးလေးကျလို့..."

ကျွန်တော်မဆိုင်းမတွပင်နှုတ်ခမ်းနုနုလေးအား
လက်ကလေးနဲ့သုတ်ပေးလိုက်တော့..
ကျွန်တော့်ကို မျက်လုံးအပြူးသားပြူးကြည့်နေတယ်..

"အဟမ်း...ကိုယ်တော်ရာဇအိနြေ္ဒမထိန်းနိုင်ဘူးဖြစ်သွားတယ်......"

"Haha...ကိုယ်က အပြစ်ပြောတာမဟုတ်ပါဘူး..
မင်းသားလေးစားတာ ချစ်စရာကောင်းလို့ပြောတာပါ"

Jongin ရဲ့အပြောကြောင့် kyung soo
ရင်ဘက်ထဲကအကောင်လေးဟာ...
ဒုတ်ခနဲတစ်ချက်ခုန်သွားလေတယ်...

" Awhaw...ကိုယ့်တော့်ကိုချစ်ဖို့ကောင်းတယ်လို့
ပြောစရာလား....ကိုယ်တော်ကယောက်ျားပီသတာ..
ဂိုဂူလျောတိုင်းပြည်ထဲမှာ ကိုယ်တော်က
ယောကျာ်းပီသပြီးအချောမောဆုံးသူပဲ..."

သူ့ကိုယ်သူ..
ဂုဏ်ဖော်ကာပြောနေတဲ့မင်းသားပေါက်စ
Kyung Soo လေးကိုကြည့်ပြီးရယ်ချင်မိတယ်..

" Nae...မင်းသားပေါက်စလေးရယ်...ကိုယ်မင်းကိုယုံပါတယ်...."

" အော်ဟော.....ကိုယ်လို့ ကိုယ့်ကိုယ်ကိုသုံးနှုန်းသင့်လို့လား...ကိုယ်တော့်မျက်နှာတော်ကိုစေ့စေ့ဖူးမြှော်ခွင့်
ပေးတာတောင်လွန်လွန်းနေပြီကို...
စောနကလည်းကိုယ်တော့်နှုတ်ခမ်းတော်ကို
လာထိတယ်....သတိထားနေမောင်မင်း...
ကိုယ်တော့်ကို စားပွဲတော်ပြင်ဆင်ပေးလို့ ခွင့်လွှတ်တော်မူထားတာနော်..."

ပြောရင်းနဲ့ စောနကသူစားနေတုန်းကပ်ကြေးလေးန
ဲ့ညှပ်ပေးထားတဲ့ပန်းကန်ထဲက ခေါက်ဆွဲတွေကိုဇွန်းလေးနဲ့ခပ်သောက်နေတယ်...

" မောင်းမင်းက စားဦးမှာလား..."

ခေါက်ဆွဲပန်းကန်လုံးလေးကိုကိုင်ပြီးမေးသူ
မင်းသားပေါက်စန....

" တော်ပြီ မင်းသားလေး...မင်းသားလေးပဲစားတော့..
ကြိုက်တယ်မလား..."

" imm...ကြိုက်တော်မူတယ်..ပြီးတော့မောင်မင်း..
စားတော့လို့မသုံးရဘူး ရိုင်းတယ် ..
သုံးဆောင်တော်မူပါလို့သုံးရတယ်...
ကိုယ်တော်နဲ့ စကား
ပြောရင်ယဉ်ယဉ်ကျေးကျေးပြောပါ...."

ကျွန်တော့်ကို ဆုံးမသြဝါဒတွေခြွေပြီးတဲ့နောက်..
ခေါင်းမဖော်ပဲထပ်စားပြန်တဲ့ မင်းသားလေး...
ချစ်စရာကောင်းလိုက်တာဗျာ...
သူလေးစားနေတာကိုကြည့်နေရတာနဲ့တင်
ကျွန်တော် တစ်လုတ်မှ မစားလိုက်ရတာတောင် ဗိုက်ဝမိတယ်....

Kyung soo နဲ့ရုပ်ချင်းဆင်ပေမယ့်
Kyung soo မဟုတ်တဲ့ ရှေ့ကကောင်လေးဟာ
ဘယ်သူပါလိမ့်..
သူလေးပြောသလို သူက ဂိုဂူလျောနိုင်ငံက တကယ့်
အိမ်ရှေ့စံမင်းသားလေးလား...
ဇာတ်ကားတွေထဲကလိုများ..
ဟိုဘက်ခေတ်ကနေရောက်လာတာလား....
ဘယ်လိုဆိုတာ မသေချာပေမယ့်
မြင်ကတည်းက ခုန်လာတဲ့ ကျွန်တော့်နှလုံးသားလေးကတော့ အခိုင်အမာပြောနေတယ်..
ထိုမင်းသားလေးကို ကျွန်တော်စိတ်ဝင်စားနေမိပြီတဲ့လေ

....
သုံးထုပ်ပြုတ်ထားတာကိုတစ်ယောက်တည်းကုန်အောင်စားနိုင်တဲ့မင်းသားလေးဟာ စကေးတော့မသေး....

" မင်းသားလေးက တကယ်ဂိုဂူလျောတိုင်းပြည်ကလား"

"😦 ဘာလဲ ကိုယ့်တော်က မုသားစကားပြောနေတယ်လို့ ထင်နေတာလားမောင်မင်း.ဟမ်..."

ဗိုက်ဝတာကြောင့် ရွှင်လန်းနေတဲ့မျက်နှာတော်ကနေ
ချက်ချင်းပင်ပြိုတော့မယ့်မိုးလို့
ဖြစ်သွားတဲ့ မင်းသားပေါက်စ...

" အာ...အာ့လိုမဟုတ်ပါဘူး
မင်းသားလေးရဲ့..
ကိုယ်က...arnyi...ကျွန်တော်မျိုးက
ဖြစ်ကြောင်းဖြစ်စဉ်ကိုသိချင်လို့ပါ..."

" ဖြစ်ကြောင်းဖြစ်စဉ်ကိုတော့ ကိုယ်တော်လည်းသေချာမသိတော့ ပြောမပြတတ်ဘူး မောင်မင်း...
ဒါပေမယ့် မောင်မင်းမြင်တဲ့အတိုင်းပဲ ကိုယ်တော်နဲ့
မောင်မင်းက မတူပဲအရမ်းကွာခြားနေတာမို့..
ကိုယ်တော်က မောင်မင်းတို့နဲ့မတူတဲ့တစ်ခြားနေရာကလာတာလို့တော့ အတပ် ပြောနိုင်တယ်.."

"ကျွန်တော်လည်းထင်ပါတယ်..."

ဒီလိုမျိုးဖြစ်စဉ်တွေက ဇာတ်ကားထဲမှာပဲရှိနိုင်မယ်လို့ထင်ထားတာ...အခုလိုလက်တွေ့ဘဝမှာဖြစ်နေတယ်ဆိုတာ
တကယ်ကြီးကိုမယုံကြည်နိုငိဘူး..

ကျွန်တော်ဘာစကားမှမဆိုမိဘဲ
တိတ်တိတ်လေးနေမိလေတော့..
မျက်နှာရှေ့ရောက်လာတဲ့ လက်လေးတစ်စုံ...

" မောင်မင်း...မောင်မင်း...
အော်...ဒီကမ္ဘာကလူတွေက
မတ်တပ်လည်းအိပ်တတ်တာပဲ.."

" nae...nae ပြောပါမင်းသားလေး
ကျွန်တော်အတွေးလွန်သွားလို့ပါ..."

" ကိုယ်တော့်တိုင်းပြည်ကိုပြန်နိုင်မယ့်လမ်းကိုသိနိုင်မလား..."

" အင်းအာ့တာကတော့ခက်တယ် မင်းသားလေးရဲ့..
ကျွန်တော်တို့တိုင်းပြည်မှာ ဒီလိုမျိုးအချိန်ခရီးသွားပြီး
ရောက်လာသူရှိတယ်လို့လည်းမကြာဖူးတော့..."

"အချိန်ခရီးသွားတာဟုတ်လားမောင်မင်း..."

" nae မင်းသားလေး..ကျွန်တော်ထင်တာတော့မင်းသားလေးက အချိန်ခရီးသွားသူလို့ထင်ရတာပါပဲ..
ဂိုဂူလျောတိုင်းပြည်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝဝကျော်လောက်ကတည်းကပျက်သုဉ်းသွားခဲ့တာ..
ကျွန်တော်တို့နာမည်ကိုကြားဖူးတာကလည်း
သမိုင်းစာအုပ်နဲ့ video တွေကြောင့်ပါ.."

"ဘီဓီယို....ဟုတ်လား...အာ့တာကကော..ဘာကြီးလဲ.."

" အမ်...အာ့တာက...ကျွန်တော်နောက်မှအကုန်ရှင်းပြ
ပါ့မယ်...အခုမင်းသားလေးကိုပုံစံပြောင်းပေးဖို့လိုတယ်."

" ဟမ်..ပုံစံပြောင်းမှာဟုတ်လား...ဘာကိုလဲ.."

" မင်းသားလေးကျွန်တော်တို့နဲ့လိုက်လျောညီထွေဖြစ်ဖို့လေ...နို့မို့ဆို မင်းသားလေးကို အချိန်ခရီးသွားသူမှန်း
သိသွားပြီး သိပ္ပံပညာရှင်တွေက စမ်းသပ်လိမ့်မယ်.."

" ဟမ်..
နားမလည်ဘူး"

" အာ့တာလည်းရှင်းပြမယ်နောက်ကျရင်..
အခု...စကားအပြောအဆိုကစပြီးပြောင်းရမယ်.."

" ဘယ်လို...
ကိုယ်တော်က...".

" No..no...
ကိုယ်တော်လို့မသုံးရဘူး...
အခုတိုင်းပြည်မှာကိုယ့်ကိုယ်ကို ကိုယ်တော်လို့သုံးတဲ့သူမရှိဘူး....
ငါ...မင်း...တစ်ခုခုသုံးရတယ်..."

" ဟင်..
အာ့လိုကြီးလား..."

" ဟုတ်တယ်..."

"Awhaw...ဟုတ်တယ်တဲ့ စကားပြောတာကလည်း."

"မင်းသားလေး ကျွန်တော်တို့လိုစကားကိုပြောတတ်မှ
ဖြစ်မယ်နော်..နို့မိုဆို အန္တရာယ်တွေ့မှာစိုးလို့..."

အန္တရာယ်​ ဆိုတော့ကြလည်း ပြူးနေအောင်ကြောက်
တယ်...ဟဟ... ကလေးမင်းသားလေး..

" အန္တရာယ်!! Arrasoyo.....ကိုယ်တော်..
Arnyitr....ငါ.သတိထားပါ့မယ်..."

" ငါလို့သုံးရတာမလွယ်ရင် မင်းသားလေးကိုယ့်ကိုယ်ကို..honey လို့သုံးလေ..."

" ဟင်..ဟန်နီ....ဟုတ်လား..."

"Omm အာ့လိုသုံး..."

" အာ့ကဘာအဓိပ္ပါယ်လဲ..."

ငင့်...
ဘယ်လိုအကြောင်းပြချက်ပေးပါ့..
မင်းသားလေးက ချစ်စရာကောင်းလို့
ချစ်မိသွားတာမို့...honey လို့ခေါ်ချင်လို့ပါ...
အာ့လိုဆို လက်သီးစာမိနိုင်တယ်...

" အာ့တာကလေ ဘယ်လိုပြောရမလဲ...
ကိုယ်ကလေ Honey ကို...တစ်ခြားလူတွေနဲ့မတူ
အောင်ခေါ်ချင်လို့..."

" တစ်ခြားလူတွေနဲ့မတူအောင်...ဘာလို့လဲ.."

" ဟို...
Honey က မင်းသားလေးလေ..အာ့ကြောငိ့..."

" စောနက ပြောတော့... တစ်ခြားလူတွေနဲ့တူရမယ်ဆို...ခုကျဘာလို့ကွဲပြီးခေါ်တာလဲ..."

" ဒီလိုလေ..မင်းသားလေးရ...
ဘယ်လိုပြောပါ့...
အာ့လိုမျိုး Honey လို့ခေါ်တဲ့သူတွေလည်း
ဒီခေတ်မှာ များကြီးရယ်..."

" အာ့ဆိုဘာလို့ တစ်ခြားလူတွေနဲ့မတူဘူးလို့ပြောတာလဲ
ခေါ်တဲ့သူတွေကောရှိတယ်ဆို..."

Honey နာမည်ကမ္ဘာပတ်နေတာကိုကျွန်တော်ဘယ်လိုရှင်းရမလဲတောင်မသိ 😔😔

" arshi....
သူများတွေကကော honey လို့ခေါ်ကြပေမယ့်
ခေါ်တဲ့ခံစားချက်မျိုးမတူဘူးလေ...
ပြောရမယ်ဆို....
အာ...ဒီလိုမျိုး.....
Honey ကမင်းသားလေး ဆိုပေမယ့်
ကိုယ်တို့ကမ္ဘာကသူတွေနဲ့ကိုက်ညီအောင်ပုံစံပြောင်းရမယ်လေ...အာ့တော့ ကိုယ်က Honey ကို မင်းသားလေးလို့ခေါ်လို့မသင့်ဘူးလေ..
အာ့ကြောင့် ကိုယ့်ဘဝတစ်ခုလုံးရဲ့ မင်းသားလေး
ဆိုပြီးအဓိပ္ပါယ်ရတဲ့ Honey ဆိုပြီးခေါ်တာပါ..."

" ကျစ်ရှုပ်နေတာပဲ...ဟန်.နီချင်းကိုထပ်လို့...
ထားတော့ကြိုက်သလိုခေါ်.ဟန်နီနေနေ.ဟန်ပြာနေနေ..
ဒါနဲ့မင်းနာမည်ကဘယ်သူ...."

"Jongin....Kim Jongin...."

"Bor....Kim.....Jongin...."

ရေခွက်ကလေးကိုင်ထားတဲ့ မင်းသားငယ် Honey ရဲ့ လက်ကနေ...ဖန်ခွက်ကလေးဟာ..
အမှတ်တမဲ့လွတ်ကျသွားပြီးကြမ်းပြင်ပေါ်သို့...

....T.....b.......C

ဟူးမစ်မီ....😋😍
အိုင်သင့်နိုးဝမ်းမစ်မီ 😭
ဆောရီးဖော်မိုင်စုတ်တီးစုတ်ချာအရေးအသား...

အိုင်လပ်ယူ စိုးမက်ခ်ျ 😘😘

No readers no author

Dika Forever
Kaisoo is more than real
🐧🐻
90°bow...

💜Violet 🐧

Continue Reading

You'll Also Like

2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
221K 25.7K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
88.1K 12.9K 61
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...