Jongin တရေးနိုးတော့ ည ၁၀နာရီကွက်တိ ...
Kyung Soo ဆိုတဲ့ကောင်လေး ရောက်ပီလား ထကြည့်တော့ မတွေ့သေး...
ဘာလဲဟ ၁၀နာရီပြန်ရောက်မယ်ဆိုပြီး...
.ရောက်တည်းက ဘာမှမစားရသေးတာကြောင့် ဗိုက်က ဆန္ဒပြချေပီ...
တခုခုရှာကြည့်တော့ ရေဘဝဲချဉ်စပ်တွေ့တာနဲ့ စားပွဲဝိုင်းပြင်ပြိး စားလိုက်တယ်...
ပန်းကန်တွေကို ပစ်ထားလိုက်ပြီး အိမ်ရှေ့ကွပ်ပျစ်ပေါ်ကို လက်နှစ်ဖက်နဲ့ နောက်ပြန်ထောက်ထိုင်ပြိး နျုတ်ခမ်းမှာ စီးကရက် တလိပ်ကို တေ့ထားလိုက်သည်....
ဒါနဲ့ ..Kyung Soo ဆိုတဲ့ကောင်လေး ညဘက် ပြန်လာတာ ကျိန်းသေရဲ့လား မသိ...
စီးကရက်ကို သုံးလေးဖွာလောက်ရှိုက်လိုက်ပြီး ကျန်တဲ့အပ်ုင်းတိုကို ရှူးနဲ့နင်းခြေပီး ဘောင်းဘီအိတိထဲက Lollipop ကိုပါးစပ်ထဲ ထည့်လိုက်ပြန်တယ်....
ပင်လယ်လေ တဖြူးဖြူးနဲ့တ်ုက်နေတာမို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ကမ်းစပ်နားသွားလိုက်တော့
သဲသောင်ပြင်ပေါ်မှာ ထိုင်နေတဲ့ Kyung Soo ဆိုတဲ့ကောင်လေး...
အနားသွားကာ
"ဟိုကောင်လေး မင်းအိမ်ပြန်မလာသေးဘူးလား "
လန့်သွားတဲ့အမူအရာနဲ့ကျွန်တော့ကို မော့ကြည့်ကာ...ထ မတ်တပ်ရပ်လေတယ်..
"ခုပဲ ပြန်တော့မှာ... သွားပီ "
ဘောင်းဘီမှာပေနေတဲ့ သဲတွေကို ခါချပီး စက်ဘ်ီးကို တွန်းကာ ထွက်သွားတဲ့ကောင်လေး...
ပင်လယ်ပြင်ကို တချက်ကြည့်ပြီး သူရယ်နေမိသည်..ဝဲတက်လာတဲ့ မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ...
ဘာလို့လဲ....
ဘာလို့ ငါ့ကို အကုန်ထားခဲ့ကြတာလဲ..အမေရော အဖေရော.. တခြားသောသူတွေကရော ဘာလို့ ငါ့ကို ထားခဲ့ရတာလဲ...
ဟား... Kim Jongin ရယ် မင်းစောက်ရူးပဲ..
မရှိတော့တဲ့သူတွေကို ငိုပြီးတမ်းတနေရုံနဲ့ မင်းဆီ ပြန်လာမလား...အကုန်လုံးက မင်းကို မလိုအပ်လို့ ပစ်ထားခဲ့ကြတဲ့ သူတွေ....
Jongin သောင်ပြင်ပေါ် လှဲချလ်ုက်ကာ ကောင်းကင်ကြီးကို ကြည့်ရင်း ထိုနေ့က ကမ်းစပ်နားမှာတင် မိုးသောက်ခဲ့သည်...
****
"ဟို Kim Jongin ခင်ဗျား ရေကူးတတ်လား "
"အင်း ကူးတတ်တယ် "
မနက်စာ အတူစားနေရင်း Jongin ကို Kyung Soo ရေအတူကူးဖို့စိတ်ကူးရကာ မေးလိုက်မိသည်... ဘာရယ်မဟုတ် သူပျင်းနေမှာ ဆိုးတာကြောင့်........
"အဲ့ဆို ရေလိုက်ကူးမလား.. ကျွန်တော်နဲ့ "
Kyung Soo ရှေ့က သူက ဟင်းရည်ကို သောက်နေရင်း စဉ်းစားနေပုံရသည်...ဇွန်းကိုချ တူကိုယူုပီး ပဲပင်ပေါက်ကို နှိုက်ကာ...
"ဘာလုပ်ပေးရမှာလဲ "
kyung Soo စကားကို အထင်တမျိုးပေါက်သွားပုံရတာကြောင့် လက်တကာကာနဲ့ ပြာပြာသလဲ ငြင်းပြီး...
"Arnyi arnyi..ကျွန်တော်က ခင်ဗျားပျင်းနေမှာဆိုးလို့ မေးကြည့်တာ "
"အင်း ကောင်းပီလေ... ငါလဲ ဘာမှလုပ်စရာမရှိလို့ ပျင်းနေတာ .... ဒါနဲ့ မင်းအသက်ဘယ်လောက်လဲ ငါ့ထက်တော့ငယ်မယ်ထင်တယ် "
"23 .. ခင်ဗျားရော ဘယ်လောက်လဲ "
တူကို ပါးစပ်နဲ့ကိုက်ပြီး စပ်စပ်စုစုမေးကြည့်မိသည်... ဘဝမှာ ပထမဆုံး သူများအသက်ကို စပ်စပ်စုစု မေးကြည့်မိတာ...
သိလိုစိတ်ကြောင့် ကျွန်တော့ မျက်လုံးတွေ တဖျက်ဖျက်တောက်နေမှာ ကျိန်းသေ..ဒါတောင် ဘာမှမဟုတ်သေး အသက်မေးရုံပဲ ရှိသေးတာ....
"မင်းနဲ့ အတူတူပဲ ...အား....."
ဟင်းရည်ပန်းကန်ကို တကျိုက်တည်းမော့ချလိုက်ပြီး 'အား ' ခနဲအော်ကာ ပန်းကန်ကို ဒုန်းခနဲ ပစ်ချလိုက်တဲ့ သူ
"အဲ့တော့ မင်းက ငါ့ကို ခင်ဗျားလို့မခေါ်ပဲ Jongin လို့ခေါ်.. ငါလဲ မင်းကို Kyung Soo လို့ခေါ်မယ် Ok "
"Imm "
စားနေတာကို လက်စသတ်လိုက်ကာ အိမ်အတွက် လိုအပ်တာတွေ ချက်ပြုတ်သိမ်းဆည်းပြီး အလုပ်က်ု Kyung Soo ထွက်လာလိုက်သည်....
ပဲခေါက်ဆွဲဆိုင်မှာ အော်ဒါလိုက်ပို့ပေးပြီး ပြန်လာတော့ ၁၀နာရီ... ရေငုပ်မှာက ၁၀ခွဲ မို့
အမြန်ပြန်လာလိုက်သည်...
Jongin ကတော့ ဆေးလိပ်သောက်ရင်း ဖုန်းပြောနေသည်...
"အင်း boss. '"
ဖုန်းချသွားတော့မှ ကျွန်တော်သူ့ကို ရေကူးဝတ်စုံပေးလိုက်သည်.....သူကတော့ ကျွန်တော့ကို ပြူးကြည့်ပီးမှ အော်ဟုဆိုကာ အဝတ်သွားလဲသည်....
"ဟိုလေ Jongin နဲ့ကျွန်တော်နဲ့ သူငယ်ချင်းလုပ်လို့ရမလား? '"
"မရဘူး "
"ဟင် ဘာလို့လဲဟင် ''
"ကိုယ်က မခင်တတ်ဘူး "
"အင်း... အင်း..."
သူအဝတ်လဲနေစဉ်အခိုက် ကျွန်တော်က Jack နားထိုင်ကာ Jack ကို ခေါင်းပွတ်ပေးနေမိသည်...အဲ့ဒါထက် မျက်ရည်ကျနေသည်က ပိုမှန်လိမ့်မည်...
ကျွန်တော့်ကို ရွာက လူကြိးတွေအကုန်ချစ်ကြပေမဲ့ သူငယ်ချင်းတစ်ယောက်မှမရှိ...အနည်းဆုံး သူငယ်ချင်းတစ်ယောက်လောက်လိုချင်ခဲ့တာ...
ကျောင်းတက်တုန်းကလဲ မိမရှိ ဖမရှိဟုခေါ်ကာ အပယ်ခံတစ်ယောက် ဖြစ်ခဲ့ဖူးသည်...
ခု Jongin ကို သူစမြင်ကတည်းက ခင်သည်... သူနဲ့လဲ ခင်ချင်ခဲ့သည်... သို့သော်...................
"Kyung Soo.. သွားမယ်"
Jongin ခေါ်တော့မှာ မျက်ရည်ကို ကမန်းကတန်းသုတ်ကာ ရှေ့ကနေ သွားလိုက်သည်.....
"မင်း ငိုနေတာလား "
"အာ..မဟုတ်ပါဘူး လေတိုက်လို့ဖုန်ဝင်သွားတာ "
သူကတော့ အော် ဟုပဲ ထပ်ပြောကာ ရေထဲ ဒိုင်ဗင်ထိုးဆင်းသွားသည်...Jongin ဆင်းပြီး သိပ်မကြာ ကျွန်တော်လဲ သူ့နောက်ကို လိုက်ဖို့ ရေထဲဆင်းရသည်..
"ဖူး "
အသက်ရှူ မဝဖြစ်လာတာမို့ ခေါင်းကို ရေပေါ်ဖော်ကာ အသက်လုရှုနေမိသည်...
Oxygen ဘူးကလဲ ကုန်ခါနီးပီ ထင်ပါတယ်...
၅မိနစ်လောက်ကြာတော့ ရေထဲ ပြန်ငူပ်ကာ Jongin နောက် အမှီလိုက်ရသည်...မှီသွားတော့မှ ကျွန်တော့အတွက် ပိုက်ဆံရှာရင်း သူ့ကိုလဲ ဘယ်လို ဖမ်းရကြောင်း လက်ဟန်ခြေဟန်နှင့်ပြောပြနေတုန်း ခြေထောက်မှာ ငြိသွားတဲ့ အခက်တချို့...Jongin ကတော့ ရှေ့ဆက်သွားနေတာမို့ သူ ဘာဖြစ်နေသည်ကို မသိ...
ခြေထောက်ကိုရုန်းလေ ဆူးနဲ့ငြိပီး ပိုနာလေ လှုပ်မရလေ ဖြစ်လာသည်...
ဆူးက ပိတ်စကို ဖောက်ပြီး အသားကိုပါ ထိုးဝင်သွားတာကြောင့် သွေးတွေပါ ထွက်လာသည်..
ဘေးနားက ကျောက်ခဲအသေးလေးကို ယူကာ
ခြေထောက်နားက ဆူးတွေကို အကုန်ဖယ်ရှားပေမဲ့ အသက်ရှူ မဝဖြစ်လာတာကြောင့် အရာမရောက်...
Jonginက သူမပါလာတာကို သတိမထားမိ....
အခုမှ လုံးဝ ကုန်သွားတဲ့ Oxygen ကြောင့် ရေနက်ပိုင်းမှာ အသက်ရှူရ ခက်လာသည်...
ဆောက်တည်ရာမရ ဖြစ်ကာ Jongin ကို လှမ်းခေါ်ဖို့ ပါးစပ်ဟလိုက်သော်လဲ ရေတွေက အလုံးအရင်းဝင်လာသည်....
လည်ပင်းမှာ တစ်စို့လာတဲ့ခံစားချက်ရယ်...ဝေဝါးလာတဲ့ မျက်လုံး အစုံရယ်ကြောင့် သူအရာရာကို လက်လျှော့မိလိုက်ကာ လက်ထဲက ကျောက်ခဲကိုပစ်ချလိုက်ပြီး မျက်လုံးအစုံမှိတ်ကာ စိတ်ကို လျှော့ချလိုက်တော့ တဖြည်းဖြည်းအမှောင် ကျလာတဲ့ ကျွန်တော့ ကမ္ဘာကြီး...
Omma နဲ့ appa
Omma နဲ့ appa ဆက်ပေးခဲ့တဲ့ အသက် ဒီချိန်ထိပဲ နေနိုင်ခဲ့တာမို့ ကျွန်တော်တောင်းပန်ပါတယ်.....ဟိုမှာ သားကို စောင့်နေမယ်မလား?
ထို့နောက်....
ကျွန်တော် Do Kyung Soo လောကကြီးကို အဆုံးတိုင်နှုတ်ဆက်ခဲ့ရတယ် ထင်ပါသည်.... 💔
~TBC
Nothing to say 😷
What happened Kyung Soo?
My poor baby 😭😭😭
Daily update 🤧
You should love EunA 😝
စချေပြီ Update ကြာမည် 😌
2:29 pm 😵