Kim Jongin
Jongin ဆိုတဲ့ကောင်လေးက ငယ်ငယ်က လိမ်မာရေးခြားသိရှိတဲ့ကောင်လေးတစ်ယောက်...
၁၀နှစ်သားအရွယ်မှာ ဖခင်ရဲ့ မုန်းတီးပစ်ပယ်မှုကို နာကြည်းစွာ ခံစားရပြီးတဲ့နောက်မှာ အရွဲ့တိုက်လိုစိတ်တွေက များလာပြီး တဖြည်းဖြည်း ဆိုးသွမ်းလာသည်...
အမေဖြစ်သူ သေရတာ သူ့ကြောင့်ဟု ခေါင်းစဉ်တပ်ကာ သူ့ကို သေလုနီးပါး ရိုက်...ဆောင်းတွင်းအအေးဒဏ်မခံနိုင်တဲ့ချိန်တွေမှာဆို ရေစိုနေတဲ့ ခန္ဓာကိုယ်နဲ့ အိမ်ရှေ့တံခါးမဖွင့်ပဲ ပစ်ထားတတ်တဲ့ အဖေ...
တနေ့ သူ့ကို ရိုက်နှက်လို့ ထွက်ပြေးတာကနေ accident ဖြစ်ကာ လောကကြီးကို အဆုံးသတ်မိချင်သည်အထိ ဖြစ်ခဲ့ဖူးသည်... သို့သော် လောကကြီးက သူ့အား အဆူံးသတ်ခွင့်မပေးခဲ့ချေ.....
သတိပြန်ရလာချိန်မှာ မျက်စိရှေ့မှာ မြင်ရတဲ့ ဖခင်အား သူရွံလာသည်...
ဂရုစိုက်မှုတွေ ပြန်ရချိန်ကား နောက်ကျခဲ့ပေပီ..သူသည် ဆိုးသွမ်းရိုင်းစိုင်းတဲ့ကောင်လေးတစ်ဦး ဖြစ်ခဲ့ပီမို့... ထို့အပြင် ရာဇဝတ်မှုနှင့် ရင်းနှီးကျွမ်းဝင်နေသော ကောင်လေးတစ်ဦး ဖြစ်သွားပီမို့...
********
Jongin ...သူ့ Boss ပေးတဲ့ကဒ်ကို ဘောင်းဘီအိတ်ထဲထိုးထည့်လိုက်ပြီး Luggage အိတ်အသေးကိုဆွဲကာ ရွာဘက်ကိုသွားဖို့ ထွက်လာလိုက်သည်..
ပါးစပ်ကတော့ Lollipop အစားမပျက်...
အထုတ်ကို ကားထဲကြုံသလို ပစ်ထည့်ပြီး belt seat တပ်ကာ ကားကို မိုင်ကုန်မောင်းလိုက်သည်........
လမ်းအကွေ့ရောက်တော့ mini market မှာ ရှိနေတဲ့ ရဲတွေကြောင့်ကားကို ဘရိတ်စောင့်အုပ်လိုက်တာ စတီယာတိုင်နှင့် ခေါင်းပင် ပြေးဆောင့်သွားသလို....
"Sh** ရဲတွေ အနံ့ ခံကောင်းလိုက်ချည်လား "
ကားကို back ပြန်ဆုတ်ပြီး ပြေးမယ်ကြံတော့ သတိထားမိပုံပေါ်သွားတာကြောင့် ရပ်လိုက်တော့
အနားရောက်လာတဲ့ ရဲသားလေးတစ်ယောက်....
ဘီးကုပ်နဲ့အပြောင်သိမ်းထားတဲ့ ငွေရောင် ဆံသားတွေကို ချ..
Lollipop ကို ထွေးထုပ်ကာ Mask အမြန်တပ်လိုက်ပြီး စတီယာတိုင်ကို လက်ထိပ်လေးတွေနှင့် တစ်တောက်တောက်ခေါက်ကာ စောင့်နေလိုက်သည်...
"ဒေါက် ဒေါက် "
မှန်ကိုအသာလျောချလိုက်ပြီး..
"ဘာကိစ္စရှိလို့လဲ ''
"Mask လေး တစ်ချက်လောက် ချွတ်ပြပါ အစ်ကို "
"ဘာကိစ္စမို့ မင်းတို့က်ု ငါ့မျက်နှာပြရမှာလဲ "
ခပ်မာမာလေသံထွက်မိတော့ ထိုရဲက မျက်မှောင်ကြုံကြည့်သည်...
"ဒီနားမှာ မူးယစ်ဆေးဝါးဖြန့်တဲ့သူ ရှိတယ် သတင်းကြားလို့ လာရှာတာပါ... "
Mask ကို အသာဖြုတ်ပြရန် ရွယ်ကာ ရှိသေး
ထို ရဲထံမှ စကားပြောစက်နဲ့ တွေ့ပီဆိုတဲ့ အသံကြားတော့ အသာပြုံးမိသည်...
Boss ကတော့လေ.....
အဲ့ဒီနောက် သူခတ္တခဏပုန်းရှောင်ရန် ရည်ရွယ်ရာ ရွာလေးကို ထွက်လာလိုက်တော့သည်....
******
6နာရီလောက်မောင်းခဲ့ရပီးမှ ရွာကိုရောက်လာတော့သည်....
ပင်လယ်လေ တဖြူးဖြူးနဲ့တိုက်နေတာမို့ seoul မှာ ညစ်ခဲ့သမျှ စိတ်ညစ်စရာတွေက ပင်လယ်လေနဲ့အတူ ပါသွားသလိုပင်....
"ကောင်လေး မင်းက ဘယ်ကလဲ...ဒီရွာမှာ မတွေ့ဖူးဘူး "
အဘွားတစ်ယောက်က လာမေးတာမို့ ခါးကုန်းနေတဲ့ အဘွားကို တွဲပေးပြီး
"ဟုတ်တယ်အဘွား ကျွန်တော်က မြို့က
ဒါနဲ့အဘွား ဒီမှာ နေစရာ နေရာ ဘယ်မှာရှာလို့ရမလဲ "
"ကောင်လေးက ဘယ်နှရက်နေမှာလဲ "
"မပျော် တစ်လ ပျော်တနှစ်ပေါ့ဗျာ "
အဘွားက ဟက်ဟက်ပက်ပက်ရယ်နေလေရဲ့...
"အဘွားကို ဘယ်မှမသွားပါနဲ့ဆို...
အိမ်သွားရှာတော့ အဘွားကို မတွေ့လို့ ဘယ်လောက်ပူရသလဲ!ဆိုမင်တို့က အဘွားကို ကျွန်တော့ဆီအပ်ထားတာ! '"
အဘွားကို နေရာထိုင်ခင်းမေးရန်စကားစရန်ကြံရန်ရှိသေး...
စူးနေအောင်အော်ကာ အနားကို ပြေးကပ်လာတဲ့ မည်းညစ်ညစ်ကောင်လေး တစ်ယောက်.... ရေကူးဝတ်စုံကို လက်မှာကိုင်ထားပြီး ဆူပုတ်ပုတ်မျက်နှာထားနဲ့ကောင်လေးက ရယ်ချင်စရာကောင်းလှသည်.....
"အဘွားက ဟိုနားဒီနား လမ်းလျှောက်တာပါကွယ် "
"လာလာ အဘွားပြန်မယ် "
"အေးကွယ် "
သူ့ကိုပင် လှည့်မကြည့်ကာ ပြန်သွားတဲ့အဘွားနဲ့ ထိုကောင်လေးကြောင့် သူစိတ်ညစ်စွာ ကျန်ခ်ဲရသည်...
သို့ပေမဲ့ သိပ်မကြာ စောနက ကောင်လေး ရောက်လာပြီး
"ခင်ဗျား အိမ်ရှာနေတယ်ဆို....
ကျွန်တော့အိမ်က တစ်ခန်းလွတ်နေတယ် ခင်ဗျားကိုငှါးမယ် "
"ကောင်းပီလေ..."
နေစရာ ထိုင်စရာ ရသွားပီမို့ စိတ်မပူရတော့...
စားဖို့သောက်ဖိုကလဲ ပိုက်ဆံရှိနေတာမို့ မပူရ..
တာမို့...
အဘွားနဲ့ထိုကောင်လေးကိုပင် စိတ်ထဲက ကျေးဇူးတင်မိနေသည်..
"ကျွန်တော်က တနေကုန်မအားတာကြောင့် ညမှ ပြန်ရောက်တတ်တယ်..အဲ့ကြောင့် ခင်ဗျား အေးဆေးနေလို့ရတယ်...
ပြီးတော့ ဒီမှာ ညဖက် မီးမပေးဘူး Solar လေးတွေနဲ့နေကြတယ်...
ခင်ဗျား စားဖို့သောက်ဖို့ ဝယ်ခြမ်းချင်ရင် ဟိုးဘက်ခြမ်းမှာ market ရှိတယ်...အဲ့မှာ သွားဝယ်လို့ရတယ်...တခု အရက်မသောက်ရဘူး...
ဒါကလဲ ကျွန်တော်ရှိနေချိန်မှပါ...."
ရှေ့ကနေ လက်နောက်ပစ်ပြီး စကားတစ်ပြောပြောနဲ့သွားတဲ့ ကောင်လေးကို ပါလာတဲ့သေနတ်နဲ့ ပစ်သတ်ချငိလာမိသည်...
ကျွန်တော်က စကားများတာကို လုံးဝ မနှစ်မြို့...
"ကျွန်တော်က ည၁၀နာရီ..."
"ကောင်လေး မင်းနာမည်ပြော "
ကောင်လေးစကားမဆုံးခင် ဖြတ်ပြောလိုက်တာကြောင့် မျက်နှာရှုံမဲ့ကာ ပွစိပွစိနှင့်..
လေသ့ဝဲဝဲလေးနှင့် စကားသိပ်များတဲ့ကောင်လေးကို ကိုင်ပေါက်ချင်စိတ်အား သည်းခံနေရသည်...
"ကျွန်တော့ နာမည် Do kyung Soo "
"Ok Ok ကိုယ့်နာမည်က Kim Jongin "
လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးတော့
kyung soo က သူ့လက်ကို စိုက်ကြည့်ကာ ဖယ်ချပစ်သည်...
"Kyung Soo ဖုန်းနံပါတ်ပေးထား "
"ဖုန်းမရှိဘူး... ပြောစရာရှိရင် အိမ်ရောက်မှပြော "
စက်ဘီးကို ယူပြီးနင်းထွက်သွားတဲ့ Kyung Soo ကို ပြေးဆွဲပီး ထိုးချင်စိတ်က ထပ်ပေါ်လာပြန်၏...
စခန်းမှာဆို Jongin ကို ဒီလို မထီမဲ့မြင်ဆက်ဆံမိရင် အသက်နဲ့ခန္ဓာအိုးစားကွဲနိုင်ပေသည်...
ဒီကောင်လေးက ဘာမှ မသိသူမို့ သည်းခံ..............
နဖူးပေါ်မှာကပိုကရိုကျနေတဲ့ ငွေရောင်ဆံသားအချို့ကို ဖွပစ်လိုက်ပြီး အိပ်ယာခင်းကာ ခရီးပန်းလာသမျှကို ပြေပျောက်ပစ်လိုက်သည်.......
~TBC
Daily update ⊙0⊙
မကောင်းဘူးဆိုတာ သိတယ်....
ဖြည်းဖြည်းချင်းသွားပြီး ဇာတ်ရှိန်မြှင့်မယ်လေနော်.....
စောင့်နေမယ်မလား...သည်းခံဖတ်ကြည့်ပေးနော်..