ဘုရင့္​ကိုယ္​လုပ္​​ေတာ္​အား ခ...

By Hanashiro_196

2.8M 244K 8.5K

BOOK 1 Chinese story written in English by Original Author -skies- English Name - Stealing The Emperor's Male... More

Chapter - 1 (Zawgyi & Unicode)
Chapter - 2 (Zawgyi & Unicode)
Chapter - 3 (Zawgyi & Unicode)
Chapter - 4 (Zawgyi & Unicode)
Chapter - 5 (Zawgyi & Unicode)
Chapter - 6 (Zawgyi & Unicode)
Chapter - 7 (Zawgyi & Unicode)
Chapter - 8 (Zawgyi & Unicode)
Chapter - 9 (Zawgyi & Unicode)
Chapter - 10 (Zawgyi & Unicode)
Chapter - 11 (Zawgyi & Unicode)
Chapter - 12 (Zawgyi & Unicode)
Chapter - 13 (Zawgyi & Unicode)
Chapter - 14 (Zawgyi & Unicode)
Chapter - 15 (Zawgyi & Unicode)
Chapter - 16 (Zawgyi & Unicode)
Chapter - 17 (Zawgyi & Unicode)
Chapter - 18 (Zawgyi & Unicode)
Chapter - 19 (Zawgyi & Unicode)
Chapter - 20 (Zawgyi & Unicode)
Chapter - 21 (Zawgyi & Unicode)
Chapter - 22 (Zawgyi & Unicode)
Chapter - 23 (Zawgyi & Unicode)
Chapter - 24 (Zawgyi & Unicode)
Chapter - 25 (Zawgyi & Unicode)
Chapter - 26 (Zawgyi & Unicode)
Chapter - 27 (Zawgyi & Unicode)
Chapter - 28 (Zawgyi & Unicode)
Chapter - 29 (Zawgyi & Unicode)
Chapter - 30 (Zawgyi & Unicode)
Chapter - 31 (Zawgyi & Unicode)
Chapter - 32 (Zawgyi & Unicode)
Chapter - 33 (Zawgyi & Unicode)
Chapter - 34 (Zawgyi & Unicode)
Chapter - 35 (Zawgyi & Unicode)
Chapter - 36 (Zawgyi & Unicode)
Chapter - 38 (Zawgyi & Unicode)
Chapter - 39 (Zawgyi & Unicode)
Chapter - 40 (Zawgyi & Unicode)
Chapter - 41 (Zawgyi & Unicode)
Chapter - 42 (Zawgyi & Unicode)
Chapter - 43 (Zawgyi & Unicode)
Chapter - 44 (Zawgyi & Unicode)
Chapter - 45 (Zawgyi & Unicode)
Chapter - 46 (Zawgyi & Unicode)
Chapter - 47 (Zawgyi & Unicode)
Chapter - 48 (Zawgyi & Unicode)
Chapter - 49 (Zawgyi & Unicode)
Chapter - 50 (Zawgyi & Unicode)
Chapter - 51 (Zawgyi & Unicode)
Chapter - 52 (Zawgyi & Unicode)
Chapter - 53 (Zawgyi & Unicode)
Chapter - 54 (Zawgyi & Unicode)
Chapter - 55 (Zawgyi & Unicode)
Chapter - 56 (Zawgyi & Unicode)
Chapter - 57 (Zawgyi & Unicode)
Chapter - 58 (Zawgyi & Unicode)
Chapter - 59 (Zawgyi & Unicode)
Chapter - 60 (Zawgyi & Unicode)
Chapter - 61 (Zawgyi & Unicode)
Chapter - 62 (Zawgyi & Unicode)
Chapter - 63 (Zawgyi & Unicode)
Chapter - 64 (Zawgyi & Unicode)
Chapter - 65 (Zawgyi & Unicode)
Chapter - 66 (Zawgyi & Unicode)
Chapter - 67 (Zawgyi & Unicode)
Chapter - 68 (Zawgyi & Unicode)
Chapter - 69 (Zawgyi & Unicode)
Chapter - 70 (Zawgyi & Unicode)
Chapter - 71 (Zawgyi & Unicode)
Chapter - 72 (Zawgyi & Unicode)
Chapter - 73 (Zawgyi & Unicode)
Final Chapter (Zawgyi & Unicode)
Special For U
Announcement
Book 2 Announcement

Chapter - 37 (Zawgyi & Unicode)

30.1K 3K 81
By Hanashiro_196

●●●Zawgyi●●●

႐ွန္​း အခန္​းထဲတြင္​ ....

သံပတ္​အ႐ုပ္​​ေလးႏွင္​့ ​ေပ်ာ္​ရႊင္​စြာ ​ေဆာ့​ေန​ေသာ အိုက္​႐ွင္​း ကို ႐ွန္​း ၾကည္​့​ေနလ်က္​ အိုက္​႐ွင္​း ​ေ႐ွ႕သို႔ ​ေလ်ွာက္​သြားၿပီး ကိုယ္​ကိုကိုင္​းလိုက္​ကာ ....

"ယုန္​​ေလး ... အဲဒီအ႐ုပ္ကို ႀကိဳက္​လား"

အိုက္​႐ွင္​း ​​ေတာက္​ပ​ေသာ အျပံဳးႏွင္​့ ​ေခါင္​းညိတ္​ျပၿပီး ....

"႐ွန္​း လည္​း ​ေဆာ့မလား ... အရမ္​း​ေပ​်ာ္​စရာ​ေကာင္​းတယ္​"

"ဟား ... ဟား ... မ​ေဆာ့​ေတာ့ပါဘူး ... ယုန္​​ေလး႐ွိ​ေနၿပီးသားကို .."

အိုက္​႐ွင္​း မယံုသကၤာႏွင္​့ ၾကည္​့လိုက္​ၿပီး ....

"တကယ္​လား ... ကြၽန္​​ေတာ္​လည္​း မ​ေတြ႔ပါလား .. လိမ္​​ေနတာမလား"

(T/N : သူ႔ကို​ေျပာ​ေနတာကို မသိ႐ွာဘူး :P)

႐ွန္​း သ​ေဘာက်စြာ ရယ္​လိုက္​ၿပီး ....

"မင္​းကို​ေတာ့ လံုးဝမလိမ္​ပါဘူးကြာ"

အိုက္​႐ွင္​း အျမန္​ပင္​ မတ္​တပ္​ရပ္​လိုက္​ၿပီး တက္​ႂကြစြာ ​ေမး​ေလသည္​။

"ဒါဆို ကြၽန္​​ေတာ္​ ၾကည္​့လို႔ရမလား"

႐ွန္​း လည္​း ရယ္​လိုက္​ကာ ...

"တကယ္​့ယုန္​​ေလး ျပ​ေပးရင္​​ေရာ ရမလား"

ထိုအခါ အိုက္​႐ွင္​း ​ေပ်ာ္​ရႊင္​စြာ ​ေခါင္​းညိတ္​ျပ​ေလသည္​။

​ေတာ္​ဝင္​ဥယ်ာဥ္​ထဲတြင္​ ​ေသတၱာငယ္​ပံုစံတို႔ကို တပ္​ဆင္​​ေန​ေသာ ႐ွန္​း ကို အိုက္​႐ွင္​း ၾကည္​့​ေနရင္​း ....

"ဘာလုပ္​​ေနတာလဲဟင္​"

အိုက္​႐ွင္​း ​ေမးသည္​ကို ႐ွန္​း ျပန္​မ​ေျဖဘဲ ျပံဳးသာျပံဳးျပ​ေလသည္​။

​ေထာင္​​ေခ်ာက္​တို႔ကို ​ေသခ်ာတပ္​ဆင္​ၿပီး​ေနာက္​ ႐ွန္​း ​ေပ်ာ္​ရႊင္​စြာ အိုက္​႐ွင္​း ဆီကို လမ္​း​ေလ်ွာက္​လာၿပီး ​ေျမျပင္​​ေပၚမွ ​ေပြ႔ခ်ီလိုက္​​ေလသည္​။

"႐ွန္​း ... ကြၽန္​​ေတာ္​့ကို ယုန္​​ေလး​ေတြျပ​မယ္​ဆို .... အခု ဘယ္​ကို​ေခၚသြားမလို႔လဲ"

႐ွန္​း ျပံဳးလိုက္​ကာ ...

"ယုန္​​ေလး ... နာရီပိုင္​း​ေလာက္​​ေစာင္​့ၿပီးရင္​ သူတို႔ကို ​ေတြ႔ရလိမ္​့မယ္​"

နာရီအနည္​းငယ္​ ၾကာၿပီး​ေနာက္​တြင္​ ႐ွန္​း ႏွင္​့ အိုက္​႐ွင္​း တို႔ ဥယ်ာဥ္​ထဲသို႔ ျပန္​လာၾကၿပီး ​ေထာင္​​ေခ်ာက္​​ေသတၱာငယ္​အနား ​ေရာက္​လာသည္​့အခါ အထဲမွ လႈပ္​႐ွားသံတို႔ကို အိုက္​႐ွင္​း ၾကားလိုက္​ရသျဖင္​့ ​ေသတၱာငယ္​ကို ၫႊန္​ျပလိုက္​ၿပီး ....

"႐ွန္​း ... အထဲမွာ ယုန္​​ေလး​ေတြ႐ွိ​ေနၿပီထင္​တယ္​ !!"

အလြန္​​ေပ်ာ္​​ေန​ေသာ အိုက္​႐ွင္​း ​ေၾကာင္​့ ႐ွန္​း လည္​း ရယ္​လိုက္​ၿပီး ​ေသတၱာငယ္​ကို ဖြင္​့ကာ အထဲမွ ယုန္​ျဖဴ​ေလးတစ္​​ေကာင္​ကို ဆြဲထုတ္​လိုက္​​ေလသည္​။

႐ွန္​း လက္​ထဲမွ​ေသးငယ္​​ေသာအရာ​ေလး​ေၾကာင္​့ အိုက္​႐ွင္​း မ်က္​ဝန္​းမ်ားက်ယ္​သြားၿပီး အလြန္​​ေတာက္​ပသည္​့အျပံဳးလည္​း ျဖစ္​​ေပၚ​လာ​ေလသည္​။

"႐ွန္​း ... ကြၽန္​​ေတာ္​ ခ်ီၾကည္​့လို႔ရမလား"

႐ွန္​း လည္​း ျပံဳးလ်က္​ပင္​၊ ယုန္​ျဖဴ​ေလးႏွင္​့ မုန္​လာဥနီအနည္​းငယ္​ကို အိုက္​႐ွင္​း လက္​ထဲ ကမ္​း​ေပးလိုက္​​ေလသည္​။

အလြန္​​ေသးကာခ်စ္​စရာ​ေကာင္​း​ေသာ သတၱဝါ​ေလးမွာ ႏူးညံ့​ေနသျဖင္​့ အိုက္​႐ွင္​း လည္​း ​အလြန္​​ေပ်ာ္​​ေန​ေတာ့သည္​။

​ေပ်ာ္​​ေနသည္​့ အိုက္​႐ွင္​း ကို ၾကည္​့​ေနရင္​း ႐ွန္​း ကိုယ္​ကို​ေစာင္​းလိုက္​ကာ အျပံဳးႏွင္​့ ညင္​သာစြာ ​ေမး​ေလသည္​။

"ယုန္​​ေလး ... သ​ေဘာက်လား"

အိုက္​႐ွင္​း တလက္​လက္​​ေတာက္​​ေန​ေသာ မ်က္​ဝန္​းတို႔ႏွင္​့ ၾကည္​့လိုက္​ၿပီး ​ေခါင္​းညိတ္​ျပ​ေလသည္​။

"ယုန္​​ေလး ... ​ေမြးထားခ်င္​လား"

႐ွန္​း အ​ေျပာကို ၾကားၿပီး အိုက္​႐ွင္​း မ်က္​လံုးတို႔က်ယ္​သြားကာ စဥ္​းစားလိုက္​​ေသာ္​လည္​း အ​ေတြးတို႔ကို ဖယ္​ထုတ္​လိုက္​ကာ စိတ္​မပါစြာျဖင္​့ ....

"မျဖစ္​ဘူး ... သူ႔မိဘ​ေတြကို လြမ္​း​ေနလိမ္​့မယ္​ ... ၿပီး​ေတာ့ သူ႔မိဘ​ေတြလည္​း သူ႔ကို လြမ္​း​ေနၾကမွာ"

အိုက္​႐ွင္​း စကား​ေၾကာင္​့ ႐ွန္​း မ်က္​ဝန္​းတို႔ ႏူးညံ့မႈအျဖစ္​​ေျပာင္​းသြားၿပီး အိုက္​႐ွင္​း ျမတ္​ႏိုးစြာ ျပံဳးျပကာ အ​ခ်ိန္​အ​ေတာ္​ၾကာ​ေအာင္​ ဖက္​ထားရင္​း အိုက္​႐ွင္​း နဖူး​ကို ႏႈတ္​ခမ္​းတို႔ျဖင္​့ ယုယစြာ ဖိကပ္​ထား​ေလသည္​။

ခ်စ္​စရာယုန္​ျဖဴ​ေလးႏွင္​့အတူ ​ေဆာ့ကစားၿပီး အစား​ေကြၽးၿပီး​ေနာက္​ ​ျမက္​ခင္​း​ေပၚသို႔ ညင္​သာစြာ ခ်​ေပးလိုက္​ရင္​း ခုန္​ဆြခုန္​ဆြႏွင္​့ ထြက္​သြားသည္​ကို အိုက္​႐ွင္​း ျပံဳးလ်က္​ ၾကည္​့​ေန​ေလသည္​။

T/N :....

ယုန္​​ေပါက္​က​ေလးႏွင္​့​ေဆာ့​ေန​ေသာ ယုန္​​ေလး .... ျမင္​​ေယာင္​ၾကည္​့ရင္​း အသည္​း​ေတြယား ...

ဒီ​ေန႔အတြက္​ တကယ္​​ေတာင္​းပန္​ပါတယ္​ ... Giveawayပြဲ သြားလိုက္​တာ​ေၾကာင္​့ ​ေန႔လယ္​ဘက္​ update မလုပ္​ျဖစ္​လိုက္​ဘူး ... အခုညလည္​း ​ေလ့က်င္​့စရာ႐ွိ​ေနလို႔ တစ္​ပိုင္​းပဲ တင္​​ေပးႏိုင္​​ေတာ့မယ္​ ... ဒီၾကားထဲမွာ update မမွန္​ခဲ့ရင္​ တစ္​ပတ္​ေလးပဲ​ ​ေစာင္​့​ေပးပါ​ေနာ္​ ... ပြဲၿပီးရင္​ ပံုမွန္​အတိုင္​းျဖစ္​​ေစရပါမယ္​ ...

¤¤¤¤¤¤¤¤¤¤¤¤¤¤¤

●●●Unicode●●●

ရှန်း အခန်းထဲတွင် ....

သံပတ်အရုပ်လေးနှင့် ပျော်ရွှင်စွာ ဆော့နေသော အိုက်ရှင်း ကို ရှန်း ကြည့်နေလျက် အိုက်ရှင်း ရှေ့သို့ လျှောက်သွားပြီး ကိုယ်ကိုကိုင်းလိုက်ကာ ....

"ယုန်လေး ... အဲဒီအရုပ်ကို ကြိုက်လား"

အိုက်ရှင်း တောက်ပသော အပြုံးနှင့် ခေါင်းညိတ်ပြပြီး ....

"ရှန်း လည်း ဆော့မလား ... အရမ်းပျော်စရာကောင်းတယ်"

"ဟား ... ဟား ... မဆော့တော့ပါဘူး ... ယုန်လေးရှိနေပြီးသားကို .."

အိုက်ရှင်း မယုံသင်္ကာနှင့် ကြည့်လိုက်ပြီး ....

"တကယ်လား ... ကျွန်တော်လည်း မတွေ့ပါလား .. လိမ်နေတာမလား"

(T/N : သူ့ကိုပြောနေတာကို မသိရှာဘူး :P)

ရှန်း သဘောကျစွာ ရယ်လိုက်ပြီး ....

"မင်းကိုတော့ လုံးဝမလိမ်ပါဘူးကွာ"

အိုက်ရှင်း အမြန်ပင် မတ်တပ်ရပ်လိုက်ပြီး တက်ကြွစွာ မေးလေသည်။

"ဒါဆို ကျွန်တော် ကြည့်လို့ရမလား"

ရှန်း လည်း ရယ်လိုက်ကာ ...

"တကယ့်ယုန်လေး ပြပေးရင်ရော ရမလား"

ထိုအခါ အိုက်ရှင်း ပျော်ရွှင်စွာ ခေါင်းညိတ်ပြလေသည်။

တော်ဝင်ဥယျာဉ်ထဲတွင် သေတ္တာငယ်ပုံစံတို့ကို တပ်ဆင်နေသော ရှန်း ကို အိုက်ရှင်း ကြည့်နေရင်း ....

"ဘာလုပ်နေတာလဲဟင်"

အိုက်ရှင်း မေးသည်ကို ရှန်း ပြန်မဖြေဘဲ ပြုံးသာပြုံးပြလေသည်။

ထောင်ချောက်တို့ကို သေချာတပ်ဆင်ပြီးနောက် ရှန်း ပျော်ရွှင်စွာ အိုက်ရှင်း ဆီကို လမ်းလျှောက်လာပြီး မြေပြင်ပေါ်မှ ပွေ့ချီလိုက်လေသည်။

"ရှန်း ... ကျွန်တော့်ကို ယုန်လေးတွေပြမယ်ဆို .... အခု ဘယ်ကိုခေါ်သွားမလို့လဲ"

ရှန်း ပြုံးလိုက်ကာ ...

"ယုန်လေး ... နာရီပိုင်းလောက်စောင့်ပြီးရင် သူတို့ကို တွေ့ရလိမ့်မယ်"

နာရီအနည်းငယ် ကြာပြီးနောက်တွင် ရှန်း နှင့် အိုက်ရှင်း တို့ ဥယျာဉ်ထဲသို့ ပြန်လာကြပြီး ထောင်ချောက်သေတ္တာငယ်အနား ရောက်လာသည့်အခါ အထဲမှ လှုပ်ရှားသံတို့ကို အိုက်ရှင်း ကြားလိုက်ရသဖြင့် သေတ္တာငယ်ကို ညွှန်ပြလိုက်ပြီး ....

"ရှန်း ... အထဲမှာ ယုန်လေးတွေရှိနေပြီထင်တယ် !!"

အလွန်ပျော်နေသော အိုက်ရှင်း ကြောင့် ရှန်း လည်း ရယ်လိုက်ပြီး သေတ္တာငယ်ကို ဖွင့်ကာ အထဲမှ ယုန်ဖြူလေးတစ်ကောင်ကို ဆွဲထုတ်လိုက်လေသည်။

ရှန်း လက်ထဲမှသေးငယ်သောအရာလေးကြောင့် အိုက်ရှင်း မျက်ဝန်းများကျယ်သွားပြီး အလွန်တောက်ပသည့်အပြုံးလည်း ဖြစ်ပေါ်လာလေသည်။

"ရှန်း ... ကျွန်တော် ချီကြည့်လို့ရမလား"

ရှန်း လည်း ပြုံးလျက်ပင်၊ ယုန်ဖြူလေးနှင့် မုန်လာဥနီအနည်းငယ်ကို အိုက်ရှင်း လက်ထဲ ကမ်းပေးလိုက်လေသည်။

အလွန်သေးကာချစ်စရာကောင်းသော သတ္တဝါလေးမှာ နူးညံ့နေသဖြင့် အိုက်ရှင်း လည်း အလွန်ပျော်နေတော့သည်။

ပျော်နေသည့် အိုက်ရှင်း ကို ကြည့်နေရင်း ရှန်း ကိုယ်ကိုစောင်းလိုက်ကာ အပြုံးနှင့် ညင်သာစွာ မေးလေသည်။

"ယုန်လေး ... သဘောကျလား"

အိုက်ရှင်း တလက်လက်တောက်နေသော မျက်ဝန်းတို့နှင့် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလေသည်။

"ယုန်လေး ... မွေးထားချင်လား"

ရှန်း အပြောကို ကြားပြီး အိုက်ရှင်း မျက်လုံးတို့ကျယ်သွားကာ စဉ်းစားလိုက်သော်လည်း အတွေးတို့ကို ဖယ်ထုတ်လိုက်ကာ စိတ်မပါစွာဖြင့် ....

"မဖြစ်ဘူး ... သူ့မိဘတွေကို လွမ်းနေလိမ့်မယ် ... ပြီးတော့ သူ့မိဘတွေလည်း သူ့ကို လွမ်းနေကြမှာ"

အိုက်ရှင်း စကားကြောင့် ရှန်း မျက်ဝန်းတို့ နူးညံ့မှုအဖြစ်ပြောင်းသွားပြီး အိုက်ရှင်း မြတ်နိုးစွာ ပြုံးပြကာ အချိန်အတော်ကြာအောင် ဖက်ထားရင်း အိုက်ရှင်း နဖူးကို နှုတ်ခမ်းတို့ဖြင့် ယုယစွာ ဖိကပ်ထားလေသည်။

ချစ်စရာယုန်ဖြူလေးနှင့်အတူ ဆော့ကစားပြီး အစားကျွေးပြီးနောက် မြက်ခင်းပေါ်သို့ ညင်သာစွာ ချပေးလိုက်ရင်း ခုန်ဆွခုန်ဆွနှင့် ထွက်သွားသည်ကို အိုက်ရှင်း ပြုံးလျက် ကြည့်နေလေသည်။

T/N :....

ယုန်ပေါက်ကလေးနှင့်ဆော့နေသော ယုန်လေး .... မြင်ယောင်ကြည့်ရင်း အသည်းတွေယား ...

ဒီနေ့အတွက် တကယ်တောင်းပန်ပါတယ် ... Giveawayပွဲ သွားလိုက်တာကြောင့် နေ့လယ်ဘက် update မလုပ်ဖြစ်လိုက်ဘူး ... အခုညလည်း လေ့ကျင့်စရာရှိနေလို့ တစ်ပိုင်းပဲ တင်ပေးနိုင်တော့မယ် ... ဒီကြားထဲမှာ update မမှန်ခဲ့ရင် တစ်ပတ်လေးပဲ စောင့်ပေးပါနော် ... ပွဲပြီးရင် ပုံမှန်အတိုင်းဖြစ်စေရပါမယ် ...

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

Continue Reading

You'll Also Like

23.7K 1.9K 9
အခ်စ္က သိပ္ဆန္းျကယ္တယ္
152K 1.7K 2
ကျွန်​တော် သူ့ဆီက​နေ ထွက်​သွားခဲ့တယ် ။သို့​​သော် ကျွန်​တော် ကိုယ်တိုင်ပဲ ပြန်လာခဲ့တယ် ။ ဒိတစ်ခါ​တော့အရင်လို သူ့ အသည်းကို ထပ်ခွဲဖို့ မဟုတ် ........ က...
892K 133K 130
Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်ရုံသာမက အချစ်ကို မယုံက...
107K 13.9K 49
Another work of mine...