ဒီနေ့လဲသူ မငြင်းနိုင်ခဲ့။
ကောင်လေးရဲ့ဖိတ်ခေါ်ချက်ကို သူဘယ်တော့မှ
မငြင်းနိုင်ခဲ့။
နေရာကတော့ ကော်ဖီဆိုင်။ထူးထူးဆန်းဆန်း
ညနေခင်းကြိီးကို။
ကောင်လေးကအိမ်ကိုသာအလည်ခေါ်တတ်
သည်။ဒီလိုမျိုးတခါမှ ဆိုင်မထိုင်ဖူး။
အလွန်ဆုံးသွားဖူးသည်ဆို၍ ဆည်ကိုပတ်၍
ဆောက်လုပ်ထားသော ပြေးလမ်းလေးမှာ
နှစ်ယောက်တွဲလျှောက်ဖူးသည်သာ။
ဧကန္တတော့ သူ ရိုမန်တစ်ဆန်ချင်လို့လား။
ဒါဆိုရင် သူငါ့ကိုများ.....
အတွေးနှင့်ပင် ရင်ခုန်သံတွေမြန်လာသည်။
ဆိုင်ထဲရောက်တော့ စားပွဲတစ်လုံးမှာထိုင်နေ
သည့်ကောင်လေးမှ။သူကလွဲပြီး အခြား
Customersတစ်ယောက်မှမရှိ။
သူကလက်ယပ်ခေါ်နေလေတော့ မျက်လွှာ
လေးကို အသာချကာ စားပွဲဆီလျှောက်
သွားလိုက်သည်။
ကော်ဖီခွက်ချထားသည်ကို ကြည့်လိုက်တော့
သူအမြဲသောက်တတ်သည့် Cappuccino။
အလိုက်သိတတ်ပေခြင်း။
ရုတ်တရက်သူတို့နားကို စန္ဒယားအဖွဲ့တစ်ဖွဲ့
ရောက်လာကာ All of meသီချင်းကိုတီးခတ်
နေသည်။
သူအရှက်ပြေ ကော်ဖီငုံ့သောက်လိုက်တော့
ပါးစပ်ထဲ ကြိုးတစ်ချောင်းရောက်နေသည်။
ထွေးထုတ်လိုက်တော့ စိန်ဆွဲကြိုးလေး။
ကောင်လေးကသူ့လက်ကို ကိုင်ကာ နှစ်ကိုယ်
ကြားရုံမျှ အသံနှင့် တည်ငြိမ်စွာပြောလာသည်။
"ကိုယ်မင်းကိုချစ်တယ် Yoona စတွေ့ကတည်း
ကချစ်နေခဲ့တာ မင်းရောကိုယ့်ကို ပြန်ချစ်နိုင်
မလား"
လေဟာနယ်ထဲရောက်သွားသလို သူ့တကိုယ်
လုံး ပေါ့ပါးသွားသည်။ကြယ်တပွင့်အလား
တောက်ပနေသည့် ကောင်လေးမျက်ဝန်းများက
သူ့ရင်ထဲထိုးဖောက်နေသလို။
ပြီးတော့ကြည်နူးခြင်းပေပဲလား ပီတိတစ်မျိုးကို
သူရရှိလိုက်သည်။ဒါအချစ်ပေပဲလား။
ဟုတ်တာပေါ့ ဒါအချစ်ပေါ့။
ဒါဆို Yuri။Yuriကရော။
Yoonaရဲ့ ကလေးလေးကရော။
ကလေးကကြိုးပေါ့။သံယောဇဉ်ဆိုတဲ့ကြိုး။
ထိုကြိုးကိုသူခေါင်းစဉ်တပ်မှားခဲ့တာ။
အချစ်ဆိုတာ သူ့ရင်ထဲမှာကြိုးတစ်ချောင်းပဲရှိခဲ့လို့ အဲ့ဒီ့ကြိုးလေးကို သူလက်လွှတ်မခံနိုင်ခဲ့
တာ။ခုဒီကြိုးက သူ့နှလုံးသားလေးကို ရစ်ပတ်
လိုက်ပြီလေ။ကောင်လေးကမှ သူ့ရဲ့အချစ်စစ်
ပေါ့။တကိုယ်ကောင်းဆန်တဲ့အတွေးဆိုပေ
မယ့် မှန်နေတာပဲလေ။
ဒါပေမယ့် Yuriမှာ သူတစ်ယောက်ပဲကျန်
တော့တာလေ။အို ခုနေတော့ဒီတိုင်းနေရုံပဲ
ပေါ့။နောက်တော့သူလဲ သူတကယ်ချစ်တဲ့သူ
တွေ့သွားပါလိမ့်မယ်။ပြိီးတော့ သူ့အချစ်ကို
ဘယ်လိုယုံရမှာလဲ။Siwonနဲ့လဲဘယ်အဆင့်
တွေတောင် ရောက်ခဲ့ပြီမှန်းမသိဘူး။
မဟုတ်တာ။Yuriကအဲ့လောက်အောက်တန်း
မကျ ပါဘူး။မာနလဲရှိတယ်။
မာနရှိလို့ပဲ သူပေးတဲ့အကူအညီမယူခဲ့တာ
မလား။
ဟာ Yuriကသူ့ကိုတကယ်မချစ်ပါဘူး။
သူ့အပေါ်လုပ်ချင်တိုင်းလုပ်လို့ရနေလို့ တွယ်
ကပ်နေတာ။အမ် အမှန်ဆိုရင်တော့ သူကပဲ
Yuriကို တွယ်ကပ်နေတာပါ။
ထားပါတော့။အခုသူ အချစ်စစ်ကိုတွေ့ပြီလေ။
မျှော့်လင့်ချက်ရောင်ခြည်တွေသန်းနေတဲ့
ကောင်လေးမျက်လုံးကို စိုက်ကြည့်လိုက်ပြီး
ပြုံးပြလိုက်သည်။
"တို့လည်း မင်းကိုချစ်တယ် Seung Gi"
ခွင့်လွှတ်ပါတော့ Yulရယ်။
........................................................................
ဒီကောင်မလေးဘယ်ရောက်နေပာလိမ့်။
ငါးနာရီခွဲလောက်ဆို သူပြန်လာနေကြ။
ခု ၇နာရီထိုးပြီ။သူ့အိမ်များပြန်သွားတာလား။
ဖုန်းလဲစက်ပိတ်ထားတယ်။
ဘာများဖြစ်နေပါလိမ့်။
"Y..u...ri"
သူ ပြန်လာပြီ။ဝမ်းသာအားရတံခါးဝသို့ပြေး
သွားပေမယ့် မြင်ကွင်းကသိပ်မလှ။
သူ အရက်တွေသောက်လာတယ်။
သူ ဘယ်တုန်းကအရက်သောက်ဖူးလို့လဲ။
"Yoong နင်ဘာလို့အရက်တွေသောက်လာတာ
လဲ ဘာတွေစိတ်ညစ်နေလို့လဲ"
Yoonaမှာ မတ်တတ်တောင်ကောင်းကောင်း
မရပ်နိုင်တော့သောကြောင့် Yuriကပဲဝင်ထိန်း
ပေးရသည်။မျက်လုံးများလဲစင်းနေပြီး အသိ
စိတ်လဲရှိပုံမပေါ်။ဘာမှလဲမေးလို့ရမှာမဟုတ်။
အခန်းထဲသို့တွဲခေါ်လာပြိီး အဝတ်အစားလဲ
ပေးကာ အိပ်ရာပေါ်တင်ပေးလိုက်သည်။
အမယ် ဒါတောင်ကောင်းကောင်းမအိပ်။
Yuriကိုဆွဲချပြီး ဖက်ထားသေးတာ။Yuri
မအိပ်ချင်သေးသော်လဲ အိပ်လိုက်ရသည်။
ခနကြာတော့ ရင်ဘတ်နားကစိုစွတ်လာသည်။
ဟင် သူ ငိုနေတာလား။
ရင်ခွင်ထဲက Yoonaမျက်နာလေးကို ဆွဲမော့
လိုက်တော့ မျက်ရည်စီးကြောင်းများ။
အိပ်တော့အိပ်နေတာပါပဲ။အိပ်မက် မက်နေတာ
လား။Yoonaကတော်ရုံတန်ရုံငိုတတ်သူမှ
မဟုတ်တာ။တနေရာရာက နာနေလို့လား။
သူ Yoonaတစ်ကိုယ်လုံးကို
လှည့်ပတ်စစ်ဆေးကြည့်တော့လဲ ဘာဒဏ်ရာ
မှမတွေ့။မနက်ရောက်မှပဲ မေးကြည့်တာ
ကောင်းပါတယ်လေ။
ထို့နောက်တော့ Yuriပါအိပ်မောကျသွားသည်။
"အားးး ခေါင်းကိုက်လိုက်တာ"
ဘေးနားကိုကြည့်လိုက်တော့ ဘယ်သူမှမရှိ။
Yuriအိပ်ရာထသွားပြီထင်တယ်။
မျက်နာသစ်သွားတိုက်ပြီး အောက်ကိုဆင်းလာ
တော့ ဆိုဖာပေါ်ငုတ်တုတ်ထိုင်နေသည့်Yuri။
"ကလေး"
"ဪ Yoong နိုးလာပြီလား လာ မနက်စာ
စားရအောင်"
ထမင်းစားတော့လဲ Yuriကစကားတစ်လုံးမှ
မပြော။မျက်လုံးများကလဲ အသက်မဝင်။
စိတ်တွေလွင့်နေဟန်။
"Yul"
"Yuri..."
"Kwon Yuri!!!!"
"ဟမ် အေး အေး ဘာလဲ"
"နင် ဘာဖြစ်နေတာလဲ "
".........."
"Yuri ဘာဖြစ်နေတာလဲလို့"
"နင်မနေ့ကဘာလို့အရက်တွေသောက်လာ
တာလဲ"
"အဲ့ အဲ့ဒါက သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့
သူတိုက်လိုက်တာ"
"နင် မနေ့က ငို တယ်"
"ဟုတ်လား ငါမသိလိုက်ဘူး"
Yuriမျက်ဝန်းတွေကို ရင်မဆိုင်ရဲစွာအကြည့်
လွှဲလိုက်သည်
"အိပ်မက်ဆိုးတွေ မက်နေလို့လား"
"ဟုတ်လိမ့်မယ် မမှတ်မိတော့ဘူး"
"ယောင်လဲယောင်သေးတယ်"
"ဘယ်လိုယောင်တာလဲ"
"ခွင့်လွှတ်ပါတဲ့"
စားနေစထမင်းလုတ်ပင် မျိုမရတော့။
Yuriကတော့ ဘာမှမဖြစ်သလိုပင်ဆက်ပြော
သည်။
"ဟိုတနေ့က ဆရာပေးလိုက်တဲ့အိမ်စာမပြီး
သေးလို့ စိတ်ပူနေတာလား"
"အာ ဟုတ်မယ် မသိစိတ်ကစိုးရိမ်နေတာ"
"ထမင်းစားပြီးရင် ရေးလိုက်လေ အချိန်မှီပါ
တယ် ငါ့ဆီကကြည့်ရေးလိုက်"
"Imm ကျေးဇူး"
"Yoong"
"ဟင်.."
"နင့် နှုတ်ခမ်းမှာပေနေတယ်"
"ဒီနားလား"
"မဟုတ်ဘူး ဒီဘက်"
"နင် မမြင်ရဘူး လာ ငါလုပ်ပေးမယ်"
Yuri၏ လက်ချောင်းလေးကသူ့နှုတ်ခမ်းပေါ်
ရောက်သွားတော့ ဘာကြောင့်မှန်းမသိရှက်
လာမိသည်။
"Yoona နင့်နှုတ်ခမ်းတွေက အရမ်းပါးတယ်"
".............."
"နှုတ်ခမ်းပါးတဲ့ သူတွေကအင်မတန်ရက်စက်
တယ်တဲ့"
"ဒါဆိုနှုတ်ခမ်းထူတဲ့သူတွေကရော"
"ကြင်နာတတ်တယ်တဲ့"
သူ စိတ်တိုသွားမိသည်။
"ကိုယ့်ဘက်ကိုယက်နေတာလား Yuri"
"အမှန်တရားကိုပြောတာပါ နင်မကျေနပ်ဘူးဆို
ရင် ဖြစ်ရပ်တခုနဲ့ဆုံးဖြတ်ကြည့်ရအောင်
တကယ်လို့ ငါသာနင့်ကိုသစ္စာဖောက်ရင်
နင်ဘယ်လိုလုပ်မလဲ"
Yoona သူ့ကိုအလန့်တကြားကြည့်မိသည်။
သူ ဘာသဘောနဲ့ပြောနေတာလဲ။
မျက်ဝန်းတွေထဲမှာတော့ ဘာအဓိပ္ပါယ်မှ
မတွေ့ရပါဘူး။ဒါဆိုရင် သူSiwonနဲ့များပြန်
တွဲနေတာလား။Yoonaဝမ်းနည်းလာမိသည်။
ဪ မတရားလိုက်တာ။မသေချာပဲ Yuriကို
အထင်မှားနေမိပါလား။တကယ်သစ္စာဖောက်
တာက Yoonaမဟုတ်လား။သို့သော် ပြန်ဖြေ
မိသည့်အဖြေကတော့ မညင်သာပါ။
"နှစ်ယောက်လုံးကို သတ်ပစ်မှာ"
ဘုရား ဘုရား ကိုယ့်ပါးစပ်ကထွက်တဲ့စကားကို
ယုံတောင်မယုံချင်ပါ။Yuriကတော့ နှုတ်ခမ်းကို
မဟတဟဖွင့်ပြီး ပြုံးနေသည်။သူ ဆိုရင်ရော။
ဘယ်လိုလုပ်မှာလဲ။Yoonaမမေးရသေးခင်
Yuriကအဖြေပေးပါသည်။
"ငါကတော့ ထွက်သွားပေးမှာ"
"နင်ငါ့ကို လက်လွှတ်နိုင်တယ်ပေါ့ Yuri"
"ငါအသက်ရှင်နေသရွေ့တော့ လက်မလွှတ်
နိုင်ပါဘူး ငါ့မှာနင်တစ်ယောက်တည်းရှိတဲ့ဟာ
ထွက်သွားပေးမယ်ဆိုတာက ကောင်းကင်ဘုံ
ကို"
"ဟာ အဲ့လိုမပြောပါနဲ့"
"အတည်ပြောတာ ငါ့ကိုမသေစေချင်ရင်
သစ္စာမဖောက်နဲ့Yoona
တောင်းဆိုနေတာမဟုတ်ဘူး သတိပေးနေတာ"
Yoona ခြေလက်တွေတုန်လာသည်။ရင်ထဲလဲ
မီးရထားခုတ်မောင်းနေသလို တဝုန်းဝုန်းနှင့်။
အမ် သူဘာလို့ကြောက်နေရမှာလဲ။
လက်သီးကိုခပ်တင်းတင်းဆုပ်ပြီး Yuriနှင့်
မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။
အလို သူမျက်ရည်တွေဝဲနေပါလား။
"ကလေးဘာလို့ ဒီလိုတွေပြောနေတာလဲ"
"နင့်ကိုစိတ်မချလို့
နင့်ခြေလှမ်းတွေပျက်နေတာငါသိတယ် Seung Giနဲ့ခနခနတွေ့နေတာလဲငါသိတယ် နင်နဲ့ငါနဲ့ကချစ်သူတွေဆိုတာ
သူငယ်ချင်းတွေကလွဲပြိီး ဘယ်သူမှမသိဘူး
မလား သူလဲမသိလောက်ဘူး သူနင့်ကိုကြည့်
နေတဲ့မျက်လုံးတွေကို သဘောမကျ ဘူး
ထားပါတော့ နင့်ဘာသာကြည့်လုပ် အရာအား
လုံး နင့်ပေါ်မှာပဲမူတည်နေတယ် Yoong
သေချာစဉ်းစား ငါသွားနှင့်တော့မယ်"
ကလေး သိ သွား တာ လား။မဟုတ်လောက်ပါ
ဘူး။မဟုတ်ဘူး ကလေးမသိပါစေနဲ့။
ကလေးစိတ်လိုက်မာန်ပါနဲ့ လျှောက်လုပ်လိုက်
ရင်............
Yoona ခေါင်းတချက်သပ်လိုက်ပြီး Taeyeon
ဆီဖုန်းဆက်လိုက်သည်။သူ အကူအညီလို
နေပြီ။
.................................................................
"ဒါဆို နင်က လှေနံနှစ်ဖက်နင်းနေတာပေါ့"
အံကြိတ်သံတစ်ဝက်နဲ့ပြောလာသော Taeyeon
ကို Yoona စေ့စေ့ကြည့်လိုက်သည်။
" လောလောဆယ်တော့ ဟုတ်တယ်Tae
ဒါပေမယ့်ငါ့ကိုယ်ငါမသိဘူး ငါဘယ်သူ့
ကိုချစ်တာလဲ ဆိုတာမဆုံးဖြတ်တတ်ဘူး
မှားနေမှန်းတော့သိပါတယ် ငါလေ ငါ နင်တို့ကို
မျက်နာချင်းမဆိုင်ရဲပါဘူး အဲ့တာကြောင့်လဲ
နင့်တစ်ယောက်ထဲခေါ်ပြီး တိုင်ပင်တာ
ငါ ဘယ်လိုလုပ်ရမလဲ Taeyeonရယ်"
Taeyeonကစိတ်ပျက်ဟန်ဖြင့် မျက်နာလွှဲ
လိုက်ပြီး ကော်ဖီကိုခပ်ကြမ်းကြမ်းသောက်
လိုက်သည်။Yoonaမျက်နာကိုကြည့်ချင်စိတ်
မရှိ။သူ ဘယ်လိုလုပ်ရက်ရတာလဲ။
Yuriအပေါ်သေမတတ်ချစ်တယ်ပြောပြီးတော့
မှ........
အင်း ဖြစ်တတ်ပါတယ်။ကိုယ်ချင်းစာကြည့်
တော့နည်းလမ်းကို ရှာတွေ့လာသလိုပဲ။
ကိုယ့်ကိုအားကိုးတကြီးကြည့်နေတဲ့ Yoona
ကို အေးချမ်းသောအပြုံးလေးပြုံးပြလိုက်
သည်။ထိုအခါမှပင် Yoonaမျက်ဝန်းတွေက
အားတက်လာဟန် တောက်ပသွားသည်။
"နင် Yuriမရှိပဲ နေနိုင်လား"
"ငါ မသိဘူး Tae"
"အဲ့တာဆို နေကြည့်လေ"
"ဖြစ်.... ဖြစ်ပါ့မလား Yuriကပုံမှန်မှမဟုတ်တာ
ငါ မရှိတုန်းထမင်းမစားရင်ရော၊ဆေးမသောက်
ရင်ရော၊ကောင်းကောင်းမအိပ်ရင်ရော"
"အဲ့လောက်စိတ်ပူနေရင်Seung Gi နဲ့
လမ်းခွဲလိုက်"
"ဟမ်...မဖြစ်ဘူး!!! ဘာလို့လမ်းခွဲရမှာလဲ
မခွဲနိုင်ပါဘူး"
"နင့်ရင်ထဲကို နင်မြင်အောင်ကြည့်စမ်းဟာ"
"ငါ Yuriနဲ့ ခနခွဲနေကြည့်မယ် ဒါပေမယ့် ငါသူ့ကိုမပြောရဲဘူး နင်ပြောပေးပါလား"
Taeခေါင်းသာညိတ်ပြပြီး ဆိုင်ထဲကထွက်လာ
ခဲ့သည်။Yuri ကိုသူ ဘယ်လိုပြောထွက်မှာလဲ။
အရမ်းကြီးမရင်းနှီးပေမယ့် ခင်မင်စိတ်တော့ရှိ
ပါသည်။ပြီးတော့ Yoona၏လုပ်ရပ်အတွက်
အားနာမိသည်။Yoonaပြောပုံအရဆိုရင်
Yuriသိသွားရင် တခုခုမကောင်းတာများဖြစ်
လေမလား။အို ဘာမှမဖြစ်ရပါဘူး။
Yoonaလဲယောက်ျားတစ်ယောက်အပေါ်မှာ
သာယာသွားရုံသက်သက်ပါ။
သူ စိတ်ပြန်လည်အောင် စောင့်ဖို့ပဲလိုတာပါ။
Taeyeon တစ်ယောက်
သက်ပြင်းကိုသာ အခါခါချနေမိလေသည်။
To be continue