●●●Zawgyi●●●
ဧကရာဇ္အသစ္ နန္းတက္ခဲ့သည္မွာ တစ္ပတ္ေက်ာ္ၾကာခဲ့ေသာ္လည္း ႐ွန္း အခုထိ အမိန္႔ျပန္တမ္းမ်ားကို ထုတ္ျပန္ခဲ့ျခင္း မ႐ွိေသးေပ။ ယခုအခ်ိန္ထိ အိုက္႐ွင္း ႏွင့္အတူ အေဆာင္ေတာ္တြင္ အခ်ိန္ကုန္ဆုံုးေစသည္။
နန္းတြင္းအမတ္တို႔က ညီလာခံတက္ေရာက္ရန္အတြက္ ဆင့္ေခၚသူမ်ားလႊတ္ခဲ့ေသာ္လည္း ဝင္ခြင့္မရခဲ့ၾကေပ။ ထို႔ေၾကာင့္ ႐ွန္း ၏အေဆာင္သို႔ ဝင္ခြင့္ရသည့္ က်န္း႐ွီ ကိုသာ ဧကရာဇ္ကို ေခၚေပးရန္ ေျပာၾကေလသည္။
(T/N: ႐ွန္း က ဘုရင္ျဖစ္သြားၿပီေနာ္)
က်န္း႐ွီ ျငင္းဆန္ခ်င္ေသာ္လည္း အျခားသူဆိုလ်ွင္ ႐ွန္း စိတ္အေႏွာင့္အယွက္ျဖစ္လိမ့္မည္ကိုသိသျဖင့္ သေဘာတူခဲ့သည္။
က်န္း႐ွီ လာခဲ့သည့္အခါ ဥယ်ာဥ္ငယ္ထဲတြင္ ေရႊငါးမ်ားကို အစားေကြၽးေနေသာ အိုက္႐ွင္း ကို ထိုင္လ်က္ၾကည့္ေနသည့္ ႐ွန္း ကို ေတြ႔သည့္အခါ ျပံဳးလိုက္ၿပီး ေျပးလာခဲ့ေလသည္။
"႐ွန္း ... အာ.. အခုေတာ့ အ႐ွင္မင္းႀကီးေပါ့ ... အမတ္တို႔က ဒီညေနညီလာခံတက္ဖို႔ ခြင့္ေတာင္းလာၾကတယ္"
အိုက္႐ွင္း ထံမွ အၾကည့္ကိုမလြဲဘဲႏွင့္ ....
"ဘုရင့္ကိစၥေတြကို ငါေလ့လာဖို႔လိုေသးတယ္ ၿပီးေတာ့ ဒီညမအားဘူးလို႔ ေျပာလိုက္"
က်န္း႐ွီ အျပံဳးမွာပိုမိုႀကီးမားလာၿပီး ...
"အ႐ွင္မင္းႀကီး ... နန္းတြင္းကိစၥေတြကိုကိုင္တြယ္ရမွာ မင္းႀကီးတာဝန္ပဲေလ ... အိုက္႐ွင္း အတြက္က စိတ္မပူပါနဲ႔ .. ကြၽန္ေတာ္မ်ိဳး ေစာင့္ေ႐ွာက္ေပးပါ့မယ္"
မ်က္လံုးတစ္ဖက္မွိတ္ျပကာ ႐ုပ္ေျပာင္လ်က္ေျပာေလသည္။
က်န္း႐ွီ ကို ႐ွန္း မ်က္လံုးစူးတို႔ျဖင့္ ၾကည့္လိုက္ၿပီး ကန္လိုက္ရာ က်န္း႐ွီ အသံထြက္သည္အထိပင္ ေအာ္လိုက္ေလသည္။
တစ္ေယာက္ေယာက္ေအာ္လိုက္သည့္အသံေၾကာင့္ အိုက္႐ွင္း လွည့္ၾကည့္လိုက္သည့္အခါ ခုန္ဆြခုန္ဆြျဖစ္ေနေသာ က်န္း႐ွီ ကို ေတြ႔လိုက္ေလသည္။ ထို႔ေၾကာင့္ က်န္း႐ွီ ထံ အျမန္ေျပးသြားၿပီး အျပံဳးႏွင့္ အိုက္႐ွင္း ႏႈတ္ဆက္ေလသည္။
"က်န္း႐ွီ ... ေနေကာင္းတယ္မလား"
က်န္း႐ွီ ေျဖခါနီးအခ်ိန္တြင္ အိုက္႐ွင္း ကို ႐ွန္း ဆြဲယူကာ နမ္းလိုက္ေလသည္။ တစ္ခ်ိန္တည္းတြင္ က်န္း႐ွီ ကိုလည္း မ်က္လံုးစူးမ်ားႏွင့္ ႐ွန္း ၾကည့္ေနေလသည္။
႐ွန္း လုပ္လိုက္သည့္အျပဳအမူမွာ ကေလးဆန္ေသာေၾကာင့္ က်န္း႐ွီ က်ယ္ေလာင္ရယ္ေမာလိုက္ၿပီး သူထြက္သြားေၾကာင္းကိုလည္း တျဖည္းျဖည္းတိုးသြားေသာ ရယ္သံျဖင့္ ႐ွန္း ကို အသိေပးလိုက္သည္။
ျမင္ကြင္းမွ က်န္း႐ွီ ေပ်ာက္သြားသည့္အခါမွသာ ႐ွန္း အိုက္႐ွင္း ႏႈတ္ခမ္းတို႔ကို လႊတ္ေပးလိုက္ၿပီး သူ၏ေပါင္ေပၚတြင္ ထိုင္ေစလိုက္သည္။ အိုက္႐ွင္း ကိုၾကည့္လိုက္ၿပီး ၾကင္နာစြာျဖင့္ ....
"ယုန္ေလး ... အဲဒီအ႐ူးကို ဂ႐ုစိုက္စရာမလိုဘူး ... မ႐ွိဘူးလို႔သာ မွတ္ထားလိုက္"
"ဒါေပမယ့္ သူက ခင္ဗ်ားရဲ႕ သူငယ္ခ်င္းေလ ... ၿပီးေတာ့ လုယီ ကလည္း လူေတြ႔ရင္ အျမဲႏႈတ္ဆက္ရမယ္လို႔ ေျပာထားတယ္"
အိုက္႐ွင္း ကို ႐ွန္း တင္းက်ပ္စြာ ဖက္ထားလိုက္ၿပီး ....
"ယုန္ေလး ... ငါကလြဲရင္ တျခားသူေတြကို ဂ႐ုမစိုက္ပါနဲ႔"
႐ွန္း သည္ သူ၏လြတ္လပ္မႈကို အလြန္ျမတ္ႏိုးတန္ဖိုးထားသည္။ ထို႔ေၾကာင့္ ဘုရင္ဧကရာဇ္ျဖစ္ရျခင္းကို စိတ္မဝင္စားေပ။ သို႔ေသာ္ ဘုရင္ေဟာင္းလည္း နတ္ရြာစံသြားသျဖင့္ ႐ွန္း ျငင္းဆန္ခ်င္ေသာ္လည္း ႐ွန္း သည္ တစ္ဦးတည္းသားျဖစ္ေနသည့္အတြက္ အလိုလို နန္းေမြကိုဆက္ခံရေပသည္။ ႐ွန္း သည္ သူ၏လြတ္လပ္မႈ ကုန္ဆံုးသြားမည္ကို စိုးရိမ္ေၾကာင္း က်န္း႐ွီ ေကာင္းေကာင္းသိသျဖင့္ ညီလာခံအေၾကာင္း ႐ွန္း ကိုေျပာသည့္အခါ အလြန္ပင္ တက္ႂကြေပ်ာ္႐ႊင္ေနသည္။
(T/N: က်န္း႐ွီ ... စိတ္ပုတ္)
ညီလာခံကို ႐ွန္း တက္ေရာက္ရန္ျပင္သည့္အခါ အိုက္႐ွင္း ႏူးညံ့သည့္အသံျဖင့္ ....
"႐ွန္း ... ကြၽန္ေတာ္ေရာ လိုက္လို႔ရမလား"
အိုက္႐ွင္း ကို ႐ွန္း ဂ႐ုတစိုက္ၾကည့္လိုက္ကာ ....
"ယုန္ေလး ... အဲဒီညီလာခံက အရမ္းၾကာၿပီး ပ်င္းစရာေကာင္းတယ္ ... ဒီမွာေစာင့္ေနတာပဲ ေကာင္းမယ္ထင္တယ္"
"ဟုတ္ကဲ့"
အိုက္႐ွင္း လက္ခံလိုက္ေသာ္လည္း ဝမ္းနည္းဟန္ျဖင့္ ေခါင္းငံု႔လိုက္ေလသည္။
ထိုအမူအရာေၾကာင့္ ႐ွန္း စိတ္ေျပာင္းလုနီးပါးျဖစ္သြားေသာ္ျငား အမတ္တို႔ေ႐ွ႕တြင္ အိုက္႐ွင္း ကို မျပခ်င္ေပ။ ထို႔ေၾကာင့္ ရင္ထဲမွနာက်င္ေနေသာ္လည္း မ်က္ႏွာလြဲလိုက္ကာ ရင္ ကို အခန္းထဲသို႔လာရန္ လွမ္းေခၚလိုက္ေလသည္။
ရင္ ဝင္လာသည့္အခါ အိုက္႐ွင္း ကို ႐ွန္း အၾကာႀကီးဖက္ထားရင္း နမ္းလိုက္ၿပီး ....
"ယုန္ေလး ... ငါမ႐ွိတုန္းမွာ ရင္ မင္းကို ေစာင့္ေ႐ွာက္ေပးလိမ့္မယ္ ... လိုတာျဖစ္ျဖစ္ တစ္ေနရာသြားခ်င္တာျဖစ္ျဖစ္႐ွိရင္ ရင္ ကို အသိေပးေနာ္"
အိုက္႐ွင္း ေခါင္းညိတ္လိုက္ေသာ္လည္း မ်က္ႏွာကို ႐ွန္း ရင္ခြင္ထဲတြင္ ဖြက္ထားဆဲျဖစ္သည္။ ႐ွန္း သက္ျပင္း႐ိႈက္လိုက္ရင္း အိုက္႐ွင္း မ်က္ႏွာကို အသာအယာအုပ္ကိုင္၍ ေမာ့ေစလိုက္ၿပီး ....
"ယုန္ေလး ... အတူမေခၚသြားႏိုင္လို႔ ေတာင္းပန္ပါတယ္ေနာ္ ... ဒါေပမယ့္ မနက္ျဖန္ေတာ့ အျပင္ကို ေခၚသြားေပးမယ္ .... ပင္းက်င္း ၿမိဳ႕ကို လိုက္ျပေပးမယ္ေလ ဟုတ္ၿပီလား"
႐ွန္း ကတိစကားေၾကာင့္ အိုက္႐ွင္း ညာဘက္လက္သန္းကို ေျမႇာက္ေပးရင္း ကတိတည္ေပးရန္ ေျပာေလသည္။ လက္သန္းခ်င္းခ်ိတ္ရင္း ကတိေပးၿပီးေနာက္ အိုက္႐ွင္း ကို ႐ွန္း တစ္ဖန္ျပန္နမ္းလိုက္ကာ သက္ျပင္းခ်လိုက္ၿပီး အိုက္႐ွင္း ကို မလြတ္ေပးခ်င္ေသာ္လည္း လြတ္လိုက္ေလသည္။
႐ွန္း ထြက္သြားသည့္အခါ အိုက္႐ွင္း ဝမ္းနည္းစြာ က်န္ခဲ့ေလသည္။ ႐ွန္း ျမန္ျမန္ျပန္လာမည္ကို သိေသာ္လည္း ႐ွန္း အနားတြင္ တစ္ခ်ိန္လံုး႐ွိေနခဲ့ရေသာေၾကာင့္ ခြဲခြာၾကသည့္အခါ သူ၏ႏွလံုးသားလည္း နာက်င္မႈကို ခံစားမိေလသည္။ ႐ွန္း ေပးခဲ့ေသာကတိသည္သာ သူ႔အတြက္ ႏွစ္သိမ့္ေပးရာျဖစ္ေနသည္။ မနက္ျဖန္ ၿမိဳ႕ထဲသို႔ ေခၚသြားမည္ဟု ကတိေပးခဲ့သျဖင့္ ႐ွန္း ျပန္လာမည္မွာ ေသခ်ာသည္ဟု အိုက္႐ွင္း ယံုၾကည္ေနမိသည္။ ျမင္ကြင္းထဲမွ ႐ွန္း ေပ်ာက္ကြယ္သြားသည့္အခါ အိုက္႐ွင္း လက္သန္းေလးကို ႏွလံုးသားႏွင့္ အနီးဆံုးတြင္ထားလိုက္ၿပီး အခန္းထဲသို႔ ျပန္လာခဲ့ေလသည္။
နန္းတြင္းညီလာခံခန္းမတြင္ ...
နန္းတြင္းအမတ္မ်ား၊ လက္ရွိကိုယ္လုပ္ေတာ္မ်ား၊ ကိုယ္လုပ္ေတာ္ေလာင္းမ်ားႏွင့္ ဘုရင့္မယ္ေတာ္ ႐ွန္း ၏ မိခင္လည္း ႐ွန္း မေရာက္ခင္အခ်ိန္တြင္ ခန္းမထဲတြင္ ေစာင့္ေနၾကသည္။
႐ွန္း ေရာက္လာသည့္အခါ ခန္းမထဲမွလူအကုန္လံုး ႐ွန္း ပုလႅင္ေပၚသို႔ေရာက္သည္အထိ အ႐ိုအေသေပးေနၾကသည္။
ခန္းမထဲမွလူတို႔ကို ႐ွန္း ၾကည့္ေနစဥ္ အမတ္သံုးေယာက္ထြက္လာကာ ဦးၫႊတ္လိုက္ၿပီး ...
"အ႐ွင္မင္းႀကီး ... ကြၽန္ေတာ္မ်ိဳးတို႔ ဒီေန႔ အ႐ွင့္ကို ဖိတ္ေခၚရျခင္းက အခုလက္႐ွိအေျခအေနအတြက္ အ႐ွင့္ရဲ႕ ဆံုးျဖတ္ခ်က္တို႔ကို သိခ်င္တဲ့အတြက္ေၾကာင့္ပါ"
႐ွန္း မ်က္ႏွာဟန္မေျပာင္းလဲဘဲ စိတ္မဝင္စားသည့္အသံႏွင့္ ....
"လက္႐ွိကိုယ္လုပ္ေတာ္ေတြကို ကိုယ္ပိုင္အေဆာင္ေပးေစၿပီး စိတ္အလိုက်ေနထိုင္ခ်င္သည့္အခ်ိန္ထိ ေနထိုင္ေစ ... ၿပီးေတာ့ ... ကိုယ္လုပ္ေတာ္အျဖစ္ ေရြးခံထားရတဲ့သူေတြက အိမ္ကိုျပန္သြားႏိုင္ၾကၿပီ ... ဒီေလာက္ပဲဆိုရင္ ျပန္ေတာ့မယ္"
အမတ္သံုးေယာက္ကပင္ အျမန္တားလိုက္ၿပီး ....
"အ႐ွင္မင္းႀကီး ... ကြၽန္ေတာ္မ်ိဳးတို႔ အၾကံျပဳရရင္ ေရြးခံထားရတဲ့ကိုယ္လုပ္ေတာ္ေတြက နန္းေတာ္ဓေလ့ထံုးတို႔ကို နားလည္ကြၽမ္းဝင္ေနၿပီး ဂုဏ္သေရ႐ွိအိမ္ေတာ္က သမီးေတြျဖစ္တဲ့အတြက္ မင္းႀကီး ျပန္စဥ္းစားေတာ္မူပါဦး"
႐ွန္း ၏ ေၾကညာခ်က္ေၾကာင့္ ေရြးခံထားရေသာ ကိုယ္လုပ္ေတာ္မ်ား မ်က္ႏွာမဲ့သြားေသာ္လည္း အမတ္သံုးေယာက္တို႔ အၾကံျပဳခ်က္ကို ၾကားၾကသည့္အခါ ကိုယ္ေနဟန္ကို အျမန္ျပင္လိုက္ၿပီး ႐ွန္း ကို ျပံဳးျပၾကေလသည္။ သို႔ေသာ္ ဘုရင့္မယ္ေတာ္မွာ အမတ္တို႔ကိုၾကည့္ကာ ....
"ဒီမိန္းကေလးေတြ နန္းေတာ္ထဲမဝင္ခင္မွာ ေပ်ာ္စရာေတြ အမ်ားႀကီး႐ွိခဲ့မွာပဲ ... အဲဒါေတြကို သူတို႔ဆီက ယူပစ္လိုက္မယ္ဆိုရင္ မစာနာရာျဖစ္သြားမွာေပါ့"
---------------------------
ဧကရာဇ္က အားလံုးကိုေခၚကာ ညီလာခံလုပ္သည္ဆိုေသာ သတင္းေၾကာင့္ မိန္ေကြ႔ သည္ က်ိအာ ဝယ္ေပးခဲ့ေသာ အနီေရာင္ဝတ္စံုကို ဝတ္လာခဲ့ေလသည္။ ခန္းမထဲသို႔ ႐ွန္း ဝင္လာသည္ကိုညေတြ႔သည့္အခါ သူမေနာက္ဆံုးေတြ႔ခဲ့ရသည္ထက္ ပို၍ခန္႔ညားလာသည္ဟု ခံစားမိေလသည္။
ညီလာခံထဲတြင္ ေရြးခ်ယ္ခံထားရေသာ ကိုယ္လုပ္ေတာ္မ်ား ျပန္ႏိုင္ၿပီဆိုေသာ ႐ွန္း ၏ ထုတ္ျပန္ခ်က္ေၾကာင့္ သူမ လန္႔သြားေသာ္လည္း အမတ္သံုးေယာက္အၾကံေပးခ်က္ေၾကာင့္ စိတ္သက္သာရာရသြားေလသည္။ သို႔ေသာ္ ဘုရင့္မယ္ေတာ္စကားေၾကာင့္ သူမမ်က္ေမွာင္ၾကဳတ္လိုက္ကာ ႐ွန္း ၏အေမကို က်ိန္ေလေတာ့သည္။
'အဘြားႀကီးေတာ့ ... ဘာေတြေတြးေနတာလဲ ... ဘုရင့္အတြက္ အလွဆံုးမိန္းကေလး ႐ွာေတြ႔မယ္ထင္ေနတာလား ... ဟား.. ငါ့ထက္လွတဲ့သူ လံုးဝမ႐ွိဘူး ... အဘြားႀကီး ငါ့ကို ပထုတ္ဖို႔ၾကံေနတာဆိုရင္ေတာ့ ျပန္စဥ္းစားလိုက္ဦး '
မိန္ေကြ႔ အျမန္ပင္ က်ိအာ ကို တီးတိုးစြာျဖင့္ တစ္စံုတစ္ရာေျပာေလသည္။ မိန္ေကြ႔ ကို က်ိအာ တုန္လႈပ္စြာၾကည့္လိုက္ၿပီး ေခါင္းယမ္းျပေသာ္လည္း မိန္ေကြ႔ အၾကည့္ေၾကာင့္ သူမ မတ္တပ္ရပ္လိုက္ၿပီး ႐ွန္း ကို ဦးၫႊတ္ေလသည္။
"အ...အ႐ွင္ .. အ႐ွင္မင္းႀကီး ..."
သူမအသံေၾကာင့္ သူမထံသို႔ အၾကည့္မ်ား က်ေရာက္လာေလသည္။
က်ိအာ ဒူးေထာက္ခ်လိုက္ကာ ...
"အ႐ွင္ ... အ႐ွင္မင္းႀကီး .. ျပန္..ျပန္စဥ္းစားေပးေတာ္မူပါ ... ကြၽန္ေတာ္မ်ိဳးမရဲ႕ သခင္မေလးက အိမ္ကိုျပန္မသြားႏိုင္ပါဘူး .. တကယ္လို႔သူမသာ ျပန္သြားခဲ့ရင္ သခင္မေလးရဲ႕ မိသားစုကိုလည္း အ႐ွက္ရေစပါလိ္မ့္မယ္ ... တိုင္းျပည္ကလည္း နန္းေတာ္က မလိုအပ္တဲ့သူဆိုၿပီး ႏွိမ္ခ်ၾကပါလိ္မ့္မယ္ ... ေက်း..ေက်းဇူးျပဳၿပီး စဥ္းစားေပးေတာ္မူပါ"
က်ိအာ စကားဆံုးသည့္အခါ မိန္ေကြ႔ လည္း ႐ွန္း အေ႐ွ႕တြင္ ဒူးေထာက္လိုက္ၿပီး ႐ႈိက္သံမ်ားျဖင့္ ...
"အ႐ွင္မင္းႀကီး ... ကြၽန္ေတာ္မ်ိဳးမရဲ႕ အေစခံကို ခြင့္လႊတ္ေပးပါ .. ဟင့္ .. မိန္ေကြ႔ အဆင္ေျပပါတယ္ .. ဟင့္ .. မိန္ေကြ႔ အ႐ွင့္ကို ေပ်ာ္ရႊင္ေစဖို႔ပဲ ဆုေတာင္းပါတယ္ ... မိန္ေကြ႔ ကို ဂ႐ုမစိုက္ပါနဲ႔ ... ဟင့္..."
သူမ၏သနားစရာပံုစံေၾကာင့္ နန္းတြင္းအမတ္တို႔လည္း သနားသြားၿပီး အမတ္သံုးေယာက္တို႔ႏွင့္အတူ ပူးေပါင္းကာ ကိုယ္လုပ္ေတာ္တို႔ကို နန္းေတာ္ထဲတြင္ပင္ ေနခြင့္ေပးရန္ အသနားခံၾကေလသည္။
အကယ္၍ျငင္းလိုက္လ်ွင္ ကိစၥမွာၾကာ႐ွည္သြားႏိုင္ၿပီး ညီလာခံသည္လည္း ပိုၾကာသြားႏိုင္သျဖင့္ ေနခြင့္ေပးရန္ ႐ွန္း သေဘာတူလိုက္ေလသည္။
ညီလာခံၿပီးသည့္အခါ အမတ္တို႔ႏွင့္ ကိုယ္လုပ္ေတာ္မ်ားကို လ်စ္လ်ဴရႈၿပီး ႐ွန္း ကိုယ္ေဖာ့ကာ အေဆာင္သို႔အျမန္ျပန္ခဲ့ေလသည္။
အခန္းထဲသို႔ ဝင္သည့္အခါတြင္ အိပ္ယာထက္တြင္ ေကြးလ်က္အိပ္ေနေသာ အိုက္႐ွင္း ကို ေတြ႔လိုက္ၿပီး အနားသြားကာ နမ္းလိုက္ရင္း ဖက္ထားေလသည္။
T/N :....
ညေနက တင္ရမွာကို အိပ္ေပ်ာ္သြားလို႔ ဟီး ...
ငါ updateလုပ္ရမွာပဲလို႔ ေတြးၿပီးေတာ့မွ ဘယ္လိုအိပ္ေပ်ာ္သြားမွန္းမသိဘူး ဒါေလးကိုေတာင္ အိပ္မက္မက္လိုက္ေသးတယ္ ....
အိပ္မက္ထဲမွာ yuzukiက ႐ွန္း ရဲ႕ညီမတဲ့ .. icezzz ... ဒါေပမယ့္ အိုက္႐ွင္း ေလးကို ယုန္ေလးလို႔ေခၚမိတာေၾကာင့္ ႐ွန္း က ၃ရက္ထမင္းမစားရဆိုၿပီး အျပစ္ေပးတယ္တဲ့ ...
အမေလးေနာ္ ညီမျဖစ္သူကိုေတာင္ အလြတ္မေပးတာ ဘယ္လိုႀကီးလဲ ကိုယ္ေတာ္ရယ္ ....
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●Unicode●●●
ဧကရာဇ်အသစ် နန်းတက်ခဲ့သည်မှာ တစ်ပတ်ကျော်ကြာခဲ့သော်လည်း ရှန်း အခုထိ အမိန့်ပြန်တမ်းများကို ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။ ယခုအချိန်ထိ အိုက်ရှင်း နှင့်အတူ အဆောင်တော်တွင် အချိန်ကုန်ဆုံးစေသည်။
နန်းတွင်းအမတ်တို့က ညီလာခံတက်ရောက်ရန်အတွက် ဆင့်ခေါ်သူများလွှတ်ခဲ့သော်လည်း ဝင်ခွင့်မရခဲ့ကြပေ။ ထို့ကြောင့် ရှန်း ၏အဆောင်သို့ ဝင်ခွင့်ရသည့် ကျန်းရှီ ကိုသာ ဧကရာဇ်ကို ခေါ်ပေးရန် ပြောကြလေသည်။
(T/N: ရှန်း က ဘုရင်ဖြစ်သွားပြီနော်)
ကျန်းရှီ ငြင်းဆန်ချင်သော်လည်း အခြားသူဆိုလျှင် ရှန်း စိတ်အနှောင့်အယှက်ဖြစ်လိမ့်မည်ကိုသိသဖြင့် သဘောတူခဲ့သည်။
ကျန်းရှီ လာခဲ့သည့်အခါ ဥယျာဉ်ငယ်ထဲတွင် ရွှေငါးများကို အစားကျွေးနေသော အိုက်ရှင်း ကို ထိုင်လျက်ကြည့်နေသည့် ရှန်း ကို တွေ့သည့်အခါ ပြုံးလိုက်ပြီး ပြေးလာခဲ့လေသည်။
"ရှန်း ... အာ.. အခုတော့ အရှင်မင်းကြီးပေါ့ ... အမတ်တို့က ဒီညနေညီလာခံတက်ဖို့ ခွင့်တောင်းလာကြတယ်"
အိုက်ရှင်း ထံမှ အကြည့်ကိုမလွဲဘဲနှင့် ....
"ဘုရင့်ကိစ္စတွေကို ငါလေ့လာဖို့လိုသေးတယ် ပြီးတော့ ဒီညမအားဘူးလို့ ပြောလိုက်"
ကျန်းရှီ အပြုံးမှာပိုမိုကြီးမားလာပြီး ...
"အရှင်မင်းကြီး ... နန်းတွင်းကိစ္စတွေကိုကိုင်တွယ်ရမှာ မင်းကြီးတာဝန်ပဲလေ ... အိုက်ရှင်း အတွက်က စိတ်မပူပါနဲ့ .. ကျွန်တော်မျိုး စောင့်ရှောက်ပေးပါ့မယ်"
မျက်လုံးတစ်ဖက်မှိတ်ပြကာ ရုပ်ပြောင်လျက်ပြောလေသည်။
ကျန်းရှီ ကို ရှန်း မျက်လုံးစူးတို့ဖြင့် ကြည့်လိုက်ပြီး ကန်လိုက်ရာ ကျန်းရှီ အသံထွက်သည်အထိပင် အော်လိုက်လေသည်။
တစ်ယောက်ယောက်အော်လိုက်သည့်အသံကြောင့် အိုက်ရှင်း လှည့်ကြည့်လိုက်သည့်အခါ ခုန်ဆွခုန်ဆွဖြစ်နေသော ကျန်းရှီ ကို တွေ့လိုက်လေသည်။ ထို့ကြောင့် ကျန်းရှီ ထံ အမြန်ပြေးသွားပြီး အပြုံးနှင့် အိုက်ရှင်း နှုတ်ဆက်လေသည်။
"ကျန်းရှီ ... နေကောင်းတယ်မလား"
ကျန်းရှီ ဖြေခါနီးအချိန်တွင် အိုက်ရှင်း ကို ရှန်း ဆွဲယူကာ နမ်းလိုက်လေသည်။ တစ်ချိန်တည်းတွင် ကျန်းရှီ ကိုလည်း မျက်လုံးစူးများနှင့် ရှန်း ကြည့်နေလေသည်။
ရှန်း လုပ်လိုက်သည့်အပြုအမူမှာ ကလေးဆန်သောကြောင့် ကျန်းရှီ ကျယ်လောင်ရယ်မောလိုက်ပြီး သူထွက်သွားကြောင်းကိုလည်း တဖြည်းဖြည်းတိုးသွားသော ရယ်သံဖြင့် ရှန်း ကို အသိပေးလိုက်သည်။
မြင်ကွင်းမှ ကျန်းရှီ ပျောက်သွားသည့်အခါမှသာ ရှန်း အိုက်ရှင်း နှုတ်ခမ်းတို့ကို လွှတ်ပေးလိုက်ပြီး သူ၏ပေါင်ပေါ်တွင် ထိုင်စေလိုက်သည်။ အိုက်ရှင်း ကိုကြည့်လိုက်ပြီး ကြင်နာစွာဖြင့် ....
"ယုန်လေး ... အဲဒီအရူးကို ဂရုစိုက်စရာမလိုဘူး ... မရှိဘူးလို့သာ မှတ်ထားလိုက်"
"ဒါပေမယ့် သူက ခင်ဗျားရဲ့ သူငယ်ချင်းလေ ... ပြီးတော့ လုယီ ကလည်း လူတွေ့ရင် အမြဲနှုတ်ဆက်ရမယ်လို့ ပြောထားတယ်"
အိုက်ရှင်း ကို ရှန်း တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ....
"ယုန်လေး ... ငါကလွဲရင် တခြားသူတွေကို ဂရုမစိုက်ပါနဲ့"
ရှန်း သည် သူ၏လွတ်လပ်မှုကို အလွန်မြတ်နိုးတန်ဖိုးထားသည်။ ထို့ကြောင့် ဘုရင်ဧကရာဇ်ဖြစ်ရခြင်းကို စိတ်မဝင်စားပေ။ သို့သော် ဘုရင်ဟောင်းလည်း နတ်ရွာစံသွားသဖြင့် ရှန်း ငြင်းဆန်ချင်သော်လည်း ရှန်း သည် တစ်ဦးတည်းသားဖြစ်နေသည့်အတွက် အလိုလို နန်းမွေကိုဆက်ခံရပေသည်။ ရှန်း သည် သူ၏လွတ်လပ်မှု ကုန်ဆုံးသွားမည်ကို စိုးရိမ်ကြောင်း ကျန်းရှီ ကောင်းကောင်းသိသဖြင့် ညီလာခံအကြောင်း ရှန်း ကိုပြောသည့်အခါ အလွန်ပင် တက်ကြွပျော်ရွှင်နေသည်။
(T/N: ကျန်းရှီ ... စိတ်ပုတ်)
ညီလာခံကို ရှန်း တက်ရောက်ရန်ပြင်သည့်အခါ အိုက်ရှင်း နူးညံ့သည့်အသံဖြင့် ....
"ရှန်း ... ကျွန်တော်ရော လိုက်လို့ရမလား"
အိုက်ရှင်း ကို ရှန်း ဂရုတစိုက်ကြည့်လိုက်ကာ ....
"ယုန်လေး ... အဲဒီညီလာခံက အရမ်းကြာပြီး ပျင်းစရာကောင်းတယ် ... ဒီမှာစောင့်နေတာပဲ ကောင်းမယ်ထင်တယ်"
"ဟုတ်ကဲ့"
အိုက်ရှင်း လက်ခံလိုက်သော်လည်း ဝမ်းနည်းဟန်ဖြင့် ခေါင်းငုံ့လိုက်လေသည်။
ထိုအမူအရာကြောင့် ရှန်း စိတ်ပြောင်းလုနီးပါးဖြစ်သွားသော်ငြား အမတ်တို့ရှေ့တွင် အိုက်ရှင်း ကို မပြချင်ပေ။ ထို့ကြောင့် ရင်ထဲမှနာကျင်နေသော်လည်း မျက်နှာလွဲလိုက်ကာ ရင် ကို အခန်းထဲသို့လာရန် လှမ်းခေါ်လိုက်လေသည်။
ရင် ဝင်လာသည့်အခါ အိုက်ရှင်း ကို ရှန်း အကြာကြီးဖက်ထားရင်း နမ်းလိုက်ပြီး ....
"ယုန်လေး ... ငါမရှိတုန်းမှာ ရင် မင်းကို စောင့်ရှောက်ပေးလိမ့်မယ် ... လိုတာဖြစ်ဖြစ် တစ်နေရာသွားချင်တာဖြစ်ဖြစ်ရှိရင် ရင် ကို အသိပေးနော်"
အိုက်ရှင်း ခေါင်းညိတ်လိုက်သော်လည်း မျက်နှာကို ရှန်း ရင်ခွင်ထဲတွင် ဖွက်ထားဆဲဖြစ်သည်။ ရှန်း သက်ပြင်းရှိုက်လိုက်ရင်း အိုက်ရှင်း မျက်နှာကို အသာအယာအုပ်ကိုင်၍ မော့စေလိုက်ပြီး ....
"ယုန်လေး ... အတူမခေါ်သွားနိုင်လို့ တောင်းပန်ပါတယ်နော် ... ဒါပေမယ့် မနက်ဖြန်တော့ အပြင်ကို ခေါ်သွားပေးမယ် .... ပင်းကျင်း မြို့ကို လိုက်ပြပေးမယ်လေ ဟုတ်ပြီလား"
ရှန်း ကတိစကားကြောင့် အိုက်ရှင်း ညာဘက်လက်သန်းကို မြှောက်ပေးရင်း ကတိတည်ပေးရန် ပြောလေသည်။ လက်သန်းချင်းချိတ်ရင်း ကတိပေးပြီးနောက် အိုက်ရှင်း ကို ရှန်း တစ်ဖန်ပြန်နမ်းလိုက်ကာ သက်ပြင်းချလိုက်ပြီး အိုက်ရှင်း ကို မလွတ်ပေးချင်သော်လည်း လွတ်လိုက်လေသည်။
ရှန်း ထွက်သွားသည့်အခါ အိုက်ရှင်း ဝမ်းနည်းစွာ ကျန်ခဲ့လေသည်။ ရှန်း မြန်မြန်ပြန်လာမည်ကို သိသော်လည်း ရှန်း အနားတွင် တစ်ချိန်လုံးရှိနေခဲ့ရသောကြောင့် ခွဲခွာကြသည့်အခါ သူ၏နှလုံးသားလည်း နာကျင်မှုကို ခံစားမိလေသည်။ ရှန်း ပေးခဲ့သောကတိသည်သာ သူ့အတွက် နှစ်သိမ့်ပေးရာဖြစ်နေသည်။ မနက်ဖြန် မြို့ထဲသို့ ခေါ်သွားမည်ဟု ကတိပေးခဲ့သဖြင့် ရှန်း ပြန်လာမည်မှာ သေချာသည်ဟု အိုက်ရှင်း ယုံကြည်နေမိသည်။ မြင်ကွင်းထဲမှ ရှန်း ပျောက်ကွယ်သွားသည့်အခါ အိုက်ရှင်း လက်သန်းလေးကို နှလုံးသားနှင့် အနီးဆုံးတွင်ထားလိုက်ပြီး အခန်းထဲသို့ ပြန်လာခဲ့လေသည်။
နန်းတွင်းညီလာခံခန်းမတွင် ...
နန်းတွင်းအမတ်များ၊ လက်ရှိကိုယ်လုပ်တော်များ၊ ကိုယ်လုပ်တော်လောင်းများနှင့် ဘုရင့်မယ်တော် ရှန်း ၏ မိခင်လည်း ရှန်း မရောက်ခင်အချိန်တွင် ခန်းမထဲတွင် စောင့်နေကြသည်။
ရှန်း ရောက်လာသည့်အခါ ခန်းမထဲမှလူအကုန်လုံး ရှန်း ပုလ္လင်ပေါ်သို့ရောက်သည်အထိ အရိုအသေပေးနေကြသည်။
ခန်းမထဲမှလူတို့ကို ရှန်း ကြည့်နေစဉ် အမတ်သုံးယောက်ထွက်လာကာ ဦးညွှတ်လိုက်ပြီး ...
"အရှင်မင်းကြီး ... ကျွန်တော်မျိုးတို့ ဒီနေ့ အရှင့်ကို ဖိတ်ခေါ်ရခြင်းက အခုလက်ရှိအခြေအနေအတွက် အရှင့်ရဲ့ ဆုံးဖြတ်ချက်တို့ကို သိချင်တဲ့အတွက်ကြောင့်ပါ"
ရှန်း မျက်နှာဟန်မပြောင်းလဲဘဲ စိတ်မဝင်စားသည့်အသံနှင့် ....
"လက်ရှိကိုယ်လုပ်တော်တွေကို ကိုယ်ပိုင်အဆောင်ပေးစေပြီး စိတ်အလိုကျနေထိုင်ချင်သည့်အချိန်ထိ နေထိုင်စေ ... ပြီးတော့ ... ကိုယ်လုပ်တော်အဖြစ် ရွေးခံထားရတဲ့သူတွေက အိမ်ကိုပြန်သွားနိုင်ကြပြီ ... ဒီလောက်ပဲဆိုရင် ပြန်တော့မယ်"
အမတ်သုံးယောက်ကပင် အမြန်တားလိုက်ပြီး ....
"အရှင်မင်းကြီး ... ကျွန်တော်မျိုးတို့ အကြံပြုရရင် ရွေးခံထားရတဲ့ကိုယ်လုပ်တော်တွေက နန်းတော်ဓလေ့ထုံးတို့ကို နားလည်ကျွမ်းဝင်နေပြီး ဂုဏ်သရေရှိအိမ်တော်က သမီးတွေဖြစ်တဲ့အတွက် မင်းကြီး ပြန်စဉ်းစားတော်မူပါဦး"
ရှန်း ၏ ကြေညာချက်ကြောင့် ရွေးခံထားရသော ကိုယ်လုပ်တော်များ မျက်နှာမဲ့သွားသော်လည်း အမတ်သုံးယောက်တို့ အကြံပြုချက်ကို ကြားကြသည့်အခါ ကိုယ်နေဟန်ကို အမြန်ပြင်လိုက်ပြီး ရှန်း ကို ပြုံးပြကြလေသည်။ သို့သော် ဘုရင့်မယ်တော်မှာ အမတ်တို့ကိုကြည့်ကာ ....
"ဒီမိန်းကလေးတွေ နန်းတော်ထဲမဝင်ခင်မှာ ပျော်စရာတွေ အများကြီးရှိခဲ့မှာပဲ ... အဲဒါတွေကို သူတို့ဆီက ယူပစ်လိုက်မယ်ဆိုရင် မစာနာရာဖြစ်သွားမှာပေါ့"
---------------------------
ဧကရာဇ်က အားလုံးကိုခေါ်ကာ ညီလာခံလုပ်သည်ဆိုသော သတင်းကြောင့် မိန်ကွေ့ သည် ကျိအာ ဝယ်ပေးခဲ့သော အနီရောင်ဝတ်စုံကို ဝတ်လာခဲ့လေသည်။ ခန်းမထဲသို့ ရှန်း ဝင်လာသည်ကိုညတွေ့သည့်အခါ သူမနောက်ဆုံးတွေ့ခဲ့ရသည်ထက် ပို၍ခန့်ညားလာသည်ဟု ခံစားမိလေသည်။
ညီလာခံထဲတွင် ရွေးချယ်ခံထားရသော ကိုယ်လုပ်တော်များ ပြန်နိုင်ပြီဆိုသော ရှန်း ၏ ထုတ်ပြန်ချက်ကြောင့် သူမ လန့်သွားသော်လည်း အမတ်သုံးယောက်အကြံပေးချက်ကြောင့် စိတ်သက်သာရာရသွားလေသည်။ သို့သော် ဘုရင့်မယ်တော်စကားကြောင့် သူမမျက်မှောင်ကြုတ်လိုက်ကာ ရှန်း ၏အမေကို ကျိန်လေတော့သည်။
'အဘွားကြီးတော့ ... ဘာတွေတွေးနေတာလဲ ... ဘုရင့်အတွက် အလှဆုံးမိန်းကလေး ရှာတွေ့မယ်ထင်နေတာလား ... ဟား.. ငါ့ထက်လှတဲ့သူ လုံးဝမရှိဘူး ... အဘွားကြီး ငါ့ကို ပထုတ်ဖို့ကြံနေတာဆိုရင်တော့ ပြန်စဉ်းစားလိုက်ဦး '
မိန်ကွေ့ အမြန်ပင် ကျိအာ ကို တီးတိုးစွာဖြင့် တစ်စုံတစ်ရာပြောလေသည်။ မိန်ကွေ့ ကို ကျိအာ တုန်လှုပ်စွာကြည့်လိုက်ပြီး ခေါင်းယမ်းပြသော်လည်း မိန်ကွေ့ အကြည့်ကြောင့် သူမ မတ်တပ်ရပ်လိုက်ပြီး ရှန်း ကို ဦးညွှတ်လေသည်။
"အ...အရှင် .. အရှင်မင်းကြီး ..."
သူမအသံကြောင့် သူမထံသို့ အကြည့်များ ကျရောက်လာလေသည်။
ကျိအာ ဒူးထောက်ချလိုက်ကာ ...
"အရှင် ... အရှင်မင်းကြီး .. ပြန်..ပြန်စဉ်းစားပေးတော်မူပါ ... ကျွန်တော်မျိုးမရဲ့ သခင်မလေးက အိမ်ကိုပြန်မသွားနိုင်ပါဘူး .. တကယ်လို့သူမသာ ပြန်သွားခဲ့ရင် သခင်မလေးရဲ့ မိသားစုကိုလည်း အရှက်ရစေပါလိမ့်မယ် ... တိုင်းပြည်ကလည်း နန်းတော်က မလိုအပ်တဲ့သူဆိုပြီး နှိမ်ချကြပါလိမ့်မယ် ... ကျေး..ကျေးဇူးပြုပြီး စဉ်းစားပေးတော်မူပါ"
ကျိအာ စကားဆုံးသည့်အခါ မိန်ကွေ့ လည်း ရှန်း အရှေ့တွင် ဒူးထောက်လိုက်ပြီး ရှိုက်သံများဖြင့် ...
"အရှင်မင်းကြီး ... ကျွန်တော်မျိုးမရဲ့ အစေခံကို ခွင့်လွှတ်ပေးပါ .. ဟင့် .. မိန်ကွေ့ အဆင်ပြေပါတယ် .. ဟင့် .. မိန်ကွေ့ အရှင့်ကို ပျော်ရွှင်စေဖို့ပဲ ဆုတောင်းပါတယ် ... မိန်ကွေ့ ကို ဂရုမစိုက်ပါနဲ့ ... ဟင့်..."
သူမ၏သနားစရာပုံစံကြောင့် နန်းတွင်းအမတ်တို့လည်း သနားသွားပြီး အမတ်သုံးယောက်တို့နှင့်အတူ ပူးပေါင်းကာ ကိုယ်လုပ်တော်တို့ကို နန်းတော်ထဲတွင်ပင် နေခွင့်ပေးရန် အသနားခံကြလေသည်။
အကယ်၍ငြင်းလိုက်လျှင် ကိစ္စမှာကြာရှည်သွားနိုင်ပြီး ညီလာခံသည်လည်း ပိုကြာသွားနိုင်သဖြင့် နေခွင့်ပေးရန် ရှန်း သဘောတူလိုက်လေသည်။
ညီလာခံပြီးသည့်အခါ အမတ်တို့နှင့် ကိုယ်လုပ်တော်များကို လျစ်လျူရှုပြီး ရှန်း ကိုယ်ဖော့ကာ အဆောင်သို့အမြန်ပြန်ခဲ့လေသည်။
အခန်းထဲသို့ ဝင်သည့်အခါတွင် အိပ်ယာထက်တွင် ကွေးလျက်အိပ်နေသော အိုက်ရှင်း ကို တွေ့လိုက်ပြီး အနားသွားကာ နမ်းလိုက်ရင်း ဖက်ထားလေသည်။
T/N :....
ညနေက တင်ရမှာကို အိပ်ပျော်သွားလို့ ဟီး ...
ငါ updateလုပ်ရမှာပဲလို့ တွေးပြီးတော့မှ ဘယ်လိုအိပ်ပျော်သွားမှန်းမသိဘူး ဒါလေးကိုတောင် အိပ်မက်မက်လိုက်သေးတယ် ....
အိပ်မက်ထဲမှာ yuzukiက ရှန်း ရဲ့ညီမတဲ့ .. icezzz ... ဒါပေမယ့် အိုက်ရှင်း လေးကို ယုန်လေးလို့ခေါ်မိတာကြောင့် ရှန်း က ၃ရက်ထမင်းမစားရဆိုပြီး အပြစ်ပေးတယ်တဲ့ ...
အမလေးနော် ညီမဖြစ်သူကိုတောင် အလွတ်မပေးတာ ဘယ်လိုကြီးလဲ ကိုယ်တော်ရယ် ....
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤