●●●Zawgyi●●●
အသက္႐ွင္က်န္ရစ္ခဲ့ေသာ ဓားျပတို႔ကို က်န္း႐ွီ တန္းစီကာခ်ထားလိုက္ၿပီးေနာက္ ပထမဦးဆံုးတစ္ေယာက္ထံ ႐ွန္း ေလ်ွာက္သြားလိုက္ၿပီး တည္ၿငိမ္စြာပင္ ေမးေလသည္။
"မင္းတို႔ ေခါင္းေဆာင္ ဘယ္မွာလဲ"
႐ွန္း အသံမွာ အလြန္ပင္တည္ၿငိမ္ေနေသာ္လည္း ေၾကာက္စရာေကာင္းသည့္ခံစားမႈကို ထိုဓားျပခံစားေနရသည္။ ထို႔ေၾကာင့္ မေျဖႏိုင္ေတာ့ဘဲ တုန္လႈပ္ေနေလသည္။
တုံ႔ဆိုင္းေနသည္ကို ေတြ႔သျဖင့္ ႐ွန္း ထိုလူေခါင္းကို ခႏၶာကိုယ္ႏွင့္ တျခားစီျဖစ္ေအာင္ လုပ္လိုက္ၿပီး ေနာက္တစ္ေယာက္ထံ ဦးတည္သြားေလသည္။
႐ွန္း လႈပ္႐ွားမႈမွာ အျခားေသာဓားျပတို႔ မျမင္လိုက္ရေအာင္ပင္ သြက္လက္ၿပီး လ်င္ျမန္လွသည္။ သူတို႔ေသြးေသာက္၏ ေခါင္းျပတ္ကို ျမင္လိုက္ရသည့္အခါ ထိတ္လန္႔သြားၿပီး ဆက္ျဖစ္လာမည့္အေၾကာင္းရာကိုလည္း ေတြးရင္း တုန္လႈပ္ေနၾကသည္။
အျခားတစ္ေယာက္ကိုလည္း အမူအရာမေျပာင္းဘဲ ထိုအေမးကို ျပန္ေမးေသာ္လည္း ထိုဓားျပမွာ အေ႐ွ႕ကတစ္ေယာက္မည္သို႔ျဖစ္သြားသည္ကိုသာ ေတြးေနသျဖင့္ ႐ွန္း ျပန္မေျဖမိ။ သူ၏ေခါင္းလည္း ႐ွန္း လက္ခ်က္ေၾကာင့္ပင္ ျပတ္သြားေတာ့သည္။
တတိယတစ္ေယာက္ေျမာက္ထိ ၿပီးသြားသည့္အခ်ိန္မွသာ ျဖစ္ပ်က္ေနသည္ကို ဓားျပတို႔သေဘာေပါက္သြားၿပီး ေၾကာက္လန္႔ကုန္ေတာ့သည္။
ေလးေယာက္ေျမာက္တြင္ ႐ွန္း ေမးပင္မေမးလိုက္ရ၊ သူတို႔၏ေခါင္းေဆာင္မွာ ဟူ ေတာအုပ္တြင္႐ွိသည္ဟု ေျဖေလသည္။
အမွန္တိုင္းေျဖသည္ဟု ခံစားရသျဖင့္ ႀကိဳးကိုျဖတ္ကာ လြတ္ေပးလိုက္ၿပီး ေနာက္တစ္ေယာက္သို႔ ဦးတည္သြားေတာ့သည္။
ေနာက္ထပ္ဓားျပတစ္ေယာက္ကို ....
"ဟူ ေတာအုပ္ကို ဘယ္လိုသြားရမလဲ"
ထိုသူလည္း ေတာအုပ္ထဲသြားရန္လမ္းကို အမွန္တိုင္းပင္ေျဖသျဖင့္ လြတ္ေပးလိုက္ၿပီး အျခားတစ္ေယာက္ထံသြားျပန္သည္။ ခုနစ္ေယာက္ေျမာက္အလွည့္ေရာက္သည့္အခါ ....
"ဘာေၾကာင့္ ငါတို႔ကို တိုက္ခိုက္တာလဲ"
ဓားျပလည္း လ်င္ျမန္စြာပင္ ေျဖေလသည္။
"မင္းတို႔ကို ဓားျပတိုက္ခ်င္လို႔"
စကားဆံုးသည္ႏွင့္ ခ်က္ခ်င္းပင္ ထိုလူကိုလည္း ႐ွန္း ႐ွင္းလိုက္ၿပီး က်န္ေသာ ဓားျပသံုးေယာက္ထံ သြားျပန္ေလသည္။
႐ွစ္ေယာက္ေျမာက္ကိုလည္း ထိုေမးခြန္းပင္ ေမးျပန္ရာ ....
"ေခါင္းေဆာင္က အစိမ္းေရာင္ဝတ္စံုနဲ႔မိန္းကေလးကို ေတြ႔ခဲ့တာေၾကာင့္ သူ႔ဇနီးအျဖစ္ ထားခ်င္လို႔ပါတဲ့"
ထိုလူကိုလည္း လြတ္ေပးၿပီးေသာ္ က်န္ႏွစ္ေယာက္မွာလည္း ႐ွန္း ၏အေမးကို အမွန္တိုင္းပင္ ေျဖၾကေလသည္။
ရွန္း ဆယ္ေယာက္ေျမာက္ကိုလည္း လြတ္ေပးၿပီးေနာက္ က်န္း႐ွီ ကိုၾကည့္လိုက္ၿပီး ....
"အိုက္႐ွင္း ကို ေသခ်ာေစာင့္ၾကည့္ထား .... ငါျပန္လာခဲ့မယ္"
ေျပာၿပီး ခ်က္ခ်င္းထြက္သြားေလသည္။
႐ွန္း ဟူ ေတာအုပ္ကို အျမန္ပင္ေရာက္သြားၿပီး ဓားျပေခါင္းေဆာင္ကို ေတြ႔႐ွိၿပီးေနာက္ ေခါင္းျဖတ္႐ွင္းပစ္ျခင္းကို ျဖည္းျဖည္းႏွင့္ နာက်င္စြာ ခံစားေစလိုက္သည္။
နားေနရာသို႔ ႐ွန္း ျပန္ေရာက္လာသည့္အခါ ႐ွဲ ေျပးလာၿပီး ဖက္လိုက္ကာ ငိုေတာ့သည္။
"ဟင့္ ... ဟင့္ ... အစ္ကို ဘယ္ေတြသြားေနတာလဲ .... ႐ွဲ က အစ္ကို႔ကို စိတ္ပူေနတာ"
႐ွန္း ကိုယ့္ကိုယ္ကို သူမအနားမွ ေ႐ွာင္ထြက္လိုက္ၿပီး ေရခဲတမ်ွ ေအးစက္သည့္အသံႏွင့္ ....
"မင္းရဲ႕ အေစခံဘယ္မွာလဲ"
႐ွန္း ၏အသံေၾကာင့္ ႐ွဲ လန္႔သြားၿပီး တုန္လႈပ္ေနေတာ့သည္။ သူမျပန္ေျဖသည္ကို စိတ္မ႐ွည္စြာ ေစာင့္ေနစဥ္ တဲထဲမွထြက္လာသည့္ ေဝ့ ကို ေတြ႔လိုက္သျဖင့္ ၿငိမ္ေနသည့္ ႐ွဲ ေ႐ွ႕မွ ျဖတ္ေလ်ွာက္လာၿပီး ေဝ့ အေ႐ွ႕တြင္ ရပ္ေနေလသည္။
ေဝ့ ကိုလည္း မေျပာင္းလဲေသာအသံႏွင့္ ....
"မင္း အိုက္႐ွင္း ကို ဘာလုပ္ခဲ့လဲ"
ေဝ့ မ်က္လံုးတို႔ က်ယ္လာၿပီး ရန္တုန္လာေတာ့သည္။ ႐ွန္း ၏ ေအးစက္စက္အၾကည့္ေၾကာင့္ ေဝ့ တုန္လႈပ္ကာ ေျမျပင္ေပၚ လဲက်သြားေလသည္။
သူမအျပဳအမူအရ ႐ွန္း သံသယတို႔ ပို၍ခိုင္မာေတာ့သည္။ သူမေခါင္းကိုျဖတ္ရန္ျပင္လိုက္စဥ္ ေဝ့ သည္ ႐ွဲ ကိုၾကည့္ကာ ငိုယိုေတာင္းပန္ေလသည္။
"သခင္မေလး ႐ွဲ .... ကယ္...ကယ္ေပးပါဦး"
႐ွဲ သည္ သူမကိုလည္း ႐ွန္း သံသယဝင္မည္စိုးေသာေၾကာင့္ ေဝ့ ကို ၾကည့္ကာ ေအာ္လိုက္သည္။
"ေဝ့ ... နင္ အက်င့္ယုတ္လွခ်ည္လား ... အိုက္႐ွင္း ကို ဘာလုပ္လိုက္တာလဲ .. ဘာေၾကာင့္ လုပ္ရဲရတာလဲ"
႐ွန္း ကိုလည္း မ်က္ရည္ျပည့္ေနသည့္ မ်က္လံုးမ်ားႏွင့္ ၾကည့္လိုက္ၿပီး .....
"အစ္ကို ... အိုက္႐ွင္း ဘာမွမျဖစ္ဘူးမလားဟင္ ... ေဝ့ လုပ္ရပ္အတြက္ ေတာင္းပန္ပါတယ္ ... သူ႔အေပၚ အျမဲေကာင္းေပးခဲ့ရဲ႕သားနဲ႔ ဘာေၾကာင့္ အိုက္႐ွင္း ကို ထိခိုက္ေစတာလည္း မသိပါဘူး ... ဟင့္ ..ဟင့္..."
႐ွဲ စကားတို႔ေၾကာင့္ ေဝ့ အံ့ဩသြားၿပီး မ်က္ရည္မ်ားပို၍ က်ဆင္းလာေတာ့သည္။
"သခင္ေလး ... ကြၽန္မကိုငဲ့ညႇာေပးပါ ... ဒါေတြက သခင္မေလး ႐ွဲ ရဲ႕အၾကံေတြပါ ... ကြၽန္မလည္း လိုက္နာရံုကလြဲၿပီး ဘာမွမလုပ္ႏိုင္ခဲ့ပါဘူး ... ေက်းဇူးျပဳၿပီး ကြၽန္မကို မသတ္ပါနဲ႔ေနာ္"
"လူလိမ္မ .. အစ္ကို ... သူ႔ကိုမယံုပါနဲ႔ .. ႐ွဲ က အိုက္႐ွင္း ကို ဘယ္ေတာ့မွ ထိခိုက္ေအာင္မလုပ္ပါဘူး ... ဟင့္ .. ေဝ့ ... ဘာေၾကာင့္လိမ္ေနရတာလဲ .. အစ္ကိုနဲ႔ ငါ့ကို နင္မနာလိုျဖစ္ေနတာသိပါတယ္ ဒါေပမယ့္ မလိမ္ပါနဲ႔ ... ဟင့္...ဟင့္"
႐ွဲ ၏ မတည္မၿငိမ္ျဖစ္ေနပံုေၾကာင့္ က်န္း႐ွီ တစ္ဖက္လွည့္ကာ ရယ္လိုက္ၿပီး ႐ွန္း လည္း ေဒါသစိတ္ႏွင့္ စိုက္ၾကည့္ေနေတာ့သည္။
ဟန္မေဆာင္ႏိုင္ေတာ့သည့္အခါ ႏွစ္ေယာက္လံုးကို ႐ွန္း ႐ွင္းပစ္ရန္ျပင္ေနခ်ိန္တြင္ လွည္းထဲမွ ထြက္လာသည့္ အိုက္႐ွင္း .. သူ႔ထံေျပးလာေနသည္ကို ေတြ႔လိုက္ေလသည္။
အိုက္႐ွင္း ပခံုးကို ႐ွန္း ဖက္ထားလိုက္ၿပီး ....
"ယုန္ေလး .... ဘယ္လိုေနေသးလဲ"
႐ွန္း ကို အိုက္႐ွင္း ေမာ့ၾကည့္လိုက္ၿပီး ျပံဳးလိုက္ကာ ....
"ေကာင္းသြားပါၿပီ"
ထို႔ေနာက္ ႐ွဲ ႏွင့္ ေဝ့ တို႔ကို အိုက္႐ွင္း လွည့္ၾကည့္လိုက္ၿပီး ႐ွန္း ကိုေမးေလသည္။
"႐ွန္း ... ဘာေတြျဖစ္ေနတာလဲဟင္"
"ယုန္ေလး ... စိတ္မပူပါနဲ႔..."
႐ွန္း ေျပာေနသည့္အခ်ိန္တြင္ အိုက္႐ွင္း နားသို႔ ေဝ့ ယိုင္တိုင္တိုင္ႏွင့္ ေလ်ွာက္လာၿပီး ဒူးေထာက္လိုက္ေလသည္။
မ်က္ရည္မ်ားျပည့္ကာ နီရဲေနသည့္ မ်က္လံုးမ်ားႏွင့္ ေဝ့ အိုက္႐ွင္း ကို ေမာ့ၾကည့္ကာ ....
"အိုက္႐ွင္း ... ကြၽန္မမွားသြားပါတယ္ .. ေတာင္းပန္ပါတယ္ ... ခြင့္လႊတ္ေပးပါေနာ္ ... ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ ... ကြၽန္မကို မသတ္ပါနဲ႔ေနာ္"
အိုက္႐ွင္း လည္း သူမကို သနားသြားၿပီး ...
"ဘာေျပာတာလဲ ... ဘာလို႔သတ္ရမွာလဲ"
"ေတာင္းပန္ပါတယ္ ... ဒီသခင္ေလးကို မသတ္ဖို႔ေျပာေပးပါ ... ကြၽန္မတကယ္ေတာင္းပန္ပါတယ္ ... ေရြးစရာမ႐ွိခဲ့လို႔ပါ"
သူမစကားကို အိုက္႐ွင္း နားမလည္သျဖင့္ ႐ွန္း ကို စူးစမ္းေသာ မ်က္ဝန္းမ်ားႏွင့္ၾကည့္ကာ ....
"႐ွန္း .... သူဘာေျပာတာလဲဟင္"
"ယုန္ေလး .... သူမက မင္းကို တမင္ဒဏ္ရာျဖစ္ေအာင္ လုပ္ခဲ့တာ ... ဒီတိုင္း မလြတ္ေပးႏိုင္ဘူး"
"႐ွန္း ... သူ႔ကို ဘာမွမလုပ္ပါနဲ႔ေနာ္"
႐ွန္း သက္ျပင္းခ်လိုက္ၿပီး ေခါင္းညိတ္ကာ သေဘာတူလိုက္ေလသည္။
ထိုအေျခအေနကို မလိုလားဟန္ျဖစ္ေနသည့္ ႐ွဲ သည္ တိတ္တဆိတ္ပင္ က်ိန္ဆဲေနေတာ့သည္။
အားလံုး အိပ္ေမာက်ေနၾကသည့္အခ်ိန္တြင္ က်န္း ႐ွီ ႐ွန္း ကိုၾကည့္လိုက္ကာ ....
"ေျပာပါဦး"
႐ွန္း မ်က္ႏွာလံုးဝမေျပာင္းလဲဘဲႏွင့္ ...
"ေျပာစရာမ႐ွိဘူး"
"ဟက္ ... ႐ွန္း .. မင္း ႏွစ္ေယာက္လံုးကို လြတ္ေပးလိုက္တာေနာ္ ... ဘာေတြၾကံေနတာလဲ"
႐ွန္း မဲ့ျပံဳးႏွင့္ ျပန္ေျဖေလသည္။
"သူတို႔ကို လြတ္ေပးလိုက္လို႔ ယံုရခက္ေနတာလား .... ၿပီးေတာ့ သူ႔ကို အႏၱရာယ္ကင္းကင္းနဲ႔ ပို႔ေပးမယ္လို႔ ေျပာထားခဲ့တယ္ေလ"
"......."
"ဟား...ဟား.... သူမ မေပ်ာ္မရႊင္ျဖစ္ေနတာကို ေစာေစာအဆံုးသတ္ေပးလိုက္ရင္ အရမ္းလြယ္ေနမွာေပါ့"
"ဟား .... ငါသိသားပဲ ... ငါနဲ႔အတူ ႀကီးျပင္းလာတဲ့ ႐ွန္း က သူ႔ကို ပမာမခန္႔လုပ္တဲ့သူေတြကို ဘယ္ေတာ့မွ လြတ္ေပးမွာမဟုတ္ဘူးေလ"
ထိုအျဖစ္အပ်က္တို႔ေၾကာင့္ ႐ွန္း အိုက္႐ွင္း ကို မ်က္စိေအာက္မွ အေပ်ာက္မခံေတာ့ဘဲ ႐ွဲ ႏွင့္ ေဝ့ ကိုလည္း ခရီးဆံုးေရာက္သည့္အခ်ိန္ထိ လွည္းထဲတြင္သာ ေနရန္ ေျပာထားေလသည္။
သူမအေပၚ ထိုသို႔ျပဳမူသည့္ ႐ွန္း ေၾကာင့္ ႐ွဲ စိတ္တိုေနၿပီး လွည္းထဲတြင္ ထိုင္ေနရင္း ေဝ့ ကိုလည္း စိုက္ၾကည့္ကာ ...
'အေစခံမကမ်ား ... ငါနင့္ကို လြတ္ေပးမယ္မထင္နဲ႔ .. နန္းေတာ္ကိုေရာက္ရင္ အမတ္ ခ်န္း ကိုေျပာၿပီး နင့္ကို ခ်က္ခ်င္း ကြပ္မ်က္ခိုင္းမယ္ ... ငါ့ကိုမ်ား ျပန္ေျပာရဲတယ္ '
T/N :....
မနက္ျဖန္ေတာ့ အျပင္ေလ်ွာက္သြားမွာမို႔လို႔ updateမလုပ္ဘူးေနာ္ ...
.
.
.
.
.
.
.
.
.
.
.
.
အဲ့လိုသာေျပာၾကည့္ပါလား အမေလး... ပတ္ေျပးေနရမွာ .. XD ..
ေနာက္တာပါဗ်ာ ညဘက္မွပဲ တစ္ပိုင္းေတာ့တင္ပါ့မယ္ ... မနက္ျဖန္ေရာ သန္ဘက္ခါေရာ လုပ္စရာေလး ႐ွိလို႔ပါေနာ္ ...
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●Unicode●●●
အသက်ရှင်ကျန်ရစ်ခဲ့သော ဓားပြတို့ကို ကျန်းရှီ တန်းစီကာချထားလိုက်ပြီးနောက် ပထမဦးဆုံးတစ်ယောက်ထံ ရှန်း လျှောက်သွားလိုက်ပြီး တည်ငြိမ်စွာပင် မေးလေသည်။
"မင်းတို့ ခေါင်းဆောင် ဘယ်မှာလဲ"
ရှန်း အသံမှာ အလွန်ပင်တည်ငြိမ်နေသော်လည်း ကြောက်စရာကောင်းသည့်ခံစားမှုကို ထိုဓားပြခံစားနေရသည်။ ထို့ကြောင့် မဖြေနိုင်တော့ဘဲ တုန်လှုပ်နေလေသည်။
တုံ့ဆိုင်းနေသည်ကို တွေ့သဖြင့် ရှန်း ထိုလူခေါင်းကို ခန္ဓာကိုယ်နှင့် တခြားစီဖြစ်အောင် လုပ်လိုက်ပြီး နောက်တစ်ယောက်ထံ ဦးတည်သွားလေသည်။
ရှန်း လှုပ်ရှားမှုမှာ အခြားသောဓားပြတို့ မမြင်လိုက်ရအောင်ပင် သွက်လက်ပြီး လျင်မြန်လှသည်။ သူတို့သွေးသောက်၏ ခေါင်းပြတ်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားပြီး ဆက်ဖြစ်လာမည့်အကြောင်းရာကိုလည်း တွေးရင်း တုန်လှုပ်နေကြသည်။
အခြားတစ်ယောက်ကိုလည်း အမူအရာမပြောင်းဘဲ ထိုအမေးကို ပြန်မေးသော်လည်း ထိုဓားပြမှာ အရှေ့ကတစ်ယောက်မည်သို့ဖြစ်သွားသည်ကိုသာ တွေးနေသဖြင့် ရှန်း ပြန်မဖြေမိ။ သူ၏ခေါင်းလည်း ရှန်း လက်ချက်ကြောင့်ပင် ပြတ်သွားတော့သည်။
တတိယတစ်ယောက်မြောက်ထိ ပြီးသွားသည့်အချိန်မှသာ ဖြစ်ပျက်နေသည်ကို ဓားပြတို့သဘောပေါက်သွားပြီး ကြောက်လန့်ကုန်တော့သည်။
လေးယောက်မြောက်တွင် ရှန်း မေးပင်မမေးလိုက်ရ၊ သူတို့၏ခေါင်းဆောင်မှာ ဟူ တောအုပ်တွင်ရှိသည်ဟု ဖြေလေသည်။
အမှန်တိုင်းဖြေသည်ဟု ခံစားရသဖြင့် ကြိုးကိုဖြတ်ကာ လွတ်ပေးလိုက်ပြီး နောက်တစ်ယောက်သို့ ဦးတည်သွားတော့သည်။
နောက်ထပ်ဓားပြတစ်ယောက်ကို ....
"ဟူ တောအုပ်ကို ဘယ်လိုသွားရမလဲ"
ထိုသူလည်း တောအုပ်ထဲသွားရန်လမ်းကို အမှန်တိုင်းပင်ဖြေသဖြင့် လွတ်ပေးလိုက်ပြီး အခြားတစ်ယောက်ထံသွားပြန်သည်။ ခုနစ်ယောက်မြောက်အလှည့်ရောက်သည့်အခါ ....
"ဘာကြောင့် ငါတို့ကို တိုက်ခိုက်တာလဲ"
ဓားပြလည်း လျင်မြန်စွာပင် ဖြေလေသည်။
"မင်းတို့ကို ဓားပြတိုက်ချင်လို့"
စကားဆုံးသည်နှင့် ချက်ချင်းပင် ထိုလူကိုလည်း ရှန်း ရှင်းလိုက်ပြီး ကျန်သော ဓားပြသုံးယောက်ထံ သွားပြန်လေသည်။
ရှစ်ယောက်မြောက်ကိုလည်း ထိုမေးခွန်းပင် မေးပြန်ရာ ....
"ခေါင်းဆောင်က အစိမ်းရောင်ဝတ်စုံနဲ့မိန်းကလေးကို တွေ့ခဲ့တာကြောင့် သူ့ဇနီးအဖြစ် ထားချင်လို့ပါတဲ့"
ထိုလူကိုလည်း လွတ်ပေးပြီးသော် ကျန်နှစ်ယောက်မှာလည်း ရှန်း ၏အမေးကို အမှန်တိုင်းပင် ဖြေကြလေသည်။
ရှန်း ဆယ်ယောက်မြောက်ကိုလည်း လွတ်ပေးပြီးနောက် ကျန်းရှီ ကိုကြည့်လိုက်ပြီး ....
"အိုက်ရှင်း ကို သေချာစောင့်ကြည့်ထား .... ငါပြန်လာခဲ့မယ်"
ပြောပြီး ချက်ချင်းထွက်သွားလေသည်။
ရှန်း ဟူ တောအုပ်ကို အမြန်ပင်ရောက်သွားပြီး ဓားပြခေါင်းဆောင်ကို တွေ့ရှိပြီးနောက် ခေါင်းဖြတ်ရှင်းပစ်ခြင်းကို ဖြည်းဖြည်းနှင့် နာကျင်စွာ ခံစားစေလိုက်သည်။
နားနေရာသို့ ရှန်း ပြန်ရောက်လာသည့်အခါ ရှဲ ပြေးလာပြီး ဖက်လိုက်ကာ ငိုတော့သည်။
"ဟင့် ... ဟင့် ... အစ်ကို ဘယ်တွေသွားနေတာလဲ .... ရှဲ က အစ်ကို့ကို စိတ်ပူနေတာ"
ရှန်း ကိုယ့်ကိုယ်ကို သူမအနားမှ ရှောင်ထွက်လိုက်ပြီး ရေခဲတမျှ အေးစက်သည့်အသံနှင့် ....
"မင်းရဲ့ အစေခံဘယ်မှာလဲ"
ရှန်း ၏အသံကြောင့် ရှဲ လန့်သွားပြီး တုန်လှုပ်နေတော့သည်။ သူမပြန်ဖြေသည်ကို စိတ်မရှည်စွာ စောင့်နေစဉ် တဲထဲမှထွက်လာသည့် ဝေ့ ကို တွေ့လိုက်သဖြင့် ငြိမ်နေသည့် ရှဲ ရှေ့မှ ဖြတ်လျှောက်လာပြီး ဝေ့ အရှေ့တွင် ရပ်နေလေသည်။
ဝေ့ ကိုလည်း မပြောင်းလဲသောအသံနှင့် ....
"မင်း အိုက်ရှင်း ကို ဘာလုပ်ခဲ့လဲ"
ဝေ့ မျက်လုံးတို့ ကျယ်လာပြီး ရန်တုန်လာတော့သည်။ ရှန်း ၏ အေးစက်စက်အကြည့်ကြောင့် ဝေ့ တုန်လှုပ်ကာ မြေပြင်ပေါ် လဲကျသွားလေသည်။
သူမအပြုအမူအရ ရှန်း သံသယတို့ ပို၍ခိုင်မာတော့သည်။ သူမခေါင်းကိုဖြတ်ရန်ပြင်လိုက်စဉ် ဝေ့ သည် ရှဲ ကိုကြည့်ကာ ငိုယိုတောင်းပန်လေသည်။
"သခင်မလေး ရှဲ .... ကယ်...ကယ်ပေးပါဦး"
ရှဲ သည် သူမကိုလည်း ရှန်း သံသယဝင်မည်စိုးသောကြောင့် ဝေ့ ကို ကြည့်ကာ အော်လိုက်သည်။
"ဝေ့ ... နင် အကျင့်ယုတ်လှချည်လား ... အိုက်ရှင်း ကို ဘာလုပ်လိုက်တာလဲ .. ဘာကြောင့် လုပ်ရဲရတာလဲ"
ရှန်း ကိုလည်း မျက်ရည်ပြည့်နေသည့် မျက်လုံးများနှင့် ကြည့်လိုက်ပြီး .....
"အစ်ကို ... အိုက်ရှင်း ဘာမှမဖြစ်ဘူးမလားဟင် ... ဝေ့ လုပ်ရပ်အတွက် တောင်းပန်ပါတယ် ... သူ့အပေါ် အမြဲကောင်းပေးခဲ့ရဲ့သားနဲ့ ဘာကြောင့် အိုက်ရှင်း ကို ထိခိုက်စေတာလည်း မသိပါဘူး ... ဟင့် ..ဟင့်..."
ရှဲ စကားတို့ကြောင့် ဝေ့ အံ့ဩသွားပြီး မျက်ရည်များပို၍ ကျဆင်းလာတော့သည်။
"သခင်လေး ... ကျွန်မကိုငဲ့ညှာပေးပါ ... ဒါတွေက သခင်မလေး ရှဲ ရဲ့အကြံတွေပါ ... ကျွန်မလည်း လိုက်နာရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ပါဘူး ... ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့နော်"
"လူလိမ်မ .. အစ်ကို ... သူ့ကိုမယုံပါနဲ့ .. ရှဲ က အိုက်ရှင်း ကို ဘယ်တော့မှ ထိခိုက်အောင်မလုပ်ပါဘူး ... ဟင့် .. ဝေ့ ... ဘာကြောင့်လိမ်နေရတာလဲ .. အစ်ကိုနဲ့ ငါ့ကို နင်မနာလိုဖြစ်နေတာသိပါတယ် ဒါပေမယ့် မလိမ်ပါနဲ့ ... ဟင့်...ဟင့်"
ရှဲ ၏ မတည်မငြိမ်ဖြစ်နေပုံကြောင့် ကျန်းရှီ တစ်ဖက်လှည့်ကာ ရယ်လိုက်ပြီး ရှန်း လည်း ဒေါသစိတ်နှင့် စိုက်ကြည့်နေတော့သည်။
ဟန်မဆောင်နိုင်တော့သည့်အခါ နှစ်ယောက်လုံးကို ရှန်း ရှင်းပစ်ရန်ပြင်နေချိန်တွင် လှည်းထဲမှ ထွက်လာသည့် အိုက်ရှင်း .. သူ့ထံပြေးလာနေသည်ကို တွေ့လိုက်လေသည်။
အိုက်ရှင်း ပခုံးကို ရှန်း ဖက်ထားလိုက်ပြီး ....
"ယုန်လေး .... ဘယ်လိုနေသေးလဲ"
ရှန်း ကို အိုက်ရှင်း မော့ကြည့်လိုက်ပြီး ပြုံးလိုက်ကာ ....
"ကောင်းသွားပါပြီ"
ထို့နောက် ရှဲ နှင့် ဝေ့ တို့ကို အိုက်ရှင်း လှည့်ကြည့်လိုက်ပြီး ရှန်း ကိုမေးလေသည်။
"ရှန်း ... ဘာတွေဖြစ်နေတာလဲဟင်"
"ယုန်လေး ... စိတ်မပူပါနဲ့..."
ရှန်း ပြောနေသည့်အချိန်တွင် အိုက်ရှင်း နားသို့ ဝေ့ ယိုင်တိုင်တိုင်နှင့် လျှောက်လာပြီး ဒူးထောက်လိုက်လေသည်။
မျက်ရည်များပြည့်ကာ နီရဲနေသည့် မျက်လုံးများနှင့် ဝေ့ အိုက်ရှင်း ကို မော့ကြည့်ကာ ....
"အိုက်ရှင်း ... ကျွန်မမှားသွားပါတယ် .. တောင်းပန်ပါတယ် ... ခွင့်လွှတ်ပေးပါနော် ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ... ကျွန်မကို မသတ်ပါနဲ့နော်"
အိုက်ရှင်း လည်း သူမကို သနားသွားပြီး ...
"ဘာပြောတာလဲ ... ဘာလို့သတ်ရမှာလဲ"
"တောင်းပန်ပါတယ် ... ဒီသခင်လေးကို မသတ်ဖို့ပြောပေးပါ ... ကျွန်မတကယ်တောင်းပန်ပါတယ် ... ရွေးစရာမရှိခဲ့လို့ပါ"
သူမစကားကို အိုက်ရှင်း နားမလည်သဖြင့် ရှန်း ကို စူးစမ်းသော မျက်ဝန်းများနှင့်ကြည့်ကာ ....
"ရှန်း .... သူဘာပြောတာလဲဟင်"
"ယုန်လေး .... သူမက မင်းကို တမင်ဒဏ်ရာဖြစ်အောင် လုပ်ခဲ့တာ ... ဒီတိုင်း မလွတ်ပေးနိုင်ဘူး"
"ရှန်း ... သူ့ကို ဘာမှမလုပ်ပါနဲ့နော်"
ရှန်း သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
ထိုအခြေအနေကို မလိုလားဟန်ဖြစ်နေသည့် ရှဲ သည် တိတ်တဆိတ်ပင် ကျိန်ဆဲနေတော့သည်။
အားလုံး အိပ်မောကျနေကြသည့်အချိန်တွင် ကျန်း ရှီ ရှန်း ကိုကြည့်လိုက်ကာ ....
"ပြောပါဦး"
ရှန်း မျက်နှာလုံးဝမပြောင်းလဲဘဲနှင့် ...
"ပြောစရာမရှိဘူး"
"ဟက် ... ရှန်း .. မင်း နှစ်ယောက်လုံးကို လွတ်ပေးလိုက်တာနော် ... ဘာတွေကြံနေတာလဲ"
ရှန်း မဲ့ပြုံးနှင့် ပြန်ဖြေလေသည်။
"သူတို့ကို လွတ်ပေးလိုက်လို့ ယုံရခက်နေတာလား .... ပြီးတော့ သူ့ကို အန္တရာယ်ကင်းကင်းနဲ့ ပို့ပေးမယ်လို့ ပြောထားခဲ့တယ်လေ"
"......."
"ဟား...ဟား.... သူမ မပျော်မရွှင်ဖြစ်နေတာကို စောစောအဆုံးသတ်ပေးလိုက်ရင် အရမ်းလွယ်နေမှာပေါ့"
"ဟား .... ငါသိသားပဲ ... ငါနဲ့အတူ ကြီးပြင်းလာတဲ့ ရှန်း က သူ့ကို ပမာမခန့်လုပ်တဲ့သူတွေကို ဘယ်တော့မှ လွတ်ပေးမှာမဟုတ်ဘူးလေ"
ထိုအဖြစ်အပျက်တို့ကြောင့် ရှန်း အိုက်ရှင်း ကို မျက်စိအောက်မှ အပျောက်မခံတော့ဘဲ ရှဲ နှင့် ဝေ့ ကိုလည်း ခရီးဆုံးရောက်သည့်အချိန်ထိ လှည်းထဲတွင်သာ နေရန် ပြောထားလေသည်။
သူမအပေါ် ထိုသို့ပြုမူသည့် ရှန်း ကြောင့် ရှဲ စိတ်တိုနေပြီး လှည်းထဲတွင် ထိုင်နေရင်း ဝေ့ ကိုလည်း စိုက်ကြည့်ကာ ...
'အစေခံမကများ ... ငါနင့်ကို လွတ်ပေးမယ်မထင်နဲ့ .. နန်းတော်ကိုရောက်ရင် အမတ် ချန်း ကိုပြောပြီး နင့်ကို ချက်ချင်း ကွပ်မျက်ခိုင်းမယ် ... ငါ့ကိုများ ပြန်ပြောရဲတယ် '
T/N :....
မနက်ဖြန်တော့ အပြင်လျှောက်သွားမှာမို့လို့ updateမလုပ်ဘူးနော် ...
.
.
.
.
.
.
.
.
.
.
.
.
အဲ့လိုသာပြောကြည့်ပါလား အမလေး... ပတ်ပြေးနေရမှာ .. XD ..
နောက်တာပါဗျာ ညဘက်မှပဲ တစ်ပိုင်းတော့တင်ပါ့မယ် ... မနက်ဖြန်ရော သန်ဘက်ခါရော လုပ်စရာလေး ရှိလို့ပါနော် ...
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤