TOXIC INK

By NoonaK04

286K 19.5K 316

လက္စားေခ်ရန္တစ္ခုသာ ဦးေႏွာက္ထဲ ေနရာအျပည့္ယူခဲ႔ျပီး နာက်င္ေနသည္ လိုအပ္ေနသည္ ကိုေတာင္ ေဝဖန္ပိုင္းျခားႏိုင္စြမ္... More

Episode.1
Episode.3
Episode.4
Episode.5
Episode.6
Episode.7
Episode.8
Episode.9
Episode.10
..Episode.11
Episode.12
Episode.13
Episode 14
Episode.15
Episode.16
Episode.17
Episode.18
Episode.19
Episode.20
Episode.21
Episode.22
Episode.23
Episode.24
Episode.25
Episofe.26
Episode.27
Episode.28
Episode.29
Episode.30
Episode.31
Episode.32
Episode.33
Episode.34
Episode.35
Episode.36
Episode.37
Episode.38
Episode.39
Episode.40
Episode.41
Episode.42
Episode.43
Episode.44
THE END
Notice!!
FicBook Announce !!

Episode.2

9.2K 613 9
By NoonaK04

{Zawgyi}

'ရက္စက္ျခင္းတို႔ ေျခလွမ္းျခင္း'

••...သူေဌးလာျပီ...အသင့္ျပင္ႀက...••

••...Nae မန္ေနဂ်ာႀကီး...••

••...ဟိုေကာင္ အကၤ် ီကို
ဘယ္လိုဝတ္ထားတာလဲ...
ျပန္ျပင္ဝတ္ သူေဌးအေႀကာင္းမသိလို႔လား...
ဟိုကေကာင္ ျမန္ျမန္အေပါက္ဝမွာ
ေနရာယူေတာ့ေလ...Yarr !!!!
ဘာလုပ္ေနတာလဲ ျမန္ျမန္မလုပ္ပဲ...••

••...nae ! nae...••

••...တို႔မန္ေနဂ်ာက ဒီလိုအခ်ိန္ဆို
တကယ္သနားစရာပဲ
ပ်ာယာက္ုိခတ္ေနတာပဲ...••

••...Yarr !!!...••

••...Nae လာပါျပီ...••

••...ျမန္ျမန္ေနရာယူ ဟိုမွာကားဝင္လာျပီ...••

ဝန္ထမ္းေတြရွိရာ အေဆာက္အဦးရဲ႕
မ်က္ႏွာစာေရွ႕သို႔ လြန္စြာတန္ဖိုးႀကီးလွေသာ
ကားတစ္စီးဆိုက္ေရာက္လာခ်ိန္မွာေတာ့
ခုနကနဲ႔ကြဲျပားစြာ ဝန္ထမ္းေတြဟာ
တိတ္ဆိတ္ျငိမ္သက္လို႔...

နက္ေမွာင္ေျပာင္လက္ေနတဲ႔ကားရဲ႕
တံခါးတစ္ခ်ပ္ဖြင့္သြားခ်ိန္မွာ
ေအာက္ေျခႀကမ္းျပင္သို႔ခ်လိုက္ေသာ
အနက္ေရာင္ရႊဲေနတဲ႔ ဖိနပ္ထက္
ပိုေစာစြာလႊင့္ပ်ံလာေသာ
အသက္ရႈမွားေလာက္သည့္Perfume နံ႕...
ရွည္လ်ားေသာေျခတံေတြကိုျမင္ရံုနဲ႔
ဝန္ထမ္းေတြေခါင္းကိုမေမာ့ေတာ့ေပ...

ကားထဲမွ လူတစ္ကိုယ္လုံး
ထြက္လာျပီးခ်ိန္မွာေတာ့...
ျမင့္မားခန္႔ညားေသာအရပ္နဲ႔
ေခ်ာေမာေျပျပစ္ေသာ မ်က္ႏွာက်တို႔သည္
ထင္းလင္းစြာ ေပၚထြက္လာသည္...

အေနာက္တိုင္း suit အျပည့္ရယ္...
ထင္းေနေသာ မ်က္ႏွာက်ထက္တြင္ရွိေသာ
မ်က္မွန္အညိဳေရာင္ရယ္...
ေဘာင္းဘီအိတ္ထဲလက္တစ္ဖက္ထည့္ထားျပီး
က်န္တစ္ဖက္တြင္ေတာ့
သာမန္လူတန္းစားေတြအနားမကပ္ႏိုင္ေသာ
စိန္ေရာင္တစ္ဖ်တ္ဖ်တ္လက္ေနတဲ႔
နာရီတစ္လုံးရယ္...

အရာအားလုံးက
ခန္႔ညားလိုက္ဖက္စြာရွိေနေသာ္လည္း
လိုအပ္ေနတဲ႔တစ္ခုတည္းေသာအရာက
အျပံဳးလုံးဝမဆင္ျမန္းထားသည့္ ႏႈတ္ခမ္းတစ္စုံ...
ခပ္တင္းတင္းေစ့ထားသည္က
အားလုံးအတြက္ေႀကာက္စရာပင္...

မ်က္မွန္ကိုခြ်တ္လိုက္ျပီး
ဟိုႀကည့္ဒီႀကည့္လုပ္လိုက္ခ်ိန္မွာ
ေပၚလြင္လာတဲ႔ စူးရွႀကည္လဲ႔ေနေသာ
မ်က္ဝန္းတစ္စုံေႀကာင့္ အသက္ရႈရပ္မတတ္
ထိတ္လန္႔ေနပုံရေသာ ဝန္ထမ္းေတြသည္
ေခြ်းေစးေတြျပန္ေနေလာက္မည္...

ေျပာင္လက္ေခ်ာေမြ႕ေနေသာ
ႀကမ္းျပင္ထက္တြင္ ဖိနပ္သံ
တစ္ခ်က္ခ်င္းထြက္ေပၚလာျပီး
အားလုံးေရွ႕မွ ျဖတ္ေလ်ွာက္သြားခ်ိန္တြင္
က်န္ခဲ႔ေသာေလညင္းထဲတြင္
အေကာင္းစား Perfume ရဲ႕ရနံ႕
သင္းသင္းထက္ ေႀကာက္စရာ
အေငြ႕အသက္ကိုသာ
ခံစားမိေနႀကသည္မွာမလြဲ...

ေဘးပတ္ဝန္းက်င္နဲ႔ အရာအားလုံးကို
တစ္ခ်က္ေဝွ႕ႀကည့္လိုက္ျပီး
လက္ညိွဳးတစ္ခ်က္ထိုးလိုက္သည္ႏွင့္
တန္းသေဘာေပါက္ကာ
ဘာလိုေနသည္မွန္းသိေနႀကသည္...
ဦးက်ိဴးမတတ္ ေတာင္းပန္ဦးညႊတ္ကာ
ဝပ္တြားေနႀကသည္ကို ျပံဳးသည္ဟု
လုံးဝမွားစရာမရွိႏိုင္ေသာ
ခပ္ရြဲ႕ရြဲ႕အမူအရာတစ္ခုကို ႏႈတ္ခမ္းမွာ
ထင္ေပၚလာေစျပီး escalatorဆီသို႔
ဦးတည္လိုက္သည္...

တိတ္ဆိတ္ေနေသာဓါတ္ေလွကားအတြင္း
သူေဌးနဲ႔ အတြင္းေရးမႈဳးႏွစ္ေယာက္သာ...

••...HH Gp ဘာျဖစ္သြားျပီလဲ...••

••...nae order ေတြပ်က္ကုန္လို႔
အခက္ႀကံဳေနပါတယ္...စာခ်ဴပ္ေတြလဲ
ဖ်က္သြားႀကေတာ့ ရွယ္ယာေစ်းေတြလဲ
ထိုးက်ေနျပီး...ေလလြင့္ကုန္တဲ႔
ကုန္ႀကမ္းေတြေႀကာင့္
ဆုံးရံႈးမႈေတြလဲျဖစ္ေနပါတယ္......••

••...ဒီေန႔ကစျပီး HH Gp က
ရွယ္ယာရွင္ေတြဆီက
ရွယ္ယာေတြကို လိုက္ဝယ္ပါ...
ျပီးေတာ့ တားျမစ္ chemicalေတြ
သုံးတဲ႔ကိစၥကိုစစ္ေဆးေရးေတြဆီ
သတင္းေပးလိုက္ျပီး အခြန္ေရွာင္တာေတြ
အတြက္ပါ အသိေပးလိုက္ပါ...••

••...nae သိပါျပီ သူေဌး...••

••...တီး ေတာင္င္ !...••

••...ႀကြပါ သူေဌး...••

သူေဌးရံုးခန္းတြင္းေရာက္ခ်ိန္မွာ
စားပြဲခုံေပၚမွာတင္ထားတဲ႔...
ရာထူးဖန္တုံးတံဆိပ္...
'သူေဌး Park Chanyeol'...

ႏႈတ္ခမ္းထက္ေရာက္မလာေသာအျပံဳးကို
စိတ္ထဲတြင္ႏွစ္ျခိဳက္စြာ
ျပံဳးရယ္လိုက္မိသည္အထိ
သေဘာက်ႏွစ္ျခိဳက္ေနမိသည္...

ကြ်န္ေတာ္က Park Chanyeol ေပါ့...
မႏွစ္ျခိဳက္ေသာ္လည္း ေမြးဖြားလာေသာ
ကံႀကမၼာအရ Park မ်ိဴ းႏြယ္...

KB Gp ရဲ႕အေမြခံသူေဌးတစ္ေယာက္...
စည္းကမ္းႀကီးတယ္...မာနႀကီးတယ္...
ဘယ္ဝန္ထမ္းကိုမွ ဘက္မလိုက္
မ်က္ႏွာသာမေပး...

hkk...ဝန္ထမ္းကို မ်က္ႏွာသာေပးခဲ႔မိလို႔
Omma ကအိမ္ေပၚက
ႏွင္ခ်ခံခဲ႔ရသည္တဲ႔ေလ...

ထို႔ေႀကာင့္မည္သည့္ဝန္ထမ္းကိုမဆို
လိုသည္ထက္ပိုမေျပာ...
အခြင့္အေရးဆိုသည္မွာမရွိ...

Company စည္းကမ္းကို
ေဖာက္ဖ်က္မိပါက Out!!...

အလုပ္လုပ္ရာတြင္ တိက်သည္...
ျပတ္သားသည္...ရက္စက္သည္...
သံေယာဇဥ္မရွိ ...ေထာက္ထားစရာမရွိ...
ဒါေႀကာင့္သာ ဒီလိုအခ်ိန္တိုအတြင္း
ေအာင္ျမင္လာသည္...

Park Chanyeol ရဲ႕ဘဝတြင္
သံေယာဇဥ္ႀကိဳးသည္
တစ္ႀကိဳးတည္းသာ...Omma...

အဘြားကေတာ့ သူမရဲ႕Companyကို
သြားေရာက္ေလ့လာပါဆိုလို႔
LA ကိုသြားျပီးမႀကာခင္မွာပဲ
ဆုံးပါးသြားခဲ႔လို႔ Omma နဲ႔
ႏွစ္ေယာက္တည္းသာက်န္ရစ္ခဲ႔သည္မို႔
Omma ကသာ ကြ်န္ေတာ့္အတြက္နားခိုရာ...

စိတ္ခ်ပါ Omma ...
မႀကာခင္က်ေရာက္လာေတာ့မဲ႔
Omma ရဲ႕အသက္
47 ႏွစ္ျပည့္ေမြးေန႔အတြက္
အႀကီးမားဆုံးေသာ
လက္ေဆာင္တစ္ခုကိုေပးမွာပါ...
Omma အတြက္အႀကီးမားဆုံးေပါ့...

••...သူေဌး...••

••...omm အတြင္းေရးမႈဳးကင္...••

••...ေနာက္ဆယ္မိနစ္ဆိုရင္
အစည္းအေဝးစပါမယ္...••

••...omm...••

••...ဟိုေလ...••

••...ဘာတင္ျပစရာရွိေသးလို႔လဲ...••

••...ကြ်န္ေတာ္က ကြယ္လြန္သြားျပီျဖစ္တဲ႔
ဥကၠဌႀကီးရဲ႕အတြင္းလူမို႔
ဒီ KB Gp ရဲ႕ကိစၥအဝဝကိုသိပါတယ္...••

••...အဲ႔ဒီ့ေတာ့...••

••...အခု သူေဌးႀကိဳးစားေနတဲ႔
HH Gp ကိစၥကို ဆရာကေတာ္ေရာ
သိထားရဲ႕လားလို႔ပါ...••

••...ဒီလိုေမးခြန္းကို အတြင္းေရးမႈဳးကင္မို႔လို႔
ေမးရဲတယ္လို႔ေျပာရမွာပါ...••

••...ေတာင္းပန္ပါတယ္ သူေဌး...••

••...ကိစၥမရွိပါဘူး...အခု HH Gp ကို
Omma ကိုေမြးေန႔လက္ေဆာင္ေပးမလို႔ပါ...••

••...ဒါေပမဲ႔...••

••...အဘြားရဲ႕အတြင္းလူမို႔
ဒီေလာက္နဲ႔ခြင့္လႊတ္လိုက္မယ္...••

••...nae သိပါျပီ...••

••...သြားမယ္...••

••...nae ႀကြပါ သူေဌး...••

ေရွ႕ကေန ေက်ာ့ေမာ့စြာထြက္သြားတဲ
႔ေျခလွမ္းႀကဲႀကဲေတြကို ေနာက္ေက်ာမွ
ေငးရင္းသက္ျပင္းအသာခ်မိသူက
အတြင္းေရးမႈဳးကင္...

အသက္24 ႏွစ္သာရွိေသးေသာ
လူငယ္တစ္ေယာက္ရဲ႕ရင္ဘတ္ထဲမွာ
ဘာလို႔ဒီေလာက္အတၲမာနေတြ
ျပင္းထန္ေနခဲ႔ရသလဲဆိုတာကို
ေကာင္းေကာင္းသိတာမို႔
အျခားသူေတြလိုရြံေႀကာက္နဲ႔မဟုတ္ပဲ
စိတ္ရင္းနဲ႔သနားေနမိသည္က
အတြင္းေရးမႈဳးတစ္ေယာက္သာရွိမည္ထင္...

သို႔ေသာ္ သူ႔အားသနားသည့္
မ်က္ဝန္းနဲ႔ေတာင္အႀကည့္မခံသူပါ...
ထ္ုိသ္ု႔ိေသာ ေကာင္ငယ္ေလးကို
တစ္ခါေလာက္ပဲျဖစ္ျဖစ္စိတ္ရင္းျဖင့္
ျပံဳးရယ္ေစခ်င္မိသည္မွာ စိတ္ရင္းအမွန္ပင္...

...............

ဧည့္ခန္းထဲတြင္ထိုင္ေနေသာ္လည္း
လက္မိႈင္ခ်သလိုအျပဳအမူျဖင့္
အားအင္ပ်က္ေနေသာ
လူသုံးေယာက္ကေတာ့...

••...ေယာက်္ား ဒီကိစၥကို
ဘယ္လိုလုပ္ႀကမလဲဟင္...••

••...မသိေတာ့ဘူး...အရာအားလုံးကို
တစ္ခုခုက ျဖတ္ရိုက္ခ်ေနသလို
ဘယ္ကမွကုပ္တက္လို႔မရေအာင္
ေခ်ာင္ပိတ္ရိုက္ခံေနရတာ...••

••...အတြင္းေရးမႈဳးခ်ာ
ဒီကိစၥကိုဘယ္လိုလုပ္မလဲ...••

••...အခု Company အေျခအေနက
အခ်ိန္တိုအတြင္း ေအာက္ဆုံး
ထိုးက်ေနပါတယ္ ဆရာကေတာ္...
ရွယ္ယာေတြကလဲ ေစ်းအရမ္းက်ေနျပီး
ရွယ္ယာရွင္အခ်ိဴ႕က
ႏႈတ္ထြက္ကုန္ႀကတယ္...
စစ္ေဆးေရးေတြကလဲ ျပစ္မႈႏွစ္မႈေႀကာင့္ Company မွာေျခခ်င္းလိမ္ေနျပီး
Company လဲ လည္ပတ္လို႔မရေတာ့ပါဘူး...
ကုန္ႀကမ္းအေလအလြင့္စရိတ္ေတြေႀကာင့္ Company ရဲ႕ရန္ပုံေငြကို
လွည့္ထုတ္ေနတာေတာင္အဆင္မေျပပါဘူး
ဒီအတိုင္းသာဆက္သြားရမယ္ဆိုရင္...••

••...ဘာ ဘာျဖစ္လာမလဲဟင္...••

••...အားနာေပမဲ႔ ေဒဝါလီ
ခံလိုက္ရဖို႔အျပင္မရွိေတာ့ပါဘူး...••

••...nae????...ေယာက်္ား တစ္ခုခုလုပ္ပါဦး
ဘယ္လိုလုပ္မလဲဟင္...••

••...မိန္းမ စိတ္ေအးေအးထားပါ...••

••...သူေဌးနဲ႔သူေဌးကေတာ္ကိုအားနာေပမဲ႔
ကြ်န္ေတာ့္မိသားစုရဲ႕စားဝတ္ေနေရးကလဲ
ရွိေသးတာမို႔ အလုပ္ထြက္ခြင့္ေပးပါ...••

••...အတြင္းေရးမႈဳးခ်ာ !!...••

••...ေတာင္းပန္ပါတယ္ သူေဌး...••

ဦးညႊတ္ႏႈတ္ဆက္ကာထြက္သြားေသာ
သူရဲ႕ေနာက္ေက်ာကိုႀကည့္ရင္း
မိန္းမကေတာ့တသိမ့္သိမ့္ငိုေနခဲ႔ျပီး...

••...ေယာက်္ား ဘယ္လိုလုပ္ႀကမလဲ
ကြ်န္မတို႔အခုလမ္းေဘး
ေရာက္ျပီလားဟင္...••

••...မိန္းမ စိတ္ေအးေအးထားပါ...••

••...ဘယ္လိုလုပ္ စိတ္ေအးေအးထားႏိုင္မလဲ...
ကြ်န္မတို႔ရဲ႕ရွိသမ်ွအရာေတြအားလုံးကို
HH Gp ထဲရွင္ပုံေအာထားတာေလ
အခုဘယ္လိုလုပ္ႀကမလဲလို႔...••

••...မင္းတို႔သားအမိဘာမွမျဖစ္ေအာင္
က္ုိယ္ေစာင့္ေရွာက္မွာမို႔စိတ္ခ်ပါ...••

••...ေယာက်္ား...••

••...သားေရာ...••

••...အိပ္ေနေလာက္ျပီ...••

••...သားကိုသြားႀကည့္လိုက္ဦးမယ္...
မိန္းမ သြားအိပ္ႏွင့္...••

ညအိပ္မီးမိွန္မိွန္ေလးသာဖြင့္ထားေသာ
အခန္းရဲ႕ တံခါးလက္ကိုင္ဘုေလးကို
လွည့္ဖြင္ကာ အတတ္ႏိုင္ဆုံးေျခဖြျပီးဝင္ေတာ့
ကုတင္ေပၚတြင္ေမွာက္ခုံေလး
အိပ္ေပ်ာ္ေနေသာ သားေလး...
ေစာင္လဲမျခံဳပဲ...လက္တစ္ဖက္က
ေမွာက္အိပ္ေနေသာဗိုက္ေအာက္မွာျဖစ္ျပီး
တစ္ဖက္က ေမွာက္အိပ္ေနေသာ
ေခါင္းအုံးအေပၚမွာ...မ်က္ႏွာေလးက
တစ္ျခမ္းေစာင္းအိပ္ေန၍
ခပ္ဟဟေလးေထာ္ေနေသာ
ႏႈတ္ခမ္းေလးေတြရယ္...
မို႔ေဖာင္းအစ္ေနေသာ
ပါးေဖာင္းေဖာင္းေလးေတြရယ္...
အိပ္ေနသည္မွာမသက္မသာမို႔
ကိုယ္လုံးေလးကိုျဖည္းျဖည္းဆြဲလွည့္ကာ
တစ္ေစာင္းေလးအိပ္ေစျပီး
ေစာင္ျခံဳေပးလိုက္ရင္း ပါးမို႔ေလးအား
နမ္းရႈံ႕လိုက္ေတာ့ ပါးစပ္ကေလးဟလာကာ
ပြစိပြစိနဲ႔...ေယာင္ေနသည္လား...
တစ္ခုခုဝါးေနသည္လား...
စကားပဲေျပာေနသည္လားမသဲကြဲေအာင္
အျပစ္ကင္းျပီးခ်စ္စရာ
ေကာင္းလိုက္တဲ႔သားပါေလ...

အခုမွ 17 ႏွစ္ေက်ာ္ေလးပဲရွိေသးျပီး
ကေလးဆန္တုန္း ...Appa နဲ႔ Omma ကို
ခြ်ဲလို႔မဝေသးတဲ႔အရြယ္ေလးမွာ...
သားကို ဘဝခါးခါးနဲ႔မေတြ႕ေစခ်င္ဘူးသားရယ္...

Appa ဘယ္လိုလုပ္ရပါ့မလဲ...
သားနဲ႔သား Omma ကို
ဒုကၡဆင္းရဲေတြနဲ႔မႀကံဳေတြ႕ရေအာင္
Appa ဘာလုပ္သင့္လဲ...

Appa ေတာင္းပန္ပါတယ္ သားရယ္...
လုပ္ငန္းလုပ္ရင္း သားအတြက္
ဆိုတဲ႔စိတ္နဲ႔ ေလာဘေဇာေတြ
တက္မိခဲ႔တဲ႔ေနာက္ သားေလးကို
ဒုကၡဆင္းရဲတြင္းထဲ တြန္းပို႔တဲ႕
အေဖေတာ့မျဖစ္ခ်င္ဘူးကြယ္...

..................

••...Chanေလး...••

••...nae Omma...••

••...မအိပ္ေသးဘူးလားကြယ္...••

••...nae...••

ႏြားႏို႕ပန္းကန္ေလးကိုင္ျပီးဝင္လာတဲ႔
Omma ကိုႏွစ္ျခိဳက္စြာႀကည့္လာေသာ္လည္း
အျပံဳးကေတာ့မပါလာ...

Computerကိုပိတ္ကာ အနားေရာက္လာတဲ႔ Omma ရဲ႕ကိုယ္ေလးကိုလွမ္းဖက္လိုက္ျပီး
ပါးျပင္သို႔ႏွစ္ျခိဳက္စြာနမ္းေတာ့
ခပ္ဟဟေလးရယ္ေလတဲ႔ Omma...

••...ဘာလို႔ဒီေလာက္အလုပ္ကိုပဲ
သဲမဲေနတာလဲကြယ္...Omma သားေလး
စိတ္ပင္ပန္းလူပင္ပန္းျဖစ္ေနတာကို
မႀကည့္ရက္ဘူးကြယ္...••

••...ကြ်န္ေတာ္မပင္ပန္းပါဘူး Omma...
Omma ကြ်န္ေတာ္မႀကာခင္လာမဲ႔
Omma ေမြးေန႔အတြက္
ေမြးေန႔လက္ေဆာင္တစ္ခု
ျပင္ဆင္ထားတယ္...••

••...ဟုတ္လား ဘာမ်ားပါလိမ့္...••

••...အဲ႔ဒါကေတာ့ လိ်ွဴ ႕ဝွက္ခ်က္ပါ...
ျပင္ဆင္ေနတာမို႔ မႀကာခင္
Omma surprise ျဖစ္ေစရမွာပါ...••

••...omo ႀကားရတာနဲ႔ေတာင္ရင္ခုန္လာျပီ...••

ခဏေလးပဲေစာင့္ေပးပါ Omma...
Omma နာက်င္ခံစားခဲ႔ရတဲ႔ႏွစ္ေတြအတြက္
ဒီသားက ဆက္ဆက္လက္တုန္႔ျပန္ေပးမွာမို႔လို႔ပါ...
Omma ရင္ထဲျမိဳသိပ္ထားခဲ႔ရတာေတြရယ္...
ကြ်န္ေတာ့္ကိုလူေတာင္မျဖစ္ေသးခင္
စြန္႔ပစ္ခဲ႔တဲ႔လူရဲ႕မိသားစုကို
ဆက္ဆက္လက္တုန္႔ျပန္ခြင့္ေပးပါ့မယ္...
က်ိန္းေသေပါက္...

Chan ေလး...သားေလးသိရဲ႕လား...
Omma အတြက္အရာအားလုံးက သားေလးပဲ...
Omma ရဲ႕ကံမေကာင္းမႈနဲ႔နာက်င္မႈေတြက
သားကိုဒီလိုေအးစက္တဲ႔သူျဖစ္ေစခဲ႔လို႔
Omma အျပစ္မကင္းသလိုခံစားေနရတယ္...
Omma ကအရာအားလုံးထက္
သားေလးရဲ႕ႏွစ္ျခိဳက္စြာရယ္ေနတဲ႔
အျပံဳးေလးကိုပဲ မေသခင္ျမင္ဖူးခ်င္တာပါ...

...............

••...သူေဌး...သူေဌးကိုေတြ႕ဖို႔ဆိုျပီး
HH Gp ကသူေဌး
ကိုယ္တိုင္ေစာင့္ေနပါတယ္...••

••...omm...••

အကြက္ထဲတန္းေနေအာင္ဝင္လာတဲ႔
လုပ္ရပ္ေကာင္းအတြက္
ႏႈတ္ခမ္းကိုခပ္ပါးပါးေလးရြဲ႕လိုက္ရာ...

ထင္းေနေသာ ပါးခ်ိဴင့္ေလးေပၚလြင္လာေသာလဲ
ေမးရိုးေတြေထာင္ေနေသာ
အံႀကိတ္မႈကေနာက္ဆက္တြဲပါလာ၍
စူးရွျပင္းထန္ေသာမ်က္ဝန္းတစ္စုံက
အဆင့္သင့္ပါရမီျဖည့္လ်ွက္...

••...သူေဌး ေတြ႕ခြင့္ေပးရမလား...••

••...ေတြ႕တာေပါ့...ဘယ္လို reaction နဲ႔
KB Gp ကိုခစားမလဲဆိုတာကို...••

••...nae...ဒါဆို ဒီဘက္ကိုႀကြပါ...••

ဧည့္ေတြ႕ခန္းအဝကိုေရာက္ေတာ့
အတြင္းေရးမႈဳးကင္က
တံခါးကိုဖြင့္ေပးရန္လုပ္၍
လက္ျပကာဟန္႔တားလိုက္မိသည္...

••...ဘာျဖစ္လို႔လဲ ?? သူေဌး...••

••...wait !! ..••

••...nae...••

ဘယ္လိုခံစားမႈမွန္းမသိေလာက္ေအာင္ကို
ရင္ဘတ္ထဲ၌ျဖစ္ေပၚလာေသာ ခံစားခ်က္...
တစ္ကိုယ္လုံးဖိန္းတိန္းရွိန္းတိန္းျဖင့္
ထုံက်ဥ္ေနသလိုမ်ိဴး...
မသိလိုက္ခ်ိန္မွာပဲ လက္ကေအးစက္လာသလို...
တစ္ခါမွမျမင္ေတြ႕ဖူးေသာ...
arni ျမင္ခ်င္စိတ္မရွိခဲ႔ေသာ
Appa ဆိုသူကို ေတြ႕ရေတာ့မည္မို႔လို႔လား...

••...သူေဌး...••

သူေဌးရဲ႕မ်က္ႏွာအမူအရာကိုျမင္လိုက္သည္ႏွင့္
အတြင္းေရးမႈဳးကင္ရိပ္မိပါသည္...
တစ္သက္လုံးနာက်ည္းမုန္းတီးလာခဲ႔တဲ႔
အေဖဆိုသူကို မေကာင္းေသာေတြ႕ဆုံျခင္းနဲ႔
ပထမဆုံးေတြ႕ဆုံမႈမဟုတ္လား...

ဥကၠဌႀကီးစိတ္တိုင္းက်ေသြးခဲ႔ေသာ
စိန္စီဓါးတစ္လက္သည္...
ေအးစက္ေျပာင္လက္စြာ
ေတာက္ေျပာင္လာခဲ႔ေသာ္လည္း...
ႏွလုံးသားႏုႏုတစ္ခုကိုေတာ့
စေတးခဲ႔ရသည္မဟုတ္လား...

••...ဖြင့္လိုက္ပါ...••

••...nae...••

အထဲကိုဝင္လိုက္သည္ႏွင့္ ဆိုဖာထက္တြင္
ထိုင္ေနေသာ အေနာက္တိုင္းဝတ္စုံနဲ႔
Appa ဆိုေသာလူ...

ကြ်န္ေတာ့္ကိုေတြ႕သည္ႏွင့္
တင္းမာခက္ထန္ေသာမ်က္ႏွာထားနဲ႔အတူ
မတ္တပ္ရပ္လာေသာ သူ...

မ်က္ႏွာခ်င္းဆိုင္လိုက္သည့္တစ္ခဏတြင္...
ကြ်န္ေတာ့္ရင္ထဲ ဘာကိုခံစားလိုက္ရမွန္း
မသိေသာ ခံစားမႈကို မုန္းတီးစြာ
လက္သီးဆုပ္၍ ျမဳိသိပ္လိုက္သည္...

hkk...တင္းမာခက္ထန္ေသာ
မ်က္ႏွာထားသည္လဲ ခင္ဗ်ားဆီက
အသုံးမဝင္တဲ႔ အေမြလား...

ရွည္လ်ားေသာ အရပ္သည္လည္း
အသုံးမက်စြာ ခင္ဗ်ားနဲ႔လာတူေနသည္လား...
hkk က်က္သေရမရွိလိုက္တာ...

ခင္ဗ်ားလိုလူစားကို ဒီလိုပုံစံနဲ႔ေတြ႕ရတာကို
မေက်နပ္ႏိုင္ဘူး...ဒီထက္စုတ္ျပတ္
အင္အားနည္းတဲ႔ပုံစံကိုျမင္ခ်င္တာ...

လက္ကို ေရွ႕သို႔အနည္းငယ္
ဆန္႔ထုတ္လိုက္ျပီး ထိုင္ရန္ညႊန္ျပလိုက္သည္...
အလိုမက်စြာထိုင္လာခဲ႔ေသာ္လည္း
သူ႕ေရွ႕တြင္ပင္ ေျခေထာက္ကိုခ်ိတ္ထိုင္လိုက္၍ leather ေျပာင္လင္ေနေသာရႈးဖိနပ္ဦးက
သူ႔ရဲ႕ဒူးထက္နားကို ေရာက္သြားျပီး
ပို၍ပင္တင္းမာခက္ထန္သြားသေယာင္...

••...HH Gp က သူေဌးက း
ဘာကိစၥနဲ႔ ဒီကိုမ်ားတကူးလာရတာလဲ...••

••...မင္းက KBGp ရဲ႕
သူေဌးPark Chanyeol ေပါ့...••

••...ဟုတ္ပါတယ္...••

••...ဘာလို႔ ငါ့လုပ္ငန္းကို
တိုက္ခိုက္ေနတာလဲ...••

••...Oh!! သူေဌး Park YongMin...
ကြ်န္ေတာ္က ကြ်န္ေတာ့္စီးပြားေရးကို
ကြ်န္ေတာ္လုပ္ေနတာပါ...
ကြ်န္ေတာ့္မွာ ခင္ဗ်ားလို company ကို
မကယ္တင္ပဲ သူမ်ားလုပ္ငန္းစုကို
စိတ္ဝင္စားဖို႔အတြက္ အခ်ိန္ပိုမရွိဘူး...••

••...မင္း...••

••...ခင္ဗ်ားရဲ႕လုပ္ငန္းကိုသမာသမတ္က်က်
လုပ္ခဲ႔ရင္ ဒီလိုယိမ္းယိုင္ႏိုင္စရာ
အေႀကာင္းရွိပါ့မလား...••

••...မင္းလုပ္ေနတာ...မင္း
ငါ့ Company ထဲကိုသူလ်ိွဴ ထည့္ျပီး
အခ်က္အလက္ေတြထုတ္ယူေနတာ မင္း...
ငါ့ Company ရဲ႕အားနည္းခ်က္ေတြကို
ဖဲ႔ထုတ္ေနတာ...••

••...ဒါဆိုခင္ဗ်ားCompany ရဲ႕
သစၥာခံလူေတာ္ေတြကို
အျပစ္တင္ရမယ္ထင္တယ္...
ျပီးေတာ့ အားနည္းခ်က္ဆိုတာက ...
ရွိမွသာျဖစ္လာႏိုင္တဲ႔အရာမဟုတ္လား...••

••...မင္း...မင္း စီးပြားေရးလုပ္ငန္းရွင္
ပီသတယ္ဆိုရင္ ေနာက္ကြယ္ကေန
မတိုက္ခိုက္မယုတ္မာနဲ႔ ေျပာင္တိုက္ခိုက္...••

••...တိုက္ခိုက္တယ္ဆိုတာ
ကြ်န္ေတာ္ႏွစ္သက္တဲ႔
စကားလုံးေတာ့မဟုတ္ဘူး...
ကြ်န္ေတာ္လုပ္ေနတာက စီးပြားေရးပါ...••

••...ဘာလို႔ ငါ့ Company ရဲ႕
ေစ်းကြက္ေတြကိုလာလုေနရတာလဲ...••

••...Company ဆိုတာ
ေစ်းကြက္ရွိမွျဖစ္မွာေပါ့...
ခင္ဗ်ားမေပးႏိုင္တဲ႔...
အခြင့္အေရးနဲ႔ေစ်းကြက္ကို
ဖန္တီးေပးႏိုင္တဲ႔သူဆီလာႀကတာ
ေစ်းကြက္ပဲေလ...
ဒါေစ်းကြက္လုတယ္ျဖစ္မလား...••

••...ေတာက္ !! မင္း...••

••...အသုံးမဝင္တဲ႔စကားေတြေမးျပီးျပီဆိုရင္
သြားေတာ့...ခင္ဗ်ားလို အလုပ္
အားလပ္တဲ႔အခ်ိန္ ကြ်န္ေတာ့္မွာမရွိဘူး...••

ကုတ္ကိုတစ္ခ်က္ဆြဲဆန္႔လိုက္ျပီး ခုံမွအထ...
ေက်ာခိုင္းလိုက္စဥ္...ေနာက္ေက်ာဆီမွ
ထြက္လာေသာစကားေႀကာင့္
ေက်နပ္စြာေျခလွမ္းကိုရပ္တန္႔လိုက္သည္...

••...မင္းဘာရည္ရြယ္ခ်က္ေႀကာင့္
ငါ့ကိုဖ်က္စီးဖို႕ႀကိဳးစားေနတာလဲ...
တစ္ခါမွလဲမသိခဲ႔ဖူးပါပဲနဲ႔...••

••...ဟုတ္တာေပါ့ခင္ဗ်ားနဲ႔ကြ်န္ေတာ္က
တစ္သက္နဲ႔တစ္ကိုယ္တစ္ခါမွမျမင္ဖူးခဲ႔ဘူး...
ဒီေတာ့ ခင္ဗ်ားကိုကြ်န္ေတာ္က
ရည္ရြယ္ခ်က္ရွိရွိနဲ႔ဖ်က္ဆီးေနတယ္လို႔
စြပ္စြဲခ်က္က အဓိပါၸယ္လွရဲ႕လား...••

••...မဟုတ္ဘူး မင္းမ်က္လုံးထဲမွာ
ငါ့ကိုတစ္ခုခုေတးထားတဲ႔
အႀကည့္မ်ိဴးရွိေနတယ္...••

••...ဟုတ္ပါ့မလား...ခင္ဗ်ားက
ကြ်န္ေတာ့္ကိုအျပစ္မ်ား
လုပ္မိထားေသးလား ဒါဆို...••

••...Park Chanyeol !!!...••

••...Chanyeol လို႔ေခၚတာကိုပဲ
ဘဝင္က်ပါတယ္...Park ဆိုတဲ႔
မ်ိဴးႏြယ္ကို သိပ္...မုန္း...တာ...မို႔...••

••...morr ??...••

••...ဒါဆို သြားႏွင့္ျပီ...••

••...မင္း...မင္း...••

ေျခလွမ္းႏွစ္လွမ္းေလာက္လွမ္းလိုက္စဥ္မွာပဲ
ႀကမ္းျပင္ေပၚလဲက်သြားဟန္တူသည္...
ဝုန္းကနဲျမည္သံနဲ႔အတူ
အတြင္းေရးမႈဳးရဲ႕စကားသံ...

••...သူေဌး...••

••...ေဆးရံုကားေခၚေပးလိုက္
ဒီတိုင္းေသဖို႔အတြက္ လိုေသးတယ္...••

••...Nae...••

••...သူ႔အသားကိုထိမိတာနဲ႔
အတြင္းေရးမႈဳးခ်ာ...
ခင္ဗ်ားအလုပ္ထြက္ပါ...••

••...nae!! nae...••

ကြ်န္ေတာ့္စကားေႀကာင့္ဒူးညႊတ္ကာ
ထိုလူကိုကိုင္ရန္ျပင္ေနေသာ
လက္တို႔ရပ္တန္႔သြားမည္ကို
ေက်ာခိုင္းထားလ်ွက္ပင္ သိေနသည္...
ဖိနပ္ျဖင့္နင္းထားေသာႀကမ္းျပင္တြင္
လဲက်ေနေသာ သူကိုတစ္ခ်က္မၽွ
လွည့္မႀကည့္ပဲ ေျခလွမ္းတို႔ကို
ေရွ႕ဆက္ခဲ႔သည္...ထ္ုိမ်ွေလာက္
အသည္းတို႔သည္ေအးစက္ေနႏိုင္သည္ကို
ေပ်ာ္ေမြ႕သည့္ Chanyeol ရဲ႕ဘဝ...

.........................................................
ep.3 ေမ်ွာ္...ေရလည္လာျပီမဟုတ္လား...
ႀကိဳေျပာထားပါတယ္ေနာ္...
နာက်င္ေႀကကြဲရမယ္...
ရင္အက္ကြဲမတတ္နာက်င္ျပီး
ရင္ဘတ္ေတြစုတ္ျပတ္မတတ္
ဝမ္းနည္းရမယ့္ Fic ပါလို႔...
အသံထြက္မငိုပဲ ရင္ထဲမွာတစ္ႏံု႔ႏံု႔နဲ႔
နာက်င္အံႀကိတ္မ်က္ရည္ေတြကိုေျခြယူမွာပါ...
K လူစိတ္ေပ်ာက္တဲ႔ fic လို႔လဲေျပာလို႔ရတယ္...
readersေတြကိုႏွိပ္စက္မဲ႔
fic ဆိုလဲမမွားပါဘူး...ဆဲေစဗ်ား...

..............................

{Unicode}

••...လာပြီ...အသင့်ပြင်ကြ...••

••...ဟုတ်ကဲ့ မန်နေဂျာကြီး...••

••...ဟိုကောင် အင်္ကျီကိုဘယ်လိုဝတ်ထားတာလဲ...
ပြန်ပြင်ဝတ် သူဌေးအကြောင်းမသိလို့လား...
ဟိုကကောင် မြန်မြန်အပေါက်ဝမှာ နေရာယူတော့
ဘာလုပ်နေတာလဲ မြန်မြန်မလုပ်ပဲ...••

••...ဟုတ်ကဲ့ ဟုတ်ကဲ့ ...••

••...တို့မန်နေဂျာက ဒီလိုအချိန်ဆိုတကယ်သနားစရာပဲ
ပျာယာက်ိုခတ်နေတာပဲ...••

••... ဟိုဟာတွေ!!!...••

••... လာပါပြီ...••

••...မြန်မြန်နေရာယူ ဟိုမှာကားဝင်လာပြီ...••

ဝန်ထမ်းတွေရှိရာ အဆောက်အဦးရဲ့
မျက်နှာစာရှေ့သို့ လွန်စွာတန်ဖိုးကြီးလှသော
ကားတစ်စီးဆိုက်ရောက်လာချိန်မှာတော့
ခုနကနဲ့ကွဲပြားစွာ ဝန်ထမ်းတွေဟာ
တိတ်ဆိတ်ငြိမ်သက်လို့...

နက်မှောင်ပြောင်လက်နေတဲ့ကားရဲ့
တံခါးတစ်ချပ်ဖွင့်သွားချိန်မှာ
အောက်ခြေကြမ်းပြင်သို့ချလိုက်သော
အနက်ရောင်ရွှဲနေတဲ့ ဖိနပ်ထက်
ပိုစောစွာလွှင့်ပျံလာသော
အသက်ရှုမှားလောက်သည့်Perfume နံ့...
ရှည်လျားသောခြေတံတွေကိုမြင်ရုံနဲ့
ဝန်ထမ်းတွေခေါင်းကိုမမော့တော့ပေ...

ကားထဲမှ လူတစ်ကိုယ်လုံး
ထွက်လာပြီးချိန်မှာတော့...
မြင့်မားခန့်ညားသောအရပ်နဲ့
ချောမောပြေပြစ်သော မျက်နှာကျတို့သည်
ထင်းလင်းစွာ ပေါ်ထွက်လာသည်...

အနောက်တိုင်း suit အပြည့်ရယ်...
ထင်းနေသော မျက်နှာကျထက်တွင်ရှိသော
မျက်မှန်အညိုရောင်ရယ်...
ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်ထားပြီး
ကျန်တစ်ဖက်တွင်တော့
သာမန်လူတန်းစားတွေအနားမကပ်နိုင်သော
စိန်ရောင်တစ်ဖျတ်ဖျတ်လက်နေတဲ့
နာရီတစ်လုံးရယ်...

အရာအားလုံးက
ခန့်ညားလိုက်ဖက်စွာရှိနေသော်လည်း
လိုအပ်နေတဲ့တစ်ခုတည်းသောအရာက
အပြုံးလုံးဝမဆင်မြန်းထားသည့် နှုတ်ခမ်းတစ်စုံ...
ခပ်တင်းတင်းစေ့ထားသည်က
အားလုံးအတွက်ကြောက်စရာပင်...

မျက်မှန်ကိုချွတ်လိုက်ပြီး
ဟိုကြည့်ဒီကြည့်လုပ်လိုက်ချိန်မှာ
ပေါ်လွင်လာတဲ့ စူးရှကြည်လဲ့နေသော
မျက်ဝန်းတစ်စုံကြောင့် အသက်ရှုရပ်မတတ်
ထိတ်လန့်နေပုံရသော ဝန်ထမ်းတွေသည်
ချွေးစေးတွေပြန်နေရော့မည်...

ပြောင်လက်ချောမွေ့နေသော
ကြမ်းပြင်ထက်တွင် ဖိနပ်သံ
တစ်ချက်ချင်းထွက်ပေါ်လာပြီး
အားလုံးရှေ့မှ ဖြတ်လျှောက်သွားချိန်တွင်
ကျန်ခဲ့သောလေညင်းထဲတွင်
အကောင်းစား Perfume ရဲ့ရနံ့
သင်းသင်းထက် ကြောက်စရာ
အငွေ့အသက်ကိုသာ
ခံစားမိနေကြသည်မှာမလွဲ...

ဘေးပတ်ဝန်းကျင်နဲ့ အရာအားလုံးကို
တစ်ချက်ဝှေ့ကြည့်လိုက်ပြီး
လက်ညှိုးတစ်ချက်ထိုးလိုက်သည်နှင့်
တန်းသဘောပေါက်ကာ
ဘာလိုနေသည်မှန်းသိနေကြသည်...
ဦးကျိူးမတတ် တောင်းပန်ဦးညွှတ်ကာ
ဝပ်တွားနေကြသည်ကို ပြုံးသည်ဟု
လုံးဝမှားစရာမရှိနိုင်သော
ခပ်ရွဲ့ရွဲ့အမူအရာတစ်ခုကို နှုတ်ခမ်းမှာ
ထင်ပေါ်လာစေပြီး escalatorဆီသို့
ဦးတည်လိုက်သည်...

တိတ်ဆိတ်နေသောဓါတ်လှေကားအတွင်း
သူဌေးနဲ့ အတွင်းရေးမှုုးနှစ်ယောက်သာ...

••...HH Gp ဘာဖြစ်သွားပြီလဲ...••

••... order တွေပျက်ကုန်လို့ အခက်ကြုံနေပါတယ်...
စာချူပ်တွေလဲဖျက်သွားကြတော့ ရှယ်ယာစျေးတွေလဲ
ထိုးကျနေပြီး...လေလွင့်ကုန်တဲ့ကုန်ကြမ်းတွေကြောင့်
ဆုံးရှုံးမှုတွေလဲဖြစ်နေပါတယ်......••

••...ဒီနေ့ကစပြီး HH Gp ကရှယ်ယာရှင်တွေဆီက
ရှယ်ယာတွေကို လိုက်ဝယ်ပါ...ပြီးတော့ တားမြစ် chemicalတွေသုံးတဲ့ကိစ္စကိုစစ်ဆေးရေးတွေဆီ
သတင်းပေးလိုက်ပြီး အခွန်ရှောင်တာတွေ
အတွက်ပါ အသိပေးလိုက်ပါ...••

••... သိပါပြီ သူဌေး...••

••...တီး တောင်င် !...••

••...ကြွပါ သူဌေး...••

သူဌေးရုံးခန်းတွင်းရောက်ချိန်မှာ စားပွဲခုံပေါ်မှာ
တင်ထားတဲ့... ရာထူးဖန်တုံးတံဆိပ်...

' သူဌေး Park Chanyeol '

နှုတ်ခမ်းထက်ရောက်မလာသောအပြုံးကို
စိတ်ထဲတွင်နှစ်ခြိုက်စွာပြုံးရယ်လိုက်မိသည်အထိ
သဘောကျနှစ်ခြိုက်နေမိသည်...

Park Chanyeol ပေါ့...
မနှစ်ခြိုက်သော်လည်း မွေးဖွားလာသော
ကံကြမ္မာအရ Park မျိုးနွယ်...

KB Gp ရဲ့အမွေခံသူဌေးတစ်ယောက်...
စည်းကမ်းကြီးတယ်...မာနကြီးတယ်...
ဘယ်ဝန်ထမ်းကိုမှ ဘက်မလိုက် မျက်နှာသာမပေး...

ဟက် !! ...ဝန်ထမ်းကို မျက်နှာသာပေးခဲ့မိလို့
မေမေကအိမ်ပေါ်က နှင်ချခံခဲ့ရသည်တဲ့လေ...

ထို့ကြောင့်မည်သည့်ဝန်ထမ်းကိုမဆို
လိုသည်ထက်ပိုမပြော...
အခွင့်အရေးဆိုသည်မှာမရှိ...

Company စည်းကမ်းကို
ဖောက်ဖျက်မိပါက Out !!

အလုပ်လုပ်ရာတွင် တိကျသည်...
ပြတ်သားသည်...ရက်စက်သည်...
သံယောဇဉ်မရှိ ...ထောက်ထားစရာမရှိ...
ဒါကြောင့်သာ ဒီလိုအချိန်တိုအတွင်း
အောင်မြင်လာသည်...

Park Chanyeol ရဲ့ဘဝတွင် သံယောဇဉ်ကြိုးသည်
တစ်ကြိုးတည်းသာ...

အဘွားကတော့ သူမရဲ့Companyကိုသွားရောက်
လေ့လာပါဆိုလို့ LA ကိုသွားပြီးမကြာခင်မှာပဲ
ဆုံးပါးသွားခဲ့လို့ မေမေ နဲ့နှစ်ယောက်တည်းသာ
ကျန်ရစ်ခဲ့သည်မို့ မေမေ ကသာ
ကိုယ့်အတွက်နားခိုရာ...

စိတ်ချပါ မေမေ ...
မကြာခင်ကျရောက်လာတော့မဲ့ မေမေ ရဲ့အသက်
47 နှစ်ပြည့်မွေးနေ့အတွက် အကြီးမားဆုံးသော
လက်ဆောင်တစ်ခုကိုပေးမှာပါ...
မေမေ့ အတွက် အကြီးမားဆုံးပေါ့...

••...သူဌေး...••

••...ပြောပါ အတွင်းရေးမှုုးကင်...••

••...နောက်ဆယ်မိနစ်ဆိုရင် အစည်းအဝေးစပါမယ်...••

••...အိုကေ...••

••...ဟိုလေ...••

••...ဘာတင်ပြစရာရှိသေးလို့လဲ...••

••...ကျွန်တော်က ကွယ်လွန်သွားပြီဖြစ်တဲ့ဥက္ကဌကြီးရဲ့
အတွင်းလူမို့ ဒီ KB Gp ရဲ့ကိစ္စအဝဝကိုသိပါတယ်...••

••...အဲ့ဒီ့တော့...••

••...အခု သူဌေးကြိုးစားနေတဲ့ HH Gp ကိစ္စကို
ဆရာကတော်ရော သိထားရဲ့လားလို့ပါ...••

••...ဒီလိုမေးခွန်းကို အတွင်းရေးမှုုးကင်မို့လို့
မေးရဲတယ်လို့ပြောရမှာပဲ ...••

••...တောင်းပန်ပါတယ် သူဌေး...••

••...ကိစ္စမရှိပါဘူး...အခု HH Gp ကို
မေမေ့အတွက် မွေးနေ့လက်ဆောင်ပေးမလို့ပါ...••

••...ဒါပေမဲ့...••

••...အဘွားရဲ့အတွင်းလူမို့
ဒီလောက်နဲ့ခွင့်လွှတ်လိုက်မယ်...••

••... သိပါပြီ...••

••...သွားမယ်...••

••... ကြွပါ သူဌေး...••

ရှေ့ကနေ ကျော့မော့စွာထွက်သွားတဲ့ ခြေလှမ်း
ကြဲကြဲတွေကို နောက်ကျောမှငေးရင်း
သက်ပြင်းအသာချမိသူက အတွင်းရေးမှုုးကင်...

အသက်24 နှစ်သာရှိသေးသော
လူငယ်တစ်ယောက်ရဲ့ရင်ဘတ်ထဲမှာ
ဘာလို့ဒီလောက်အတ္တမာနတွေ
ပြင်းထန်နေခဲ့ရသလဲဆိုတာကို
ကောင်းကောင်းသိတာမို့
အခြားသူတွေလိုရွံကြောက်နဲ့မဟုတ်ပဲ
စိတ်ရင်းနဲ့သနားနေမိသည်က
အတွင်းရေးမှုုးတစ်ယောက်သာရှိမည်ထင်...

သို့သော် သူ့အားသနားသည့်
မျက်ဝန်းနဲ့တောင်အကြည့်မခံသူပါ...
ထ်ိုသို့သော ကောင်ငယ်လေးကို
တစ်ခါလောက်ပဲဖြစ်ဖြစ်စိတ်ရင်းဖြင့်
ပြုံးရယ်စေချင်မိသည်မှာ စိတ်ရင်းအမှန်ပင်...

📓📓📓

ဧည့်ခန်းထဲတွင်ထိုင်နေသော်လည်း လက်မှိုင်ချသလို
အပြုအမူဖြင့် အားအင်ပျက်နေသော
လူသုံးယောက်ကတော့...

••...ယောကျ်ား ဒီကိစ္စကို
ဘယ်လိုလုပ်ကြမလဲဟင်...••

••...မသိတော့ဘူး...အရာအားလုံးကို တစ်ခုခုက
ဖြတ်ရိုက်ချနေသလို ဘယ်ကမှကုပ်တက်လို့မရအောင်
ချောင်ပိတ်ရိုက်ခံနေရတာ...••

••...အတွင်းရေးမှုုးချာ
ဒီကိစ္စကိုဘယ်လိုလုပ်မလဲ...••

••...အခု Company အခြေအနေက အချိန်တိုအတွင်း
အောက်ဆုံးကို ထိုးကျနေပါတယ် ဆရာကတော်...
ရှယ်ယာတွေကလဲ စျေးအရမ်းကျနေပြီး
ရှယ်ယာရှင်အချိူ့က နှုတ်ထွက်ကုန်ကြတယ်...
စစ်ဆေးရေးတွေကလဲ ပြစ်မှုနှစ်မှုကြောင့် Company မှာခြေချင်းလိမ်နေပြီး Company လဲ လည်ပတ်လို့
မရတော့ပါဘူး...ကုန်ကြမ်းအလေအလွင့်
စရိတ်တွေကြောင့် Company ရဲ့ရန်ပုံငွေကို
လှည့်ထုတ်နေတာတောင်အဆင်မပြေပါဘူး
ဒီအတိုင်းသာဆက်သွားရမယ်ဆိုရင်...••

••...ဘာ ဘာဖြစ်လာမလဲဟင်...••

••...အားနာပေမဲ့ ဒေဝါလီ
ခံလိုက်ရဖို့အပြင်မရှိတော့ပါဘူး...••

••...ဟင် ????...ယောကျ်ား တစ်ခုခုလုပ်ပါဦး
ဘယ်လိုလုပ်မလဲဟင်...••

••...မိန်းမ စိတ်အေးအေးထားပါ...••

••...သူဌေးနဲ့သူဌေးကတော်ကိုအားနာပေမဲ့
ကျွန်တော့်မိသားစုရဲ့စားဝတ်နေရေးကလဲ
ရှိသေးတာမို့ အလုပ်ထွက်ခွင့်ပေးပါ...••

••...အတွင်းရေးမှုုးချာ !!...••

••...တောင်းပန်ပါတယ် သူဌေး...••

ဦးညွှတ်နှုတ်ဆက်ကာထွက်သွားသော
သူရဲ့နောက်ကျောကိုကြည့်ရင်း
မိန်းမကတော့တသိမ့်သိမ့်ငိုနေခဲ့ပြီး...

••...ယောကျ်ား ဘယ်လိုလုပ်ကြမလဲ
ကျွန်မတို့အခုလမ်းဘေးရောက်ပြီလားဟင်...••

••...မိန်းမ စိတ်အေးအေးထားပါ...••

••...ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မလဲ...
ကျွန်မတို့ရဲ့ရှိသမျှအရာတွေအားလုံးကို
HH Gp ထဲရှင်ပုံအောထားတာလေ
အခုဘယ်လိုလုပ်ကြမလဲလို့...••

••...မင်းတို့သားအမိ ဘာမှမဖြစ်အောင်
ကိုယ်စောင့်ရှောက်မှာမို့ စိတ်ချပါ...••

••...ယောကျ်ား...••

••...သားရော...••

••...အိပ်နေလောက်ပြီ...••

••...သားကိုသွားကြည့်လိုက်ဦးမယ်...
မိန်းမ သွားအိပ်နှင့်...••

ညအိပ်မီးမှိန်မှိန်လေးသာဖွင့်ထားသော
အခန်းရဲ့ တံခါးလက်ကိုင်ဘုလေးကို
လှည့်ဖွင့်ကာ အတတ်နိုင်ဆုံးခြေဖွပြီးဝင်တော့
ကုတင်ပေါ်တွင်မှောက်ခုံလေး
အိပ်ပျော်နေသော သားလေး...
စောင်လဲမခြုံပဲ...လက်တစ်ဖက်က
မှောက်အိပ်နေသောဗိုက်အောက်မှာဖြစ်ပြီး
တစ်ဖက်က မှောက်အိပ်နေသော
ခေါင်းအုံးအပေါ်မှာ...မျက်နှာလေးက
တစ်ခြမ်းစောင်းအိပ်နေ၍
ခပ်ဟဟလေးထော်နေသော
နှုတ်ခမ်းလေးတွေရယ်...
မို့ဖောင်းအစ်နေသော
ပါးဖောင်းဖောင်းလေးတွေရယ်...
အိပ်နေသည်မှာမသက်မသာမို့
ကိုယ်လုံးလေးကိုဖြည်းဖြည်းဆွဲလှည့်ကာ
တစ်စောင်းလေးအိပ်စေပြီး
စောင်ခြုံပေးလိုက်ရင်း ပါးမို့လေးအား
နမ်းရှုံ့လိုက်တော့ ပါးစပ်ကလေးဟလာကာ
ပွစိပွစိနဲ့...ယောင်နေသည်လား...
တစ်ခုခုဝါးနေသည်လား...
စကားပဲပြောနေသည်လားမသဲကွဲအောင်
အပြစ်ကင်းပြီးချစ်စရာ
ကောင်းလိုက်တဲ့သားပါလေ...

အခုမှ 17 နှစ်ကျော်လေးပဲရှိသေးပြီး
ကလေးဆန်တုန်း ...ဖေဖေနဲ့ မေမေ့ ကို
ချွဲလို့မဝသေးတဲ့အရွယ်လေးမှာ...
သားကို ဘဝခါးခါးနဲ့မတွေ့စေချင်ဘူးသားရယ်...

ဖေဖေ ဘယ်လိုလုပ်ရပါ့မလဲ...သားနဲ့သား မေမေ ကို
ဒုက္ခဆင်းရဲတွေနဲ့မကြုံတွေ့ရအောင်
ဖေဖေ ဘာလုပ်သင့်လဲ...

ဖေဖေ တောင်းပန်ပါတယ် သားရယ်...လုပ်ငန်းလုပ်ရင်း သားအတွက်ဆိုတဲ့စိတ်နဲ့ လောဘဇောတွေ
တက်မိခဲ့တဲ့နောက် သားလေးကိုဒုက္ခဆင်းရဲတွင်းထဲ
တွန်းပို့တဲ့ အဖေတော့မဖြစ်ချင်တာအမှန်ပါ

📓📓📓

••...ချန်းလေး...••

••...ဟုတ် အမေ...••

••...မအိပ်သေးဘူးလားကွယ်...••

••...ဟုတ်...••

နွားနို့ပန်းကန်လေးကိုင်ပြီးဝင်လာတဲ့
မိခင် ကိုနှစ်ခြိုက်စွာကြည့်လာသော်လည်း
အပြုံးကတော့မပါလာ...

Computerကိုပိတ်ကာ အနားရောက်လာတဲ့ မိခင်ကို
လှမ်းဖက်လိုက်ပြီး ပါးပြင်သို့နှစ်ခြိုက်စွာနမ်းတော့
ခပ်ဟဟလေးရယ်လေတဲ့ အမေ...

••...ဘာလို့ဒီလောက်အလုပ်ကိုပဲ သဲမဲနေတာလဲကွယ်..
မေမေ့ သားလေးစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတာကို
မကြည့်ရက်ဘူးကွယ်...••

••...ကျွန်တော်မပင်ပန်းပါဘူး အမေ...
မကြာခင်လာမဲ့ အမေ့ မွေးနေ့အတွက်
မွေးနေ့လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်...••

••...ဟုတ်လား ဘာများပါလိမ့်...••

••...အဲ့ဒါကတော့ လျှို့ဝှက်ချက်ပါ...ပြင်ဆင်နေတာမို့ မကြာခင် အမေ surprise ဖြစ်စေရမှာပါ...••

••... ကြားရတာနဲ့တောင်ရင်ခုန်လာပြီ...••

ခဏလေးပဲစောင့်ပေးပါ အမေ...
အမေ နာကျင်ခံစားခဲ့ရတဲ့နှစ်တွေအတွက်
ဒီသားက ဆက်ဆက်လက်တုန့်ပြန်ပေးမှာမို့လို့ပါ...
အမေ့ ရင်ထဲမြိုသိပ်ထားခဲ့ရတာတွေရယ်...
ကျွန်တော့်ကိုလူတောင်မဖြစ်သေးခင်
စွန့်ပစ်ခဲ့တဲ့လူရဲ့မိသားစုကို
ဆက်ဆက်လက်တုန့်ပြန်ခွင့်ပေးပါ့မယ်...
ကျိန်းသေပေါက်...

ချန်းလေး...သားလေးသိရဲ့လား...
မေမေ့ အတွက်အရာအားလုံးက သားလေးပဲ...
အမေ့ ရဲ့ကံမကောင်းမှုနဲ့ နာကျင်မှုတွေက
သားကိုဒီလိုအေးစက်တဲ့သူဖြစ်စေခဲ့လို့
မေမေ့မှာ အပြစ်မကင်းသလိုခံစားနေရတယ်...
မေမေ ကအရာအားလုံးထက်
သားလေးရဲ့နှစ်ခြိုက်စွာရယ်နေတဲ့
အပြုံးလေးကိုပဲ မသေခင်မြင်ဖူးချင်တာပါ...

အခုတော့ ရင့်ကျက်လွန်းနေပြီဖြစ်တဲ့သားဟာ
ချွဲ၍တောင် မေမေဟု မခေါ်ဝေါ်တော့သည်အထိ
အေးစက် နေနှင့်ခဲ့ပြီ

📓📓📓

••...သူဌေး...သူဌေးကိုတွေ့ဖို့ဆိုပြီး HH Gp က
သူဌေးကိုယ်တိုင် စောင့်နေပါတယ်...••

••...အင်း...••

အကွက်ထဲတန်းနေအောင်ဝင်လာတဲ့
လုပ်ရပ်ကောင်းအတွက်
နှုတ်ခမ်းကိုခပ်ပါးပါးလေးရွဲ့လိုက်ရာ...

ထင်းနေသော ပါးချိူင့်လေးပေါ်လွင်လာသောလဲ
မေးရိုးတွေထောင်နေသော
အံကြိတ်မှုကနောက်ဆက်တွဲပါလာ၍
စူးရှပြင်းထန်သောမျက်ဝန်းတစ်စုံက
အဆင့်သင့်ပါရမီဖြည့်လျှက်...

••...သူဌေး တွေ့ခွင့်ပေးရမလား...••

••...တွေ့တာပေါ့...ဘယ်လို reaction နဲ့
KB Gp ကို ခစားမလဲဆိုတာကို...••

••...ဒါဆို ဒီဘက်ကိုကြွပါ...••

ဧည့်တွေ့ခန်းအဝကိုရောက်တော့ အတွင်းရေးမှုုးကင်က
တံခါးကိုဖွင့်ပေးရန်လုပ်၍ လက်ပြကာ
ဟန့်တားလိုက်မိသည်...

••...ဘာဖြစ်လို့လဲ ?? သူဌေး...••

••...wait !! ..••

••...ဟုတ်ကဲ့...••

ဘယ်လိုခံစားမှုမှန်းမသိလောက်အောင်ကို
ရင်ဘတ်ထဲ၌ဖြစ်ပေါ်လာသော ခံစားချက်...
တစ်ကိုယ်လုံးဖိန်းတိန်းရှိန်းတိန်းဖြင့်
ထုံကျဉ်နေသလိုမျိူး...
မသိလိုက်ချိန်မှာပဲ လက်ကအေးစက်လာသလို...
တစ်ခါမှမမြင်တွေ့ဖူးသောမဟုတ်ဘူး
လုံးလုံးကို မြင်ချင်စိတ်မရှိခဲ့သော
ဖခင် ဆိုသူကို တွေ့ရတော့မည်မို့လို့လား...

••...သူဌေး...••

သူဌေးရဲ့မျက်နှာအမူအရာကိုမြင်လိုက်သည်နှင့်
အတွင်းရေးမှုုးကင်ရိပ်မိပါသည်...
တစ်သက်လုံးနာကျည်းမုန်းတီးလာခဲ့တဲ့
အဖေဆိုသူကို မကောင်းသောတွေ့ဆုံခြင်းနဲ့
ပထမဆုံးတွေ့ဆုံမှုမဟုတ်လား...

ဥက္ကဌကြီးစိတ်တိုင်းကျသွေးခဲ့သော
စိန်စီဓါးတစ်လက်သည်...
အေးစက်ပြောင်လက်စွာ
တောက်ပြောင်လာခဲ့သော်လည်း...
နှလုံးသားနုနုတစ်ခုကိုတော့
စတေးခဲ့ရသည်မဟုတ်လား...

••...ဖွင့်လိုက်ပါ...••

••...ဟုတ်ကဲ့...••

အထဲကိုဝင်လိုက်သည်နှင့် ဆိုဖာထက်တွင်
ထိုင်နေသော အနောက်တိုင်းဝတ်စုံနဲ့
အဖေ ဆိုသောလူ...

ကျွန်တော့်ကိုတွေ့သည်နှင့်
တင်းမာခက်ထန်သောမျက်နှာထားနဲ့အတူ
မတ်တပ်ရပ်လာသော သူ...

မျက်နှာချင်းဆိုင်လိုက်သည့်တစ်ခဏတွင်...
ကျွန်တော့်ရင်ထဲ ဘာကိုခံစားလိုက်ရမှန်း
မသိသော ခံစားမှုကို မုန်းတီးစွာ
လက်သီးဆုပ်၍ မြိုသိပ်လိုက်သည်...

ဟက် ...တင်းမာခက်ထန်သော
မျက်နှာထားသည်လဲ ခင်ဗျားဆီက
အသုံးမဝင်တဲ့ အမွေလား...

ရှည်လျားသော အရပ်သည်လည်း
အသုံးမကျစွာ ခင်ဗျားနဲ့လာတူနေသည်လား...
ကျက်သရေမရှိလိုက်တာ...

ခင်ဗျားလိုလူစားကို ဒီလိုပုံစံနဲ့တွေ့ရတာကို
မကျေနပ်နိုင်ဘူး...ဒီထက်စုတ်ပြတ်
အင်အားနည်းတဲ့ပုံစံကိုမြင်ချင်တာ...

လက်ကို ရှေ့သို့အနည်းငယ်
ဆန့်ထုတ်လိုက်ပြီး ထိုင်ရန်ညွှန်ပြလိုက်သည်...
အလိုမကျစွာထိုင်လာခဲ့သော်လည်း
သူ့ရှေ့တွင်ပင် ခြေထောက်ကိုချိတ်ထိုင်လိုက်၍
leather တို့ဖြင့် ပြောင်လက်နေသော ရှုးဖိနပ်ဦးက
သူ့ရဲ့ဒူးထက်နားကို ရောက်သွားပြီး
ပို၍ပင်တင်းမာခက်ထန်သွားသယောင်...

••...HH Gp က သူဌေးက ဘာကိစ္စနဲ့
ဒီကိုများတကူးလာရတာလဲ...••

••...မင်းက KB gp ရဲ့ သူဌေးPark Chanyeol ပေါ့...••

••...ဟုတ်ပါတယ်...••

••...ဘာလို့ ငါ့လုပ်ငန်းကိုတိုက်ခိုက်နေတာလဲ...••

••...Oh !! သူဌေး Park YongMin ခင်ဗျ !
ကျွန်တော်က ကျွန်တော့်စီးပွားရေးကို
ကျွန်တော်လုပ်နေတာပါ...
ကျွန်တော့်မှာ ခင်ဗျားလို company ကို
မကယ်တင်ပဲ သူများလုပ်ငန်းစုကို
စိတ်ဝင်စားဖို့အတွက် အချိန်ပိုမရှိဘူး...••

••...မင်း...••

••...ခင်ဗျားရဲ့လုပ်ငန်းကိုသမာသမတ်ကျကျလုပ်ခဲ့ရင် ဒီလိုယိမ်းယိုင်နိုင်စရာအကြောင်းရှိပါ့မလား...••

••...မင်းလုပ်နေတာ...မင်း ငါ့ Company ထဲကို
သူလျိုထည့်ပြီး အချက်အလက်တွေထုတ်ယူနေတာ မင်း...ငါ့ Company ရဲ့အားနည်းချက်တွေကို
ဖဲ့ထုတ်နေတာ...••

••...ဒါဆိုခင်ဗျားCompany ရဲ့သစ္စာခံလူတော်တွေကို
အပြစ်တင်ရမယ်ထင်တယ်...
ပြီးတော့ အားနည်းချက်ဆိုတာက ...
ရှိမှသာဖြစ်လာနိုင်တဲ့အရာမဟုတ်လား...••

••...မင်း...မင်း စီးပွားရေးလုပ်ငန်းရှင်ပီသတယ်ဆိုရင်
နောက်ကွယ်ကနေမတိုက်ခိုက်မယုတ်မာနဲ့
ပြောင်တိုက်ခိုက်...••

••...တိုက်ခိုက်တယ်ဆိုတာ ကျွန်တော်နှစ်သက်တဲ့
စကားလုံးတော့မဟုတ်ဘူး...ကျွန်တော်လုပ်နေတာက
စီးပွါးရေးသက်သက်ပါ...••

••...ဘာလို့ ငါ့ Company ရဲ့
စျေးကွက်တွေကိုလာလုနေရတာလဲ...••

••...Company ဆိုတာစျေးကွက်ရှိမှဖြစ်မှာပေါ့...
ခင်ဗျားမပေးနိုင်တဲ့...အခွင့်အရေးနဲ့စျေးကွက်ကို
ဖန်တီးပေးနိုင်တဲ့သူဆီလာကြတာစျေးကွက်ပဲလေ...
ဒါစျေးကွက်လုတယ်ဖြစ်မလား...••

••...တောက် !! မင်း...••

••...အသုံးမဝင်တဲ့စကားတွေမေးပြီးပြီဆိုရင်
သွားတော့...ခင်ဗျားလို အလုပ်
အားလပ်တဲ့အချိန် ကျွန်တော့်မှာမရှိဘူး...••

ကုတ်ကိုတစ်ချက်ဆွဲဆန့်လိုက်ပြီး ခုံမှအထ...
ကျောခိုင်းလိုက်စဉ်...နောက်ကျောဆီမှ
ထွက်လာသောစကားကြောင့်
ကျေနပ်စွာခြေလှမ်းကိုရပ်တန့်လိုက်သည်...

••...မင်းဘာရည်ရွယ်ချက်ကြောင့် ငါ့ကိုဖျက်စီးဖို့
ကြိုးစားနေတာလဲ...တစ်ခါမှလဲ မသိခဲ့ဖူးပါပဲနဲ့...••

••...ဟုတ်တာပေါ့ ခင်ဗျားနဲ့ကျွန်တော်က
တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမမြင်ဖူးခဲ့ဘူး...
ဒီတော့ ခင်ဗျားကို ကျွန်တော်က
ရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ဆီးနေတယ်လို့
စွပ်စွဲချက်က အဓိပ္ပါယ်လှရဲ့လား...••

••...မဟုတ်ဘူး မင်းမျက်လုံးထဲမှာ
ငါ့ကိုတစ်ခုခုတေးထားတဲ့ အကြည့်မျိူးရှိနေတယ်...••

••...ဟုတ်ပါ့မလား...ခင်ဗျားက ကျွန်တော့်ကို
အပြစ်များ လုပ်မိထားသေးလား ဒါဆို...••

••...Park Chanyeol !!!...••

••...Chanyeol လို့ခေါ်တာကိုပဲ ဘဝင်ကျပါတယ်...
Park ဆိုတဲ့ မျိူးနွယ်ကို သိပ်...မုန်း...တာ...မို့...••

••...ဘာ ??...••

••...ဒါဆို သွားနှင့်ပြီ...••

••...မင်း...မင်း...••

ခြေလှမ်းနှစ်လှမ်းလောက်လှမ်းလိုက်စဉ်မှာပဲ
ကြမ်းပြင်ပေါ်လဲကျသွားဟန်တူသည်...
ဝုန်းကနဲမြည်သံနဲ့အတူ အတွင်းရေးမှုုးရဲ့စကားသံ...

••...သူဌေး...••

••...ဆေးရုံကားခေါ်ပေးလိုက်
ဒီတိုင်းသေဖို့အတွက် လိုသေးတယ်...••

••...ဟုတ်ကဲ့...••

••...သူ့အသားကိုထိမိတာနဲ့ အတွင်းရေးမှုုးကင်
ခင်ဗျား အလုပ်ထွက်ပါ...••

••...ဟုတ်ကဲ့...••

ကျွန်တော့်စကားကြောင့်ဒူးညွှတ်ကာ
ထိုလူကိုကိုင်ရန်ပြင်နေသော
လက်တို့ရပ်တန့်သွားမည်ကို
ကျောခိုင်းထားလျှက်ပင် သိနေသည်...
ဖိနပ်ဖြင့်နင်းထားသောကြမ်းပြင်တွင်
လဲကျနေသော သူကိုတစ်ချက်မျှ
လှည့်မကြည့်ပဲ ခြေလှမ်းတို့ကို
ရှေ့ဆက်ခဲ့သည်...ထိုမျှလောက်
အသည်းတို့သည်အေးစက်နေနိုင်သည်ကို
ပျော်မွေ့သည့် Chanyeol ရဲ့ဘဝ...

.........................................................
ep.3 မျှော်...ရေလည်လာပြီမဟုတ်လား...
ကြိုပြောထားပါတယ်နော်...
နာကျင်ကြေကွဲရမယ်...
ရင်အက်ကွဲမတတ်နာကျင်ပြီး
ရင်ဘတ်တွေစုတ်ပြတ်မတတ်
ဝမ်းနည်းရမယ့် Fic ပါလို့...
အသံထွက်မငိုပဲ ရင်ထဲမှာတစ်နုံ့နုံ့နဲ့
နာကျင်အံကြိတ်မျက်ရည်တွေကိုခြွေယူမှာပါ...
K လူစိတ်ပျောက်တဲ့ fic လို့လဲပြောလို့ရတယ်...
readersတွေကိုနှိပ်စက်မဲ့
fic ဆိုလဲမမှားပါဘူး...ဆဲစေဗျား...

Continue Reading

You'll Also Like

66K 3.7K 57
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
567K 35.2K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
181K 9.7K 16
yunho- jaejoong- changmin
580K 66.1K 31
ငါ ... ငါလေ နင့်သားလေးကိုချစ်လို့ ! ဟိုလိုလေ .. တူလိုသားလိုမဟုတ်ဖူး ကောင်လေးလို ! 🤐 Xiao Zhan ကြားလို့မှကောင်းကြသေးရဲ့လားဗျာ မွေးထားတဲ့အမေက တစ်ဦးတည...