●●●Zawgyi●●●
႐ွန္း ကို ဘယ္လို႐ွင္းျပရမလဲေတြးရင္း က်န္း႐ွီ စိုးရိမ္ေနခ်ိန္ ႐ွန္း ၏ ျမင္းသည္ သူ႔ေခါင္းျဖင့္ ပြတ္လိုက္ၿပီး ကုန္းႏွီးေပၚမွ အိတ္ငယ္တစ္လံုးကို ၫႊန္ျပေလသည္။ က်န္း႐ွီ အိတ္ကိုၾကည့္ရင္း ျမင္းကိုလည္း နားမလည္ဟန္ႏွင့္ ျပန္ၾကည့္ေလသည္။
"အဲဒီထဲက တစ္ခုခုယူထုတ္ေစခ်င္တာလား"
ျမင္းသည္ ေခါင္းကို အသာညိတ္လိုက္ၿပီး သူ၏ေဘးတစ္ဖက္ကို က်န္း႐ွီ နားသို႔ ကပ္ေပးေလသည္။
ျမင္းက အိတ္ကိုစစ္ေဆးေစသျဖင့္ က်န္း႐ွီ စိတ္ေဝဝါးေနေသာ္လည္း အိတ္ကို ေမြေႏွာက္႐ွာေဖြသည့္အခါ အျဖဴေရာင္ ေႂကြပုလင္းေလးတစ္လံုးကို ဆြဲထုတ္မိေလသည္။
ထိုပုလင္းေလးကို ကိုင္ေျမႇာက္ၿပီး ....
"မင္းငါ့ကို ယူထုတ္ေစခ်င္တာ ဒါလား ... ဒါက ဘာႀကီးလဲ"
က်န္း႐ွီ ကို ျမင္း အနည္းငယ္စိတ္ဆိုးဟန္ျပဳလိုက္ၿပီး အိုက္႐ွင္း ကို အသာပြတ္သပ္ေနရင္း က်န္း႐ွီ ကို အိုက္႐ွင္း အား ခရားထဲမွအရာကို ေကြၽးေစခ်င္ဟန္ ျပဳေနသည္။
သံသယျဖစ္စြာႏွင့္ က်န္း႐ွီ ပုလင္းကို ဖြင့္လိုက္သည့္အခါ အနီေရာင့္ေနသည့္ အသည္းပံုသ႑ာန္အပင္ငယ္ကို ေတြ႔လိုက္သျဖင့္ အံ့ဩေလသည္။ က်န္း႐ွီ ျပံဳးလိုက္ၿပီး အပင္ကို ေခ်လိုက္ကာ အိုက္႐ွင္း ကို ေကြၽးလိုက္သည္။
"အိုက္႐ွင္း ... ဒီအပင္အေၾကာင္း မင္းေျပာထားတာ မွန္ပါေစလို႔ ငါဆုေတာင္းတယ္ .... ေက်းဇူးျပဳၿပီး အသက္နတ္သမီးရယ္ ... သူ႔ကို အခ်ိန္မီ ကယ္တင္ေပးပါ"
အပင္ကို အိုက္႐ွင္း ၿမိဳခ်ၿပီးသည့္အခါ အသားအေရမွာလည္း ေသြးေရာင္ျပည့္လာၿပီး မ်က္ႏွာေပၚမွ ညိဳမဲရာသည္လည္း တျဖည္းျဖည္း ေပ်ာက္ကြယ္လာေလသည္။ အပင္၏အစြမ္းျပမႈ ျမန္လြန္းေသာေၾကာင့္ က်န္း႐ွီ ပင္ မ်က္လံုးျပဴးကာ ပါးစပ္ဟၿပီး အေၾကာင္သားႏွင့္ ၾကည့္ေနေလသည္။
အိုက္႐ွင္း ပါးကို ထိၾကည့္လိုက္သည့္အခါ ကိုယ္အပူခ်ိန္လည္း ျပန္လည္ေရာက္႐ွိလာေလသည္။ အိုက္႐ွင္း ျပန္သတိရလာေသာေၾကာင့္ က်န္း႐ွီ အလြန္ေပ်ာ္သြားၿပီး ႐ွန္း ၏ ျမင္းကိုၾကည့္ကာ ျပံဳးလိုက္ေလသည္။
"ေတြ႔လား ! သူမေသဘူး ! ငါတို႔သူ႔ကို ကယ္လိုက္ႏုိင္ၿပီ ... အင္း .. မင္းကယ္ခဲ့တာေပါ့ .... မင္းက ဥာဏ္ေကာင္းတယ္ဆိုတာ ႐ွန္း ေနာက္ခဲ့တာ မဟုတ္ဘူးပဲ"
ထို႔ေနာက္ အိုက္႐ွင္း ကို က်န္း႐ွီ သတိထားရင္း ေပြ႔ခ်ီလာၿပီး လွည္းေပၚသို႔ ခ်ထားလိုက္ေလသည္။
႐ွန္း သည္လည္း တစ္ညေနလံုး အိုက္႐ွင္း ကို ႐ွာေဖြခဲ့ေသာ္လည္း အရိပ္အေယာင္ပင္ မေတြ႔ရေပ။ ေဒါသစိတ္တို႔မွာလည္း အစြန္းေရာက္ေနၿပီး ဓားျပတို႔ အုပ္စုဖြဲ႔ေနထိုင္ရာကို ဖမ္းဆီးခံထားရေသာ ဓားျပတို႔ကို ေမးမည္ဟု ၾကံရင္း ျပန္လာခဲ့ေလသည္။
"႐ွန္း ... မင္းျပန္လာၿပီပဲ !"
"ဓားျပေတြကို ငါ့ဆီ ေခၚ ...."
"အိုက္႐ွင္း ကို ျပန္ေတြ႔ၿပီ"
႐ွန္း မ်က္လံုးတို႔က်ယ္သြားၿပီး လ်င္ျမန္စြာပင္ ....
"ဘယ္မွာလဲ"
က်န္း႐ွီ လွည္းဘက္ကိုလွည့္လိုက္ၿပီး စကားေျပာခ်ိန္ပင္မရလိုက္၊ ႐ွန္း ခ်က္ခ်င္းပင္ ေျပးသြားၿပီး လွည္းတံခါးကို ၾကမ္းစြာ ဖြင့္လိုက္ေလသည္။
လွည္းထဲတြင္ ေအးခ်မ္းစြာ အိပ္ေမာက်ေနေသာ အိုက္႐ွင္း ကို ေတြ႔ေတာ့မွသာ ႐ွန္း သက္ျပင္းခ်လိုက္ၿပီး အိုက္႐ွင္း နဖူးေပၚကို ၾကာ႐ွည္စြာ အနမ္းေႁခြေတာ့သည္။
အိုက္႐ွင္း မ်က္ႏွာကို ႐ွန္း ညင္သာစြာ ကိုင္လိုက္ၿပီး တီးတိုးစြာ ....
"ယုန္ေလး ... ဘယ္ေတြသြားေနတာလဲ .. ငါဘယ္ေလာက္ စိတ္ပူခဲ့ရလဲသိလား ... ေပ်ာက္သြားတဲ့မင္းကို ႏိုးလာမွ အျပစ္ေပးဦးမယ္"
အိုက္႐ွင္း နဖူးကို ထပ္နမ္းလိုက္ၿပီး က်န္း႐ွီ ကို ေမးရန္အတြက္ ထြက္လာခဲ့သည္။
"သူ႔ကို ဘယ္မွာေတြ႔ခဲ့တာလဲ"
"မင္းရဲ႕ျမင္း ငါ့ကို ေခၚသြားခဲ့တာ .... ငါေရာက္တဲ့အခ်ိန္မွာ သူ႔ကိုေခၚသြားတဲ့ ဓားျပေတြကို တစ္ေယာက္ေယာက္ ႐ွင္းခဲ့ၿပီးတာျဖစ္လိမ့္မယ္ ... ဒါေၾကာင့္ သူ႔ကိုပဲ ေခၚလာခဲ့တာ"
႐ွန္း ၿငိမ္သက္စြာပင္ ....
"သူ ဒဏ္ရာရေသးလား"
႐ွန္း ကို က်န္း႐ွီ ျပံဳးျပလိုက္ၿပီး ....
"မရပါဘူး .. သူအဆင္ေျပတယ္ ... ျခစ္ရာေလး တစ္ခုႏွစ္ခုေလာက္ပါပဲ"
က်န္း႐ွီ ကို ႐ွန္း မ်က္လံုးေမွးၾကည့္လိုက္ၿပီး ေအးစက္သည့္အသံႏွင့္ ....
"က်န္း႐ွီ ... သူ ဒဏ္ရာရေသးလား ... ဒဏ္ရာရခဲ့တာလား"
က်န္း႐ွီ စိတ္မတည္ၿငိမ္စြာ ျပံဳးလိုက္ၿပီး ....
"သူအခု ေနေကာင္းေနၿပီေလ .... ငါဒီမွာ အားလံုးကို ၾကည့္ထားေပးမယ္ ... မင္းသူ႔ကို ဂ႐ုစိုက္လိုက္ေလ"
က်န္း႐ွီ ထြက္သြားရန္ ျပင္လိုက္ခ်ိန္တြင္ ႐ွန္း သည္ က်န္း႐ွီ နာမည္ကို ပို၍ ေအးစက္စြာ ေခၚလိုက္သျဖင့္ ေမးခြန္းကို ေ႐ွာင္လႊဲေနလ်ွင္ ႐ွန္း ေပါက္ကြဲေတာ့မည္ကို က်န္း႐ွီ သေဘာေပါက္သြားေလသည္။ သက္ျပင္းခ်လိုက္ကာ တည္ၿငိမ္စြာျဖင့္ ....
"ငါသူ႔ကို ေတြ႔တဲ့အခ်ိန္မွာ ေသြးခုန္ႏႈန္းစမ္းၾကည့္ေတာ့ ဘာမွမထူးျခားခဲ့ဘူး ... ေျခေထာက္မွာလည္း ဒဏ္ရာရထားၿပီး မ်က္ႏွာမွာလည္း မၾကာေသးခင္ကမွ ရထားတဲ့ ဒဏ္ရာ႐ွိေနတယ္ ... ဓားျပေတြ သူ႔ကို ႐ိုက္ၿပီး ျမႇားနဲ႔ပစ္ခဲ့တာလို႔ ထင္တယ္ ... ဒါေပမယ့္ အနီေရာင္အသည္းပံုအပင္ကို ေကြၽးထားလို႔ သူအခုျပန္ေကာင္းေနပါၿပီ"
က်န္း႐ွီ စကားတို႔ကို ၾကားရၿပီးေနာက္ ႐ွန္း မ်က္လံုးတြင္ ေဒါသအရိပ္မ်ား ျဖတ္သြားၿပီး ဖမ္းမိထားေသာ ဓားျပတို႔ကို ေခၚလာရန္ ေျပာလိုက္ေလသည္။
႐ွန္း ေဒါသထြက္လ်ွင္ ဘယ္ေလာက္ေၾကာက္စရာေကာင္းမွန္း က်န္း႐ွီ သိတာေၾကာင့္ ဘာမွမေျပာေတာ့ဘဲ ဓားျပတို႔ကို ေခၚလာရန္ ထြက္သြားေလသည္။
T/N :...
ဒီေန႔ေတာ့ ေနသိပ္မေကာင္းလို႔ ေနာက္တစ္ပိုင္းကို ညမွတင္ေတာ့မယ္ေနာ္ ....
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●Unicode●●●
ရ
ှန်း ကို ဘယ်လိုရှင်းပြရမလဲတွေးရင်း ကျန်းရှီ စိုးရိမ်နေချိန် ရှန်း ၏ မြင်းသည် သူ့ခေါင်းဖြင့် ပွတ်လိုက်ပြီး ကုန်းနှီးပေါ်မှ အိတ်ငယ်တစ်လုံးကို ညွှန်ပြလေသည်။ ကျန်းရှီ အိတ်ကိုကြည့်ရင်း မြင်းကိုလည်း နားမလည်ဟန်နှင့် ပြန်ကြည့်လေသည်။
"အဲဒီထဲက တစ်ခုခုယူထုတ်စေချင်တာလား"
မြင်းသည် ခေါင်းကို အသာညိတ်လိုက်ပြီး သူ၏ဘေးတစ်ဖက်ကို ကျန်းရှီ နားသို့ ကပ်ပေးလေသည်။
မြင်းက အိတ်ကိုစစ်ဆေးစေသဖြင့် ကျန်းရှီ စိတ်ဝေဝါးနေသော်လည်း အိတ်ကို မွေနှောက်ရှာဖွေသည့်အခါ အဖြူရောင် ကြွေပုလင်းလေးတစ်လုံးကို ဆွဲထုတ်မိလေသည်။
ထိုပုလင်းလေးကို ကိုင်မြှောက်ပြီး ....
"မင်းငါ့ကို ယူထုတ်စေချင်တာ ဒါလား ... ဒါက ဘာကြီးလဲ"
ကျန်းရှီ ကို မြင်း အနည်းငယ်စိတ်ဆိုးဟန်ပြုလိုက်ပြီး အိုက်ရှင်း ကို အသာပွတ်သပ်နေရင်း ကျန်းရှီ ကို အိုက်ရှင်း အား ခရားထဲမှအရာကို ကျွေးစေချင်ဟန် ပြုနေသည်။
သံသယဖြစ်စွာနှင့် ကျန်းရှီ ပုလင်းကို ဖွင့်လိုက်သည့်အခါ အနီရောင့်နေသည့် အသည်းပုံသဏ္ဍာန်အပင်ငယ်ကို တွေ့လိုက်သဖြင့် အံ့ဩလေသည်။ ကျန်းရှီ ပြုံးလိုက်ပြီး အပင်ကို ချေလိုက်ကာ အိုက်ရှင်း ကို ကျွေးလိုက်သည်။
"အိုက်ရှင်း ... ဒီအပင်အကြောင်း မင်းပြောထားတာ မှန်ပါစေလို့ ငါဆုတောင်းတယ် .... ကျေးဇူးပြုပြီး အသက်နတ်သမီးရယ် ... သူ့ကို အချိန်မီ ကယ်တင်ပေးပါ"
အပင်ကို အိုက်ရှင်း မြိုချပြီးသည့်အခါ အသားအရေမှာလည်း သွေးရောင်ပြည့်လာပြီး မျက်နှာပေါ်မှ ညိုမဲရာသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာလေသည်။ အပင်၏အစွမ်းပြမှု မြန်လွန်းသောကြောင့် ကျန်းရှီ ပင် မျက်လုံးပြူးကာ ပါးစပ်ဟပြီး အကြောင်သားနှင့် ကြည့်နေလေသည်။
အိုက်ရှင်း ပါးကို ထိကြည့်လိုက်သည့်အခါ ကိုယ်အပူချိန်လည်း ပြန်လည်ရောက်ရှိလာလေသည်။ အိုက်ရှင်း ပြန်သတိရလာသောကြောင့် ကျန်းရှီ အလွန်ပျော်သွားပြီး ရှန်း ၏ မြင်းကိုကြည့်ကာ ပြုံးလိုက်လေသည်။
"တွေ့လား ! သူမသေဘူး ! ငါတို့သူ့ကို ကယ်လိုက်နိုင်ပြီ ... အင်း .. မင်းကယ်ခဲ့တာပေါ့ .... မင်းက ဉာဏ်ကောင်းတယ်ဆိုတာ ရှန်း နောက်ခဲ့တာ မဟုတ်ဘူးပဲ"
ထို့နောက် အိုက်ရှင်း ကို ကျန်းရှီ သတိထားရင်း ပွေ့ချီလာပြီး လှည်းပေါ်သို့ ချထားလိုက်လေသည်။
ရှန်း သည်လည်း တစ်ညနေလုံး အိုက်ရှင်း ကို ရှာဖွေခဲ့သော်လည်း အရိပ်အယောင်ပင် မတွေ့ရပေ။ ဒေါသစိတ်တို့မှာလည်း အစွန်းရောက်နေပြီး ဓားပြတို့ အုပ်စုဖွဲ့နေထိုင်ရာကို ဖမ်းဆီးခံထားရသော ဓားပြတို့ကို မေးမည်ဟု ကြံရင်း ပြန်လာခဲ့လေသည်။
"ရှန်း ... မင်းပြန်လာပြီပဲ !"
"ဓားပြတွေကို ငါ့ဆီ ခေါ် ...."
"အိုက်ရှင်း ကို ပြန်တွေ့ပြီ"
ရှန်း မျက်လုံးတို့ကျယ်သွားပြီး လျင်မြန်စွာပင် ....
"ဘယ်မှာလဲ"
ကျန်းရှီ လှည်းဘက်ကိုလှည့်လိုက်ပြီး စကားပြောချိန်ပင်မရလိုက်၊ ရှန်း ချက်ချင်းပင် ပြေးသွားပြီး လှည်းတံခါးကို ကြမ်းစွာ ဖွင့်လိုက်လေသည်။
လှည်းထဲတွင် အေးချမ်းစွာ အိပ်မောကျနေသော အိုက်ရှင်း ကို တွေ့တော့မှသာ ရှန်း သက်ပြင်းချလိုက်ပြီး အိုက်ရှင်း နဖူးပေါ်ကို ကြာရှည်စွာ အနမ်းခြွေတော့သည်။
အိုက်ရှင်း မျက်နှာကို ရှန်း ညင်သာစွာ ကိုင်လိုက်ပြီး တီးတိုးစွာ ....
"ယုန်လေး ... ဘယ်တွေသွားနေတာလဲ .. ငါဘယ်လောက် စိတ်ပူခဲ့ရလဲသိလား ... ပျောက်သွားတဲ့မင်းကို နိုးလာမှ အပြစ်ပေးဦးမယ်"
အိုက်ရှင်း နဖူးကို ထပ်နမ်းလိုက်ပြီး ကျန်းရှီ ကို မေးရန်အတွက် ထွက်လာခဲ့သည်။
"သူ့ကို ဘယ်မှာတွေ့ခဲ့တာလဲ"
"မင်းရဲ့မြင်း ငါ့ကို ခေါ်သွားခဲ့တာ .... ငါရောက်တဲ့အချိန်မှာ သူ့ကိုခေါ်သွားတဲ့ ဓားပြတွေကို တစ်ယောက်ယောက် ရှင်းခဲ့ပြီးတာဖြစ်လိမ့်မယ် ... ဒါကြောင့် သူ့ကိုပဲ ခေါ်လာခဲ့တာ"
ရှန်း ငြိမ်သက်စွာပင် ....
"သူ ဒဏ်ရာရသေးလား"
ရှန်း ကို ကျန်းရှီ ပြုံးပြလိုက်ပြီး ....
"မရပါဘူး .. သူအဆင်ပြေတယ် ... ခြစ်ရာလေး တစ်ခုနှစ်ခုလောက်ပါပဲ"
ကျန်းရှီ ကို ရှန်း မျက်လုံးမှေးကြည့်လိုက်ပြီး အေးစက်သည့်အသံနှင့် ....
"ကျန်းရှီ ... သူ ဒဏ်ရာရသေးလား ... ဒဏ်ရာရခဲ့တာလား"
ကျန်းရှီ စိတ်မတည်ငြိမ်စွာ ပြုံးလိုက်ပြီး ....
"သူအခု နေကောင်းနေပြီလေ .... ငါဒီမှာ အားလုံးကို ကြည့်ထားပေးမယ် ... မင်းသူ့ကို ဂရုစိုက်လိုက်လေ"
ကျန်းရှီ ထွက်သွားရန် ပြင်လိုက်ချိန်တွင် ရှန်း သည် ကျန်းရှီ နာမည်ကို ပို၍ အေးစက်စွာ ခေါ်လိုက်သဖြင့် မေးခွန်းကို ရှောင်လွှဲနေလျှင် ရှန်း ပေါက်ကွဲတော့မည်ကို ကျန်းရှီ သဘောပေါက်သွားလေသည်။ သက်ပြင်းချလိုက်ကာ တည်ငြိမ်စွာဖြင့် ....
"ငါသူ့ကို တွေ့တဲ့အချိန်မှာ သွေးခုန်နှုန်းစမ်းကြည့်တော့ ဘာမှမထူးခြားခဲ့ဘူး ... ခြေထောက်မှာလည်း ဒဏ်ရာရထားပြီး မျက်နှာမှာလည်း မကြာသေးခင်ကမှ ရထားတဲ့ ဒဏ်ရာရှိနေတယ် ... ဓားပြတွေ သူ့ကို ရိုက်ပြီး မြှားနဲ့ပစ်ခဲ့တာလို့ ထင်တယ် ... ဒါပေမယ့် အနီရောင်အသည်းပုံအပင်ကို ကျွေးထားလို့ သူအခုပြန်ကောင်းနေပါပြီ"
ကျန်းရှီ စကားတို့ကို ကြားရပြီးနောက် ရှန်း မျက်လုံးတွင် ဒေါသအရိပ်များ ဖြတ်သွားပြီး ဖမ်းမိထားသော ဓားပြတို့ကို ခေါ်လာရန် ပြောလိုက်လေသည်။
ရှန်း ဒေါသထွက်လျှင် ဘယ်လောက်ကြောက်စရာကောင်းမှန်း ကျန်းရှီ သိတာကြောင့် ဘာမှမပြောတော့ဘဲ ဓားပြတို့ကို ခေါ်လာရန် ထွက်သွားလေသည်။
T/N :...
ဒီနေ့တော့ နေသိပ်မကောင်းလို့ နောက်တစ်ပိုင်းကို ညမှတင်တော့မယ်နော် ....
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤