Shuu!(COMPLETED)
By Daffodil__dH
173K 17.4K 1.4K
#SeLu #HunHan ဘယ်ဘုရားမှအယုံအကြည်မရှိဘူး။ ကိုကိုကပဲ ကျွန်တော့်ကမ္ဘာရဲ့ ကျွန်တော့်ကိုးကွယ်တဲ့ ဘုရားသခင်မို့ ။ ... More
1
2
3
4
5
6
8
9
10
11
12
13
14
15
16
17
Final
🤗
7
10.2K 1K 110
By Daffodil__dH
Zawgyi
ဟွန်း...
"သွားမယ် ကေစီ.."
ရာရာစစ ><
"ဖယ်စမ်း"
"အီး....ဝါး....."
စိုးရိမ်တကြီးပြေးပွေ့တော့ လည်ပင်းကိုတွယ်ဖက်ပြီးတရှုံ့ရှုံ့ငိုလာသည့်ကေစီ။
"ငါက ကလေးချစ်တယ်။..အဲ့တော့.."
စူးကနဲ ပင့်ကြည့်လာသည့်မျက်ဝန်းတွေကြောင့်ပြောမည့်စကားက လည်ချောင်းထဲ အော်တိုပြန်ဝင်သွားသည်။
ဘုရားကယ်ပါ!
Shuu!
"ဘာလုပ်နေတာလဲ Han"
"ကိုကို့! ><"
"Shuu!"
TBC
A.N
Depression တွေဝင်။
:3
Unicode
ဟွန်း...ရှေ့က ပိတ်ရပ်နေသည့် ခြေထောက်ထော့နဲ့ နှင့်ကောင်ကို ဘေးကိုပိတ်တွန်းထားခဲ့ပြီးအခန်းထဲကထွက်လိုက်သည်။"သွားမယ် ကေစီ.."သူမလေးလက်ကိုတယုတယဆွဲပြီး စင်္ကြံတစ်ခုသာခြားသည့် အဆောင်ဘက်ကိုခြေလှမ်းလိုက်၏။ ဒီနေ့ Take me home..သီချင်းတီးမည်။ဆေးရုံတက်သော နှစ်ရက်မြောက်နေ့။ ဘယ်အချိန်က ရင်းနှီးသွားမှန်းမသိသော ထိုမိန်းကလေးက ကိုကို့ကို မနက်ကတည်းကလာခေါ်သွား၏။ ကုတင်ပေါ်မှာပဲနေဟူသော ဆရာဝန်ရဲ့စကားက ကိုကို့ကိုချောင်းဖို့လောက်အရေးမပါ။ စန္ဒယားတီးသည့်ထိုင်ခုံလေးပေါ်က ကိုကို့ကိုယ်ခပ်သေးသေးနှင့် ကိုကို့ပေါင်ပေါ်က ထိုမိန်းကလေး....ပြီးတော့....ဘေးနားကနေ ကိုကို့ကိုအစာကျွေးနေကြသည့်မျက်လုံးတွေ။ရာရာစစ ><"ဖယ်စမ်း"ပေါင်ပေါ်က ကိုယ်လုံးကိုခပ်ဆတ်ဆတ်ဆွဲယူချပစ်လိုက်၏။ ဝရုန်းသုန်းကားဖြစ်သွားမှန်းသိပေမဲ့ မိန်းကလေးမို့လို့လဲ Sehun မသနား။"အီး....ဝါး....."ထိုမိန်းကလေးငိုတော့ ဘေးကပါ ထွက်လာသည့်ပွက်လောရိုက်သော ဟစ်အော်ငိုကြွေးသံတွေ။"ကလေးကိုဘယ်လိုလုပ်လိုက်တာလဲ Oh Sehunnie"စိုးရိမ်တကြီးပြေးပွေ့တော့ လည်ပင်းကိုတွယ်ဖက်ပြီးတရှုံ့ရှံု့ငိုလာသည့်ကေစီ။ခေါင်းပုတ်ကျောပုတ်မြင်ကွင်းကို Sehun မကြည့်ချင်။ကျွတ်ကျွတ်ညံသည့်ငိုသံတွေကြောင့် ကလေးအထူးကုတွေနှင့် သူနာပြုတွေ အပြေးအလွှားရောက်လာကြကုန်၏။"မနေ့ညနေတုန်းက ငြိမ်လို့လွတ်ပေးထားတာ ဘယ်လိုဖြစ်ကုန်ကြတာလဲ Luhannie ရယ်။ "မျက်မှန်းတန်းမိနေသော သူနာပြုမလေးက ကိုကို့လက်ထဲက မိန်းကလေးကိုဆွဲယူပွေ့သွားတော့မှ Oh Sehun တို့ ကျေကျေနပ်နပ်ပြံုးပစ်လိုက်၏။ လွတ်ချင်ဟန်မတူသော ထိုမိန်းကလေးရဲ့လက်တွေကို ကိုကို့လည်တိုင်ကနေ ဆွဲဖြုတ်ပစ်တာတော့ ကိုကိုမသိလည်းဖြစ်သည့်ခြွင်းချက်ပေါ့။ဘယ်တတ်နိုင်မလဲ။ အချစ်ဆိုတာ ငါးနှစ်အရွယ်ကလေးနဲ့လဲ တွဲပြီးသဝန်တိုတတ်သည့်အမျိုး။ဆရာဝန်တွေကိုအားနာပါးနာတောင်းပန်နေသော ကိုကို။ မျက်စောင်းခဲလျက်အံကြိတ်လျက် သူ့အနားရောက်လာပြီး.."အ..အ..နာတယ်..ကိုကို....ဗိုက်ကြောမဆွဲနဲ့လေ..ပြတ်ထွက်ကုန်တော့မှာပဲ.."စင်္ကြတစ်ခုသာခြားသည့် ကလေးလူနာဆောင်ကို Luhan မနေ့ညနေကတည်းက ရောက်ဖူးသွားခြင်း။ ကင်ဆာဝေဒနာခံစားနေရသော ကလေးတွေကိုတွေ့တွေ့ချင်းပင် Luhan ရဲ့စေတနာတွေက ရေစီးကမ်းပြိုပိုးလို့ပက်လက်မျှောလျက်။ ဘယ်နေရာနေနေ တစ်ချိန်လုံးမလွတ်တမ်းကြည့်နေသော မျက်နှာရူးကောင်ရဲ့ စက်ကွင်းတွေကနေလွတ်လိုလွတ်ညား လျှောက်သွားရင်း ကေစီနဲ့တွေ့ရတာဖြစ်၏။ ဒါနဲ့ပဲ ညနေပိုင်းတစ်ပိုင်းလုံး သူတို့သဘောကျသည့်သီချင်းတွေကို စန္ဒယားတီးပြကာ နောက်နေ့မနက်လည်းလာခဲ့မည်ဟု ကတိပေးဖြစ်ခဲ့၏။ ဒါကိုပဲဒီအရှုပ်ထုပ်ကောင်က ><ဗိုက်ကိုပွတ်လျက် ကုတင်ပေါ်ငုတ်တုတ်ထိုင်နေသော Sehunnie။ မျက်နှာချိုးက စူပုတ်ပုတ်။ နေပါဦး။ စိတ်တိုရမှာက သူလား ငါလား။"ငါက ကလေးချစ်တယ်။..အဲ့တော့.."စူးကနဲ ပင့်ကြည့််လာသည့်မျက်ဝန်းတွေကြောင့်ပြောမည့်စကားက လည်ချောင်းထဲ အော်တိုပြန်ဝင်သွားသည်။"ကလေးချစ်တယ်။ ဟုတ်တယ်။ သိသွားပြီ။ ကိုကိုကလေးတွေကိုသိပ်ချစ်မှန်း။ အဲ့တော့ ဒီနေ့ကစလို့ ဒိုက်ပါခံပြီးချိုလိမ်စုပ်မယ်။ ကျွန်တော့်ကိုပဲချီ။ ကျွန်တော့်ကိုပဲပွေ့။ကျွန်တော့်ကိုပဲ ပြုစု။ ကျွန်တော့်ကိုပဲချစ်။ ကိုကို့မှာကျွန်တော်တစ်ယောက်လုံးရှိပြီးသားပဲ။ ဘယ်ကလေးမှထပ်ချစ်စရာမလိုဘူး။ နောက်တစ်ခါ ကိုကို့ရင်ခွင်ထဲ ဘယ်ကလေးတွေ့တွေ့ တရားရုံးဆွဲခေါ်သွားပြီး ပိုင်နက်ကျူးလွန်မှုနဲ့ ထောင်ချပစ်မယ်။ရပြီ..ကျွန်တော့်ကိုချီတော့။"ဘုရားကယ်ပါ!Luhan အတွေးတွေက ကုတင်ပေါ်က ခြေကားယားလက်ကားယားကောင်ကို သေတ္တာထဲသော့ခတ်ပိတ်ပြီး ကျင်းတူးမြေမြုပ်ပစ်လိုက်၏။ ပြန်ဖော်ပြီး နုတ်နုတ်စင်းကာ ဖက်ထုပ်လုပ်စားပစ်လိုက်၏။ ကော်ဖီစက်ထဲထည့်ကာ Americano လုပ်သောက်ပစ်လိုက်၏။သောက်မျက်နှာရူးကောင် ><"သွားစမ်း အရူး...ထွက်သွားစမ်း....အား.........."ကုတင်ပေါ်ကိုအတင်းကာရောကုပ်တက်ကာ Oh Sehun ရဲ့အပေါ်ကနေနေရာယူပြီး တွေ့ရာနေရာ တဖုန်းဖုန်းလှိမ့်ရိုက်နေသော Luhan ရယ်။ကိုကိုနော်...ကလေးက နို့ဆာနေပြီ ဆိုပြီး ရိုက်သမျှ ပန်းနှင့်ပေါက်သလို မျက်နှာကြီးဖြီးပြီးခံနေသည့် Oh Sehun ဆိုတဲ့လူနာရယ်။ကလေးတွေအိပ်သွားပြီ။ စိတ်မပူနဲ့တော့ ဟုလာပြောမလို့ကြံသည့် နာ့စ်မလေးက ခေါင်းတရမ်းရမ်းနှင့် အခန်းဝကပြန်လှည့်ထွက်သွားလေ၏။"စိတ်ကျန်းမာရေးဆေးရုံနဲ့များ နေရာမှားလာကြတာလား"Shuu!"အဲ့ဒီတော့ Sehun က တို့ပြောတာကို ငြင်းတဲ့သဘောပေါ့။ မင်းက...ကိုကိုလို့ခေါ်နေတဲ့တစ်ယောက်ကို..?"အခန်းတွင်းက အသံကြောင့် ကော်ဖီခွက်ကို ကိုင်ရင်း Luhan ခြေလှမ်းတွေ တုံ့ကနဲရပ်သွားသည်။"ကျွန်တော်က ကိုကို့ကိုပဲချစ်တာ။ လက်မခံနိုင်တာ တောင်းပန်ပါတယ် အစ်မ နာယွန်း။""ဟား...တို့အခုဘာတွေကြားနေရတာလဲ။ တို့ကိုယ်စား မင်းဝင်ခံပေးလိုက်တာကို....""နားလည်မှုလွဲသွားတာပါ။ အစ်မနေရာမှာ တစ်ခြားသူဆိုလဲ ကျွန်တော် ဒီလိုပဲလုပ်ခဲ့မှာပါပဲ။ ကျွန်တော့်ဘက်က ဘာမှမျှော်လင့်ချက်ပေးခဲ့တာမျိုးမရှိလို့ အစ်မနဲ့ကျွန်တော်နဲ့ ခပ်ရှင်းရှင်းနေကြတာပဲကောင်းပါတယ်။"အပြောခံရသူကဘယ်လိုနေမည်မသိ။ Luhan ကတော့ နားထောင်နေရင်း နာယွန်းဆိုသူကို အားတွေပင်နာလာသည်။"ဘာလုပ်နေတာလဲ Han"နောက်ပါးမှခပ်တိုးတိုးအသံ။ လှည့်ကြည့်တော့ ချာအွန်းညော။ အထုပ်ကြီးအထုပ်ငယ်တွေနှင့်။"မင်းကိုကိုကရော လက်ခံမှာတဲ့လား သူ့ကြည့်ရတာ မင်းလိုသဘောမျိုးမရှိဘူးနော်။ မင်းကိုညီတစ်ယောက်လိုပဲသဘောထားတာမဟုတ်လား။""ဟား....ဠီးဠီးဠားဠားတွေတော့စပြီ။ ဒီမှာအစ်မ။ ညီလေးလိုချစ်တာ ဘာညာဘာညာတွေလာမပြောနဲ့။ ကိုကိုက ဘယ်တော့မှ ကျွန်တော့်ရဲ့ဝမ်းစပ်အစ်ကိုဖြစ်လာမှာမဟုတ်ဖူး။ မွေးလာကတည်းက ကိုကိုက ကျွန်တော့်အပိုင်။ ရှေ့ရောနောက်ရော ထပ်ရှိလာမယ့်ကဘေကမ႓ာအနာဂတ်အတွက်ရော ကိုကို့ဘေးမှာရှိမယ့် ကိုကို့လက်တွဲဖော်က ကျွန်တော်။ ရှင်းပြီဆို လစ်လိုက်တော့။"နေရာမှာတောင့်တောင့်ကြီးရပ်ပြီး Luhan စကားပင်မပြောနိုင်။အခန်းထဲက ကမူးရှူးထိုးထွက်လာသော မိန်းကလေးကို ကမန်းကတန်း ဦးညွတ်ပြီး ဘယ်နားထားရမည်မှန်းမသိသောမျက်နှာကို အုတ်နံရံဘက်ပြေးကပ်နေမိသည်။"Sehunnie က Han ့ကိုကြိုက်နေတာလား""အဲ့မှာဘယ်အချိန်အထိရပ်နေဦးမလို့လဲကိုကို။ နားထောင်လို့ဝရင်လဲ ဝင်ခဲ့တော့ ။ "ဘေးက ချာအွန်းညောကို သွားဖြီးပြရင်း သူမလက်ထဲက အထုပ်တွေကိုပါတစ်ခါတည်းဆွဲယူလိုက်ကာ..."ကျွန်တော်နေကောင်းပါပြီ။ မနက်ဖြန်မှရုံးမှာတွေ့ကြတာပေါ့။ သတင်းလာမေးတာကျေးဇူးတင်ပါတယ်။ ကောင်းကောင်းပြန်ပါ။"မတတ်နိုင်။ အငွေ့ပျံထွက်ချင်မတတ် ရှက်နေတာကိုယ့်ဘာသာပဲသိသည်။ မိန်းကလေးနှစ်ယောက်ရှေ့ တိုင်တည်ခံလိုက်သော မိုးလားကဲလား အချစ်စကားတွေကို ဟိုအကောင်ကရှက်ကြောဖြတ်ထားလို့မရှက်ပေမဲ့ သူရှက်သည်။ မျက်နှာမကောင်းစွာပဲ ခေါင်းငြိမ့်လှည့်ပြန်သွားသော မိန်းကလေးကိုကြည့်ကာ သက်ပြင်းတစ်ချက်ကိုပဲမှုတ်ထုတ်လိုက်မိ၏။"ကိုကို့! ><""Shuu!"TBCA.NDepression တွေဝင်။:3
Continue Reading
You'll Also Like
20.7K 1.2K 30
~Narcissusပန်းလေးရဲ့အဓိပ္ပါယ်က "မင်းကငါ့ရဲ့တစ်ယောက်သောသူ" တဲ့လေ~ [Both U & Z] Start date _ 19.4.2023 (Wed) End date _ 27.3.2024(Wed)
92K 5.5K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
81.3K 5.2K 43
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
532K 104K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!