Unicode below
အရာအားလံုးဟာ အခ်ိန္ႏွင့္အမ်ွ ေျပာင္းလဲေနသလို ရာသီဥတုဆိုသည့္ သဘာဝတရားႀကီးဟာလည္း ယေန႔အဖို႔ ေျပာင္းလဲလို႔ေနသည္။ ေႏြရာသီျဖစ္သည့္အေလ်ာက္ ေန႔တိုင္းလိုလိုမွာ ပူျပင္းလြန္းလွသည္။ သို႔ေသာ္ ယေန႔အဖို႔ေတာ့ မိုးေလးအံု႔တံု႔တံု႔ျဖင့္ ေနေရာင္ေပ်ာက္ေသာ ေန႔တစ္ရက္ျဖစ္လို႔ေနသည္။ ေနပူက်ဲတဲတြင္ အလုပ္လုပ္ရသည့္ သူမ်ားအတြက္ သက္သာရာရေစေသာ ေန႔တစ္ေန႔ဆိုလည္း မမွားေခ်။
မိုးေအးေသာ ရာသီဥတုေၾကာင့္ ေနရာအၾကပ္တည္းကိုေတာင္ ေမ့ကာ အိပ္ေပ်ာ္ေနၾကေသာ စိုင္းျပည့္ႏွင့္လေရာင္။ ႏွစ္ေယာက္သား တစ္ေယာက္အိပ္ကုတင္ေပၚတြင္ မ်က္ႏွာခ်င္းဆိုင္ကာ တစ္ေယာက္ကိုတစ္ေယာက္ဖက္ၿပီး အိပ္ေပ်ာ္ေနသည္။ အရင္ဆံုးႏိုးလာသူမွာ နရံႏွင့္ စိုင္းျပည့္ၾကညး အိပ္ေပ်ာ္ေနေသာ လေရာင္။
တစ္ညလံုး ၾကပ္တီးၾကပ္တပ္ျဖင့္ အိပ္ေပ်ာ္လာေသာေၾကာင့္ ေညာင္းကိုက္ေနသည္။ အရင္ဆံုး ေျခလက္ဆန္႔ၿပီး အေညာင္းေျဖလိုက္သည္။ ထို႔ေနာက္ သူ႔ေ႐ွ႕တြင္ အိပ္ေနေသာ စိုင္းျပည့္ကို ၾကည့္မိသည္။
အိပ္ေပ်ာ္ေနလိုက္တာမ်ား ကေလးေလးတစ္ေယာက္ အလားပင္။ မ်က္ေတာင္ေလးမွာလည္း ေကာ့ၿပီးဆင္းေနသည္။ ႏႈတ္ခမ္းေလးမွာလည္း ေယာက္်ားေလးႏႈတ္ခမ္းဟု မထင္ရ ႏွင္းဆီဖူးကဲ့သို႔ ဖူးဖူးေလးျဖင့္ ရဲတက္ေနသည္။ မ်က္ခံုး ၊ ႏွာတံတို႔မွာလည္း ေျပာစရာမ႐ွိေအာင္ ျပည့္စံုလြန္းလွသည္။
မင္းမိန္းကေလးဆိုရင္ ေတာ္ေတာ္လွမွာပဲ.....
လေရာင္တစ္ေယာက္ စိုင္းျပည့္၏ မ်က္ႏွာအလွကို ျမင္ၿပီး ေရရြတ္မိသည္။ ထို႔ေနာက္ စိုင္းျပည့္၏ ေဖြးဥေနသည့္ ပါးျပင္ေလးကို ကိုင္ၾကည့္မိသည္။
Woo....မ်က္ႏွာေလးက ေတာ္ေတာ္ႏူးညံတာပဲ
ထိုစဥ္ မ်က္ႏွာေပၚမွ ယားက်ိက်ိ ခံစားခ်က္ေၾကာင့္ စိုင္းျပည့္တစ္ေယာက္ ႏိုးလာသည္။ မ်က္လံုးေလး ပုတ္ခတ္ခတ္ျဖင့္ ဖြင့္ၾကည့္ေတာ့ သူ႔မ်က္ႏွာကိုကိုင္ၿပီး ေသခ်ာစိုက္ၾကည့္ေနေသာ လေရာင္ကို ျမင္ၿပီး လန္႔သြားေလသည္။
"အား.....!"
*ဒုတ္*
စိုင္းျပည့္ ႐ုတ္တရက္လန္႔ၿပီး ထလိုက္ေတာ့ အ႐ွိန္လြန္ကာ ကုတင္ေပၚမွ ျပဳတ္က်ေလသည္။ သို႔ေသာ္ အခ်ိန္မွီ လေရာင္တားႏိုင္လိုက္သည္။ လက္တစ္ဖက္ျဖင့္ လွမ္းဆြဲလိုက္သည္။ သို႔ေသာ္ အ႐ွိန္မထိန္းႏိုင္ဘဲ ခႏၶာကိုယ္အေပၚပိုင္းက ျပဳတ္က်ေလသည္။ စိုင္းျပည့္ ေခါင္းႏွင့္ၾကမ္းျပင္ မိတ္ဆက္မည့္ေနရာတြင္ လေရာင္က လက္ျဖင့္ခံလိုက္ႏိုင္သည္။
"အား..."
လေရာင္ လက္နာသြားသည္။ ထိုသည္ထက္ ႏွစ္ေယာက္သား အေနအထားမွာ ပိုၿပီး မ်က္ႏွာပူစရာ ေကာင္းလွသည္။ သူတို႔ႏွစ္ေယာက္၏ ေျခေထာက္ပိုင္းမွာ ကုတင္ေပၚ႐ွိေနေသာ္လည္း အေပၚပိုင္းမွာမူ ၾကမ္းျပင္ေပၚ တြဲလဲခိုေနသည္။ စိုင္းျပည့္က ေအာက္က လေရာင္က အေပၚက။ မ်က္ႏွာႏွစ္ခုမွာလည္း နီးကပ္ေနသည္။
"စိုင္းျပည့္ရာ....ဘာလို႔ေအာ္တာလဲ!"
"မင္းက စိုက္ၾကည့္ေနတာကို ႐ုတ္တရက္ဆိုေတာ့ အား....အရင္ဆံုး ထဦး"
"မင္း ေခါင္းအရင္ႂကြ! ငါ့လက္ေတာင္ နာသြားၿပီ"
ႏွစ္ေယာက္သား ထၿပီး စိုင္းျပည့္က ၾကမ္းျပင္ေပၚမွာပဲ ထိုင္လိုက္သည္။ လေရာင္ကေတာ့ နာေနသည့္ သူ႔လက္ကို တဖူးဖူး မႈတ္ေနသည္။ က်တုန္းက အ႐ွိန္ပါသည့္အတြက္ လက္မွာ သိသိသာသာ ဖူးေယာင္သြားသည္။
"နာ....နာသြားလား"
"မင္းမျမင္ဘူးလား!"
"ေအးပါကြာ...sorryပါ လာထ ငါတည္းတဲ့ဟိုတယ္မွာ breakfastသြားစားမယ္"
"မင္းေရာ မခိုင္းမိဘူးလား"
"မေသႏိုင္ပါဘူးကြာ...လပါကြာ ထသြားမယ္ မ်က္ႏွာသစ္"
စိုင္းျပည့္လည္း လေရာင္ကို အတင္းထခိုင္းၿပီး ျပင္ဆင္ခိုင္းရေတာ့သည္။
.........
မနက္၉နာရီခြဲအခ်ိန္။
ေက်ာင္းဝန္းႀကီးတစ္ခုလံုးကေတာ့ ေက်ာင္းပိတ္ရက္ဆိုသည့္အတိုင္း တိတ္ဆိတ္ၿပီး ေျခာက္ကပ္ေနသည္။ သက္တန္႔လင္းတစ္ေယာက္ အရင္တစ္ခါကလို အဆူမခံႏိုင္၍ ႀကိဳကာ ေစာၿပီး ေက်ာင္းသို႔လာေလသည္။ ညကလည္း ေတဇာပိုင္ကို စိတ္ေကာက္၍ တစ္ညလံုး မအိပ္ဘဲ ဂိမ္းထိုင္ေဆာ့ေနေလသည္။ ထို႔ေၾကာင့္လည္း နဂိုေမွးေနေသာ မ်က္လံုးႏွစ္ဖက္မွာ မို႔ၿပီး ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနသည္။
သက္တန္႔လင္း ေက်ာင္းဝန္းထဲသို႔ တအိအိျဖင့္ လမ္းေလ်ွာက္လာသည္။ စေနေန႔ျဖစ္၍ စစ္လားေဆးလားလုပ္သည့္ ပါခ်ဳပ္လည္းမ႐ွိ၍ အခြင့္ေရးယူကာ တီး႐ွပ္ႏွင့္ေဘာင္းဘီ႐ွည္ဝတ္လာသည္။ ထို႔ေနာက္ ေဘာင္းဘီအိတ္ထဲမွ ဖုန္းကို ထုတ္ၾကည့္မိသည္။ ေတဇာပိုင့္ဆီမွ missed calls မ်ား message မ်ားမွာ မနည္း။ သက္တန္႔လင္း ဘာတစ္ခုမွ မတုန္႔ျပန္ခ်င္၍ အေ႐ွာင္ေနရန္သာ ဆံုးျဖတ္လိုက္သည္။
"ကိုသက္!"
အေနာက္မွ ရင္းႏွီးသည့္ အသံတစ္ခု။ သူ႔ကို ကိုသက္ဟု ေခၚသူမွာ ခန္တစ္ေယာက္တည္းပင္ ႐ွိသည္မဟုတ္ပါေလာ။
"ခန္...ေစာေစာစီးစီး ဘယ္ကျပန္လာတာလဲ"
ခန္တစ္ေယာက္ ေက်ာင္းထဲသို႔ စက္ဘီးျဖင့္ စီးဝင္လာကာ သက္တန္႔လင္းနားတြင္ ရပ္ကာ တြန္းလိုက္သည္။
"ကြၽန္ေတာ္ မနက္စာသြားစားတာ ကိုသက္ေရာ စားၿပီးၿပီလား"
သက္တန္႔လင္းကေတာ့ ေခါင္းကိုသာ ခါျပသည္။
"ကြၽန္ေတာ္ မုန္႔ေတြဝယ္လာတယ္ စားပါလား"
စက္ဘီးျခင္းထဲမွ မုန္႔ထုပ္ကို ထုတ္ျပရင္း ေျပာေလသည္။
"အိုး....ရတယ္ စားခ်င္စိတ္မ႐ွိလို႔ မစားတာ"
"ေအာ္ ဒါဆိုကြၽန္ေတာ္တစ္ခါတည္း ကိုသက္နဲ႔လိုက္ခဲ့မယ္ေလ အေဆာင္မွာတစ္ေယာက္တည္း ပ်င္းေနလို႔"
"အင္း"
(A/N : ျမန္မာစာသင္တဲ့ေက်ာင္းသားေက်ာင္းသူ အေဆာင္ေတြက ေက်ာင္းကေပးပါတယ္။ MUFL ဝန္းထဲမွာပဲ ႐ွိတာပါ)
သက္တန္႔လင္းႏွင့္ ခန္တို႔ အကတိုက္မည့္အခ်ိန္ကို ေစာင့္ရင္းစကားေတြ ေျပာမိၾကသည္။ ပိုၿပီးရင္းႏွီးလာသလိုလည္း ခံစားရသည္။ ခန္က ဟိုေန႔ေတြက အိမ္ကိုလြမ္းလြန္းလို႔ Home Sickျဖစ္ၿပီး ငိုတာကိုလည္း သက္တန္႔လင္းသိခဲ့ရသည္။ ခန္က အတြင္းက်က်ေပါင္းၾကည့္လ်ွင္ ခင္စရာေကာင္းၿပီး တကယ့္ကို သေဘာေကာင္းသည့္ ေကာင္ေလးပင္။
"သက္တန္႔!"
အကတိုက္ရန္ တစ္ေယာက္ၿပီး တစ္ေယာက္ ေရာက္လာသည့္ လူမ်ားၾကားမွ စိုင္းျပည့္ႏွင့္လေရာင္တို႔ပါ ေရာၿပီး ေရာက္လာၾကသည္။ သက္တန္႔လင္းေတာင္ အံျသသြားသည္။
"စိုင္းျပည့္ မင္း...ဘယ္လိုေရာက္ေနတာလဲ ငါ့ကိုေတာင္ မေျပာဘူးကြာ"
"ေျပာေတာ့ေရာ မင္းက လာႀကိဳမွာလား"
"ဟိုေကာင္ လေရာင္လည္းအတူတူပဲ ငါ့ကိုႏွစ္ေယာက္ေပါင္းၿပီး ပလစ္ထားၾကတာ"
"ဒါနဲ႔သူကဘယ္သူလဲ...."
စိုင္းျပည့္က ေဘးနားတြင္ ကုတ္ကုတ္ေလးထိုင္ေနသည့္ ခန္ကို ၾကည့္ၿပီး ေမးေလသည္။
"အား...မဂၤလာပါ ကြၽန္ေတာ့္နာမည္ ခန္႔သူရပါ"
"အဲ့ေလာက္ မယဥ္ေက်းလည္းရပါတယ္ စိုင္းျပည့္ပါ"
"လေရာင္ပါ.."
ခန္ကေတာ့ စိုင္းျပည့္ကိုတစ္လွည့္ လေရာင္ကိုတစ္လွည့္ ျပံဳးျပေလသည္။
"ဒါနဲ႔ သက္တန္႔ မင္းရဲ႕ေတဇာေရာ"
"မသိဘူး...."
သက္တန္႔လင္း မ်က္ႏွာမသာမယာျဖင့္ ခပ္သြက္သြက္ေျဖေလသည္။
"ရန္ျဖစ္ထားၾကတာလား"
"ဟိုမွာ....လာေနၿပီ ေတဇာပိုင္"
လေရာင္က အခန္းဝကို ၫႊန္ျပေတာ့ ေတဇာပိုင္ပင္။ အက်ႌ႐ွပ္ အျဖဴေလးႏွင့္ ေက်ာပိုးအိတ္အမည္း ၊ ဂ်င္းေဘာင္းဘီ အမည္းကိုပါ ဝတ္ဆင္ထားသည္။ သူလည္း အခြင့္ေရးယူသည့္ တစ္ဦးပင္။
"Hi bro....မင္းဘာေတြလုပ္ထားတာလဲ သက္တန္႔စိတ္ေကာက္ေနတယ္ဆို"
"......."
စိုင္းျပည့္၏ စကားကိုမေျဖဘဲ ေတဇာပိုင္ မ်က္ႏွာငယ္ေလးျဖင့္ သက္တန္႔လင္းနားသို႔ သြားေလသည္။
"ခဏေလာက္ဖယ္ေပးလို႔ရမလား...."
သက္တန္႔လင္းနားတြင္ ထိုင္ေနသည့္ ခန္ကို ေတဇာပိုင္က ေတာင္းဆိုေလသည္။
"ေအာ္....ဟုတ္..."
"ရတယ္ ခန္ မဖယ္ေပးနဲ႔ ေနရာေတြ ဒီေလာက္မ်ားေနတာ ထိုင္ေနတဲ့သူကို ဖယ္ခိုင္းရလား!"
သက္တန္႔လင္း စကားမ်ားမွာ ျပတ္ျပတ္သားသားပင္။ စိတ္ဆိုးေနသည့္ အေျခေနမွာ ျမင့္မားလြန္းေနၿပီ။
"ေတာ္ပါေတာ့ သက္တန္႔ရာ...မင္း ဘာကိုစိတ္ဆိုးေနတာလဲ စိတ္ဆိုးတဲ့အေၾကာင္းေလးေတာ့ ေျပာျပဦးမွေပါ့!"
"မင္းလုပ္ထားတာပဲ မင္းသိရမွာေပါ့...ငါ့ကို လာမေမးနဲ႔"
ႏွစ္ေယာက္သား အေျခေနတင္းမာလြန္းလာေတာ့ ခန္ ေနရခက္ကာ ထသြားလိုက္သည္။ စိုင္းျပည့္ႏွင့္လေရာင္ကလည္း ၾကားသံုးၾကား မဝင္ေကာင္းဆိုသည့္အတိုင္း မသိခ်င္ေယာင္ေဆာင္ေနသည္။ ေတဇာပိုင္က ေဘးနားကပ္ထုိင္မယ္ ျပင္ေတာ့ သက္တန္႔လင္း မက္တပ္ရပ္လိုက္သည္။
"အကတိုက္ေတာ့မွာ...မင္းဖယ္!"
ေတဇာပိုင့္ကို ေက်ာ္ၿပီး အခန္းလယ္႐ွိ လူစုေနရာသို႔ သြားလိုက္သည္။ စီနီယာ အႀကီးေတြပါ႐ွိေနေတာ့ အတင္းတိုးဝင္ၿပီး ေျပာဖို႔က မျဖစ္ႏိုင္ေတာ့။ ေတဇာပိုင္ လက္ေလ်ွာ့လိုက္ရျပန္သည္။
အကစတိုက္ၾကသည့္အခ်ိန္တြင္ ေတဇာပိုင္တစ္ေယာက္ သက္တန္႔လင္းကိုပဲ မ်က္စိေဒါက္ေထာက္လိုက္ၾကည့္ေနမိသည္။ ကကြက္တစ္ကြက္ခ်င္းစီကအစ သက္တန္႔လင္း လႈပ္႐ွားမႈတိုင္းကို ေသခ်ာစိုက္ၾကည့္ေနသည္။ တြဲကသည့္ သူမွာလည္း ဆတေယာမို႔သာ ေတာ္ေတာ့သည္။ ဒါေတာင္ စိတ္မခ်ခ်င္။ လက္လည္းကိုင္ ခါးလည္းဖက္ထားရသည္ေလ။ ပိုဆိုးသည္က တေယာကလည္း သက္တန္႔လင္းကို စိတ္ဝင္စားခဲ့ဖူးသည့္သူ။
အမွန္တိုင္းဝန္ခံရလ်ွင္ ေတဇာပိုင္မွာ အူတိုလြန္းသူပင္။ အရင္ကေတာ့ မသိသာေပမယ့္ သက္တန္႔လင္းႏွင့္ တြဲလာမိသည့္ ေနာက္ပိုင္း ပိုခ်စ္မိလာသည္။ ခ်စ္မိလာေတာ့ ဘယ္သူနဲ႔႐ွိေန႐ွိေန သဝန္တိုမိေနသည္။ အခုလည္း ဘယ္ကေရာက္လာမွန္းမသိသည့္ ခန္ဆိုသည့္ ေကာင္ေလးကို သဝန္တိုေနမိသည္။ ခန္ကေတာ့ ဘာမွမသိ႐ွာ ကတာကိုပဲ ပါးစပ္ေလး ဟစိဟစိျဖင့္ ၾကည့္ေနသည္။
အကဆိုသည္မွာလည္း မလြယ္သည့္ အလုပ္တစ္ခုပင္။ လႈပ္႐ွားရသည့္အတြက္ အား႐ွိမွ ျဖစ္မည့္အရာမ်ိဳးဆိုလည္း မမွားေခ်။ ညကလည္း အိပ္မထား မနက္စာလည္းမစားထားသည့္ သက္တန္႔လင္းအဖို႔ေတာ့ ကရာတြင္ ပင္ပန္းလြန္းလွသည္။ မ်က္လံုးေတြကလည္း ေလးလံေနသလို ပါးစပ္မွ ဟားသန္းေပါင္းကလည္း မနည္း။ ဤသည္ကို ေတဇာပိုင္ ဂ႐ုျပဳမိသည္။
ကေနသည္မွာလည္း ၄၅မိနစ္ခန္႔႐ွိေနၿပီ။ break time ကလည္း မေပးေတာ့ ၾကာရင္ သက္တန္႔လင္း လဲက်သြားႏိုင္သည္။ ေတဇာပိုင္လည္း မေနႏိုင္သည္ႏွင့္ Final တန္းက ECကို အနားေပးဖို႔ သူကိုယ္တိုင္ ခြင့္ေတာင္းေလေတာ့သည္။
"အစ္ကို....အနားေလးယူပါဦးလား ျဖည္းျဖည္းေပါ့ အခ်ိန္ေတြ က်န္ပါေသးတယ္"
"ဟာ...ဟုတ္သားပဲ အစ္ကိုလည္း အကထဲဘစိတ္ေရာက္ေနတာ ကဲ....အားလံုး နာရီဝက္ break time"
ထို႔ေနာက္ ေတဇာပိုင္ သက္တန္႔လင္း တစ္ခုခုေသာက္ဖို႔ ဝယ္ရန္ ခ်က္ခ်င္းအျပင္ထြက္သြားေလသည္။ ေလွကားကိုလည္း အျမန္ဆင္းလိုက္သည္။ လက္မွနာရီကိုလည္း တၾကည့္ၾကည့္။ ေက်ာင္းေဘးနား႐ွိ Pop Marketထိ မရပ္မနားပင္ ေျပးသြားေလသည္။
ထို႔ေနာက္ အား႐ွိေစမည့္ energy drink ၊ ေခြၽးထြက္တာကို အားျပည့္ေစမည့္ ဓာတ္ဆား ၊ သက္တန္႔လင္းႀကိဳက္တက္သည့္ Coca Cola ၊ အဆာေျပစားရန္ေပါင္မုန္႔ စသျဖင့္ အစံုဝယ္ၿပီး ေက်ာင္းခန္းသို႔ အေမာျပန္ေျပးရေလသည္။
အတန္းသို႔ ျပန္ေရာက္ေတာ့ နာရီကို တစ္ခ်က္ၾကည့္မိသည္။ ဆယ္မိနစ္ေက်ာ္ခန္႔သာ ၾကာသည္။ စားခ်ိန္လံုလံုေလာက္ေလာက္ ရေသးသည္။ သို႔ေသာ္လည္း ေတဇာပိုင္ခင္ဗ်ာ သက္တန္႔လင္း စိတ္ဆိုးေျပၿပီး အေမာေျပရမည့္အစား ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ ပိုၿပီးေဒါသထြက္သြားသည္။
သက္တန္႔လင္းက သူငယ္ခ်င္းေတြႏွင့္အတူ ဝိုင္းဖြဲ႔ၿပီး စားေသာက္ေနၿပီ ျဖစ္သည္။ ခန္ဆီမွ ပါလာေသာမုန္႔ထုပ္ကို အကုန္ဝိုင္းၿပီး စားေသာက္ေနၾကသည္။ သူ႔မွာေတာ့ စားေစခ်င္၍ အေျပးသြားဝယ္ရသည္မွာ မတန္လိုက္။
"ဟာ...ေတဇာ မင္းက မုန္႔ေျပးဝယ္တာလား ငါကျပန္သြားၿပီ မွတ္ေနတာ လာထိုင္"
စိုင္းျပည့္က သူ႔ေဘးနားေလး ေခၚထိုင္ေလသည္။ သက္တန္႔လင္း ေတဇာပိုင့္ကို အကဲခတ္မိသည္။ ေတာ္ေတာ္ေမာလာ ပံုေပါက္သည္။ နဖူးေပၚတြင္လည္း ေခြၽးေတြက စီးက်ေနၿပီး အသက္႐ွဴသံေတြျမန္ေနတာကိုလည္း သတိထားမိသည္။
ေတဇာပိုင္ စိတ္တိုၿပီး မုန္႔ထုပ္ကို စားပြဲေပၚပစ္ခ်လိုက္ရာ အထဲမွ မုန္႔အခ်ိဳ႕ထြက္လာသည္။ အမ်ားစုမွာ သက္တန္႔လင္း အႀကိဳက္မုန္႔မ်ားပင္။
"Oh...ေက်းဇူးတင္လိုက္တာ ေတဇာရယ္ ငါဗိုက္ဆာတာနဲ႔ အေတာ္ပဲ"
တေယာက မုန္႔ထုပ္တစ္ထုပ္ယူၿပီး ေတဇာပိုင့္ကို ေက်းဇူးတင္စကား ေျပာေလသည္။ ထို႔ေနာက္ လေရာင္ ၊ စိုင္းျပည့္တို႔ပါ မုန္႔ထုပ္ေတြ ယူစားေလသည္။ သက္တန္႔လင္းကေတာ့ မသိခ်င္ေယာင္ေဆာင္ၿပီး စားလက္စ ေပါင္မုန္႔ကိုသာ ဆက္စားေလသည္။
"ကိုသက္!"
"......."
႐ုတ္တရက္ ခန္က ထေအာ္ေတာ့ အားလံုးတိတ္ဆိတ္ သြားသည္။ ကိုသက္ဆိုသည့္ ေခၚသံမွာ အားလံုးႏွင့္ စိမ္းေနေသးသည္ေလ။ ေတဇာပိုင္ကေတာ့ မ်က္ေထာင့္နီႀကီးျဖင့္ ခန္ကို စိုက္ၾကည့္ေနသည္။
"ဘာလဲ ခန္ ေျပာေလ"
"ေအာ္ ခုဏက ကိုသက္ ကသြားတဲ့ ကကြက္ေလ အရမ္းမိုက္တယ္ဗ်ာ ကြၽန္ေတာ္ေတာင္ ကတက္ခ်င္တယ္"
"မင္း ကတက္ခ်င္ရင္ ငါသင္ေပးမယ္ေလ"
ေတဇာပိုင္၏ အၾကည့္က သက္တန္႔လင္းကို ေရာက္သြားသည္။ သက္တန္႔လင္းကလည္း တမင္ ေျပာလိုက္ျခင္းပင္။
"ဟာ...တကယ္လား"
"တကယ္ လာ....အခုသင္ေပးမယ္"
ဆိုၿပီး ခန္၏ လက္ကိုဆြဲကာ ထိုင္ေနရာမွ ေခၚထုတ္သြားၿပီး ခ်က္ခ်င္းသင္ေပးေလသည္။
"ေတာက္!"
ေတဇာပိုင္ စိတ္တိုၿပီး ေတာက္တစ္ခ်က္ ေခါက္ေလသည္။ တေယာတို႔ေတာင္ လန္႔ကုန္ၿပီး စားလက္စမုန္႔ေတြ ေအာက္သို႔ခ်ၾကေလသည္။ ေတဇာပိုင္ လြယ္အိတ္ကို ခ်က္ခ်င္းလြယ္ၿပီး ထသြားရန္ျပင္ေလသည္။ သို႔ေသာ္လည္း သက္တန္႔လင္း ကျပေနရင္း ရိပ္ခနဲျဖစ္သြားကာ လဲေတာ့မည္ကို ျမင္လိုက္ရသည္။
"ဟာ...ကိုသက္ ရလား"
"tik..."
ေတဇာပိုင္ ဆုတ္တစ္ခ်က္သတ္ၿပီး လြယ္အိတ္ကို ပစ္ခ်လိုက္သည္။ ထို႔ေနာက္ သက္တန္႔လင္းကို လက္မွဆြဲကာ အျပင္သို႔ ေခၚထုတ္သြားသည္။ အခန္းထဲ႐ွိ လူမ်ားအားလံုးလည္း ပါးစပ္အေဟာင္းသားျဖင့္ အံျသၿပီးၾကည့္ေနၾကသည္။
"ေတဇာ မင္း ဘာလုပ္တာလဲ!"
သက္တန္႔လင္း လက္ကို တင္းၾကပ္စြာ ဆြဲေခၚသြားသည္။ လက္ကေလးေတာင္ နီၿပီးရဲလာသည္။
"ေတဇာ လႊတ္ကြာ နာတယ္!"
ေတဇာပိုင္ သက္တန္႔လင္းကို Cေဆာင္၏ အေပၚဆံုးထပ္ စတုတၳထပ္႐ွိ ေယာက်ာ္းေလးအိမ္သာသို႔ ေခၚသြားသည္။ ေက်ာင္းပိတ္ရက္လည္း ျဖစ္သည့္အျပင္ စတုတၳထပ္က အိမ္သာမွာ လူသံုးနည္းလွသည္။
ေတဇာပိုင္ အိမ္သာအေပါက္နားတြင္ ရပ္လိုက္ၿပီး သက္တန္႔လင္းကို နရံႏွင့္ကပ္ကာ ထြက္မေျပးႏိုင္ရန္ လက္ျဖင့္ ပိတ္ထားသည္။ ေတဇာပိုင္ ေဒါသထြက္လြန္း၍ သဝန္တိုလြန္း၍ ဆုရန္ျပင္ထားသည္။ သို႔ေသာ္လည္း မ်က္ရည္စို႔ေနသည့္ဘသက္တန္႔လင္း၏ မ်က္လံုးေတြကိုျမင္ၿပီး အရည္ေပ်ာ္က်သြားသည္။
"သက္....တန္႔...မင္းကြာ!"
ေတဇာပိုင္ သက္ျပင္းခ်ၿပီး ေခါင္းငိုက္စိုက္က်သြားသည္။
"ေျပာစရာမ႐ွိရင္ ငါျပန္မယ္"
"ေနဦး....ကဲ ေျပာပါဦး မင္းငါ့ကို စိတ္ဆိုးရတဲ့အေၾကာင္းရင္း ၿပီးေတာ့ ဟိုေကာင္ေလးနဲ႔ လက္ယားလက္ယားလုပ္ေနရတဲ့ အေၾကာင္းရင္း...."
"မင္း တကယ္မသိဘူးလား....မင္း....မင္းငါ့ကို တကယ္ေရာခ်စ္ရဲ႕လား"
"ဟာကြာ မင္းကိုခ်စ္လြန္းလို႔ ငါတို႔အခုတြဲေနၾကတာပဲ မဟုတ္ဘူးလား ဘာေတြစိတ္တိုင္းမက်ျဖစ္ေနရတာလဲ...ဟင္? ငါ့ကိုပြင့္ပြင့္လင္းလင္း ေျပာစမ္းပါ"
"မင္း ငါနဲ႔တြဲေနရတယ္ဆိုတာကို လူေတြသိသြားမွာ ေၾကာက္တယ္မလား"
"ဟာ...ဒါက တမင္ဖံုးကြယ္ထားတာမွ မဟုတ္တာ အေျခေနမေပးလို႔ မေျပာျဖစ္တာေလ ၿပီးေတာ့ ငါတို႔ Relationshipကို လူတကာသိေအာင္ ဆိုင္းဘုဒ္တပ္ျပေနစရာမွ မလိုတာ...ငါ့...ငါ့အတြက္ေတာ့ မင္းခ်စ္ေနရင္ျပည့္စံုၿပီ!"
"ဒါဆို ကသစ္ျဖဴကိုေရာ ဘာလို႔ေျပာမျပတာလဲ မင္းက သူ႔ကို အခြင့္ေရးေတာင္ ေပးထားေသးတယ္ဆို အဲ့ဒါမင္းငါ့ကို မခ်စ္လို႔မဟုတ္ဘူးလား မင္းသူ႔ကို....*အြတ္*"
ေတဇာပိုင္ သက္တန္႔လင္း၏ ႏႈတ္ခမ္းေတြကို အသံမထြက္ႏိုင္ေအာင္ ဖိကပ္လိုက္သည္။ သက္တန္႔လင္း အတင္း႐ုန္းေသာ္လည္း ေတဇာပိုင္က အတင္းဖက္ထားသည္။ ႏွစ္ကိုယ္ၾကား ေလတိုးေပါက္မ႐ွိေအာင္ တင္းၾကပ္စြာ ဖက္ထားသည္။ သက္တန္႔လင္း ၿငိမ္က်သြားမွ လႊတ္ေပးလိုက္သည္။
"အဲ့ကိစၥနဲ႔ဆို မင္းစိတ္ဆိုးစရာမလိုဘူး ငါ ကသစ္ျဖဴကို အျပတ္ျငင္းၿပီးသား သူ႔ဘာသူ တစ္ေယာက္တည္း ႀကိတ္ဆံုးျဖတ္ေနတာ...."
သက္တန္႔လင္းက မသကၤာသည့္ မ်က္လံုးမ်ားျဖင့္ မ်က္ေမွာင္ႀကီးၾကဳတ္ကာ ၾကည့္ေလသည္။
"မင္းမယံုဘူးလား ငါ ဘယ္လိုလုပ္ေပးရမွာလဲ"
"သူ႔ကို မင္းခ်စ္သူက ငါပါဆိုတာ ေျပာရဲလား"
"ေျပာရဲတယ္ ရတယ္...မနက္ျဖန္ငါကိုယ္တိုင္ေျပာမယ္"
"....."
သက္တန္႔လင္း ေဘးသို႔ မ်က္ေစာင္းတစ္ခ်က္ထိုးေလသည္။ ထို႔ေနာက္ သူ႔ႏႈတ္ခမ္းေတြကို လက္ျဖင့္ ၾကမ္းၾကမ္းႀကီး ပြတ္ပစ္ေလသည္။ ခုဏက အနမ္းကို သေဘာမက်သည့္ ပံုစံ။
"စိတ္ဆိုးေျပပါေတာ့ကြာ ၿပီးေတာ့ အဲ့ ခန္ဆိုလား အဲ့ထိုင္းေကာင္နဲ႔ ေဝးေဝးေနကြာ ငါမႀကိဳက္ဘူး"
"သဝန္တိုရင္ တိုတယ္ေပါ့!"
သက္တန္႔လင္း ေတဇာပိုင့္ကို မၾကည့္ ေဘးကိုပဲ ၾကည့္ၿပီး ေျပာေနေလသည္။ ေတဇာပိုင္ သက္တန္႔လင္း၏ ေမွးနားေလးကို ကိုင္ၿပီး မ်က္လံုးခ်င္းအၾကည့္ဆံုလိုက္သည္။
"တုိတယ္ကြာ...မင္းကို ငါ့တစ္ေယာက္တည္းပဲ ၾကည့္ေစခ်င္တာ"
ေတဇာပိုင္ ေျပာရင္း သက္တန္႔လင္း၏ မ်က္ႏွာနားသို႔ တျဖည္းျဖည္း ကပ္ေလသည္။ ေနာက္တစ္ေခါက္နမ္းရန္ ျပင္ေနသည့္ပံု။ သို႔ေသာ္ သက္တန္႔လင္းက ျဖည္းျဖည္းေလး တြန္းၿပီး ေျပာေလသည္။
"ေန...ေနပါဦး မင္းဘယ္တုန္းက စကားေတြတက္သြားၿပီး ဘယ္တုန္းက နမ္းခ်င္သြားတာတုန္း...အရင္တုန္းက ေအးတိေအးစက္ျဖစ္လြန္းတဲ့မင္းက အခု အရမ္း ရဲေနသလို ေတဇာ"
"အဲ့ဒါ မင္းေၾကာင့္ေလ အရင္တုန္းက ငါ့ကိုယ္ငါ ထိန္းႏိုင္တယ္ အခုမရေတာ့ဘူး မင္းေၾကာင့္ေပါက္ကြဲကုန္ၿပီ ဟန္ေဆာင္လို႔လည္းမရေတာ့ဘူး!"
"ဒါဆုိ အရင္တုန္းက ေအးတိေအးစက္ေတြက ဟန္ေဆာင္ေနတာေပါ့?"
"ဟုတ္တယ္...ငါ့မွာ မင္းကိုျမင္တုိင္း ခ်စ္လြန္းလို႔ အူယားလြန္းလို႔ ပါးစပ္ထဲေတာင္ ငံုထားခ်င္တာ ငါအရမ္းခ်စ္ျပရင္လည္း မင္းအကမ္းတက္လာမွာလည္း ဆိုးရေသးတယ္...ဒါေၾကာင့္"
ေတဇာပိုင္၏ ရင္တြင္းစကားကို ပြင့္ပြင့္လင္းလင္းၾကားရ၍ သက္တန္႔လင္း ဝမ္းသာမိေသာ္လည္း သူခံခဲ့ရသည္ႏွင့္ မမ်ွ။ ထို႔ေၾကာင့္ ေတဇာပိုင္ကို နမ္းခြင့္ေပးမည့္အစား အျပစ္ေပးခ်င္စိတ္က ပိုမ်ားလာသည္။
"ငါ သြားေတာ့မယ္ break time ျပည့္ေတာ့မယ္"
"ေန...ေနဦး!"
ေတဇာပိုင္ လက္ျဖင့္ အျမန္ပိတ္တားလိုက္သည္။
"ဖယ္ကြာေတဇာ..."
"မဖယ္ဘူး..."
သက္တန္႔လင္း စိတ္တုိတုိျဖင့္ နရံကိုလက္ေထာက္ၿပီး ကာထားသည့္ ေတဇာပိုင္၏ လက္ကို အားရပါးရ ကိုက္ခ်လိုက္သည္။
"အား...!"
"မွတ္ပလား!"
သက္တန္႔လင္း ရယ္ရယ္ေမာေမာျဖင့္ပင္ အခန္းသို႔ ျပန္ဝင္သြားသည္။ ေတဇာပိုင္မွာေတာ့ လက္ဖ်ံတြင္ သြားရာႀကီး အကြင္းလိုက္ က်န္ခဲ့သည္။
.........
ေနာက္တစ္ရက္ တနဂၤေႏြေန႔။ မေန႔ညက မိုးရြာထားသည့္အတြက္ ရာသီဥတုက ေအးစိမ့္စိမ့္ျဖစ္ေနသည္။ မိုးလည္းအံု႔ေနသည့္အတြက္ အျပင္ထြက္ရန္ အေကာင္းဆံုး ေန႔တစ္ေန႔ပင္။ ေတဇာပိုင္လည္း သက္တန္႔လင္းကို စိတ္ဆိုးေျပၿပီး အရင္အေျခေနျပန္ေရာက္အတြက္ ျပင္ဆင္ထားသည္။
အစကေတာ့ ႏွစ္ေယာက္တည္း Dateလာပ္ရန္ စီစဥ္ထားသည္။ သို႔ေသာ္လည္း မေန႔က သူေျပာခဲ့သည့္ စကားက႐ွိေသးသည္။ ကသစ္ျဖဴကို သူတို႔အေၾကာင္း ကိုယ္တိုင္ေျပာမည္ဆိုသည့္စကား။ ထို႔ေၾကာင့္လည္း သူငယ္ခ်င္းေတြ အကုန္စုၿပီး လည္ရန္သာ စီစဥ္ထားသည္။ ကသစ္ျဖဴကိုေရာ ခန္ဆိုသည့္ ေကာင္ေလးကိုေရာပါ ေခၚထားသည္။
ေတဇာပိုင္ အိမ္ကထြက္လာသည့္အခ်ိန္တြင္ ၁၀နာရီ ထိုးေတာ့မည္။ ကားေလးက မႏၱေလးၿမိဳ႕၏ ၃၅လမ္းတစ္ေလ်ွာက္ေနာက္ယြန္းယြန္းကို ဦးတည္ၿပီး ေမာင္းေနသည္။ တနဂၤေႏြေန႔ျဖစ္၍ ရံုးသြားရံုးလာ ေက်ာင္းသြားေက်ာင္းလာေတြ ႐ွင္းေနေသာ္လည္း ရံုးပိတ္ရက္ လည္ၾကပက္ၾကသူမ်ားႏွင့္ တစ္ဖန္ စည္ကားေနျပန္သည္။
ေတဇာပိုင္ ဦးတည္သြားေနသည္မွာ ၿမိဳ႕ေတာ္ဥယ်ာဥ္ ကစားကြင္းပင္။ ပိတ္ရက္ျဖစ္ေသာေၾကာင့္ အေ႐ွ႕တြင္ ဆိုင္ကယ္ ၊ ကားမ်ားျဖင့္ စည္ကားေနသည္။ ေတဇာပိုင္ ဝင္ခြင့္လက္မွတ္ဝယ္ၿပီး အထဲသို႔ဝင္သြားသည္။
"ေတဇာ!"
မလွမ္းမကမ္းမွ ကသစ္ျဖဴတစ္ေယာက္ ေတဇာပိုင့္ဆီသို႔ ေျပးလာသည္။ လက္ေမာင္းကိုေတာင္ ခ်ိတ္လိုက္ၿပီး အသားယူလိုက္ေသးသည္။ အစကေတာ့ ဖယ္ခ်ရန္ စဥ္းစားေသးသည္။ သို႔ေသာ္ အေဝးမွ ခန္ႏွင့္ရင္းရင္းႏွီးႏွီး ရယ္ေမာကာ စကားေျပာေနသည့္ သက္တန္႔လင္းကိုျမင္ၿပီး ဒီတိုင္းၿငိမ္ေနလိုက္သည္။ သူ႔ကိုိ လာႀကိဳဖို႔ သတိေတာင္ ရသည့္ပံုမေပါက္။
"နင္လာတာနဲ႔ အေတာ္ပဲ ငါ့မွာတစ္ေယာက္တည္း ျဖစ္ေနတာ ဟိုက ေလးေယာက္က သူ႔ဘာသာသူေနေနၾကတာ"
လေရာင္ႏွင့္စိုင္းျပည့္က သက္သက္ ခန္ႏွင့္ သက္တန္႔လင္းတို႔က သက္သက္ စကားေျပာေနၾက၍ ကသစ္ျဖဴတစ္ေယာက္တည္း ျဖစ္ေနသည္။
"တေယာကေရာ"
"သူက ခ်ိန္းထားတာ႐ွိလို႔ မလာျဖစ္ဘူးတဲ့"
"ဒီေကာင္မေလး ရည္းစားေတြဘာေတြရေနၿပီ ထင္တယ္!"
သက္တန္႔လင္းတစ္ေယာက္ ေတဇာပိုင္ဝင္လာကတည္းက ျမင္သည္။ ကသစ္ျဖဴ ေျပးသြားသည္ကိုလည္း ျမင္သည္။ လက္ခ်ိတ္လိုက္သည္ကိုလည္း ျမင္သည္။ မသိခ်င္ေယာင္သာ ေဆာင္ထားသည္။
"ေတဇာေရာက္လာၿပီ....ကဲ ငါတို႔ဘာအရင္ေဆာ့ၾကမလဲ"
စိုင္းျပည့္က ထ်ပ္ဆံုးက ဦးေဆာင္ေလသည္။
"ေရလႊာေလ်ွာစီးမယ္!"
"အိုေက!"
"အဲ့...အဲ့ဒါက ေရေတြစိုကုန္မွာေပါ့ တျခားဟာစီးၾကပါလား"
ကသစ္ျဖဴ တစ္ေယာက္တည္း သေဘာမတူေခ်။ ၿပီးေတာ့ သူတစ္ေယာက္တည္း မိတ္ကပ္မ်ားႏွင့္ ႂကြႂကြရြရြျပင္ဆင္ထားသည္ေလ။ ေရႏွင့္ထိလ်ွင္ ႐ုပ္ဆိုးကုန္မည္မွာ အမွန္ပင္။
"နင္မစီးခ်င္ရင္ ေနခဲ့ေလ ငါတို႔ပဲစီးလိုက္မယ္"
"ရ...ရပါတယ္"
ေရလႊာေလ်ွာမွာ ဝင္ေပါက္ႏွင့္ ေတာ္ေတာ္လွမ္းသည္။ လမ္းေလ်ွာက္သြားေနတုန္း ေတဇာပိုင္ သက္တန္႔လင္းကို မွီေအာင္ေလ်ွာက္သည္။ ထို႔ေနာက္ ခန္ႏွင့္ကပ္ေနရာမွ သူ႔ဘက္ကို လွမ္းဆြဲလိုက္သည္။
"မင္း ငါနဲ႔စီးရမွာေနာ္ သက္တန္႔"
"သေဘာ..."
ေတဇာပိုင္ အၾကံႏွင့္ သက္တန္႔လင္းကို ေ႐ွ႕ဆံုးမွ ဆြဲေခၚသြားၿပီး ေရလႊာေလ်ွာစီးသည့္ေနရာကို အေစာဆံုးသြားၿပီး လက္မွတ္ဝယ္လိုက္သည္။ ထို႔ေနာက္ ေလွကားေပၚသို႔ တက္ႏွင့္သည္။
"ေတ...ေတဇာ ငါတို႔ကို ေစာင့္ဦးေလ ငါကဘယ္သူနဲ႔ စီးရမွာလဲ"
ကသစ္ျဖဴက ေအာက္မွလွမ္းေအာ္ေလသည္။
"ကသစ္နင္ မစီးရဲရင္ မစီးနဲ႔ေလ စီးမယ္ဆိုလည္း...ခန္႐ွိတယ္ေလ"
ေတဇာပိုင္ မ်က္ႏွာေျပာင္ျဖင့္သာ သက္တန္႔လင္းကို ဆြဲေခၚသြားသည္။ ထို႔ေနာက္ မိက်ာင္း႐ုပ္၏ အေနာက္ကန္႔တြင္ သက္တန္႔လင္းႏွင့္ ႏွစ္ေယာက္ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ လေရာင္ႏွင့္စိုင္းျပည့္က အေ႐ွ႕ကန္႔တြင္ ဝင္ထိုင္လိုက္သည္။ ကသစ္ျဖဴကလည္း ဒီထိေရာက္လာၿပီး မစီးလို႔မျဖစ္ဟု ဆံုးျဖတ္ၿပီး စီးေလသည္။ သူႏွင့္ ခန္က မိေက်ာင္း႐ုပ္တစ္႐ုက္တြင္ သက္သက္စီးေလသည္။
မိေက်ာင္း႐ုပ္ကို စတင္လႊတ္သည္ႏွင့္ ေတဇာပိုင္ သက္တန္႔လင္းကို အေနာက္မွ တင္းၾကပ္စြာ ဖက္ထားသည္။ သက္တန္႔လင္းမွာလည္း ရင္ထဲတြင္ ပန္းတြင္ပြင့္ေနသည္။ အေ႐ွ႕တြင္ ထိုင္ေနေသာ ႏွစ္ေယာက္မွာလည္း ထူးျခားေနသည္။
အေ႐ွ႕တြင္ ထိုင္ေနေသာေၾကာင့္ ေလ်ွာ၏ အေပၚသို႔ တက္ခ်ိန္တြင္ စိုင္းျပည့္၏ ေက်ာမွာ လေရာင္၏ ရင္ဘက္ႏွင့္ နီးကပ္လြန္းလွသည္။ ဘာ့ေၾကာင့္မွန္းမသိ စိုင္းျပည့္ ရင္ေတြခုန္ၿပီး နားရြက္ဖ်ားေလးမွာ ရဲတြတ္လာသည္။
"ဟာ...စိုင္းျပည့္ မင္းေၾကာက္ေနတာလား"
"မေၾကာက္ပါဘူး!"
"မင္း နားရြက္ေတြ ရဲတြတ္ေနတာပဲ မေၾကာက္နဲ႔ ငါဖက္ထားေပးမယ္"
လေရာင္က ဖက္ထားလိုက္ေတာ့ စိုင္းျပည့္မွာ ရင္ဘက္ထဲတြင္ သံစံုတီးဝိုင္းကဲ့သို႔ ပိုၿပီး ဝုန္းဒိုင္းက်ဲသြားသည္။ လေရာင္ကေတာ့ ရိပ္မည့္မိပံုမေပၚ။
"အား.....!"
ေရလႊာေလ်ွာ အေသးေလးမွာ ၿပီးသြားသည္။ သိပ္မၾကာလိုက္သလို ေရလည္းမစိုလိုက္။ ေနာက္ထပ္ ေလ်ွာအႀကီး က်န္ေသးသည္။ ေလ်ွာအႀကီးသို႔ သြားရန္ ၾကားထဲတြင္ မိေက်ာင္း႐ုပ္အႀကီးႀကီး ပါးစပ္ထဲသို႔ လိႈဏ္ဂူကဲ့သို႔ ျဖတ္သြားရသည္။
"သက္တန္႔..."
"အင္း..."
"မင္းငါ့ကို အရင္ကေျပာဖူးတယ္ေနာ္ မ႐ိုတက္ဘူးလို႔"
"အင္း ဘာျဖစ္လို႔လဲ"
"တကယ္လို႔ ငါ႐ိုျပရင္ မင္းစိတ္ဆိုးေျပမွာလား"
"အဲ့ဒါကေတာ့ ၾကည့္ၿပီးေတာ့ ဆံုးျဖတ္ရမွာေပါ့"
"အိုေက....လေရာင္! မင္း အေနာက္ကို လွည့္မၾကည့္နဲ႔ေနာ္"
"ဘာလို႔လဲ...အား! ဟိတ္ေကာင္ ညစ္ပက္တယ္ကြာ"
ေတဇာပိုင္ လွမ္းေအာ္ေတာ့ လေရာင္က လွည့္ၾကည့္ေလသည္။ သို႔ေသာ္လည္း ေတဇာပိုင္ သူ႔ေျခေထာက္ကို လေရာင္တို႔ ခံုေဘးသို႔ တင္ထားသည္။ လေရာင္လွည့္ေတာ့ ဖိနပ္ႏွင့္ ကြက္တိပင္။
"ေျခေထာက္ေရစိုလို႔ကြာ...!"
ထို႔ေနာက္ မိေက်ာင္းလိႈဏ္ဂူထဲသို႔ ဝင္သည့္အခ်ိန္တြင္ ေတဇာပိုင္ လုပ္ငန္းစေလသည္။
"သက္တန္႔"
"......"
သက္တန္႔လင္း ေဘးတစ္ေစာင္းေလး လွည့္လိုက္သည့္ အခ်ိန္တြင္ ေတဇာပုိင္ကလည္း ေခါင္းကို တစ္ဖက္သို႔ လွည့္ၿပီး နမ္းေလသည္။ သက္တန္႔လင္း ထင္မထားခဲ့။ ရင္ထဲတြင္ေတာ့ ေပ်ာ္သြားသည္မွာ အမွန္ပင္။ လေရာင္တို႔ ေနာက္လွည့္ၾကည့္မွာကိုလည္း မစိုးရိမ္ရ။
လိႈဏ္ဂူထဲက ထြက္ေတာ့ သက္တန္႔လင္း၏ ႏႈတ္ခမ္းမွာ သိသိသာသာ ဖူးေယာင္ေနသည္။ မ်က္ႏွာေလးမွာလည္း ရဲကနဲပင္။ ေရလႊာေလ်ွာအႀကီးသို႔ ေရာက္သည့္အခ်ိန္တြင္ အသည္းေအးလြန္း၍ သက္သာေစရန္ လူအမ်ားစုက အား..အိုး စသည္ျဖင့္ ေအာ္ၾကသည္။ ေတဇာပိုင္ ေအာ္လိုက္သည္က..
"ခ်စ္တယ္....သက္တန္႔လင္း......!"
ေရလႊာေလ်ွာစီးၿပီးခ်ိန္တြင္ေတာ့ သက္တန္႔လင္းတို႔ ေတဇာပိုင့္ကို ျပန္ၿပီးအရည္ေပ်ာ္ရသည့္ အခ်ိန္ပင္။ ေတဇာပိုင္၏ လက္ကို မလႊတ္ဘဲ တင္းၾကပ္စြာ စုပ္ကိုင္ထားေတာ့သည္။
ထို႔ေနာက္ ကသစ္ျဖဴႏွင့္ ခန္တို႔လည္း စီးၿပီး ေရာက္လာသည္။ ခန္ကေတာ့ စိတ္လႈပ္႐ွားစရာ ေကာင္းလြန္း၍ ေပ်ာ္ေနသည့္ပံုေပါက္ေသာ္လည္း ကသစ္ျဖဴမွာ မဟုတ္။ ေရစိုသည့္အတြက္ မိန္းမလွေလးမွ ႂကြက္စုတ္ကေလးကဲ့သို႔ ပံုေျပာင္းသြားသည္။ မ်က္ႏွာတစ္ခုလံုး ေရေတြရြဲစိုေနသည္။
"ေတဇာ.."
ကသစ္ျဖဴက ေတဇာပိုင့္ကို အကူညီေတာင္းရန္ ႀကိဳးစားေသာ္လည္း သက္တန္႔လင္းႏွင့္ ၾကည္ႏူးေန၍ ေခၚသံကိုပင္ မၾကားႏိုင္။
"ဟာ...ဟိတ္ေကာင္ေတြ ဟိုဟာ တေယာမလား!"
လေရာင္ထံမွ တေယာဆိုသည့္ အသံၾကားေတာ့ လွမ္းၾကည့္လိုက္ၾကသည္။ အမွန္ပင္။ ဆံပင္တိုႏွင့္ဆိုေတာ့ အေဝးက လွမ္းၾကည့္လ်ွင္ပင္ သိသာႏိုင္သည္။ ထူးျခားသည္က ေဘးနားတြင္ ေကာင္ေလးတစ္ေယာက္ ႐ွိေနသည္။
"ေဘးက ဘယ္ကေကာင္တုန္း!"
ေတဇာပုိင္ စိတ္ပူသြားမိသည္။ တေယာဆိုသည္မွာ သူ႔အတြက္ သူငယ္ခ်င္းလည္းဟုတ္ ညီမေလးဆိုလည္း မမွားေခ်။ မဟုတ္သည့္ ေကာင္ေတြႏွင့္ တြဲေနမိမည္ကိုလည္း စိုးရိမ္သည္။ ေတဇာပိုင္ ခ်က္ခ်င္းပင္ ေျပးသြားသည္။ အားလံုးလည္း အေနာက္မွ လိုက္သြားသည္။
"တေယာ....!"
ေတဇာပုိင္ လက္ကိုလွမ္းဆြဲလိုက္ေတာ့ ေဘးမွလူကို ျမင္ၿပီး အံျသသြားသည္။
"ကိုႀကီးမ်ိဳး....."
"ဟာေတဇာ..."
အကုန္လံုး ေမ်ွာ္လင့္မထား၍ လန္႔သြားၾကသည္။
"တေယာ နင့္ဘဲက ကိုႀကီးမ်ိဳးလား!"
ေဘးနားမွ သက္တန္႔လင္းက ဝင္ေမးလိုက္သည္။
"......."
အေျခေနေတြက ေျဗာင္းဆန္ကုန္ေတာ့ ဆက္ၿပီး ေဆာ့ကစားေနလို႔မျဖစ္။ အားလံုးေအးေအးေဆးေဆး စကားေျပာဖို႔လိုသည္။ ထို႔ေၾကာင့္ ၿမိဳ႕ေတာ္ဥယ်ာဥ္ဝန္းထဲ႐ွိ KTVတြင္သာ အခန္းယူလိုက္သည္။
"ကဲ ေျပာပါဦး တေယာ...ကိုႀကီးမ်ိဳး"
တေယာႏွင့္ မ်ိဳးျမတ္ပိုင္တို႔မွာ အျပစ္လုပ္ထားသကဲ့သို႔ တိတ္ဆိတ္ေနသည္။ ေတဇာပိုင္က စစ္ေဆးေမးျမန္းသူေပါ့။
"ကိုႀကီးမ်ိဳး..."
"ေတဇာ နင္ေနာ္ သူမ်ားကို အျပစ္လိုက္တင္မေနနဲ႔ နင္က်ေတာ့ေရာ အျပစ္ကင္းလို႔လား"
တေယာက သက္တန္႔လင္းႏွင့္ ေတဇာပိုင္ကို ၾကည့္ၿပီး ဝင္ေျပာေလသည္။
"ရတယ္ ငါက အျပစ္မဟုတ္ဘူး ငါလည္း မင္းတို႔အားလံုးကို ေျပာျပဖို႔ ေသခ်ာေခၚလိုက္တာ လာသက္တန္႔"
ေတဇာပိုင္ သက္တန္႔လင္းလက္ကို ဆြဲၿပီး ထိုင္ေနသည့္ အားလံုး၏ ေ႐ွ႕တြင္ရပ္လိုက္သည္။
"ကိုုႀကီးမ်ိဳး႐ွိေနတာနဲ႔အေတာ္ပဲ..."
ထိုကဲ့သို႔ေျပာေတာ့ သက္တန္႔လင္းက လက္ကိုဆြဲေလသည္။ မ်ိဳးျမတ္ပိုင္ဆိုသည္မွာ မိသားစုဝင္ေလ။ အခန္႔မသင့္ရင္ သူတိူ႔ေဝးသြားႏိုင္သည္။
"ကြၽန္ေတာ္နဲ႔ သက္တန္႔လင္းတြဲေနတာ နည္းနည္းၾကာၿပီ အားလံုးသိခ်င္သိထားမွာပါ ဒါေပမယ့္ အခုက ကိုယ္တိုင္ေျပာျပတာပါ ၿပီးေတာ့ ကသစ္ နင္သိပ္သိခ်င္ေနတဲ့ ငါ့ရည္းစားက သက္တန္႔လင္းပဲ"
"......"
အားလံုး ခဏတာ တိတ္ဆိတ္သြားၾကသည္။ မ်ိဳးျမတ္ပိုင္ကလည္း အံျသသည့္ မ်က္လံုးမ်ားျဖင့္။ ကသစ္ျဖဴမွာေတာ့ ပုလင္းကြဲ ႐ွခံလိုက္ရသလိုပင္။ ခန္ကေတာ့....
"Woo....Congratulationပါ ျမန္မာမွာလည္း ဒီလိုအတြဲ႐ွိမယ္ မထင္ထားဘူး တကယ္လိုက္တယ္ ကိုသက္တို႔အရမ္းမိုက္တယ္!"
ခန္တစ္ေယာက္သာ လက္ခုပ္ေတြတီး လက္မေတြ ေထာင္ျပၿပီး ဂုဏ္ျပဳေလသည္။ ကသစ္ျဖဴကေတာ့ ျပန္ေတာ့မယ္ဆိုၿပီး ထြက္ေျပးသြားေလသည္။ မ်ိဳးျမတ္ပိုင္ကေတာ့ အေျခေနကို လက္ခံႏိုင္ေအာင္ ႀကိဳးစားေနရသည္။
"ဦးမ်ိဳး..."
တေယာက မ်ိဳးျမတ္ပိုင္ကို လႈပ္ယမ္းၿပီး ေခၚေလသည္။
"ေတဇာ ဒီကိစၥကို မင္းအေမသိလား!"
ေတဇာပိုင္ ေခါင္းကို အသာယာရမ္းျပသည္။
"ငါက ဘာမွမလုပ္ႏိုင္ေပမယ့္ မင္းတို႔ လူႀကီးေတြကို ဘယ္လိုရင္ဆိုင္မလဲ...."
သက္တန္႔လင္းက ေတဇာပိုင္၏ လက္ကေလးကို ကုိင္ၿပီး ေျပာေလသည္။
"ေရာက္လာမယ့္ ျပသနာေတြကို ကြၽန္ေတာ္တို႔ ရင္ဆိုင္ဖို႔ အသင့္ပါပဲ......."
To Be Continued.....
Couple ေတြ ၿမိဳ႕ေတာ္ဥယ်ာဥ္ေရာက္လို႔ ေရလႊာေလ်ွာစီးရင္ ေတဇာပိုင္ကဲ့သို႔ လုပ္ေဆာင္ေပးပါ။ သင့္ခ်စ္သူ ခ်ီးက်ဴးပါလိမ့္မည္။ 😝😁 ကိုယ္ပိုင္ idea ေတာ့မဟုတ္ေပမယ့္ စိတ္ကူးရေအာင္ လုပ္ေပးတဲ့ အတိတ္ကတစ္စံုတစ္ေယာက္ကိုလည္း ေက်းဇူးတင္ပါတယ္ credit to him ပါ 😛
Thanks for reading....
Votes and Cmts are always welcome
Unicode
အရာအားလုံးဟာ အချိန်နှင့်အမျှ ပြောင်းလဲနေသလို ရာသီဥတုဆိုသည့် သဘာဝတရားကြီးဟာလည်း ယနေ့အဖို့ ပြောင်းလဲလို့နေသည်။ နွေရာသီဖြစ်သည့်အလျောက် နေ့တိုင်းလိုလိုမှာ ပူပြင်းလွန်းလှသည်။ သို့သော် ယနေ့အဖို့တော့ မိုးလေးအုံ့တုံ့တုံ့ဖြင့် နေရောင်ပျောက်သော နေ့တစ်ရက်ဖြစ်လို့နေသည်။ နေပူကျဲတဲတွင် အလုပ်လုပ်ရသည့် သူများအတွက် သက်သာရာရစေသော နေ့တစ်နေ့ဆိုလည်း မမှားချေ။
မိုးအေးသော ရာသီဥတုကြောင့် နေရာအကြပ်တည်းကိုတောင် မေ့ကာ အိပ်ပျော်နေကြသော စိုင်းပြည့်နှင့်လရောင်။ နှစ်ယောက်သား တစ်ယောက်အိပ်ကုတင်ပေါ်တွင် မျက်နှာချင်းဆိုင်ကာ တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး အိပ်ပျော်နေသည်။ အရင်ဆုံးနိုးလာသူမှာ နရံနှင့် စိုင်းပြည့်ကြညး အိပ်ပျော်နေသော လရောင်။
တစ်ညလုံး ကြပ်တီးကြပ်တပ်ဖြင့် အိပ်ပျော်လာသောကြောင့် ညောင်းကိုက်နေသည်။ အရင်ဆုံး ခြေလက်ဆန့်ပြီး အညောင်းဖြေလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် အိပ်နေသော စိုင်းပြည့်ကို ကြည့်မိသည်။
အိပ်ပျော်နေလိုက်တာများ ကလေးလေးတစ်ယောက် အလားပင်။ မျက်တောင်လေးမှာလည်း ကော့ပြီးဆင်းနေသည်။ နှုတ်ခမ်းလေးမှာလည်း ယောက်ျားလေးနှုတ်ခမ်းဟု မထင်ရ နှင်းဆီဖူးကဲ့သို့ ဖူးဖူးလေးဖြင့် ရဲတက်နေသည်။ မျက်ခုံး ၊ နှာတံတို့မှာလည်း ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။
မင်းမိန်းကလေးဆိုရင် တော်တော်လှမှာပဲ.....
လရောင်တစ်ယောက် စိုင်းပြည့်၏ မျက်နှာအလှကို မြင်ပြီး ရေရွတ်မိသည်။ ထို့နောက် စိုင်းပြည့်၏ ဖွေးဥနေသည့် ပါးပြင်လေးကို ကိုင်ကြည့်မိသည်။
Woo....မျက်နှာလေးက တော်တော်နူးညံတာပဲ
ထိုစဉ် မျက်နှာပေါ်မှ ယားကျိကျိ ခံစားချက်ကြောင့် စိုင်းပြည့်တစ်ယောက် နိုးလာသည်။ မျက်လုံးလေး ပုတ်ခတ်ခတ်ဖြင့် ဖွင့်ကြည့်တော့ သူ့မျက်နှာကိုကိုင်ပြီး သေချာစိုက်ကြည့်နေသော လရောင်ကို မြင်ပြီး လန့်သွားလေသည်။
"အား.....!"
*ဒုတ်*
စိုင်းပြည့် ရုတ်တရက်လန့်ပြီး ထလိုက်တော့ အရှိန်လွန်ကာ ကုတင်ပေါ်မှ ပြုတ်ကျလေသည်။ သို့သော် အချိန်မှီ လရောင်တားနိုင်လိုက်သည်။ လက်တစ်ဖက်ဖြင့် လှမ်းဆွဲလိုက်သည်။ သို့သော် အရှိန်မထိန်းနိုင်ဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းက ပြုတ်ကျလေသည်။ စိုင်းပြည့် ခေါင်းနှင့်ကြမ်းပြင် မိတ်ဆက်မည့်နေရာတွင် လရောင်က လက်ဖြင့်ခံလိုက်နိုင်သည်။
"အား..."
လရောင် လက်နာသွားသည်။ ထိုသည်ထက် နှစ်ယောက်သား အနေအထားမှာ ပိုပြီး မျက်နှာပူစရာ ကောင်းလှသည်။ သူတို့နှစ်ယောက်၏ ခြေထောက်ပိုင်းမှာ ကုတင်ပေါ်ရှိနေသော်လည်း အပေါ်ပိုင်းမှာမူ ကြမ်းပြင်ပေါ် တွဲလဲခိုနေသည်။ စိုင်းပြည့်က အောက်က လရောင်က အပေါ်က။ မျက်နှာနှစ်ခုမှာလည်း နီးကပ်နေသည်။
"စိုင်းပြည့်ရာ....ဘာလို့အော်တာလဲ!"
"မင်းက စိုက်ကြည့်နေတာကို ရုတ်တရက်ဆိုတော့ အား....အရင်ဆုံး ထဦး"
"မင်း ခေါင်းအရင်ကြွ! ငါ့လက်တောင် နာသွားပြီ"
နှစ်ယောက်သား ထပြီး စိုင်းပြည့်က ကြမ်းပြင်ပေါ်မှာပဲ ထိုင်လိုက်သည်။ လရောင်ကတော့ နာနေသည့် သူ့လက်ကို တဖူးဖူး မှုတ်နေသည်။ ကျတုန်းက အရှိန်ပါသည့်အတွက် လက်မှာ သိသိသာသာ ဖူးယောင်သွားသည်။
"နာ....နာသွားလား"
"မင်းမမြင်ဘူးလား!"
"အေးပါကွာ...sorryပါ လာထ ငါတည်းတဲ့ဟိုတယ်မှာ breakfastသွားစားမယ်"
"မင်းရော မခိုင်းမိဘူးလား"
"မသေနိုင်ပါဘူးကွာ...လပါကွာ ထသွားမယ် မျက်နှာသစ်"
စိုင်းပြည့်လည်း လရောင်ကို အတင်းထခိုင်းပြီး ပြင်ဆင်ခိုင်းရတော့သည်။
.........
မနက်၉နာရီခွဲအချိန်။
ကျောင်းဝန်းကြီးတစ်ခုလုံးကတော့ ကျောင်းပိတ်ရက်ဆိုသည့်အတိုင်း တိတ်ဆိတ်ပြီး ခြောက်ကပ်နေသည်။ သက်တန့်လင်းတစ်ယောက် အရင်တစ်ခါကလို အဆူမခံနိုင်၍ ကြိုကာ စောပြီး ကျောင်းသို့လာလေသည်။ ညကလည်း တေဇာပိုင်ကို စိတ်ကောက်၍ တစ်ညလုံး မအိပ်ဘဲ ဂိမ်းထိုင်ဆော့နေလေသည်။ ထို့ကြောင့်လည်း နဂိုမှေးနေသော မျက်လုံးနှစ်ဖက်မှာ မို့ပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။
သက်တန့်လင်း ကျောင်းဝန်းထဲသို့ တအိအိဖြင့် လမ်းလျှောက်လာသည်။ စနေနေ့ဖြစ်၍ စစ်လားဆေးလားလုပ်သည့် ပါချုပ်လည်းမရှိ၍ အခွင့်ရေးယူကာ တီးရှပ်နှင့်ဘောင်းဘီရှည်ဝတ်လာသည်။ ထို့နောက် ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်ကြည့်မိသည်။ တေဇာပိုင့်ဆီမှ missed calls များ message များမှာ မနည်း။ သက်တန့်လင်း ဘာတစ်ခုမှ မတုန့်ပြန်ချင်၍ အရှောင်နေရန်သာ ဆုံးဖြတ်လိုက်သည်။
"ကိုသက်!"
အနောက်မှ ရင်းနှီးသည့် အသံတစ်ခု။ သူ့ကို ကိုသက်ဟု ခေါ်သူမှာ ခန်တစ်ယောက်တည်းပင် ရှိသည်မဟုတ်ပါလော။
"ခန်...စောစောစီးစီး ဘယ်ကပြန်လာတာလဲ"
ခန်တစ်ယောက် ကျောင်းထဲသို့ စက်ဘီးဖြင့် စီးဝင်လာကာ သက်တန့်လင်းနားတွင် ရပ်ကာ တွန်းလိုက်သည်။
"ကျွန်တော် မနက်စာသွားစားတာ ကိုသက်ရော စားပြီးပြီလား"
သက်တန့်လင်းကတော့ ခေါင်းကိုသာ ခါပြသည်။
"ကျွန်တော် မုန့်တွေဝယ်လာတယ် စားပါလား"
စက်ဘီးခြင်းထဲမှ မုန့်ထုပ်ကို ထုတ်ပြရင်း ပြောလေသည်။
"အိုး....ရတယ် စားချင်စိတ်မရှိလို့ မစားတာ"
"အော် ဒါဆိုကျွန်တော်တစ်ခါတည်း ကိုသက်နဲ့လိုက်ခဲ့မယ်လေ အဆောင်မှာတစ်ယောက်တည်း ပျင်းနေလို့"
"အင်း"
(A/N : မြန်မာစာသင်တဲ့ကျောင်းသားကျောင်းသူ အဆောင်တွေက ကျောင်းကပေးပါတယ်။ MUFL ဝန်းထဲမှာပဲ ရှိတာပါ)
သက်တန့်လင်းနှင့် ခန်တို့ အကတိုက်မည့်အချိန်ကို စောင့်ရင်းစကားတွေ ပြောမိကြသည်။ ပိုပြီးရင်းနှီးလာသလိုလည်း ခံစားရသည်။ ခန်က ဟိုနေ့တွေက အိမ်ကိုလွမ်းလွန်းလို့ Home Sickဖြစ်ပြီး ငိုတာကိုလည်း သက်တန့်လင်းသိခဲ့ရသည်။ ခန်က အတွင်းကျကျပေါင်းကြည့်လျှင် ခင်စရာကောင်းပြီး တကယ့်ကို သဘောကောင်းသည့် ကောင်လေးပင်။
"သက်တန့်!"
အကတိုက်ရန် တစ်ယောက်ပြီး တစ်ယောက် ရောက်လာသည့် လူများကြားမှ စိုင်းပြည့်နှင့်လရောင်တို့ပါ ရောပြီး ရောက်လာကြသည်။ သက်တန့်လင်းတောင် အံသြသွားသည်။
"စိုင်းပြည့် မင်း...ဘယ်လိုရောက်နေတာလဲ ငါ့ကိုတောင် မပြောဘူးကွာ"
"ပြောတော့ရော မင်းက လာကြိုမှာလား"
"ဟိုကောင် လရောင်လည်းအတူတူပဲ ငါ့ကိုနှစ်ယောက်ပေါင်းပြီး ပလစ်ထားကြတာ"
"ဒါနဲ့သူကဘယ်သူလဲ...."
စိုင်းပြည့်က ဘေးနားတွင် ကုတ်ကုတ်လေးထိုင်နေသည့် ခန်ကို ကြည့်ပြီး မေးလေသည်။
"အား...မင်္ဂလာပါ ကျွန်တော့်နာမည် ခန့်သူရပါ"
"အဲ့လောက် မယဉ်ကျေးလည်းရပါတယ် စိုင်းပြည့်ပါ"
"လရောင်ပါ.."
ခန်ကတော့ စိုင်းပြည့်ကိုတစ်လှည့် လရောင်ကိုတစ်လှည့် ပြုံးပြလေသည်။
"ဒါနဲ့ သက်တန့် မင်းရဲ့တေဇာရော"
"မသိဘူး...."
သက်တန့်လင်း မျက်နှာမသာမယာဖြင့် ခပ်သွက်သွက်ဖြေလေသည်။
"ရန်ဖြစ်ထားကြတာလား"
"ဟိုမှာ....လာနေပြီ တေဇာပိုင်"
လရောင်က အခန်းဝကို ညွှန်ပြတော့ တေဇာပိုင်ပင်။ အင်္ကျီရှပ် အဖြူလေးနှင့် ကျောပိုးအိတ်အမည်း ၊ ဂျင်းဘောင်းဘီ အမည်းကိုပါ ဝတ်ဆင်ထားသည်။ သူလည်း အခွင့်ရေးယူသည့် တစ်ဦးပင်။
"Hi bro....မင်းဘာတွေလုပ်ထားတာလဲ သက်တန့်စိတ်ကောက်နေတယ်ဆို"
"......."
စိုင်းပြည့်၏ စကားကိုမဖြေဘဲ တေဇာပိုင် မျက်နှာငယ်လေးဖြင့် သက်တန့်လင်းနားသို့ သွားလေသည်။
"ခဏလောက်ဖယ်ပေးလို့ရမလား...."
သက်တန့်လင်းနားတွင် ထိုင်နေသည့် ခန်ကို တေဇာပိုင်က တောင်းဆိုလေသည်။
"အော်....ဟုတ်..."
"ရတယ် ခန် မဖယ်ပေးနဲ့ နေရာတွေ ဒီလောက်များနေတာ ထိုင်နေတဲ့သူကို ဖယ်ခိုင်းရလား!"
သက်တန့်လင်း စကားများမှာ ပြတ်ပြတ်သားသားပင်။ စိတ်ဆိုးနေသည့် အခြေနေမှာ မြင့်မားလွန်းနေပြီ။
"တော်ပါတော့ သက်တန့်ရာ...မင်း ဘာကိုစိတ်ဆိုးနေတာလဲ စိတ်ဆိုးတဲ့အကြောင်းလေးတော့ ပြောပြဦးမှပေါ့!"
"မင်းလုပ်ထားတာပဲ မင်းသိရမှာပေါ့...ငါ့ကို လာမမေးနဲ့"
နှစ်ယောက်သား အခြေနေတင်းမာလွန်းလာတော့ ခန် နေရခက်ကာ ထသွားလိုက်သည်။ စိုင်းပြည့်နှင့်လရောင်ကလည်း ကြားသုံးကြား မဝင်ကောင်းဆိုသည့်အတိုင်း မသိချင်ယောင်ဆောင်နေသည်။ တေဇာပိုင်က ဘေးနားကပ်ထိုင်မယ် ပြင်တော့ သက်တန့်လင်း မက်တပ်ရပ်လိုက်သည်။
"အကတိုက်တော့မှာ...မင်းဖယ်!"
တေဇာပိုင့်ကို ကျော်ပြီး အခန်းလယ်ရှိ လူစုနေရာသို့ သွားလိုက်သည်။ စီနီယာ အကြီးတွေပါရှိနေတော့ အတင်းတိုးဝင်ပြီး ပြောဖို့က မဖြစ်နိုင်တော့။ တေဇာပိုင် လက်လျှော့လိုက်ရပြန်သည်။
အကစတိုက်ကြသည့်အချိန်တွင် တေဇာပိုင်တစ်ယောက် သက်တန့်လင်းကိုပဲ မျက်စိဒေါက်ထောက်လိုက်ကြည့်နေမိသည်။ ကကွက်တစ်ကွက်ချင်းစီကအစ သက်တန့်လင်း လှုပ်ရှားမှုတိုင်းကို သေချာစိုက်ကြည့်နေသည်။ တွဲကသည့် သူမှာလည်း ဆတယောမို့သာ တော်တော့သည်။ ဒါတောင် စိတ်မချချင်။ လက်လည်းကိုင် ခါးလည်းဖက်ထားရသည်လေ။ ပိုဆိုးသည်က တယောကလည်း သက်တန့်လင်းကို စိတ်ဝင်စားခဲ့ဖူးသည့်သူ။
အမှန်တိုင်းဝန်ခံရလျှင် တေဇာပိုင်မှာ အူတိုလွန်းသူပင်။ အရင်ကတော့ မသိသာပေမယ့် သက်တန့်လင်းနှင့် တွဲလာမိသည့် နောက်ပိုင်း ပိုချစ်မိလာသည်။ ချစ်မိလာတော့ ဘယ်သူနဲ့ရှိနေရှိနေ သဝန်တိုမိနေသည်။ အခုလည်း ဘယ်ကရောက်လာမှန်းမသိသည့် ခန်ဆိုသည့် ကောင်လေးကို သဝန်တိုနေမိသည်။ ခန်ကတော့ ဘာမှမသိရှာ ကတာကိုပဲ ပါးစပ်လေး ဟစိဟစိဖြင့် ကြည့်နေသည်။
အကဆိုသည်မှာလည်း မလွယ်သည့် အလုပ်တစ်ခုပင်။ လှုပ်ရှားရသည့်အတွက် အားရှိမှ ဖြစ်မည့်အရာမျိုးဆိုလည်း မမှားချေ။ ညကလည်း အိပ်မထား မနက်စာလည်းမစားထားသည့် သက်တန့်လင်းအဖို့တော့ ကရာတွင် ပင်ပန်းလွန်းလှသည်။ မျက်လုံးတွေကလည်း လေးလံနေသလို ပါးစပ်မှ ဟားသန်းပေါင်းကလည်း မနည်း။ ဤသည်ကို တေဇာပိုင် ဂရုပြုမိသည်။
ကနေသည်မှာလည်း ၄၅မိနစ်ခန့်ရှိနေပြီ။ break time ကလည်း မပေးတော့ ကြာရင် သက်တန့်လင်း လဲကျသွားနိုင်သည်။ တေဇာပိုင်လည်း မနေနိုင်သည်နှင့် Final တန်းက ECကို အနားပေးဖို့ သူကိုယ်တိုင် ခွင့်တောင်းလေတော့သည်။
"အစ်ကို....အနားလေးယူပါဦးလား ဖြည်းဖြည်းပေါ့ အချိန်တွေ ကျန်ပါသေးတယ်"
"ဟာ...ဟုတ်သားပဲ အစ်ကိုလည်း အကထဲဘစိတ်ရောက်နေတာ ကဲ....အားလုံး နာရီဝက် break time"
ထို့နောက် တေဇာပိုင် သက်တန့်လင်း တစ်ခုခုသောက်ဖို့ ဝယ်ရန် ချက်ချင်းအပြင်ထွက်သွားလေသည်။ လှေကားကိုလည်း အမြန်ဆင်းလိုက်သည်။ လက်မှနာရီကိုလည်း တကြည့်ကြည့်။ ကျောင်းဘေးနားရှိ Pop Marketထိ မရပ်မနားပင် ပြေးသွားလေသည်။
ထို့နောက် အားရှိစေမည့် energy drink ၊ ချွေးထွက်တာကို အားပြည့်စေမည့် ဓာတ်ဆား ၊ သက်တန့်လင်းကြိုက်တက်သည့် Coca Cola ၊ အဆာပြေစားရန်ပေါင်မုန့် စသဖြင့် အစုံဝယ်ပြီး ကျောင်းခန်းသို့ အမောပြန်ပြေးရလေသည်။
အတန်းသို့ ပြန်ရောက်တော့ နာရီကို တစ်ချက်ကြည့်မိသည်။ ဆယ်မိနစ်ကျော်ခန့်သာ ကြာသည်။ စားချိန်လုံလုံလောက်လောက် ရသေးသည်။ သို့သော်လည်း တေဇာပိုင်ခင်ဗျာ သက်တန့်လင်း စိတ်ဆိုးပြေပြီး အမောပြေရမည့်အစား မြင်လိုက်ရသော မြင်ကွင်းကြောင့် ပိုပြီးဒေါသထွက်သွားသည်။
သက်တန့်လင်းက သူငယ်ချင်းတွေနှင့်အတူ ဝိုင်းဖွဲ့ပြီး စားသောက်နေပြီ ဖြစ်သည်။ ခန်ဆီမှ ပါလာသောမုန့်ထုပ်ကို အကုန်ဝိုင်းပြီး စားသောက်နေကြသည်။ သူ့မှာတော့ စားစေချင်၍ အပြေးသွားဝယ်ရသည်မှာ မတန်လိုက်။
"ဟာ...တေဇာ မင်းက မုန့်ပြေးဝယ်တာလား ငါကပြန်သွားပြီ မှတ်နေတာ လာထိုင်"
စိုင်းပြည့်က သူ့ဘေးနားလေး ခေါ်ထိုင်လေသည်။ သက်တန့်လင်း တေဇာပိုင့်ကို အကဲခတ်မိသည်။ တော်တော်မောလာ ပုံပေါက်သည်။ နဖူးပေါ်တွင်လည်း ချွေးတွေက စီးကျနေပြီး အသက်ရှူသံတွေမြန်နေတာကိုလည်း သတိထားမိသည်။
တေဇာပိုင် စိတ်တိုပြီး မုန့်ထုပ်ကို စားပွဲပေါ်ပစ်ချလိုက်ရာ အထဲမှ မုန့်အချို့ထွက်လာသည်။ အများစုမှာ သက်တန့်လင်း အကြိုက်မုန့်များပင်။
"Oh...ကျေးဇူးတင်လိုက်တာ တေဇာရယ် ငါဗိုက်ဆာတာနဲ့ အတော်ပဲ"
တယောက မုန့်ထုပ်တစ်ထုပ်ယူပြီး တေဇာပိုင့်ကို ကျေးဇူးတင်စကား ပြောလေသည်။ ထို့နောက် လရောင် ၊ စိုင်းပြည့်တို့ပါ မုန့်ထုပ်တွေ ယူစားလေသည်။ သက်တန့်လင်းကတော့ မသိချင်ယောင်ဆောင်ပြီး စားလက်စ ပေါင်မုန့်ကိုသာ ဆက်စားလေသည်။
"ကိုသက်!"
"......."
ရုတ်တရက် ခန်က ထအော်တော့ အားလုံးတိတ်ဆိတ် သွားသည်။ ကိုသက်ဆိုသည့် ခေါ်သံမှာ အားလုံးနှင့် စိမ်းနေသေးသည်လေ။ တေဇာပိုင်ကတော့ မျက်ထောင့်နီကြီးဖြင့် ခန်ကို စိုက်ကြည့်နေသည်။
"ဘာလဲ ခန် ပြောလေ"
"အော် ခုဏက ကိုသက် ကသွားတဲ့ ကကွက်လေ အရမ်းမိုက်တယ်ဗျာ ကျွန်တော်တောင် ကတက်ချင်တယ်"
"မင်း ကတက်ချင်ရင် ငါသင်ပေးမယ်လေ"
တေဇာပိုင်၏ အကြည့်က သက်တန့်လင်းကို ရောက်သွားသည်။ သက်တန့်လင်းကလည်း တမင် ပြောလိုက်ခြင်းပင်။
"ဟာ...တကယ်လား"
"တကယ် လာ....အခုသင်ပေးမယ်"
ဆိုပြီး ခန်၏ လက်ကိုဆွဲကာ ထိုင်နေရာမှ ခေါ်ထုတ်သွားပြီး ချက်ချင်းသင်ပေးလေသည်။
"တောက်!"
တေဇာပိုင် စိတ်တိုပြီး တောက်တစ်ချက် ခေါက်လေသည်။ တယောတို့တောင် လန့်ကုန်ပြီး စားလက်စမုန့်တွေ အောက်သို့ချကြလေသည်။ တေဇာပိုင် လွယ်အိတ်ကို ချက်ချင်းလွယ်ပြီး ထသွားရန်ပြင်လေသည်။ သို့သော်လည်း သက်တန့်လင်း ကပြနေရင်း ရိပ်ခနဲဖြစ်သွားကာ လဲတော့မည်ကို မြင်လိုက်ရသည်။
"ဟာ...ကိုသက် ရလား"
"tik..."
တေဇာပိုင် ဆုတ်တစ်ချက်သတ်ပြီး လွယ်အိတ်ကို ပစ်ချလိုက်သည်။ ထို့နောက် သက်တန့်လင်းကို လက်မှဆွဲကာ အပြင်သို့ ခေါ်ထုတ်သွားသည်။ အခန်းထဲရှိ လူများအားလုံးလည်း ပါးစပ်အဟောင်းသားဖြင့် အံသြပြီးကြည့်နေကြသည်။
"တေဇာ မင်း ဘာလုပ်တာလဲ!"
သက်တန့်လင်း လက်ကို တင်းကြပ်စွာ ဆွဲခေါ်သွားသည်။ လက်ကလေးတောင် နီပြီးရဲလာသည်။
"တေဇာ လွှတ်ကွာ နာတယ်!"
တေဇာပိုင် သက်တန့်လင်းကို Cဆောင်၏ အပေါ်ဆုံးထပ် စတုတ္ထထပ်ရှိ ယောကျာ်းလေးအိမ်သာသို့ ခေါ်သွားသည်။ ကျောင်းပိတ်ရက်လည်း ဖြစ်သည့်အပြင် စတုတ္ထထပ်က အိမ်သာမှာ လူသုံးနည်းလှသည်။
တေဇာပိုင် အိမ်သာအပေါက်နားတွင် ရပ်လိုက်ပြီး သက်တန့်လင်းကို နရံနှင့်ကပ်ကာ ထွက်မပြေးနိုင်ရန် လက်ဖြင့် ပိတ်ထားသည်။ တေဇာပိုင် ဒေါသထွက်လွန်း၍ သဝန်တိုလွန်း၍ ဆုရန်ပြင်ထားသည်။ သို့သော်လည်း မျက်ရည်စို့နေသည့်ဘသက်တန့်လင်း၏ မျက်လုံးတွေကိုမြင်ပြီး အရည်ပျော်ကျသွားသည်။
"သက်....တန့်...မင်းကွာ!"
တေဇာပိုင် သက်ပြင်းချပြီး ခေါင်းငိုက်စိုက်ကျသွားသည်။
"ပြောစရာမရှိရင် ငါပြန်မယ်"
"နေဦး....ကဲ ပြောပါဦး မင်းငါ့ကို စိတ်ဆိုးရတဲ့အကြောင်းရင်း ပြီးတော့ ဟိုကောင်လေးနဲ့ လက်ယားလက်ယားလုပ်နေရတဲ့ အကြောင်းရင်း...."
"မင်း တကယ်မသိဘူးလား....မင်း....မင်းငါ့ကို တကယ်ရောချစ်ရဲ့လား"
"ဟာကွာ မင်းကိုချစ်လွန်းလို့ ငါတို့အခုတွဲနေကြတာပဲ မဟုတ်ဘူးလား ဘာတွေစိတ်တိုင်းမကျဖြစ်နေရတာလဲ...ဟင်? ငါ့ကိုပွင့်ပွင့်လင်းလင်း ပြောစမ်းပါ"
"မင်း ငါနဲ့တွဲနေရတယ်ဆိုတာကို လူတွေသိသွားမှာ ကြောက်တယ်မလား"
"ဟာ...ဒါက တမင်ဖုံးကွယ်ထားတာမှ မဟုတ်တာ အခြေနေမပေးလို့ မပြောဖြစ်တာလေ ပြီးတော့ ငါတို့ Relationshipကို လူတကာသိအောင် ဆိုင်းဘုဒ်တပ်ပြနေစရာမှ မလိုတာ...ငါ့...ငါ့အတွက်တော့ မင်းချစ်နေရင်ပြည့်စုံပြီ!"
"ဒါဆို ကသစ်ဖြူကိုရော ဘာလို့ပြောမပြတာလဲ မင်းက သူ့ကို အခွင့်ရေးတောင် ပေးထားသေးတယ်ဆို အဲ့ဒါမင်းငါ့ကို မချစ်လို့မဟုတ်ဘူးလား မင်းသူ့ကို....*အွတ်*"
တေဇာပိုင် သက်တန့်လင်း၏ နှုတ်ခမ်းတွေကို အသံမထွက်နိုင်အောင် ဖိကပ်လိုက်သည်။ သက်တန့်လင်း အတင်းရုန်းသော်လည်း တေဇာပိုင်က အတင်းဖက်ထားသည်။ နှစ်ကိုယ်ကြား လေတိုးပေါက်မရှိအောင် တင်းကြပ်စွာ ဖက်ထားသည်။ သက်တန့်လင်း ငြိမ်ကျသွားမှ လွှတ်ပေးလိုက်သည်။
"အဲ့ကိစ္စနဲ့ဆို မင်းစိတ်ဆိုးစရာမလိုဘူး ငါ ကသစ်ဖြူကို အပြတ်ငြင်းပြီးသား သူ့ဘာသူ တစ်ယောက်တည်း ကြိတ်ဆုံးဖြတ်နေတာ...."
သက်တန့်လင်းက မသင်္ကာသည့် မျက်လုံးများဖြင့် မျက်မှောင်ကြီးကြုတ်ကာ ကြည့်လေသည်။
"မင်းမယုံဘူးလား ငါ ဘယ်လိုလုပ်ပေးရမှာလဲ"
"သူ့ကို မင်းချစ်သူက ငါပါဆိုတာ ပြောရဲလား"
"ပြောရဲတယ် ရတယ်...မနက်ဖြန်ငါကိုယ်တိုင်ပြောမယ်"
"....."
သက်တန့်လင်း ဘေးသို့ မျက်စောင်းတစ်ချက်ထိုးလေသည်။ ထို့နောက် သူ့နှုတ်ခမ်းတွေကို လက်ဖြင့် ကြမ်းကြမ်းကြီး ပွတ်ပစ်လေသည်။ ခုဏက အနမ်းကို သဘောမကျသည့် ပုံစံ။
"စိတ်ဆိုးပြေပါတော့ကွာ ပြီးတော့ အဲ့ ခန်ဆိုလား အဲ့ထိုင်းကောင်နဲ့ ဝေးဝေးနေကွာ ငါမကြိုက်ဘူး"
"သဝန်တိုရင် တိုတယ်ပေါ့!"
သက်တန့်လင်း တေဇာပိုင့်ကို မကြည့် ဘေးကိုပဲ ကြည့်ပြီး ပြောနေလေသည်။ တေဇာပိုင် သက်တန့်လင်း၏ မှေးနားလေးကို ကိုင်ပြီး မျက်လုံးချင်းအကြည့်ဆုံလိုက်သည်။
"တိုတယ်ကွာ...မင်းကို ငါ့တစ်ယောက်တည်းပဲ ကြည့်စေချင်တာ"
တေဇာပိုင် ပြောရင်း သက်တန့်လင်း၏ မျက်နှာနားသို့ တဖြည်းဖြည်း ကပ်လေသည်။ နောက်တစ်ခေါက်နမ်းရန် ပြင်နေသည့်ပုံ။ သို့သော် သက်တန့်လင်းက ဖြည်းဖြည်းလေး တွန်းပြီး ပြောလေသည်။
"နေ...နေပါဦး မင်းဘယ်တုန်းက စကားတွေတက်သွားပြီး ဘယ်တုန်းက နမ်းချင်သွားတာတုန်း...အရင်တုန်းက အေးတိအေးစက်ဖြစ်လွန်းတဲ့မင်းက အခု အရမ်း ရဲနေသလို တေဇာ"
"အဲ့ဒါ မင်းကြောင့်လေ အရင်တုန်းက ငါ့ကိုယ်ငါ ထိန်းနိုင်တယ် အခုမရတော့ဘူး မင်းကြောင့်ပေါက်ကွဲကုန်ပြီ ဟန်ဆောင်လို့လည်းမရတော့ဘူး!"
"ဒါဆို အရင်တုန်းက အေးတိအေးစက်တွေက ဟန်ဆောင်နေတာပေါ့?"
"ဟုတ်တယ်...ငါ့မှာ မင်းကိုမြင်တိုင်း ချစ်လွန်းလို့ အူယားလွန်းလို့ ပါးစပ်ထဲတောင် ငုံထားချင်တာ ငါအရမ်းချစ်ပြရင်လည်း မင်းအကမ်းတက်လာမှာလည်း ဆိုးရသေးတယ်...ဒါကြောင့်"
တေဇာပိုင်၏ ရင်တွင်းစကားကို ပွင့်ပွင့်လင်းလင်းကြားရ၍ သက်တန့်လင်း ဝမ်းသာမိသော်လည်း သူခံခဲ့ရသည်နှင့် မမျှ။ ထို့ကြောင့် တေဇာပိုင်ကို နမ်းခွင့်ပေးမည့်အစား အပြစ်ပေးချင်စိတ်က ပိုများလာသည်။
"ငါ သွားတော့မယ် break time ပြည့်တော့မယ်"
"နေ...နေဦး!"
တေဇာပိုင် လက်ဖြင့် အမြန်ပိတ်တားလိုက်သည်။
"ဖယ်ကွာတေဇာ..."
"မဖယ်ဘူး..."
သက်တန့်လင်း စိတ်တိုတိုဖြင့် နရံကိုလက်ထောက်ပြီး ကာထားသည့် တေဇာပိုင်၏ လက်ကို အားရပါးရ ကိုက်ချလိုက်သည်။
"အား...!"
"မှတ်ပလား!"
သက်တန့်လင်း ရယ်ရယ်မောမောဖြင့်ပင် အခန်းသို့ ပြန်ဝင်သွားသည်။ တေဇာပိုင်မှာတော့ လက်ဖျံတွင် သွားရာကြီး အကွင်းလိုက် ကျန်ခဲ့သည်။
.........
နောက်တစ်ရက် တနင်္ဂနွေနေ့။ မနေ့ညက မိုးရွာထားသည့်အတွက် ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်နေသည်။ မိုးလည်းအုံ့နေသည့်အတွက် အပြင်ထွက်ရန် အကောင်းဆုံး နေ့တစ်နေ့ပင်။ တေဇာပိုင်လည်း သက်တန့်လင်းကို စိတ်ဆိုးပြေပြီး အရင်အခြေနေပြန်ရောက်အတွက် ပြင်ဆင်ထားသည်။
အစကတော့ နှစ်ယောက်တည်း Dateလာပ်ရန် စီစဉ်ထားသည်။ သို့သော်လည်း မနေ့က သူပြောခဲ့သည့် စကားကရှိသေးသည်။ ကသစ်ဖြူကို သူတို့အကြောင်း ကိုယ်တိုင်ပြောမည်ဆိုသည့်စကား။ ထို့ကြောင့်လည်း သူငယ်ချင်းတွေ အကုန်စုပြီး လည်ရန်သာ စီစဉ်ထားသည်။ ကသစ်ဖြူကိုရော ခန်ဆိုသည့် ကောင်လေးကိုရောပါ ခေါ်ထားသည်။
တေဇာပိုင် အိမ်ကထွက်လာသည့်အချိန်တွင် ၁၀နာရီ ထိုးတော့မည်။ ကားလေးက မန္တလေးမြို့၏ ၃၅လမ်းတစ်လျှောက်နောက်ယွန်းယွန်းကို ဦးတည်ပြီး မောင်းနေသည်။ တနင်္ဂနွေနေ့ဖြစ်၍ ရုံးသွားရုံးလာ ကျောင်းသွားကျောင်းလာတွေ ရှင်းနေသော်လည်း ရုံးပိတ်ရက် လည်ကြပက်ကြသူများနှင့် တစ်ဖန် စည်ကားနေပြန်သည်။
တေဇာပိုင် ဦးတည်သွားနေသည်မှာ မြို့တော်ဥယျာဉ် ကစားကွင်းပင်။ ပိတ်ရက်ဖြစ်သောကြောင့် အရှေ့တွင် ဆိုင်ကယ် ၊ ကားများဖြင့် စည်ကားနေသည်။ တေဇာပိုင် ဝင်ခွင့်လက်မှတ်ဝယ်ပြီး အထဲသို့ဝင်သွားသည်။
"တေဇာ!"
မလှမ်းမကမ်းမှ ကသစ်ဖြူတစ်ယောက် တေဇာပိုင့်ဆီသို့ ပြေးလာသည်။ လက်မောင်းကိုတောင် ချိတ်လိုက်ပြီး အသားယူလိုက်သေးသည်။ အစကတော့ ဖယ်ချရန် စဉ်းစားသေးသည်။ သို့သော် အဝေးမှ ခန်နှင့်ရင်းရင်းနှီးနှီး ရယ်မောကာ စကားပြောနေသည့် သက်တန့်လင်းကိုမြင်ပြီး ဒီတိုင်းငြိမ်နေလိုက်သည်။ သူ့ကို လာကြိုဖို့ သတိတောင် ရသည့်ပုံမပေါက်။
"နင်လာတာနဲ့ အတော်ပဲ ငါ့မှာတစ်ယောက်တည်း ဖြစ်နေတာ ဟိုက လေးယောက်က သူ့ဘာသာသူနေနေကြတာ"
လရောင်နှင့်စိုင်းပြည့်က သက်သက် ခန်နှင့် သက်တန့်လင်းတို့က သက်သက် စကားပြောနေကြ၍ ကသစ်ဖြူတစ်ယောက်တည်း ဖြစ်နေသည်။
"တယောကရော"
"သူက ချိန်းထားတာရှိလို့ မလာဖြစ်ဘူးတဲ့"
"ဒီကောင်မလေး ရည်းစားတွေဘာတွေရနေပြီ ထင်တယ်!"
သက်တန့်လင်းတစ်ယောက် တေဇာပိုင်ဝင်လာကတည်းက မြင်သည်။ ကသစ်ဖြူ ပြေးသွားသည်ကိုလည်း မြင်သည်။ လက်ချိတ်လိုက်သည်ကိုလည်း မြင်သည်။ မသိချင်ယောင်သာ ဆောင်ထားသည်။
"တေဇာရောက်လာပြီ....ကဲ ငါတို့ဘာအရင်ဆော့ကြမလဲ"
စိုင်းပြည့်က ထျပ်ဆုံးက ဦးဆောင်လေသည်။
"ရေလွှာလျှောစီးမယ်!"
"အိုကေ!"
"အဲ့...အဲ့ဒါက ရေတွေစိုကုန်မှာပေါ့ တခြားဟာစီးကြပါလား"
ကသစ်ဖြူ တစ်ယောက်တည်း သဘောမတူချေ။ ပြီးတော့ သူတစ်ယောက်တည်း မိတ်ကပ်များနှင့် ကြွကြွရွရွပြင်ဆင်ထားသည်လေ။ ရေနှင့်ထိလျှင် ရုပ်ဆိုးကုန်မည်မှာ အမှန်ပင်။
"နင်မစီးချင်ရင် နေခဲ့လေ ငါတို့ပဲစီးလိုက်မယ်"
"ရ...ရပါတယ်"
ရေလွှာလျှောမှာ ဝင်ပေါက်နှင့် တော်တော်လှမ်းသည်။ လမ်းလျှောက်သွားနေတုန်း တေဇာပိုင် သက်တန့်လင်းကို မှီအောင်လျှောက်သည်။ ထို့နောက် ခန်နှင့်ကပ်နေရာမှ သူ့ဘက်ကို လှမ်းဆွဲလိုက်သည်။
"မင်း ငါနဲ့စီးရမှာနော် သက်တန့်"
"သဘော..."
တေဇာပိုင် အကြံနှင့် သက်တန့်လင်းကို ရှေ့ဆုံးမှ ဆွဲခေါ်သွားပြီး ရေလွှာလျှောစီးသည့်နေရာကို အစောဆုံးသွားပြီး လက်မှတ်ဝယ်လိုက်သည်။ ထို့နောက် လှေကားပေါ်သို့ တက်နှင့်သည်။
"တေ...တေဇာ ငါတို့ကို စောင့်ဦးလေ ငါကဘယ်သူနဲ့ စီးရမှာလဲ"
ကသစ်ဖြူက အောက်မှလှမ်းအော်လေသည်။
"ကသစ်နင် မစီးရဲရင် မစီးနဲ့လေ စီးမယ်ဆိုလည်း...ခန်ရှိတယ်လေ"
တေဇာပိုင် မျက်နှာပြောင်ဖြင့်သာ သက်တန့်လင်းကို ဆွဲခေါ်သွားသည်။ ထို့နောက် မိကျာင်းရုပ်၏ အနောက်ကန့်တွင် သက်တန့်လင်းနှင့် နှစ်ယောက် ဝင်ထိုင်လိုက်သည်။ ထို့နောက် လရောင်နှင့်စိုင်းပြည့်က အရှေ့ကန့်တွင် ဝင်ထိုင်လိုက်သည်။ ကသစ်ဖြူကလည်း ဒီထိရောက်လာပြီး မစီးလို့မဖြစ်ဟု ဆုံးဖြတ်ပြီး စီးလေသည်။ သူနှင့် ခန်က မိကျောင်းရုပ်တစ်ရုက်တွင် သက်သက်စီးလေသည်။
မိကျောင်းရုပ်ကို စတင်လွှတ်သည်နှင့် တေဇာပိုင် သက်တန့်လင်းကို အနောက်မှ တင်းကြပ်စွာ ဖက်ထားသည်။ သက်တန့်လင်းမှာလည်း ရင်ထဲတွင် ပန်းတွင်ပွင့်နေသည်။ အရှေ့တွင် ထိုင်နေသော နှစ်ယောက်မှာလည်း ထူးခြားနေသည်။
အရှေ့တွင် ထိုင်နေသောကြောင့် လျှော၏ အပေါ်သို့ တက်ချိန်တွင် စိုင်းပြည့်၏ ကျောမှာ လရောင်၏ ရင်ဘက်နှင့် နီးကပ်လွန်းလှသည်။ ဘာ့ကြောင့်မှန်းမသိ စိုင်းပြည့် ရင်တွေခုန်ပြီး နားရွက်ဖျားလေးမှာ ရဲတွတ်လာသည်။
"ဟာ...စိုင်းပြည့် မင်းကြောက်နေတာလား"
"မကြောက်ပါဘူး!"
"မင်း နားရွက်တွေ ရဲတွတ်နေတာပဲ မကြောက်နဲ့ ငါဖက်ထားပေးမယ်"
လရောင်က ဖက်ထားလိုက်တော့ စိုင်းပြည့်မှာ ရင်ဘက်ထဲတွင် သံစုံတီးဝိုင်းကဲ့သို့ ပိုပြီး ဝုန်းဒိုင်းကျဲသွားသည်။ လရောင်ကတော့ ရိပ်မည့်မိပုံမပေါ်။
"အား.....!"
ရေလွှာလျှော အသေးလေးမှာ ပြီးသွားသည်။ သိပ်မကြာလိုက်သလို ရေလည်းမစိုလိုက်။ နောက်ထပ် လျှောအကြီး ကျန်သေးသည်။ လျှောအကြီးသို့ သွားရန် ကြားထဲတွင် မိကျောင်းရုပ်အကြီးကြီး ပါးစပ်ထဲသို့ လှိုဏ်ဂူကဲ့သို့ ဖြတ်သွားရသည်။
"သက်တန့်..."
"အင်း..."
"မင်းငါ့ကို အရင်ကပြောဖူးတယ်နော် မရိုတက်ဘူးလို့"
"အင်း ဘာဖြစ်လို့လဲ"
"တကယ်လို့ ငါရိုပြရင် မင်းစိတ်ဆိုးပြေမှာလား"
"အဲ့ဒါကတော့ ကြည့်ပြီးတော့ ဆုံးဖြတ်ရမှာပေါ့"
"အိုကေ....လရောင်! မင်း အနောက်ကို လှည့်မကြည့်နဲ့နော်"
"ဘာလို့လဲ...အား! ဟိတ်ကောင် ညစ်ပက်တယ်ကွာ"
တေဇာပိုင် လှမ်းအော်တော့ လရောင်က လှည့်ကြည့်လေသည်။ သို့သော်လည်း တေဇာပိုင် သူ့ခြေထောက်ကို လရောင်တို့ ခုံဘေးသို့ တင်ထားသည်။ လရောင်လှည့်တော့ ဖိနပ်နှင့် ကွက်တိပင်။
"ခြေထောက်ရေစိုလို့ကွာ...!"
ထို့နောက် မိကျောင်းလှိုဏ်ဂူထဲသို့ ဝင်သည့်အချိန်တွင် တေဇာပိုင် လုပ်ငန်းစလေသည်။
"သက်တန့်"
"......"
သက်တန့်လင်း ဘေးတစ်စောင်းလေး လှည့်လိုက်သည့် အချိန်တွင် တေဇာပိုင်ကလည်း ခေါင်းကို တစ်ဖက်သို့ လှည့်ပြီး နမ်းလေသည်။ သက်တန့်လင်း ထင်မထားခဲ့။ ရင်ထဲတွင်တော့ ပျော်သွားသည်မှာ အမှန်ပင်။ လရောင်တို့ နောက်လှည့်ကြည့်မှာကိုလည်း မစိုးရိမ်ရ။
လှိုဏ်ဂူထဲက ထွက်တော့ သက်တန့်လင်း၏ နှုတ်ခမ်းမှာ သိသိသာသာ ဖူးယောင်နေသည်။ မျက်နှာလေးမှာလည်း ရဲကနဲပင်။ ရေလွှာလျှောအကြီးသို့ ရောက်သည့်အချိန်တွင် အသည်းအေးလွန်း၍ သက်သာစေရန် လူအများစုက အား..အိုး စသည်ဖြင့် အော်ကြသည်။ တေဇာပိုင် အော်လိုက်သည်က..
"ချစ်တယ်....သက်တန့်လင်း......!"
ရေလွှာလျှောစီးပြီးချိန်တွင်တော့ သက်တန့်လင်းတို့ တေဇာပိုင့်ကို ပြန်ပြီးအရည်ပျော်ရသည့် အချိန်ပင်။ တေဇာပိုင်၏ လက်ကို မလွှတ်ဘဲ တင်းကြပ်စွာ စုပ်ကိုင်ထားတော့သည်။
ထို့နောက် ကသစ်ဖြူနှင့် ခန်တို့လည်း စီးပြီး ရောက်လာသည်။ ခန်ကတော့ စိတ်လှုပ်ရှားစရာ ကောင်းလွန်း၍ ပျော်နေသည့်ပုံပေါက်သော်လည်း ကသစ်ဖြူမှာ မဟုတ်။ ရေစိုသည့်အတွက် မိန်းမလှလေးမှ ကြွက်စုတ်ကလေးကဲ့သို့ ပုံပြောင်းသွားသည်။ မျက်နှာတစ်ခုလုံး ရေတွေရွဲစိုနေသည်။
"တေဇာ.."
ကသစ်ဖြူက တေဇာပိုင့်ကို အကူညီတောင်းရန် ကြိုးစားသော်လည်း သက်တန့်လင်းနှင့် ကြည်နူးနေ၍ ခေါ်သံကိုပင် မကြားနိုင်။
"ဟာ...ဟိတ်ကောင်တွေ ဟိုဟာ တယောမလား!"
လရောင်ထံမှ တယောဆိုသည့် အသံကြားတော့ လှမ်းကြည့်လိုက်ကြသည်။ အမှန်ပင်။ ဆံပင်တိုနှင့်ဆိုတော့ အဝေးက လှမ်းကြည့်လျှင်ပင် သိသာနိုင်သည်။ ထူးခြားသည်က ဘေးနားတွင် ကောင်လေးတစ်ယောက် ရှိနေသည်။
"ဘေးက ဘယ်ကကောင်တုန်း!"
တေဇာပိုင် စိတ်ပူသွားမိသည်။ တယောဆိုသည်မှာ သူ့အတွက် သူငယ်ချင်းလည်းဟုတ် ညီမလေးဆိုလည်း မမှားချေ။ မဟုတ်သည့် ကောင်တွေနှင့် တွဲနေမိမည်ကိုလည်း စိုးရိမ်သည်။ တေဇာပိုင် ချက်ချင်းပင် ပြေးသွားသည်။ အားလုံးလည်း အနောက်မှ လိုက်သွားသည်။
"တယော....!"
တေဇာပိုင် လက်ကိုလှမ်းဆွဲလိုက်တော့ ဘေးမှလူကို မြင်ပြီး အံသြသွားသည်။
"ကိုကြီးမျိုး....."
"ဟာတေဇာ..."
အကုန်လုံး မျှော်လင့်မထား၍ လန့်သွားကြသည်။
"တယော နင့်ဘဲက ကိုကြီးမျိုးလား!"
ဘေးနားမှ သက်တန့်လင်းက ဝင်မေးလိုက်သည်။
"......."
အခြေနေတွေက ဗြောင်းဆန်ကုန်တော့ ဆက်ပြီး ဆော့ကစားနေလို့မဖြစ်။ အားလုံးအေးအေးဆေးဆေး စကားပြောဖို့လိုသည်။ ထို့ကြောင့် မြို့တော်ဥယျာဉ်ဝန်းထဲရှိ KTVတွင်သာ အခန်းယူလိုက်သည်။
"ကဲ ပြောပါဦး တယော...ကိုကြီးမျိုး"
တယောနှင့် မျိုးမြတ်ပိုင်တို့မှာ အပြစ်လုပ်ထားသကဲ့သို့ တိတ်ဆိတ်နေသည်။ တေဇာပိုင်က စစ်ဆေးမေးမြန်းသူပေါ့။
"ကိုကြီးမျိုး..."
"တေဇာ နင်နော် သူများကို အပြစ်လိုက်တင်မနေနဲ့ နင်ကျတော့ရော အပြစ်ကင်းလို့လား"
တယောက သက်တန့်လင်းနှင့် တေဇာပိုင်ကို ကြည့်ပြီး ဝင်ပြောလေသည်။
"ရတယ် ငါက အပြစ်မဟုတ်ဘူး ငါလည်း မင်းတို့အားလုံးကို ပြောပြဖို့ သေချာခေါ်လိုက်တာ လာသက်တန့်"
တေဇာပိုင် သက်တန့်လင်းလက်ကို ဆွဲပြီး ထိုင်နေသည့် အားလုံး၏ ရှေ့တွင်ရပ်လိုက်သည်။
"ကိုကြီးမျိုးရှိနေတာနဲ့အတော်ပဲ..."
ထိုကဲ့သို့ပြောတော့ သက်တန့်လင်းက လက်ကိုဆွဲလေသည်။ မျိုးမြတ်ပိုင်ဆိုသည်မှာ မိသားစုဝင်လေ။ အခန့်မသင့်ရင် သူတိူ့ဝေးသွားနိုင်သည်။
"ကျွန်တော်နဲ့ သက်တန့်လင်းတွဲနေတာ နည်းနည်းကြာပြီ အားလုံးသိချင်သိထားမှာပါ ဒါပေမယ့် အခုက ကိုယ်တိုင်ပြောပြတာပါ ပြီးတော့ ကသစ် နင်သိပ်သိချင်နေတဲ့ ငါ့ရည်းစားက သက်တန့်လင်းပဲ"
"......"
အားလုံး ခဏတာ တိတ်ဆိတ်သွားကြသည်။ မျိုးမြတ်ပိုင်ကလည်း အံသြသည့် မျက်လုံးများဖြင့်။ ကသစ်ဖြူမှာတော့ ပုလင်းကွဲ ရှခံလိုက်ရသလိုပင်။ ခန်ကတော့....
"Woo....Congratulationပါ မြန်မာမှာလည်း ဒီလိုအတွဲရှိမယ် မထင်ထားဘူး တကယ်လိုက်တယ် ကိုသက်တို့အရမ်းမိုက်တယ်!"
ခန်တစ်ယောက်သာ လက်ခုပ်တွေတီး လက်မတွေ ထောင်ပြပြီး ဂုဏ်ပြုလေသည်။ ကသစ်ဖြူကတော့ ပြန်တော့မယ်ဆိုပြီး ထွက်ပြေးသွားလေသည်။ မျိုးမြတ်ပိုင်ကတော့ အခြေနေကို လက်ခံနိုင်အောင် ကြိုးစားနေရသည်။
"ဦးမျိုး..."
တယောက မျိုးမြတ်ပိုင်ကို လှုပ်ယမ်းပြီး ခေါ်လေသည်။
"တေဇာ ဒီကိစ္စကို မင်းအမေသိလား!"
တေဇာပိုင် ခေါင်းကို အသာယာရမ်းပြသည်။
"ငါက ဘာမှမလုပ်နိုင်ပေမယ့် မင်းတို့ လူကြီးတွေကို ဘယ်လိုရင်ဆိုင်မလဲ...."
သက်တန့်လင်းက တေဇာပိုင်၏ လက်ကလေးကို ကိုင်ပြီး ပြောလေသည်။
"ရောက်လာမယ့် ပြသနာတွေကို ကျွန်တော်တို့ ရင်ဆိုင်ဖို့ အသင့်ပါပဲ......."
To Be Continued.....
Couple တွေ မြို့တော်ဥယျာဉ်ရောက်လို့ ရေလွှာလျှောစီးရင် တေဇာပိုင်ကဲ့သို့ လုပ်ဆောင်ပေးပါ။ သင့်ချစ်သူ ချီးကျူးပါလိမ့်မည်။ 😝😁 ကိုယ်ပိုင် idea တော့မဟုတ်ပေမယ့် စိတ်ကူးရအောင် လုပ်ပေးတဲ့ အတိတ်ကတစ်စုံတစ်ယောက်ကိုလည်း ကျေးဇူးတင်ပါတယ် credit to him ပါ 😛
Thanks for reading....
Votes and Cmts are always welcome