●●●Zawgyi●●●
႐ွန္း အိုက္႐ွင္း ႏွင့္ က်န္း႐ွီ တို႔သည္ ရာ့ေဟြ ရြာအစြန္ဘက္သို႔ ေရာက္လာၾကေလၿပီ။ လမ္းေၾကာင္းတြင္ ေဆးဖက္ဝင္အပင္မ်ားႏွင့္ ေသးငယ္ေသာ အေကာင္မ်ားကိုလည္း ေတြ႔ၾကရသည္။ တခ်ိဳ႕ေသာအပင္တစ္ဝက္နီးပါးကို အိုက္႐ွင္း တစ္ခါမွမေတြ႔ဖူးေသာေၾကာင့္ ေလ့လာခ်င္စိတ္ျဖစ္မိေလသည္။ လမ္းထဲသို႔ဝင္ေရာက္လာသည့္အခ်ိန္တြင္ အနီေရာင္ေတာက္ေနေသာအရာတစ္ခုက အိုက္႐ွင္း စိတ္ကို ဆြဲေဆာင္လိုက္ေသာေၾကာင့္ ႐ွန္း ကို ခဏရပ္ေပးရန္ ေတာင္းဆိုေလသည္။
က်န္း႐ွီ က တံု႔ဆိုင္းေနေသာ္လည္း ႐ွန္း က အဆင္ေျပသည့္အေၾကာင္းေျပာၿပီး အိုက္႐ွင္း ကို ျမင္းေပၚမွ ခ်ေပးေလသည္။
အိုက္႐ွင္း ေျမျပင္ေပၚ ေျခခ်လိုက္သည္ႏွင့္ခ်က္ခ်င္း မ်က္ႏွာဖံုးကိုခြၽတ္လိုက္ၿပီး အသည္းပံုသ႑ာန္႐ွိသည့္ ထူးျခားေသာ အနီေရာင္အပင္နားသို႔ ေျပးသြားေလသည္။ ထိုအနီေရာင္ အသည္းပံုသ႑ာန္အပင္ အနီးတစ္ဝိုက္႐ွိ အပင္တို႔မွာ ေသဆံုးေနသည္ကို ႐ွန္း သတိျပဳမိေသာေၾကာင့္ အိုက္႐ွင္း ကို အပင္နားမွ ဆြဲေခၚေလသည္။
"ယုန္ေလး ... အနားမကပ္နဲ႔ အႏၱရာယ္႐ွိေနႏိုင္တယ္"
အိုက္႐ွင္း ခ်စ္စဖြယ္ျပံဳးလိုက္ၿပီး ....
"မဟုတ္ပါဘူး .... ဒါက အရမ္း႐ွားပါးၿပီး အာနိသင္မ်ားတဲ့ ေဆးပင္ေလ"
က်န္း႐ွီ မယံုသည့္အၾကည့္ႏွင့္ ....
"ေသခ်ာရဲ႕လား .... သူ႔အနားက အပင္ေတြအကုန္ေသေနတာ ... အဆိပ္ပင္ျဖစ္ေနဦးမယ္"
အိုက္႐ွင္း တစ္ဖန္ျပန္ျပံဳးလိုက္ၿပီး ....
"ဒီအပင္က အျခားစြမ္းရည္ေတြကိုပါ စုပ္ယူထားေတာ့ အနီးကအရာေတြ ေသဆံုးေနတာပါ .... ဒီအပင္ေသးေသးေလးက ဘယ္လိုအနာေရာဂါမဆို ေပ်ာက္ေအာင္ လုပ္ေပးႏိုင္တယ္ .... ဒါကို စားလိုက္ရင္ ဒီအပင္က တျခားအပင္ေတြရဲ႕စြမ္းရည္ကို စုပ္ထားတာေၾကာင့္ သူ႔မွာ႐ွိတဲ့အာနိသင္က စားသံုးသူကို ခဏတြင္း ေပ်ာက္ကင္းေအာင္ ကုေပးတယ္"
က်န္း႐ွီ စိုးရိမ္စိတ္တို႔မေလ်ာ့က်ေသးဘဲ ....
"ေသခ်ာရဲ႕လား"
အိုက္႐ွင္း ေခါင္းကို ထပ္ခါထပ္ခါ ညိတ္ျပၿပီး ....
"အင္း .... လုယီ ေျပာျပခဲ့တာ ၿပီးေတာ့ သူ ကြၽန္ေတာ့္ကို လိမ္မွာမဟုတ္ဘူး .... အနီေရာင္ရင့္ေလ စြမ္းအားမ်ားေလ အက်ိဳးပို႐ွိေလလို႔လည္း လုယီ ေျပာခဲ့ေသးတယ္"
႐ွန္း ႏွင့္ က်န္း႐ွီ တို႔ ခဏၿငိမ္သက္သြားၿပီး ....
"ယုန္ေလး .... လုယီ ဆိုတာ ဘယ္သူလဲ"
အိုက္႐ွင္း အေတာက္ပဆံုးျပံဳးလိုက္ၿပီး လုယီ ကို ေတြ႔ဆံုခဲ့ပံုႏွင့္ လုယီ အေၾကာင္းကို ေပ်ာ္ရႊင္စြာ ေျပာေလသည္။
အိုက္႐ွင္း ေျပာျပသည္တို႔ကို နားေထာင္ၿပီးေနာက္ က်န္း႐ွီ က မယံုသည့္ပံုစံႏွင့္ ၾကည့္လိုက္ၿပီး ....
"ဒါဆို လုယီ က နတ္ေပါ့ .... သူက လွလား"
အိုက္႐ွင္း ျပံဳးရင္း ေခါင္းညိတ္ျပလိုက္သည္။
လုယီ အေၾကာင္းကို အိုက္႐ွင္း ေပ်ာ္ရႊင္စြာ ေျပာေနပံုေၾကာင့္ ႐ွန္း စိတ္ကသိကေအာက္ျဖစ္ေသာ္လည္း ယံုပါသည္။ အိုက္႐ွင္း အေၾကာင္းကို နားေထာင္ၿပီးေနာက္တြင္ အိုက္႐ွင္း ေနထိုင္ခဲ့ရပံုကို ပို၍သိလာခဲ့သည္။
"႐ွန္း ... ေဆးပင္ကို ယူလာလို႔ရတယ္မလားဟင္"
အပင္ကို ႐ွန္း မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္ေသာ္လည္း ေခါင္းညိတ္ၿပီး အပင္ကို ကိုယ္တိုင္ တူးေပးမယ္ဟု ေျပာေလသည္။
အိုက္႐ွင္း က ကိုယ္တိုင္လုပ္ခ်င္ေပမယ့္လည္း ႐ွန္း ႏွင့္ ရင္းႏွီးသြားသည့္ခဏတာအခ်ိန္တြင္းပင္ တစ္ခုခုလုပ္မည္ဟု ႐ွန္း ဆံုးျဖတ္လိုက္လ်ွင္ ထိုစိတ္ကို လံုးဝျပန္မျပင္ေတာ့ေပ။ ထို႔ေၾကာင့္ အပင္ကို တူးထုတ္ေပးရန္ သေဘာတူေလသည္။
အပင္ကို ေသခ်ာဂ႐ုစိုက္စြာ တူးရင္းဆြဲႏႈတ္လိုက္ၿပီး ခရားေလးထဲထည့္လိုက္ၿပီး အိုက္႐ွင္း ကို ျမင္းေပၚျပန္တင္ေပးရင္း ခရီးဆက္ခဲ့ၾကေတာ့သည္။
ေဆးပင္အေၾကာင္းကို အိုက္႐ွင္း ေျပာေနစဥ္ က်န္း႐ွီ ေဘးဘက္ ျမက္ပင္႐ွည္မ်ားၾကားမွ လႈပ္႐ွားေနသည့္အသံကို ႐ွန္း ေရာ က်န္း႐ွီ ပါ ၾကားလိုက္သည္။
အိုက္႐ွင္း ကို စကားဆက္မေျပာေစရန္ ပါးစပ္ကို အသာအယာအုပ္ထားလိုက္ၿပီး အသံတို႔ကို နားစြင့္ေနေတာ့သည္။
အခ်ိန္ခဏအတြင္းပင္ ဓားျပ ၁၅ေယာက္တို႔ႏွင့္ ဝန္းရံခံလိုက္ရသည္။
ထိုလူမ်ားထဲမွ ေခါင္းေဆာင္၏ ညာလက္ရံုးဟု ယူဆရသူက ....
"ခရီးသြားေတြ .... အဖိုးတန္ပစၥည္းေတြထားခဲ့ၾက ... ၿပီးရင္ မင္းတို႔ကို ငါနဲ႔ငါ့ညီေနာင္တို႔ အျမန္ဆံုး ဇီဝိန္ခ်ဳပ္ေပးမယ္"
ရွန္း တို႔ သံုးေယာက္လံုး မ်က္ႏွာဖံုးေတြ တပ္ဆင္ထားတာေၾကာင့္ အိုက္႐ွင္း မ်က္ႏွာေပၚမွ ေၾကာက္ရြံ႔မႈႏွင့္ ႐ွန္း ႏွင့္ က်န္း႐ွီ မ်က္ႏွာေပၚမွ ေလွာင္ရယ္သည့္ မဲ့ျပံဳးတို႔ကို မျမင္ရေပ။
႐ွန္း ႏွင့္ က်န္း႐ွီ တို႔ လိုက္ေလ်ာမည့္ပံုမေပၚေသာေၾကာင့္ ေခါင္းေဆာင္ဟုထင္ရသူက ေ႐ွ႕သို႔ ေျခလွမ္းတိုးလာရင္း ....
"ဟက္ .... ငါ့ညီေလးက အခြင့္အေရးေပးခဲ့တာကို မင္းတို႔က မယူၾကဘူးပဲ .... အ႐ူးေတြ ... ငါ့ အိမ္ေမြးသတၱဝါေလးရဲ႕ ပါးစပ္မွာ မင္းတို႔အသက္ေတြ ပါသြားေတာ့မယ္"
အိုက္႐ွင္း ေၾကာက္လန္႔လာေသာေၾကာင့္ ေနာက္ဆုတ္ကာ ႐ွန္း ရင္ခြင္ထဲသို႔ ပို၍တိုးကပ္ေနသည္။
႐ွန္း က်န္း႐ွီ ႏွင့္ အိုက္႐ွင္း တို႔၏ သနားစရာအျဖစ္ေၾကာင့္ ဓားျပတို႔ ေလွာင္ရယ္ေနစဥ္ ႀကီးမားေသာအရာတစ္ခု အနီးနားသို႔ လွမ္းလာေလသည္။
ထိုအရာကို အိုက္႐ွင္း ၾကည့္လိုက္သည့္အခါ အလြန္ႀကီးမားၿပီး ဆာေလာင္ေနသည့္ က်ားျဖဴႀကီးတစ္ေကာင္ ခ်ဥ္းကပ္လာသည္ကို ေတြ႔လိုက္ရသည္။ က်ား၏မ်က္လံုးတို႔မွာ အျပာေရာင္ေတာက္ေနၿပီး ရပ္ေနလ်ွင္ပင္ ၆ေပနီးပါး႐ွိေနၿပီး ေခါင္းမွအၿမီးထိ ၁၂ေပခန္႔ပင္ ႐ွိေနသည္။ အိုက္႐ွင္း အံ့ျသၿပီး ေၾကာက္ေနေသာေၾကာင့္ ႐ွန္း ၏ ဝတ္ရံုစကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားေလသည္။
ဓားျပေခါင္းေဆာင္က လက္ပိုက္ရပ္ကာ က်ားႀကီးကိုၾကည့္လိုက္ရင္း ....
"ဟား...ဟား...ဟား.... ငါ့အေကာင္ႀကီးကို ႏႈတ္ဆက္လိုက္ပါဦး .... လူသားမစားရတာၾကာေနေတာ့ အေတာ္ဆာေနေလာက္ၿပီကြ .... မင္းတို႔က အေကာင္းဆံုးအစာျဖစ္လိမ့္မယ္"
တစ္ဖန္ ႐ွန္း တို႔ဘက္ကိုျပန္လွည့္၍ ....
"ငါ့ေကာင္ႀကီးေရ အစာကို ၿမိန္ေရရွက္ေရစားေပေတာ့ .... ဒီလူေတြ နာက်င္ၿပီး ေသဆံုးေစရမယ္"
က်ားႀကီးက ဆာေလာင္စြာ လ်ွာသပ္ၿပီး က်ယ္ေလာင္စြာ ဟိန္းေဟာက္ရင္း ႐ွန္း တို႔ထံသို႔ ဦးတည္လာသည္။ ခြၽန္ျမေသာ လက္သည္းတို႔ႏွင့္ ကုတ္ျခစ္ရန္လုပ္လိုက္စဥ္ ႀကီးမားေသာစြမ္းအားတစ္ခု က်ားေပၚသို႔ ေရာက္လာသည္။ ထိုစြမ္းအားကပင္ က်ားကို ျပင္းထန္စြာ ႐ိုက္ႏွက္ဟန္ျပဳၿပီး ေျမျပင္ေပၚတြင္ ဝပ္တြားေစသည့္အခါ က်ားမွာ ထိုစြမ္းအား မည္သူ႔ထံမွ ထြက္ေပၚလာသည္ကို သိေနသည့္အလား ေၾကာက္လန္႔ေနေသာ ေၾကာင္ေပါက္ငယ္သဖြယ္ ညီးညဴေနသည္။
ၿငိမ္ေနေသာက်ားေၾကာင့္ ဓားျပေခါင္းေဆာင္က ေအာ္လိုက္ၿပီး ...
"ညံ့လိုက္တဲ့ ေၾကာင္စုတ္ .... အျမန္ထစမ္း ... ဘာေၾကာင့္ ဦးၫႊတ္ေနတာလဲ ... မင္းရဲ႕သခင္က ဘယ္သူဆိုတာ မသိဘူးလား"
အံ့ျသေနေသာ ဓားျပတို႔ကို ၾကည့္ရင္း က်န္း႐ွီ တစ္ခ်က္ျပံဳးလိုက္ၿပီး ျမင္းေပၚက ဆင္းလိုက္သည္။ ေျခခ်ၿပီးသည္ႏွင့္ ဓားျပတို႔ဘက္ကို မ်က္ႏွာမူလိုက္ၿပီး ....
"အစ္...အစ္ကိုႀကီးတို႔ေၾကာင့္ ရာ့ေဟြ ရြာကို အသြားအျပန္လမ္းက အႏၱရာယ္မ်ားေနတာလားဟင္ .... အစ္ကိုတို႔က ကြၽမ္းက်င္တဲ့ ဓားျပေတြလားဟင္ ... အီး ဟီး ... ႐ွန္း ေရ .. ဘယ္လိုလုပ္ၾကမလဲ ... ငါ ငယ္ငယ္ရြယ္ရြယ္နဲ႔ မေသခ်င္ဘူး"
က်န္း႐ွီ ေၾကာက္ရြံ႔ေနေသာအသံကို အေယာင္ျပဳလိုက္ၿပီး ဟန္ေဆာင္ငိုေႂကြးေတာ့သည္။
က်န္း႐ွီ ၏ ေၾကာက္ေနပံုကို ဓားျပတို႔ရယ္လိုက္ၿပီး ...
"အ႐ူး ... ဟုတ္တာေပါ့ .. ငါတို႔က လူေတြေၾကာက္ရတဲ့ ဓားျပေတြပဲေလ ... ငါက က်ားၾကမ္းႀကီးဂိုဏ္းရဲ႕ ေခါင္းေဆာင္ ဝူခန္ ပဲကြ !!!"
က်န္း႐ွီ ေၾကာက္ေနသည့္အသံကို ဟန္ေဆာင္ျပဳျပန္ရင္း ဝူခန္ ကို ေတာင္းပန္ေလသည္။
"ေခါင္းေဆာင္ႀကီးရယ္ ... ကြၽန္ေတာ္တို႔ကို လႊတ္ေပးပါေနာ္ ... ကြၽန္ေတာ္တို႔မွာ တန္ဖိုးႀကီးတာ ဘာမွမပါပါဘူး ... အစ္ကိုတို႔ကိုလည္း ေၾကာက္ပါတယ္ဗ်ာ ... ေက်းဇူးျပဳၿပီ လႊတ္ေပးပါေနာ္"
က်န္း႐ွီ ၏ အေယာင္ျပအမူအရာေတြကို ႐ွန္း ၾကည့္ေနေသာ္လည္း ဘာမွမေျပာ။
ဝူခန္ လည္း ရယ္လိုက္ၿပီး ....
"ဟား..ဟား...ဟား... ညီေနာင္တို႔ ... ငါတို႔ရဲ႕သားေကာင္ကို လႊတ္ေပးခဲ့ဖူးလား"
က်န္ေသာဓားျပတို႔ လက္ေျမႇာက္လိုက္ၿပီး ....
"မလႊတ္ေပးဘူး ... အကုန္ေသၾကရမယ္ !!!"
ဝူခန္ ေလွာင္ျပံဳးျပဳလိုက္ၿပီး ဆက္ေျပာေလသည္။
"ေတြ႔လား ... ကံမေကာင္းစြာနဲ႔ မင္းတို႔ ငါ့က်ားရဲ႕ အစာျဖစ္ၾကရလိမ့္မယ္"
က်န္း႐ွီ ဆက္၍ အေယာင္ေဆာင္ငိုေႂကြးရန္ ျပင္လိုက္ေသာ္လည္း ႐ွန္း ဆူပူလိုက္ေလသည္။
"က်န္း႐ွီ .. ကစားေနတာရပ္ေတာ့ ... ငါတို႔ကို ရက္ကန္႔သတ္ထားတာ ေမ့ေနၿပီလား"
က်န္း႐ွီ သက္ျပင္းခ်လိုက္ၿပီး မ်က္ႏွာဖံုးေနာက္ကြယ္မွ မဲ့ျပံဳးတစ္ခ်က္ျပဳလိုက္ၿပီး ....
"ဟင္း ... မင္းတို႔အတြက္ ကံေကာင္းစြာပဲ ငါတို႔မအားတာေၾကာင့္ မင္းတို႔အသက္ကို ျမန္ျမန္ပဲ ခ်ဳပ္ၿငိမ္းေပးလိုက္မယ္ ... ရတယ္မလား"
"မင္းေတာ့ ......"
ဝူခန္ စကားဆံုးေအာင္မေျပာလိုက္ရ၊ က်န္း႐ွီ ဓားခ်က္ေၾကာင့္ အသက္ေပ်ာက္သြားေတာ့သည္။ သူတို႔ေခါင္းေဆာင္ လ်င္ျမန္လြယ္ကူစြာ အသတ္ခံလိုက္ရသည္ကိုေတြ႔ရေသာေၾကာင့္ က်န္ေသာဓားျပတို႔လည္း အံ့ျသၿပီး တုန္လႈပ္ေနၾကေတာ့သည္။
ညာလက္ရံုးဟုထင္ရသူက ဝူခန္ ၏ ခႏၶာကို ခ်ီမလိုက္ၿပီး ....
"ေခါင္းေဆာင္ ... မေနာက္ပါနဲ႔ ... အျမန္ထၿပီး အစ္ကိုႀကီးရဲ႕ ကုတ္ျခစ္လက္အကြက္ကို ျပလိုက္ပါဦး"
က်န္း႐ွီ ရယ္လိုက္ၿပီး ဓားျပတို႔ စကားမေျပာႏိုင္ျဖစ္ေနစဥ္ တစ္ေယာက္ၿပီးတစ္ေယာက္ကို ႐ွင္းလင္းလိုက္ၿပီး ျမင္းေပၚသို႔ တက္လာခဲ့သည္။
က်န္း႐ွီ ျမင္းေပၚတက္လိုက္ၿပီးသည္ႏွင့္ ႐ွန္း ညီးညဴေနေသာက်ားကို ၾကည့္လိုက္ရင္း ပို၍ဖိအားသက္ေရာက္ေစလိုက္သည္။ ႐ွန္း ဖိအားေပးလိုက္သည့္အခါ က်ားမွာ အလြန္နာက်င္ေနသျဖင့္ သနားစဖြယ္ေအာ္ေနေတာ့သည္။ နာက်င္ေနသည့္ေအာ္သံကို အိုက္႐ွင္း ၾကားလိုက္ရေသာေၾကာင့္ ႐ွန္း ရင္ထဲမွ ထြက္လိုက္သည္။ အသံမွာ က်ားထံမွ ထြက္လာသည္ကို သိလိုက္ၿပီး စိတ္မေကာင္းျဖစ္ကာ သနားမိေသာေၾကာင့္ ....
"႐ွန္း .... က်ားက အဆင္ေျပရဲ႕လားဟင္ ... ၾကည့္ရတာ ဒဏ္ရာရေနသလိုပဲ"
"ယုန္ေလး ... စိတ္မပူပါနဲ႔"
"႐ွန္း ... ကြၽန္ေတာ္တို႔ ကယ္သင့္တယ္ေလ"
အိုက္႐ွင္း ၏ စိုးရိမ္ေနသည့္အသံေၾကာင့္ ႐ွန္း မ်က္ေမွာင္ၾကဳတ္လိုက္ေသာ္လည္း က်ားေပၚ ဖိအားေပးထားေသာ စြမ္းအားကို ေလ်ာ့ခ်လိုက္သည္။
က်ားလည္း စြမ္းအားလြတ္သြားသည္ကို သိလိုက္သည္ႏွင့္ ယိုင္နဲ႔စြာထလိုက္ၿပီး ႐ွန္း တို႔အနားမွ ေျပးသြားေတာ့သည္။ ထူထပ္ေနေသာေနရာသို႔ ေရာက္သြားသည့္အခါ က်ားသည္ အေနာက္သို႔ျပန္လွည့္ၿပီး အိုက္႐ွင္း ကို ေနာက္ဆံုးအေနႏွင့္ တစ္ခ်က္လွည့္ၾကည့္လိုက္သည္။
႐ွန္း တို႔လည္း ခရီးဆက္ခဲ့ရာ လမ္းတြင္ အျခားေသာ ဓားျပတို႔ကိုလည္း ရင္ဆိုင္ရျပန္သည္။ ထိုတစ္ေန႔ထဲတြင္ က်န္း႐ွီ ဓားျပအေယာက္တစ္ရာကို ႐ွင္းခဲ့ရၿပီး ဓားျပတို႔မွာ အမွန္ပင္ ကြၽမ္းက်င္ၾကေပသည္ဟုလည္း ေတြးမိေလသည္။ အခ်ိဳ႕သူတို႔မွာ သူ၏ အေတာ္ဆံုးစစ္သားတို႔ထက္ပင္ သာလြန္ေနသည္။ ထို႔အျပင္ ဓားျပတို႔မွာလည္း အလြန္မ်ားလွေပသည္။ သာမန္စစ္သူႀကီးတစ္ေယာက္အတြက္ဆိုလ်ွင္ အနည္းငယ္မ်ွပင္ မေမာပန္းႏိုင္သည္မွာ လံုးဝမျဖစ္ႏိုင္ေပ။ ကံေကာင္းစြာျဖင့္ က်န္း႐ွီ သည္ သာမန္စစ္သူႀကီးတစ္ေယာက္ မဟုတ္ခဲ့ေပ။
မနက္ျဖန္မနက္အမွီ ထန္ အိမ္ေတာ္သို႔ ေရာက္ရမည္ျဖစ္ေသာေၾကာင့္ လံုးဝမနားဘဲ ခရီးဆက္ခဲ့ၾကသည္။ ညေရာက္ေသာ္လည္း ႐ွန္း ႏွင့္ က်န္း႐ွီ တို႔ ဆက္တိုက္ခရီးႏွင္ခဲ့ၾကၿပီး အိုက္႐ွင္း ကေတာ့ ႐ွန္း ရင္ခြင္ထဲတြင္ နစ္ၿခိဳက္စြာ အိပ္ေမာက်ေနေလသည္။
နန္းတြင္းအမတ္တို႔ ေျပာဆိုသည့္အတိုင္း ရာ့ေဟြ ရြာသို႔သြားရာလမ္းသည္ ကြၽမ္းက်င္ေသာ ဓားျပမ်ားသာမက သားရဲတိရစာၦန္႐ိုင္းမ်ားလည္း ျပည့္ႏွက္ေနသည္။ သို႔ေသာ္ ဆန္႔က်င္စြာပင္ သားရဲတိရစာၦန္တို႔သည္ ခရီးသြားတို႔ကို တိုက္ခိုက္ၿပီး စားေသာက္ၾကေလ့႐ွိေသာ္လည္း သူတို႔အနားမွ ႐ွန္း ႏွင့္ က်န္း႐ွီ တို႔ ျဖတ္သြားသည့္အခါ ႐ွန္း ႏွင့္ က်န္း႐ွီ တို႔၏ စိတ္စြမ္းအားတို႔ကို ေၾကာက္ရြံ႔ၿပီး ထြက္ေျပးသြားၾကေလသည္။
T/N :....
မသိဘူး ေပ်ာ္ေနလို႔ double update ကြ .... 😊 ၿပီးေတာ့လည္း အ႐ွည္ႀကီးပဲေနာ္ ... yuzukiေလး လိမၼာတယ္မလားဟင္ ... 😍 မလိမၼာဘူးေျပာလို႔ကေတာ့ ငိုမွာ 😢
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●Unicode●●●
ရှန်း အိုက်ရှင်း နှင့် ကျန်းရှီ တို့သည် ရာ့ဟွေ ရွာအစွန်ဘက်သို့ ရောက်လာကြလေပြီ။ လမ်းကြောင်းတွင် ဆေးဖက်ဝင်အပင်များနှင့် သေးငယ်သော အကောင်များကိုလည်း တွေ့ကြရသည်။ တချို့သောအပင်တစ်ဝက်နီးပါးကို အိုက်ရှင်း တစ်ခါမှမတွေ့ဖူးသောကြောင့် လေ့လာချင်စိတ်ဖြစ်မိလေသည်။ လမ်းထဲသို့ဝင်ရောက်လာသည့်အချိန်တွင် အနီရောင်တောက်နေသောအရာတစ်ခုက အိုက်ရှင်း စိတ်ကို ဆွဲဆောင်လိုက်သောကြောင့် ရှန်း ကို ခဏရပ်ပေးရန် တောင်းဆိုလေသည်။
ကျန်းရှီ က တုံ့ဆိုင်းနေသော်လည်း ရှန်း က အဆင်ပြေသည့်အကြောင်းပြောပြီး အိုက်ရှင်း ကို မြင်းပေါ်မှ ချပေးလေသည်။
အိုက်ရှင်း မြေပြင်ပေါ် ခြေချလိုက်သည်နှင့်ချက်ချင်း မျက်နှာဖုံးကိုချွတ်လိုက်ပြီး အသည်းပုံသဏ္ဍာန်ရှိသည့် ထူးခြားသော အနီရောင်အပင်နားသို့ ပြေးသွားလေသည်။ ထိုအနီရောင် အသည်းပုံသဏ္ဍာန်အပင် အနီးတစ်ဝိုက်ရှိ အပင်တို့မှာ သေဆုံးနေသည်ကို ရှန်း သတိပြုမိသောကြောင့် အိုက်ရှင်း ကို အပင်နားမှ ဆွဲခေါ်လေသည်။
"ယုန်လေး ... အနားမကပ်နဲ့ အန္တရာယ်ရှိနေနိုင်တယ်"
အိုက်ရှင်း ချစ်စဖွယ်ပြုံးလိုက်ပြီး ....
"မဟုတ်ပါဘူး .... ဒါက အရမ်းရှားပါးပြီး အာနိသင်များတဲ့ ဆေးပင်လေ"
ကျန်းရှီ မယုံသည့်အကြည့်နှင့် ....
"သေချာရဲ့လား .... သူ့အနားက အပင်တွေအကုန်သေနေတာ ... အဆိပ်ပင်ဖြစ်နေဦးမယ်"
အိုက်ရှင်း တစ်ဖန်ပြန်ပြုံးလိုက်ပြီး ....
"ဒီအပင်က အခြားစွမ်းရည်တွေကိုပါ စုပ်ယူထားတော့ အနီးကအရာတွေ သေဆုံးနေတာပါ .... ဒီအပင်သေးသေးလေးက ဘယ်လိုအနာရောဂါမဆို ပျောက်အောင် လုပ်ပေးနိုင်တယ် .... ဒါကို စားလိုက်ရင် ဒီအပင်က တခြားအပင်တွေရဲ့စွမ်းရည်ကို စုပ်ထားတာကြောင့် သူ့မှာရှိတဲ့အာနိသင်က စားသုံးသူကို ခဏတွင်း ပျောက်ကင်းအောင် ကုပေးတယ်"
ကျန်းရှီ စိုးရိမ်စိတ်တို့မလျော့ကျသေးဘဲ ....
"သေချာရဲ့လား"
အိုက်ရှင်း ခေါင်းကို ထပ်ခါထပ်ခါ ညိတ်ပြပြီး ....
"အင်း .... လုယီ ပြောပြခဲ့တာ ပြီးတော့ သူ ကျွန်တော့်ကို လိမ်မှာမဟုတ်ဘူး .... အနီရောင်ရင့်လေ စွမ်းအားများလေ အကျိုးပိုရှိလေလို့လည်း လုယီ ပြောခဲ့သေးတယ်"
ရှန်း နှင့် ကျန်းရှီ တို့ ခဏငြိမ်သက်သွားပြီး ....
"ယုန်လေး .... လုယီ ဆိုတာ ဘယ်သူလဲ"
အိုက်ရှင်း အတောက်ပဆုံးပြုံးလိုက်ပြီး လုယီ ကို တွေ့ဆုံခဲ့ပုံနှင့် လုယီ အကြောင်းကို ပျော်ရွှင်စွာ ပြောလေသည်။
အိုက်ရှင်း ပြောပြသည်တို့ကို နားထောင်ပြီးနောက် ကျန်းရှီ က မယုံသည့်ပုံစံနှင့် ကြည့်လိုက်ပြီး ....
"ဒါဆို လုယီ က နတ်ပေါ့ .... သူက လှလား"
အိုက်ရှင်း ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
လုယီ အကြောင်းကို အိုက်ရှင်း ပျော်ရွှင်စွာ ပြောနေပုံကြောင့် ရှန်း စိတ်ကသိကအောက်ဖြစ်သော်လည်း ယုံပါသည်။ အိုက်ရှင်း အကြောင်းကို နားထောင်ပြီးနောက်တွင် အိုက်ရှင်း နေထိုင်ခဲ့ရပုံကို ပို၍သိလာခဲ့သည်။
"ရှန်း ... ဆေးပင်ကို ယူလာလို့ရတယ်မလားဟင်"
အပင်ကို ရှန်း မျက်မှောင်ကြုတ်ကြည့်လိုက်သော်လည်း ခေါင်းညိတ်ပြီး အပင်ကို ကိုယ်တိုင် တူးပေးမယ်ဟု ပြောလေသည်။
အိုက်ရှင်း က ကိုယ်တိုင်လုပ်ချင်ပေမယ့်လည်း ရှန်း နှင့် ရင်းနှီးသွားသည့်ခဏတာအချိန်တွင်းပင် တစ်ခုခုလုပ်မည်ဟု ရှန်း ဆုံးဖြတ်လိုက်လျှင် ထိုစိတ်ကို လုံးဝပြန်မပြင်တော့ပေ။ ထို့ကြောင့် အပင်ကို တူးထုတ်ပေးရန် သဘောတူလေသည်။
အပင်ကို သေချာဂရုစိုက်စွာ တူးရင်းဆွဲနှုတ်လိုက်ပြီး ခရားလေးထဲထည့်လိုက်ပြီး အိုက်ရှင်း ကို မြင်းပေါ်ပြန်တင်ပေးရင်း ခရီးဆက်ခဲ့ကြတော့သည်။
ဆေးပင်အကြောင်းကို အိုက်ရှင်း ပြောနေစဉ် ကျန်းရှီ ဘေးဘက် မြက်ပင်ရှည်များကြားမှ လှုပ်ရှားနေသည့်အသံကို ရှန်း ရော ကျန်းရှီ ပါ ကြားလိုက်သည်။
အိုက်ရှင်း ကို စကားဆက်မပြောစေရန် ပါးစပ်ကို အသာအယာအုပ်ထားလိုက်ပြီး အသံတို့ကို နားစွင့်နေတော့သည်။
အချိန်ခဏအတွင်းပင် ဓားပြ ၁၅ယောက်တို့နှင့် ဝန်းရံခံလိုက်ရသည်။
ထိုလူများထဲမှ ခေါင်းဆောင်၏ ညာလက်ရုံးဟု ယူဆရသူက ....
"ခရီးသွားတွေ .... အဖိုးတန်ပစ္စည်းတွေထားခဲ့ကြ ... ပြီးရင် မင်းတို့ကို ငါနဲ့ငါ့ညီနောင်တို့ အမြန်ဆုံး ဇီဝိန်ချုပ်ပေးမယ်"
ရှန်း တို့ သုံးယောက်လုံး မျက်နှာဖုံးတွေ တပ်ဆင်ထားတာကြောင့် အိုက်ရှင်း မျက်နှာပေါ်မှ ကြောက်ရွံ့မှုနှင့် ရှန်း နှင့် ကျန်းရှီ မျက်နှာပေါ်မှ လှောင်ရယ်သည့် မဲ့ပြုံးတို့ကို မမြင်ရပေ။
ရှန်း နှင့် ကျန်းရှီ တို့ လိုက်လျောမည့်ပုံမပေါ်သောကြောင့် ခေါင်းဆောင်ဟုထင်ရသူက ရှေ့သို့ ခြေလှမ်းတိုးလာရင်း ....
"ဟက် .... ငါ့ညီလေးက အခွင့်အရေးပေးခဲ့တာကို မင်းတို့က မယူကြဘူးပဲ .... အရူးတွေ ... ငါ့ အိမ်မွေးသတ္တဝါလေးရဲ့ ပါးစပ်မှာ မင်းတို့အသက်တွေ ပါသွားတော့မယ်"
အိုက်ရှင်း ကြောက်လန့်လာသောကြောင့် နောက်ဆုတ်ကာ ရှန်း ရင်ခွင်ထဲသို့ ပို၍တိုးကပ်နေသည်။
ရှန်း ကျန်းရှီ နှင့် အိုက်ရှင်း တို့၏ သနားစရာအဖြစ်ကြောင့် ဓားပြတို့ လှောင်ရယ်နေစဉ် ကြီးမားသောအရာတစ်ခု အနီးနားသို့ လှမ်းလာလေသည်။
ထိုအရာကို အိုက်ရှင်း ကြည့်လိုက်သည့်အခါ အလွန်ကြီးမားပြီး ဆာလောင်နေသည့် ကျားဖြူကြီးတစ်ကောင် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ကျား၏မျက်လုံးတို့မှာ အပြာရောင်တောက်နေပြီး ရပ်နေလျှင်ပင် ၆ပေနီးပါးရှိနေပြီး ခေါင်းမှအမြီးထိ ၁၂ပေခန့်ပင် ရှိနေသည်။ အိုက်ရှင်း အံ့သြပြီး ကြောက်နေသောကြောင့် ရှန်း ၏ ဝတ်ရုံစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
ဓားပြခေါင်းဆောင်က လက်ပိုက်ရပ်ကာ ကျားကြီးကိုကြည့်လိုက်ရင်း ....
"ဟား...ဟား...ဟား.... ငါ့အကောင်ကြီးကို နှုတ်ဆက်လိုက်ပါဦး .... လူသားမစားရတာကြာနေတော့ အတော်ဆာနေလောက်ပြီကွ .... မင်းတို့က အကောင်းဆုံးအစာဖြစ်လိမ့်မယ်"
တစ်ဖန် ရှန်း တို့ဘက်ကိုပြန်လှည့်၍ ....
"ငါ့ကောင်ကြီးရေ အစာကို မြိန်ရေရှက်ရေစားပေတော့ .... ဒီလူတွေ နာကျင်ပြီး သေဆုံးစေရမယ်"
ကျားကြီးက ဆာလောင်စွာ လျှာသပ်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ရှန်း တို့ထံသို့ ဦးတည်လာသည်။ ချွန်မြသော လက်သည်းတို့နှင့် ကုတ်ခြစ်ရန်လုပ်လိုက်စဉ် ကြီးမားသောစွမ်းအားတစ်ခု ကျားပေါ်သို့ ရောက်လာသည်။ ထိုစွမ်းအားကပင် ကျားကို ပြင်းထန်စွာ ရိုက်နှက်ဟန်ပြုပြီး မြေပြင်ပေါ်တွင် ဝပ်တွားစေသည့်အခါ ကျားမှာ ထိုစွမ်းအား မည်သူ့ထံမှ ထွက်ပေါ်လာသည်ကို သိနေသည့်အလား ကြောက်လန့်နေသော ကြောင်ပေါက်ငယ်သဖွယ် ညီးညူနေသည်။
ငြိမ်နေသောကျားကြောင့် ဓားပြခေါင်းဆောင်က အော်လိုက်ပြီး ...
"ညံ့လိုက်တဲ့ ကြောင်စုတ် .... အမြန်ထစမ်း ... ဘာကြောင့် ဦးညွှတ်နေတာလဲ ... မင်းရဲ့သခင်က ဘယ်သူဆိုတာ မသိဘူးလား"
အံ့သြနေသော ဓားပြတို့ကို ကြည့်ရင်း ကျန်းရှီ တစ်ချက်ပြုံးလိုက်ပြီး မြင်းပေါ်က ဆင်းလိုက်သည်။ ခြေချပြီးသည်နှင့် ဓားပြတို့ဘက်ကို မျက်နှာမူလိုက်ပြီး ....
"အစ်...အစ်ကိုကြီးတို့ကြောင့် ရာ့ဟွေ ရွာကို အသွားအပြန်လမ်းက အန္တရာယ်များနေတာလားဟင် .... အစ်ကိုတို့က ကျွမ်းကျင်တဲ့ ဓားပြတွေလားဟင် ... အီး ဟီး ... ရှန်း ရေ .. ဘယ်လိုလုပ်ကြမလဲ ... ငါ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်ဘူး"
ကျန်းရှီ ကြောက်ရွံ့နေသောအသံကို အယောင်ပြုလိုက်ပြီး ဟန်ဆောင်ငိုကြွေးတော့သည်။
ကျန်းရှီ ၏ ကြောက်နေပုံကို ဓားပြတို့ရယ်လိုက်ပြီး ...
"အရူး ... ဟုတ်တာပေါ့ .. ငါတို့က လူတွေကြောက်ရတဲ့ ဓားပြတွေပဲလေ ... ငါက ကျားကြမ်းကြီးဂိုဏ်းရဲ့ ခေါင်းဆောင် ဝူခန် ပဲကွ !!!"
ကျန်းရှီ ကြောက်နေသည့်အသံကို ဟန်ဆောင်ပြုပြန်ရင်း ဝူခန် ကို တောင်းပန်လေသည်။
"ခေါင်းဆောင်ကြီးရယ် ... ကျွန်တော်တို့ကို လွှတ်ပေးပါနော် ... ကျွန်တော်တို့မှာ တန်ဖိုးကြီးတာ ဘာမှမပါပါဘူး ... အစ်ကိုတို့ကိုလည်း ကြောက်ပါတယ်ဗျာ ... ကျေးဇူးပြုပြီ လွှတ်ပေးပါနော်"
ကျန်းရှီ ၏ အယောင်ပြအမူအရာတွေကို ရှန်း ကြည့်နေသော်လည်း ဘာမှမပြော။
ဝူခန် လည်း ရယ်လိုက်ပြီး ....
"ဟား..ဟား...ဟား... ညီနောင်တို့ ... ငါတို့ရဲ့သားကောင်ကို လွှတ်ပေးခဲ့ဖူးလား"
ကျန်သောဓားပြတို့ လက်မြှောက်လိုက်ပြီး ....
"မလွှတ်ပေးဘူး ... အကုန်သေကြရမယ် !!!"
ဝူခန် လှောင်ပြုံးပြုလိုက်ပြီး ဆက်ပြောလေသည်။
"တွေ့လား ... ကံမကောင်းစွာနဲ့ မင်းတို့ ငါ့ကျားရဲ့ အစာဖြစ်ကြရလိမ့်မယ်"
ကျန်းရှီ ဆက်၍ အယောင်ဆောင်ငိုကြွေးရန် ပြင်လိုက်သော်လည်း ရှန်း ဆူပူလိုက်လေသည်။
"ကျန်းရှီ .. ကစားနေတာရပ်တော့ ... ငါတို့ကို ရက်ကန့်သတ်ထားတာ မေ့နေပြီလား"
ကျန်းရှီ သက်ပြင်းချလိုက်ပြီး မျက်နှာဖုံးနောက်ကွယ်မှ မဲ့ပြုံးတစ်ချက်ပြုလိုက်ပြီး ....
"ဟင်း ... မင်းတို့အတွက် ကံကောင်းစွာပဲ ငါတို့မအားတာကြောင့် မင်းတို့အသက်ကို မြန်မြန်ပဲ ချုပ်ငြိမ်းပေးလိုက်မယ် ... ရတယ်မလား"
"မင်းတော့ ......"
ဝူခန် စကားဆုံးအောင်မပြောလိုက်ရ၊ ကျန်းရှီ ဓားချက်ကြောင့် အသက်ပျောက်သွားတော့သည်။ သူတို့ခေါင်းဆောင် လျင်မြန်လွယ်ကူစွာ အသတ်ခံလိုက်ရသည်ကိုတွေ့ရသောကြောင့် ကျန်သောဓားပြတို့လည်း အံ့သြပြီး တုန်လှုပ်နေကြတော့သည်။
ညာလက်ရုံးဟုထင်ရသူက ဝူခန် ၏ ခန္ဓာကို ချီမလိုက်ပြီး ....
"ခေါင်းဆောင် ... မနောက်ပါနဲ့ ... အမြန်ထပြီး အစ်ကိုကြီးရဲ့ ကုတ်ခြစ်လက်အကွက်ကို ပြလိုက်ပါဦး"
ကျန်းရှီ ရယ်လိုက်ပြီး ဓားပြတို့ စကားမပြောနိုင်ဖြစ်နေစဉ် တစ်ယောက်ပြီးတစ်ယောက်ကို ရှင်းလင်းလိုက်ပြီး မြင်းပေါ်သို့ တက်လာခဲ့သည်။
ကျန်းရှီ မြင်းပေါ်တက်လိုက်ပြီးသည်နှင့် ရှန်း ညီးညူနေသောကျားကို ကြည့်လိုက်ရင်း ပို၍ဖိအားသက်ရောက်စေလိုက်သည်။ ရှန်း ဖိအားပေးလိုက်သည့်အခါ ကျားမှာ အလွန်နာကျင်နေသဖြင့် သနားစဖွယ်အော်နေတော့သည်။ နာကျင်နေသည့်အော်သံကို အိုက်ရှင်း ကြားလိုက်ရသောကြောင့် ရှန်း ရင်ထဲမှ ထွက်လိုက်သည်။ အသံမှာ ကျားထံမှ ထွက်လာသည်ကို သိလိုက်ပြီး စိတ်မကောင်းဖြစ်ကာ သနားမိသောကြောင့် ....
"ရှန်း .... ကျားက အဆင်ပြေရဲ့လားဟင် ... ကြည့်ရတာ ဒဏ်ရာရနေသလိုပဲ"
"ယုန်လေး ... စိတ်မပူပါနဲ့"
"ရှန်း ... ကျွန်တော်တို့ ကယ်သင့်တယ်လေ"
အိုက်ရှင်း ၏ စိုးရိမ်နေသည့်အသံကြောင့် ရှန်း မျက်မှောင်ကြုတ်လိုက်သော်လည်း ကျားပေါ် ဖိအားပေးထားသော စွမ်းအားကို လျော့ချလိုက်သည်။
ကျားလည်း စွမ်းအားလွတ်သွားသည်ကို သိလိုက်သည်နှင့် ယိုင်နဲ့စွာထလိုက်ပြီး ရှန်း တို့အနားမှ ပြေးသွားတော့သည်။ ထူထပ်နေသောနေရာသို့ ရောက်သွားသည့်အခါ ကျားသည် အနောက်သို့ပြန်လှည့်ပြီး အိုက်ရှင်း ကို နောက်ဆုံးအနေနှင့် တစ်ချက်လှည့်ကြည့်လိုက်သည်။
ရှန်း တို့လည်း ခရီးဆက်ခဲ့ရာ လမ်းတွင် အခြားသော ဓားပြတို့ကိုလည်း ရင်ဆိုင်ရပြန်သည်။ ထိုတစ်နေ့ထဲတွင် ကျန်းရှီ ဓားပြအယောက်တစ်ရာကို ရှင်းခဲ့ရပြီး ဓားပြတို့မှာ အမှန်ပင် ကျွမ်းကျင်ကြပေသည်ဟုလည်း တွေးမိလေသည်။ အချို့သူတို့မှာ သူ၏ အတော်ဆုံးစစ်သားတို့ထက်ပင် သာလွန်နေသည်။ ထို့အပြင် ဓားပြတို့မှာလည်း အလွန်များလှပေသည်။ သာမန်စစ်သူကြီးတစ်ယောက်အတွက်ဆိုလျှင် အနည်းငယ်မျှပင် မမောပန်းနိုင်သည်မှာ လုံးဝမဖြစ်နိုင်ပေ။ ကံကောင်းစွာဖြင့် ကျန်းရှီ သည် သာမန်စစ်သူကြီးတစ်ယောက် မဟုတ်ခဲ့ပေ။
မနက်ဖြန်မနက်အမှီ ထန် အိမ်တော်သို့ ရောက်ရမည်ဖြစ်သောကြောင့် လုံးဝမနားဘဲ ခရီးဆက်ခဲ့ကြသည်။ ညရောက်သော်လည်း ရှန်း နှင့် ကျန်းရှီ တို့ ဆက်တိုက်ခရီးနှင်ခဲ့ကြပြီး အိုက်ရှင်း ကတော့ ရှန်း ရင်ခွင်ထဲတွင် နစ်ခြိုက်စွာ အိပ်မောကျနေလေသည်။
နန်းတွင်းအမတ်တို့ ပြောဆိုသည့်အတိုင်း ရာ့ဟွေ ရွာသို့သွားရာလမ်းသည် ကျွမ်းကျင်သော ဓားပြများသာမက သားရဲတိရစ္ဆာန်ရိုင်းများလည်း ပြည့်နှက်နေသည်။ သို့သော် ဆန့်ကျင်စွာပင် သားရဲတိရစ္ဆာန်တို့သည် ခရီးသွားတို့ကို တိုက်ခိုက်ပြီး စားသောက်ကြလေ့ရှိသော်လည်း သူတို့အနားမှ ရှန်း နှင့် ကျန်းရှီ တို့ ဖြတ်သွားသည့်အခါ ရှန်း နှင့် ကျန်းရှီ တို့၏ စိတ်စွမ်းအားတို့ကို ကြောက်ရွံ့ပြီး ထွက်ပြေးသွားကြလေသည်။
T/N :....
မသိဘူး ပျော်နေလို့ double update ကွ .... 😊 ပြီးတော့လည်း အရှည်ကြီးပဲနော် ... yuzukiလေး လိမ္မာတယ်မလားဟင် ... 😍 မလိမ္မာဘူးပြောလို့ကတော့ ငိုမှာ 😢
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤