"ဇ...ထေတာ့ေလ..."
"..."
"ဇ...မင္းထမွာလား...မထဘူးလား..."
ႏွစ္ဆန္းတစ္ရက္ေန႔မနက္ခင္း...ေဒးေတဇနဲ႔သိုင္းခန္႔ကိုတို႔ရဲ႕ကမ႓ာငယ္ေလးအတြင္းအဆက္မျပတ္ျမည္ခတ္ေနေသာနံနက္ခ်ိန္ခါေတးသံသာေလးေတြ...
"ေဒါက္...ေဒါက္..."
"..."
"သားထည္ေရ..."
"ဗ်ာ...ေဖေဖ..."
"သြားရေအာင္ေလ...သားတို႔ Daddy ေစာင့္ေနၿပီ..."
ႏွစ္ဆန္းတစ္ရက္မို႔မဂၤလာႏွစ္သစ္ကိုႀကိဳတဲ့အေနနဲ႔မဟာမုနိဘုရားကိုမိသားစုလိုက္သြားကာကုသိုလ္အတူတူယူမယ္ဆိုတဲ့အေၾကာင္းညကေျပာေတာ့လက္ခံသည္...မနက္ခင္းက်ထံုးစံအတိုင္းႏိႈး၍မရ...ကိုယ္ကေရခ်ိဳးၿပီးသားမို႔အားလံုးအဆင္သင့္...ပုဆိုးအကၤ်ီေကာက္လ်ိဳ၍လိုက္လို႔အဆင္ေျပေသာ္လည္းအိပ္ယာထဲကေကာင္ကထိုသို႔မဟုတ္...ေရွ႕ကေလးရက္ကိုေန႔ဆက္ကဲထားသည္မို႔လူကေတာ္ေတာ္ၿပိဳင္းေနသည္႕အထာ...အခန္းတံခါးေခါက္ကာလာေခၚသည္႕ေဖေဖအားဘယ္လိုတုန္႔ျပန္ရမွန္းမသိလို႔ေခါင္းကုတ္ေနခိုက္...
"သားငယ္မထေသးတာလား..."
အားနာေနသည္႕ဟန္ႏွင့္ေခါင္းတစ္ခ်က္ညိတ္ျပေတာ့ေဖေဖကနားလည္ၿပံဳးတစ္ခ်က္ၿပံဳးကာသူ႕အိမ္ေထာင္ဦးစီးအားလွမ္းသတင္းပို႔သည္...
"ေဒးေရ...မင္းသားအငယ္ေကာင္အိပ္ရာေပၚမွာပဲရွိေသးတာ..."
"ဒီႏွစ္လည္းအဲ့အခ်ိဳးကမျပင္ဘူးလား...ပစ္သာထားခဲ့လိုက္..."
"..."
"သားထည္အဝတ္အစားလည္း...Daddy တို႔နဲ႔လိုက္ခဲ့...အဲဒီေဒဝဒတ္ေလာင္းနားေနလို႔ငါ့သားကုသိုလ္ရမွာမဟုတ္ဘူး..."
ေဖေဖ့ေအာ္သံအဆံုးမွာအခန္းတံခါးဝနားထိေရာက္လာကာဘုရားလိုက္ဖို႔ေခၚေနေသာDaddy...သူႏွင့္တူတာပါဟုအေပါင္းအသင္းေတြၾကားၾကြားေလ့ရွိေသာဇကအခုေတာ့သူ႕သားမဟုတ္ဟန္...
"ထည္...မင္းမလိုက္ရဘူး..."
လူကသာကုတင္ေပၚမွာအမိန္႔ကအခန္းတံခါးဝထိေရာက္သည္...အတူတူသြားမယ္ဆိုေတာ့လည္းမထ...လိုက္သြားမယ္ဆိုေတာ့လည္းမဟုတ္ရျပန္...
"သူမ်ားကုသိုလ္ေရးလုပ္မွာကိုမေႏွာင့္ယွက္ရဘူးဆိုတာမသိရေအာင္မင္းကစာမတတ္ေပမတတ္လား...ခန္႔ေတဇကို..."
"ကုသိုလ္ဆိုတာဘုရားသြားမွရမဲ့အမ်ိဳးမဟုတ္ေၾကာင္းတစ္ခ်ိဳ႕ေတာသားေတြနားလည္ေအာင္ရွင္းျပလို႔မရဘူးDaddy..."
ဒီသားနဲ႔ဒီအေဖထိပ္တိုက္ေတြ႕ၿပီဆိုငိုအားထက္ရယ္အားသန္ရတာအၿမဲ...ေဒးေတဇရဲ႕ဘဝမကူးတဲ့ဝဋ္ေၾကြးေတြဆိုတာသိပ္ကိုလွပလြန္းသည္...
"ခန္႕ေတဇကို...မင္း..."
"တီ...တီ...တီ"
နံနက္ေစာေစာစီးစီးသားငယ္နဲ႔အၿပိဳင္စကားႏိုင္လုဖို႔ျပင္ေနသည္႕ေဒးအားတားဆီးလိုက္ေသာဖုန္းသံ...
"ဟဲလို..."
"..."
"မေရာက္ေသးဘူး...မင္းသားအငယ္ေကာင္ျပသနာရွာေနလို႔..."
"..."
"မင္းလည္းအၿမဲအဲ့ေကာင္ဘက္ကပဲလား...ေျပပိုက္မိုး...တစ္ခါေလာက္ေလးငါ့ကိုအျပစ္မေျပာဘဲေနေပးလို႔မရဘူးလား..."
ဒီစကားအသြားအလာအရဆိုေသခ်ာသည္ဒီဖုန္းေကာသည္ပိုက္ဆီကျဖစ္မည္...
"ငါ့ကိုဆရာမလုပ္နဲ႔...အခုထြက္ခဲ့မယ္...အေႏြးထည္ဝတ္ထားရဲ႕လား..."
"..."
"ၿပီးေရာ...မင္းသားကိုမင္းဘာမင္းလွမ္းႏိုး...ငါကသိုင္းပဲေခၚလာမွာ...ဒါပဲ"
ပိုက္နဲ႔ဖုန္းေျပာအၿပီးသြားရေအာင္ဆိုတဲ့အထာနဲ႔လက္ကိုဆြဲကိုင္လာသူေဒးေၾကာင့္သားတို႔ေတာင္မႏႈတ္ဆက္မိ...ဒီတိုင္းလိုက္လာမိသည္...သႀကၤန္မတိုင္ခင္ကတည္းကသာသနာ့ေဘာင္ဝင္ေနေသာပိုက္ကဒီေန႔လူထြက္မည္ျဖစ္ေသာေၾကာင့္စီစဥ္ထားတဲ့အတိုင္းပဲဘုရားအရင္သြားၿပီးမွပိုက္ဆီသြားမလား...ဒါမွမဟုတ္ပိုက္ဆီအရင္သြားမလားဆိုတဲ့အေၾကာင္းကားေပၚေရာက္မွေမးမိသည္...
"ဘယ္သြားမွာလဲ...ေဒး..."
"ဟင္...ဘုရားသြားမယ္ေလ...ပိုက္တို႔ေရာက္ေနၿပီေျပာတယ္..."
"2 နာရီမွလူထြက္မွာဆို...ဘာလို႔အေစာႀကီး...အခုမွ7နာရီေတာင္မထိုးေသးဘူး..."
"ေနသိပ္မေကာင္းလို႔ဦးႏိုင္စိတ္ပူၿပီးအေစာႀကီးသြားေခၚထားတာျဖစ္မယ္..."
"ဟုတ္လား...ဘာေဆးေသာက္ထားတယ္တဲ့လဲ..."
"ေဆးေသာက္ထားတယ္လို႔ေတာ့ေျပာတယ္...ဘာေဆးလဲေတာ့မေမးမိဘူး..."
"အဲဒါဆိုခဏရပ္ဦး...ငါေဆးယူခဲ့လိုက္ဦးမယ္..."
စကားဆံုးတာနဲ႔ၿခံဝေက်ာ္ေနၿပီျဖစ္တဲ့ကားေလးရပ္တန္႔သြားသည္...ဆယ္စုႏွစ္၄ႏွစ္ေက်ာ္လာသည္႕တိုင္ေအာင္အိုေဟာင္းမသြားတဲ့အရာေတြထဲကြ်န္ေတာ္တို႔သံေယာဇဥ္ေတြပါဝင္သည္...
"သိုင္း...ႏွာေစးေခ်ာင္းဆိုးတဲ့ေနာ္..."
.
.
.
.
.
"ဘာေတြၾကည္႕ၿပီးၿပံဳးေနတာလဲ..."
ဖုန္းစကရင္ကိုၾကည္႕ရင္းတစ္ေယာက္တည္းၿပံဳးေနတဲ့သိုင္းအနားညအိပ္ဝတ္စံုလ်ိဳလ်က္တိုးကပ္သြားေတာ့လက္ထဲကဖုန္းကိုခ်ကာၾကယ္သီးေတြတပ္ကူလာသည္...
"ေန႔လည္ကဓာတ္ပံုေတြေလ..."
"အင္း..."
"ၾကည္႕ရတာၾကည္ႏူးဖို႕ေကာင္းတယ္..."
"ဟုတ္လား..."
ေနာက္ဆံုးေသာၾကယ္သီးကိုတပ္ေပးၿပီးဖုန္းျပန္ေကာက္ကိုင္ကာကိုယ့္ကိုျပေနတာမို႔ၾကည္႕မိေတာ့...မဟာမုနိပရဝုဏ္အတြင္းႏွစ္စဥ္ကုသိုလ္လုပ္ျဖစ္တဲ့စတုဒီသာမဏၭပ္မွာတုန္းကကိုယ္တို႔ပံုေတြ...ဟင္းခ်ိဳင့္ကိုင္လ်က္ဟင္းလိုက္ေနေသာသားငယ္ပံုအလွည္႕ေရာက္ေတာ့ၾကည္ၾကည္ႏူးႏူးကိုယ္ၿပံဳးမိသည္ထင္သည္...ဒါကိုသိသြားေသာသိုင္းကစေနာက္ကာစကားဆိုလာသည္...
"သားတို႔ေရကန္ေတာ့တုန္းကဒီလိုၿပံဳးၿပီးဆုေပးေတာ့ဘာျဖစ္မွာက်..."
"..."
"ကိုယ္ဆုေပးပါတယ္ကြာ..."
"ဒါေပမဲ့ၿပံဳးမွမၿပံဳးတာ...သားငယ္စိတ္ထဲခုေနရင္ဘယ္လိုလုပ္မလဲ..."
"မင္းသားလားကိုယ့္ကိုစိတ္ခုေနဖို႔အားမွာ...တစ္ေန႔တစ္ေန႔သားထည္ကိုဘယ္လိုျပသနာရွာရမလဲစဥ္းစားေနရတာနဲ႔..."
"ေဒးရာ...သားငယ္ကမင္းကိုခ်စ္ပါတယ္..."
"ေရာ္...ကိုယ္ကေရာမခ်စ္ဘူးလို႔ေျပာေနလို႔လား...ကိုယ္နဲ႔သားငယ္နဲ႔အဆင္ေျပေနရင္မင္းတို႔ေလးေတြပ်င္းေနရမွာစိုးလို႔..."
"ဆင္ေျခေတြ...ကေလးေတြကိုစိတ္ခ်မ္းသာေအာင္ထားပါ...ဦးေဒးေတဇ..."
"အဲဒါဆိုကိုယ့္ကိုက်ဘယ္သူကစိတ္ခ်မ္းသာေအာင္ထားမွာလဲ..."
"..."
ခပ္ၿပံဳးၿပံဳးေျပာလာတဲ့သူ႕စကားအားနားလည္လာတာနဲ႔အမွ်ေရွာင္ထြက္ဖို႔ႀကိဳးစားတဲ့အခိုက္အတန္႔...သူရင္ခြင္က်ယ္ထဲအားတစ္ဖန္ဆြဲသြင္းခံရျပန္သည္...ႏႈတ္ခမ္းသားတစ္ဝိုက္ဆီႏူးႏူးညံ႕ညံ႕အေတြ႕အထိတစ္ခုလာေရာက္ခိုနားခ်ိန္...ႏွလံုးသားထဲမွစကၠန္႔ေတြဘယ္ေလာက္ၾကာမလဲေရတြက္ေနမိသည္...အဲဒီအခိုက္အတန္႔မွာပဲ...ကတံုးေလးနဲ႔ေကာင္ေလးေပၚကေနေရာင္အားသူ႕လက္ႏွစ္ဖက္နဲ႔ကာကြယ္ေပးထားေသာေဒးပံုရိပ္ကိုမေတာ္တဆဓာတ္ဖမ္းထားမိသည္႕စကရင္ေပၚကပံုရိပ္ေလး...အမွတ္တမဲ့ဆိုေပမဲ့ေဒးအၾကည္႕ေတြကသားတစ္ေယာက္အေပၚစိတ္ပူေနသည္႕အေဖတစ္ေယာက္လိုေမတၱာေတြပါဝင္ေနမွန္းခံစားလို႔ရသည္...
.
.
.
.
.
"သာဓု...သာဓု...သာဓု...ဤသို႔ကန္ေတာ့ရေသာအက်ိဳးအားေၾကာင့္..."
"ထည္႕..."
"ေဟာဗ်ာ...ဆုေတာင္ဆံုးေအာင္မေပးရဘူး..."
ႏွစ္ဖက္ေသာအဘိုးအဘြားေတြနဲ႔မိဘေတြကိုႏွစ္သစ္ကူးမွာကန္ေတာ့ၿပီးသကာလ...ကိုယ့္အေပၚလုပ္ထားတဲ့အျပစ္ေတြအတြက္ဝန္ခ်ေတာင္းပန္ပါတယ္ဟုဆိုကာကန္ေတာ့လာေသာဇ...ဆုေတာင္ဆံုးေအာင္မေပးရေသးရင္ခြင္ထဲတိုးဝင္လာကာလည္ပင္းကိုပြတ္သီးပြတ္သပ္လာလုပ္ေနျပန္တာမို႔...
"ဇ...ေတာ္ၿပီကြာ..."
"ေနာက္ဆိုမဆိုးေတာ့ဘူး...ငါ့ကိုစိတ္မကုန္ရဘူးေနာ္..."
ေဟာ...တစ္ႏွစ္မွတစ္ခါဝင္တဲ့အသိတရားေလးမို႔နဖူးကိုတစ္ခ်က္နမ္းရင္းအသိအမွတ္ျပဳမိသည္...ေလးရက္ဆက္တိုက္မနားမေနေသာက္ထားသည္႕အရွိန္ႏွင့္လူကထမင္းမဝင္ပဲနည္းနည္းေတာင္ပိန္သြားသလို...ပြဲတိုင္းမဟုတ္ေပမဲ့သႀကၤန္နဲ႔ပတ္သက္ရင္ဇကမရ...အခ်စ္ႀကီးလြန္းသည္...မန္းေျမသားစစ္ေတာ့ပိုဆိုးသည္...အေဝးေရာက္ေနရင္ေတာင္သႀကၤန္ကိုမႏၲေလးျပန္ရမွ...ႏို႔မို႔ဆိုသူ႕မွာေနမထိထိုင္မသာ...အေပါင္းအသင္းေတြနဲ႔ေတြ႕ရင္ေရေသာက္သလိုဘီယာေသာက္တတ္တဲ့အက်င့္ေၾကာင့္သႀကၤန္တြင္းႏိုင္ငံျခားခရီးသြားဖို႔တစ္ခါေျပာတုန္းကျပသနာတက္ရသည္...အဲဲဒီေနာက္ကတည္းကသႀကၤန္ဆိုဘယ္သြားဖို႔မွစကားမဟျဖစ္...ကိုယ္တိုင္ေပ်ာ္တာမေပ်ာ္တာထက္သူ႕ေပ်ာ္ရႊင္မႈေလးအလြန္အကြ်ံမျဖစ္ဖို႔ထိန္းေက်ာင္းရင္းသာကုန္ဆံုးရတာမ်ားသည္...
"ေနာက္ႏွစ္သႀကၤန္ထိ No Drink & No Fight ေနာ္..."
မတည္ႏိုင္တဲ့ကတိမွန္းသိေပမဲ့ႏွစ္စဥ္ဒီညေရာက္တိုင္းေတာင္းျဖစ္သည္...ဆိုးသြမ္းၿပီးအခ်ဳပ္ထဲေရာက္ေနတာမဟုတ္ေပမဲ့အရည္ဝင္ရင္ဆတ္ဆတ္ထိမခံတဲ့သူ႕အက်င့္အေၾကာင့္အေသာက္ေနာက္ကရန္ပြဲကကပ္ပါၿပီးသားမို႔စိုးရိမ္ရသည္...
"အင္း...လက္ကနာေသးလား..."
အတက္ေန႔...လည္တုန္းကအသိညီေလးတစ္ေယာက္သူ႕ကားေပၚကေနလွမ္းႏႈတ္ဆက္တာကိုမျမင္မိတဲ့အခိုက္အတန္႔...ကိုယ့္ကားေပၚအထိလာၿပီးႏႈတ္ဆက္တာကိုျပန္ဖက္မိလိုက္တဲ့အခ်ိန္ေသြးဆူေနတဲ့ဇကဝင္ဆြဲထိုးသည္...အလြန္အကြ်ံေတြျဖစ္မွာမို႔ဝင္ဆြဲရင္းဇထိုးလိုက္တဲ့လက္သီးကဟိုကေလးမ်က္ႏွာဆီမေရာက္ပဲၾကားကကိုယ့္လက္အားဝင္နမ္းသြားသည္...
"မနာပါဘူး...ေနာက္ဆိုအဲလိုစိတ္လိုက္မာန္ပါေတြမလုပ္နဲ႔...တျခားသူေတြကိုအားနာဖို႕ေကာင္းတယ္..."
အင္းအဲမလုပ္ပဲလက္ကိုအသာနမ္းေနရင္းမ်က္စိလွန္ၾကည္႕ေနျခင္းကေကာင္းတဲ့အရိပ္အေယာင္မဟုတ္...သူမွားမွန္းသိေနရင္ေတာင္ကိုယ္ကသူ႕ဘက္ရွိေနမွ...
"ေတာင္..."
႐ုတ္တရက္ထျမည္လာတဲ့ Msg သံေၾကာင့္အာ႐ံုေျပာင္းသြားၿပီထင္ရေပမဲ့ဇေကာက္ကိုင္တာကကိုယ့္ဖုန္းမို႔ Operator တစ္ခုခုဆီက Msg ျဖစ္ဖို႔ပဲဆုေတာင္းမိသည္...
"ေတာက္..."
Fingerprint ခ်ထားတဲ့ဖုန္းမို႔ကိုယ့္လက္တစ္ဖက္ကိုဆြဲယူကာဖုန္းကိုပြင့္ေစၿပီးတဲ့ေနာက္သူ႕ဆီကထြက္လာတဲ့အသံ...႐ုတ္တရက္ပစ္ေပးလာတဲ့ဖုန္းကိုလွမ္းဖမ္းရင္းဇအားထိုသို႔ျဖစ္ေစတဲ့အရာကိုၾကည္႕မိေတာ့...
"လက္ကနာေနေသးလား...အစ္ကို...ကြ်န္ေတာ္ေဆးလာပို႔ရမလား..."
ဆိုတဲ့ Msg တစ္ေစာင္...
"ဇ..."
ကားေသာ့ေကာက္ကိုင္လ်က္အျပင္ထြက္ဖို႔ျပင္ေနသူအားေနာက္ကေျပးဆြဲရတာမသက္မသာ...မျဖစ္ဘူးေလ...ႏွစ္အစမွာအဆင္မေျပရင္တစ္ႏွစ္လံုးအဆင္ေျပမွာမဟုတ္ဘူးတဲ့...လူႀကီးေတြေျပာတာကြ်န္ေတာ္ၾကားဖူးတယ္...
🙂🙂🙂🙂🙂
Happy Myanmar New Year To You All...
Unicode
"ဇ...ထတော့လေ..."
"..."
"ဇ...မင်းထမှာလား...မထဘူးလား..."
နှစ်ဆန်းတစ်ရက်နေ့မနက်ခင်း...ဒေးတေဇနဲ့သိုင်းခန့်ကိုတို့ရဲ့ကမ႓ာငယ်လေးအတွင်းအဆက်မပြတ်မြည်ခတ်နေသောနံနက်ချိန်ခါတေးသံသာလေးတွေ...
"ဒေါက်...ဒေါက်..."
"..."
"သားထည်ရေ..."
"ဗျာ...ဖေဖေ..."
"သွားရအောင်လေ...သားတို့ Daddy စောင့်နေပြီ..."
နှစ်ဆန်းတစ်ရက်မို့မင်္ဂလာနှစ်သစ်ကိုကြိုတဲ့အနေနဲ့မဟာမုနိဘုရားကိုမိသားစုလိုက်သွားကာကုသိုလ်အတူတူယူမယ်ဆိုတဲ့အကြောင်းညကပြောတော့လက်ခံသည်...မနက်ခင်းကျထုံးစံအတိုင်းနှိုး၍မရ...ကိုယ်ကရေချိုးပြီးသားမို့အားလုံးအဆင်သင့်...ပုဆိုးအင်္ကျီကောက်လျို၍လိုက်လို့အဆင်ပြေသော်လည်းအိပ်ယာထဲကကောင်ကထိုသို့မဟုတ်...ရှေ့ကလေးရက်ကိုနေ့ဆက်ကဲထားသည်မို့လူကတော်တော်ပြိုင်းနေသည့်အထာ...အခန်းတံခါးခေါက်ကာလာခေါ်သည့်ဖေဖေအားဘယ်လိုတုန့်ပြန်ရမှန်းမသိလို့ခေါင်းကုတ်နေခိုက်...
"သားငယ်မထသေးတာလား..."
အားနာနေသည့်ဟန်နှင့်ခေါင်းတစ်ချက်ညိတ်ပြတော့ဖေဖေကနားလည်ပြုံးတစ်ချက်ပြုံးကာသူ့အိမ်ထောင်ဦးစီးအားလှမ်းသတင်းပို့သည်...
"ဒေးရေ...မင်းသားအငယ်ကောင်အိပ်ရာပေါ်မှာပဲရှိသေးတာ..."
"ဒီနှစ်လည်းအဲ့အချိုးကမပြင်ဘူးလား...ပစ်သာထားခဲ့လိုက်..."
"..."
"သားထည်အဝတ်အစားလည်း...Daddy တို့နဲ့လိုက်ခဲ့...အဲဒီဒေဝဒတ်လောင်းနားနေလို့ငါ့သားကုသိုလ်ရမှာမဟုတ်ဘူး..."
ဖေဖေ့အော်သံအဆုံးမှာအခန်းတံခါးဝနားထိရောက်လာကာဘုရားလိုက်ဖို့ခေါ်နေသောDaddy...သူနှင့်တူတာပါဟုအပေါင်းအသင်းတွေကြားကြွားလေ့ရှိသောဇကအခုတော့သူ့သားမဟုတ်ဟန်...
"ထည်...မင်းမလိုက်ရဘူး..."
လူကသာကုတင်ပေါ်မှာအမိန့်ကအခန်းတံခါးဝထိရောက်သည်...အတူတူသွားမယ်ဆိုတော့လည်းမထ...လိုက်သွားမယ်ဆိုတော့လည်းမဟုတ်ရပြန်...
"သူများကုသိုလ်ရေးလုပ်မှာကိုမနှောင့်ယှက်ရဘူးဆိုတာမသိရအောင်မင်းကစာမတတ်ပေမတတ်လား...ခန့်တေဇကို..."
"ကုသိုလ်ဆိုတာဘုရားသွားမှရမဲ့အမျိုးမဟုတ်ကြောင်းတစ်ချို့တောသားတွေနားလည်အောင်ရှင်းပြလို့မရဘူးDaddy..."
ဒီသားနဲ့ဒီအဖေထိပ်တိုက်တွေ့ပြီဆိုငိုအားထက်ရယ်အားသန်ရတာအမြဲ...ဒေးတေဇရဲ့ဘဝမကူးတဲ့ဝဋ်ကြွေးတွေဆိုတာသိပ်ကိုလှပလွန်းသည်...
"ခန့်တေဇကို...မင်း..."
"တီ...တီ...တီ"
နံနက်စောစောစီးစီးသားငယ်နဲ့အပြိုင်စကားနိုင်လုဖို့ပြင်နေသည့်ဒေးအားတားဆီးလိုက်သောဖုန်းသံ...
"ဟဲလို..."
"..."
"မရောက်သေးဘူး...မင်းသားအငယ်ကောင်ပြသနာရှာနေလို့..."
"..."
"မင်းလည်းအမြဲအဲ့ကောင်ဘက်ကပဲလား...ပြေပိုက်မိုး...တစ်ခါလောက်လေးငါ့ကိုအပြစ်မပြောဘဲနေပေးလို့မရဘူးလား..."
ဒီစကားအသွားအလာအရဆိုသေချာသည်ဒီဖုန်းကောသည်ပိုက်ဆီကဖြစ်မည်...
"ငါ့ကိုဆရာမလုပ်နဲ့...အခုထွက်ခဲ့မယ်...အနွေးထည်ဝတ်ထားရဲ့လား..."
"..."
"ပြီးရော...မင်းသားကိုမင်းဘာမင်းလှမ်းနိုး...ငါကသိုင်းပဲခေါ်လာမှာ...ဒါပဲ"
ပိုက်နဲ့ဖုန်းပြောအပြီးသွားရအောင်ဆိုတဲ့အထာနဲ့လက်ကိုဆွဲကိုင်လာသူဒေးကြောင့်သားတို့တောင်မနှုတ်ဆက်မိ...ဒီတိုင်းလိုက်လာမိသည်...သင်္ကြန်မတိုင်ခင်ကတည်းကသာသနာ့ဘောင်ဝင်နေသောပိုက်ကဒီနေ့လူထွက်မည်ဖြစ်သောကြောင့်စီစဉ်ထားတဲ့အတိုင်းပဲဘုရားအရင်သွားပြီးမှပိုက်ဆီသွားမလား...ဒါမှမဟုတ်ပိုက်ဆီအရင်သွားမလားဆိုတဲ့အကြောင်းကားပေါ်ရောက်မှမေးမိသည်...
"ဘယ်သွားမှာလဲ...ဒေး..."
"ဟင်...ဘုရားသွားမယ်လေ...ပိုက်တို့ရောက်နေပြီပြောတယ်..."
"2 နာရီမှလူထွက်မှာဆို...ဘာလို့အစောကြီး...အခုမှ7နာရီတောင်မထိုးသေးဘူး..."
"နေသိပ်မကောင်းလို့ဦးနိုင်စိတ်ပူပြီးအစောကြီးသွားခေါ်ထားတာဖြစ်မယ်..."
"ဟုတ်လား...ဘာဆေးသောက်ထားတယ်တဲ့လဲ..."
"ဆေးသောက်ထားတယ်လို့တော့ပြောတယ်...ဘာဆေးလဲတော့မမေးမိဘူး..."
"အဲဒါဆိုခဏရပ်ဦး...ငါဆေးယူခဲ့လိုက်ဦးမယ်..."
စကားဆုံးတာနဲ့ခြံဝကျော်နေပြီဖြစ်တဲ့ကားလေးရပ်တန့်သွားသည်...ဆယ်စုနှစ်၄နှစ်ကျော်လာသည့်တိုင်အောင်အိုဟောင်းမသွားတဲ့အရာတွေထဲကျွန်တော်တို့သံယောဇဉ်တွေပါဝင်သည်...
"သိုင်း...နှာစေးချောင်းဆိုးတဲ့နော်..."
.
.
.
.
.
"ဘာတွေကြည့်ပြီးပြုံးနေတာလဲ..."
ဖုန်းစကရင်ကိုကြည့်ရင်းတစ်ယောက်တည်းပြုံးနေတဲ့သိုင်းအနားညအိပ်ဝတ်စုံလျိုလျက်တိုးကပ်သွားတော့လက်ထဲကဖုန်းကိုချကာကြယ်သီးတွေတပ်ကူလာသည်...
"နေ့လည်ကဓာတ်ပုံတွေလေ..."
"အင်း..."
"ကြည့်ရတာကြည်နူးဖို့ကောင်းတယ်..."
"ဟုတ်လား..."
နောက်ဆုံးသောကြယ်သီးကိုတပ်ပေးပြီးဖုန်းပြန်ကောက်ကိုင်ကာကိုယ့်ကိုပြနေတာမို့ကြည့်မိတော့...မဟာမုနိပရဝုဏ်အတွင်းနှစ်စဉ်ကုသိုလ်လုပ်ဖြစ်တဲ့စတုဒီသာမဏ္ဌပ်မှာတုန်းကကိုယ်တို့ပုံတွေ...ဟင်းချိုင့်ကိုင်လျက်ဟင်းလိုက်နေသောသားငယ်ပုံအလှည့်ရောက်တော့ကြည်ကြည်နူးနူးကိုယ်ပြုံးမိသည်ထင်သည်...ဒါကိုသိသွားသောသိုင်းကစနောက်ကာစကားဆိုလာသည်...
"သားတို့ရေကန်တော့တုန်းကဒီလိုပြုံးပြီးဆုပေးတော့ဘာဖြစ်မှာကျ..."
"..."
"ကိုယ်ဆုပေးပါတယ်ကွာ..."
"ဒါပေမဲ့ပြုံးမှမပြုံးတာ...သားငယ်စိတ်ထဲခုနေရင်ဘယ်လိုလုပ်မလဲ..."
"မင်းသားလားကိုယ့်ကိုစိတ်ခုနေဖို့အားမှာ...တစ်နေ့တစ်နေ့သားထည်ကိုဘယ်လိုပြသနာရှာရမလဲစဉ်းစားနေရတာနဲ့..."
"ဒေးရာ...သားငယ်ကမင်းကိုချစ်ပါတယ်..."
"ရော်...ကိုယ်ကရောမချစ်ဘူးလို့ပြောနေလို့လား...ကိုယ်နဲ့သားငယ်နဲ့အဆင်ပြေနေရင်မင်းတို့လေးတွေပျင်းနေရမှာစိုးလို့..."
"ဆင်ခြေတွေ...ကလေးတွေကိုစိတ်ချမ်းသာအောင်ထားပါ...ဦးဒေးတေဇ..."
"အဲဒါဆိုကိုယ့်ကိုကျဘယ်သူကစိတ်ချမ်းသာအောင်ထားမှာလဲ..."
"..."
ခပ်ပြုံးပြုံးပြောလာတဲ့သူ့စကားအားနားလည်လာတာနဲ့အမျှရှောင်ထွက်ဖို့ကြိုးစားတဲ့အခိုက်အတန့်...သူရင်ခွင်ကျယ်ထဲအားတစ်ဖန်ဆွဲသွင်းခံရပြန်သည်...နှုတ်ခမ်းသားတစ်ဝိုက်ဆီနူးနူးညံ့ညံ့အတွေ့အထိတစ်ခုလာရောက်ခိုနားချိန်...နှလုံးသားထဲမှစက္ကန့်တွေဘယ်လောက်ကြာမလဲရေတွက်နေမိသည်...အဲဒီအခိုက်အတန့်မှာပဲ...ကတုံးလေးနဲ့ကောင်လေးပေါ်ကနေရောင်အားသူ့လက်နှစ်ဖက်နဲ့ကာကွယ်ပေးထားသောဒေးပုံရိပ်ကိုမတော်တဆဓာတ်ဖမ်းထားမိသည့်စကရင်ပေါ်ကပုံရိပ်လေး...အမှတ်တမဲ့ဆိုပေမဲ့ဒေးအကြည့်တွေကသားတစ်ယောက်အပေါ်စိတ်ပူနေသည့်အဖေတစ်ယောက်လိုမေတ္တာတွေပါဝင်နေမှန်းခံစားလို့ရသည်...
.
.
.
.
.
"သာဓု...သာဓု...သာဓု...ဤသို့ကန်တော့ရသောအကျိုးအားကြောင့်..."
"ထည့်..."
"ဟောဗျာ...ဆုတောင်ဆုံးအောင်မပေးရဘူး..."
နှစ်ဖက်သောအဘိုးအဘွားတွေနဲ့မိဘတွေကိုနှစ်သစ်ကူးမှာကန်တော့ပြီးသကာလ...ကိုယ့်အပေါ်လုပ်ထားတဲ့အပြစ်တွေအတွက်ဝန်ချတောင်းပန်ပါတယ်ဟုဆိုကာကန်တော့လာသောဇ...ဆုတောင်ဆုံးအောင်မပေးရသေးရင်ခွင်ထဲတိုးဝင်လာကာလည်ပင်းကိုပွတ်သီးပွတ်သပ်လာလုပ်နေပြန်တာမို့...
"ဇ...တော်ပြီကွာ..."
"နောက်ဆိုမဆိုးတော့ဘူး...ငါ့ကိုစိတ်မကုန်ရဘူးနော်..."
ဟော...တစ်နှစ်မှတစ်ခါဝင်တဲ့အသိတရားလေးမို့နဖူးကိုတစ်ချက်နမ်းရင်းအသိအမှတ်ပြုမိသည်...လေးရက်ဆက်တိုက်မနားမနေသောက်ထားသည့်အရှိန်နှင့်လူကထမင်းမဝင်ပဲနည်းနည်းတောင်ပိန်သွားသလို...ပွဲတိုင်းမဟုတ်ပေမဲ့သင်္ကြန်နဲ့ပတ်သက်ရင်ဇကမရ...အချစ်ကြီးလွန်းသည်...မန်းမြေသားစစ်တော့ပိုဆိုးသည်...အဝေးရောက်နေရင်တောင်သင်္ကြန်ကိုမန္တလေးပြန်ရမှ...နို့မို့ဆိုသူ့မှာနေမထိထိုင်မသာ...အပေါင်းအသင်းတွေနဲ့တွေ့ရင်ရေသောက်သလိုဘီယာသောက်တတ်တဲ့အကျင့်ကြောင့်သင်္ကြန်တွင်းနိုင်ငံခြားခရီးသွားဖို့တစ်ခါပြောတုန်းကပြသနာတက်ရသည်...အဲဲဒီနောက်ကတည်းကသင်္ကြန်ဆိုဘယ်သွားဖို့မှစကားမဟဖြစ်...ကိုယ်တိုင်ပျော်တာမပျော်တာထက်သူ့ပျော်ရွှင်မှုလေးအလွန်အကျွံမဖြစ်ဖို့ထိန်းကျောင်းရင်းသာကုန်ဆုံးရတာများသည်...
"နောက်နှစ်သင်္ကြန်ထိ No Drink & No Fight နော်..."
မတည်နိုင်တဲ့ကတိမှန်းသိပေမဲ့နှစ်စဉ်ဒီညရောက်တိုင်းတောင်းဖြစ်သည်...ဆိုးသွမ်းပြီးအချုပ်ထဲရောက်နေတာမဟုတ်ပေမဲ့အရည်ဝင်ရင်ဆတ်ဆတ်ထိမခံတဲ့သူ့အကျင့်အကြောင့်အသောက်နောက်ကရန်ပွဲကကပ်ပါပြီးသားမို့စိုးရိမ်ရသည်...
"အင်း...လက်ကနာသေးလား..."
အတက်နေ့...လည်တုန်းကအသိညီလေးတစ်ယောက်သူ့ကားပေါ်ကနေလှမ်းနှုတ်ဆက်တာကိုမမြင်မိတဲ့အခိုက်အတန့်...ကိုယ့်ကားပေါ်အထိလာပြီးနှုတ်ဆက်တာကိုပြန်ဖက်မိလိုက်တဲ့အချိန်သွေးဆူနေတဲ့ဇကဝင်ဆွဲထိုးသည်...အလွန်အကျွံတွေဖြစ်မှာမို့ဝင်ဆွဲရင်းဇထိုးလိုက်တဲ့လက်သီးကဟိုကလေးမျက်နှာဆီမရောက်ပဲကြားကကိုယ့်လက်အားဝင်နမ်းသွားသည်...
"မနာပါဘူး...နောက်ဆိုအဲလိုစိတ်လိုက်မာန်ပါတွေမလုပ်နဲ့...တခြားသူတွေကိုအားနာဖို့ကောင်းတယ်..."
အင်းအဲမလုပ်ပဲလက်ကိုအသာနမ်းနေရင်းမျက်စိလှန်ကြည့်နေခြင်းကကောင်းတဲ့အရိပ်အယောင်မဟုတ်...သူမှားမှန်းသိနေရင်တောင်ကိုယ်ကသူ့ဘက်ရှိနေမှ...
"တောင်..."
ရုတ်တရက်ထမြည်လာတဲ့ Msg သံကြောင့်အာရုံပြောင်းသွားပြီထင်ရပေမဲ့ဇကောက်ကိုင်တာကကိုယ့်ဖုန်းမို့ Operator တစ်ခုခုဆီက Msg ဖြစ်ဖို့ပဲဆုတောင်းမိသည်...
"တောက်..."
Fingerprint ချထားတဲ့ဖုန်းမို့ကိုယ့်လက်တစ်ဖက်ကိုဆွဲယူကာဖုန်းကိုပွင့်စေပြီးတဲ့နောက်သူ့ဆီကထွက်လာတဲ့အသံ...ရုတ်တရက်ပစ်ပေးလာတဲ့ဖုန်းကိုလှမ်းဖမ်းရင်းဇအားထိုသို့ဖြစ်စေတဲ့အရာကိုကြည့်မိတော့...
"လက်ကနာနေသေးလား...အစ်ကို...ကျွန်တော်ဆေးလာပို့ရမလား..."
ဆိုတဲ့ Msg တစ်စောင်...
"ဇ..."
ကားသော့ကောက်ကိုင်လျက်အပြင်ထွက်ဖို့ပြင်နေသူအားနောက်ကပြေးဆွဲရတာမသက်မသာ...မဖြစ်ဘူးလေ...နှစ်အစမှာအဆင်မပြေရင်တစ်နှစ်လုံးအဆင်ပြေမှာမဟုတ်ဘူးတဲ့...လူကြီးတွေပြောတာကျွန်တော်ကြားဖူးတယ်...
🙂🙂🙂🙂🙂
Happy Myanmar New Year To You All...