#Unicode
ရှင်းသန့် မှတ်တိုင်မှာ ကားစောင့်နေတုန်း လမ်းတစ်ဖက်မှာ
လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
ကိုကိုပါလား... ဟင် ကိုကို့ဘေးမှာက ကောင်လေးတစ်ယောက်။ ကိုကိုက ထိုကောင်လေးလက်ကို ယုယုယယကိုင်ကာ အပြုံးများဖြင့် ကြည်နူးနေသည့်ပုံ၊ ထိုကောင်လေးကလဲ ကိုကို့ပုခုံးပေါ် ခေါင်းလေးမှီရင်း လမ်းလှျှောက်နေသည်။
ထိုကောင်လေးကို ရှင်းသန့်
သေချာကြည့်လိုက်ရာ
အံ့သြခြင်း၊ မယုံနိုင်ခြင်းများစွာနဲ့အတူ လက်ထဲရှိ ဆန်ပြုတ်ဘူးလေး လွတ်ကျကာ မြေပေါ်တွင် ဆန်ပြုတ်များ နေရာယူသွားတော့သည်။
..............................
ဝေယံမောင်...ဟုတ်ပါသည်။ ကိုကို့ဘေးမှာရှိနေသော ထိုကောင်လေးသည် ဝေယံမောင် ဆိုတဲ့ နှစ်ယောက်မရှိသော သူ၏အချစ်ဆုံးသူငယ်ချင်း။
ကိုကိုနဲ့သူက ဘယ်လိုကနေ ဘယ်လို?
ရှင်းသန့် တစ်ဖက်လမ်းသို့ အမြန်ကူးလာလိုက်ကာ
ကိုကိုတို့နှစ်ယောက်ရှေ့မှ ပိတ်ရပ်လိုက်သည်။
"ကိုကို ဒါဘာသဘောလဲ? ကိုကိုနဲ့သူက?"
ရှင်းသန့် အသံများပင်တုန်နေပေသည်။
"ကို...သူနဲ့ အပြတ်ဖြတ်ထားလို့ ဝေယံပြောထားတယ်လေ။ ဘာလဲ ဝေယံ့စကားကို အရေးမစိုက်တာလား?"
"ရှင်းသန့် မင်းနဲ့ငါ ပြတ်ပြီလို့ ဟိုနေ့ကတည်းက ပြောခဲ့တာနော်။လာမနွယ်နဲ့ အာရုံနောက်တယ်"
"ရှင်းရေ...ကြားတယ်နော်။ လစ်လိုက်တော့ ရှင်း
နင်ငါ့ကို ဆက်ခင်သေးတယ်ဆိုရင်ပေါ့"
ဖြန်း...
ရှင်းသန့် မောင့်ပါးကို ရိုက်ချလိုက်ခြင်းသာ...
"မောင် တစ်ကယ်လုပ်ရက်တယ်။ ငါ့မှာတော့ အချစ်ဆုံးသူငယ်ချင်းဆိုပြီး အရာရာ မထိန်ချန်ပဲ ပြောပြပြီး ယုံကြည်ခဲ့လိုက်ရတာ။ မောင်ကတော့
အပြုံးတစ်ချက်မပြတ်ပဲ ငါ့နောက်ကျောကို ဓားနဲ့ ထိုးရက်တယ်"
"တန်ပါတယ်။ငါ ဘာမှပြန်မလုပ်ဘူးနော် ရှင်း။
နင့်ရဲ့ကိုကို ကို ငါ့ရဲ့ ကို အဖြစ် ပြောင်းလဲခြင်းအတွက် ဒါက အဖိုးအခလို့ပဲ
ငါ မှတ်ယူလိုက်မယ်။ Bye"
အပြုံးတစ်ချက်မပြတ်ပဲ ကိုကို့လက်ကိုဆွဲကာ မောင်ထွက်သွားလေပြီ။
ဟုတ်ပါသည် ရှင်းသန့် ဝေယံမောင့်ကို
မောင်လို့ပဲ ခေါ်ခဲ့သည်။ ရှင်းသန့်တို့ ခင်ခဲ့တာ ဟိုးးးမူကြိုဘဝကတည်းက ခုထိပင်။
ငယ်သံယောဇဉ်ကိုမှ မထောက် ဝေယံမောင်တစ်ယောက် ရှင်းသန့်အား သစ္စာဖောက်ခဲ့လေသည် ။
ရှင်းသန့် မယုံနိုင်ခြင်းများစွာဖြင့် လမ်းမပေါ်
ထိုင်ချမိသည်အထိ ခံပြင်းနေခဲ့သည် ။
ငိုချင်နေသော်လည်း မျက်ရည်က ကျမလာ ။
ရင်ဘတ်တစ်နေရာရာမှာ အလုံးကြီးတစ်လုံးပိတ်ဆို့နေသလို အရမ်းခံစားရခက်သည် ။
ကိုယ်ချစ်သောသူနှင့် အချစ်ဆုံးသူငယ်ချင်းတို့၏
တစ်ပြိုင်နက်တည်း သစ္စာဖောက်ခြင်း ခံလိုက်ရမှုက ရှင်းသန့်အား အတော်အထိနာစေသည်။
"မဖြစ်ဘူး ။ကိုမိုးမြင့်မားဆီ သွားရဦးမယ်။
ဒီလို ပျော့ညံ့မနေနဲ့ ။ဆေးရုံကိုသာ အားတင်းပြီး သွားစမ်း ရှင်းသန့်လင်း"
ရှင်းသန့် မိမိကိုယ်ကိုယ် အားပေးကာ ယိုင်နဲ့သော ခြေလှမ်းများဖြင့် ဆေးရုံသို့ ထွက်လာခဲ့သည်။
ဆေးရုံရောက်တော့လည်း လူနာခုတင်တွင်
ကိုမိုးမြင့်မား ရှိမနေ။
ထိုစဉ် ရှင်းသန့်ဖိနပ်အောက်မှ စက္ကူလေး တစ်ရွက် ထိုစက္ကူပေါ်တွင် ရေးထားသည်က
"ကိုမိုး ဆေးရုံမှာနေရတာ မလုံခြုံတော့ဘူး
ကိုမိုးတို့ဆုံခဲ့တဲ့ ပန်းခြံက ခုံလေးကို လာခဲ့ပေးပါ"
ွှွှွှွှွှွှရှင်းသန့် စာထဲကအတိုင်း ပန်းခြံက ခုံလေးဆီသာ လာခဲ့လိုက်သည်။ တွေ့ပါပြီ ဆေးရုံအဝတ်အစားနဲ့
ခုံမှာ ထိုင်နေသော ကိုမိုး ကို။
"ကိုမိုး..."
ရှင်းသန့် ကိုမိုးရင်ခွင်ထဲ အပြေးဝင်ကာ တအီးအီးနဲ့
ငိုချလိုက်တော့သည်။
"ရှင်းသန့်လေး ဘာဖြစ်လာတာလဲ။ ဘာလို့ ငိုနေရတာလဲ"
" ကိုမိုး...😢😢
ကျွန်တော် နောက်ကျောဓားနဲ့ထိုးခံလိုက်ရတယ်။ ကိုမိုး အချစ်ဆုံးသူငယ်ချင်းက ကျွန်တော့်ချစ်သူကို
လုယူသွားပြီ ကိုမိုး 😢😢"
ိမိုးမြင်းမားတစ်ယောက် ရှင်းသန့်ကျောလေးကို
ပွတ်ပေးနေကာ
"ငိုချင်ရင် အားရပါးရသာ ငိုချလိုက်ပါ။ ရှင်းသန့်ငိုဖို့ ကိုမိုးရင်ခွင်ကို ကိုမိုးငှားပေးပါ့မယ် ရှင်းသန့်ရယ်"
အဟမ်း...
ချောင်းဟန့်သံတစ်ချက် နှစ်ယောက်စလုံး ထိုအသံလာရာ ကြည့်လိုက်တော့...
ဘုန်းထည်ဝါဆီမှ ဖြစ်နေသည် ။
"ဟင် ကိုဘုန်းက ဘယ်လိုလုပ်..."
ရှင်းသန့် မျက်ရည်များ သုတ်ရင်းပြောနေသည်။
"ကိုဘုန်းက အိမ်က ယောကျ်ား မသိအောင် ခိုးထွက်လာတာ ။ရှင်းသန့်နဲ့ကိုမိုးကို တွေ့ချင်လို့
ဆေးရုံလိုက်လာတာ ။ဆေးရုံမှာ ကိုမိုးနဲ့ ရှင်းသန့်ရှိမနေဘူးလေ။ ဆေးရုံမှာတွေ့ခဲ့တဲ့ ဒီစာရွက်လေးကြောင့် ဒီနေရာကို လိုက်လာတာ..."
ဘုန်းထည်ဝါ စာရွက်လေးကို
မြှောက်ပြလိုက်သည်။
"ကိုဘုန်းမှာ ယောကျ်ားရှိတယ်...😱"
ရှင်းသန့်နဲ့မိုးမြင့်မား အံ့သြတကြီး ရေရွတ်လိုက်ကြသည်။
"ဟုတ်တယ်လေ။ကိုဘုန်းအချစ်မပါပဲ လက်ထပ်လိုက်ရတာ ကိုဘုန်းက မိသားစုအတွက်တော့လူပိုလေ။ ဒါကြောင့် မိသားစုအမြင်ကြည်အောင် လက်ထပ်လိုက်ရတာ"
"ဒါနဲ့ ရှင်းသန့်က ကိုမိုးရင်ခွင်ထဲမှာ ဘာကြောင့်ငိုနေရတာလဲ"
"နောက်ကျောဓားနဲ့ထိုးခံရတာရယ်၊ ဆေးရုံမှာတောင် အေးဆေးမနေရတဲ့ ကိုမိုးရဲ့ အဖြစ်ကို သနားတာရယ်ကြောင့် ငိုလိုက်တာ"
"Aww ဒီလိုကိုး...
ကိုမိုးကရော ဘာကြောင့် ဆေးရုံအဝတ်အစားတောင်မလဲနိုင်ပဲ ဒီနေရာလေးကို ရောက်နေရတာလဲ"
ဘုန်းထည်ဝါ မေးခွန်းတွေသာ တရစပ်မေးနေသည်။
"ကိုမိုး အလုပ်လုပ်တဲ့ဆီက ဆိုင်ရှင်က ကိုမိုးက ဒီဆေးရုံမှာတက်နေတယ်ဆိုတာ သိသွားလို့၊ ကိုမိုးကို လိုက်ရှာနေလို့ ကိုမိုး ဒီနေရာလေးမှာ လာရှောင်နေတာပဲ"
"ဆိုင်ရှင်က ကိုမိုးကို ဘာကြောင့်လိုက်ရှာနေတာ?"
ထည်ဝါနဲ့ရှင်းသန့်ဆီမှ တစ်ပြိုက်နက် မေးလာခြင်း...
ကိုမိုး ပြောပြမယ်...
ကိုမိုးက ရရာအလုပ် အကုန်လုပ်တယ်။
သူ့ဆိုင်က စားသောက်ဆိုင် အသေးစားလေး။
ဒါပေမယ့် စားသောက်ဆိုင်ကို ဗန်းပြပြီး နောက်ကွယ်မှာ ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတာ ကိုမိုး သိခဲ့ရတယ်။ကိုမိုး ဘာကြောင့် ဒဏ်ရာတွေနဲ့ ထွက်ပြေးလာသလဲ သိရဲ့လား?
ကိုမိုးကို နှိပ်စက်ညှင်းပန်းပြီး မုဒိန်းကျင့်ဖို့ ကြိုးစားလို့ ။ကိုမိုး ထွက်ပြေးခဲ့ရတာပဲ ။
ကိုမိုး သူ့ကို လုံးဝမကျေနပ်ဘူး။
ရှင်းသန့်လဲ ဟိုနှစ်ယောက်ကို လုံးဝမကျေနပ်ဘူး။
ထည်ဝါလဲ အိမ်ကယောကျ်ားကို လုံးဝမကျေနပ်ဘူး။
တစ်ယောက်ချင်းစီထံမှ မကျေနပ်ချက်များ ထွက်ကျလာပြီးနောက်...
"ဒါဆို တို့သုံးယောက်ပေါင်းပြီး လက်စားချေကြစို့"
ထည်ဝါ စကား စ လိုက်သည်နှင့်...
အိုကေ ။ဒါဆို လက်စားချေကလပ်ရဲ့ နာမည်က?
👉 3G 👈
Thank You All😍😘
TSA
#Zawgyi
ရွင္းသန္႔ မွတ္တိုင္မွာ ကားေစာင့္ေနတုန္း လမ္းတစ္ဖက္မွာ
လူႏွစ္ေယာက္ကို ေတြ႕လိုက္ရသည္။
ကိုကိုပါလား... ဟင္ ကိုကို႔ေဘးမွာက ေကာင္ေလးတစ္ေယာက္။ ကိုကိုက ထိုေကာင္ေလးလက္ကို ယုယုယယကိုင္ကာ အျပံဳးမ်ားျဖင့္ ၾကည္ႏူးေနသည့္ပံု၊ ထိုေကာင္ေလးကလဲ ကိုကို႔ပုခံုးေပၚ ေခါင္းေလးမွီရင္း လမ္းေလွွ်ာက္ေနသည္။
ထိုေကာင္ေလးကုိ ရွင္းသန္႔
ေသခ်ာၾကည့္လို္က္ရာ
အ့ံၾသျခင္း၊ မယံုႏိုင္ျခင္းမ်ားစြာနဲ႔အတူ လက္ထဲရိွ ဆန္ျပဳတ္ဘူးေလး လြတ္က်ကာ ေျမေပၚတြင္ ဆန္ျပဳတ္မ်ား ေနရာယူသြားေတာ့သည္။
..............................
ေဝယံေမာင္...ဟုတ္ပါသည္။ ကိုကို႔ေဘးမွာရိွေနေသာ ထိုေကာင္ေလးသည္ ေဝယံေမာင္ ဆိုတ့ဲ ႏွစ္ေယာက္မရိွေသာ သူ၏အခ်စ္ဆံုးသူငယ္ခ်င္း။
ကိုကိုနဲ႔သူက ဘယ္လိုကေန ဘယ္လို?
ရွင္းသန္႕ တစ္ဖက္လမ္းသို႔ အျမန္ကူးလာလိုက္ကာ
ကိုကုိတို႔ႏွစ္ေယာက္ေရွ႕မွ ပိတ္ရပ္လိုက္သည္။
"ကိုကို ဒါဘာသေဘာလဲ? ကိုကိုနဲ႔သူက?"
ရွင္းသန္႔ အသံမ်ားပင္တုန္ေနေပသည္။
"ကို...သူနဲ႔ အျပတ္ျဖတ္ထားလို႔ ေဝယံေျပာထားတယ္ေလ။ ဘာလဲ ေဝယံ့စကားကို အေရးမစိုက္တာလား?"
"ရွင္းသန္႔ မင္းနဲ႔ငါ ျပတ္ျပီလို႔ ဟိုေန႔ကတည္းက ေျပာခ့ဲတာေနာ္။လာမႏြယ္နဲ႔ အာရံုေနာက္တယ္"
"ရွင္းေရ...ၾကားတယ္ေနာ္။ လစ္လုိက္ေတာ့ ရွင္း
နင္ငါ့ကို ဆက္ခင္ေသးတယ္ဆိုရင္ေပါ့"
ျဖန္း...
ရွင္းသန္႔ ေမာင့္ပါးကို ရိုက္ခ်လိုက္ျခင္းသာ...
"ေမာင္ တစ္ကယ္လုပ္ရက္တယ္။ ငါ့မွာေတာ့ အခ်စ္ဆံုးသူငယ္ခ်င္းဆိုျပီး အရာရာ မထိန္ခ်န္ပဲ ေျပာျပျပီး ယံုၾကည္ခ့ဲလိုက္ရတာ။ ေမာင္ကေတာ့
အျပံဳးတစ္ခ်က္မျပတ္ပဲ ငါ့ေနာက္ေက်ာကို ဓားနဲ႔ ထိုးရက္တယ္"
"တန္ပါတယ္။ငါ ဘာမွျပန္မလုပ္ဘူးေနာ္ ရွင္း။
နင့္ရဲ႕ကိုကို ကို ငါ့ရဲ႕ ကို အျဖစ္ ေျပာင္းလဲျခင္းအတြက္ ဒါက အဖိုးအခလို႔ပဲ
ငါ မွတ္ယူလိုက္မယ္။ Bye"
အျပံဳးတစ္ခ်က္မျပတ္ပဲ ကိုကို႔လက္ကိုဆြဲကာ ေမာင္ထြက္သြားေလျပီ။
ဟုတ္ပါသည္ ရွင္းသန္႔ ေဝယံေမာင့္ကို
ေမာင္လို႔ပဲ ေခၚခ့ဲသည္။ ရွင္းသန္႔တို႔ ခင္ခ့ဲတာ ဟိုးးးမူၾကိဳဘဝကတည္းက ခုထိပင္။
ငယ္သံေယာဇဥ္ကိုမွ မေထာက္ ေဝယံေမာင္တစ္ေယာက္ ရွင္းသန္႔အား သစၥာေဖာက္ခ့ဲေလသည္ ။
ရွင္းသန္႔ မယံုႏိုင္ျခင္းမ်ားစြာျဖင့္ လမ္းမေပၚ
ထိုင္ခ်မိသည္အထိ ခံျပင္းေနခ့ဲသည္ ။
ငိုခ်င္ေနေသာ္လည္း မ်က္ရည္က က်မလာ ။
ရင္ဘတ္တစ္ေနရာရာမွာ အလံုးၾကီးတစ္လံုးပိတ္ဆုိ႔ေနသလို အရမ္းခံစားရခက္သည္ ။
ကိုယ္ခ်စ္ေသာသူႏွင့္ အခ်စ္ဆံုးသူငယ္ခ်င္းတို႔၏
တစ္ျပိဳင္နက္တည္း သစၥာေဖာက္ျခင္း ခံလိုက္ရမႈက ရွင္းသန္႔အား အေတာ္အထိနာေစသည္။
"မျဖစ္ဘူး ။ကိုမိုးျမင့္မားဆီ သြားရဦးမယ္။
ဒီလို ေပ်ာ့ညံ့မေနနဲ႔ ။ေဆးရံုကိုသာ အားတင္းျပီး သြားစမ္း ရွင္းသန္႔လင္း"
ရွင္းသန္႔ မိမိကိုယ္ကိုယ္ အားေပးကာ ယိုင္နဲ႔ေသာ ေျခလွမ္းမ်ားျဖင့္ ေဆးရံုသို႔ ထြက္လာခ့ဲသည္။
ေဆးရံုေရာက္ေတာ့လည္း လူနာခုတင္တြင္
ကိုမိုးျမင့္မား ရိွမေန။
ထိုစဥ္ ရွင္းသန္႔ဖိနပ္ေအာက္မွ စကၠဴေလး တစ္ရြက္ ထိုစကၠဴေပၚတြင္ ေရးထားသည္က
"ကိုမိုး ေဆးရံုမွာေနရတာ မလံုျခံဳေတာ့ဘူး
ကိုမိုးတို႔ဆံုခ့ဲတ့ဲ ပန္းျခံက ခံုေလးကို လာခ့ဲေပးပါ"
ႊႊႊႊႊႊရွင္းသန္႔ စာထဲကအတိုင္း ပန္းျခံက ခံုေလးဆီသာ လာခ့ဲလိုက္သည္။ ေတြ႕ပါျပီ ေဆးရံုအဝတ္အစားနဲ႔
ခံုမွာ ထိုင္ေနေသာ ကိုမိုး ကို။
"ကိုမိုး..."
ရွင္းသန္႔ ကိုမိုးရင္ခြင္ထဲ အေျပးဝင္ကာ တအီးအီးနဲ႔
ငုိခ်လိုက္ေတာ့သည္။
"ရွင္းသန္႔ေလး ဘာျဖစ္လာတာလဲ။ ဘာလို႔ ငိုေနရတာလဲ"
" ကိုမိုး...😢😢
ကြ်န္ေတာ္ ေနာက္ေက်ာဓားနဲ႔ထိုးခံလိုက္ရတယ္။ ကိုမိုး အခ်စ္ဆံုးသူငယ္ခ်င္းက ကြ်န္ေတာ့္ခ်စ္သူကို
လုယူသြားျပီ ကိုမိုး 😢😢"
ိမိုးျမင္းမားတစ္ေယာက္ ရွင္းသန္႕ေက်ာေလးကို
ပြတ္ေပးေနကာ
"ငိုခ်င္ရင္ အားရပါးရသာ ငိုခ်လိုက္ပါ။ ရွင္းသန္႔ငိုဖို႔ ကိုမိုးရင္ခြင္ကို ကိုမိုးငွားေပးပါ့မယ္ ရွင္းသန္႔ရယ္"
အဟမ္း...
ေခ်ာင္းဟန္႕သံတစ္ခ်က္ ႏွစ္ေယာက္စလံုး ထိုအသံလာရာ ၾကည့္လိုက္ေတာ့...
ဘုန္းထည္ဝါဆီမွ ျဖစ္ေနသည္ ။
"ဟင္ ကိုဘုန္းက ဘယ္လိုလုပ္..."
ရွင္းသန္႔ မ်က္ရည္မ်ား သုတ္ရင္းေျပာေနသည္။
"ကိုဘုန္းက အိမ္က ေယာက်္ား မသိေအာင္ ခိုးထြက္လာတာ ။ရွင္းသန္႔နဲ႔ကိုမိုးကို ေတြ႕ခ်င္လို႔
ေဆးရံုလိုက္လာတာ ။ေဆးရံုမွာ ကိုမိုးနဲ႔ ႐ွင္းသန္႔ရိွမေနဘူးေလ။ ေဆးရံုမွာေတြ႕ခ့ဲတဲ့ ဒီစာရြက္ေလးေၾကာင့္ ဒီေနရာကို လုိက္လာတာ..."
ဘုန္းထည္ဝါ စာရြက္ေလးကို
ေျမႇာက္ျပလိုက္သည္။
"ကိုဘုန္းမွာ ေယာက်္ားရိွတယ္...😱"
ရွင္းသန္႔နဲ႔မိုးျမင့္မား အ့ံၾသတၾကီး ေရရြတ္လိုက္ၾကသည္။
"ဟုတ္တယ္ေလ။ကိုဘုန္းအခ်စ္မပါပဲ လက္ထပ္လိုက္ရတာ ကိုဘုန္းက မိသားစုအတြက္ေတာ့လူပိုေလ။ ဒါေၾကာင့္ မိသားစုအျမင္ၾကည္ေအာင္ လက္ထပ္လိုက္ရတာ"
"ဒါနဲ႔ ရွင္းသန္႔က ကိုမိုးရင္ခြင္ထဲမွာ ဘာေၾကာင့္ငိုေနရတာလဲ"
"ေနာက္ေက်ာဓားနဲ႔ထိုးခံရတာရယ္၊ ေဆးရံုမွာေတာင္ ေအးေဆးမေနရတ့ဲ ကိုမိုးရဲ႕ အျဖစ္ကို သနားတာရယ္ေၾကာင့္ ငိုလိုက္တာ"
"Aww ဒီလိုကိုး...
ကိုမိုးကေရာ ဘာေၾကာင့္ ေဆးရံုအဝတ္အစားေတာင္မလဲႏိုင္ပဲ ဒီေနရာေလးကို ေရာက္ေနရတာလဲ"
ဘုန္းထည္ဝါ ေမးခြန္းေတြသာ တရစပ္ေမးေနသည္။
"ကိုမိုး အလုပ္လုပ္တ့ဲဆီက ဆိုင္ရွင္က ကိုမိုးက ဒီေဆးရံုမွာတက္ေနတယ္ဆိုတာ သိသြားလို႔၊ ကိုမိုးကို လိုက္ရွာေနလို႔ ကိုမိုး ဒီေနရာေလးမွာ လာေရွာင္ေနတာပဲ"
"ဆိုင္ရွင္က ကိုမိုးကို ဘာေၾကာင့္လိုက္ရွာေနတာ?"
ထည္ဝါနဲ႔ရွင္းသန္႔ဆီမွ တစ္ျပိဳက္နက္ ေမးလာျခင္း...
ကိုမိုး ေျပာျပမယ္...
ကိုမိုးက ရရာအလုပ္ အကုန္လုပ္တယ္။
သူ႔ဆိုင္က စားေသာက္ဆိုင္ အေသးစားေလး။
ဒါေပမယ့္ စားေသာက္ဆိုင္ကို ဗန္းျပျပီး ေနာက္ကြယ္မွာ ဒုစရိုက္လုပ္ငန္းေတြ လုပ္ေနတာ ကိုမိုး သိခ့ဲရတယ္။ကိုမိုး ဘာေၾကာင့္ ဒဏ္ရာေတြနဲ႔ ထြက္ေျပးလာသလဲ သိရဲ႕လား?
ကိုမိုးကို ႏိွပ္စက္ညွင္းပန္းျပီး မုဒိန္းက်င့္ဖို႔ ၾကိဳးစားလို႕ ။ကိုမိုး ထြက္ေျပးခ့ဲရတာပဲ ။
ကိုမိုး သူ႔ကို လံုးဝမေက်နပ္ဘူး။
ရွင္းသန္႔လဲ ဟိုႏွစ္ေယာက္ကို လံုးဝမေက်နပ္ဘူး။
ထည္ဝါလဲ အိမ္ကေယာက်္ားကို လံုးဝမေက်နပ္ဘူး။
တစ္ေယာက္ခ်င္းစီထံမွ မေက်နပ္ခ်က္မ်ား ထြက္က်လာျပီးေနာက္...
"ဒါဆို တို႔သံုးေယာက္ေပါင္းျပီး လက္စားေခ်ၾကစို႔"
ထည္ဝါ စကား စ လိုက္သည္ႏွင့္...
အိုေက ။ဒါဆို လက္စားေခ်ကလပ္ရဲ႕ နာမည္က?
👉 3G 👈
Thank You All😍😘
TSA