●●●ZAWGYI●●●
အထိန္းေတာ္ ယန္း ႏွင့္ ယင္း တို႔သည္ မိန္ေကြ႔ ကို သူမအခန္းထဲတြင္ ျပင္ဆင္ေပးၿပီး ထြက္လာၾကသည္ႏွင့္ မိန္ေကြ႔ သည္လည္း စိုးထိတ္စျပဳလာသည္။ သူမသည္ ဂုဏ္အ႐ွိန္အဝါကို လိုခ်င္ခဲ့ေသာ္လည္း အိုမင္းေနသည့္သူႏွင့္ အတူမေနခ်င္ေပ။ ေတြးေတာေနရင္းႏွင့္ပင္ ဧကရာဇ္ေရာက္လာေတာ့မည္ကို သတိမျပဳမိလိုက္ေပ။
မိန္ေကြ႔ အိပ္ခန္းေဆာင္တြင္းသို႔ ဧကရာဇ္ ႂကြေရာက္လာေသာအခါ အထိန္းေတာ္ ယန္း ႏွင့္ ယင္း တို႔သည္ အ႐ိုအေသေပးၿပီး အခန္းျပင္သို႔ ထြက္လာခဲ့ၾကသည္။ အသင့္ျပင္ေပးထားေသာ အိပ္ရာခင္းထက္တြင္ ဧကရာဇ္ ထိုင္လိုက္ၿပီး မိန္ေကြ႔ ကို အနားလာရန္ ေခၚလိုက္သည္။ မိန္ေကြ႔ စိတ္မပါစြာ ဧကရာဇ္အနားတြင္ ထိုင္လိုက္သည္ႏွင့္ ဧကရာဇ္သည္ သူမလက္ေမာင္းကို ကိုင္လိုက္ၿပီး စကားဆိုေလသည္။
"မိန္ေကြ႔ .... မင္းက ႏွင္းဆီပန္းေလးလို အရမ္းလွတာပဲ ..... ကိုယ္ေတာ္ ေတြ႔ဖူးသမ်ွမိန္းကေလးေတြထဲမွာ မင္းကအလွဆံုးပဲ"
မိန္ေကြ႔ သည္ ထိုစကားႏွင့္ ဧကရာဇ္၏ ထိေတြ႔မႈတို႔ကို မလိုလားေသာေၾကာင့္ ႐ုန္းထြက္ခ်င္ေသာ္လည္း ဘုရင္အနားသို႔ပို၍တိုးကပ္လိုက္ၿပီး ႐ွက္ရြံ႔ဟန္ေဆာင္လိုက္ကာ အျပံဳးတုကို တပ္ဆင္လိုက္သည္။
"ေက်းဇူးႀကီးလွပါတယ္ အ႐ွင္မင္းႀကီး"
မိန္ေကြ႔ ႐ွက္ေသြးျဖာမႈကို ဧကရာဇ္ သေဘာက်စြာ ရယ္ေမာလိုက္သည္။
"မင္း အရမ္းလွတာပဲ ..... မင္းအသက္ ဘယ္ေလာက္႐ွိၿပီလဲ အရင္ကေရာ ေယာက္်ားတစ္ေယာက္နဲ႔ အတူ႐ွိေနဖူးလား"
ေနာက္ဆံုးစကားတြင္ အသံဖိကာေျပာလိုက္သည္ကို မိန္ေကြ႔ သတိျပဳမိလိုက္ၿပီး စိတ္ပ်က္စြာ ေတြးလိုက္သည္။
'ဒီသက္ၾကားအိုႀကီးေတာ့ .... ေနဖူးမလား ငါ့အလွကိုအသံုးျပဳၿပီး အျခားလူေတြအတြက္ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်မယ္ထင္ေနလား .... ငါက ခန္႔ညားတဲ့အထက္တန္းစားလူနဲ႔ပဲ ထိုက္တန္တာ '
သို႔ေပမယ့္ သူမစိတ္ႏွင့္ဆန႔္က်င္စြာ အျခားေသာအေျဖကို ေပးေလသည္။
"အ႐ွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳးမက ၁၈ႏွစ္႐ွိပါၿပီ .... အရင္ကလည္း ေယာက္်ားေလးနဲ႔အတူမေနဖူးပါဘူး"
သာယာေသာမနက္ခင္းတြင္ .....
မိန္ေကြ႔ ႏိႈးထလာၿပီး ဧကရာဇ္၏ အဝတ္ကင္းမဲ့ေနေသာ ခႏၶာကိုယ္ကို ျမင္လိုက္ရၿပီးေနာက္ ေရခ်ိဳးသန္႔စင္ခန္းကိုအျမန္ေျပးသြားၿပီး မေန႔ညကျဖစ္ပ်က္ခဲ့ေသာအရာတို႔ေၾကာင့္ ေအာ့အန္မိေလသည္။ ထို႔ေနာက္ သူမကိုယ္သူမ ၾကည့္ကာ ေတြးလိုက္ျပန္သည္။
'အဲဒီအမည္ခံကို ငါပဲရသင့္တယ္ ....ဒီလူအိုႀကီးေတာ့ ငါ့လို လွတဲ့သူနဲ႔ ေတြ႔ရတာကို ေက်းဇူးတင္သင့္တယ္ ... ရြံစရာေကာင္းလိုက္တာ '
ဧကရာဇ္ ထြက္သြားေသာအခါ မိန္ေကြ႔ သည္ မေန႔ညမွအျဖစ္အပ်က္တို႔ကို ႐ွင္းလင္းရန္ သူမအေစခံကို ျပင္းရွေသာေသရည္ယူလာရန္ ခိုင္းေစလိုက္သည္။
ထိုသို႔ၾကံဳေတြ႔ခဲ့ရေသာ မိန္ေကြ႔ သတင္းသည္ အေစခံမ်ားၾကားတြင္ ပ်ံ့ႏွံ႔သြားၿပီး သူမ၏ ကံဆိုးမႈကို အတင္းအဖ်င္းေျပာဆိုေနၾကသည္။
တစ္လဟူေသာအခ်ိန္ကာလအထိ ဧကရာဇ္သည္ မိန္ေကြ႔ ထံသို႔ ညတိုင္းလိုလို အျမဲသြားေလ့႐ွိသည္။ မိန္ေကြ႔ လည္း သူမသည္ ေတာ္ဝင္ကိုယ္လုပ္ေတာ္အျဖစ္ ေရြးခ်ယ္ခံရေတာ့မည္ဟု ခံစားမိလာသည္။ ကိုယ္လုပ္ေတာ္အျဖစ္ ေရြးခ်ယ္ခံထားရေသာ အျခားသူတို႔လည္း သတိထားမိလာေသာအခါ ဧကရာဇ္ကို မဆြဲေဆာင္ထားေတာ့ရန္ တံု႔ေႏွးစြာ ဆံုးျဖတ္လိုက္ၾကသည္။ ထို႔ေၾကာင့္ မိန္ေကြ႔ ႏွင့္အတူ တစ္လတာကုန္ဆံုးၿပီးေနာက္တြင္ ဧကရာဇ္သည္ အျခားကိုယ္လုပ္ေတာ္တို႔ထံသို႔ အလာက်ဲေတာ့သည္။ သို႔ေသာ္ မိန္ေကြ႔ ထံသို႔ တစ္ပတ္လ်ွင္ အနည္းဆံုး သံုးရက္မွ်သြားေရာက္ေလ့႐ွိသည္။
ပင္းက်င္း ၿမိဳ႕အေနာက္ဘက္႐ွိ စားေသာက္ဆိုင္ငယ္ေလးတစ္ခုထဲတြင္ သပ္ရပ္သားနားစြာ ဝတ္ဆင္ထားၿပီး မ်က္ႏွာဖံုးတပ္ဆင္ထားသူ ႏွစ္ေယာက္သည္ တိုးတိတ္စြာ စကားေျပာဆိုေနၾကသည္။
"မင္းၾကားၿပီးၿပီလား"
"ဘာကိုလဲ"
"မင္းရဲ႕ ခမည္းေတာ္က ေတာ္ဝင္ကုိယ္လုပ္ေတာ္ ႐ွာေနၿပီး အခုလည္း တိုင္းျပည္ရဲ႕ အေခ်ာအလွဆံုး မိန္းကေလးနဲ႔အတူ႐ွိေနၿပီတဲ့ ..... ငါၾကားတာကေတာ့ အဲဒီမိန္းကေလးက ဟြာ အိမ္ေတာ္က သမီး မိန္ေကြ႔ တဲ့ .... ၿပီးေတာ့ သူမက နတ္သမီးလိုလွတယ္လို႔လည္း ေျပာၾကတယ္"
"က်န္း႐ွီ .... အဲဒါက ငါနဲ႔ဘာဆိုင္လို႔လဲ ဧကရာဇ္က သူ႔ရဲ႕ ဒုတိယမိန္းမအတြက္ ဘယ္သူ႔ကိုေရြးေရြး သူ႔ကိစၥပဲ"
"ဟူး... ႐ွန္း ရာ.... နန္းေတာ္ထဲမွာ အေခ်ာအလွေတြ ေရာက္ေနတာေလ ငါတို႔သြားသင့္တာေပါ့ .... ဒီလိုဘာမွမေကာင္းတဲ့ ဆိုင္ေသးေသးေလးထဲမွာ ဘာလုပ္လို႔ရမွာလဲ"
က်န္း႐ွီ အတြန႔္တက္မႈကို ႐ွန္း ရယ္ေမာလိုက္ၿပီး ေခါင္းကို ခါယမ္းလိုက္သည္။
"ဧကရာဇ္က သူတို႔ကို ထိခြင့္ေတာင္ ေပးမယ္ထင္ေနလား .... ဒီမွာဆိုရင္ မင္းအတြက္ အေပ်ာ္စံအိမ္ေတြ႐ွိေနတာပဲ ပိုအဆင္မေျပဘူးလား"
႐ွန္း ၏ တံု႔ျပန္သံေၾကာင့္ က်န္း႐ွီ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး လက္ပိုက္လိုက္သည္။
"ဒါေပမယ့္ ငါသူတို႔ကို ျမင္ဖူးခ်င္တယ္ကြာ .... အေပ်ာ္အိမ္က အလွမယ္ေတြထက္ ပိုလွမယ္လို႔ ေလာင္းရဲတယ္"
႐ွန္း သက္ျပင္းခ်လိုက္ၿပီး နန္းေတာ္ကို ခဏျပန္ရရင္လည္း မဆိုးပါဘူးဟု ေတြးကာ ဆံုးျဖတ္လိုက္သည္။ နန္းေတာ္ထဲမွထြက္လာသည္မွာ ၂လၾကာေနၿပီး ယခုေနထိုင္ရာၿမိဳ႕သည္လည္း ေအးခ်မ္းေနေသာေၾကာင့္ နန္းေတာ္သို႔ ေခတၱျပန္ၾကရင္ ေတြးလိုက္သည္။ က်န္း႐ွီ ႏွင့္ ႐ွန္း တို႔ေရာက္လာၿပီးေနာက္ ၿမိဳ႕တြင္ ဓားျပတိုက္ခိုက္မႈတို႔ကို မၾကံဳရသေလာက္နီးပါး ျဖစ္လာေသာေၾကာင့္ နန္းေတာ္သို႔ျပန္ရန္ သေဘာတူလိုက္သည္။
မိမိစကားကိုနားေထာင္လိုက္ေလ်ာေပးေသာ ႐ွန္း ေၾကာင့္ က်န္း႐ွီ ေပ်ာ္ရႊင္သြားၿပီး မိန္းမလွေတြကို ေတြ႔ရန္အတြက္လည္း တက္ႂကြေနေတာ့သည္။ သို႔ေသာ္ ႐ွန္း ကေတာ့ ဆန္႔က်င္စြာ ဧကရာဇ္ပိုင္ဆိုင္ထားေသာအရာတို႔ကို လံုးဝစိတ္မဝင္စားေပ။
နာရီအနည္းငယ္ၾကာျမင့္ၿပီးေနာက္ ႐ွန္း ႏွင့္ က်န္း႐ွီ တို႔ ၿမိဳ႕ေတာ္သို႔ ေရာက္လာၾကသည္။ က်န္း႐ွီ သည္ မိဘကို ႏႈတ္ဆက္ရန္ထြက္လာၿပီး ႐ွန္း သည္ မယ္ေတာ္ကို ဖူးေတြ႔ရန္ လာခဲ့ေလသည္။
မိဘုရားႀကီးသည္ ေလသာေဆာင္တြင္ လက္ဖက္ရည္သံုးေဆာင္ေနစဥ္ သူမခ်စ္ရေသာ သားသည္ သူမထံေလွ်ာက္လွမ္းလာေနသည္ကို ေတြ႔ရၿပီး အလြန္နစ္လိုဖြယ္ေကာင္းေသာ အျပံဳး သူမမ်က္ႏွာထက္တြင္ ပြင့္လန္းလာသည္။
"သားေတာ္ေလး ဘယ္တုန္းကေရာက္တာလဲ .... ဗိုက္ဆာေနၿပီလား .... က်င္း... သားေတာ္ေလးအတြက္ စားေသာက္ဖြယ္ရာေတြ ျပင္ေပးပါဦး"
အေစအပါးသည္လည္း လ်င္ျမန္စြာ ဦးၫႊတ္ၿပီး ထြက္သြားရန္အျပဳတြင္ ႐ွန္း တားဆီးလိုက္သည္။
"မလိုပါဘူး .... မယ္ေတာ္ ကြၽန္ေတာ္မ်ိဳး ဗိုက္မဆာပါဘူး မယ္ေတာ္ ေနသာေတာ္မူပါရဲ႕လား"
မိဘုရားသည္ ႐ွန္း ကို လက္ယမ္းျပကာ သူမေ႐ွ႕တြင္ ထိုင္ေစလိုက္ၿပီး သူမသားမ်က္ႏွာေပၚတြင္ တပ္ဆင္ထားေသာ အျဖဴေရာင္မ်က္ႏွာဖံုးကို အသာမ်က္ေမွာင္ကုတ္ၾကည့္လိုက္သည္။
"႐ွန္း .... မယ္မယ္နဲ႔အတူ႐ွိေနတုန္းမွာ အဲဒီ႐ုပ္ဆိုးလွတဲ့မ်က္ႏွာဖံုးကို ခြၽတ္ေပးဖို႔ေတာင္းဆိုရင္ မလြန္ပါဘူးေနာ္ ..... ကိုယ့္သားရဲ႕ မ်က္ႏွာေခ်ာေခ်ာေလးကို ၾကည့္ခ်င္တာေပါ့ သားေတာ္က အျမဲခရီးသြားေနတာ မယ္မယ္လည္း လြမ္းလွၿပီ"
မိဘုရားႀကီးစကားေၾကာင့္ ႐ွန္း ျပံဳးလိုက္ၿပီး မ်က္ႏွာဖံုးကိုဖယ္လိုက္သည့္အခါ အလြန္ခန္႔ညားၿပီး အခ်ိဳးအစားက်နလြန္းေသာ ႐ုပ္ရည္အသြင္ ထြက္ေပၚလာသည္။ မယ္ေတာ္ကို ျပံဳးျပလိုက္ၿပီး စကားလက္စဆက္ေမးေလသည္။
"မယ္ေတာ္ ကြၽန္ေတာ့္ကိုျပန္မေျဖေသးဘူးေနာ္ .... မယ္ေတာ္ ေနေကာင္းတယ္မလား"
သူမသားေတာ္၏ ေခ်ာေမာေသာမ်က္ႏွာကိုၾကည့္ကာ ျပံဳးလိုက္ၿပီး လက္ဖက္ရည္အရင္ေသာက္လိုက္သည္။
"မယ္မယ္ ေနေကာင္းပါတယ္ .... သားေတာ္လည္း ၾကားၿပီးၿပီထင္တယ္ ဘုရင္က ေတာ္ဝင္ကိုယ္လုပ္ေတာ္ ႐ွာေဖြတဲ့အေၾကာင္းေလ"
မိဘုရားသည္ ေတာ္ဝင္ကိုယ္လုပ္ေတာ္အေၾကာင္း ေျပာဆိုသည့္အခါတြင္ ေလွာင္ျပံဳးျပံဳးလိုက္သည္။
"အဲဒီအ႐ူးအိုႀကီးကေတာ့ .... ယံုႏိုင္ရဲ႕လား သူ႔အသက္ကျဖင့္ ေသမင္းတံခါးကို ေျခတစ္လွမ္းဝင္ေနၿပီ ဒါေတာင္မွ အေပ်ာ္႐ွာခ်င္ေသးတယ္ .... ဟိုမိန္းမပ်က္ေတြေရာပဲ သူ႔ကိုငမ္းငမ္းတက္လိုခ်င္ေနၾကတာ .... အဲဒီသံုးမရတဲ့လူအိုႀကီး ကိစၥေတြကိုပစ္ထားၿပီး အဲဒီမိန္းမေတြနဲ႔ပဲအိပ္ၿပီး အခ်ိန္ျဖဳန္းေနတာ ..... ငါ့သားကမွ ဧကရာဇ္ျဖစ္ဖို႔ အထိုက္တန္ဆံုးပဲ"
မိဘုရားေျပာဆိုသည့္စကားတို႔ေၾကာင့္ ႐ွန္း မ်က္ႏွာမဲ့သြားၿပီး အသာအယာေခါင္းယမ္းလိုက္သည္။
႐ွန္း အသက္ ၁၂ႏွစ္အရြယ္တြင္ မိဘုရားႀကီးသည္ သူမယံုၾကည္ရေသာ အေစအပါးကို ေျပာျပသည့္စကားတို႔ေၾကာင့္ ဧကရာဇ္သည္ ဖခင္အရင္းမဟုတ္ေၾကာင္းကို သိ႐ွိခဲ့ရသည္။ တစ္ခါတုန္းက မိဘုရား ခရီးထြက္ခဲ့ခ်ိန္တြင္ ေခ်ာေမာလွေသာ ေယာက်္ားပ်ိဳတစ္ေယာက္ႏွင့္ ေတြ႔ဆံုၿပီး တစ္ညတာကို အတူကုန္ဆံုးခဲ့ၾကသည္။ ထို႔ေၾကာင့္ ႐ွန္း သည္ ဧကရာဇ္ႏွင့္ အလြန္ကြာျခားေနခဲ့သည္။ ဖခင္အရင္းမဟုတ္ေသာ္လည္း ဧကရာဇ္သည္ ႐ွန္း အတြက္ ဖခင္ေကာင္းတစ္ေယာက္အျဖစ္လည္း မျပဳမူခဲ့ေပ။ ကိုယ္လုပ္ေတာ္တို႔ႏွင့္သာ အခ်ိန္ကုန္ဆံုးေနၿပီး ႐ွန္း ကိုလည္း အျမဲလ်စ္လ်ဴ႐ႈထားခဲ့သည္။ ႐ွန္း တျဖည္းျဖည္းႀကီးျပင္းလာသည္ႏွင့္အမွ် ဧကရာဇ္သည္ တစ္ကိုယ္ေကာင္းဆန္ၿပီး သတိၱေၾကာင္သူတစ္ေယာက္ျဖစ္ေၾကာင္း သိလာခဲ့သည္။ ထိုကဲ့သို႔သူႏွင့္ တစ္စံုတစ္ရာမေတာ္စပ္သည္ကို ႐ွန္း ဝမ္းေျမာက္ေနခဲ့သည္။ ႐ွန္း ၏ မယ္ေတာ္ မိဘုရားႀကီးသည္ ဧကရာဇ္ကိုနန္းခ်ၿပီး ႐ွန္း ကို နန္းတင္ရန္ႀကိဳးစားေနသည္ကိုလည္း သိ႐ွိခဲ့ၿပီးျဖစ္သည္။ သို႔ေသာ္ ယခုခ်ိန္တြင္ ႐ွန္း သည္ ဧကရာဇ္ျဖစ္ရန္ စိတ္မဝင္စားဘဲ ခရီးသြားျခင္းႏွင့္ လြတ္လပ္မႈကိုသာ ႏွစ္သက္သူျဖစ္သည္။ ထို႔ေၾကာင့္ မိဘုရားႀကီး၏ အၾကံတို႔ကို သတိမျပဳမိသူပမာ ဟန္ေဆာင္လ်က္႐ွိသည္။
"မယ္ေတာ္ သဝန္တိုေနတာလားဟင္"
႐ွန္း ျပံဳးလိုက္ၿပီး ဟာသေႏွာ၍ေမးလိုက္ေသာအခါ မိဘုရားသည္ စူးစိုက္ၾကည့္လိုက္ၿပီး ႐ွန္း ၏ ျပက္လံုးကို ေခါင္းယမ္းလိုက္ေလသည္။
"႐ွန္း ဒီည ဧကရာဇ္က ပြဲတစ္ခုလုပ္လိမ့္မယ္ .... ေရာက္ေနတုန္း နန္းတြင္းအမတ္ေတြကို လာေတြ႔လိုက္ပါ"
႐ွန္း မလိုလားဟန္ သက္ျပင္းခ်လိုက္ေသာ္လည္း မိဘုရားစကားကို လက္ခံလိုက္သည္။ ထို႔ေနာက္ မိဘုရားႀကီးကို ႏႈတ္ဆက္ခဲ့ၿပီး အေဆာင္သို႔ ျပန္လာခဲ့သည္။
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
●●●UNICODE●●●
အထိန်းတော် ယန်း နှင့် ယင်း တို့သည် မိန်ကွေ့ ကို သူမအခန်းထဲတွင် ပြင်ဆင်ပေးပြီး ထွက်လာကြသည်နှင့် မိန်ကွေ့ သည်လည်း စိုးထိတ်စပြုလာသည်။ သူမသည် ဂုဏ်အရှိန်အဝါကို လိုချင်ခဲ့သော်လည်း အိုမင်းနေသည့်သူနှင့် အတူမနေချင်ပေ။ တွေးတောနေရင်းနှင့်ပင် ဧကရာဇ်ရောက်လာတော့မည်ကို သတိမပြုမိလိုက်ပေ။
မိန်ကွေ့ အိပ်ခန်းဆောင်တွင်းသို့ ဧကရာဇ် ကြွရောက်လာသောအခါ အထိန်းတော် ယန်း နှင့် ယင်း တို့သည် အရိုအသေပေးပြီး အခန်းပြင်သို့ ထွက်လာခဲ့ကြသည်။ အသင့်ပြင်ပေးထားသော အိပ်ရာခင်းထက်တွင် ဧကရာဇ် ထိုင်လိုက်ပြီး မိန်ကွေ့ ကို အနားလာရန် ခေါ်လိုက်သည်။ မိန်ကွေ့ စိတ်မပါစွာ ဧကရာဇ်အနားတွင် ထိုင်လိုက်သည်နှင့် ဧကရာဇ်သည် သူမလက်မောင်းကို ကိုင်လိုက်ပြီး စကားဆိုလေသည်။
"မိန်ကွေ့ .... မင်းက နှင်းဆီပန်းလေးလို အရမ်းလှတာပဲ ..... ကိုယ်တော် တွေ့ဖူးသမျှမိန်းကလေးတွေထဲမှာ မင်းကအလှဆုံးပဲ"
မိန်ကွေ့ သည် ထိုစကားနှင့် ဧကရာဇ်၏ ထိတွေ့မှုတို့ကို မလိုလားသောကြောင့် ရုန်းထွက်ချင်သော်လည်း ဘုရင်အနားသို့ပို၍တိုးကပ်လိုက်ပြီး ရှက်ရွံ့ဟန်ဆောင်လိုက်ကာ အပြုံးတုကို တပ်ဆင်လိုက်သည်။
"ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး"
မိန်ကွေ့ ရှက်သွေးဖြာမှုကို ဧကရာဇ် သဘောကျစွာ ရယ်မောလိုက်သည်။
"မင်း အရမ်းလှတာပဲ ..... မင်းအသက် ဘယ်လောက်ရှိပြီလဲ အရင်ကရော ယောက်ျားတစ်ယောက်နဲ့ အတူရှိနေဖူးလား"
နောက်ဆုံးစကားတွင် အသံဖိကာပြောလိုက်သည်ကို မိန်ကွေ့ သတိပြုမိလိုက်ပြီး စိတ်ပျက်စွာ တွေးလိုက်သည်။
'ဒီသက်ကြားအိုကြီးတော့ .... နေဖူးမလား ငါ့အလှကိုအသုံးပြုပြီး အခြားလူတွေအတွက် ကိုယ့်ကိုယ်ကို နှိမ့်ချမယ်ထင်နေလား .... ငါက ခန့်ညားတဲ့အထက်တန်းစားလူနဲ့ပဲ ထိုက်တန်တာ '
သို့ပေမယ့် သူမစိတ်နှင့်ဆန့်ကျင်စွာ အခြားသောအဖြေကို ပေးလေသည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးမက ၁၈နှစ်ရှိပါပြီ .... အရင်ကလည်း ယောက်ျားလေးနဲ့အတူမနေဖူးပါဘူး"
သာယာသောမနက်ခင်းတွင် .....
မိန်ကွေ့ နှိုးထလာပြီး ဧကရာဇ်၏ အဝတ်ကင်းမဲ့နေသော ခန္ဓာကိုယ်ကို မြင်လိုက်ရပြီးနောက် ရေချိုးသန့်စင်ခန်းကိုအမြန်ပြေးသွားပြီး မနေ့ညကဖြစ်ပျက်ခဲ့သောအရာတို့ကြောင့် အော့အန်မိလေသည်။ ထို့နောက် သူမကိုယ်သူမ ကြည့်ကာ တွေးလိုက်ပြန်သည်။
'အဲဒီအမည်ခံကို ငါပဲရသင့်တယ် ....ဒီလူအိုကြီးတော့ ငါ့လို လှတဲ့သူနဲ့ တွေ့ရတာကို ကျေးဇူးတင်သင့်တယ် ... ရွံစရာကောင်းလိုက်တာ '
ဧကရာဇ် ထွက်သွားသောအခါ မိန်ကွေ့ သည် မနေ့ညမှအဖြစ်အပျက်တို့ကို ရှင်းလင်းရန် သူမအစေခံကို ပြင်းရှသောသေရည်ယူလာရန် ခိုင်းစေလိုက်သည်။
ထိုသို့ကြုံတွေ့ခဲ့ရသော မိန်ကွေ့ သတင်းသည် အစေခံများကြားတွင် ပျံ့နှံ့သွားပြီး သူမ၏ ကံဆိုးမှုကို အတင်းအဖျင်းပြောဆိုနေကြသည်။
တစ်လဟူသောအချိန်ကာလအထိ ဧကရာဇ်သည် မိန်ကွေ့ ထံသို့ ညတိုင်းလိုလို အမြဲသွားလေ့ရှိသည်။ မိန်ကွေ့ လည်း သူမသည် တော်ဝင်ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ခံရတော့မည်ဟု ခံစားမိလာသည်။ ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ခံထားရသော အခြားသူတို့လည်း သတိထားမိလာသောအခါ ဧကရာဇ်ကို မဆွဲဆောင်ထားတော့ရန် တုံ့နှေးစွာ ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် မိန်ကွေ့ နှင့်အတူ တစ်လတာကုန်ဆုံးပြီးနောက်တွင် ဧကရာဇ်သည် အခြားကိုယ်လုပ်တော်တို့ထံသို့ အလာကျဲတော့သည်။ သို့သော် မိန်ကွေ့ ထံသို့ တစ်ပတ်လျှင် အနည်းဆုံး သုံးရက်မျှသွားရောက်လေ့ရှိသည်။
ပင်းကျင်း မြို့အနောက်ဘက်ရှိ စားသောက်ဆိုင်ငယ်လေးတစ်ခုထဲတွင် သပ်ရပ်သားနားစွာ ဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ဆင်ထားသူ နှစ်ယောက်သည် တိုးတိတ်စွာ စကားပြောဆိုနေကြသည်။
"မင်းကြားပြီးပြီလား"
"ဘာကိုလဲ"
"မင်းရဲ့ ခမည်းတော်က တော်ဝင်ကိုယ်လုပ်တော် ရှာနေပြီး အခုလည်း တိုင်းပြည်ရဲ့ အချောအလှဆုံး မိန်းကလေးနဲ့အတူရှိနေပြီတဲ့ ..... ငါကြားတာကတော့ အဲဒီမိန်းကလေးက ဟွာ အိမ်တော်က သမီး မိန်ကွေ့ တဲ့ .... ပြီးတော့ သူမက နတ်သမီးလိုလှတယ်လို့လည်း ပြောကြတယ်"
"ကျန်းရှီ .... အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ ဧကရာဇ်က သူ့ရဲ့ ဒုတိယမိန်းမအတွက် ဘယ်သူ့ကိုရွေးရွေး သူ့ကိစ္စပဲ"
"ဟူး... ရှန်း ရာ.... နန်းတော်ထဲမှာ အချောအလှတွေ ရောက်နေတာလေ ငါတို့သွားသင့်တာပေါ့ .... ဒီလိုဘာမှမကောင်းတဲ့ ဆိုင်သေးသေးလေးထဲမှာ ဘာလုပ်လို့ရမှာလဲ"
ကျန်းရှီ အတွန့်တက်မှုကို ရှန်း ရယ်မောလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။
"ဧကရာဇ်က သူတို့ကို ထိခွင့်တောင် ပေးမယ်ထင်နေလား .... ဒီမှာဆိုရင် မင်းအတွက် အပျော်စံအိမ်တွေရှိနေတာပဲ ပိုအဆင်မပြေဘူးလား"
ရှန်း ၏ တုံ့ပြန်သံကြောင့် ကျန်းရှီ မျက်မှောင်ကြုတ်လိုက်ပြီး လက်ပိုက်လိုက်သည်။
"ဒါပေမယ့် ငါသူတို့ကို မြင်ဖူးချင်တယ်ကွာ .... အပျော်အိမ်က အလှမယ်တွေထက် ပိုလှမယ်လို့ လောင်းရဲတယ်"
ရှန်း သက်ပြင်းချလိုက်ပြီး နန်းတော်ကို ခဏပြန်ရရင်လည်း မဆိုးပါဘူးဟု တွေးကာ ဆုံးဖြတ်လိုက်သည်။ နန်းတော်ထဲမှထွက်လာသည်မှာ ၂လကြာနေပြီး ယခုနေထိုင်ရာမြို့သည်လည်း အေးချမ်းနေသောကြောင့် နန်းတော်သို့ ခေတ္တပြန်ကြရင် တွေးလိုက်သည်။ ကျန်းရှီ နှင့် ရှန်း တို့ရောက်လာပြီးနောက် မြို့တွင် ဓားပြတိုက်ခိုက်မှုတို့ကို မကြုံရသလောက်နီးပါး ဖြစ်လာသောကြောင့် နန်းတော်သို့ပြန်ရန် သဘောတူလိုက်သည်။
မိမိစကားကိုနားထောင်လိုက်လျောပေးသော ရှန်း ကြောင့် ကျန်းရှီ ပျော်ရွှင်သွားပြီး မိန်းမလှတွေကို တွေ့ရန်အတွက်လည်း တက်ကြွနေတော့သည်။ သို့သော် ရှန်း ကတော့ ဆန့်ကျင်စွာ ဧကရာဇ်ပိုင်ဆိုင်ထားသောအရာတို့ကို လုံးဝစိတ်မဝင်စားပေ။
နာရီအနည်းငယ်ကြာမြင့်ပြီးနောက် ရှန်း နှင့် ကျန်းရှီ တို့ မြို့တော်သို့ ရောက်လာကြသည်။ ကျန်းရှီ သည် မိဘကို နှုတ်ဆက်ရန်ထွက်လာပြီး ရှန်း သည် မယ်တော်ကို ဖူးတွေ့ရန် လာခဲ့လေသည်။
မိဘုရားကြီးသည် လေသာဆောင်တွင် လက်ဖက်ရည်သုံးဆောင်နေစဉ် သူမချစ်ရသော သားသည် သူမထံလျှောက်လှမ်းလာနေသည်ကို တွေ့ရပြီး အလွန်နစ်လိုဖွယ်ကောင်းသော အပြုံး သူမမျက်နှာထက်တွင် ပွင့်လန်းလာသည်။
"သားတော်လေး ဘယ်တုန်းကရောက်တာလဲ .... ဗိုက်ဆာနေပြီလား .... ကျင်း... သားတော်လေးအတွက် စားသောက်ဖွယ်ရာတွေ ပြင်ပေးပါဦး"
အစေအပါးသည်လည်း လျင်မြန်စွာ ဦးညွှတ်ပြီး ထွက်သွားရန်အပြုတွင် ရှန်း တားဆီးလိုက်သည်။
"မလိုပါဘူး .... မယ်တော် ကျွန်တော်မျိုး ဗိုက်မဆာပါဘူး မယ်တော် နေသာတော်မူပါရဲ့လား"
မိဘုရားသည် ရှန်း ကို လက်ယမ်းပြကာ သူမရှေ့တွင် ထိုင်စေလိုက်ပြီး သူမသားမျက်နှာပေါ်တွင် တပ်ဆင်ထားသော အဖြူရောင်မျက်နှာဖုံးကို အသာမျက်မှောင်ကုတ်ကြည့်လိုက်သည်။
"ရှန်း .... မယ်မယ်နဲ့အတူရှိနေတုန်းမှာ အဲဒီရုပ်ဆိုးလှတဲ့မျက်နှာဖုံးကို ချွတ်ပေးဖို့တောင်းဆိုရင် မလွန်ပါဘူးနော် ..... ကိုယ့်သားရဲ့ မျက်နှာချောချောလေးကို ကြည့်ချင်တာပေါ့ သားတော်က အမြဲခရီးသွားနေတာ မယ်မယ်လည်း လွမ်းလှပြီ"
မိဘုရားကြီးစကားကြောင့် ရှန်း ပြုံးလိုက်ပြီး မျက်နှာဖုံးကိုဖယ်လိုက်သည့်အခါ အလွန်ခန့်ညားပြီး အချိုးအစားကျနလွန်းသော ရုပ်ရည်အသွင် ထွက်ပေါ်လာသည်။ မယ်တော်ကို ပြုံးပြလိုက်ပြီး စကားလက်စဆက်မေးလေသည်။
"မယ်တော် ကျွန်တော့်ကိုပြန်မဖြေသေးဘူးနော် .... မယ်တော် နေကောင်းတယ်မလား"
သူမသားတော်၏ ချောမောသောမျက်နှာကိုကြည့်ကာ ပြုံးလိုက်ပြီး လက်ဖက်ရည်အရင်သောက်လိုက်သည်။
"မယ်မယ် နေကောင်းပါတယ် .... သားတော်လည်း ကြားပြီးပြီထင်တယ် ဘုရင်က တော်ဝင်ကိုယ်လုပ်တော် ရှာဖွေတဲ့အကြောင်းလေ"
မိဘုရားသည် တော်ဝင်ကိုယ်လုပ်တော်အကြောင်း ပြောဆိုသည့်အခါတွင် လှောင်ပြုံးပြုံးလိုက်သည်။
"အဲဒီအရူးအိုကြီးကတော့ .... ယုံနိုင်ရဲ့လား သူ့အသက်ကဖြင့် သေမင်းတံခါးကို ခြေတစ်လှမ်းဝင်နေပြီ ဒါတောင်မှ အပျော်ရှာချင်သေးတယ် .... ဟိုမိန်းမပျက်တွေရောပဲ သူ့ကိုငမ်းငမ်းတက်လိုချင်နေကြတာ .... အဲဒီသုံးမရတဲ့လူအိုကြီး ကိစ္စတွေကိုပစ်ထားပြီး အဲဒီမိန်းမတွေနဲ့ပဲအိပ်ပြီး အချိန်ဖြုန်းနေတာ ..... ငါ့သားကမှ ဧကရာဇ်ဖြစ်ဖို့ အထိုက်တန်ဆုံးပဲ"
မိဘုရားပြောဆိုသည့်စကားတို့ကြောင့် ရှန်း မျက်နှာမဲ့သွားပြီး အသာအယာခေါင်းယမ်းလိုက်သည်။
ရှန်း အသက် ၁၂နှစ်အရွယ်တွင် မိဘုရားကြီးသည် သူမယုံကြည်ရသော အစေအပါးကို ပြောပြသည့်စကားတို့ကြောင့် ဧကရာဇ်သည် ဖခင်အရင်းမဟုတ်ကြောင်းကို သိရှိခဲ့ရသည်။ တစ်ခါတုန်းက မိဘုရား ခရီးထွက်ခဲ့ချိန်တွင် ချောမောလှသော ယောကျ်ားပျိုတစ်ယောက်နှင့် တွေ့ဆုံပြီး တစ်ညတာကို အတူကုန်ဆုံးခဲ့ကြသည်။ ထို့ကြောင့် ရှန်း သည် ဧကရာဇ်နှင့် အလွန်ကွာခြားနေခဲ့သည်။ ဖခင်အရင်းမဟုတ်သော်လည်း ဧကရာဇ်သည် ရှန်း အတွက် ဖခင်ကောင်းတစ်ယောက်အဖြစ်လည်း မပြုမူခဲ့ပေ။ ကိုယ်လုပ်တော်တို့နှင့်သာ အချိန်ကုန်ဆုံးနေပြီး ရှန်း ကိုလည်း အမြဲလျစ်လျူရှုထားခဲ့သည်။ ရှန်း တဖြည်းဖြည်းကြီးပြင်းလာသည်နှင့်အမျှ ဧကရာဇ်သည် တစ်ကိုယ်ကောင်းဆန်ပြီး သတ္တိကြောင်သူတစ်ယောက်ဖြစ်ကြောင်း သိလာခဲ့သည်။ ထိုကဲ့သို့သူနှင့် တစ်စုံတစ်ရာမတော်စပ်သည်ကို ရှန်း ဝမ်းမြောက်နေခဲ့သည်။ ရှန်း ၏ မယ်တော် မိဘုရားကြီးသည် ဧကရာဇ်ကိုနန်းချပြီး ရှန်း ကို နန်းတင်ရန်ကြိုးစားနေသည်ကိုလည်း သိရှိခဲ့ပြီးဖြစ်သည်။ သို့သော် ယခုချိန်တွင် ရှန်း သည် ဧကရာဇ်ဖြစ်ရန် စိတ်မဝင်စားဘဲ ခရီးသွားခြင်းနှင့် လွတ်လပ်မှုကိုသာ နှစ်သက်သူဖြစ်သည်။ ထို့ကြောင့် မိဘုရားကြီး၏ အကြံတို့ကို သတိမပြုမိသူပမာ ဟန်ဆောင်လျက်ရှိသည်။
"မယ်တော် သဝန်တိုနေတာလားဟင်"
ရှန်း ပြုံးလိုက်ပြီး ဟာသနှော၍မေးလိုက်သောအခါ မိဘုရားသည် စူးစိုက်ကြည့်လိုက်ပြီး ရှန်း ၏ ပြက်လုံးကို ခေါင်းယမ်းလိုက်လေသည်။
"ရှန်း ဒီည ဧကရာဇ်က ပွဲတစ်ခုလုပ်လိမ့်မယ် .... ရောက်နေတုန်း နန်းတွင်းအမတ်တွေကို လာတွေ့လိုက်ပါ"
ရှန်း မလိုလားဟန် သက်ပြင်းချလိုက်သော်လည်း မိဘုရားစကားကို လက်ခံလိုက်သည်။ ထို့နောက် မိဘုရားကြီးကို နှုတ်ဆက်ခဲ့ပြီး အဆောင်သို့ ပြန်လာခဲ့သည်။
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤