🍭 My Lollipop 🍭

PuppyYoda_lover által

214K 20.2K 2.3K

You are xoxo sweet .. ? Like a lollipop .. ? Chanbaek yaoi .. Type - sweet , romance Cover by - Bernal_XianB Több

Prologue ..
Part 1 .. Meet with Him
Part 2 .. Only one day but ..
Part 3 .. You make me Smile ^_^
Part 4 .. Kiss Or Not ??
Part 5 .. Start of Romance
Part 6 .. Together with me
Part 7 .. Nearer and nearer
Part 8 .. Propose ??
Part 9 .. I am ..
Part 10 .. Sweet time ..
Part 11 .. Why so Unlucky?
Part 12 .. Start the bat
Part 13 .. Win Or Lost?
Part 14 .. The end of story
Part 15 .. Reason is..
Part 16 .. Apologize
Part 17 .. Six Packs
Part 18 .. First Propose
Part..
Part 19 .. Unexpected
Part 20 .. Second Propose
Part 21 .. Dream came True!!
Part 22 .. Good Night
Feeling Note(Plz read)

April Fool Special Extra Part

5.8K 618 73
PuppyYoda_lover által

Note.. ဤ extra part လေးအား ဇာတ်လမ်းနှင့်မသက်ဆိုင်ပဲ extra အနေဖြင့်သာ သတ်မှတ်ပေးကြပါရန် .. ။

💓💓

Chanyeol's pov;

အိပ်ယာဘေးတွင် ချိတ်ထားသော နံရံကပ်နာရီမှ လက်တံများ၏ ရွေ့လျားသံမှအပ တစ်ခန်းလုံး အပ်ကျသံပင်ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်လျက် .. ။

အချိန်မှာ နေ့ခင်း ၃ နာရီခန့်သာ ရှိနေသေးသော်လည်း ဒီနေ့က ပိတ်ရက်မို့ တစ်ကျောင်းလုံး တိတ်ဆိတ်နေကြသည်မှာ ကြောက်စရာပင်ကောင်းလှအောင် .. ။

အစကတော့ အိမ်ခဏပြန်ရန် ဆုံးဖြတ်လိုက်သော်ငြား အမေတို့က ခရီးထွက်မည်မို့ အိမ်တွင်မရှိဟူသော စကားကြောင့် အဆောင်တွင်သာ သောင်တင်နေရခြင်း .. ။

အဲ့တော့ အဆောင်မှာပဲ ချစ်ရသော ကလေးလေးနှင့် သောင်းကျန်းမည်ဆိုတော့လည်း မနက်ကတည်းက ပျောက်သွားသော ကလေးမှာ အခုထိ အဆက်အသွယ်ပင်မရသေး ..

စက်ပိတ်ထားပါသည်ဟူသော အော်ပရေတာမှ ကောင်မလေး၏ အသံကိုလည်း မကြားချင်တော့သောကြောင့် လက်ထဲတွင် ကိုင်ထားသော ဖုန်းအား စားပွဲပေါ်ပစ်တင်လိုက်ပြီး ပျင်းရိစွာဖြင့် တစ်ကိုယ်လုံးအား ကုတင်ပေါ်လှဲချလိုက်မိသည် ။

* Ring..

ဖုန်းမြည်သံကြောင့် လေးပင်စွာပင် ကုတင်ပေါ်မှ ထလိုက်ကာ ဖုန်းအား စိတ်မပါလက်မပါဖြင့် ကောက်ကိုင်လိုက်မိသည် ။ Contact Name ကို ကြည့်လိုက်တော့ ချစ်ရသောကလေးလေး ..

" Park Chanyeol လား ? "

" ဘယ်သူလဲ ? "

ကလေးဖုန်းကို ဘယ်သူကများ ကိုင်ထားပါလိမ့် .. မရင်းနှီးသောအသံကြောင့် contact name အား ဇဝေဇ၀ါဖြင့် ပြန်ကြည့်သော်လည်း ကလေးဖုန်းနံပါတ်အမှန် .. ။

" ဟားးး ဟားးး IQ ကောင်းပါတယ်ဆိုတဲ့ Dr. Park Chanyeol က အတိတ်မေ့တာ မြန်လှချည်လား .. ။ တစ်ချိန်က မင်းရဲ့ရန်သူတော်ကြီးကို မေ့ပစ်လိုက်ပြီပေါ့ .. "

ခေါင်းထဲလှစ်ခနဲပေါ်လာသော ပုံရိပ်တို့က တစ်ဖျက်ဖျက်ဖြင့် .. ။

ထောင်ထဲမ၀င်ခင် နာကျည်းစွာ ကျွန်တော့်အားကြည့်သွားသည့် သူ၏ အကြည့်တို့ .. ။

မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ကို လက်တွေ့မြင်ခဲ့ရသော ကျွန်တော်က ရဲများရှေ့တွင် မျက်မြင်သက်သေလုပ်ပေးခဲ့သည်မို့ ထောင်ထဲဝင်ခဲ့ရသော Il wan ..

" မင်းက ဘာဖြစ်လို့ ကလေးဖုန်းကို ကိုင်ရတာလဲ !! "

စိုးရိမ်စိတ်တို့ကြောင့် အသံများပင် တုန်လာသလို .. ထောင်ထွက်လူမိုက်တစ်ယောက်၏ မိုက်ရူးရဲဆန်မှုကို ကျွန်တော် မမှန်းဆတတ်သော်ငြား .. ကလေးအား တစ်စုံတစ်ခုထိခိုက်အောင် လုပ်မည်မှာ သေချာနေသည်မို့ ..

" မင်းရဲ့ ကလေးက ချစ်စရာလေးနော် .. ဟက် ပါးဖောင်းဖောင်းလေးနဲ့ .. ဟားးး နမ်းချင်စရာလေးကွာ "

" တောက် !! မင်း မမိုက်ရိုင်းနဲ့နော် !!!! "

သွေးများပင် ပွက်ပွက်ဆူလာသလို .. ကျွန်တော်ပင် မထိရက်လို့ လှောင်အိမ်လေးတွင် ဖွက်ထားချင်မိသည်အထိ တန်ဖိုးထားရသော ကလေးကိုများ ရာရာစစ ..

" ပုံပို့လိုက်မယ် .. အဲ့နေရာကို ချက်ချင်းလာခဲ့ !! "

တီခနဲ ပြတ်ကျသွားသော ဖုန်း call အဆုံး ၀င်လာသည့် message ..

တစ်ခုမှာ လိပ်စာဖြစ်ပြီး .. နောက်တစ်ခုက ဓာတ်ပုံတစ်ပုံ .. ။

ဓာတ်ပုံထဲတွင် ကလေးမှာ ထိုင်ခုံတစ်ခုံတွင် ထိုင်လျက်သား .. တစ်ကိုယ်လုံး ပတ်ချည်ထားသော ကြိုးများကြား ခေါင်းငိုက်စိုက်ကျနေပုံအရ .. သတိလစ်နေဟန်တူသည် ။

" တောက် !!! ငါကွာ !!!!!! အားးးး "

ကလေးကို မစောင့်ရှောက်နိုင်သော ကိုယ့်ကိုကိုယ် အပြစ်ပေးသည့်အနေဖြင့် လက်သီးဖြင့် နံရံအား ထိုးမိသည် ။

ကိုယ်အခုချက်ချင်း ကလေးရှိတဲ့နေရာကို လာခဲ့မယ် ..

မကြောက်ပဲနဲ့ နည်းနည်းပဲ တောင့်ခံပေးပါလား .. ။

•~•~•~•

ကြောက်ရွံ့ထိတ်လန့်မှုတို့သည် .. သူ့အား ဆုံးရှူံးရမည်ကို စိုးရိမ်ခြင်းတို့မှ အစပြုသည် ။

🍭   My Lollipop    🍭

ဒီနေ့မှ ကားတွေက ပိုကြပ်နေသလို .. လိပ်စာက မြို့စွန်ဖက်ရောက်သည်မို့ ၁ နာရီခွဲနီပါးလောက်မောင်းမှ ထိုနေရာသို့ ရောက်တော့သည် ။

လိပ်စာမှန်တယ်ဆိုတော့မှ ကားပေါ်မှ ဆင်းလိုက်ပြီး ပတ်ဝန်းကျင်အား လေ့လာမိသည် ။

ပတ်ပတ်လည်တွင် အိမ်ဟူ၍ ဆိုရလောက်သည့် အဆောက်အဦးတစ်ခုမှပင်မရှိ .. အခု သူပို့လိုက်သည့် လိပ်စာတွင်ပါသည့် အဆောက်အဦးသည်လည်း အိမ်နှင့်မတူပဲ စက်ရုံဟောင်းတစ်ခုသဖွယ် ..

ညနေ ၅ နာရီနီးပါးလောက်ရှိနေပြီမို့ နေရောင်မှာ မှိန်ဖျော့ဖျော့သာ ရှိတော့သည် ။ ထိုအဆောက်အဦးမှာ မီးမရှိသည်လား .. ဒါမှမဟုတ် အလင်းရောင်ရှိနေသေးသောကြောင့် မီးမဖွင့်သည်လားတော့ အတိအကျမသိသော်ငြား အပြင်မှလှမ်းကြည့်လျှင် ထိုအဆောက်အဦးတစ်ခုလုံးသည် မှောင်မဲလျက် ..

ဘာမှလျှောက်တွေးမနေတော့ပဲ အဆောက်အဦးအနားသို့ တိုးသွားလိုက်တော့သည် ။

သေချာသလောက်တော့ အခြားသော လူမိုက်များသည်လည်း ကျွန်တော့်အားဖမ်းရန် သေချာပေါက် အဆင်သင့်စောင့်နေကြလိမ့်မည် ။

ကလေးအား မတွေ့ရမချင်း ထိခိုက်၍ မဖြစ်သည်မို့ အဆောက်အဦးထဲသို့ သတိကြီးကြီးထားကာ ၀င်မိသည် ။

စက်ပစ္စည်းဟောင်းများဖြင့် ပြည့်နေသော အောက်ထပ်တွင် လူအရိပ်အယောင် နည်းနည်းလေးပင်မမြင်ရ ..

ဘေးပတ်ပတ်လည်ကို လှည့်ကြည့်မိတော့ လှေကားတစ်ခု .. အပေါ်ထပ်မှာများ ရှိနေမလားမသိ .. ။

ဖြည်းဖြည်းချင်းအပေါ်တက်လိုက်ပြီး ဟိုကြည့်ဒီကြည့် ကြည့်လိုက်တော့ .. တွေ့လိုက်ရပါပြီ .. ခုံပေါ်မှာ သတိလစ်နေဆဲဖြစ်ဟန်တူသည့် ကလေးနှင့် .. ကလေး၏ ခေါင်းတည့်တည့်အား သေနတ်ဖြင့် ချိန်ထားသည့် မျက်နှာဖုံးအုပ်ထားသော လူတစ်ယောက် ..

ထို့အပြင် ဘေးတွင် မတ်တပ်ရပ်နေသော နောက်ထပ်မျက်နှာဖုံးအုပ်တစ်ယောက် .. ။

" ကလေး !! "

" ကိုကို !!!!!! "

ကျွန်တော့်အသံကို ကြားတော့ နိုးသွားသည်ထင်ရဲ့ .. အလန့်တကြားအော်လာသည့် ကလေး .. ။

" ဟေ့ကောင် ကြိုးဖြေလိုက် "

သေနတ်ဖြင့်လူက အမိန့်ပေးလိုက်တော့ နောက်တစ်ယောက်က ကလေးအားချည်ထားသည့် ကြိုးအား ဖြည်ပေးသည် ။

" ကလေးကို မထိနဲ့ .. ပြဿ.   နာရှင်းချင်ရင် ငါနဲ့ပဲရှင်း !! "

" ဟင့် ကိုကို .. "

ကလေးကတော့ တအင့်အင့်ဖြင့် ငိုနေလေပြီ ။

" ဟားး .. တမိုးအောက် Park Chanyeol က ဒီပေါက်စလေး တစ်ခုခုဖြစ်မှာကြ ကြောက်တတ်သားပဲ "

" မင်းအခု ကလေးကို လွတ်လိုက် !! "

" အိုကေလေ .. အဲ့တော့ မင်းကိုပဲ အပြတ်ရှင်းရမှာပေါ့ "

စကားအဆုံး ကျွန်တော့်ထံ ချိန်ထားလျက်သားဖြစ်သော သေနတ် ..

" မလုပ်နဲ့ !!!!!!!!!!!! ကိုကို !!!!!!! "

" ဒိုင်း !!!!!! "

အခြေအနေ အဖြစ်အပျက်များမှ လိုက်မမှီလောက်အောင် မြန်ဆန်လွန်းလှသည် .. လူဆိုးလက်ထဲမှ ရုန်းထွက်ကာ ကျွန်တော့်ထံ ပြေးလာသော ကလေး ..

ဒိုင်းခနဲ အသံအဆုံး .. ကျွန်တော့်အနားမရောက်ခင် ဒူးထောက်ကာ ခွေကျသွားသည့် ကလေး .. ။

ကလေး၏ပါးပြင်ပေါ် လှိမ့်ကျသွားသော မျက်ရည်တစ်စက် ..။ အလှပဆုံး ပြုံးပြနေသော ကလေး၏ နှုတ်ခမ်းရဲရဲလေး .. ထို့နောက် .. နှုတ်ခမ်းထောင့်မှ စီးကျသွားသော အနီရဲရဲ အရည်တစ်ချို့ ..

" ကလေး !!!!!!!!!!! "

မြေပြင်ပေါ်သို့ တစ်ကိုယ်လုံး လဲကျလုဆဲဆဲ ကလေးကို ပွေ့လိုက်ကာ ရင်ခွင်ထဲတွင် ထည့်ထားမိသည် ..

" ကို .. ကို .. !! "

အသံတိုးတိုးဖြင့် ကျွန်တော့်အား ခေါ်လိုက်သည်နှင့် ဒလဟောထွက်ကျလာသည့် သွေးများ .. ။

" ကလေး .. စကားမပြောနဲ့တော့ မောမယ်လေနော် "

" နှုတ်ဆက် .. ခဲ့ပါတယ် .. ကိုကို "

" ကလေး !!!!!!!!!!!!! "

ရုတ်တရုတ် ငြိမ်ကျသွားသော ကလေးငယ်၏ ခန္ဓာကိုယ်အား ပွေ့ဖက်ထားမိဆဲ ..

" ဟင့်အင်း .. ကလေး ဘာမှမဖြစ်ရဘူးလေကွာ .. ကိုကို့ကို ထားပြီး ဘယ်သွားမလို့ပဲ .. မရဘူးနော်ကလေး .. ကိုကို့ကို ရူးအောင်မလုပ်ပါနဲ့ကွာ !! "

" ကလေး သရုပ်ဆောင်တာ ကောင်းလား ကိုကို .. "

ရင်ခွင်ထဲမှ ထွက်သွားပြီး နှုတ်ခမ်းထောင့်တွင် စီးကျနေဆဲ အနီရဲရဲအရည်တို့အား လက်ဖြင့်သုတ်လိုက်ကာ ပြုံးစစဖြင့် မေးခွန်းထုတ်လာသော .. ကျွန်တော့် ကလေးလေး ။

🌠🌠🌠

လွန်ခဲ့သော ၆ နာရီခန့်က ..

~•~•~•

Baekhyun's pov;

" ပျင်းတယ်ဟ .. ပျင်းတယ် .. April Fool Day မှာ ဒီအတိုင်းနေရတာ သိပ်ကိုပျင်းတယ် "

ကုတင်ပေါ်လှိမ့်ကာ အော်ဟစ်နေသော ကျွန်တော်တစ်ယောက်တည်း ပျင်းနေသည်တော့မဟုတ် .. သောင်းကျန်းဖော် သောင်းကျန်းဖက် သူငယ်ချင်းနှစ်ယောက်လည်း လက်မှိုင်ကျကာ ပျင်းရိနေကြဟန်တူသည် ။

" Baekhyun nah .. မင်း လူကြီးကို စရအောင် "

" ဘယ်လိုစမှာလဲ ? "

ဝါသနာ ဖျာကာမရသည်မို့ တက်ကြွစွာပဲ Kai အား မေးမိသည် ။

" မင်းကို ပြန်ပေးဆွဲမယ်လေ မကောင်းဘူးလား !! "

Kai ပေးသော အကြံဥာဏ်အား အားရ၀မ်းသာ လက်ခံပြီးသည့်နောက် ပြန်ပေးဆွဲမည့် နေရာဖြစ်သည့် မြို့စွန်ဖက်က စက်ရုံဟောင်းထံသို့ သုံးယောက်သား ထွက်လာကြတော့သည် ။

" ဟေ့ကောင် .. နေရာကြီးက ကြက်သီးထစရာကြီး "

စက်ရုံဟောင်းသို့ ရောက်တော့ သုံးယောက်လုံး တွန့်ခနဲ .. နဂိုကတည်းက ကြောက်တတ်သော Tao က စကားစလာသလို ကျွန်တော်လည်း Tao နည်းတူပင် ..

" မင်းကလည်း ပြန်ပေးဆွဲတယ်ဆိုတာ ဒီလိုနေရာမှ ယုံမှာပေါ့ .. ဒီနေရာက အရင်က ငါ့ဦးလေးပိုင်တာ .. လာဆော့နေကြ .. အခုမှ မြို့ထဲဖက်ပြောင်းသွားတော့ ဒီနေရာက ဒီတိုင်း ကျန်ခဲ့တာ .. "

Kai ၏ ဦးဆောင်မှုဖြင့် ကျွန်တော်တို့ သုံးယောက်သား အပေါ်ထပ်သို့ တက်လာခဲ့ကြတော့သည် ။ ဘယ်လောက်ပဲ သူများကိုစမယ်ပြောပြော ကိုယ်ကအရင်ဆုံး ကြောက်နေမိသည်မို့ သုံးယောက်သား တစ်ယောက်လက်ကိုတစ်ယောက် ကျစ်ကျစ်ပါအောင် ကိုင်ထားမိကြသည် ။

" ဒါနဲ့ ဘယ်လိုပြောပြီး ပြန်ပေးဆွဲမှာလဲ ? "

" မင်းကလည်းကွာ .. ယောက်ျားလေးတစ်ယောက်ရဲ့ ဘ၀မှာ အနည်းဆုံး မတည့်တဲ့လူတစ်ယောက်တော့ ရှိကိုရှိမှာပဲ .. အဲ့ဂွင်ကို ၀င်အောင်လုပ်ရမှာပေါ့ "

"  Kai yah..  စာသာ ဒီလောက်အထိ ကြိုးစားပမ်းစားလုပ်ရင် Harvard University ကိုတောင် အဆင့်တစ်နဲ့ ၀င်သွားဦးမယ် "

Tao ကတော့ ကျွန်တော်မဖဲ့ခင် အရင်ဆုံး ဖဲ့နေလေပြီ ။

" ကဲ မင်းကို ကြိုးတုတ်မယ် "

ဘယ်ချောင်ကနေ ရှာလာမှန်းမသိသည့် ခုံတစ်လုံးနဲ့ ကြိုးတစ်ခွေ .. သတိလစ်ချင်ယောင်ဆောင်ပြီး ဓာတ်ပုံပို့လိုက်ပြီးသည်နှင့် Step 1 complete ဖြစ်သွားလေပြီ ။

အချိန်အတော်ကြာပြီးသည်နှင့် အဆောက်အဦးထဲ ၀င်လာသော ကားတစ်စီး .. ။

အသင့်ပြင်လာသော ကလေးကစားစရာသေနတ်နှင့် .. ပါလာသော မျက်နှာဖုံးအုပ်လိုက်တော့ တစ်ကယ့်လူမိုက်လိုလို ဘာလိုလို .. ။

စီစဉ်ထားသည့်အတိုင်း ကျွန်တော့်ကို ကယ်ရန် ရောက်လာသည့် ကိုကို ..

ဇာတ်လမ်းကြိုတိုက်ထားသလို ကျွန်တော်က ကိုကို့ထံပြေးသွားတုန်း ဒိုင်းခနဲမြည်သွားသော သေနတ်သံ .. ဒူးထောက်ချလိုက်ပြီး ပါးစောင်နားတွင် အဆင်သင့်ငုံထားသော အချည်ရည်တို့အား ဖြည်းဖြည်းချင်း အပြင်ဘက်ထွေးထုတ်လိုက်တော့ .. ။

Mission Complete.. 

" ကလေး သရုပ်ဆောင်တာ ကောင်းလား ကိုကို .. "

ပါးစပ်ထဲတွင် ကျန်နေသေးသော အချဉ်ရည်တို့အား လုံးဝမကျန်အောင် ထွေးထုတ်လိုက်ပြီး အလန့်တကြား ဖြစ်နေသော ကိုကို့အား လျှာထုတ်ကာ ပြောင်ပြမိတော့ ..

" မင်းအခု ငါ့ကို စလိုက်တာလား .. "

ထင်ထားသည်နှင့် တစ်ခြားစီ နီရဲနေသော မျက်လုံးနှင့် .. ပြောင်းလဲသွားသည့်အခေါ်အဝေါ် .. တင်းမာနေသည့် အသံတို့ကြောင့် ရင်ထဲ ထိတ်ခနဲ ..

" ကိုကို .. ဒီနေ့ April Fool မို့ .. အင့် .. အဲ့တာကြောင့် ကလေးက .. "

တစ်ခါမှမမြင်ဖူးသည့် အတိုင်းအတာအထိ ဒေါသထွက်နေဟန်တူသည့် ကိုကို့ကြောင့် အသံတုန်တုန်ဖြင့် ရှင်းပြရင်း ကိုကို့အနား တိုးကပ်သွားမိသည် .. ။

" မင်း ငါ့ကိုမထိနဲ့ !!!! "

" အင့် .. ကိုကို .. ကလေးက "

မျက်ရည်လွယ်သူမို့ စကားပင်မပြောနိုင်ပဲ ရှိုက်သံများဖြင့်သာ တစ်အင့်အင့် ဖြစ်နေသည်မို့ ကောင်းကောင်းမရှင်းပြနိုင် .. ။

" ငါ မင်းကို ဘယ်လောက်စိတ်ပူသွားတယ်ထင်လဲ !!! တစ်လမ်းလုံး ဘာမှမဖြစ်ပါစေနဲ့ဆိုပြီး ဆုတောင်းလာခဲ့ရတာ !!! မင်းက အခုတော့ စတာတဲ့လား !!! "

အော်ဟစ်နေသော ကိုကို့မျက်နှာအား ကြည့်ရန်ပင် မ၀ံ့ရဲတော့ .. အမှန်ပင်စိတ်ဆိုးနေဟန်တူသည့် ကိုကို့ကြောင့် ခြေဖျားလက်ဖျားများပင် အေးစိမ့်လာသလို ..

" ငါ သွားပြီ .. နောက်လည်း ဘယ်တော့မှ ထပ်မတွေ့ကြစို့ !! "

" ကိုကို !!! အီး .. မသွားပါနဲ့ !!! "

ခြေလှမ်းကျဲဖြင့် လှည့်ထွက်သွားသော ကိုကို့နောက် အသည်းအသန်ပြေးလိုက်ကာ ခါးကိုတင်းနေသော ဖက်ထားရင်း အော်ငိုမိသည် ။

" တောင်းပန်ပါတယ် .. ကလေးနောက်ဆို မစတော့ပါဘူး .. အင့် .. မသွားပါနဲ့ .. အင့် "

" ဟက် .. "

ရုတ်တရုတ်ထွက်လာသော ရယ်သံလိုလို အသံကြောင့် ကျနေသော မျက်ရည်များပင် ချက်ချင်းရပ်သွားသလို .. ရှိုက်သံလည်း မထွက်လာတော့ ..

" ဟားးးးးးး ဟားးးးးးး ဟားးးးးး "

အူကြောင်ကြောင်ဖြင့် ရပ်နေဆဲဖြစ်သော ကျွန်တော့်အား ကြည့်အား ရယ်နေသော ကိုကို့ကြောင်း အံဩတကြီး ..

" ကိုကိုလည်း သရုပ်ဆောင်တော်တယ် မဟုတ်လား ကလေး "

ပါးချိုင့်တစ်ဖက်ပေါ်သည်အထိ ဟန်ပါပါရယ်ရင်း သူ့သရုပ်ဆောင်မှုကို အားရ၀မ်းသာကျေနပ်နေပုံပေါ်သည့် ကိုကို ..

" ဟားးးးး ဟားးးးး Byun baekhyun တို့ အလိမ်ခံရတဲ့နေ့ ရောက်ပြီကွ "

" ကျေနပ်လိုက်တာကွာ "

လက်ဝါးချင်းရိုက်ကာ အူးမြူးနေကြသော သူငယ်ချင်းနှစ်ယောက်လည်း အလိုတူ အလိုပါတဲ့လား .. ။

" ကိုကို့ !!!!!!!!!!!!! "

" ဟင်း .. ဒီနေ့ April Fool Day မို့ ကလေးကို အရူးလုပ်လိုက်တာလေ .. ကလေး သူငယ်ချင်းတွေနဲ့ ကိုကိုက တိုင်ပင်ထားပြီးသား .. "

" ဟမ် "

စပ်ဖြီးဖြီးနဲ့ သစ္စာဖောက်များအား မကျေမနပ်စောင်းကြည့်ရင်း အသံတိတ် ဆဲဆိုမိသည် ။

" အဟင်း .. ကိုကိုက ဒီကလေးဆန်ဆန် အကွက်လေးထဲမှာ အညာမိမှာတဲ့လား .. ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးလေး "

" မထိနဲ့ .. မီဝေါ့ !!! "

🍭🍭

ဘောက်ဆတ်ဆတ်ဖြင့် ခြေဆောင့်ကာ ထွက်သွားသော ကလေးလေးကို ကျေနပ်အောင် လိုက်ချော့ရဦးမှာပေါ့လေ ..

ကဲ .. ခင်ဗျားလေးတို့လည်း အလိမ်ခံလိုက်ရတယ်ဟုတ် .. ရှက်လိုက်တာ .. Blah blah..

............ The End ............

April Fool Special extra part ဤတွင် ပြီး၏ ။

မနေ့ကစမိလို့ ဒီနေ့ပြန်ချော့တာ 😙😙😙 ..

ချစ်တယ် .. အူးမွ ။

လေးစားစွာဖြင့် .. PuppyYoda_lover




Olvasás folytatása

You'll Also Like

627K 55.3K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
560K 36.6K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
400K 52K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...