Part 8 .. Propose ??

8.4K 891 67
                                    

ဘ၀တစ်ခုလုံး အပ်နှံချင်မိသည်အထိ ချစ်မြတ်နိုးရသော ကျွန်တော့် နှလုံးသားလေး၏ ပိုင်ရှင်သည် .. သူ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ ကျွန်တော် .. မတွေးထင်ခဲ့ပါ ..

><><><><

Baekhyun's pov;

" မင်း .. ငြိမ်ငြိမ်မနေနိုင်ဘူးလား ? "

သူ့၏ ရင်ခွင်ထဲ၌ ကြည်နူးဖွယ်ရာ ကိုယ်သင်းနံ့နွေးနွေးလေးအား ခံစားနေတုန်း ဖျက်ခနဲဆိုသလို ပွင့်လာသော မျက်ဝန်းတစ်စုံနှင့် ထွက်ပေါ်လာသော မာဆတ်ဆတ်အသံကြောင့် သူခိုးလူမိသွားသလို တစ်ကိုယ်လုံးတုန်ရီလာသယောင် ..

မရှိမဲ့ရှိမဲ့ အရှက်လေးတော့ အဲ့အဖိုးကြီးရဲ့ တရားခံစစ်သလို အမေးကြောင့် ရေစုန်မျောပြီထင်ပါရဲ့လေ .. ဘယ်အချိန်ကတည်းကများ နိုးနေပါလိမ့် ? ခုနက ...... သူ့ပါးကို ..... ထိလိုက်ကတည်းက ..... နိုးနေတာတော့ ... မဟုတ်ပါဘူးနော် !!!!!!

အားးးးးးးးး Byun Baekhyun ရေ .. လက်မငြိမ် ခြေမငြိမ် ရွချင်ဦးဟဲ့ .. ။ ကိုယ့်စိတ်ထဲမှသာ ကိုယ့်ကိုကိုယ် ဒေါသတကြီး ကြိမ်းမောင်းမိသည် ။

" ဟေ့ .. မေးနေတာဖြေလေ .. ? "

အနေအထားမှာ ကျွန်တော်နိုးသည့်အတိုင်း တစ်စိုးတစ်စိလေးမျှပင် မရွေ့သေး .. ကျွန်တော်ခေါင်းကလည်း သူ့လက်ပေါ်မှာ .. အဲ သူ့လက်ကတော့ ကျွန်တော့်ခါးပေါ်မှာမရှိတော့ပဲ သူ့ဗိုက်ပေါ်တွင်သာ တင်ထားသည် ။

ကဲ .. ခင်များလေးတို့ပဲ စဉ်းစားကြည့်ကြ .. သူ့ရင်ခွင်ထဲမှာ မျက်စိသူငယ် နားသူငယ်နဲ့ ကြောက်လန့်နေရှာတဲ့ကလေးကို မျက်မှောင်ကြီးကျုံ့ပြီး ဖြဲခြောက်နေတာ .. အဲ့တာကောင်းသလား >< ..

" အဲ့တာဆို ကျွန်တော်လည်းတစ်ခုမေးမယ် ? "

နှုတ်ခမ်းတစ်ဖက်အား ဆရာကြီးစတိုင်ဖြင့် အနည်းငယ်မဲ့ရွဲ့ပြီး အဖိုးကြီးအား ထီမထင်သလို စတိုင်ဖြင့် ပြောလိုက်တော့ အံဩသွားဟန် မျက်ခုံးများက ပင့်တက်သွားပြီးနောက် .. ဒီကလေးလောက်ကတော့ ပိုင်ပါသည်ဟူသည့် အဓိပ္ပါယ်ပြည့်ဝသည့် အပြုံးနှင့်အတူ ခေါင်းငြိမ့်လေသည် ။

🍭 My Lollipop 🍭Where stories live. Discover now